← Chapters

ပြန်လမ်းမရှိ *

Vol. 18 Ch. 250

ပြန်လမ်းမရှိ *

Vol. 18 Ch. 250

ရှီဝူအင်ပါယာ၏မြေဝိဇ္ဇာအချို့က နောက်ကျနေသဖြင့် အစီအရင်အပြင်ဘက်တွင် ကျန်ရစ်ခဲ့သည်။ သို့သော် သူတို့က အစီအရင်ကို ပြင်ပမှ မီးတောက်ချီများ၊ လေပြင်းချီများစသ​ဖြင့် နည်းမျိုးစုံသုံးကာ တိုက်ခိုက်သော်လည်း မထိုးဖောက်နိုင်ခဲ့ပေ။

"ဒီအစီအရင်ကိုချိုးဖျက်ဖို့ သဲလွန်စ ဘယ်လိုမှရှာမရဘူး"

မင်ဝူက မျက်မှောင်ကြုတ်၍ ပြောလိုက်ခြင်းဖြစ်သည်။

"ကြည့်ရတာ အစီအရင်ကို အတွင်းကနေချိုးဖျက်ဖို့ မဖြစ်နိုင်ဘူးထင်တယ်။ ငါတို့လုပ်ရမှာက အရှင်ပြန်ရောက်လာမှာကို စောင့်ရမှာပဲ။ ကျိုးကုန်းရယ်လို ယင်ကောင်လေးတစ်ကောင်ကို ကျုပ်တို့မဖမ်းနိုင်တာသာသိရင် အရှင်ကို ဘယ်လိုမျက်နှာချင်းဆိုင်ရမှာလဲ"

နင်ချင်းယွင်က စိတ်ပျက်လက်ပျက်ရေရွတ်သည်။

"အရှင် ဟုတ်လား"

မင်ဝူသည် နင်ချင်းယွင်က ယဲ့ချန်ကို အဘယ်ကြောင့် ဤသို့ခေါ်ကြောင်းတွေးလိုက်မိသည်။ သို့သော် နင်ချင်းယွင်ကိုမေးလျှင်လည်း အဖြေရမည်မဟုတ်သောကြောင့် မမေးခဲ့ပေ။ မင်ဝူမှာ ဤမေးခွန်းကို စိတ်ထဲ၌သာမျိုသိပ်ပြီး ယဲ့ချန် ပြန်ရောက်လာမှမေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

"ဝုန်း ဝုန်း ဝုန်း"

ထိုအချိန်တွင် ကျွန်းတစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားခဲ့သည်။

"ဘာဖြစ်တာလဲ"

"ဘာလို့ ငလျင်လှုပ်နေတာလဲ"

ကျိုးကုန်းရယ်ဖြစ်စေ မင်ဝူနှင့်အဖွဲ့သားများဖြစ်စေ အားလုံးစိတ်ရှုပ်သွားကြသည်။ ကျွန်းပေါ်တွင် မည်သည့်ဖြစ်ရပ်မျိုး ဖြစ်ပေါ်နေသနည်း။

"အရှင်က အစွမ်းထက်ရန်သူနဲ့ တွေ့နေပြီလား။ သူက ကန့်သတ်​ဒေသမှာ နန်မန်တိုင်းပြည်ကကြွက်တွေလောက်နဲ့ ဒုက္ခခံပြီး လိုက်လာမှာမဟုတ်ဘူး ထင်တယ်။ ကျွန်းပေါ်မှာ ပုန်းအောင်းနေတဲ့ ကျင့်ကြံသူတွေနဲ့တိုက်ခိုက်ဖို့ ရောက်လာတာ ဖြစ်ရမယ်"

နေမီးတောက်ငှက်နှင့် နင်ချင်းယွင်တို့က မျက်ခုံးပင့်လိုက်ကြပြီး ပြိုင်တူတွေးလိုက်မိကြသည်။

"တိုက်ပွဲက မြေအောက်မှာ ဖြစ်နေတာလား။ အရှင်က ဘယ်လိုလူနဲ့ တိုက်ခိုက်နေတာများလဲ။ သူတို့က အစွမ်းထက်လိုက်ကြတာ"

သူတို့၏ခြေထောက်အောက်ရှိ မြေပြင်က ပြင်းထန်စွာတုန်ခါနေပြီး ကြောက်မက်ဖွယ်အသံလှိုင်းကြီးများ ပဲ့တင်ထပ်ကာ ထွက်ပေါ်နေသည်။

"အရှင်က အမြဲတမ်း ပုံမှန်လူလိုနေပေမယ့် လေးလေးနက်နက်တိုက်ခိုက်တဲ့အခါ ကြောက်ဖို့ကောင်းလွန်းတယ်"

နင်ချင်းယွင်က ​ကြောက်လန့်လွန်းသဖြင့် ခြေဖျားလက်ဖျားများ အေးစက်နေသည်။ သူ၏စိတ်ထဲတွင် နတ်ဘုရားတစ်ပါးဖြစ်နေသော ယဲ့ချန်ကို ယခုဖြစ်ရပ်ကြောင့် သတ္တိအဆများစွာတိုးလာလျှင်ပင် ပုန်ကန်ရဲမည်မဟုတ်တော့ပေ။ နင်ချင်းယွင်သာမက နေမီးတောက်ငှက်သည်လည်း ဤပုံစံအတိုင်း စဥ်းစားနေခြင်းဖြစ်သည်။

"ကန့်သတ်ဒေသမှာ လျှို့ဝှက်အန္တရာယ်တွေ ရှိနေတာလား"

ကျန်တစ်ဖက်တွင် မင်ဝူက ယဲ့ချန်၏လုံခြုံရေးအတွက် စိတ်ပူနေခဲ့သည်။ မုခ်ဝရှိအစောင့်များက လူသားရုပ်သေးများဖြစ်ကြောင်း သိပြီးနောက် သူက ဤကျွန်းအပေါ် သံသယဝင်နေသကဲ့သို့ အန္တရာယ်ကို အာရုံရနေသည်။ သို့သော် သူတို့ကိုယ်တိုင်သည်လည်း အစီအရင်အတွင်း ပိတ်မိနေကြသဖြင့် စိုးရိမ်ဖွယ်ပင်ဖြစ်သည်။

"မကောင်းတော့ဘူး ကောင်းကင်ချီတွေစိမ့်ထွက်နေတယ်။ အစီအရင်က ငါတို့ကို တိုက်ခိုက်နေပြီထင်တယ်"

မင်ဝူက သူ၏ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သောအခါ ထူးဆန်းသောလက္ခဏာများကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူက အော်ဟစ်သတိပေးလိုက်သည်။

"ငါတို့အားလုံး ဖြစ်နေပြီ"

လူတိုင်းက အလန့်တကြား အော်ဟစ်လိုက်ကြသည်။

အားလုံးက မြေပြင်တွင်တင်ပျဥ်ခွေထိုင်၍ ကောင်းကင်ချီဆုံးရှုံးမှုကို ကာကွယ်လိုက်ကြသည်။ သို့သော် ချီများက ပမာဏကြီးစွာစိမ့်ထွက်နေသဖြင့် လုံးဝတားမြစ်နိုင်ခြင်း မရှိခဲ့ပေ။

ငလျင်ကို အာရုံခံမိလိုက်သောအခါ အစီအရင်မျက်လုံး၌ရှိနေသော ကျိုးကုန်းရယ်၏မျက်နှာပေါ်တွင် အပြုံးအစား သတိကြီးကြီးခံစားချက်တစ်ခု ဝင်ရောက်လာသည်။ သူ့အနေဖြင့် ခွန်အားကို မြန်နိုင်သမျှမြန်မြန်စုစည်းပြီး မင်ဝူတို့ကိုသတ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ မင်ဝူတို့က အစီအရင်အတွင်း၌ရှိနေလျှင် အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်ချီများ ကုန်ခမ်းသွားပေလိမ့်မည်။ အချိန်ကျရောက်လာလျှင် ကျိုးကုန်းရယ်က မင်ဝူတို့အဖွဲ့ကိုသတ်ဖြတ်ရန် ခွန်အားလုံလုံလောက်လောက် ရှိနေပေလိမ့်မည်။

"မင်ဝူ နင်ချင်းယွင် အဘိုးကြီးနဲ့ငှက်စုတ် မင်းတို့သေဖို့ အချိန်မလိုတော့ဘူး"

ကျိုးကုန်းရယ်က အေးစက်စက်ကြုံးဝါး၍ မျက်လုံးမှိတ်ကာ ကျင့်ကြံလိုက်ကြသည်။

မြေအောက်ဂူအတွင်း၌ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသည်။ နတ်အလင်းတန်းများက ပတ်ဝန်းကျင်ဂူနံရံများကို ဆက်တိုက်ထိမှန်နေသဖြင့် အက်ကြောင်းကြီးများ ဖြစ်ပေါ်လာ၏။

"ဒီလိုဆက်ဖြစ်နေရင် ဂူ ပြိုကျတော့မယ်။ အမွေးပွလေး ရှောင်ရိ ငါတို့ မြေမျက်နှာပြင်ပေါ် ပြန်တက်ရမယ်"

ယဲ့ချန်က လေးနက်စွာညွှန်ကြားလိုက်သည်။

"မြေအောက်က မလုံခြုံတော့ဘူး"

ယဲ့ချန်က ရှောင်ရိနှင့်အမွေးပွလေးကို လက်နှစ်ဖက်ဖြင့် တစ်ယောက်စီပွေ့ချီကာ ဝင်ပေါက်ထံ အားကုန်ပြေးလိုက်၏။

"ဘုန်း"

ပေါက်ကွဲသံတစ်ချက် ကျယ်လောင်စွာထွက်ပေါ်လာသည်။ ထို့နောက် ဝင်ပေါက်ထံ ဦးတည်နေသော လမ်းက စတင်ပြိုကျလာသည်။ ဂူကိုတည်ဆောက်ထားသော ကျောက်တုံးများက အလွန်မာကျောသော်လည်း ဝင်ပေါက်အနီး၌ ကျောက်တုံးအစား မြေသားများက ပိုများနေခဲ့သည်။ ထို့ကြောင့် အပေါ်ယံလမ်းကြောင်းက ပထမဆုံးပြိုကျသွားသည်။

"အစ်ကိုကြီး အပြန်လမ်းက ပိတ်သွားပြီ"

ရှောင်ရိက အော်ပြောလိုက်သည်။

"တကယ်လို့ ဒါက အစိတ်အပိုင်း​လေးတစ်ခုတင် ပြိုကျတာဆိုရင် ငါတို့က တူးပြီးထွက်လို့ရတယ်"

ယဲ့ချန်က ဝိညာဥ်အသိစိတ်ကိုထုတ်ဖော်၍ ဂူဝင်ပေါက်ထံ ပို့လွှတ်လိုက်သည်။ ထိုနေရာတွင် သူ၏စိတ်ကို တောင့်တင်းသွားစေသော မြင်ကွင်းတစ်ခု ကြိုဆိုနေသည်။ လမ်းကြောင်းတလျှောက် လေးငါးကီလိုမီတာအထိ မြေသားနှင့်ကျောက်တုံးများ ပိတ်ဆို့နေသဖြင့် အပြန်လမ်းက လုံးဝပိတ်ဆို့သွားခဲ့သည်။ သူတို့အနေဖြင့် လမ်းကိုတူးဖော်ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။

ယဲ့ချန်၏ဝိညာဥ်အသိစိတ်သည် မြေပြင်ပေါ်အထိ တိုးထွက်လိုက်သောအခါ လူသားရုပ်သေးလေးကောင်က မြေကြီးနှင့်ကျောက်တုံးများကို သယ်ဆောင်ကာ ပိတ်ဆို့နေကြောင်း သိလိုက်ရ၏။ ထို့အပြင် မြေအောက်သို့ အဆိပ်ငွေ့များလည်း ပို့လွှတ်နေသဖြင့် မည်သူ့ကိုမှအပြင်ထွက်ခွင့်ပေးမည် မဟုတ်တော့ပေ။

"သမာဓိကောင်စီက သက်သေတွေဖျောက်ပစ်ဖို့ ကြိုးစားနေပြီ"

ယဲ့ချန်၏ခေါင်းထဲတွင် အတွေးတစ်ချက် ရုတ်တရက်ထွက်ပေါ်လာသည်။

"ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ"

ရှောင်ရိက မေးလိုက်ခြင်းဖြစ်သည်။ သူတို့က ဂူဝနှင့်အလွန်ဝေးကွာနေသဖြင့် မြေပြင်ကိုတူးပြီး ထွက်ပြေးရန်မဖြစ်နိုင်ချေ။ အကယ်၍ ဂူကသာ ဆက်လက်ပြိုကျနေမည်ဆိုလျှင် အထူးကျင့်စဥ်မျိုးကိုသာ ကျင့်ကြံမထားလျှင် နတ်ဘုရင်တစ်ယောက်ပင် အရှင်လတ်လတ်မြေမြုပ်ခံရခြင်းမှ အသက်ရှင်မည်မဟုတ်ပေ။

"ထန်တိုက်လင် ဒီမိန်းမက ဂူထဲကို ဝင်ပေါက်ကဝင်လာတာ မဟုတ်ဘူး။ မြေအောက်မှာ နောက်ထပ်ဝင်ပေါက်တစ်ခု ရှိရမယ်"

ယဲ့ချန်က လေးလေးနက်နက် စဥ်းစားလိုက်သောအခါ အဖြေတစ်ခု ထွက်ပေါ်လာသည်။ သူ၊ အမွေးပွလေးနှင့် ရှောင်ရိက တိုက်ပွဲဖြစ်ပွားနေသော ခန်းမထံ ပြန်ပြေးလိုက်ကြသည်။

"ဘုန်း ဘုန်း ဘုန်း"

မြေအောက်ဂူပြိုကျခြင်းဖြစ်၍ အမိုးမှကျောက်တုံးကြီးများ ပြုတ်ကျလာနေသည်။ ရှောင်ရိက ရှေ့ဆုံးမှနေ၍ လက်သီးလေးများဖြင့် ကျောက်တုံးကြီးများကို ဖျက်ဆီးလမ်းရှင်းပေးနေခဲ့သည်။ ကျောက်တုံးကြီးများက သူ့ကြောင့် အမှုန့်ဖြစ်ကုန်သည်။

အချိန်တစ်ခုအကြာတွင် ယဲ့ချန်တို့သုံးယောက်က ခန်းမကြီးထံ ရောက်လာကြသည်။ ထိုနေရာတွင် အလောင်းများပုပ်သိုးနေသဖြင့် သာမန်လူများမနေနိုင်လောက်သော အနံ့ဆိုးကြီးတစ်ခု ထွက်ပေါ်နေသည်။

"ဘုန်း"

အလင်းတန်းများက ခန်းမအတွင်းရှိ မြေပြင်နှင့်နံရံများကို ထိမှန်နေခဲ့သည်။ ၎င်းတို့ပေါက်ကွဲသွားသောအခါ အပျက်အစီးများ ဖြစ်ကုန်သည်။

"ရှောင်ရိ အမွေးပွလေး ဂရုစိုက်ကြ"

သူက ထန်တိုက်လင်၏ သက်တန့်ရောင်နတ်အလင်းအကြောင်းကို ခံစားဖူးသည်ဖြစ်၍ ကောင်းကောင်းသိထားသည်။ ထို့ကြောင့် အဖော်နှစ်ယောက်ကို သတိပေးလိုက်သည်။ အမှောင်ဝိညာဥ်ထံမှထွက်ပေါ်နေသော အနက်ရောင်လေပြင်းများကလည်း နတ်အလင်းနှင့် အစွမ်းချင်းတူညီပုံပေါ်သည်။ ဤတစ်ချိန်လုံး ထန်တိုက်လင်ကို အနက်ရောင်လေပြင်းများအားကိုးနှင့် အမှောင်ဝိညာဥ်က ရင်ဆိုင်နေခြင်းဖြစ်သည်။

ယဲ့ချန်သည် ခန်းမတစ်ခုလုံးကို ဝိညာဥ်အသိစိတ်ဖြင့် တစ်လက်မမကျန် စစ်ဆေးလိုက်သော်လည်း ထွက်ပေါက် လုံးဝမတွေ့ခဲ့ပေ။

"ဒါကမဖြစ်နိုင်ဘူး။ ဒီနေရာမှာ ဝင်ပေါက်ထွက်ပေါက်မရှိရင် ထန်တိုက်လင်က ဘယ်လိုဝင်လာတာလဲ"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ အလေးအနက် စဥ်းစားခန်းဝင်နေသည်။ ရုတ်တရက် ခန်းမအတွင်း၌ သူ၏ဝိညာဥ်အသိစိတ် မဝင်ရောက်နိုင်သော နေရာတစ်နေရာရှိကြောင်း သတိရလိုက်မိသည်။ ယဲ့ချန်၏ဝိညာဥ်အသိစိတ်က ပျက်စီးနေသော ရှေးဟောင်းအုတ်ဂူအတွင်း လုံးဝ ဝင်ရောက်နိုင်စွမ်းမရှိပေ။

"ဘယ်နေရာမှာမှ ထွက်ပေါက်မရှိရင် ဒီရှေးဟောင်းဂူက ထွက်ပေါက်ဖြစ်ရမယ်"

ကံဆိုးစွာဖြင့် ထိုအုတ်ဂူမှာ တိုက်ပွဲ၏အောက်ရှိမြေပြင်တွင် တည်ရှိနေခဲ့သည်။ ခြေတစ်လှမ်းမှားသည်နှင့် ထန်တိုက်လင်၏ နတ်အလင်းဖြစ်စေ အမှောင်ဝိညာဥ်၏ အမှောင်လေပြင်းများဖြစ်စေ သူတို့၏အသက်ကို ဇီဝိန်ချွေသွားနိုင်လေသည်။

"နင်က ဘာပြန်လာလုပ်တာလဲ"

ထန်တိုက်လင်က အမှောင်ဝိညာဥ်ကို သုံးခွလှံဖြင့်တိုက်ခိုက်နေရင်း လှမ်းမေးလိုက်သည်။

"ဒီကောင်လေးတွေက သေချင်လို့ ပြန်ဆင်းလာကြတာလား။ ကိုယ့်ကိုကိုယ် သတ်သေချင်နေကြလို့လား"

သူမက စိတ်ထဲမှ တွေးမိလိုက်သည်။

"တစ်ယောက်ယောက်က ဒီနေရာကို ဖျက်ဆီးချင်နေတယ်။ သူတို့က မြေပြင်ကဝင်ပေါက်ကို ပိတ်လိုက်ကြပြီ"

ယဲ့ချန်က ဝိညာဥ်အသိစိတ်မှတဆင့် ပြန်ဖြေလိုက်သည်။ ထန်တိုက်လင်က ကျောက်တုံးတစ်ခုပမာ အေးစက်မာကျောဟန်ပေါ်သော်လည်း ရက်စက်သူမဟုတ်ပေ။ ထိုသို့မဟုတ်လျှင် သူမက အမှောင်ဝိညာဥ်ကဲ့သို့ ဆိုးယုတ်သောအရာမျိုးကို အသက်စွန့်သတ်ဖြတ်နေရန် အကြောင်းမရှိချေ။

ထန်တိုက်လင်က ယဲ့ချန်ကို မတုံ့ပြန်တော့ပေ။ သူမက ယဲ့ချန်ကို မသေစေလိုသော်လည်း သူမ၏လမ်းကို ပြောပြမည်မဟုတ်ပေ။

ယဲ့ချန်သည်လည်း နားလည်စွာဖြင့် ထန်တိုက်လင်၏အကူအညီကို မျှော်လင့်မနေချေ။

"အစ်ကိုကြီး ဒါက ဟိုရေသူမ မဟုတ်လား"

ရှောင်ရိက ထန်တိုက်လင်ကို မှတ်မိသွားသဖြင့် ဒေါသထွက်နေခဲ့သည်။ သို့သော် သူမက အစွမ်းထက်လွန်းသဖြင့် သွားရောက်မတိုက်ခိုက်ရဲပေ။

"ထားလိုက်ပါ ရှောင်ရိ။ အစ်ကိုကြီးတို့ ဒီနေရာက အရင်ဆုံးထွက်ပြေးရလိမ့်မယ်"

ယဲ့ချန်က အမွေးပွလေးကို သူ၏ပခုံးပေါ်တွင်တင်ထားပြီး နှစ်သိမ့်လိုက်သည်။ အမွေးပွလေးက လေထဲတွင်တိုက်ပွဲဝင်နေသော ထန်တိုက်လင်ကို စိုက်ကြည့်နေခဲ့သည်။ ထန်တိုက်လင်က အောက်စည်းသို့ရောက်နေပြီး အမှောင်ဝိညာဥ်ကို မကြာခင်ရှုံးနိမ့်မည်ဟု သူမက ခန့်မှန်းလိုက်သည်။

ယဲ့ချန်တို့သုံးယောက်က ရှေးဟောင်းဂူထံ ပြေးဝင်သွားကြသည်။ ထိုအချိန်၌ တိုက်ပွဲမှစင်ထွက်လာသော သက်တန့်ရောင်နတ်အလင်းက သူတို့အနီးတွင် ကျရောက်ပေါက်ကွဲသွားခဲ့၏။

အကယ်၍ ယဲ့ချန်သာ မော့ကြည့်လိုက်လျှင် ထန်တိုက်လင်မှာ ကိုးကောင်းကင်မှဆင်းသက်လာသော နတ်သမီးတစ်ပါးပမာ ထင်မှတ်သွားနိုင်သည်။ သူမ၏သက်တန့်ရောင်အလင်းက နေမင်းကဲ့သို့ ထိန်လင်းလာသည်။ အမှောင်ဝိညာဥ်ကလည်း အနက်ရောင်တိမ်တစ်ခုကဲ့သို့ ဆင်တူနေသည်။ ၎င်းကိုချုပ်နှောင်နေသော သံကြိုးများ ပြတ်ထွက်ကုန်ပြီး နှစ်ချောင်းတည်းသာ ကျန်ရစ်လေသည်။

"နင့်လိုသေးနုပ်တဲ့ ပင်လယ်မိစ္ဆာတစ်ကောင်က ငါ့ရန်သူဖြစ်ဖို့ မတန်ဘူး။ မင်းကိုသတ်ပြီးရင် ဝိညာဥ်ကို စားသောက်ပစ်မယ်"

အမှောင်ဝိညာဥ်က အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။ ၎င်းက ဝိညာဥ်တစ်ခုသာဖြစ်သော်လည်း အသက်ရှိလာဟန်ဖြင့် အသိစိတ်အချို့ ပိုင်ဆိုင်နေသည်။

"အမှောင်ဝိညာဥ်တစ်ကောင်က ကြီးကြီးကျယ်ကျယ် လာပြောနေတယ်"

ထန်တိုက်လင်က အေးစက်စက်ပြန်ပြောလိုက်သည်။

"နတ်စန္ဒာအလင်းတန်း"

ထန်တိုက်လင်က သူမ၏သုံးခွလှံကို ရှေ့သို့ထိုးစိုက်လိုက်သည်။ လရောင်ကဲ့သို့တောက်ပသော အလင်းတစ်ခုက အမှောင်ဝိညာဥ်ထံ ကျရောက်သွားခဲ့သည်။

"ဘုန်း"

ပေါက်ကွဲမှုတစ်ခုက ဧရာမအရှိန်အဟုန်မျိုးဖြင့် ပေါက်ကွဲသွားသည်။ များစွာသော စွမ်းအင်ပမာဏများ ပတ်ဝန်းကျင်သို့ ပြန့်ထွက်သွားခဲ့၏။

အမှောင်ဝိညာဥ်၏ ခန္ဓာကိုယ်တစ်ဝက်က ပြာဖြစ်သွားသဖြင့် နာကျင်စွာအော်ဟစ်နေခဲ့သည်။

ယဲ့ချန်၊ ရှောင်ရိနှင့် အမွေးပွလေးမှာ ထိုစွမ်းအင်များနှင့် စက်ကွင်းမလွတ်သောကြောင့် လွင့်ထွက်ကုန်သည်။ ကောင်းကင်ချီအကာအရံကို ဖန်တီးရန် အချိန်မမီလိုက်သော ယဲ့ချန်က လွင့်ထွက်သွားကာ ကျောက်နံရံကို ဝင်ဆောင့်လိုက်မိသည်။ သူက သွေးတစ်ပွက်အန်ချလိုက်ရသော်လည်း ကံကောင်းစွာဖြင့် ရှောင်ရိနှင့် အမွေးပွလေးက များစွာမထိခိုက်သွားခဲ့ပေ။

ယဲ့ချန်၏အင်္ကျီအတွင်းမှ ဝိညာဥ်ပုလဲ ပြုတ်ကျသွားသည်။ ၎င်းက မြေပြင်တွင် လင်းလက်တောက်ပလာသည်။

သို့သော် ဝိညာဥ်ပုလဲကို ရှောင်ရိက ချက်ချင်းသတိထားမိလိုက်သောကြောင့် ခုန်အုပ်ကာ ကောက်ယူထားလိုက်သည်။

"ခွေးမ ငါ နင့်ကိုသတ်ပစ်မယ်"

လေထဲတွင် အမှောင်ဝိညာဥ်မှာ ထန်တိုက်လင်ကို ဒေါသတကြီးစိုက်ကြည့်နေပြီး အော်ဟစ်ကျိန်ဆဲနေသည်။ ၎င်း၏မျက်လုံးများက ဒေါသကြောင့် ရဲရဲနီနေခဲ့လေသည်။

***

All Chapters