← Chapters

သေခြင်းရှင်ခြင်းလမ်းစဥ်

Vol. 19 Ch. 259

သေခြင်းရှင်ခြင်းလမ်းစဥ်

Vol. 19 Ch. 259

"ဘုန်း ဘုန်း ဘုန်း"

ရေချီများဖြင့်ပြုလုပ်ထားသော တံဆိပ်များက အမှောင်ဝိညာဥ်ပေါ်တွင် ဆက်တိုက်ပေါက်ကွဲသွားကြသည်။ ၎င်းက နာကျင်စွာအော်ဟစ်၍ အပြင်းအထန်ရုန်းကန်နေသည်။ မင်၏ခါးပတ်က လေထဲတွင်မျောလွင့်နေပြီး အမှောင်ဝိညာဥ်က စိုက်ကြည့်နေမိသည်။ ထို့နောက် ၎င်းက လူသားသဏ္ဍာန်လက်နှစ်ခု ဖြစ်ပေါ်လာ၍ ခေါင်းကိုကိုင်လိုက်ပြီး နာကျင်စွာအော်ဟစ်လိုက်လေသည်။

ဧကရာဇ်မင်၏ခါးပတ်က လေထဲတွင် အလင်းရောင်များ တောက်ပလာကာ အမှောင်ဝိညာဥ်ကို ဖိနှိပ်ထားသည်။

"အမှောင်ဝိညာဥ်ကို အရင်သတ်ရမယ်"

ထန်တိုက်လင်က လှုပ်ရှားရန် ဟန်ပြင်လိုက်သည်။ သို့သော် ကြောက်မက်ဖွယ်စွမ်းအားကြီးတစ်ရပ်က သူမအပေါ်ကျရောက်လာသဖြင့် လှုပ်ရှားမှုများ နှေးကွေးသွားခဲ့သည်။

"ဘာဖြစ်တာလဲ"

သူမ၏အကြည့်က ယဲ့ချန်ထံ ကျရောက်သွားသည်။ ထိုအချိန်တွင် ယဲ့ချန်သည် အနက်ရောင်ချီမုန်တိုင်းကြီးအတွင်း မတ်တပ်ရပ်နေပြီး အမှောင်ဝိညာဥ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။ သူ၏မျက်လုံးများက ဒေါသကြောင့် မီးဝင်းဝင်းတောက်နေကာ ဓားပျံက ပြင်းထန်စွာတုန်ခါနေသည်။ ထို့နောက် ဝိညာဥ်အသိစိတ်က အပြင်သို့ထွက်လာ၍ လူသားသဏ္ဍာန်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာ၏။

ထိုအချိန်တွင် ကြီးကျယ်ခမ်းနားသော ဝိညာဥ်စစ်သည်တော်က မီတာသုံးဆယ်မြင့်သော ညသန်းခေါင်ကဲ့သို့ မည်းနက်နေသော ယာရှာတစ်ကောင်အဖြစ် ပြောင်းလဲနေသည်။ ၎င်းက လက်ထဲတွင် သံမဏိခက်ရင်းခွတစ်ခုကို ကိုင်ဆောင်ထားသည်။ ၎င်း၏ပုံသဏ္ဍာန်က သာမန်မိစ္ဆာများထက် ပို၍ကြောက်မက်ဖွယ်ကောင်းနေပြီး ရှေးခေတ်ဟောင်းမှ နတ်ဆိုးတစ်ကောင်ပမာ ထင်မှတ်ရလေသည်။

(မှတ်ချက်။ ။ ယာရှာသည် မျက်လုံးပြူးပြူး အစွယ်ငေါငေါဖြင့် ဘီလူးတစ်မျိုးဖြစ်ကာ တောနက်ကြီးများအတွင်း နေထိုင်၍ ခရီးသွားများကို ဖမ်းယူစားသောက်တတ်သည်)

ထန်တိုက်လင်သည် ယာရှာ၏ ကြောက်မက်ဖွယ်ကောင်းပုံကြောင့် ထိတ်လန့်နေသည်။ သူမက ပြင်းထန်လွန်းသော အဖျက်အဆီးစွမ်းအင်ကိုပင် ခံစားနေရသည်။ ဝိညာဥ်သည် နှလုံးသားမှ မွေးဖွားလာခြင်းဖြစ်၍ ယဲ့ချန်၏ဝိညာဥ်က နတ်ဆိုးစိတ်များ စွန်းထင်းနေသည်။ ထန်တိုက်လင်က စိတ်ရှုပ်ထွေးနေသည်။ ယဲ့ချန်၏ခွန်အားက ဤနတ်ဆိုး၏ခွန်အားနှင့် လားလားမျှမဆိုင်ပေ။ ယဲ့ချန်တွင် မည်သည့်အရာများဖြစ်ပျက်နေကြောင်း သူမလည်း မသိချေ။ လက်ဝါးပေါ်ရှိတံဆိပ်အတွင်းမှ ရှေးဟောင်းသားရဲ၏လက်ချက်လည်း ဖြစ်နိုင်သည်။

လက်ရှိတွင် ယဲ့ချန်က စိတ်လွတ်နေပြီဖြစ်သည်။ သူ၏စိတ်ကို သွေးဆာရက်စက်မှုများက ဝါးမျိုသွားသဖြင့် ကောင်းကင်ချီများပင် အနက်ရောင်ပြောင်းသွားခဲ့သည်။ အနက်ရောင်ဝိညာဥ်စွမ်းအင်များက သူ၏ကိုယ်ထဲမှတဆင့် လေထဲတွင် ယာရှာ၏ကိုယ်အတွင်း စီးဝင်သွားကြသည်။ ထို့နောက် ၎င်းက ဖြည်းဖြည်းချင်းကြီးမားလာခဲ့သည်။

ယာရှာက မြေပြင်ရှိထန်တိုက်လင်ကို တစ်ချက်ကြည့်ကာ အမှောင်ဝိညာဥ်ထံ ဦးတည်သွားခဲ့သည်။ ယာရှာ၏ဖိအား​ကြောင့် အမှောင်ဝိညာဥ်မှာ အလွန်ကြောက်လန့်ပြီး ငယ်သံပါအောင် အော်ဟစ်နေခဲ့သည်။ ၎င်း၏ဖိအားကြောင့် အမှောင်ဝိညာဥ်မှာ နေရာ၌အေးခဲနေပြီး ဧကရာဇ်မင်၏ခါးပတ်မှ အလင်းရောင်များပင် စတင်မှိန်ဖျော့လာသည်။

ယာရှာက လှစ်ခနဲပျောက်ကွယ်သွားကာ အမှောင်ဝိညာဥ်ဘေးတွင် ရုတ်တရက်ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းက ဒေါသတကြီးကြုံးဝါးကာ သံမဏိခက်ရင်းခွကြီးဖြင့် အနီးကပ်ပစ်ထည့်လိုက်သည်။

သံမဏိခက်ရင်းခွနှင့်အတူ အမှောင်ဝိညာဥ်၏ခန္ဓာကိုယ် ကပ်ပါသွားကာ နံရံတွင် စိုက်ဝင်သွားခဲ့သည်။

"ဘုန်း ဘုန်း ဘုန်း"

ကျောက်သားနံရံမှ ကျောက်တုံးအပိုင်းအစကြီးများ ချက်ချင်းပဲ့ထွက်လာခဲ့၏။ အမှောင်ဝိညာဥ်မှာ သံမဏိခက်ရင်းခွကြီးကြောင့် နံရံတွင် ဖိညှပ်ခံထားရပြီး နာကျင်စွာအော်ဟစ်နေသည်။ ၎င်း၏အသံက တဖြည်းဖြည်းအားနည်း ဖျော့တော့လာနေခဲ့သည်။

ရုန်းကန်နေသော အမှောင်ဝိညာဥ်ကိုကြည့်ပြီး ယာရှာ၏မျက်နှာထက်တွင် ကျေနပ်အားရသောအပြုံးတစ်ခု ဖြစ်ပေါ်လာ၏။ ၎င်းက အမှောင်ဝိညာဥ်၏ နာကျင်စွာအော်သံကို သာယာနေပုံပေါ်သည်။ အမှောင်ဝိညာဥ်မှာ တစ်ချက်တည်းအသတ်ခံရမည့်အစား ဖြည်းဖြည်းချင်း ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရမည့်ပုံ ပေါ်နေသည်။

ထန်တိုက်လင်မှာ ကြောက်လန့်တကြားဖြင့် နောက်သို့ဆုတ်သွားမိခဲ့သည်။ ယဲ့ချန်၏ကိုယ်တွင်းမှဖြစ်ပေါ်လာသော ဤနတ်ဆိုး၏ခွန်အားကို သူမသည်လည်း ယှဥ်နိုင်မည်မဟုတ်ကြောင်း နားလည်သွားခဲ့သည်။ သူမက ဧကရာဇ်မင်၏ခါးပတ်ဖြင့် အမှောင်ဝိညာဥ်ကို ဖိနှိပ်အနိုင်ယူနိုင်သော်လည်း ယာရှာကဲ့သို့ ၎င်းကို အရုပ်တစ်ရုပ်ပမာ နှိပ်စက်နိုင်သော ခွန်အားမျိုးမရှိပေ။

ယာရှာ၏အဖျက်အဆီးစွမ်းကြောင့် ထန်တိုက်လင်မှာ အလွန်ကြောက်လန့်သွားခဲ့သည်။ ယာရှာ၏စွမ်းအင်နှင့် ယဲ့ချန်၏စွမ်းအင်က အဘယ်ကြောင့် အလွန်ကွာခြားနေကြောင်း သူမလည်း အဖြေထုတ်မရပေ။

ထိုအချိန်တွင် အဝေးမှဝိညာဥ်ပုလဲက အနက်ရောင်အလင်းတန်းတစ်ခုကို ပစ်ထုတ်လိုက်သည်။ ထိုအလင်းက အမှောင်ဝိညာဥ်ကိုထိမှန်သွားပြီး ဖုန်မှုန့်များအဖြစ် ဇီဝိန်ချုပ်သွားခဲ့လေသည်။

ယာရှာ၏မျက်နှာထက်တွင် စိတ်ရှုပ်သွားသော အမူအရာဖြစ်ပေါ်လာ၏။ ၎င်းသည် အနက်ရောင်အလင်းတန်းက အမှောင်ဝိညာဥ်ကိုသတ်သွားသော အကြောင်းအရင်းကို နားမလည်ချေ။ သံမဏိခက်ရင်းကြီးက ၎င်း၏လက်ထဲသို့ပြန်ရောက်လာကာ ထန်တိုက်လင်ထံ ဒေါသမီးတောက်နေသော အကြည့်က ပြောင်းလဲကျရောက်သွားသည်။

ထန်တိုက်လင်မှာ မီတာသုံးဆယ်မြင့်သော ဘီလူးကြီးကြောင့် အလွန်တုန်လှုပ်နေသည်။ သူမသည် ပြင်းထန်လွန်းသော သတ်ဖြတ်လိုစိတ်ကို ခံစားနေရသဖြင့် မွေးညှင်းပေါက်များမှတဆင့် ဓားအစင်းပေါင်းများစွာ ထိုးစိုက်နေသကဲ့သို့ ခံစားလိုက်ရ၏။

ယာရှာက သူမကို သတ်ချင်နေသည်။ ထန်တိုက်လင်သည် ယဲ့ချန်၏ထိန်းချုပ်မှုအောက်တွင် ယာရှာမရှိကြောင်း နားလည်လိုက်သည်။ လက်ရှိ ယဲ့ချန်က ကိုယ်တွင်းမိစ္ဆာကြောင့် အသိစိတ်လွတ်နေနိုင်သည်။

ထန်တိုက်လင်သည် အံကြိတ်ပြီး ယာရှာကို အေးစက်စက်ကြည့်ကာ သုံးခွလှံကို အသင့်ပြင်လိုက်သည်။ သူမက ၎င်းကိုမယှဥ်နိုင်သော်လည်း သေခြင်းတရားကို ခေါင်းငုံ့ခံရလောက်သော သူရဲဘောကြောင်သူ မဟုတ်ပေ။

ယာရှာက ထန်တိုက်လင်ကိုတိုက်ခိုက်ရန် ခက်ရင်းခွကြီးကိုမြှောက်လိုက်စဥ် ရုတ်တရက်တန့်သွားသည်။ ၎င်း၏မျက်လုံးအစုံက အဝေးရှိပုလဲနှစ်လုံးထံ ကျရောက်သွား၏။ ၎င်းက တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ဖြင့် အကြည့်က စတင်ပျော့ပျောင်းနူးညံ့လာသည်။

"အမွေးပွလေး ရှောင်ရိ"

အနက်ရောင်ချီမုန်တိုင်းကြီး၏အလယ်တွင် ယဲ့ချန်၏နှလုံးသားကို သွေးဆာရက်စက်ခြင်းများက ဝါးမျိုနေသည်။ သူ၏စိတ်အတွင်း အမွေးပွလေးနှင့်ရှောင်ရိတို့ကို မေ့လျော့လုနီးပါးဖြစ်နေသည်။ သို့သော် နှလုံးသား၏အနက်ရှိုင်းဆုံးအပိုင်းတွင် ထိုနှစ်ယောက်၏ပုံရိပ်က ဆေးမင်ထိုးထားသကဲ့သို့ စွဲထင်နေပေသည်။

ယဲ့ချန်က ထန်တိုက်လင်ကို ရီဝေစွာကြည့်လိုက်မိသည်။ သူက သွေးဆာမှုကြောင့် ထန်တိုက်လင် မည်သူဖြစ်ကြောင်းကိုပင် မေ့လျော့သွားခဲ့သည်။

"အမွေးပွလေး ရှောင်ရိ သူတို့က ဘယ်သူတွေလဲ"

ယဲ့ချန်၏မျက်လုံးများက ဗလာဖြစ်သွားခဲ့သည်။

ထန်တိုက်လင်သည် အဖြူရောင်အဝတ်စနှင့် သုံးခွလှံကို တင်းကျပ်စွာကိုင်ဆွဲထား၏။ ယာရှာ၏အရှိန်အဝါက ဖြည်းညှင်းစွာ ဖိအားပေးလာပြန်သဖြင့် သူမက ကြောက်လန့်နေရသည်။ ခေါင်းကိုမော့ကြည့်လိုက်သောအခါ မီတာသုံးဆယ်မြင့်သော ဧရာမနတ်ဆိုးကြီးကြောင့် ကမ္ဘာတုန်လောက်သော အရာကို မြင်လိုက်ရသည်။ ယဲ့ချန်သည် ကိုယ်တွင်းမိစ္ဆာကြောင့် ဤနတ်ဆိုးကို မွေးဖွားခဲ့လေသည်။

ဤသို့ဖြစ်ပျက်လာမည်ဟုသိလျှင် ထန်တိုက်လင်အနေဖြင့် ယဲ့ချန်ကို အတိတ်တွင် သတ်ဖြတ်ခဲ့ပြီးဖြစ်ပေလိမ့်မည်။

ယဲ့ချန်၏မျက်ဝန်းများက နောက်တစ်ကြိမ် မည်းနက်သွားပြန်သည်။ သတ်ဖြတ်လိုသော အရှိန်အဝါက ပြန်လည်ထွက်ပေါ်လာ၏။

"သတ် သတ် သတ်"

အမွေးပွလေးနှင့် ရှောင်ရိသေဆုံးပြီဟူသော အသိက ယဲ့ချန်၏စိတ်ကို ကြီးမားစွာသက်ရောက်ခဲ့သည်။ သူက ဤအချက်ကိုလက်မခံနိုင်ဘဲ ရှောင်ပြေးလိုခဲ့သည်။ ကိုယ်တွင်းမိစ္ဆာက ဤဆုံးဖြတ်ချက်ကြောင့် ယဲ့ချန်အပေါ် လွှမ်းမိုးနိုင်ခဲ့သည်။ ယာရှာက ကိုယ်တွင်းမိစ္ဆာ၏ သရုပ်သကန်အမှန်ဖြစ်နိုင်သည်။

ယဲ့ချန်၏စိတ်က နောက်တစ်ကြိမ်သွေးဆာလာ၍ ခက်ရင်းခွကိုမြှောက်ကာ ထန်တိုက်လင်ကို ထိုးချလိုက်၏။

ထန်တိုက်လင်မှာ နေရာတွင် မင်သေသေဖြင့်ရပ်နေပြီး ထွက်မပြေးခဲ့ပေ။ ယာရှာ၏သတ်ဖြတ်လိုစိတ်နှင့် ပစ်မှတ်ထားခံရသောကြောင့် သူမက ထွက်ပြေးလျှင်လည်း အကြောင်းမထူးချေ။ ထန်တိုက်လင်က ယဲ့ချန်၏ကိုယ်တွင်းမိစ္ဆာကို ထိပ်တိုက်ရင်ဆိုင်မည်ဖြစ်သည်။

ယာရှာ၏ခက်ရင်းခွကြီး ပြင်းထန်စွာ ကျဆင်းလာသည်။ သို့သော် ယဲ့ချန်၏စိတ်ထဲမှ ဓားပျံက ခပ်ကြမ်းကြမ်းတုန်ယင်လာခဲ့သည်။ သံမဏိခက်ရင်းကြီးက လမ်းတစ်ဝက်လေထဲတွင် ရပ်တန့်သွားသည်။

"အား"

ယဲ့ချန်မှာ ခေါင်းကိုက်ဝေဒနာကို ပြင်းထန်စွာခံစားလိုက်ရသဖြင့် အော်သံနက်ကြီးဖြင့် အော်လိုက်မိသည်။ သူက ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။

"အချစ်စစ်ကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုက..."

ယဲ့ချန်သည် တီးတိုးစကားပြောသံတစ်ခုကို မပြတ်မသားကြားနေရသည်။ စမ်းချောင်းလေးတစ်ခု ညင်သာစွာစီးဆင်းလာသကဲ့သို့ အသံက သူ၏နှလုံးသားထံ ဝင်ရောက်လာခဲ့သည်။ ကိုယ်တွင်းမိစ္ဆာစိတ်သည် ရွှံ့ကို ရေဖြင့်ဆေးချလိုက်သကဲ့သို့ ပြောင်စင်သွားခဲ့သည်။ ယာရှာက မလိုလားဟန်ဖြင့်ရုန်းကန်နေသော်လည်း ဘန်းခနဲမြည်သံနှင့်အတူ လေထဲတွင် ချက်ချင်းပေါက်ကွဲသွားခဲ့၏။

ယဲ့ချန်ကိုဗဟိုတည်၍ ထွက်ပေါ်နေသော အနက်ရောင်ချီမုန်တိုင်းကြီးလည်း ပျောက်ကွယ်သွားသည်။ သတိလစ်နေသော ယဲ့ချန်က မြေပြင်တွင် ပုံလျက်သားလဲကျသွားခဲ့၏။

အဝေးတွင်ပုလဲနှစ်လုံးက ယဲ့ချန်ကို ကြည့်နေသော မျက်လုံးများကဲ့သို့ တောက်ပလာသည်။ ထန်တိုက်လင်မှာ သက်ပြင်းတစ်ချက်ချ၍ ကြမ်းပြင်တွင် သတိလစ်နေသော ယဲ့ချန်ကို သတိထားခဲ့သည်။

ခဏတာတွေးတောပြီးနောက် ထန်တိုက်လင်သည် ယဲ့ချန်ထံ ခုန်ပျံသွားရောက်လိုက်၏။ သူမ၏မြင်ကွင်းတွင် ချွေးသီးချွေးပေါက်များ စီးထွက်နေသော ယဲ့ချန်က နာကျင်စွာရုန်းကန်နေသည်။ သူ၏မျက်နှာထက်တွင် အနက်ရောင်များစွန်းထင်းနေ၍ ကိုယ်တွင်းမိစ္ဆာ၏အစွမ်းအချို့ ကျန်နေပုံရသည်။

ထန်တိုက်လင်သည် ယဲ့ချန်၏ဘေးတွင် တိတ်တဆိတ်ရပ်ကာ အတွေးနက်နေသည်။ ထိုအချိန်တွင် ယာရှာသာ နောက်တစ်ကြိမ်ပြန်ပေါ်လာလျှင်ဟူသော အတွေးက သူမကို နှိပ်စက်နေသည်။

ရုတ်တရက် ဝိညာဥ်ပုလဲက ယဲ့ချန်ထံပျံသန်းလာပြီး မျက်နှာထက်တွင် အချိန်ကြာမြင့်စွာဝဲပျံနေသည်။ ထို့နောက် ၎င်းက တုံ့ဆိုင်းနေဟန်ဖြင့် ဂူနံရံကိုထိုးဖောက်ပျံသန်းကာ လုံးဝပျောက်ကွယ်သွားခဲ့၏။

ထန်တိုက်လင်သည် မျက်မှောင်ကြုတ်၍ အနက်ရောင်ပုလဲထွက်ခွာသွားသော ဦးတည်ရာကို ကြည့်လိုက်သည်။ သူမက ယဲ့ချန်ကိုပြန်ကြည့်လိုက်ပြီးနောက် သုံးခွလှံနှင့် သူ၏လည်ပင်းကို ချိန်ရွယ်လိုက်သည်။

အကယ်၍ ထန်တိုက်လင်သာ သူ့ကို အသက်ချမ်းသာပေးလိုက်လျှင် နတ်ဆိုးပြန်လည်ထွက်ပေါ်လာပါက အရာအားလုံး ကပ်စိုက်သွားမည်ဖြစ်သည်။ သူမက သုံးခွလှံကို စင်တီမီတာအနည်းငယ် ဖိချလိုက်လျှင် ယဲ့ချန်၏အသက် ဇီဝိန်ချုပ်မည်ဖြစ်သည်။ သို့သော် ထန်တိုက်လင်က သုံးခွလှံကိုကိုင်ပြီး အတွေးနက်နေခဲ့သည်။

ယဲ့ချန်မှာ နာကျင်မှုကြောင့် မျက်နှာပျက်နေသော်လည်း ဝမ်းနည်းစိတ်က သိသိသာသာထင်ဟပ်နေသည်။

အတိတ်တွင် ဤအခြေအနေမျိုးကြုံလျှင် ထန်တိုက်လင်က ယဲ့ချန်ကို တုံ့ဆိုင်းခြင်းမရှိ သတ်ပေလိမ့်မည်။ လက်ရှိတွင်ဖြစ်ပေါ်နေသော စိတ်က သူမထံတွင် လုံးဝမဖြစ်ပျက်ဖူးပေ။ သူမသည် မြောက်ပင်လယ်၏ဘုရင်မဖြစ်သော်လည်း သူမ၏စိတ်က တစ်မျိုးတစ်ဖုံပြောင်းလဲသွား၏။

ထန်တိုက်လင်က ယဲ့ချန်ကိုကြည့်နေသော်လည်း သုံးခွလှံကို ဖိမချရက်ချေ။ ယဲ့ချန်သည် ထန်တိုက်လင်၏လက်ထဲတွင် သူ၏အသက်ရှိနေကြောင်း မသိဟန်ဖြင့် သတိလစ်နေခဲဲ့သည်။

"နင် ထာဝရသတိလစ်နေတာက ငြိမ်းချမ်းရာဖြစ်မှာပါ"

ထန်တိုက်လင်က အံကိုတင်းတင်းကြိတ်ပြီး သုံးခွလှံကို ယဲ့ချန်၏လည်ချောင်းအနီး ကပ်သွားစေသည်။ သူမ၏မသိစိတ်ကမူ ဤလုပ်ရပ်ကိုမလုပ်ရန် တားမြစ်နေသည်။

"ဘာကြောင့်လဲ"

သူမက အကြောင်းအရင်းကို မသိချေ။

ထိုအချိန်တွင် ပုံရိပ်ယောင်ပုလဲက ယဲ့ချန်ထံ လှစ်ခနဲပျံသန်းလာသည်။ ၎င်းက ယဲ့ချန်၏ပါးပြင်ပေါ်တွင် ပျံသန်းနေသည်။ ပုံရိပ်ယောင်ပုလဲက အဖြူရောင်အလင်းများကို ယဲ့ချန်၏မျက်နှာပေါ် ကျဆင်းစေသည်။ ဤအလင်းတွင် နူးညံ့သောစွမ်းအင်များသာ ပါဝင်နေသည်။

ပုံရိပ်ယောင်ပုလဲ၏ အဖြူရောင်အလင်းများကြောင့် ယဲ့ချန်၏မျက်နှာတွင် စွန်းထင်းနေသော အနက်ရောင်အလင်းများ ဖြည်းညှင်းစွာပျောက်ကွယ်လာသည်။ သူ၏တင်းကျပ်နေသော မျက်ခုံးများ ပြန်လည်ပြေလျော့သွားကာ နာကျင်မှုလည်း ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် လက်ရှိတွင် သူက အိပ်မောကျနေသော ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ပင် ဖြစ်သည်။

"အမွေးပွလေး"

ယဲ့ချန်က ခပ်တိုးတိုးယောင်လိုက်ပြီး မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ယဲ့ချန်၏အသက်ရှူပုံက အလွန်ပြင်းထန်သော်လည်း စွမ်းအားတစ်ခု ပါဝင်နေသည်။ အသက်ရှူထုတ်ပုံက သဘာဝကျကျစည်းချက်ညီနေပြီး ခန္ဓာကိုယ်တစ်ခုလုံးက လောကကြီး၏လမ်းစဥ်နှင့် တစ်သားတည်းဖြစ်သွားခဲ့သည်။

ယဲ့ချန်၏စကားများကြောင့် ထန်တိုက်လင်၏နှလုံးသားမှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ နာကျင်သွားမိသည်။ အချိန်ကြာမြင့်စွာ မေ့လျော့ထားခဲ့သော ခံစားချက်များက ရေခဲနှလုံးသားကို ချိုးဖျက်ထွက်ပေါ်လာ၏။ သူမက အဝေးသို့ငေးကြည့်လိုက်ပြီး ကြည်နူးစဖွယ်ဖြစ်သော ဖခင်၏အပြုံးကို အမှတ်ရနေမိသည်။

"ခမည်းတော်"

ထန်တိုက်လင်က မျက်လုံးများကိုမှိတ်လိုက်သောအခါ ဖခင်၏မျက်နှာက အတွေးထဲတွင် ထွက်ပေါ်လာ၏။ သူမသည် ခံစားချက်မဲ့သော လူသတ်စက်တစ်ခုဖြစ်ရန် အလွန်နီးစပ်လာခဲ့သည်။ သူမ၏ဖခင်အပေါ်ထားသော မေတ္တာများက သူမကို ဤလမ်းပေါ်မှ ဆွဲထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ထန်တိုက်လင်၏ခမည်းတော်က သူမကို မမြင်နိုင်သောနေရာတစ်နေရာမှ စောင့်ကြည့်နေပုံပေါ်သည်။ ဤကား သေခြင်းရှင်ခြင်းလမ်းစဥ်၏ အစစ်အမှန်သဘောဖြစ်သည်။ အဆုံးမဲ့ကြီးမားလှသော ချစ်ခြင်းမေတ္တာက သေခြင်းနှင့်ရှင်ခြင်း အကြားနယ်မြေတွင် တည်ရှိလေသည်။

***

All Chapters