← Chapters

လုံးလုံးလျားလျားယုံကြည်ခြင်း *

Vol. 78 Ch. 1082

လုံးလုံးလျားလျားယုံကြည်ခြင်း *

Vol. 78 Ch. 1082

ထန်ရှုနှင့်ခန်းရှတို့က အကြည့်ချင်း ဖလှယ်လိုက်ကြ၏၊ အော်ဒါပမာဏကြောင့် နှစ်ယောက်လုံးက စိတ်ထဲ၌ ပျော်ရွှင်နေမိသည်။ မီတာတစ်ရာလေဂလိုက်ဒါတစ်ခုစီက ယွမ်နှစ်သန်းတန်ဖိုးသတ်မှတ်ထားသည်ကို သိရမည်၊ ထို့ကြောင့် အခုတစ်သောင်းဆိုလျှင် ယွမ်နှစ်ဆယ်ဘီလီယံရရှိပေလိမ့်မည်။ စွမ်းအင်ဘက်ထရီများက တစ်ခုလျှင် ယွမ်နှစ်ရာကျသင့်ပြီး အခုတစ်သန်းရောင်းခြင်းအတွက် ယွမ်သန်းနှစ်ရာရရှိလိမ့်မည်ဟု ဆိုလို၏။

ဒီမီတာတစ်ရာလေဂလိုက်ဒါအတွက် ဘယ်လောက်ရင်းနှီးမြှုပ်နှံခဲ့သလဲဆိုတာ မေးလာမယ်ဆိုရင်တော့။

ထန်ရှုက စိတ်ထဲ၌ ရယ်လိုက်သည်။ မိုရီတို့အဖွဲ့ထံ သူ ပေးခဲ့သော စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏက ယွမ်သန်းနှစ်ရာဖြစ်သည်။ ထို့ပြင် ၎င်းတို့ထဲမှ တစ်ဝက်သာ အသုံးပြုခဲ့သည်ဟု ခန်းရှက သူ့အား တင်ပြခဲ့၏။

ထို့ပြင် ဒါက အစမျှသာ။

မီတာတစ်ရာလေဂလိုက်ဒါက ဈေးကွက်ထဲသို့ စတင်ဝင်ရောက်လာသည့်အခါတွင် ပိုက်ဆံများက အလိပ်လိုက်အလိပ်လိုက် ဝင်လာပေလိမ့်မည်။ မရေမတွက်နိုင်သောလူများ၊ တိုင်းပြည်အမျိုးမျိုးနှင့် အဖွဲ့များစွာက ၎င်းအား ဝယ်ရန်အတွက် ယှဉ်ပြိုင်ကြလိမ့်မည်။ ထိုအချိန်တွင် သူတို့ရရှိမည့်ငွေပမာဏက ရေတွက်ရန်ပင်နိုင်မည်မဟုတ်တော့။

ထန်ရှုက ဤအထိ တွေးလိုက်မိသောအခါ သူက သွမ်မုလင်အား ကြည့်ကာ ပြောလိုက်သည် “စီနီယာသွမ်မုလင်၊ ငါတို့ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက မီတာတစ်ရာလေဂလိုက်ဒါရဲ့ဗားရှင်းအသစ်ကို ပြီးသွားတဲ့အချိန်ကျရင် ငါးဆယ်ရာခိုင်နှုန်းလျှော့ဈေးပေးရုံတင်မကဘူး၊ ဂလိုဘယ်ရောင်းချမှုအမြတ်ရဲ့နှစ်ဆယ်ရာခိုင်နှုန်းကို လှူဒါန်းမယ်”

တုံ့ပြန်သည့်အနေနှင့် သွမ်မုလင်က ထန်ရှုအား နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်သည်။ အချိန်တစ်ခုကြာပြီးနောက် သူက လက်မထောင်ကာ ချီးကျူးလိုက်၏ “ကျေးဇူးတင်တယ်လို့ ငါ မပြောတော့ပေမယ့် အနာဂတ်မှာ လေဂလိုက်ဒါကို ကမ္ဘာအနှံ့ ရောင်းချတဲ့အခါမှာ တိုင်းပြည်ရဲ့အထောက်အပံ့ကို မင်း မျှော်လင့်လို့ရတယ်”

“ကောင်းပါပြီ”ထန်ရှုက တင်းကြပ်စွာ ခေါင်းညိတ်လိုက်သည်။

အမှန်အားဖြင့်ဆိုရလျှင် သာမန်လူများသို့မဟုတ်သူဌေးကြီးအချို့က ဒီလိုကောင်းကင်ဆန့်ကျင်နည်းပညာအဆင့်မြင့်ဆုံးထုတ်ကုန်တစ်ခုအား ပိုင်ဆိုင်ခဲ့မည်ဆိုလျှင် တိုင်းပြည်က ထိုလူတို့အား ထိန်းချုပ်ပြီး နိုင်ငံတော်ဘဏ္ဍာအဖြစ်တောင် သိမ်းဆည်းနိုင်သည်။ တကယ်တော့ အကျိုးအမြတ်က များပြားလွန်းသည်မဟုတ်လော၊ တိုင်းပြည်က ဤအချင်းအရာအား လစ်လျူမရှုနိုင်ပေ။

သို့သော် သူက မည်သူနည်း။ တိုင်းပြည်က သူ့အား ရန်စရဲမည်လော။ ဘယ်ခေတ်တွင်မဆို ကမ္ဘာကြီးက “စွမ်းအားက အမှန်တရားကို ပြုလုပ်သည်”အပေါ်တွင်သာ အခြေခံနေသေး၏။

ထန်ရှုက ခန်းရှအား ကြည့်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “မီတာတစ်ရာလေဂလိုက်ဒါကို ကမ္ဘာအနှံ့ ရောင်းချတဲ့အခါကျရင် အကျိုးအမြတ်ရဲ့တစ်ဆယ်ရာခိုင်နှုန်းကို ပရဟိတအတွက် သတ်မှတ်လိုက်ပါ။ တရုတ်မှာ လိုအပ်တဲ့ကျောင်းတွေ၊ ဆေးရုံတွေကို တည်ဆောက်ပေးလိုက်ပါ”

ခန်းရှက ထန်ရှုအား လေးစားချစ်မြတ်နိုးစွာနှင့် ပြန်ကြည့်လိုက်သည်။ ဤယောကျ်ား၏နှလုံးသားအကြောင်း သူမ သိ၏။ သူက ရန်သူများအား ရက်ရက်စက်စက်ဆက်ဆံသော်လည်း သူ့နှလုံးသား၏အနက်ရှိုင်းဆုံးနေရာတွင် ကြင်နာမှုအပြည့်ရှိသည်။ မီတာတစ်ရာလေဂလိုက်ဒါရောင်းချခြင်းမှရရှိသောအကျိုးအမြတ်၏တစ်ဆယ်ရာခိုင်နှုန်းက ကြီးမားသောကိန်းဂဏန်းတစ်ခုဖြစ်သည်၊ သို့သော်လည်း သူက ဒီလိုဆုံးဖြတ်ခဲ့သေး၏။ အနာဂတ်တွင် ဤအရာမှ လူဘယ်လောက်များ အကျိုးခံစားရမည်ကို စိတ်ကူးနိုင်ပေသည်။

ပမာဏက မိုးထိတိုင် မြင့်မားလွန်းပေလိမ့်မည်…

သွမ်မုလင်က ထန်ရှုအား အနည်းငယ်ကွဲပြားသောအမူအရာနှင့် ကြည့်လိုက်သည်။ ယခင်ထန်ရှုက ဆေးပညာဆိုင်ရာကျင့်ဝတ်ရှိပြီး ကောင်းမှုအချို့ ပြုလုပ်ခဲ့သည်။ သို့သော် ယခု သူ၏ဆုံးဖြတ်ချက်က ဆင်းရဲသားများစွာ၏ကံကြမ္မာအား ပြောင်းလဲပေလိမ့်မည်။

စာချုပ်ချုပ်ပြီးနောက် သွမ်မုလင်နှင့်အထူးစွမ်းရည်ဗျူရိုမှထိပ်တန်းအရာရှိက ဆက်မနေတော့ပေ။ သူတို့က ညစာပင် မစားရသေးပေ၊ ထို့ကြောင့် ကျင်းမန်ကျွန်းမှ ကမန်းကတန်း ထွက်ခွာသွားခဲ့သည်။

ညစာစားချိန်တွင် ထန်ရှုက ခန်းရှနှင့်ယွမ်ချုးလင်တို့လေးယောက်အား ထမင်းစားခန်းမသို့ ခေါ်လာခဲ့၏။ သူတို့၏ဆာလောင်မွတ်သိပ်မှုအား ဖြည့်ဆီးပြီးနောက် ယွမ်ချူးလင်တို့လေးယောက်အပေါ်အုပ်မိုးနေသောထိတ်လန့်တုန်လှုပ်မှုက အပြီးတိုင်ပျောက်ကွယ်သွားခဲ့သည်။ ထန်ရှုက စားပွဲထိုးများအား အကြွင်းအကျန်များ ဖယ်ရှားခိုင်းပြီး အချိုပွဲတည်ခင်းစေလိုက်သည်။ ထို့နောက် သူက စီးကရက်တစ်လိပ်ထုတ်ကာ မီးညှိ၏။

“ယွမ်ချူးလင်၊ ယွဲ့ခိုင်နဲ့ ဟူချင်းစုန့်။ မင်းတို့သုံးယောက်က စီးပွားရေးလုပ်ငန်းကြီးက ဘာလဲဆိုတာ နားလည်သွားကြပြီးမလား” ထန်ရှုက ပြုံးကာ မေးလိုက်သည်။

“ဟုတ်ပါတယ်၊ ငါ မြင်လိုက်ရပါပြီ။ ငါ ဝန်ခံပါတယ်”ယွမ်ချူးလင်က အားတင်းပြုံးလျက် ပြောလိုက်သည်။

“ဆိုတော့ ဒီနေ့ရဲ့စီးပွားရေးအရောင်းအဝယ်က ငါ့ရဲ့ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့လုပ်ငန်းအရောင်းအဝယ်တွေထဲကတစ်ခုပဲ ရှိသေးတာ”ထန်ရှုက ပြုံးကာ ဆက်ပြောသည် “ပြောရမယ်ဆိုရင် ငါ မင်းတို့အကြောင်း စဉ်းစားနေတာ။ မင်းတို့သုံးယောက်က ငါ့ရဲ့အတန်းဖော်တွေပဲ၊ ညီအကိုဆိုလဲ ဟုတ်တယ်။ ဒါပေမယ့် မင်းတို့က အသေးအဖွဲ့ငွေအချို့အတွက်နဲ့ ခွေးတိုက်ပွဲအတွက် ကျင်းမန်ကျွန်းကို ပြေးလာခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီး မင်းတို့ဘယ်လိုခံစားရလဲ”

ယွမ်ချူးလင်က ခြောက်ကပ်ကပ်ပြုံးကာ ပြော၏ “အကိုထန်၊ အရင်တုန်းက ငါ့အဖေက ငါ့ရဲ့စံပြပုဂ္ဂိုလ်ပဲ။ ဒါပေမယ့် အခုကစပြီး မင်းက ငါ့ရဲ့စံပြပုဂ္ဂိုလ်ဖြစ်သွားပြီ။ ငါ ကြိုးစားမယ်၊ ငါ့ရဲ့စီးပွားရေးကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲမယ်၊ ဒီလိုမှ အနာဂတ်မှာ ငါ ပိုက်ဆံအများကြီး ရှာနိုင်မှာ”

“ယွမ်ကြီးပြောတာတွေက ငါစဉ်းစားတာတွေနဲ့ အတူတူပဲ၊ အကိုထန်”ယွဲ့ခိုင်က သံယောင်လိုက်လေသည် “နောက်ကျရင် ငါ့ရဲ့တာဝန်တွေကို လစ်လျူရှုပြီး ပျော်ပါးတာတွေ မလုပ်တော့ဘူး။ ပြီးတော့ ငါ မင်းကို ကျေးဇူးတင်တယ်လို့ အကြိမ်များစွာ ပြောခဲ့တယ်ဆိုရင်တော့ ဒီတစ်ကြိမ်မှာတော့ ငါ မပြောတော့ဘူး၊ ငါ့ရဲ့နှလုံးသားထဲမှာပဲ သိမ်းထားလိုက်တော့မယ်”

ဟူချင်းစုန့်က ခေါင်းကုတ်ကာ ခြောက်ကပ်ကပ်ပြုံးလိုက်သည် “အာ၊ အကိုထန်။ ငါ့မှာ ဒီလိုကြီးကျယ်ခမ်းနားတဲ့စွမ်းရည်တွေ မရှိဘူးဆိုတာ မင်း သိပါတယ်၊ ကြီးမားတဲ့ရည်မှန်းချက်တွေလဲ ငါ့မှာ မရှိဘူး။ ဒါပေမယ့် ဒီနေ့ မင်း ငါ့ကို အများကြီး လှုံ့ဆော်ပေးခဲ့တာပဲ။ ကောင်းပြီ၊ မင်းအကြိုက်တွေကို လုပ်ပေးဖို့ မင်းမှာ ညီအကိုတစ်ယောက်ရှိသလားဆိုတာ ငါ မေးချင်တယ်။ မရှိဘူးဆိုရင် မင်း ငါ့ကို ပြောသမျှ ငါ လုပ်ပေးပါ့မယ်၊ အိမ်ပေးရမယ်ဆိုရင်လဲ ငါ အိပ်ပေးပါ့မယ်”

“ဒီကောင်တော့၊ ထွက်သွားစမ်း…”ထန်ရှုက ဆဲဆိုလိုက်ပြီး သူက ငိုရမလားရယ်ရမလား မသိတော့ပေ။ ထို့နောက် သူက ထပ်ပြောလိုက်သည် “ဒါ့အပြင် မင်းမှာ မင်းအဖိုးကြီးရဲ့လုပ်ငန်းရှိတာပဲ၊ ယွမ်ကြီး။ နောက်ကျရင် မင်း အဲဒါကို လက်လွှဲယူရမှာပဲ၊ ဒါကြောင့် ဒါက မင်းရဲ့ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်ဖို့ အလှည့်ပေါ့။ ယွဲ့ခိုင်၊ မင်းရဲ့မိသားစုကလဲ စီးပွားရေးလုပ်နေတာပဲ၊ ဒါကြောင့် ငါ အများကြီး ပြောစရာမလိုဘူး။ ဒါပေမယ့် အနာဂတ်မှာ မင်းအဖေရဲ့စီးပွားရေးကို မင်း လက်လွှဲယူတဲ့အခါ ငါ့ကုမ္ပဏီက မင်းရဲ့မိသားစုနဲ့ တချို့ကဏ္ဍတွေမှာ ပူးပေါင်းနိုင်ပါတယ်”

“ငါ သိပါပြီ”

“ကောင်းပါပြီ”

ယွမ်ချူးလင်နှင့်ယွဲ့ခိုင်တို့က ခေါင်းညိတ်ဖြေလိုက်သည်။

အခြားတစ်ဖက်တွင် ဟူချင်းစုန့်က မျက်လုံးလိမ့်လျက် မပျော်မရွှင်နှင့် ပြောလိုက်သည် “ငါ့ကရော၊ အကိုထန်”

“ဟားဟားဟား…”ထန်ရှုက တခစ်ခစ်ရယ်ကာ ပြောလိုက်သည် “ကောင်းပါပြီ၊ နောက်ကျရင် မင်းလဲ ရွှယ်ချောင်လို ငါ့အတွက် အလုပ်လုပ်ပေးပေါ့။ စိတ်ချပါ။ ငါ့အတွက် အလုပ်လုပ်ပေးတဲ့သူတွေလဲ ဘီလီယံနာဖြစ်ဖို့ ငါ အာမခံပါတယ်”

ဟူချင်းစုန်၏မျက်လုံးများက လင်းလက်သွားပြီး သူ့လက်အား စိတ်လှုပ်ရှားစွာ ပွတ်သပ်လိုက်သည်။

“ထိန်းပါအုံး။ အရင်မပျော်နဲ့အုံး၊ ဟုတ်ပြီလား”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “လူတွေကို အလုပ်ခန့်ဖို့အတွက် ငါ့ရဲ့ကိုယ်ပိုင်စည်းမျဉ်းရှိတယ်၊ အနည်းဆုံး မင်းမှာ အဲဒါနဲ့ ထိုက်တန်တဲ့စွမ်းရည်ရှိရမယ်။ ပြောရရင် မင်းက ရှန်းဟိုင်တက္ကသိုလ်မှာ အချိန်အကြာကြီး မနေချင်ဘူးဆိုရင် စာလေ့လာရင်းနဲ့ အချိန်ပိုင်းအလုပ်တွေ လုပ်နေပေါ့။ ခန်းရှ၊ ရှန်းဟိုင်က ငါတို့ရဲ့ကုမ္ပဏီခွဲမှာ သူ့အတွက် internshipတစ်ခု စီစဉ်ပေးလိုက်၊ ပြီးရင် ဒီကောင်ကို ကောင်းကောင်းဂရုစိုက်ပေး။ သူ့ကို အောက်ခြေက စခိုင်း။ သူ ကောလိပ်ကနေ ဘွဲ့မရခင် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် သူ့ကို လေ့ကျင့်ပေး”

“ပြဿနာမရှိပါဘူး”ခန်းရှက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ထန်ရှုက ဒီကျောင်းသားများအား ဤနည်းလမ်းများဖြင့် စီစဉ်ပေးသည်ကို မြင်ပြီး သူမက ပျော်ရွှင်မိသည်။ သူက ယွမ်ချူးလင်တို့၏စွမ်းရည်များနှင့်လက်ရှိအဆင့်အတန်းကြောင့် သူတို့အား မနှိပ်ချခဲ့ဘဲ တစ်ချိန်တည်းတွင် စာနာတတ်သောနှလုံးသားရှိသည့်လူတစ်ယောက်ဖြစ်ကြောင်း သူ့ကိုယ်သူ သက်သေပြခဲ့သည်။

ဟူချင်းစုန့်က ဘာမှထပ်မပြောသော်လည်း စိတ်လှုပ်ရှားမိသည်။ သူက ရှေ့ဆက်ရမည့်လမ်းကြောင်းနှင့် ပတ်သက်၍ အမှောင်ဖုံးကာ ရှုပ်ထွေးနေခဲ့၏။ ယနေ့ သူ့အား အကြီးအကျယ်တွန်းအားပေးခဲ့တယ်ဆိုရင်တောင် သူ့အနေနှင့် ကြီးကြယ်ခမ်းနားသောအောင်မြင်မှုဖန်တီးရန် ဘယ်တော့မှ မလွယ်ကူခဲ့ပေ။ အနည်းဆုံးတော့ သူ့တွင် ကိုယ့်ကိုယ်ကိုယ်ထောက်ပံ့ရန် ငွေအရင်းအနှီးအမြောက်အများမရှိပေ။

သူက ထန်ရှု၏ရိုးသားမှုအား ခံစားမိသည်။ ထန်ရှုက ယခုကဲ့သို့ ဆက်ဆံသည်မှာ သူတစ်ယောက်တည်း မဟုတ်ပေ၊ ထန်ရှုက ရွှယ်‌ချောင်အား အကြိမ်များစွာ ကူညီခဲ့သည်ကို သူ မြင်ဖူး၏။

ညနက်တွင် ထန်ရှုက ခန်းရှ၏သွယ်လျသောခါးလေးအား ဖက်ရင်း ပြတင်ပေါက်နားတွင် တိတ်တဆိတ် ရပ်လျက် အပြင်ဘက်ရှိ လမ်းမီးမှိန်မှိန်ပျနှင့် ကခုန်နေသောသစ်ပင်အရိပ်များအား ငေးကြည့်နေလေသည်။ ဤအချိန်တွင် သူက အလွန်စိတ်အေးချမ်းနေ၏။

“မင်း ရှန်းဟိုင်ကို ပြန်သွားမှာလား ဒါမှမဟုတ် ကြယ်တာရာမြို့ကို ပြန်မှာလား”ထန်ရှုက ခန်းရှ၏နားထံ ညင်သာစွာ မေးလိုက်သည်။

“ကျွန်မ အဖြစ်ချင်ဆုံးက ရှင်နဲ့အတူ နဂါးကိုးကောင်ကျွန်းကို လိုက်ပါသွားဖို့ပဲ”ခန်းရှက ပြန်ဖြေ၏။

“ကောင်းပြီလေ၊ မင်း ဆန္ဒရှိမှတော့ အတူတူသွားကြတာပေါ့”ထန်ရှုက ပြုံးကာ ပြော၏ “မင်းရဲ့အလုပ်ကို တာဝန်လွှဲပေးပြီး မင်းအတွက် အားလက်ရက်ယူလိုက်ပေါ့”

“စကားနဲ့တင် လုံလောက်ပါပြီ”ခန်းရှက ပြုံးကာ ပြောလိုက်သည် “ခမ်းနားတဲ့ထန်စီးပွားရေးလုပ်ငန်းက သီနှံဆွတ်ခူးရမယ့်ရာသီတစ်ခု ရှိနေတယ်၊ ဒါကြောင့် အဲဒါကို ကြီးကြပ်ဖို့ ကျွန်မ ကြယ်တာရာမြို့မှာ ရှိနေဖို့ လိုတယ်၊ ပြီးတော့ ရှန်းဟိုင်မှာလဲ ကိစ္စအချို့ရှိတယ်။ အဲနေရာက စီမံကိန်းက အရမ်းမြန်ဆန်တယ်။ လက်ရှိနှုန်းအရဆိုရင် ရှန်းဟိုင်မှာရှိတဲ့ကုမ္ပဏီရဲ့ဌာနချုပ်နဲ့စက်မှုပန်းခြံက နောက်နှစ်ဝက်လောက်မှာ အပြည့်အဝပြီးစီးလိမ့်မယ်”

“ငါ သိပြီ”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “အဲဒီအချိန်တွေမှာ မင်းက အလုပ်များလွန်းနေမှာပဲ။ ဒါက မင်းအတွက် ခက်ခဲမှာ၊ ကောင်းမွန်တဲ့အနေအထားတစ်ခု မဟုတ်ဘူး။ မင်းနဲ့အန်ဒီက မင်းတို့ရဲ့ဆက်ခံသူတွေကို ရှာဖို့ ပြင်ဆင်သင့်တယ်။ အနာဂတ်မှာ မင်းတို့ရဲ့အချိန်တွေကို ကျင့်ကြံရာမှာ ပိုအသုံးချဖို့ ငါ မျှော်လင့်တယ်”

“ဒါ စောလွန်းမနေဘူးလား”ခန်းရှက တုံ့ဆိုင်းကာ ပြောလိုက်သည် “ကုမ္ပဏီကို တည်ထောင်တာ တစ်နှစ်နဲ့ခြောက်လလောက်ပဲ ရှိအုံးမှာ။ ဒါ့အပြင် ကုမ္ပဏီက လက်ရှိမှာ တိုးတက်မှုအရမ်းမြန်ဆန်နေတယ်။ ကျွန်မနဲ့အန်ဒီက ကျွန်မတို့ရဲ့အလုပ်တွေကို လွှဲပေးလိုက်ရင် ကျွန်မ စိတ်ပူတာက…”

“ငါ ဆိုလိုတာက မင်းတို့ရဲ့ဆက်ခံသူကို ရှာဖွေပြီးတာနဲ့ မင်းတို့ရဲ့အလုပ်တွေကို ချက်ချင်းလွှဲဖို့မဟုတ်ဘူး”ထန်ရှုက ပြုံးကာ ပြန်ဖြေသည် “အနည်းဆုံး ယုံကြည်စိတ်ချရတဲ့လူတစ်ယောက်ကို မင်းတို့ရဲ့လက်ထောက်အနေနဲ့ လေ့ကျင့်ပေးရမယ်။ မင်းတို့က သူတို့ရဲ့ အလုပ်ကျင့်ဝတ်နဲ့စွမ်းရည်တွေကို မြှင့်တင်ပေးရမယ်၊ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနဲ့ ပတ်သက်ပြီး သူတို့က နားလည်နေစေရမယ်။ ဒီအတွက် တစ်နှစ်နဲ့ခြောက်လလောက် ပြင်ဆင်ပေါ့။ ရှန်းဟိုင်မှာရှိတဲ့ ငါတို့ရဲ့ဌာနချုပ်နဲ့စက်မှုပန်းခြံ အပြည့်အဝဆောက်လုပ်ပြီးတာနဲ့ အနေအထားတည်ငြိမ်လာတဲ့အခါ မင်းတို့ရဲ့အလုပ်တွေကို လက်လွှဲပေးနိုင်ပြီပေါ့”

“ကျွန်မ သိပါတယ်။ ကျွန်မလဲ အဲလိုလုပ်ဖို့ ပြင်ဆင်ထားပါတယ်”ခန်းရှက ခေါင်းညိတ်ကာ ပြော၏ “အန်ဒီနဲ့ကျွန်မက ကျွန်မတို့ရဲ့ကျင့်ကြံခြင်းကို လစ်လျူမရှုဘူးဆိုတာ ရှင် စိတ်ချပါ”

“တကယ်တော့ ငါက မင်းကို ဖက်ပြီး ငြိမ်းချမ်းစွာ အိပ်စက်ချင်တာ”ထန်ရှုက ပြုံးကာ ပြော၏ “ငါ့ရဲ့အချိန်ဇယားက ကျပ်လွန်းတာ ကံမကောင်းတာပဲ။ ဒီည ငါ လူအချို့ကို နဂါးကိုးကောင်းကျွန်းဆီ ခေါ်သွားဖို့ လိုအပ်တယ်။ ဟုတ်ပြီ၊ မင်း အနားယူလိုက်အုံး။ ငါ မကြာခင် ပြန်လာပြီး မင်းနဲ့အတူ အချိန်အချို့ပေးမှာပါ”

နာရီဝက်ကြာပြီးနောက် ထန်ဂိုဏ်းသားများက ဘတ်စ်ကားပေါ်တက်ကာ ကျင်းမန်ကျွန်းရှိဆိပ်ကမ်းတစ်ခုသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ထို့နောက် ခရီးသည်တင်သင်္ဘောက စတင်ထွက်ခဲ့ပြီး အမှောင်ပင်လယ်ထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွား၏။

ဤတစ်ကြိမ်တွင် လမ်းကြောင်းက စိုင်းဖန်သို့ တန်းသွားရန် မစီစဉ်ထားပေ။ ဂိုဏ်းအမျိုးမျိုးအား ထွက်သွားစေရန် တရုတ်အာဏာပိုင်များက ကူညီပေးခဲ့သော်လည်း ကောင်းကင်ဘုံမှော်ဆရာကလန်ထုတ်လွှတ်ခဲ့သည့်သတင်းက သူတို့အား ဒေါသထွက်စေသည်။ သို့ဖြစ်၍ ဂိုဏ်းအချို့က မယုံကြည်သေးဘဲ လူအချို့အား စိုင်ဖန်၌ စေလွှတ်ကာ စုံစမ်းစစ်ဆေးနေတုန်းပင်။ ပစိဖိတ်သမုဒ္ဒရာထဲ၌ သင်္ဘောအချို့ လှည့်လည်နေသည်ကိုပင် ကင်းသမားများက မြင်တွေ့ခဲ့ကြ၏။

နဂါးကိုးကောင်ကျွန်းသို့ ပြန်ရောက်လာပြီးနောက် ထန်ရှုက စုဝေးရန် ချက်ချင်း အမိန့်ပေးကာ ကျင့်ကြံခြင်းအရင်းအမြစ်များစွာအား ထောက်ပံ့ပေးလိုက်သည်။ သူက အလုပ်များနေပြီး ကူးယန်အာအား တွေ့မည့်ဆဲဆဲတွင် ခရီးထွက်နေသောကျင်းရှီက အပြင်မှ အပြေးရောက်လာ၏။ သူက ဒဏ်ရာဆိုးဆိုးဝါးဝါးရထားပြီး သူ့နောက်လိုက်သွားသောထန်ဂိုဏ်းသားများက ပိုတောင် ဒဏ်ရာပြင်းထန်သည်။ သန့်စင်ဒဏ်ရာပျောက်ဆေးသာမရှိလျှင် သူတို့က အပြင်တွင်ပင် သေဆုံးသွားခဲ့ချေပြီ။

***

All Chapters