← Chapters

အလားအလာရှိသောရန်သူများ *

Vol. 78 Ch. 1083

အလားအလာရှိသောရန်သူများ *

Vol. 78 Ch. 1083

နန်းတော်ထဲတွင် ထန်ရှုက စည်းဝေးခန်းမထဲသို့ ‌သုတ်ခြေတင်လျှောက်သွား၏။ ဒဏ်ရာဆိုးဝါးနေသောကျင်းရှီကို မြင်ပြီး အေးစက်စက်အလင်းတစ်ခုက သူ့မျက်လုံးများထဲ၌ လက်သွားကာ သူက လေးလံသောအသံနှင့်မေးလိုက်သည် “ဘာဖြစ်ခဲ့တာလဲ”

ကုလားထိုင်မှ ရုန်းထလျက် ကျင်းရှီက ခါးသီးစွာ ပြန်ပြောလိုက်သည် “ငါတို့ကို ဇာစ်မြစ်မသိလူတစ်ဖွဲ့က ချောင်းမြောင်းတိုက်ခိုက်ခဲ့တာ၊ သူတို့က လူအများကြီးပဲ၊ ပြီးတော့ အရမ်းလဲ သန်မာတယ်”

“မင်း သူတို့ရဲ့အထောက်အထားကို ဖော်ထုတ်ခဲ့လား”ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“သူတို့က ပေါ်လာပြီး ငါတို့ကို တိုက်ခိုက်ပြီးတာနဲ့ ပျောက်သွားတာ။ ငါတို့က ဖော်ထုတ်ဖို့ အချိန်မရခဲ့ဘူး”ကျင်းရှီက ခေါင်းခါယမ်းလိုက်သည် “ဒါပေမယ့် သူတို့ရဲ့အပြုအမူတွေအရ သူတို့က သာမန်လူသားတွေ မဟုတ်ဘူးဆိုတာ သေချာတယ်။ သူတို့က …မျိုးရိုးဗီဇစစ်သည်တော်တွေနဲ့ တော်တော်လေးတူတယ်…”

‘စီးကရက်မီးညှိပြီးနောက် ထန်ရှက ပြောလိုက်သည် “သူတို့ရဲ့ဇာစ်မြစ်နဲ့ ပတ်သက်ပြီးတော့ ငါ့မှာ အတွေးတစ်ချို့တော့ ရှိတယ်”

“သူတို့က ဘယ်နေရာက လာတာလဲဆိုတာ သိတာလား၊ ဂိုဏ်းချုပ်”ကျင်းရှီက အံ့အားသင့်သွားသည် “ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဂိုဏ်းချုပ်က သူတို့ကိုတောင် မမြင်ဖူးဘဲနဲ့…”

ထန်ရှုက လက်မြှောက်ကာ သူ့အား တားဆီးလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည် “အရင်တုန်းက မျိုးရိုးဗီဇဆေးဝါးအချို့ကို သုသေတနလုပ်တဲ့ ရှဲ့ကျစ်ချမ်းနဲ့ ရှန်းဟိုင်က ဉီးနှောက်ဇီဝကောလိပ်ကို မင်း မှတ်မိသေးလား”

“ဟုတ်၊ ငါ သူတို့ကို မှတ်မိပါတယ်”ကျင်းရှီက ခေါင်းညိတ်လိုက်သည်။

“ရှန်းဟိုင်က ရှဲ့ကျစ်ချမ်းနဲ့ အဆက်အသွယ်အချို့ရှိတဲ့ အဲဒီလူက အက်စ်အိုအီးကုမ္ပဏီကအော်စတင်ကိုးပဲ”ထန်ရှုက ပြော၏ “အပေါ်ယံမှာတော့ ဒီကုမ္ပဏီက ဆေးဝါးနဲ့ဆေးပစ္စည်းကိရိယာတွေ အရောင်းအဝယ်လုပ်ပေမယ့် တကယ်တော့ ၎င်းက ဉရောပက အလွန်ဆန်းကြယ်တဲ့စစ်လက်နက်အရောင်းအဝယ်ကုမ္ပဏီတစ်ခုပဲ။ အော်စတင်ကိုးက ဒီအက်စ်အိုအီးကုမ္ပဏီမှာ နံပါတ်သုံးမြောက်အမိန့်ပေးနိုင်သူဖြစ်ပြီး သူက အက်စ်အိုအီးကုမ္ပဏီစစ်တပ်အင်အားရဲ့တစ်ဝက်နီးပါးကို ထိန်းချုပ်ထားတယ်။ သူက ရှန်းဟိုင်းမှာ သေခဲ့ပေမယ့် ဒီအက်စ်အိုအီးကုမ္ပဏီက မျိုးရိုးဗီဇပစ္စည်းတွေကို လက်မလျော့သေးဘူးလို့ ငါ ထင်တယ်၊ သူတို့က ရှဲ့ကျစ်ချမ်းအပြင် အခြားသုသေတနအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေဖို့ များတယ်”

“ဂိုဏ်းချုပ်ဆိုလိုတာက ငါတို့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တဲ့သူတွေက ဒီအက်စ်အိုအီးကုမ္ပဏီတွေပေါ့”ကျင်းရှီက မေးလိုက်သည် “ဒါပေမယ့် ဘာလို့ သူတို့က ငါတို့ကို တိုက်ခိုက်တာလဲ။ အော်စတင်ကိုးက သေပြီ၊ ရှဲ့ကျစ်ချမ်းလဲ အတူတူပဲ။ ငါတို့က မျိုးရိုးဗီဇပစ္စည်းတွေကို လုယက်ခဲ့တာကို ဘယ်သူမှ မသိဘူးလေ”

“ဒီကမ္ဘာမှာ နားမပါတဲ့နံရံဆိုတာ မရှိဘူး”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “အမှောင်လေအဖွဲ့အစည်းရဲ့တည်ရှိမှုကို မမေ့နဲ့။ ဒီအဖွဲ့အစည်းရဲ့သတင်းအချက်အလက်စုံစမ်းရေးအဖွဲ့ဝင်တွေက နေရာတိုင်းမှာ ရှိတယ်။ ငါတို့ ရှဲ့ကျစ်ချမ်းကို သတ်ပြီး မျိုးရိုးဗီဇပစ္စည်းတွေကို ရရှိခဲ့တယ်ဆိုတာကို လျှို့ဝှက်ထားပေမယ့် သူတို့က ရှာဖွေတွေ့ရှိချင်တွေ့ရှိနိုင်တာပဲလေ”

“ဂိုဏ်းချုပ်၊ ဒီအမှောင်လေအဖွဲ့အစည်းကို ဖယ်ရှားဖို့ အမြန်ဆုံးလုပ်သင့်ပြီထင်တယ်”ကျင်းရှီက ဒေါသထွက်စွာ ပြော၏ “သို့မဟုတ်ရင် ငါတို့လုပ်သမျှအရာတွေအားလုံး ထုတ်ဖော်ခံရနိုင်ချေရှိတယ်”

“အမှောင်လေအဖွဲ့အစည်းကို သေချာပေါက် ဖျက်ဆီးရမှာပါ၊ ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး”ထန်ရှုက ရေးတေးတေးပြော၏ “ငါတို့ဂိုဏ်းရဲ့အင်အားက အရမ်းသန်မာပေမယ့် အရေအတွက် နည်းလွန်းတယ်။ ငါတို့က သိုးအုပ်အနည်းငယ်ကို သတ်နိုင်ပေမယ့် အရေအတွက်များလွန်းရင် ငါတို့အတွက် ဒုက္ခများနိုင်သေးတယ်”

“ဒါဆို ဒီအမှောင်လေအဖွဲ့အစည်းရဲ့ထိပ်တန်းအမှုဆောင်အဖွဲ့ဝင်တွေကို တိုက်ရိုက်ဖယ်ရှားကြတာပေါ့။ ဒါက လုံလောက်တယ်မလား”ကျင်းရှီက ပြော၏။

ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏ “အမှောင်လေအဖွဲ့ရဲ့ဌာနချုပ်က ဘယ်နေရာမှာလဲဆိုတာနဲ့ သူတို့ရဲ့ထိပ်တန်းအမှုအဆောင်အဖွဲ့ဝင်တွေက ဘယ်သူလဲဆိုတာ မင်း သိလား”

“ဒါကတော့…”ကျင်းရှီက ပြောစရာစကားမရှိဖြစ်သွားသည်။

ထန်ရှုက သူ့မိုဘိုင်းဖုန်းယူထုတ်ကာ စုန့်ကွမ်းဟွေ၏နံပါတ်အား ခေါ်ဆိုလိုက်သည်။ စိုင်းဖန်ရှိအားအကောင်းပုဂ္ဂိုလ်သေသွားခဲ့သဖြင့် စုန့်ကွမ်းဟွေက စိုင်းဖန်၏အာဏာအရှိဆုံးဖြစ်လာခဲ့သည်။ သူ၏ယခင်ရာထူးအား မဖယ်ရှားရသေးသော်လည်း စိုင်ဖန်ရှိအမြင့်ဆုံးအရာရှိနေရာက သူလက်ထဲမှ ပြေးမလွတ်ကြောင်း စုန့်ကွမ်းဟွေထံမှ ထန်ရှုက သိထား၏။

“မင်္ဂလာပါ၊ ဉီးလေးစုန့်။ ငါ ဉီးလေးရဲ့အကူအညီတစ်ခု လိုအပ်တယ်”

“မင်း ငါ့အကူအညီလိုအပ်တာလား။ ဒါ ငါ့ကို ပျော်ရွှင်စေတာပဲ၊ ကလေး။ ကဲ ငါ့ကို ပြောပါအုံး၊ ဘာကိစ္စလဲ”စုန့်ကွမ်းဟွေက ရယ်လိုက်သည်။

“လွန်ခဲ့တဲ့နှစ်ရက်လောက်က ငါ့လူတွေ တိုက်ခိုက်ခံခဲ့ရတယ်”ထန်ရှုက ပြောလိုက်သည် “ဒါပေမယ့် အဲဒီလူတွေက ဘယ်သူလဲဆိုတာ မသိခဲ့ရဘူး၊ သူတို့ရဲ့ဇာစ်မြစ်ကိုလဲ မသိဘူး။ ဒါပေမယ့် သူတို့က မျိုးရိုးဗီဇစစ်သည်တော်တွေဖြစ်ပြီး အက်စ်အိုအီးကုမ္ပဏီနဲ့ ဆက်စပ်နေဖို့ များတယ်။ ဒီကုမ္ပဏီနဲ့ပတ်သက်ပြီး ဉီးလေးစုန့် ကြားဖူးလား”

“အက်စ်အိုအီးလား”စုန့်ကွမ်းဟွေ၏လေသံက အလိုအလျောက် မြင့်တက်သွား၏။

စုန့်ကွမ်းဟွေက စက္ကန့်သုံးဆယ်လောက် နှုတ်ဆိတ်သွားခဲ့သည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြော၏ “ငါ သိသလားလို့ မင်း မေးတယ်နော်။ ငါ သိတာထက် ပိုတာပေါ့။ အဲနေရာမှာ လူအချို့ကို ဒလန်ထည့်ထားတာကြောင့် ဒီကုမ္ပဏီနဲ့ ပတ်သက်ပြီး ငါ ကောင်းကောင်းသိတယ်။ ထန်ရှု၊ မင်းရဲ့လူတွေကို ချောင်းမြောင်းတိုက်ခိုက်တဲ့သူတွေက တကယ်ပဲ အဲနေရာကဆိုရင် မျက်စိနဲ့မြင်တာထက်ပိုတဲ့အရာတွေ ရှိဖို့များတယ်။ ငါတို့ အဲဒီအကြောင်း သေချာပြောဖို့လိုမယ်”

ထန်ရှု၏အတွေးက ရွေ့လျားသွားပြီး သူက မေးလိုက်သည် “အတိတ်က အဖြစ်အပျက်တွေနဲ့ ဆက်စပ်နေတာလား”

မှန်တယ်။ သူတို့က ငါတို့ကို ချောက်နှုတ်ခမ်းဝကို တွန်းပို့ခဲ့တာပဲ”စုန့်ကွမ်းဟွေက ပြော၏ “ဒီအက်စ်အိုအီးကုမ္ပဏီက တိုက်ရိုက်လုပ်တာတော့ မဟုတ်ပေမယ့် အက်စ်အိုအီးကိုပိုင်ဆိုင်တဲ့မိသားစုက ထိန်းချုပ်ထားတဲ့ နောက်ထပ်ကုမ္ပဏီတစ်ခုက လုပ်ခဲ့တာပဲ။ ဒီမိသားစုကို ဒိုလန်အိမ်တော်လို့ ခေါ်တယ်”

“ဒီမိသားစုနဲ့ ပတ်သက်ပြီး ငါ ဘယ်လိုလုပ် မကြားဖူးရတာလဲ”ထန်ရှုက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

“ဒီကမ္ဘာမှာ မိသားစုအချို့က ကျော်ကြားပြီး အချို့က အမှောင်ထဲမှာပဲ ပုန်းနေကြတယ်၊ ဒါပေမယ့် သူတို့မှာ ကြီးမားတဲ့ကြွယ်ဝမှုနဲ့စွမ်းအားတွေရှိတယ်”စုန့်ကွမ်းဟွေက ပြော၏ “ဒိုလန်အိမ်တော်က အနောက်ကလိုမျိုးပဲ၊ သူတို့က စီးပွားရေးလုပ်ငန်းအချို့ကို လည်ပတ်နေတယ်၊ ဒီအိမ်လက်အောက်က အဖွဲ့အချို့ကို ငါတို့ တိတ်တဆိတ် စုံစမ်းခဲ့ပေမယ့် သူတို့ရဲ့ဌာနချုပ်ကို မတွေ့ခဲ့ရဘူး”

“ဉီးလေးစုန့်၊ ငါ့လူတွေကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တဲ့သူတွေက တကယ်ပဲ အက်စ်အိုအီးကဆိုရင် ဒီဒိုလန်အိမ်တော်က ငါတို့ ထင်ထားတာထက် အများကြီး ပိုအားကောင်းတာပဲ။ အဲဒီမျိုးရိုးဗီဇစစ်သည်တော်တွေက အရမ်းသန်မာတယ်။ ငါ့လူတွေက အားကောင်းတဲ့လူတွေပဲ၊ သူတို့က ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရလာခဲ့တယ်”

“ဒါဆို မင်းလူတွေကို တိုက်ခိုက်ခဲ့တဲ့သူတွေက အက်စ်အိုအီးကုမ္ပဏီက ဟုတ်မဟုတ်ဆိုတာ မင်း ငါ့ကို အတည်ပြုစုံစမ်းစေချင်တာလား”စုန့်ကွမ်းဟွေက မေးလိုက်၏။

“ဟုတ်ပါတယ်”ထန်ရှုက မေး၏။

“ငါ ချက်ချင်းလုပ်လိုက်မယ်။ ငါ အကြောင်းပြန်တာကိုသာ စောင့်နေပါ”စုန့်ကွမ်းဟွေက ပြောလိုက်သည်။

“ဉီးလေးစုန့်၊ စိုင်းဖန်မှာ အက်စ်အိုအီးကုမ္ပဏီကတစ်ယောက်ယောက်ကို တွေ့ရင် အလျင်စလိုမလှုပ်ရှားနဲ့။ ကျွန်တော့်ကို အကြောင်းကြား၊ ကျွန်တော် ချက်ချင်း လူလွှတ်လိုက်မယ်”ထန်ရှုက ပြောလိုက်သည်။

“စိတ်ချပါ”စုန့်ကွမ်းဟွေက ပြော၏ “မင်းလူတွေက သူတို့ကို မရင်ဆိုင်ရင်တောင် ငါ သူတို့ကို မထိပါဘူး။ သူတို့နဲ့ထိပ်တိုက်ရင်ဆိုင်တာက ကျောက်ဆောင်နဲ့ ကြက်ဉနဲ့ ပစ်ပေါက်သလိုပဲ”

သူ့တုံ့ပြန်ချက်ကို ကြားပြီးနောက် ထန်ရှုက စိတ်အေးသွားတော့သည်။ ဖုန်းချပြီးနောက် သူက ခဏစဉ်းစားလိုက်ပြီး စိုင်းဖန်သို့ ချက်ချင်းထွက်သွားရန် ဆုံးဖြတ်လိုက်၏။ ကျင်းရှီတို့အဖွဲ့အားချောင်းမြောင်းတိုက်ခိုက်ခဲ့သူများက အက်စ်အိုအီးကုမ္ပဏီကလူများဟုတ်မဟုတ်၊ သူတို့က ထန်ဂိုဏ်း၏ရန်သူများ ဖြစ်လာရဲသည်၊ သူတို့က နာကျင်စရာကောင်းသောတန်ဖိုးတစ်ခု ပေးဆပ်ရမည်။

ဤတစ်ကြိမ်တွင် ထန်ရှုက လူအများကြီးမခေါ်လာဘဲ သူတို့အားလုံးက ထန်ဂိုဏ်း၏လက်ရွေးစင်များသာ။ သူက ထန်ကွမ်းနှင့် ထန်အန်းတို့သာမက မိုအားဝူ၊ ဟောင်လဲ့၊ ကူးဝါကိုနှင့်ထန်၂၈တို့ကိုလည်း ခေါ်လာခဲ့သည်။

ခဏကြာပြီးနောက် လူခုနှစ်ယောက်အဖွဲ့က စိုင်းဖန်လေဆိပ်၌ ထွက်ပေါ်လာပြီး သတင်းကြိုတင်ရထားသည့် တွမ်ရက်ဂျီက အသင့်စောင့်နေ၏။

SUVကားအချို့က လောင်ပင်လယ်အော်အပန်းဖြေစခန်းသို့ ဉီးတည်လျက် သွားနေသည်၊ ထန်ရှုက ကားထိုင်ခုံကို မှီလျက် စဉ်းစားနေ၏။ ထို့နောက် သူက မေးလိုက်သည် “ဉီးလေးစုန့်ရဲ့နေရာတရားဝင်ခန့်အပ်မှုကို လွှဲပြောင်းပြီးသွားပြီလား”

“လွန်ခဲ့တဲ့နှစ်ရက်ကပဲ လွှဲပြောင်းပြီးသွားပြီ။ သူက အခုဆိုရင် စိုင်းဖန်ရဲ့အမြင့်ဆုံးအရာရှိဖြစ်နေပြီ”တွမ်ရက်ဂျီက ပြော၏ “အရင်တစ်ယောက်နဲ့ပတ်သက်သမျှအကုန်လုံးလဲ ရှင်းပြီးသွားပြီ”

ထန်ရှုက ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါနဲ့ ငါ မင်းကို အခြားကိစ္စတွေ လုပ်ခိုင်းစရာရှိတဲ့အတွက် လက်ရှိပြဿနာနဲ့ ပတ်သက်ပြီးတော့ မင်း မပါဝင်နဲ့တော့”

“မင်း ငါ့ကို ဘာလုပ်စေချင်တာလဲ၊ သူဌေး”တွမ်ရက်ဂျီက အလျင်စလို မေးလိုက်သည်။

“အကျဉ်းထောင်ကနေကယ်ခဲ့တဲ့တစ္ဆေနဲ့အခြားသူတွေကို မင်း မှတ်မိသေးလား”

“ဟုတ်၊ ငါ သူတို့ကို မှတ်မိပါတယ်”တွမ်ရက်ဂျီက ခေါင်းညိတ်လိုက်၏။

“မင်းကို သူတို့နဲ့‌ ရောနှောနေပြီး သူတို့ရဲ့အနေအထားကို လေ့လာစေချင်တယ်”ထန်ရှုက ပြောလိုက်သည် “သူတို့ထဲက ယုံကြည်စိတ်ချရမယ့်လူအချို့ကို ရွေးထုတ်ပြီး ယာယီအဖွဲ့တစ်ခု ဖွဲ့စည်းထား။ လူအများကြီးရှိဖို့ မလိုဘူး၊ ငါးဆယ်လောက်ဆိုရင် လုံလောက်ပြီ”

“ငါ့ကို ဘယ်လိုအဖွဲ့အစည်းမျိုး တည်ဆောက်စေချင်လဲ၊ သူဌေး။ ဥပမာ- ၎င်းရဲ့အဓိကတာဝန်က…”တွမ်ရက်ဂျီက မေးလိုက်သည်။

“မင်းက တိုက်ပွဲတွေကို ဖြတ်သန်းဖူးတဲ့ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ခဲ့တာပဲ”ထန်ရှုက ပြောလိုက်သည် “မင်းက တိုက်ခိုက်ရေးအတွေ့အကြုံလဲ ကြွယ်ဝတယ်၊ မင်းရဲ့သတ်ဖြတ်ခြင်းအတတ်တွေနဲ့ ပတ်သက်ပြီးတော့လဲ ပြဿနာမရှိဘူး။ ငါ ကလေးအချို့ကို လေ့ကျင့်ပေးထားတယ်၊ ဒါကြောင့် သူတို့ကို သွေးလွှမ်းတိုက်ပွဲတွေ မြင်ခွင့်ရအောင် စေလွှတ်ဖို့ စီစဉ်ထားတယ်။ ဒါကြောင့် မင်းရဲ့တာဝန်က ဒီကလေးတွေကို ဉီးဆောင်၊ ပြီးရင် သူတို့ကို ကမ္ဘာတစ်ဝှမ်းက ပဋိပက္ခတိုက်ပွဲတွေဖြစ်တဲ့ဘယ်နေရာမဆို ပို့ဆောင်ပေးဖို့ပဲ”

“ငါ မင်းရဲ့အစီအစဉ်အတိုင်း လုပ်ဆောင်ပါ့မယ်၊ သူဌေး”တွမ်ရက်ဂျီက ခေါင်းညိတ်လိုက်သည်။

“ထပ်ပြောရမယ်ဆိုရင် ဒီပြဿနာက အလျင်မလိုဘူး၊ မင်း အလောတကြီး လုပ်စရာမလိုဘူး”ထန်ရှုက ဆက်ပြောသည် “မင်းရဲ့စွမ်းအား ပိုတိုးတက်စေဖို့ ငါ မင်းကို ကျင့်ကြံခြင်းနည်းစနစ်တစ်ခု သင်ကြားပေးမယ်၊ အထူးလေ့ကျင့်မှုတစ်ခုလဲ မင်း လုပ်ရမယ်”

တွမ်ရက်ဂျီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည် “ကျေးဇူးအများကြီးတင်ပါတယ်၊ သူဌေး။ ငါ အကောင်းဆုံးလုပ်ပါ့မယ်”

နေ့လယ်သို့‌ ရောက်ရှိလာပြီး ထန်ရှုက စုန့်ကွမ်းဟွေနှင့်‌ လျှို့ဝှက်တွေ့ဆုံလိုက်သည်။ ဤတစ်ကြိမ်တွင် စုန့်ကွမ်းဟွေက သူ့နောက်လိုက်အနည်းငယ်သာ ခေါ်ဆောင်လာခဲ့၏။

စံအိမ်ထဲတွင်။

ထိုင်ခုံယူကာ မျက်နှာချင်းထိုင်ပြီးနောက် စုန့်ကွမ်းဟွေက ပြောလိုက်၏ “ဒီကိစ္စကို စုံစမ်းဖို့က မလွယ်ဘူးဆိုတာ ငါ မင်းကို ပြောဖို့ လိုမယ်၊ ထန်ရှု။ လက်ရှိ စိုင်းဖန်မှာ လူစိမ်းတွေအများကြီး ရောက်နေတယ်၊ သူတို့ထဲမှအများစုက အဖွဲ့အမျိုးမျိုးမှ ကြောက်စရာကောင်းတဲ့လူတွေပဲ”

“အဖွဲ့ကြီးသုံးဖွဲ့ကလူတွေကရော ဘယ်လိုလဲ၊ စိုင်းဖန်မှာ ဘယ်သူရှိသေးလဲ”ထန်ရှုက မေးလိုက်သည်။

“မဟူရာကလပ်”စုန့်ကွမ်းဟွေက ဖြေလိုက်သည်။

ထန်ရှုက မျက်မှောင်ကြုတ်ကာ နှာခေါင်းရှုံ့လိုက်သည် “ဟမ့်၊ ငါ မဟူရာကလပ်မှ လူအမြောက်အများကို သတ်ခဲ့တယ်၊ ဒါပေမယ့် သူတို့က သူတို့ရဲ့သတ်ဖြတ်လိုစိတ်ကို ဘယ်တော့မှ မရပ်တန့်ခဲ့ဘူးပဲ။ တကယ်တော့ ဒီအဖွဲ့အစည်းကို ငါ ရှင်းချင်နေတာ ကြာပြီ၊ ဒါပေမယ့် အချိန်မတန်သေးဘူးလို့ တွေးထားလို့။ ဒါပေမယ့် သူတို့ရဲ့လက်အောက်ငယ်သားတွေ ဒီနေရာမှာ ရှိနေမှတော့ ငါက ဒင်းတို့ကို အရင်ဆုံးရိတ်သိမ်းရမှာပေါ့”

“ဟေ၊ သူတို့ကို ပေါ့ပေါ့သတ်မှတ်လို့မရဘူး”စုန့်ကွမ်ဟွေက ကမန်းကတန်း ပြော၏ “ငါ လူလွှတ်စုံစမ်းခိုင်းတာအရ ဒီနေရာမှာ မဟူရာကလပ်ရဲ့လူတွေ တစ်ရာနီးပါးရှိတယ်။ သူတို့ထဲမှ အချို့က တစ်နေရာကနေ တစ်နေရာ ရွေ့လျားနေပြီး အချိန်နှင့်အမျှ ပျောက်ကွယ်နေတယ်။ သူတို့ကို ရင်ဆိုင်ဖို့ဆိုတာ မလွယ်ဘူး။ ထပ်ပြောရရင် မင်းက မင်းရဲ့လူတွေကို ဉီးဆောင်ပြီး မဟူရာကလပ်ဆီ သွားတာနဲ့ အခြားအဖွဲ့တွေက မင်းကို အလွယ်တကူရှာတွေ့သွားလိမ့်မယ်”

“စိတ်ချပါ၊ ဉီးလေးစုန့်။ အခွင့်အရေးကောင်းတစ်ခုမပေါ်လာသရွေ့ ငါ မလှုပ်ရှားပါဘူး”ထန်ရှုက အာမခံလိုက်သည် “လက်ရှိမှာ အရေးကြီးဆုံးကိစ္စက စိုင်းဖန်မှာ အက်စ်အိုအီးကုမ္ပဏီရဲ့လူတွေရှိသလားဆိုတာကို စုံစမ်းဖို့ပဲ။ သူတို့က တကယ်ပဲ ဒီနေရာမှာ ရှိတယ်ဆိုရင် အတိတ်က အတိုးတွေကို ပြန်စုဆောင်းကြတာပေါ့”

“ငါ လူအချို့လွှတ်ပြီး စုံစမ်းဖို့ အကောင်းဆုံးကြိုးစားပါ့မယ်”စုန့်ကွမ်းဟွေက ရှုံ့မဲ့ပြုံးလျက် ပြောလိုက်သည် “ဒါပေမယ့် ငါ့လူတွေ သွားဖို့ အဆင်မပြေတဲ့နေရာအချို့ရှိတယ်၊ ဒါပေမယ့် တွမ်ရက်ဂျီရဲ့လူတွေအတွက် စုံစမ်းဖို့ လွယ်တယ်၊ ဒါကြောင့် တွမ်ရက်ဂျီရဲ့လူအချို့ကို မင်း တာဝန်ပေးဖို့ လိုမယ်လို့ ငါ ထင်တယ်။ ဒါပေမယ့် တွမ်လဲ စိုင်းဖန်မှာ ရန်သူအချို့ရှိတယ်၊ ဒါကြောင့် ဖြစ်နိုင်ရင် စိုင်းဖန်က မြေအောက်ဂိုဏ်းတွေကို ထိန်းချုပ်ဖို့ သူ့ကို အရင်ကူညီပေးတာ အကောင်းဆုံးပဲ”

***

All Chapters