← Chapters

ရက်စက်စွာ ယှဉ်ပြိုင်သော *

Vol. 78 Ch. 1084

ရက်စက်စွာ ယှဉ်ပြိုင်သော *

Vol. 78 Ch. 1084

ထန်ရှုက စိုင်းဖန်ရှိ တွမ်ရက်ဂျီ၏အနေအထားနှင့် ပတ်သက်ပြီး ကောင်းကောင်းသိသည်။ သူ၏စွမ်းအားနှင့်လွှမ်းမိုးမှုက စိုင်းဖန်ရှိ မြေအောက်အဖွဲ့များကြားတွင် ထိပ်ဆုံးသုံးဖွဲ့ထဲပင် မဝင်နိုင်ပေ။

“ငါ့ကို သုံးရက်အချိန်ပေးပါ”ထန်ရှုက လက်သုံးချောင်းထောင်ကာ ပြောလိုက်သည် “သုံးရက်အတွင်းမှာ တွမ်က စိုင်းဖန်က မြေအောက်အဖွဲ့တွေရဲ့သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်တဲ့အရှင်သခင်ဖြစ်လာလိမ့်မယ်။ ဉီးလေးစုန့်၊ ဉီးလေးက အားအကောင်းဆုံးအရာရှိဖြစ်လာပြီ၊ ဒါကြောင့် ဉီးလေးက အလင်းမှာ နေပါ၊ ဒါပေမယ့် ငါတို့ဘက်မှတစ်ယောက်ယောက်က ဒီနေရာရဲ့မြေအောက်အဖွဲ့တွေကို ထိန်းချုပ်ရမယ်”

ထန်ရှု၏အာမခံချက်က စုန့်ကွမ်းဟွေအား ထိတ်လန့်တုန်လှုပ်စေခဲ့သည်၊ သို့သော် သူက တုံ့ဆိုင်းစွာနှင့် ပြောလိုက်သည် “ထန်ရှု၊ ငါ မင်းရဲ့ခွန်အားကို သံသယရှိတာ မဟုတ်ပေမယ့် သုံးရက်က အချိန်မနည်းလွန်းဘူးလား။ စိုင်းဖန်ရဲ့အသန်မာဆုံးမြေအောက်အဖွဲ့သုံးဖွဲ့လုံးက အခြားတိုင်းပြည်ကမြေအောက်အဖွဲ့အချို့နဲ့ ချိတ်ဆက်နေတယ်။ အတိအကျပြောရရင် ငါ ကြားဖူးတာကတော့ မုန်တိုင်းကျီးကန်းအသင်းက မဟူရာကလပ်နဲ့ နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်နေတယ်ဆိုပဲ။ ဒီအဖွဲ့က မဟူရာကလပ်ရဲ့ဌာနခွဲဖြစ်ဖို့ များတယ်”

မုန်တိုင်းကျီးကန်းအသင်းလား။

ထန်ရှုက မျက်လုံးကျဉ်းမြောင်းလျက် ပြုံးကာ ပြောလိုက်သည် “ဉီးလေးစုန့်၊ မုန်တိုင်းကျီးကန်းအသင်းက မဟူရာကလပ်ရဲ့ဌာနခွဲဆိုရင်တောင် ငါ လုပ်ချင်ရင် ၎င်းကို အပြည့်အဝဖျက်ဆီးနိုင်ပါတယ်။ မစိုးရိမ်ပါနဲ့…ကြိုတင်မပြင်ဆင်ထားဘဲ ငါ ဘယ်တော့မှ မလုပ်ဆောင်ပါဘူး။ ဒါပေမယ့် ငါတို့ မတိုက်ခိုက်ခင် မုန်တိုင်းကျီးကန်းအသင်းကို စုံစမ်းဖို့တော့ လိုမယ်”

စုန့်ကွမ်းဟွေက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ပြော၏ “မုန်တိုင်းကျီးကန်းအသင်းကို ဖယ်ရှားနိုင်တာနဲ့ ရွှေဒယ်စောက်နဲ့စပီဒါအဖွဲ့တို့က ခြိမ်းခြောက်မှုဖြစ်စေမှာမဟုတ်တော့ဘူး။ အာ၊ မဟုတ်ဘူး၊ စပီဒါအဖွဲ့ခေါင်းဆောင်ဂျိန်းဆန်ကို ဂရုစိုက်ရမယ်။ သူက ရက်စက်ပြီးအားကောင်းတဲ့လူတစ်ယောက်ပဲ၊ ကောလဟာလတွေအရဆိုရင် သူက ဆေးဝါးအရှင်သခင်တွေနဲ့လက်နက်အရောင်းအဝယ်သမားများစွာနဲ့ အနီးကပ်ဆက်စပ်နေတယ်ဆိုပဲ”

“ဟုတ်တယ်။ ဒီစပီဒါအဖွဲ့အကြောင်းကို မိုအားဝူဆီကနေ ငါ ကြားဖူးပါတယ်”ထန်ရှုက ခေါင်းညိတ်ကာ ပြော၏ “ဒါပေမယ့် ငါတို့မှာ အကြွင်းမဲ့ခွန်အားရှိရင် သူတို့ကို ကြောက်ဖို့မလိုပါဘူး”

ထန်ရှု၏သရုပ်မှန်ကို အမှတ်ရပြီးနောက် စုန့်ကွမ်းဟွေက ဤခေါင်းစဉ်အား ထပ်မပြောတော့ပေ။ သူနှင့် အခြားကိစ္စအချို့ ပြောဆိုပြီးနောက် လောင်ပင်လယ်အော်အပန်းဖြေစခန်းမှ ချက်ချင်းထွက်ခွာသွားတော့သည်။

ညနက်ပိုင်းတွင် တွမ်ရက်ဂျီထံမှ ဖုန်းခေါ်လာပြီး အရေးကြီးသတင်းနှစ်ခု ရရှိခဲ့သည်။ လက်ရှိအချိန်တွင် စပီဒါအဖွဲ့ဌာနချုပ်အား မုန်တိုင်းကျီးကန်းအသင်းမှ ဝင်ရောက်တိုက်ခိုက်နေပြီး စပီဒါအဖွဲ့က ရုန်းကန်နေရသည်။ အခြားတစ်ခုကတော့ လွန်ခဲ့သောနာရီဝက်လောက်က ဆန်းကြယ်သောလူတစ်ဖွဲ့က ရွှေဒယ်စောက်အဖွဲ့သို့ ရောက်ရှိလာသည့်သတင်းပင်။

“ဒီရေလှိုင်းက အမှောင်ထဲမှာ စတင်လိမ့်တက်လာပြီပေါ့”

ထန်ရှုက ဖုန်းချလိုက်ပြီး စံအိမ်တံခါးမှ ပျံသန်းထွက်လာ၏၊ ပုံရိပ်အနည်းငယ်က သူ့အနောက်၌ တိတ်တဆိတ်ထွက်ပေါ်လာခဲ့၏။

“နှစ်ဖွဲ့က ပြဿနာဖြစ်နေချိန်မှာ တတိယအဖွဲ့က အကျိုးအမြတ်ရှာဖို့ လာမှာပေါ့။ ဒါကြောင့် ငါ ထင်တာ မှန်ရင် ဒီညက ငါတို့ရိတ်သိမ်းဖို့အချိန်ပဲ။ အသင့်ပြင်ထားကြ၊ ငါ့ကောင်တို့။ စိုင်ဖန်က မြေအောက်အဖွဲ့တွေရဲ့ပိုင်နက်တွေကို မွှေနောက်တော့မှာဖြစ်တဲ့အတွက် တွမ်ရဲ့လူတွေနဲ့ အဆက်အသွယ်မပြတ်စေနဲ့”

“ဘာလို့ ငါတို့က ဒီလိုဒုက္ခများတဲ့နည်းလမ်းကို ရွေးချယ်ရတာလဲ၊ ဆရာသခင်”ထန်ကွမ်က ပြုံးကာ မေးလိုက်သည်။ “သူတို့ကို တိုက်ရိုက်တိုက်ခိုက်ပြီး ဒီနေရာက မြေအောက်အဖွဲ့တွေကို ဖျက်ဆီးလိုက်ရုံပဲလေ”

ထန်ရှုက သူ့အား ဖြတ်ခနဲကြည့်ကာ ခပ်ရေးရေးပြောလိုက်သည် “ယုံကြည်ချက်ရှိတာက ကောင်းတဲ့အရာတစ်ခုပဲ၊ ဒါပေမယ့် မင်း ဘယ်သူ့ကိုမှ ဘယ်တော့မှ အထင်မသေးရဘူး။ ငါတို့က စိုင်းဖန်က မြေအောက်အဖွဲ့တွေအကြောင်း အများကြီး မသိဘူး၊ သူတို့က အခြားတိုင်းပြည်က အဖွဲ့အစည်းကြီးတွေနဲ့ ချိတ်ဆက်မှုရှိသလားလဲ မသိဘူး။ ငါတို့ရင်ဆိုင်ရမယ့်ရန်သူတွေက ဘယ်လောက်အားကောင်းသလဲဆိုတာတောင် ငါတို့ မသိဘူး။ ဒါက ဘာကြောင့် ငါတို့က မလှုပ်ရှားခင် ငါတို့ရန်သူရဲ့ခွန်အားကို ဖော်ထုတ်ဖို့ မရှိမဖြစ်လိုအပ်သလဲဆိုတာပဲ”

ထန်ကွမ်မျက်နှာပေါ်ရှိအပြုံးက ချက်ချင်းပြေလျော့သွားသည်။ ခဏကြာပြီးနောက် သူက ရှက်ရွံ့သောမျက်နှာနှင့် ပြော၏ “ငါ့ကိုယ်ငါ အထင်ကြီးလွန်းမိသွားပါတယ်၊ ဆရာသခင်”

“မင်းက ငယ်သေးတယ်၊ ဒါကြောင့် မင်းတို့ရဲ့အတွေးက မရင့်ကျက်သေးလို့ပါ”ထန်ရှုက ပြုံးကာ ပြော၏ “ဒါပေမယ့် အနာဂတ်မှာ အတွေ့အကြုံတွေများလာရင် မင်း ကိစ္စရပ်တွေကို ပိုခွဲခြမ်းစိတ်ဖြာလာနိုင်မှာပါ”

“အာ…ငါက ငယ်သေးတာလား”

ထန်ကွမ်းက ထန်ရှုအား ထူးဆန်းသောအမူအရာနှင့် စိုက်ကြည့်လိုက်သည်။ အလားတူအမူအရာအား မိုအားဝူနှင့်ကျန်လူများထံတွင် မြင်နိုင်ပေသည်။ သူတို့က အသက်နှစ်ဆယ်ပတ်လည်သာရှိအုံးမည့်ထန်ရှု၏အသွင်အပြင်အား ကြည့်လိုက်ကြ၏။ သူတို့က စိတ်ထဲ၌သာ တီးတိုးညည်းလိုက်တော့၏။

ကျွိ…

အနက်ရောင်suvကားလေးစီးက စံအိမ်အရှေ့တွင် ရပ်သွားပြီး ဒရိုင်ဘာက ကားပေါ်မှ ဆင်းလာသည်။ သူက ထန်ရှုထံ လျှောက်လာကာ ရိုသေလေးစားစွာ ပြောလိုက်၏ “မစ္စတာထန်၊ သူဌေးက မင်းကို ဝင်ခေါ်ဖို့ ငါတို့ကို ပြောခဲ့တယ်”

“ကောင်းပြီ၊ ငါတို့ အဲနေရာကို အမြန်ဆုံးသွားကြရအောင်”ထန်ရှုက ပြောလိုက်သည်။

“နားလည်ပါပြီ”

လူတိုင်းကားပေါ်တက်ပြီးနောက် အနက်ရောင်suvကားလေးစီးက လောင်ပင်လယ်အော်အပန်းဖြေစခန်းမှ ထွက်လာသည်။ သို့သော် သူတို့မှ မီတာရာအနည်းငယ်ရှိဟိုတယ်တစ်ခုထဲတွင် ထိပ်ပြောင်လူတစ်ယောက်က သူ့နောက်လိုက်ထံမှ သတင်းပို့ချက်တစ်ခုကို လက်ခံရရှိပြီး တောင့်တင်းသန်မာသောလူလေးယောက်နှင့်အတူ ချက်ချင်း ထွက်လာခဲ့၏။ အနက်ရောင်suvကားလေးစီးက ဂိတ်ပေါက်မှ ထွက်သွားပြီးနောက် များမကြာမီ ဟာ့မာကားအနည်းငယ်က လိုက်ပါသွားခဲ့သည်။

“အရှိန်တင်လိုက်…”

ဟာ့မာကားများထဲမှတစ်စီးထဲတွင် မျက်လုံးများထဲ၌ အေးစက်စက်အလင်းတစ်ခုလက်သွားလျက် ထိပ်ပြောင်ယောကျ်ားက ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။

ဟာ့မာကားမောင်းဒရိုင်ဘာက လီဗာအား ခပ်ပြင်းပြင်းနင်းလိုက်ပြီးနောက် မေးလိုက်သည် “ရှေ့ကလူတွေက စပီဒါအဖွဲ့ရဲ့ဌာနချုပ်ကို ဉီးတည်နေတယ်ဆိုတာ သေချာလို့လား၊ သူဌေး။ တွမ်ရက်ဂျီက မကြာသေးခင်ကမှ လှုပ်ရှားမှုကြီးကြီးမားမား လုပ်ခဲ့ပြီး သူက အဖွဲ့အချို့ကို သုတ်သင်ခဲ့တယ်။ သူက ငါတို့ရဲ့စပီဒါအဖွဲ့ကို ရန်စရဲတာ ဖြစ်နိုင်ပါ့မလား”

“ဟေး၊ တွမ်ရက်ဂျီက ရည်မှန်းချက်ရှိတဲ့အကောင်တစ်ကောင်ပဲ။ သူက သူ့ရဲ့အရင်အလုပ်ရှင်ကိုတောင် သစ္စာဖောက်ခဲ့တာ”ထိပ်ပြောင်ယောကျ်ားက နှာခေါင်းရှုံ့ကာ ပြောလိုက်သည် “မကြာသေးခင်က သူက အားကောင်းတဲ့တစ်စုံတစ်ယောက်နဲ့ တစ်ကျိတ်တည်းတစ်ဉာဏ်တည်းဖြစ်ခဲ့တယ်၊ ဒါကြောင့် သူ မလုပ်နိုင်တာမရှိဘူး။ ဒါကြောင့် ငါတို့က ဒီကောင့်ကို မျက်ခြေမပြတ်စောင့်ကြည့်ရမယ်။ အဲဒီကားတွေက ငါတို့စပီဒါဌာနချုပ်ကို ဉီးတည်သွားနေသမျှ သူတို့က ဘီအမ်အက်စ်အ‌ဆောက်အဉီးနားကို ရောက်တာနဲ့ ငါတို့က သူဌေးကြီးကို တင်ပြရမယ်”

မိနစ်အနည်းငယ်ကြာပြီးနောက် suvကားလေးစီးက တဖြည်းဖြည်းနှေးသွား၏၊ အရှေ့တွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေပြီး ထို့အပြင် လူအချို့က သူတို့နောက်လိုက်လာနေသည်ကို တွေ့ရှိခဲ့သောကြောင့်ပင်။

“ငါတို့နောက် မီတာကိုးဆယ်လောက်မှာ လိုက်ပါလာတာတွေရှိတယ်၊ ဆရာအဘိုး”သူတို့အနောက်ရှိကားအနည်းငယ်အား မြင်တွေ့ပြီးနောက် ထန်ကွမ်းက တိုးတိုးလေးတင်ပြလိုက်၏။

ထန်ရှုက ပြုံးကာ ငွေရောင်အပ်သုံးချောင်းအား သူ၏သိုလှောင်လက်စွပ်မှ ယူထုတ်လိုက်၏။ စိတ်စွမ်းအားကို အသုံးပြုလျက် ပြတင်းပေါက်မှအဟကို ဖြတ်ကာ အပ်များအား အနောက်မှ နောက်ယောင်ခံလိုက်လာသောဟာ့မာကားများထံ ပစ်လွှတ်လိုက်သည်။

ငွေရောင်အပ်သုံးချောင်းက ဟာ့မာကားသုံးစီး၏ရှေ့ဘီးများအား အတိအကျ ထိုးဖောက်သွားခဲ့သည်၊ တာရာပေါက်ကာ ကားများက အချင်းချင်း ပွတ်တိုက်ရင်း လမ်းဘေး၌ ထိုးရပ်သွား၏။ ချက်ချင်းလျှင်ပင် မိုအားဝူနှင့်ထန်ကွမ်းက ကားမှ ပြေးထွက်လာ၏။ တစ်ယောက်မှ သတိပြုမိခြင်းမရှိဘဲ သူတို့က အက်ဆီးဒင့်ဖြစ်ပွားရာနေရာသို့ တစ်ဟုန်ထိုးပြေးသွားသည်။

“အရှေ့မှာ ရပ်လိုက်”

အမိန့်ပေးပြီးနောက် ထန်ရှုက မျက်လုံးအား ဖြည်းဖြည်းချင်း ပိတ်လိုက်သည်။

သူတို့နောက်တွင် ထန်ကွမ်းနှင့်မိုအားဝူတို့က ဟာ့မာကားသုံးစီးအနီးနား၌ လျင်မြန်စွာ ထွက်ပေါ်လာသည်။ ကားထဲမှ ထွက်ပြူလာသောခေါင်းများအား သူတို့က လျင်မြန်စွာ လက်သီးတရစပ်ပစ်သွင်းလိုက်သည်။ ထို့နောက် ထန်ကွမ်းက ထိပ်ပြောင်လည်ပင်းအား ဆုပ်ကိုင်ကာ ပျောက်ကွယ်သွား၏။

အနီးနားရှိတစ်နေရာတွင် မိုအားဝူက ထိပ်ပြောင်လည်ပင်းအား ရိုက်လိုက်သည်။ ထိပ်ပြောင်က မူးဝေနေစဉ် ဓားတစ်လက်က သူ့လည်ပင်းအား ထောက်ထားပြီး မိုအားဝူက သတ်ဖြတ်လိုစိတ်အပြည့်မျက်နှာနှင့် မေးမြန်းလိုက်၏ “ငါ့ကိုပြော၊ မင်းတို့က ဘယ်ဘက်လဲ၊ ဘာလို့ မင်းတို့က ငါတို့နောက် လိုက်နေရတာလဲ”

သူ့လည်ပင်းပေါ်ရှိ အေးစက်စက်အထိအတွေ့အား ခံစားမိပြီး ထိပ်ပြောင်လူက ခေါင်းမော့လိုက်၏။ မိုအားဝူ၏မျက်လုံးများထဲရှိ သတ်ဖြတ်ခြင်းဆန္ဒအား မြင်သောအခါ အေးစိမ့်မှုတို့က သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားပြီး ကြောက်ရွံ့မှုက သူ့နှလုံးသား၌ ရစ်ဝဲလာသည်။ သူလည်း လူများစွာ သတ်ဖူးသောကြောင့် သူက ထိုမျက်လုံးများနှင့် မစိမ်းပေ။ ထိုကဲ့သို့သောမျက်လုံးများအား ရက်စက်ကြမ်းကြုတ်သောသတ်ဖြတ်သူများကသာ ပိုင်ဆိုင်၏။

လက်ရှိအချိန်တွင် သေမင်း၏စေတမန်က သူ့အား လာရောက်ခေါ်ဆိုနေသလို ခံစားမိလာသည်။ အတိတ်တွင် သူက သေရမှာ ဘယ်တော့မှ မကြောက်ဟု တွေးထားခဲ့သော်လည်း ယခုလိုမျှော်လင့်ချက်မဲ့သောအနေအထားတစ်ခုအား ရင်ဆိုင်ရချိန်တွင် သူက စိတ်အားငယ်မိလာ၏။ သူ့နှုတ်ခမ်းများက အနည်းငယ် တုန်ယင်နေပြီး သူက ဖြေလိုက်သည် “ငါတို့…ငါတို့က မုန်တိုင်းကျီးကန်းကပါ”

“ဟမ်၊ လက်ရှိမှာ မုန်တိုင်းကျီးကန်းက စပိဒါအဖွဲ့ရဲ့ဌာနချုပ်ကို တိုက်ခိုက်နေတာပဲ။ မင်းတို့က ငါတို့ကို ဘာအတွက် နောက်ယောင်ခံလိုက်နေတာလဲ”မိုအားဝူက ထပ်မေးလိုက်၏ “စပိဒါကလပ်ကို ဖယ်ရှားပြီးရင် မင်းတို့က တွမ်ရက်ဂျီကို သတ်ဖြတ်ကြမလို့လား”

ထိပ်ပြောင်က မှင်တက်သွားပြီး အံ့အားသင့်စွာ မေးလိုက်သည် “ဟမ်။ မင်းတို့ကောင်တွေက တွမ်ရက်ဂျီရဲ့လူတွေမဟုတ်ဘူးလား”

“ဟမ်၊ ငါတို့ကလား”မိုအားဝူက နှာခေါင်းရှုံ့လိုက်သည်။

“ဒါဆို ဒါ ငါတို့ရဲ့အမှားပါ”ထိပ်ပြောင်က အကူအညီမဲ့စွာ ပြောသည် “ငါတို့က တွမ်ရက်ဂျီရဲ့ကားတွေကို ခြေရာခံလိုက်ရုံနေတာပဲ၊ ဒါပေမယ့် ကားပေါ် တက်လာတဲ့လူတွေနဲ့ ပတ်သက်ပြီးတော့ ငါတို့ ဘာမှမသိဘူး။ တကယ်တော့ တွမ်ရက်ဂျီက ကျင်းမန်ကျွန်းမှာရှိတဲ့မဟာပုဂ္ဂိုလ်အချို့နဲ့ အရမ်းနီးကပ်နေတာကြောင့် ငါတို့က သူ့ကို သတ်ဖို့ အစီအစဉ်မရှိပါဘူး။ ငါ့သူဌေးကြီးစိုးရိမ်နေတာက ငါတို့က စပိဒါအဖွဲ့ကို တိုက်ခိုက်နေတဲ့အချိန်မှာ တွမ်ရက်ဂျီက သူ့လူတွေ ခေါ်ပြီး ငါတို့ကို ပြဿနာလာရှာမှာကိုပဲ”

မိုအားဝူက ခေါင်းညိတ်တုံ့ပြန်ကာ ထိုအကောင်အား လက်သီးတစ်ချက်ပြန်ကျွေးလိုက်သည်။ ထို့နောက် သူက ထန်ကွမ်နှင့်အတူ ကားထဲသို့ လျင်မြန်စွာ ထွက်ပေါ်လာပြီး ထန်ရှုအား အနေအထား တင်ပြလိုက်၏ “ငါတို့ သူတို့ကို မသတ်ခဲ့ဘူး၊၊ သတိလစ်အောင်ပဲ လုပ်ခဲ့တယ်”

“ဒါ အဆင်ပြေပါတယ်။ သူတို့က အရေးမပါတဲ့လူတွေပဲ”ထန်ရှုက ခေါင်းညိတ်ကာ အမိန့်ပေးလိုက်သည် “စပိဒါအဖွဲ့ရဲ့ဌာနချုပ်ဆီ ပြန်မောင်းကြတော့”

နှစ်မိနစ်ကြာပြီးနောက် ထန်ရှုက တွမ်ရက်ဂျီအား စပိဒါအဖွဲ့၏ဌာနချုပ်အနီးရှိအဆောက်အဉီးတစ်ခုထဲ၌ တွေ့လိုက်ရသည်။ လက်ရှိတွင် ဤကောင်၏အမူအရာက တောက်ပနေပြီး သူက ပျော်ရွှင်နေပုံရကာ တင်ပြလိုက်၏ “စပိဒါအဖွဲ့မှာ အားကောင်းတဲ့လက်နက်အချို့ရှိတယ်။ မုန်တိုင်းကျီးကန်းအဖွဲ့မှာ ပထမတန်းစားစနိုက်ပါနဲ့အားကောင်းတဲ့တိုက်ခိုက်ရေးသမားတွေရှိပေမယ့် သူတို့က စပိဒါအဖွဲ့ရဲ့နောက်ဆုံးခံစစ်စည်းကို မချိုးဖြတ်နိုင်သေးဘူး။ ပြီးတော့ အားကောင်းတဲ့လူတချို့ရှိတယ်။ ဒါပေမယ့်…သူတို့က…လူနဲ့မတူ…”

ထန်ရှုက မှန်ဘီလူးယူကာ ကြည့်ရှုရန် ပြတင်းပေါက်သို့ လျှောက်သွား၏။ ထို့နောက် သူက မေးလိုက်သည် “မင်းကို ဒီလိုထိတ်လန့်စေရလောက်အောင် ဒီလူသားတစ်ပိုင်းတွေက ဘယ်လိုမျိုးလဲ”

“အာ၊ သူတို့က စူပါလူသားတွေလိုပဲ၊ အရမ်းအားကောင်းတယ်၊ သူဌေး”တွမ်ရက်ဂျီက မျက်နှာရှုံ့မဲ့လျက် ပြော၏ “စနိုက်ပါကျည်ဆံတစ်ခုက အဲကောင်တွေထဲကတစ်ယောက်ရဲ့နှလုံးသားကို ထိမှန်သွားတာကို ငါ မြင်ခဲ့တယ်၊ ဒါပေမယ့် သူက ဒဏ်ရာရသွားရုံပဲ။ ကျည်ဆံက သူ့ကို မသတ်နိုင်ခဲ့ဘူး။ သူကတောင် တန်ပြန်တိုက်ခိုက်ခဲ့ပြီး မုန်တိုင်းကျီကန်းအဖွဲ့ရဲ့လူအချို့ကို သတ်ဖြတ်ခဲ့တယ်”

စူပါလူသားတွေလား။

ထန်ရှုက မှန်ဘီလူးနှင့် ကြည့်လိုက်သည်၊ မကြာမီ စပိဒါအဖွဲ့၏နောက်ဆုံးစည်း၌ လှုပ်ရှားနေသောပုံရိပ်အချို့အား မြင်လိုက်ရ၏။ သူတို့က ခြောက်လုံးပြူးများ အသုံးပြုကာ တန်ပြန်တိုက်ခိုက်ခဲ့ပြီး ရန်သူကို သတ်ဖြတ်ရန် လျှို့ဝှက်လက်နက်များသို့မဟုတ်အေးခဲလက်နက်များကိုပင် အသုံးပြုကြ၏။

သူတို့က မျိုးရိုးဗီဇစစ်သည်တော်တွေပဲဖြစ်ရမယ်…

သူက အချိန်အချို့ လေ့လာစောင့်ကြည့်လိုက်ပြီး သူတို့ထုတ်ပြနေသောခွန်အားကြောင့် ထိုလူများ၏သရုပ်မှန်နှင့်အနေအထားအား ချက်ချင်း မှတ်မိလိုက်သည်။ သူတို့ကြားထဲတွင် အနည်းငယ်က ခန္ဓာကိုယ်အမွေးအမျှင်ထူကာ လူတူသားရဲများနှင့် ဆင်သည်။

“တစ်ဖက်စီရဲ့ဆုံးရှုံးမှုတွေက ဘယ်လိုရှိလဲ၊ တွမ်”လေ့လာကြည့်ရှုနေရင်း ထန်ရှုက မေးလိုက်သည်။

***

All Chapters