ညတိုက်ပွဲအား စောင့်ကြည့်ခြင်း
Vol. 78 Ch. 1085
“ငါ့ရဲ့စောင့်ကြည့်မှုအရ စပိဒါအဖွဲ့က သေကျေပျက်ဆီးမှုပိုများတယ်။ မုန်တိုင်းကျီးကန်းအဖွဲ့က စပိဒါအဖွဲ့ရဲ့လူတွေကို သတ်ဖြတ်ခဲ့တယ်။ ဒါပေမယ့် အဲဒီလူသားတစ်ပိုင်းတွေ တိုက်ပွဲထဲ ပူးပေါင်းလာပြီးနောက် မုန်တိုင်းကျီးကန်းအဖွဲ့က အရေအတွက်အတော်လေးဆုံးရှုံးခဲ့တယ်”တွမ်ရက်ဂျီက ပြောလိုက်၏။
နောက်ထပ်မိနစ်အနည်းငယ်အကြာ ထန်ရှုက ဆက်လက်လေ့လာခဲ့သည်။ ထို့နောက် သူက မှန်ဘီလူးအား သိမ်းကာ ပြောလိုက်၏ “နောက်ထပ်စစ်ကူသာ မရောက်လာရင် စပိဒါအဖွဲ့ရဲ့နောက်ဆုံးခံစစ်စည်းက ကျိုးပေါက်သွားလိမ့်မယ်။ မုန်တိုင်းကျီကန်းအဖွဲ့မှာလည်း ကျွမ်းကျင်သူတွေအများကြီး ရှိတယ်၊ အချို့က အခုထိ မလှုပ်ရှားရသေးဘူး။ ငါ့ရဲ့ခန့်မှန်းချက်အရ သူတို့က မဟူရာကလပ်မှကျွမ်းကျင်သူတွေ ဖြစ်မယ်”
“မဟူရာကလပ်လား”တွမ်ရက်ဂျီက ထိုကဲ့သို့ ခန့်မှန်းထားသော်လည်း ထန်ရှုထံမှ တိုက်ရိုက်ကြားရခြင်းက သူ့အား တုန်လှုပ်သွားစေသည်။ မုန်တိုင်းကျီးကန်းအဖွဲ့၏ပစ်မှတ်က သူနှင့်သူ့လူများသာဆိုလျှင် သူက အသတ်ဖြတ်ခံရဖို့ ဆယ်မိနစ်တောင် ကြာမည်မဟုတ်ပေ။
ဒါ သွေးပျက်စရာပဲ…
တွမ်ရက်ဂျီက ထန်ရှုအား အနည်းငယ် ကြောက်ရွံ့စွာ ကြည့်ကာ အသံဖိနှိပ်လျက် ပြောလိုက်သည် “သူဌေး၊ ဒီနေ့ ငါတို့ကို ပြပွဲကို ကြည့်ရုံပဲလား ဒါမှမဟုတ် တိုက်ပွဲထဲကို ပါဝင်မှာလား။ ငါ ထင်တာ မှန်ရင် စပိဒါအဖွဲ့ကို တိုက်ခိုက်ပြီးရင် မုန်တိုင်းကျီကန်းအဖွဲ့က ရွှေဒယ်စောက်အဖွဲ့ဆီ သွားလိမ့်မယ်”
“ဒီလိုဘုရားပေးအခွင့်အလမ်းတစ်ခုရောက်လာချိန်မှာ ဘယ်လိုလုပ်ပြီး ရပ်ကြည့်နေရမှာလဲ”ထန်ရှုက တည်ငြိမ်စွာ ပြန်ဖြေသည် “ဒါပေမယ့် ငါတို့ မလှုပ်ရှားခင် တစ်ခုခု လုပ်ဖို့ လိုသေးတယ်”
“ဘာကိုလဲ”တွမ်ရက်ဂျီ၏စိတ်ဝိညာဉ်က မြင့်တက်သွားပြီး သူက ချက်ချင်းမေးလိုက်၏။
ထန်ရှုက ထန်ကွမ်နှင့်ကျန်လူများအား ကြည့်ကာ အေးစက်စွာ ပြောလိုက်သည် “ထန်၂၈၊ မင်းက ဒီနေရာမှာပဲ နေခဲ့၊ ကျန်တဲ့လူတွေက ပတ်ဝန်းကျင်က အဖွဲ့အမျိုးမျိုးရဲ့သတင်းပေးတွေကို နှုတ်ပိတ်လိုက်။ ဒီည ငါတို့ လှုပ်ရှားတာကို ဘယ်သူ့ကိုမှ ငါ မမြင်စေချင်ဘူး”
“နားလည်ပါပြီ…”
ထန်ကွမ်၊ မိုအားဝူ၊ ဟောင်လဲ့နှင့်ကူဝါကိုတို့က တိုတိုတုတ်တုတ်ပြန်ဖြေကာ အခန်းမှ ချက်ချင်း ပျောက်ကွယ်သွား၏။ သူတို့၏အရှိန်က မြန်လွန်းသဖြင့် တွမ်ရက်ဂျီ၏လူဆယ်ယောက်က အမူအရာအပြင်းအထန်ပြောင်းလဲသွားလျက် မျက်လုံးများက ကြောက်ရွံ့မှုတို့ ဖြစ်သွားကြသည်။ သူတို့မမြင်နိုင်သောတစ်နေရာတွင် လေထုက ရုတ်တရက် မတည်မငြိမ်ဖြစ်သွားပြီး ပုန်းနေသောထန်အန်းက လျင်မြန်စွာ ထွက်ခွာသွား၏။
မျက်နှာပေါ်တွင် အံ့အားသင့်သောအကြည့်နှင့် တွမ်ရက်ဂျီက မေးလိုက်သည် “ဒီနားတစ်ဝိုက်မှာ အခြားအဖွဲ့တွေရဲ့သတင်းပေးတွေရှိတယ်လို့ သူဌေးပြောခဲ့တယ်နော်။ ဒါပေမယ့် ငါနဲ့ငါ့လူတွေ လာတဲ့အချိန်မှာ ဘာလို့ သူတို့တစ်ယောက်မှကို မတွေ့ရတာလဲ”
“မင်းနဲ့မင်းရဲ့လူတွေက အားနည်းလွန်းနေလို့ပဲ”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်။ “ဟမ့်၊ အနည်းဆုံး အဖွဲ့သုံးဖွဲ့ရဲ့ယုန်အနည်းငယ်ရှိတယ်။ သူတို့က စပိဒါဌာနချုပ်ရဲ့အနေအထားကို စောင့်ကြည့်နေရုံတင်မကဘူး၊ ငါတို့ကိုလဲ အဆက်မပြတ်စောင့်ကြည့်နေတယ်။ သူတို့ထဲကတစ်ဖွဲ့ဖွဲ့က မင်းနဲ့မင်းလူတွေကို ရိတ်သိမ်းဖို့ စဉ်းစားခဲ့ရင် မင်းတို့က သားကောင်တွေ အလွယ်တကူဖြစ်သွားနိုင်တယ်”
မျက်လုံးတို့ ကျဉ်းမြောင်းလျက် တွမ်ရက်ဂျီက ကြောက်ရွံ့သွားသည်။ ထန်ရှု၏စွမ်းရည်ကို သိသည့်အတွက် သူက မေးခွန်းပြန်မထုတ်ခဲ့ပေ။
“သူဌေး…”
တွမ်ရက်ဂျီက ပါးစပ်ဟလိုက်သော်လည်း ထန်ရှုက သူ့အား တားဆီးကာ ခပ်ဖျော့ဖျာ့ပြောလိုက်သည် “မင်း ဘာပြောချင်လဲဆိုတာ ငါ သိတယ်၊ ဒါပေမယ့် အဲဒါတွေကို လောလောဆယ် စိတ်ထဲမှာပဲ ထားထား။ ငါ့လူတွေက အဲဒီယုန်တွေကို စတင်နှုတ်ပိတ်နေပြီ။ သူတို့အားလုံးကို ဖယ်ရှားဖို့ ဆယ်မိနစ်ပဲ ကြာမယ်။ မင်းရဲ့လူတွေကို တိုက်ခိုက်ဖို့ အသင့်ပြင်ထားဖို့ ပြောလိုက်။ မုန်တိုင်းကျီးကန်းအဖွဲ့က စပိဒါအဖွဲ့ရဲ့နောက်ဆုံးခံစစ်စည်းကို ချိုးဖြတ်ပြီးတာနဲ့ ငါတို့လှုပ်ရှားကြမယ်”
“သိရှိပါပြီ”တွမ်ရက်ဂျီက ခေါင်းညိတ်ကာ အခန်းမှ ချက်ချင်းထွက်သွား၏။
စပိဒါဌာနချုပ်ရှိတိုက်ပွဲက အလွန်ပြင်းထန်ကြမ်းတမ်းသည်။ နှစ်ဘက်စလုံးက လက်နက်ကြီးများအသုံးပြုရုံတင်မက တိုက်ခိုက်ရန် ကျွမ်းကျင်သူများစွာ စေလွှတ်ထားကြသည်။ အချိန်ခဏလေးအတွင်း နှစ်ဖက်လုံးမှ လူဆယ်ယောက်က လျင်မြန်စွာ သေဆုံးသွားခဲ့ကြ၏။
အားကစားကွင်းအရွယ်အစားခန့်အိမ်ယာထဲရှိ အတွင်းဘက်အကျဆုံးလေးထပ်တိုက်ပေါ်တွင် တစ်ရာနီးပါးရှိသောမုန်တိုင်းကျီကန်းအဖွဲ့၏စစ်တပ်က သဲကြီးမဲကြီးတိုက်ခိုက်နေသည်၊ မီးမြွေများက လေးထပ်တိုက်၏ပြတင်းပေါက်များ၌ ပေါက်ကွဲထွက်လာလျက် မီးကွန်ရက်တစ်ခုဖန်တီးကာ ရန်သူ၏တိုက်ခိုက်ရေးလမ်းကြောင်းအား တားဆီးလိုက်၏။
ပထမအထပ်ရှိခန်းမထဲတွင်။
စပိဒါအဖွဲ့ခေါင်းဆောင်ဂျိန်းဆန်၏မျက်လုံးများက အေးစက်စက်အလင်းတစ်ခု စီးဆင်းနေသည်။ ဖုန်းထုချေဖျက်ဆီးပြီးနောက် သူက သူ့ကုတ်အင်္ကျီပေါ်ရှိ ကြယ်သီးအား ဖြုတ်ကာ စက်သေနတ်တစ်လက်ကို ယူထုတ်ရင်း အော်ပြောလိုက်၏ “ဆုတ်ခွာဖို့လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားတယ်၊ ငါတို့လွတ်မြောက်ဖို့ အခွင့်အရေးဇီးရိုးပဲ ရှိတယ်။ ညီကိုတို့၊ ငါတို့က တစ်နာရီလောက် ထိန်းထားနိုင်တာနဲ့ စစ်ကူတွေ ရောက်လာလိမ့်မယ်။ ငါနဲ့ ပူးပေါင်းပြီး ဒင်းတို့အားလုံးကို သတ်ကြ…”
“သတ်…”
ခန်းမထဲရှိ တောင့်တင်းသန်မာသောလူဆယ်ယောက်က ပျော်ရွှင်သွားကြပြီး အပြင်ဘက်ရှိရန်သူများအား ပစ်မှတ်ထားတိုက်ခိုက်လိုက်ကြ၏၊ အနက်ရောင်မျက်နှာဖုံးတပ်လူတစ်ယောက်က ဉီးဆောင်လျက် အနက်ရောင်ဝတ်စုံများနှင့်လူနှစ်ဆယ်ကျော်က အတွင်းအကျဆုံးဗဟိုချက်ထဲတွင် တင်ပျဉ်ခွေလျက် ထိုင်နေကြသည်။ သူတို့၏ပတ်ပတ်လည်၌ ကျည်ဆံမိုးများ ရွာသွန်းနေသည်ကို မသိပုံရ၏။
ဂျိန်းဆန်၏ရက်စက်ကြမ်းကြုတ်သောမျက်နှာက ထောင့်တွင် ပုန်းနေသောလူနှစ်ဆယ်ကျော်အား အချိန်နှင့်အမျှ ကြည့်ကြည့်နေလေ၏။ သူ့လူများစွာ သေဆုံးခဲ့ပြီး ငါးဆယ်ခန့်လောက်သာ တိုက်ခိုက်နိုင်သေးသော်ငြား ဒီလူနှစ်ဆယ်ကျော်က သူ့၏ဖုံးကွယ်ထားသောဝှက်ဖဲများကဲ့သို့ပင်။ သူတို့က ဤနေရာတွင် ရှိနေသရွေ့ စစ်ကူများက အချိန်မီရောက်ရှိလာမည်ကို သူ ကောင်းကောင်းသိသည်။ ဤလူများက တိုက်ပွဲထဲသို့ ပူးပေါင်းလာမည်ဆိုလျှင် တစ်နာရီထိန်းရန်အသာထား၊ တစ်ရက်နှစ်ရက်လျှင်ပင် ပြဿနာတစ်ခုမဟုတ်ကြောင်းကိုလဲ သူ သိသည်။
စက္ကန့်တိုင်း၊ မိနစ်တိုင်းက တရွေ့ရွေ့ကုန်ဆုံးနေလေသည်။
နှစ်ဖက်လုံးရှိသေကျေပျက်ဆီးမှုများက အဆက်မပြတ်ကြီးမားလာနေသည်။ မုန်တိုင်းကျီးကန်းဘက်မှ မျိုးနွယ်စုအမျိုးမျိုး၏အကြိမ်အနည်းငယ်တိုက်ခိုက်မှုကြောင့် စပိဒါအဖွဲ့၏ခံစစ်စစ်က ကျိုးပေါက်လုနီးပါးဖြစ်လာ၏။
“ဆေးထိုးလိုက်ကြ…”
ဆယ်မီတာကျော်အကွာရှိ သွေးရေကန်ထဲသို့ သူ့နောက်လိုက်တစ်ယောက် ပြုတ်ကျသွားပြီး ထိုလူ၏နဖူးပေါက်မှ အဖြူရောင်နှင့်ကြက်သွေးရောင်အရည်များစီးထွက်လာသည်ကို မြင်သောအခါ ဂျိန်းဆန်၏မျက်နှာက ပိုရက်စက်ကြမ်းကြုတ်လာပုံပေါ်၏။ သူက ထောင့်၌ လျင်မြန်စွာ ထိုင်ချပြီး အနက်ရောင်ဆွဲအိတ်တစ်ခုအား ဖွင့်ကာ အပြာရောင်ဗီဇပြောင်းလဲပစ္စည်းတစ်ခုအား ဆွဲထုတ်လိုက်သည်။ ထို့နောက် ၎င်းအား ဆေးထိုးအပ်ထဲသို့ ထည့်ပြီးနောက် သူ့လက်မောင်းထဲသို့ လျင်မြန်စွာ ထိုးသွင်းလိုက်၏။
ဟူး…ဟူး…
သားရဲအူသံနှင့်တူသောအသံတစ်ခုက သူ့ပါးစပ်မှ ပေါက်ကွဲထွက်လာသည်။ သူ့မျက်နှာက တွန့်လိမ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးက အပြင်းအထန်တုန်ယင်သွား၏။ သွေးကြောမျှင်များက လျင်မြန်စွာ ပြူးထွက်လာပြီး သူ့ခန္ဓာကိုယ်က စတင်ဖောင်းကားလာသည်။ စက္ကန့်အနည်းငယ်အတွင်း သူ့ခန္ဓာကိုယ်က အဆအနည်းငယ် ပိုမြင့်မားကြီးထွားလာ၏။
ပတ်ဝန်းကျင်ရှိ ဂျိန်းဆန်၏လူဆယ်ယောက်ကျော်ကလည်း အပြာရောင်ဗီဇပြောင်းလဲပစ္စည်းထိုးသွင်းပြီးနောက် အလားတူအနေအထားတစ်ခု ဖြတ်သန်းနေပြီး စတင်ပြောင်းလဲလာသည်။ သူတို့မျက်လုံးများက သွေးနီရောင်ဖြစ်နေပြီး သူတို့၏အရှိန်က ယခင်ကထက် ပိုမြန်ဆန်လာပြီး ပိုသန်မာလာကြ၏။
တိုက်ပွဲက ဆက်သွားနေ၏၊ မိနစ်အနည်းငယ်ကြာပြီးသော်လည်း ဂျိန်းဆန်နှင့်သူ့လူများထဲမှ တစ်ယောက်မှ မသေကြပေ။ သူတို့ဒဏ်ရာများက နည်းနည်းစီ တိုးလာသော်လည်း သူတို့အပေါ် လုံးဝသက်ရောက်ခြင်းမရှိပုံရ၏။ အခြားတစ်ဖက်တွင် မုန်တိုင်းကျီးကန်းအဖွဲ့မှလူအချို့က အသတ်ဖြတ်ခံခဲ့ရသည်။
သို့သော် ဤအချိန်တွင် ယခင်က ပထမထပ်ရှိခန်းမထဲတွင် တင်ပျဉ်ခွေထိုင်နေသာလူနှစ်ဆယ်ကျော်နှင့်ရှိနေခဲ့သော ဂျိန်းဆန်၏ကျန်လူများက တတိယထပ်ရှိအခန်းကြီးတစ်ခုထဲသို့ ရွေ့လျားသွားခဲ့ပြီး စက်သေနတ်ကိုင်လူခြောက်ယောက်သာ ချန်ထားခဲ့၏။
သိ့ုသော် မျက်နှာဖုံးများတပ်ထားသည့် ဆန်းကြယ်သောလူနှစ်ဆယ်ကျော်က ထောင့်တွင် တင်ပျဉ်ခွေထိုင်လျက်ရှိနေတုန်းပင်။
ဝှစ်…ဝှစ်…ဝှစ်…
အရိပ်သုံးခုက အဝေးမှ လျှပ်စစ်အလား လျင်မြန်စွာ ရွေ့လျားလာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း အဆောက်အဉီးအောက်သို့ ရောက်ရှိလာသည်။ ထို့နောက် သူတို့က ပြတင်းပေါက်မှတစ်ဆင့် အတွင်းထဲသို့ လက်ပစ်ဗုံးသုံးလုံးအား လျင်မြန်စွာ ပစ်သွင်းလိုက်သည်။
အုံး…အုံး…အုံး…
အားကောင်းသောပေါက်ကွဲမှုများက စပိဒါအဖွဲ့မှလူများအား သေဆုံးစေသည်။ သို့သော် ထိုအချိန်တွင် အနက်ရောင်မျက်နှာဖုံးတပ်ဆန်းကြယ်သောလူနှစ်ယောက်က သူတို့နေရာမှ ရုတ်တရက် ပျောက်ကွယ်သွား၏။ သူတို့က နောက်ကျောရှိဓားအိမ်မှ လခြမ်းဓားကောက်အား ဆွဲထုတ်လိုက်ပြီး ဓားသွားအရိပ်များက ပြတင်းပေါက်ဆီသို့ ရိုက်ခတ်သွား၏။
“ဟမ့်၊ မင်းတို့က ဝါးနိုင်တာထက် ပိုဝါးနေတာပဲ”
အနက်ရောင်ဝတ်ရုံနှင့်ဆံဖြူလူတစ်ယောက်က အထင်သေးအေးစက်စွာ ရေရွတ်လိုက်သည်။ သူက ပြတင်းပေါက်ကို ဖြတ်ကာ အထဲသို့ လျင်မြန်စွာ ပြေးဝင်သွားပြီး မျက်နှာဖုံးဝတ်လူ၏ရိုက်ခတ်လာသောဓားသွားအား ရှောင်တိမ်းကာ ဝါကျည်တောက်တစ်ခုအား ချက်ချင်း ပစ်ထုတ်လိုက်သည်။ သူက မျက်နှာဖုံးတပ်လူအား တိုက်ခိုက်လိုက်သည်နှင့် ထက်ရှသောဓားက ဓားပုံရိပ်များ ရုတ်တရက် ဖွဲ့စည်းကာ ဝါးကျည်တောက်နှင့် ထိပ်တိုက်တွေ့လိုက်၏။
ရှုး…ရှုး…
ကင်းခြေများနှစ်ကောင်က ထူးဆန်းသောအသံများပြု၏။ ထိုကင်းခြေများနှစ်ကောင်၏ကျောပေါ်တွင် ပုစဉ်းရင်ကွဲကဲ့သို့ ပါးလွှာသောတောင်ပံများရှိခြင်းပင်။ သူတို့က တောင်ပံခတ်လျက် မျက်နှာဖုံးတပ်လူ၏ပခုံးပေါ်သို့ ချက်ချင်း ပြုတ်ကျသွားပြီး သူ့လည်ပင်းအား အမိအရကိုက်ခဲလိုက်၏။
“တောက်…”
မျက်နှာဖုံးတပ်လူက ဒေါသထွက်စွာ အော်လိုက်ပြီး သူ၏လက်အိတ်နက်က ကင်းခြေများအား ချက်ချင်းဖမ်းလိုက်သည်။ သို့သော် သူက သူတို့အား ဖျက်ဆီးလိုက်ချိန်တွင် သူတို့၏ကြောက်စရာကောင်းသောအဆိပ်က လည်ပင်ပေါ်ရှိဒဏ်ရာအား ဖြတ်လျက် သူ့ခန္ဓာကိုယ်အား လျင်မြန်စွာ ထိုးဖောက်သွား၏။ အသက်ရှုချိန်အနည်းငယ်အတွင်း အဆိပ်က သူ့နှလုံးအား လျင်မြန်စွာ ကျူးကျော်လာပြီး သူ၏တောင့်တင်းသန်မာသောခန္ဓာကိုယ်က ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
တစ်ချိန်တည်းတွင် အခြားမျက်နှာဖုံးတပ်လူကိုလည်း အခြားအနက်ရောင်ဝတ်ရုံနှင့်သန်မာသောလူနှစ်ယောက်က သတ်ဖြတ်ခဲ့သည်။
“သူတို့ကို သတ်…”
သွေးနီရောင်မျက်လုံးများနှင့် ဂျိန်းဆန်က အနက်ဝတ်ယောကျ်ားသုံးယောက်အား လက်ညှိုးထိုးကာ အမိန့်ပေးလိုက်သည်။
ချက်ချင်းလျှင်ပင် သန်မာသောလူဆယ်ယောက်က သူတို့၏သေနတ်များ လွှင့်ပစ်ကာ ထိုလူသုံးယောက်ဆီ ပြေးဝင်လာသည်။ လက်ဗလာဖြစ်သော်လည်း သူတို့၏လက်သီးထိုးချက်တိုင်းက လေတဝှီးဝှီးမြည်လျက် သိုင်းဆရာကြီးတစ်ယောက်ကိုပင် ဒဏ်ရာရစေလိမ့်မည်။
“မင်းလူတွေက သူတို့ကို ရင်ဆိုင်နိုင်လိမ့်မှာမဟုတ်ဘူး”
အသံတစ်ခုက ဂျိန်းဆန်၏နားထဲသို့ ဝင်လာသည်။ တင်ပျဉ်ခွေထိုင်နေသောလူနှစ်ဆယ်ကျော်ထဲတွင် ပုတီးကြိုးတစ်ခုဝတ်ဆင်ထားသည့်ထိပ်ပြောင်လူအိုကြီးတစ်ယောက်က တစ္ဆေတစ်ကောင်အလား လွင့်မျောလာ၏။ သူက လူသန်ကြီးဆယ်ယောက်၏အလယ်တွင် ထွက်ပေါ်လာပြီး သူ့အသံကလည်း ပျောက်ကွယ်သွားသည်။ ချီစီးကြောင်းများက စီးမျောလာပြီး လူသန်ကြီးခြောက်ယောက်အား နောက်ဆုတ်သွားစေသည်၊ ထို့နောက် လူအိုကြီးဝတ်ဆင်ထားသည့်အဖြူရောင်လက်အိတ်က အနက်ဝတ်လူ၏ရင်ဘက်ပေါ်၌ လက်ဝါးရာတစ်ခု ချန်ထား၏။
ဖူး…
သွေးများပန်းထွက်လျက် သွေးမြူတစ်ခု ဖန်တီးလိုက်သည်၊ သို့သော် လက်အိတ်ဖြူက သွေးစွန်းခြင်းမရှိပေ။ သို့သော် လက်ဝါးအရိပ်အတွဲများက လေထဲ၌ ပြည့်သွားပြီး အခြားအနက်ဝတ်လူနှစ်ယောက်၏မျက်လုံးများအား ကျုံ့သွားစေသည်။ သူတို့က ရှောင်တိမ်းရန် ကြိုးစားခဲ့သော်ငြား လက်ဝါးအရိပ်များက သူတို့နောက် လိုက်ပါနေပြီး မရှောင်တိမ်းနိုင်သည်ကို ရုတ်တရက် သိလိုက်ရ၏။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”
အနက်ဝတ်လူနှစ်ယောက်က အလန့်တကြား အော်၏။ များမကြာမီ သူတို့၏ရင်ဘက်များအား ကီလိုဂရမ်ထောင်ချီလေးသည့်တစ်ခုခုက ဖိချလိုက်သလို ခံစားမိသည်။ သူတို့က လွင့်ထွက်သွားပြီး အရူးအမူး သွေးအန်လိုက်၏။ နောက်ဆုံးတွင် သူတို့က ပြတင်းပေါက်မှ ပြိုလဲကျသွားပြီး ရှင်သလားသေသလားမသိတော့ပေ။
***