← Chapters

သေခြင်း တည်ရှိရာ *

Vol. 78 Ch. 1086

သေခြင်း တည်ရှိရာ *

Vol. 78 Ch. 1086

ဆယ်ထပ်တိုက်ထဲတွင် ထန်ရှုက မှန်ဘီလူးကို ကိုင်ကာ စပိဒါအဖွဲ့၏ဌာချုပ်အား တိတ်တဆိတ်စောင့်ကြည့်နေသည်။ ထန်ကွမ်နှင့်မိုအားဝူတို့အဖွဲ့က ပတ်ဝန်းကျင်ရှိ သတင်းပေးအားလုံးအား နှုတ်ပိတ်ခဲ့ပြီဖြစ်၏။ ထို့ကြောင့် လက်ရှိက မုန်တိုင်းကျီးကန်းနှင့်စပိဒါအဖွဲ့တို့ကြား အဆုံးသတ်အား မြင်တွေ့ရန် အချိန်ဖြစ်သည်။

“ငါတို့အသင့်ဖြစ်ပြီ၊ သူဌေး”

တွမ်ရက်ဂျီက သူ၏နောက်လိုက်နှစ်ယောက်နှင့်အတူ ပြန်ရောက်လာ၏။

“ကောင်းပြီလေ၊ ရွှေဒယ်စောက်အဖွဲ့အစည်းရဲ့အနေအထားနဲ့ပတ်သက်ပြီး ငါ့ကို အရင်ပြောပြ”ထန်ရှုက ခေါင်းညိတ်လိုက်သည် “မုန်တိုင်းကျီးကန်းအဖွဲ့နဲ့စပိဒါအဖွဲ့တို့ကို ရင်ဆိုင်ပြီးရင် ငါတို့ရဲ့နောက်ပစ်မှတ်က သူတို့ပဲ။ ဒီသုံးရက်အတွင်း စိုင်းဖန်ကအဖွဲ့တွေအားလုံးကို ဖယ်ရှားရမယ်”

တွမ်ရက်ဂျီက စိတ်ထဲ၌ တုန်လှုပ်သွားပြီး ရိုသေလေးစားစွာ ပြောလိုက်သည်။”ရွှေဒယ်စောက်အဖွဲ့ရဲ့ခေါင်းဆောင်က ခန်အဂျိုလို့ခေါ်တဲ့လူပဲ။ သူက ဒီနေရာကို ထိုင်းနိုင်ငံကနေ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ပြောင်းလာတာ။ ပြီးတော့ ငါ့လူတွေရဲ့သတင်းပေးတွေအရဆို သူက ထိုင်းနိုင်ငံက ကြီးမားသောမြေအောက်အဖွဲ့တစ်ခုနဲ့ နီးကပ်တယ်ဆိုပဲ”

ထိုင်းနိုင်ငံက ခန်အဂျိုလား။

ထန်ရှုက ခန်အဂျာအား ရုတ်တရက်သတိရသွားပြီး သူ့ဖုန်းချက်ချင်းယူထုတ်ကာ ထိုလူ၏နံပါတ်အား ခေါ်လိုက်သည်။ တစ်ဖက်မှ ဖုန်းကိုင်ပြီးနောက် သူက တဲ့တိုးမေးလိုက်၏ “ဟေ၊ ခန်အဂျာ။ ငါ မင်းကို မေးစရာအနေအထားတစ်ခုရှိတယ်”

“ကျေးဇူးပြုပြီး မေးပါ၊ မစ္စတာထန်”ခန်အဂျာ၏ရိုသေလေးစားသောအသံက ဖုန်းမှ ထွက်လာ၏။

“ငါ အခု စိုင်းဖန်မှာ၊ အဲမှာ ခန်အဂျိုလို့ခေါ်တဲ့လူတစ်ယောက်ဉီးဆောင်တဲ့မြေအောက်အဖွဲ့တစ်ခုရှိတယ်”ထန်ရှုက မေးလိုက်၏ “မင်းနဲ့သူ့ကြားမှာ ထူးခြားတဲ့ဆက်နွယ်မှုတစ်ခုခုရှိလား”

“သူက ငါ့ရဲ့သွေးသောက်ညီပဲ၊ မစ္စတာထန်။ လွန်ခဲ့တဲ့နှစ်တွေက သူက ဒီနေရာမှာ အရှုပ်အထွေးတစ်ခု ပြုလုပ်ခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ဘေးကင်းမှုကို စိတ်မချလို့ သူ့ကို ထိုင်းနိုင်ငံကနေ ငါ ထွက်သွားခိုင်းလိုက်တာ။ အဲမှာ ငါ သူ့ကို လျှို့ဝှက်ကူညီပေးနေခဲ့တယ်၊ ဒါကြောင့် သူက စိုင်းဖန်မှာ သူ့ရဲ့ကိုယ်ပိုင်အဖွဲ့ကို တည်ထောင်နိုင်ခဲ့တာ။”ခန်အဂျာက ရိုသေလေးစားစွာ ပြန်ပြောသည် “အာ၊ ဟုတ်တယ်၊ မကြာသေးခင်က စိုင်ဖန်ရဲ့အနေအထားက အတော်လေးရှုပ်ထွေးနေတယ်၊ ဒါကြောင့် ငါ သူ့ကို ကူညီဖို့ လူတစ်ဖွဲ့စေလွှတ်ထားပေးတယ်”

“နောက်ရက်အနည်းငယ်ကျရင် ငါ လူအချို့ လွှတ်ပြီး မင်းဆီ ငါ့ရဲ့လက်ဆောင်ကို ပို့ခိုင်းလိုက်မယ်။ ဒါပေမယ့် မင်းရဲ့ညီငယ်ကို သူ့ရဲ့လူတွေကို ခေါ်ပြီး စိုင်းဖန်ကနေ ချက်ချင်းထွက်သွားဖို့ ငါ မင်းကို သတင်းပေးချင်တယ်”ထန်ရှုက ပြော၏ “မကြာခင်မှာ စိုင်းဖန်ကမြေအောက်အဖွဲ့အားလုံးက အဖွဲ့အစည်းတစ်ခုရဲ့လက်အောက်ကို ရောက်သွားတော့မယ်”

ဤသည်ကို ကြားပြီး ခန်အဂျာ၏စိတ်က ရွေ့လျားသွားပြီး သူက မေးလိုက်သည် “ငါ့ရဲ့ညီကို ချက်ချင်းဆက်သွယ်လိုက်ပါ့မယ်၊ မစ္စတာထန်။ ဒါပေမယ့် ဘယ်သူက စိုင်းဖန်ရဲ့မြေအောက်လောကရဲ့ဘုရင်ဖြစ်လာမယ်ဆိုတာ မင်း ငါ့ကို ပြောပြနိုင်လား။ ဖြစ်နိုင်တာက မင်း…”

“ကောင်းပြီလေ၊ ငါ မင်းကို ပြောနိုင်ပါတယ်၊ တွမ်ရက်ဂျီက စိုင်းဖန်ရဲ့မြေအောက်အဖွဲ့တွေအားလုံးရဲ့ခေါင်းဆောင်ဖြစ်လာလိမ့်မယ်။ သူက ငါ့နောက်လိုက်ပဲ။ အထူးအကြောင်းပြချက်အချို့ကြောင့် စိုင်းဖန်ကို ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ ထားရှိဖို့ လိုအပ်တယ်”

“ဒီလိုလား”

ခန်အဂျာ၏နှလုံးက တဒုတ်ဒုတ်ခုန်သွားသည်။ ထန်ရှု၏ဖော်ပြချက်တွင် နက်နဲသောအဓိပ္ပါယ်အချို့အား သူ ရေးရေးလေး ခန့်မှန်းနိုင်၏။ စိုင်းဖန်ရှိမြေအောက်အဖွဲ့အားလုံးအား ဘယ်အဖွဲ့အစည်းတစ်ခုမှ မထိန်းချုပ်နိုင်သည်ကို သိရမည်။ စိုင်းဖန်ရှိအာဏာပိုင်ပုဂ္ဂိုလ်က ထန်ရှုဘက်မှတစ်ယောက်ယောက်မဟုတ်လျှင် ဤကား မှန်ပေလိမ့်မည်။

ဤအထိ တွေးထားပြီးနောက် ခန်အဂျာက ချက်ချင်း ပြောလိုက်သည် “မစ္စတာထန်၊ မင်းရဲ့နောက်လိုက်က စိုင်းဖန်ကို စုစည်းချင်တယ်ဆိုရင် ငါ့ရဲ့ညီကို ငါ ဆက်သွယ်ပြီး သူ့လူတွေအားလုံးကို မင်းဆီ ခေါ်လာခိုင်းရမလား။ ငါ သိရသလောက်ဆိုရင် အဲနေရာမှာ ငါ့ညီရဲ့လူတွေ အများကြီးရှိတယ်၊ ပြီးတော့ ငါလွှတ်လိုက်တဲ့လူတွေကလဲ မင်းကို ကူညီပေးနိုင်မှာပါ”

ထန်ရှုက တစ်ချက်စဉ်းစားပြီးနောက် ပြောလိုက်သည်”ဒါဆိုလဲ ငါ လက်ခံပါ့မယ်။ မင်းညီနဲ့သူ့လူတွေက ဘယ်လောက်ပဲ ဆုံးရှုံးမှုရှိရှိ ငါ သူ့ကို လျော်ကြေးပေးမှာပါ”

“ကောင်းပါပြီ။ မင်းရဲ့ညွှန်ကြားချက်အတိုင်း ငါ လုပ်ပါ့မယ်”ခန်အဂျာက ရယ်လိုက်သည်။

ထို့နောက် ထန်ရှုက ဖုန်းချကာ ပြောလိုက်သည် “ရွှေဒယ်စောက်နဲ့ ပတ်သက်တဲ့အနေအထားကို ငါ ရှင်းလင်းအောင် လုပ်ပြီးပြီ။ အဲဒါက ငါ့မိတ်ဆွေရဲ့ညီတစ်ယောက်တည်ထောင်ထားတဲ့အဖွဲ့တစ်ခုပဲ။ နောက်ကျရင် ရွှေဒယ်စောက်အဖွဲ့မှာရှိတဲ့လူတွေအားလုံးက မင်းရဲ့စီမံခန့်ခွဲမှုအောက်ကို ရောက်လာလိမ့်မယ်၊ ဒါကြောင့် လာမယ့်တိုက်ပွဲတွေမှာ ရန်သူကို ရင်ဆိုင်ဖို့ မင်း သူတို့ရဲ့လူကို အသုံးပြုနိုင်တယ်”

မယုံကြည်နိုင်မှုက တွမ်ရက်ဂျီ၏မျက်နှာအား ဖုံးလွှမ်းသွား၏၊ ထန်ရှုတွင် ဒီလိုနတ်ဘုရားဆန်သောစွမ်းရည်ရှိလိမ့်မည်ဟု သူ ဘယ်တော့မှ မထင်ထားခဲ့ပေ။ စိုင်းဖန်ရှိအနေအထားအား တိုက်ရိုက်လွှမ်းမိုးနိုင်သည့် ထိုင်းနိုင်ငံရှိ မိတ်ဆွေတစ်ယောက်က သူ့တွင် ရှိပြီး ရွှေဒယ်စောက်အဖွဲ့ကိုပင် သူ့အတွက် အလုပ်လုပ်စေနိုင်ခဲ့သည်။

ဤအချိန်တွင် ထန်ရှုအား သူ လေးစားသည်ကား သူ့ခွန်အားမဟုတ်၊ သူ့လက်အောက်ရှိ အားကောင်းသောသူများ၏အရေအတွက်ကြောင့်လည်းမဟုတ်၊ သို့သော် သူ၏အဆက်အသွယ်ကွန်ရက်ကိုသာ။

သို့သော် ရွှေဒယ်စောက်အဖွဲ့သားများနှင့်ဆက်စပ်၍ မလွယ်လောက်ဟု သူ ခံစားရသဖြင့် တွမ်ရက်ဂျီက အသံနှိမ့်လျက် ပြောလိုက်သည် “ဒါပေမယ့် သူဌေး၊ ရွှေဒယ်စောက်အဖွဲ့သားတွေက ငါတို့လူတွေမဟုတ်ဘူး၊ သူတို့ကို ပြောင်းရွှေ့လိုက်ရင် ပြဿနာအသစ်တွေဖြစ်ပြီး ပိုရှုပ်ထွေးလာနိုင်မလား။ ပြီးတော့ ငါ မင်းရဲ့စွမ်းရည်ကို မေးခွန်းထုတ်တာ မဟုတ်ဘူးနော်၊ သူဌေး။ ခန်အဂျိုက ရက်စက်ကြမ်းကြုတ်ပြီး သံသယများတဲ့လူတစ်ယောက်ပဲ။ ငါ စိတ်ပူတာက…”

“ခန်အဂျိုရဲ့အကိုက ဘန်ကောက်က အကြီးမားဆုံးမြေအောက်အဖွဲ့ရဲ့ခေါင်းဆောင်ပဲ။ ငါ့ကို ဆန့်ကျင့်တဲ့အကျိုးဆက်ကို သူ သိမှာပါ”ထန်ရှုက သူ့အား တားဆီးကာ ပေါ့ပေါ့ပါးပါးပြုံးလိုက်သည် “တစ်ယောက်ယောက်က သူတို့ကို သတ္တိအဆတစ်ရာပေးရင်တောင် သူတို့ ငါ့ရဲ့အစီအစဉ်ကို ဖျက်ဆီးရဲမှာမဟုတ်ဘူး။ အနာဂတ်မှာ မင်းက စိုင်းဖန်ရဲ့မြေအောက်အရှင်သခင်ဖြစ်လာမှာဆိုတော့ သူတို့ကို များများလေး အသုံးပြုစေချင်တယ်။ မင်းက နောက်လိုက်များစွာကို ထိန်းချုပ်ရတော့မှာလေ၊ ဒါကြောင့် လာမယ့်တိုက်ပွဲတွေမှာ မင်းရဲ့ဆုံးရှုံးမှုနည်းလေလေ၊ အနာဂတ်မှာ ထိန်းချုပ်ရတာ မင်းအတွက် ပိုလွယ်လေလေပဲ”

ဤသည်ကို ကြားပြီး တွမ်ရက်ဂျီက စိတ်ထဲ၌ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ရိုသေလေးစားစွာ ပြောလိုက်၏ “ငါ သဘောပေါက်ပါပြီ၊ သူဌေး။ စိတ်ချပါ၊ ဘာလုပ်ရမလဲဆိုတာ ငါ သိပါတယ်”

“ကောင်းပြီ၊ သတင်းကို စောင့်နေကြစို့”ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “သူ့အနေနဲ့ ငါတို့ဆီ လူအချို့လွှတ်ဖို့ မကြာဘူးဆိုတာ သေချာတယ်။ နောက်ကျရင် သူ့ရဲ့လူတွေကို အမိန့်ပေးဖို့ မင်း စမ်းကြည့်နိုင်တယ်”

“နားလည်ပါပြီ…”တွမ်ရက်ဂျီက လေးစားစွာနှင့် ပြန်ဖြေ၏။

နောက်ထပ်မိနစ်နှစ်ဆယ်ကြာပြီးနောက် စပိဒါအဖွဲ့ဌာနချုပ်ရှိတိုက်ပွဲက အထွတ်အထိပ်သို့ ရောက်ရှိလာ၏၊ ထိုအချိန်တွင် ထန်ရှုက စုန့်ကွမ်းဟွေထံမှ ဖုန်းခေါ်တစ်ခု ရလိုက်သည်။ စုန့်ကွမ်းဟွေထံမှ သတင်းကို ကြားရပြီးနောက် အေးစက်စက်အလင်းတစ်ခုက သူ့မျက်လုံးထဲ၌ လက်သွားသည်။ “သိပါပြီ၊ ဉီးလေးစုန့်”

ဖုန်းချပြီးနောက် သူက တွမ်ရက်ဂျီအား လှည့်ကြည့်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “အလောတကြီးမလုပ်ဆောင်ဖို့ ငါ့ရဲ့အမိန့်ကို ချက်ချင်းဖြန့်လိုက်ပါ။ အားကောင်းတဲ့လူတွေပါဝင်နေတဲ့ဆန်းကြယ်တဲ့လူတစ်စုက ဒီနေရာကို ဉီးတည်လာနေတယ်လို့ အခုပဲ သတင်းရခဲ့တယ်။ သူတို့က မုန်တိုင်းကျီးကန်းဘက်က မဟုတ်ဘူးဆိုရင် စပိဒါအဖွဲ့ရဲ့စစ်ကူတွေပဲ ဖြစ်ရမယ်”

“သူတို့ ဒီနေရာကို ရောက်ဖို့ ဘယ်လောက်ကြာမှာလဲ၊ သူဌေး”တွမ်ရက်ဂျီက ကမန်းကတန်း မေးလိုက်သည်။

“မိနစ်နှစ်ဆယ်ခန့်လောက်”ထန်ရှုက ဖြေလိုက်သည်။

တွမ်ရက်ဂျီက ခဏစဉ်းစားပြီးနောက် ချက်ချင်းပြောလိုက်သည် “ရွှေဒယ်စောက်အဖွဲ့သားတွေက လမ်းမှာ သူတို့နဲ့ ဆုံမိရင် မတော်တဆတစ်ခုဖြစ်လာမှာကို ငါ စိတ်ပူတယ်။ ကြိုတင်ကာကွယ်မှုပြုလုပ်ထားဖို့ ခန်အဂျိုကို ငါ ဆက်သွယ်လိုက်ရမလား”

“သူ့ကို မြန်မြန်ဆက်သွယ်လိုက်ပါ”ထန်ရှုက ခေါင်းညိတ်လိုက်၏။

လေးကီလိုမီတာကျော်အကွာအဝေးရှိ ဆယ်ထပ်ကျော်အဆောက်အဉီးတစ်ခုထဲတွင် အနက်ရောင်ညဝတ်စုံနှင့်မျက်နှာဖုံးများစွပ်ထားသည့်ဆန်းကျယ်သောလူများက သတ်ဖြတ်ခြင်းအရှိန်အဝါများအား ထုတ်လွှတ်နေလျက်ရှိသည်။ တယ်လီစကုပ်မှတစ်ဆင့် စပိဒါအဖွဲ့၏ဌာနချုပ်ရှိတိုက်ပွဲမြင်ကွင်းကို ကြည့်ရင်း ပါးစပ်ထောင့်တွင် အမာရွတ်နှင့် လူကြီးတစ်ယောက်က ကျေနပ်စွာ ပြုံးလိုက်သည်။

“တိုက်ခိုက်ဖို့အသင့်ပြင်ထားဖို့ ကြွက်ကြီးကို ပြောလိုက်။ စပိဒါအဖွဲ့ပျက်ဆီးတာနဲ့ ငါတို့တွေ မုန်တိုင်းကျီးကန်းအဖွဲ့ကို ချက်ချင်း တိုက်ခိုက်ကြမယ်။ ဟီးဟီး…ဒီမဟူရာကလပ်က အယုတ်တမာကောင်တွေရဲ့လှည့်ကွက်အချို့ကြောင့် ငါ ပစိဖိတ်မှာ ရက်ပေါင်းများစွာ လေလွင့်နေခဲ့ရတယ်။ ဒီတစ်ခါက စိုင်းဖန်ကနေ ဒင်းတို့ကို ဖယ်ရှားသုတ်သင်ဖို့ အချိန်ပဲ”လူကြီးက တီးတိုးပြောလိုက်သည်၊ ထို့နောက် သူက အနက်ရောင်ညဝတ်စုံနှင့် တုတ်ခိုင်သန်မာသောလူအား ဖျတ်ခနဲကြည့်လိုက်၏။

“ငါ မင်းအမိန့်ကို ချက်ချင်း ပြောလိုက်ပါ့မယ်” အနက်ရောင်ဝတ်စုံနှင့်တုတ်ခိုင်သန်မာသောလူက ရိုသေလေးစားစွာ‌ ပြောလိုက်သည်။

လူကြီးက ညင်သာစွာ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ ရေပုံးအရွယ်အစားစပါးအုံးတစ်ကောင်က အဝေးမှ တွားသွားလာပြီး မကြာမီ သူ့ခြေထောက်ပေါ်တက်ကာ သူ့ခါး၌ ရစ်ခွေလိုက်သည်။ လူကြီးက မြွေခေါင်းအား ညင်သာစွာ ပွတ်ကာ သတ်ဖြတ်လိုစိတ်အပြည့်နှင့် အေးစက်စက်ပြုံးလိုက်၏။

ရှေးလူတွေ ပြောခဲ့သလို့ပင်၊ ကင်းခြေများအား ချောင်းနေသော ရှိခိုးကောင်က ၎င်းနောက်ရှိ ငှက်ရွှေဝါအား သတိမထားမိပေ။

မုန်တိုင်းကျီးကန်းအဖွဲ့နှင့်စပိဒါအဖွဲ့ကြားတိုက်ပွဲက အဖွဲ့များစွာအား သတိပေးခဲ့၏။ အထူးသဖြင့် ပစိဖိတ်သမုဒ္ဒရာတွင် ရတနာများရှိသည်ဟု ကောင်းကင်ဘုံမှော်ဆရာကလန်က ကောလဟာလအချို့ ဖြန့်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်းရှိကျင့်ကြံသူများစွာအား ထိုနေရာသို့ ဆွဲဆောင်ခဲ့သည်။ စိုင်းဖန်တွင်ဆက်နေသေးသောအဖွဲ့အချို့က ဤနေရာရှိ အနေအထားက နောက်ကျိသောရေပမာဖြစ်လာမည်ကို ကောင်းကောင်းသိ၏၊ ထို့ကြောင့် သတင်းမှားကြောင့်ဖြစ်ပေါ်လာသောဆုံးရှုံးမှုအတွက် အကျိုးအမြတ်အချို့ရရန် စဉ်းစားခဲ့သည်။

စပိဒါအဖွဲ့ဌာနချုပ်တွင်။

ကျယ်ပြောသော အဆောက်အဉီးထဲတွင် သွေးများက ဂျိန်းဆန်၏ခန္ဓာကိုယ်မှ ယိုစီးကျနေ၏။ အချို့က သူ့ရန်သူများ၏သွေးဖြစ်ပြီး ကျန်သည်က သူ၏ကိုယ်ပိုင်သွေးဖြစ်သည်။ နောက်ဆုံးခံစစ်စည်းက ကျိုးပေါက်သွားပြီး သူ့နောက်လိုက်များကလည်း ငါးယောက်သာ ကျန်တော့၏။ လက်ရှိတွင် ဆန်းကြယ်သောမျက်နှာဖုံးတပ်လူနှစ်ဆယ်ကျော်က ရန်သူအား တိုက်ခိုက်ရန် ထရပ်လာပြီဖြစ်၏။

“ဂျိန်းဆန်၊ မင်းမှာ စတုန်ဂျိန်းကုမ္ပဏီရဲ့ကျွမ်းကျင်သူတွေရဲ့အကူအညီရှိရင်တောင် မင်း ဒီနေ့သေရမှာပဲ…ဒီတော့ မင်းအနေနဲ့ မဟူရာကလပ်အတွက် အလုပ်လုပ်တာ အကောင်းဆုံးပဲ”အနီရောင်ဝတ်ရုံနှင့်ရွှေရောင်လက်အိပ်ဝတ်ဆင်ထားသည့်သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က အဆောက်အဉီးအပြင်ဘက်သို့ ပြန်ကာ လေထဲတွင် ရပ်နေ၏။ သူက ဂျိန်းဆန်အား ကြည့်ကာ ပြုံးလျက် ပြောလိုက်၏၊ သို့သော် သူက ဂျိန်းဆန်အား ဖြောင်းဖြခဲ့သော်ငြား သူ့မျက်နှာပေါ်တွင် ပြက်ရယ်ပြုသောအမူအရာတစ်ခုက သိသိသာသာပေါ်နေလေ၏။

ဂျိန်းဆန်က သန်မာသောရန်သူတစ်ယောက်ထံမှ နောက်ဆုတ်ကာ ထောင့်သို့ ရှောင်လိုက်သည်။ လက်နက်များကို အသုံးပြုကာ သူ့ကိုယ်သူကာကွယ်နေရင်း သူက ဒေါသတကြီး အော်ပြောလိုက်၏ “မင်း အခုတော့ မောက်မာနိုင်ပါတယ်၊ ဗာရယ်လာ…ဒါပေမယ့် ငါ့ရဲ့စစ်ကူတွေ ရောက်လာတဲ့အခါကျရင် ငါ မင်းရဲ့ခေါင်းကို ဖြတ်ပြီး အဲပေါ်မှာ သေးပန်းပစ်မယ်”

အနီရောင်ဝတ်ရုံနှင့်ရွှေရောင်လက်အိတ်ကို ဝတ်ဆင်ထားသည့် ဗာရယ်လာက စိုင်းဖန်ရှိမဟူရာကလပ်၏ဌာနခွဲခေါင်းဆောင်ဖြစ်သည်။ အပြုံးတစ်ခုက သူ့ပါးစပ်ထောင့်တွင် တွဲခိုသွားပြီး သူက ဂျိန်းဆန်ထံ အထင်သေးသောအကြည့်နှင့် တစ်ချက်ကြည့်လိုက်၏။ “ဟမ့်၊ မင်းရဲ့စစ်ကူတွေက စတုန်ဂျိန်းကုမ္ပဏီကမလား။ သူတို့ မင်းတို့ကို မဆက်သွယ်တာ နှစ်ရက်ရှိပြီဆိုတာ မင်း သတိမထားမိဘူးလား။ ငါတို့က မင်းရဲ့စပိဒါမအဖွဲ့ကို ဝိုင်းပြီး အခုလို တိုက်ခိုက်ရဲတာ ဘာကြောင့်လို့ မင်းထင်လဲ”

အေးစက်စက်အလင်းတစ်ခုက ဂျိန်းဆန်၏မျက်လုံးများထဲ၌ စီးဆင်းသွားသည်။ သူက ပြန်ချေပမည့်ဆဲဆဲတွင် အနက်ရောင်မျက်နှာဖုံးဝတ်လူအိုကြီးက ပြတင်းပေါက်၌ ရုတ်တရက် ထွက်ပေါ်လာ၏။ သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေသည်။ သူ့မျက်လုံးများက သတ်ဖြတ်လိုစိတ်တို့ ဆူပွက်နေပြီး သူက ဒေါသတကြီးပြောလိုက်၏ “လွန်ခဲ့တဲ့နှစ်ရက်က စတုန်းဂျိန်းကုမ္ပဏီကကျွမ်းကျင်သူတစ်ဖွဲ့ကို သတ်ခဲ့တာ မင်းတို့မဟူရာကလပ်ကအကောင်တွေလား။ သွေးဆာတံဆိပ်ကို ချန်ထားခဲ့တဲ့သူက မင်းတို့ထဲကတစ်ယောက်လား”

“နတ်ဘုရား…ဘယ်လိုတောင် မြန်လိုက်သလဲ…”

***

All Chapters