မမျှော်လင့်ထားသောဖြစ်ရပ် *
Vol. 78 Ch. 1087
ဗာရယ်လာ၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး ထိပ်ထိပ်ပျာပျာနှင့် သူက နောက်သို့ ဆယ်မီတာကျော်ဆုတ်လိုက်၏။ လေထဲတွင် ရပ်နေရင်း သူက လူအိုကြီးအား စိုက်ကြည့်ကာ ဂုဏ်ယူစွာ ပြောလိုက်သည် “ခင်ဗျားပြောတာ မှန်တယ်။ ကျုပ်တို့မဟူကရာကလပ်က လုပ်ခဲ့တာပဲ။ ခင်ဗျားတို့က ကိုယ်သေတွင်းကိုယ်တူးနေတဲ့အရူးတွေပဲ၊ မြေအောက်အဖွဲ့တွေကနေတစ်ဆင့် စိုင်းဖန်ကို ထိန်းချုပ်ဖို့ ကြိုးစားချင်တာပေါ့လေ။ ဒါက ကလေးအတွေးပဲလို့ ခင်ဗျားတို့ကို ကျုပ် ပြောချင်တယ်။ သေချာကြည့်ထား၊ ဒီနေ့ ခင်ဗျားတို့ရဲ့ခြေကုပ်ကို စိုင်းဖန်ကနေ ကျုပ် ဖယ်ရှားပစ်မယ်။ မကြာမီမှာ မဟူရာကလပ်ရဲ့စစ်သည်တော်တွေက ကမ္ဘာမှာရှိတဲ့ ခင်ဗျားတို့ရဲ့ခံတပ်တွေကို အမြစ်ပြတ်ဖျက်ဆီးပစ်မယ်”
“မင်းတို့…ခွေးကောင်တွေ…”
အနက်ရောင်မျက်နှာဖုံးစွပ်လူအိုကြီးက ဗာရယ်လာ၏အရှေ့၌ ချက်ချင်း ထွက်ပေါ်လာသည်။ သူ၏အဖြူရောင်လက်အိတ်တစ်စုံက ဗာရယ်လာ၏ရင်ဘက်အား ထိမှန်သွား၏။ ဗာရယ်လာက စူးစူးဝါးစူးအော်၏၊ ရွှေရောင်ပိုးချည်မျှင်တစ်ခုက ထွက်ပေါ်လာပြီး သူ့လည်ပင်အား ရစ်ပတ်သွားသည်။ ပိုးချည်မျှင်က လေထဲရှိမီတာတစ်ရာအမျှင်၌ သူ့အား ချိတ်ဆွဲထား၏။
ထို့နောက် လူအိုကြီးက မျက်နှာဖုံးအား ဆုတ်ဖြဲလိုက်သည်၊ သူ၏ဝမ်းနည်းပူဆွေးသောမျက်နှာအား ထုတ်ပြလျက် ကောင်းကင်သို့ ဟိန်းလိုက်၏ “မဟူရာကလပ်ရဲ့အယုတ်တမာအကောင်တွေ…ငါ့ရဲ့တစ်ဉီးတည်သောသားက မင်းတို့ရဲ့လက်ထဲမှာ သေခဲ့ရတယ်…အခုကစပြီး မင်းတို့အားလုံး သေရင်သေ မသေရင် ငါသေပဲ”
ဗာရယ်လာက ကောင်းကင်၌ ချိတ်ဆွဲနေသည်ကို မြင်ပြီး မဟူရာကလပ်မှ ကျွမ်းကျင်သူများက ကောင်းကင်သို့ ချက်ချင်း ပျံဝဲတက်လာ၏။ ပုံရိပ်အချို့က လူအိုကြီး၏အရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ထွက်ပေါ်လာသည်။ သူတို့က လူအိုကြီးအား ဝိုင်းရံတိုက်ခိုက်ကာ သေအဲ့ဆဲဆဲဖြစ်နေသောဗာရယ်လာအား ကယ်ရန် ကြိုးစားလိုက်ကြသည်။
“မင်းတို့က သူ့ကို လိုချင်တာလား။ ရော့…ယူလိုက်ကြ…”
လူအိုကြီးက လက်ဝှေ့ယမ်းလိုက်သည်၊ ရွှေရောင်ပိုးချည်မျှင်က ဗာရယ်လာ၏လည်ပင်းအား ချက်ချင်း ဖြတ်တောက်သွား၏။ သူ့ခြေထောက်က ဗာရယ်လာ၏ဉီးခေါင်းအား ခပ်ပြင်းပြင်း ကန်လိုက်သည်၊ ထို့နောက် သွေးရွှဲနေသောဉီးခေါင်းက မဟူရာကလပ်ကျွမ်းကျင်သူတစ်ယောက်၏လက်ထဲသို့ လွင့်ပျံသွား၏။
“သူ့ကို သတ်ပစ်ကြ…”
ထိုလူအနည်းငယ်၏တိုက်ခိုက်မှုက ဒုံးကျည်အဖြစ်သို့ ပြောင်းလဲသွား၏၊ လူအိုကြီးအတွက် ရှောင်တိမ်းရန်ပင် နေရာမချန်ထားခဲ့။ သွေးထွက်ဒဏ်ရာများက သူ၏အသက်ရလာသောခန္ဓာကိုယ်တွင် အဆက်မပြတ်ထွက်ပေါ်လာ၏၊ သို့သော် ကံကောင်းစွာနှင့် သူ၏အရှိန်က မြန်လွန်းရကာ သေရေးရှင်ရေးအန္တရာယ်များအား ရှောင်တိမ်းနိုင်ခဲ့သည်။
ထိုအချိန်တွင် အဝေးမှ ကားဆယ်စီးကျော်က စပိဒါအဖွဲ့၏ဌာနချုပ်အိမ်ယာထဲသို့ လျင်မြန်စွာ ဉီးတည်လာ၏။ ကားတံခါးများ ပွင့်သွားပြီး ပုံရိပ်များစွာက အဆောက်အဉီးဆီသို့ လျင်မြန်စွာ ပြေးလာသည်။ အသန်မာဆုံးအရှိန်အဝါများထုတ်လွှတ်နေသောလူနှစ်ယောက်က ပျံသန်းလာပြီး လူအိုကြီး၏ဘေးနား၌ ချက်ချင်း ထွက်ပေါ်လာ၏။
“မင်းတို့ကောင်တွေ နောက်ဆုံးတော့ ရောက်လာပြီပေါ့…ငါ့သားအတွက် လက်စားချေဖို့ ဒီမဟူရာကလပ်ခွေးသားတွေကို သတ်ပေးကြပါ…”လူအိုကြီးက ဝမ်းသာသွားပြီး ကျယ်လောင်စွာ အော်လိုက်၏။
“သတ်”
“သတ်”
လူနှစ်ယောက်က ဘာမှမပြောဘဲ ပြင်းထန်သောတိုက်ခိုက်မှုများအား ဖော်ထုတ်လိုက်၏၊ မဟူရာကလပ်၏စွမ်းအားရှင်အနည်းငယ်က ဖိအားအောက် ကျရောက်လာကြသည်။
အဆောက်အဉီးထဲတွင် စစ်ကူရောက်လာချိန်တွင် သူ့အရှေ့၌ အလင်းတစ်ခု လက်သွားသည်ကိုသာ ဂျိန်းဆန်က မြင်လိုက်ရ၏။ သူ့အား ပူးပေါင်းတိုက်ခိုက်နေသည့် မဟူရာကလပ်ကျွမ်းကျင်သူလေးယောက်ထဲမှတစ်ယောက်က ချက်ချင်းအသတ်ခံလိုက်ရပြီး အခြားသုံးယောက်က နောက်ဆုတ်လိုက်ရ၏။
“သတ်…”
ဂျန်းဆန်က ဓားဝှေ့ယမ်းကာ ရှေ့သို့ တိုးသွား၏။ စပိဒါအဖွဲ့ခေါင်းဆောင်ဖြစ်လာနိုင်သည့်လူတစ်ယောက်၊ စိုင်းဖန်ရှိ ထိပ်တန်းသူဌေးများထဲမှတစ်ယောက်အနေနှင့် ဤကား သူ့စွမ်းရည်နှင့်ရဲရင့်မှုအား သက်သေပြချက်ပင်။
ဝှစ်…
ရုတ်တရက် ပေါက်ဓားတစ်လက်က သူ့နောက်ကျောသို့ လျှပ်စစ်အလား ပြေးဝင်လာပြီး သူ့ဘယ်ဘက်ရင်ဘက်အား ထိုးဖောက်ကာ သူ့နှလုံးသားအား ထိုးစိုက်သွား၏။
“ဘယ်လို…ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ဂျန်းဆန်က သူ့ရင်ဘက်ရှိ သွေးပေါက်အား မယုံကြည်နိုင်စွာနှင့် ငုံ့ကြည့်လိုက်၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အေးစက်သွားတော့သည်။ သူ အမြဲတမ်း သတိထားဂရုစိုက်ခဲ့သည်၊ စစ်ကူများရောက်လာသည်အထိ ကြိုးကြိုးစားစားတိုက်ခိုက်ခဲ့၏။ သို့သော် လက်ရှိအချိန်တွင် သူက သေစေနိုင်သောတိုက်ခိုက်မှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရ၏။
သူက အပေါ်သို့ မော့ကြည့်လိုက်သည်။ သူ့အရှေ့တွင် ပြုံးနေသော ဆံဖြူလူအိုကြီးအား မြင်လိုက်ရသောအခါ….
“မဟူရာကလပ်ရဲ့သံကျီးကန်း”
သူ့ရှေ့ရှိ လူအိုကြီး၏အထောက်အထားကို ခွဲဖြမ်းစိတ်ဖြာပြီးနောက် ဂျန်းဆန်၏မျက်နှာပေါ်တွင် မျှော်လင့်ချက်ကင်းမဲ့ခြင်းတို့က ထွက်ပေါ်လာတော့၏။ သူ မသေခင် စပိဒါအဖွဲ့ဝင်အားလုံးက ငရဲသို့ သွားရမည်ကို သဘောပေါက်ခဲ့၏။ စစ်ကူ မည်မျှပင် ရောက်လာပါစေ၊ ယနေ့တွင် သေဆုံးခြင်းကသာ သူတို့အား စောင့်မျှော်နေမည်သာ။
ဤလူက သံကျီးကန်းဖြစ်သောကြောင့်ပင်။ စပိဒါအဖွဲ့ဌာနချုပ်အား စီးနင်းမည့် တိုက်ခိုက်သူက ဤသံကျီးကန်းတစ်ယောက်မျှသာဆိုလျှင်ပင် ဒီနေရာရှိလူတိုင်းက သေရမည်သာ။
သံကျီးကန်းက ထူးဆန်းစွာ ပြုံး၏၊ သူ့လက်ထဲရှိ ငွေရောင်ချိတ်လက်နက်အား ဝှေ့ယမ်းကာ စတုန်းဂျိန်းကုမ္ပဏီမှကျွမ်းကျင်သူနှစ်ယောက်အား သတ်ဖြတ်လိုက်သည်။ ချက်ချင်းလျှင်ပင် သူ့ပုံရိပ်က ဂျန်းဆန်လူများနှင့်စတုန်းဂျိန်းကုမ္ပဏီဝင်များနောက်၌ အဆက်မပြတ်ထွက်ပေါ်လာ၏။ သူ့တိုက်ကွက်တစ်ခုစီက ဝိညာဉ်တစ်ခု ရိတ်သိမ်း၏၊ မျိုးရိုးဗီဇပြောင်းလဲပစ္စည်းများထိုးသွင်းထားသည့်သူများပင် မလွတ်မြောက်ခဲ့ပေ။
“ပြေးကြတော့…”
သံကျီးကန်း၏သရုပ်မှန်ကို သိရှိပြီးနောက် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်နှင့်ညီမျှသည့် စတုန်းဂျိန်းကျွမ်းကျင်သူတစ်ယောက်က ချက်ချင်းအော်ပြောလိုက်သည်။ ထိုအချိန်တွင် သူ့ပုံရိပ်က အပြင်ဘက်သို့ ပြေးထွက်သွားပြီး သူ့အဖော်များက မဟူရာကလပ်မှ ကျွမ်းကျင်သူအချို့အား ဝိုင်းရံထားသည်ကိုသာ တွေ့လိုက်ရ၏။ သူက အလျင်စလို အော်ပြောလိုက်သည် “စပိဒါအဖွဲ့ကို ချန်ထားပြီး ချက်ချင်း ထွက်ပြေးကြ”
“ငါတို့က ထွက်ပြေးရမလား”
လေထဲရှိလူအိုကြီးနှင့်ပြောင်မြောက်သောအရှိန်အဝါရှိသည့်ကျွမ်းကျင်သူနှစ်ယောက်က အနည်းငယ်မှင်တက်သွား၏။ ဤအချိန်တွင် မဟူကလပ်မှကျွမ်းကျင်သူအချို့က အခွင့်အရေးအား ဆုပ်ကိုင်မိပုံရသည်။ သူတို့က ဘာတိုက်ခိုက်မှုမှ မထုတ်ဖော်တော့ဘဲ အဆောက်အဉီးဆီသို့ ချက်ချင်းပြေးသွား၏။
လူအိုကြီးက ဒေါမွန်ကာ အော်ပြောလိုက်သည် “ဝီလီယံ…မင်း ခွေးကောင်…ငါ့သားက သူတို့လက်ထဲမှာ သေသွားတာ။ ဒါပေမယ့် အခု ငါတို့က သူတို့ထက် အရေအတွက်ပိုသာနေတာပဲ။ ဘာလို့ ငါတို့က ပြေးရမှာလဲ။ ငါ မင်းကို ကိုယ်တိုင်သတ်မှာကို မင်း မယုံဘူးလား”
ဝီလီယံဟုခေါ်သောကျွမ်းကျင်သူက လူအိုကြီးထံမှ ဒေါသတကြီးကျိန်ဆဲသံကို ကြားပြီး ချက်ချင်း ခါးသီးသွားပုံပေါ်၏။ ဒီမတိုင်ခင်တုန်းက ထွက်ပြေးခြင်းက သူ့စိတ်ထဲရှိ နောက်ဆုံးအရာမျှသာ၊ သို့သော် မဟူရာကလပ်က သံကျီးကန်းအား စေလွှတ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ရွှေအဆင့်လုပ်ကြံသတ်ဖြတ်သူများပင် ဤလူ၏အမိန့်အား လိုက်နာရသည်ကို သိရပေမည်။ ဤလူက မဟူရာကလပ်ရှိထိပ်တန်းဆယ်ယောက်ထဲမှတစ်ယောက်ဖြစ်၏။
“ပြေးသာပြေးစမ်းပါ…”
သူက ရှင်းပြရန် အချိန်မရှိဘဲ အဝေးသို့ လျှပ်စစ်အလား ထွက်ပြေးလိုက်သည်။
ဖူး…
သေနတ်ပစ်လိုက်သည့်အလား ဓားပျံတစ်လက်က သူ့နောက်ကျောအား ရုတ်တရက် ထိုးဖောက်သွား၏။ သူက အော်ညည်းနေသည့်အခိုက်တွင် မျက်နှာဖုံးတပ်သံကျီးကန်း၏ပုံရိပ်က သူ့နောက်၌ ထွက်ပေါ်လာသည်၊ ထို့နောက် သံကျီးကန်းက ဓားအား ပြန်ဆွဲနုတ်ကာ ဝီလီယံ၏လည်ပင်းအား ဖြတ်တောက်လိုက်၏။
ဝီလီယံ၏ဝမ်းနည်းဖွယ်ရာကံကြမ္မာကို မြင်ပြီး အဝေးဆယ်မီတာအကွာရှိ လူအိုကြီးနှင့်စတုန်းကျွမ်းကျင်သူနှစ်ယောက်က ကြောက်လန့်သွားကြ၏။ ဝီလီယံက သူတို့အား ထွက်ပြေးရန် ဘာကြောင့် တိုက်တွန်းသည်ကို နောက်ဆုံးတော့ သူတို့ သဘောပေါက်သွားခဲ့ပြီ။ လူပြက်မျက်နှာဖုံးတပ်လူက အမှန်တကယ်ကြောက်စရာကောင်းသောကြောင့်ပင်။ ဝီလီယံ၏ခွန်အားက သူတို့နှင့် ညီမျှသည်ကို သူတို့အားလုံး သိကြသည်၊ သို့သော် သူက အလွယ်တကူအသတ်ခံခဲ့ရ၏။
“ပြေးကြတော့”
လူအိုကြီးနှင့်စတုန်းဂျိန်းကျွမ်းကျင်သူနှစ်ယောက်က ကမန်းကတန်း ထွက်ပြေးသည်။ သူတို့၏ကျန်ရှိသောအဖော်များကိုပင် ဂရုမစိုက်ကြတော့ပေ။
သံကျီးကန်းက လျင်မြန်စွာ ပြုံးလျက် လူအိုကြီးဆီ လျှပ်စစ်အလား လျင်မြန်စွာ ပျံသန်းသွားသည်။ သူက ငွေရောင်ချိတ်လက်နက်အား ပစ်လွှတ်လိုက်ရာ လူအိုကြီး၏လည်းပင်ထဲသို့ ချက်ချင်း ထိုးဖောက်သွား၏။ ထို့နောက် ငွေရောင်ချိတ်လက်နက်က သူ့လက်ထဲသို့ အလိုအလျောက် ပြန်ရောက်လာသည်။
“သူတို့ကို ထိန်းထားကြ…”
“သံကျီးကန်းက အော်လိုက်သည်။ ရွှေရောင်ဝတ်ရုံသက်လတ်ပိုင်းအရွယ်လူနှစ်ယောက်က စတုန်းဂျိန်းကုမ္ပဏီကျွမ်းကျင်သူနှစ်ယောက်၏အရှေ့၌ ထွက်ပေါ်လာသည်။
“ရွှေအဆင့်လုပ်ကြံသတ်ဖြတ်သူတွေလား။ ချီးလိုပဲ။ မဟူရာကလပ်ရဲ့ရွှေအဆင့်လုပ်ကြံသတ်ဖြတ်သူတွေကို အမိန့်ပေးနိုင်တဲ့ ကျွမ်းကျင်သူတစ်ယောက်လား။ သူက…သူက သံကျီးကန်းပဲ…”စတုန်းဂျိန်းကျွမ်းကျင်သူနှစ်ယောက်က သေမတတ်စိုးရိမ်သွားကြ၏။ သူတို့က ရွှေအဆင့်လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်အား အရူးအမူးတိုက်ခိုက်လိုက်၏။
မြင်ကွင်းမှ လေးကီလိုမီတာကျော်အကွာအဝေးတွင်။
အဆောက်အဉီးထဲတွင် ပါးစပ်ပေါ်တွင် အမာရွတ်တစ်ခုနှင့် လူအိုကြီးက လက်ထဲရှိအဝေးကြည့်မှန်ပြောင်းအား ချကာ အမိန့်ပေးလိုက်သည် “အချိန်ကျပြီ။ အဲဒီမဟူရာကလပ်ကအကောင်တွေကို ချက်ချင်းသတ်ဖြတ်ဖို့ ငါတို့လူတွေကို အကြောင်းကြားလိုက်။ မှတ်ထားပါ၊ မင်းတို့က ပိုသတ်လေလေ၊ မင်းတို့ရမယ့်ဆုလာဒ်က ပိုများလေလေပဲ”
“နားလည်ပါပြီ”
အနက်ရောင်ညဝတ်စုံနှင့်ကျွမ်းကျင်သူများက အပြင်သို့ ပြေးထွက်သွားသည်။ သို့သော် တုတ်ခိုင်သန်မာသောလူက မိုဘိုင်းဖုန်းတစ်လုံးယူထုတ်ကာ ဖုန်းနံပါတ်တစ်ခု ခေါ်လိုက်၏ “အခု လှုပ်ရှားတော့”
စပိဒါအဖွဲ့ဌာနချုပ် အနီးဝန်းကျင်တွင်။
ထန်ရှုက ပြတင်းပေါက်နားတွင် ရပ်ကာ လေထဲရှိတိုက်ပွဲအား ကြည့်ရှုနေ၏။ စိုင်းဖန်ရှိမြေအောက်အဖွဲ့များ၏တိုက်ပွဲက ကျွမ်းကျင်သူများစွာ ထွက်ပေါ်လာစေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရွှေအမြုတေအလယ်ဆင့်ကျွမ်းကျင်သူတစ်ယောက်နှင့်ယှဉ်နိုင်သည့်လူအိုကြီးတစ်ယောက်ပင် ထွက်ပေါ်လာခဲ့၏။
“ပိုပိုပြီး စိတ်ဝင်စားစရာကောင်းလာတာပဲ”
သူက တိုက်ပွဲထဲ၌ ပါဝင်ရန်ပြင်ဆင်မည့်ဆဲဆဲတွင် သူ့မျက်နှာက ရုတ်တရက် အနည်းငယ်ပြောင်းလဲသွား၏။ သူက ထိုးထွင်းသိမြင်မှုအား ချက်ချင်းထုတ်လွှတ်ပြီးနောက် ချက်ချင်း ပြန်ရုတ်သိမ်းလိုက်သည်။
မုန်တိုင်းကျီးကျန်းအဖွဲ့အား အဆုံးသတ်ရန် စောင့်ဆိုင်းနေသော တွမ်ရက်ဂျီက ထန်ရှု၏စကားများကို ကြားပြီး ချက်ချင်း စိတ်လှုပ်ရှားသွားပုံပေါ်ကာ ကမန်းကတန်း မေးလိုက်သည် “ငါတို့ အခု တိုက်ခိုက်ကြတော့မလား၊ သူဌေး”
ထန်ရှုက ပြုံးကာ ခေါင်းခါယမ်းလိုက်သည် “ဒီညနေက အရမ်းသက်ဝင်လှုပ်ရှားနေတာမဟုတ်လား။ ငါ သူတို့ကို ကြိုတင်သတိမပြုမိဘူးဆိုတာ ငါ ဝန်ခံတယ်။ အခု စောင့်နေအုံး…။ အစစ်အမှန်တိုက်ပွဲက အခုမှ စမှာ။ ဒီညမှာ မြေပြင်က အလောင်းတွေ ပုံထပ်ပြီး သွေးရောင်ဆိုးဖို့ ကံကြမ္မာက သတ်မှတ်ထားပုံပဲ”
“ဟမ်”တွမ်ရက်ဂျီက ခေါင်းရှုပ်သွားသည် “မင်း ဘာဆိုလိုတာလဲ၊ သူဌေး။ ငါ နားမလည်ဘူး။ မုန်တိုင်းကျီးကျန်းအဖွဲ့က စပိဒါအဖွဲ့ရဲ့နောက်ဆုံးခံစစ်စည်းကို ထိုးဖောက်ခဲ့ပြီး အခုဆိုရင် သူတို့ရဲ့စစ်ကူတွေကတောင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံနေရတယ်။ သူတို့အားလုံးကို သတ်ဖြတ်ဖို့ မိနစ်အနည်းငယ်တောင် ကြာမှာမဟုတ်ဘူး။ ဒီအချိန်က သူတို့ကို တိုက်ခိုက်ဖို့အကောင်းဆုံးအချိန်လို့ ပြောနိုင်တယ်။ ဘာလို့ တိုက်ခိုက်ဖို့အမိန့်မပေးရတာလဲ၊ သူဌေး”
“တိုက်ခိုက်ဖို့အကောင်းဆုံးအချိန်တဲ့လား၊ ဟမ့်…”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “ငါ မင်းကို တစ်မိနစ်အချိန်ပေးမယ်။ ငါ ဘာဆိုလိုလဲဆိုတာ မင်း သိမှာပါ”
ထိုသို့ပြောပြီးနောက် သူက တွမ်ရက်ဂျီအား ထပ်အာရုံမစိုက်တော့ဘဲ မှန်ဘီလူးနှင့် စပိဒါဌာနချုပ်တစ်ဝိုက်အနေအထားအား ပြန်စောင့်ကြည့်လိုက်သည်။
ဒီမတိုင်ခင်တုန်းက စပိဒါအဖွဲ့တွင် စစ်ကူတစ်သုတ်ရောက်ရှိလာသောကြောင့် တိုက်ပွဲ၏အဆုံးသတ်က ပြောင်းသွားလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ သို့သော် မုန်တိုင်းကျီးကန်းဘက်တွင် အခြေအနေတစ်ခုလုံး ပြောင်းလဲစေမည့် အလွန်အားကောင်းသောကျွမ်းကျင်သူတစ်ယောက်ရှိလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
***