← Chapters

မျှော်လင့်ချက်ဆေးလုံး

Vol. 78 Ch. 1088

မျှော်လင့်ချက်ဆေးလုံး

Vol. 78 Ch. 1088

အကူအညီမဲ့မှုက တွမ်ရက်ဂျီ၏မျက်နှာပေါ်တွင် သိသိသာသာပေါ်နေလေသည်။ မုန်တိုင်းကျီးကန်းအဖွဲ့နှင့်စပိဒါအဖွဲ့ကြားတိုက်ပွဲက အဆုံးသတ်တစ်ခုသို့ ရောက်လာတော့မည်ဟု သူ ခံစားမိသည်။ လက်ရှိအချိန်၌ သူတို့က ဝင်ရောက်တိုက်ခိုက်ခဲ့လျှင် မုန်တိုင်းကျီးကန်းအဖွဲ့က ဆုံးရှုံးမှုကြီးမားလိမ့်မည်မှာ သေချာ၏။

သို့သော် ထန်ရှုက လက်ရှိအချိန်ထိ တိုက်ခိုက်ရန် ဘာကြောင့် အမိန့်မပေးခဲ့သည်ကို သူ နားမလည်နိုင်ပေ။ ဤကား ရွှေအခွင့်အရေးဆုံးရှုံးခြင်းနှင့် ညီမျှသည်မဟုတ်လော။

သို့သော် သူက ထန်ရှု၏အမိန့်အား မဆန့်ကျင်ရဲပေ။ သူက မှန်ဘီလူးအား ထပ်ကိုင်ကာ စပိဒါအဖွဲ့ဌာနချုပ်ရှိ အနေအထားအား စောင့်ကြည့်လိုက်သည်။

ရုတ်တရက် သူ့မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး သူက အနည်းငယ်အံ့အားသင့်သွားသည်။ သူက မှန်ဘီလူးအား ချကာ ထန်ရှုအား လျင်မြန်စွာ ဖြတ်ခနဲကြည့်ပြီးနောက် ထပ်စောင့်ကြည့်လိုက်၏။

ပုံရိပ်အချို့က သူတို့စောင့်ကြည့်နေသောအဆောက်အဉီးကို ဖြတ်ကာ ရွေ့လျားလာနေသည်။ သူတို့၏နောက်ကျောတွင် ဓားရှည်များနှင့် အနက်ရောင်ညဝတ်စုံများ ဝတ်ဆင်ထားကြပြီး သူတို့၏လှုပ်ရှားမှုများက လျှပ်စီးမိုးကြိုးအလား မြန်ဆန်၏၊ သူတို့က အားကောင်းသောကျွမ်းကျင်သူများဖြစ်ကြမှန်း သိသာပေသည်။

လေထဲတွင် သံကျီးကန်းက နောက်ဆုံးတိုက်ကွက်နှင့်အတူ စတုန်းဂျိန်းကျွမ်းကျင်သူနှစ်ယောက်အား သတ်ဖြတ်ခဲ့သည်။ သူက ရွှေအဆင့်လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်နှင့်အတူ စပိဒါအဖွဲ့ဌာနချုပ်ထဲသို့ ဝင်တော့မည်ဆဲဆဲတွင် တတိယအဖွဲ့က သူတို့အား တိုက်ခိုက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူတို့၏အပြုအမူများအရ သူတို့က သတ်ဖြတ်လိုစိတ်နှင့် လာရောက်မှန်း သိသာ၏။

“မင်းတို့က ဘယ်သူတွေလဲ”သံကျီးကန်း၏အသံက ခက်ထန်ပြီး ကျီးကန်းအော်သံအလား အက်ကွဲကွဲဖြစ်၏။

ခါးတွင် စပါးအုံးတစ်ကောင်ရစ်ပတ်ထားသည့် ပါးစပ်အမာရွတ်လူကြီးက စပိဒါဌာနချုပ်အပြင်ဘက်တွင် ထွက်ပေါ်လာပြီး ထေ့ငေါ့လျက် ပြောလိုက်သည် “အဲ၊ မင်းက စိုင်းဖန်လို ဝေးလံခေါင်သီးတဲ့နေရာတစ်ခုမှာ ထွက်ပေါ်လာလိမ့်မယ်လို့ ငါ ဘယ်တော့မှ မထင်ထားခဲ့ဘူး၊ သံကျီးကန်း။ ငါတို့နောက်ဆုံးတွေ့ခဲ့တာ ဆယ်စုနှစ်ကြာပြီမလား။ အရင်တုန်းက မင်း ငါ့ကို အတော်လေးခေါင်းကိုက်စေခဲ့တယ်ဆိုတာ မင်း သိလား၊ ဒါကြောင့် ဒီနေ့က ငါတို့ရဲ့အကြွေးဟောင်းကို ဆပ်ဖို့က အကောင်းဆုံးပဲမလား”

အေးစက်စက်အလင်းတစ်ခုက သံကျီးကန်း၏မျက်လုံးများထဲ၌ လက်သွားသည်။ သူက ရောက်ရှိလာသည့်လူကြီးအား စိုက်ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်ရှိအပြုံးက ချက်ချင်း အရုပ်ဆိုးသွား၏။ သူက ပြောလိုက်၏ “အော်၊ ဘယ်သူများလဲလို့။ နတ်ဆိုးလေဂိုဏ်းရဲ့ဆန်းကြယ်နတ်ဆိုးအိုကြီးပဲ။ မင်းရဲ့တာအိုဆရာသခင်အဆိပ်ကရော ဘယ်နေရာမှာလဲ။ သူ့ကို ခေါ်ထုတ်လိုက်စမ်း။ မင်းတို့လိုကိုယ့်သေတွင်းကိုယ်တူးတဲ့လူပြက်နှစ်ယောက်ကို သတ်ဖြတ်ဖို့က မခက်ခဲပါဘူး”

ဆန်းကြယ်နတ်ဆိုးအိုကြီးက ပြုံးကာ ပြောလိုက်သည် “တာအိုဆရာသခင်အဆိပ်ကို ငါ မတွေ့ရတာ အတော်ကြာပြီ။ ဒါပေမယ့် သူက အခက်အခဲကို မကျော်ဖြတ်နိုင်တာကြောင့် ငါ့ရဲ့ပါတနာဖြစ်ဖို့ အရည်အချင်းမမှီတော့ဘူး။ ဒါပေမယ့် မင်းက ငါမျှော်လင့်ထားတာထက် တကယ်ကျော်လွန်နေတာပဲ၊ မင်းက အရင်ကထက် ပိုအားကောင်းနေတာပဲ။ ဒါပေမယ့် မင်း သိလား၊ မင်းက ဒီနေ့ သေရမှာဆိုတာ ငါ မင်းနဲ့ ချီးစကားတွေပြောဖို့ အချိန်မရှိဘူး”

“မင်းက ဒီလို ရက်စက်ပြီး အကြင်အနာကင်းမဲ့တဲ့လူစားမျိုးပဲ၊ ဆန်းကြယ်နတ်ဆိုးအိုကြီး”သံကျီးကန်းက ပြုံးဖြဲဖြဲလိုက်သည် “ဒါနဲ့ တာအိုဆရာသခင်အဆိပ်က နောက်ဆုံးအတားအဆီးကို ချိုးဖြတ်နိုင်ခဲ့တယ်ဆိုတာ မင်း တကယ်ပဲ မသိတာလား”

ဆန်းကြယ်နတ်ဆိုးအိုကြီးက မှင်တက်စွာ စိုက်ကြည့်လိုက်ပြီး ဒေါသတကြီး ပြောလိုက်၏ “ထွီး…ချီးစကားတွေ…သူ့ရဲ့အရင်အဖော်ဖြစ်တဲ့ငါက ဘာလို့ သူ့ရဲ့စွမ်းအားအဆင့်ကို မသိရမှာလဲ။ မင်းရဲ့ရွံစရာကောင်းတဲ့စကားတွေကို သတိထားစမ်းပါ၊ သံကျီးကန်း။ ငါ မင်းရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖြတ်တောက်ပြီး ငါ့ရဲ့ဧရာမစပါးအုံးကို ကျွေးရအောင် မလုပ်နဲ့”

တုံ့ပြန်သည့်အနေနှင့် သံကျီးကန်းက အထင်သေးစွာ ပြုံးလိုက်သည်။ သူ့အကြည့်က ဆန်းကြယ်နတ်ဆိုးအိုကြီး၏ခါးပေါ်ရှိ ဧရာမစပါးအုံးပေါ်သို့ ကျရောက်သွား၏။ သူ့မျက်ခုံးများက မယုံကြည်နိုင်စွာနှင့် ရုတ်တရက် ကျုံ့သွားပြီး သူက ကျယ်လောင်စွာ အော်ပြောလိုက်သည် “ဆန်းကြယ်နတ်ဆိုးအိုကြီး…မင်းက တကယ်ပဲ အဲဒီအလောင်းသားရဲကို သန့်စင်ခဲ့တာလား။ တောက်…မဟူရာကလပ်ရဲ့လူတွေက လူသတ်ရာမှာ မျက်တောင်မခတ်တဲ့နတ်ဆိုးဘုရင်တွေလို ငါ တွေးထားတာ။ မင်းနဲ့ယှဉ်ရင် ငါတို့က ဘာမှမဟုတ်ပါလား။ ဒီနှစ်တွေမှာ မင်းရဲ့အလောင်းသားရဲကို အစာကျွေးဖို့ လူဘယ်လောက်ထိ မင်း သတ်ခဲ့တာလဲ”

“အဲ၊ အဲ။ မင်းက ငါ့ကို မြင်နိုင်လိမ့်မယ်လို့ ငါ ဘယ်တော့မှ မထင်ထားဘူးပဲ”ဆန်းကြယ်နတ်ဆိုးအိုကြီးက သူ၏မှန်းဆချက်အား အတည်ပြုပေးလိုက်သည် “ငါ လူအများကြီးသတ်ခဲ့တယ် - မှန်တာပေါ့။ ဒါပေမယ့် အရေအတွက်အတိအကျကို ငါ ဘယ်လိုလုပ်မှတ်မိနိုင်မှာလဲ။ ဂဏန်းငါးလုံးကိုတော့ ကျော်မယ်မလား။ ဟားဟားဟား…မင်း သိလား၊ သံကျီးကန်း။ ဒီအလောင်းသားရဲက ငါ့လိုပဲ အားကောင်းတယ်။ မင်း ဒီနေ့ အသက်ရှင်နိုင်လိမ့်မယ်လို့ မင်း ထင်လား”

သံကျီးကန်း၏မျက်နှာက အကြီးအကျယ်ပြောင်းလဲသွားသည်။ သူက ခေါင်းလှည့်ကာ အော်ပြောလိုက်၏ “ကျန်နေတဲ့ရန်သူတွေကို မြန်မြန်သတ်ပြီး ချက်ချင်းပြန်ဆုတ်ကြ…ဒီရွံစရာကောင်းတဲ့အကောင်က ရင်ဆိုင်ရတာ မလွယ်ဘူး”

သံကျီးကန်း၏အော်သံကို ကြားပြီး ဆန်းကြယ်နတ်ဆိုးအိုကြီးက စိတ်အားထက်သန်စွာ ပြုံးလိုက်သည်။ စပါးအုံးမြွေခေါင်းကို ပွတ်သပ်လျက် သူက ရယ်လိုက်၏ “ဟားဟားဟား…သူတို့ကို သတ်။ ငါ ဒီနေ့ အရမ်းပျော်တယ်။ ဒီသံကျီးကန်းရဲ့နှလုံးနဲ့အသည်းကို ငါ့ရဲ့အလောင်းသားရဲကို ကျွေးရမယ်။ ငါ့စကားတွေကို မှတ်ထား…မင်းတို့ ပိုသတ်နိုင်လေ၊ ငါ့ဆီက ဆုလာဒ်တွေ ပိုရလေပဲ”

သူ့စကားကို ကြားပြီး ဆန်းကြယ်နတ်ဆိုးအိုကြီး၏လက်အောက်ရှိလူတိုင်းက စိတ်လှုပ်ရှားသွားကြပုံပေါ်၏။ သူတို့က သူတို့၏ခွန်အား အကုန်ထုတ်လျက် မဟူရာကလပ်ကျွမ်းကျင်သူများအား ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြ၏။

ဟူး…ဟူး…ဟူး…

ဆန်းကြယ်နတ်ဆိုးအိုကြီးလက်အောက်ရှိထိုလူများက မှင်တက်စရာကောင်းလောက်အောင် မသန်မာသော်လည်း သူတို့က သိုင်းဆရာကြီးအဆင့်ကျွမ်းကျင်သူအချို့ထက် အများကြီးပိုသန်မာသည်။ မဟူရာကလပ်ကျွမ်းကျင်သူအချို့က အလွန်သန်မာသော်လည်း မုန်တိုင်းကျီးကန်းအဖွဲ့မှလူအများစုက သာမန်လူများသာ။ တိုက်ခိုက်ခံရလျှင်ချင်း သူတို့အများစုက ချက်ချင်းသေဆုံးသွားခဲ့ကြ၏။

အနီးနားရှိ အဆောက်အဉီးတစ်ခုထဲတွင် ထန်ရှုက တိုက်ခိုက်ရန် ဘာကြောင့် အမိန့်မပေးခဲ့သည်ကို တွမ်ရက်ဂျီက နောက်ဆုံး၌ နားလည်သွားသည်။ နှစ်ဖွဲ့တိုက်ပွဲမှ အကျိုးအမြတ်ရရန် သူတို့တစ်ဖွဲ့တည်း စောင့်ဆိုင်းနေသည်မဟုတ်ပေ။

“ဒါဆို…ငါတို့က မုဆိုးတွေ ဖြစ်လာမှာလား”

မှန်ဘီလူးအား ချကာ တွမ်ရက်ဂျီက ထန်ရှုအား လေးစားစွာ ကြည့်လိုက်သည်။ လက်ရှိအချိန်တွင် သူ၏ရှုပ်ထွေးမှုအားလုံးက ပျောက်ကွယ်သွားတော့၏။ စောစောကသာ ထန်ရှုက တိုက်ခိုက်ရန် အမိန့်ပေးခဲ့လျှင် သူတို့က မုန်တိုင်းကျီးကန်းအဖွဲ့သားများကို သတ်ဖြတ်ပြီးနောက် အခြားအဖွဲ့များက ထွက်ပေါ်လာလျှင် သူတို့၏အနေအထားက ဘယ်လိုဖြစ်မည်ကို သူက စိတ်ကူးယဉ်ရန် ခက်ခဲသည်။ သူတို့က ထိုလူတွေအားလုံးအား ဖယ်ရှားနိုင်လျှင်ပင် သူတို့၏ဆုံးရှုံးမှုက အဆများစွာ တိုးလာမည်မှာ သေချာသ

ဤအချိန်တွင် ထန်ရှုလည်း မှန်ဘီလူးအား ချလိုက်သည်။ အတွေးအကြည့်တစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သူက ရုတ်တရက် ခေါင်းလှည့်ကာ သူ့နောက်ရှိလူများအား ကြည့်ကာ မေးလိုက်သည် “ငါက မင်းတို့ကောင်တွေကို မိစ္ဆာဆေးအချို့ကို ပေး‌မယ်ဆိုရင် မင်းတို့က အဲဒါကို သောက်မှာလားဒါမှမဟုတ်မသောက်ဘူးလား”

“မိစ္ဆာဆေးလုံးတွေလား”

ထန်ကွမ်၊ မိုအားဝူနှင့်ကျန်လူများက ခေါင်းရှုပ်သွားကြပြီး ထန်ရှုအား ပဟေဠိဖြစ်သောအကြည့်များနှင့် ကြည့်လိုက်ကြသည်။

“အဲဒါက မျှော်လင့်ချက်ဆေးလုံးပဲ- လူသေကနေ စိမ့်ထွက်လာတဲ့သွေးနဲ့ ဝိညာဉ်တွေလွင့်ပျံခြင်းကနေကျန်ရစ်တဲ့စွမ်းအင်တို့နဲ့ ပြုလုပ်ထားတဲ့ဆေးတစ်မျိုးပဲ”ထန်ရှုက အေးစက်စွာ ပြော၏ “မင်းတို့ရဲ့စိတ်စွမ်းအားက အားနည်းတယ်ဆိုရင်တော့ ချီဖောက်ပြန်ခြင်းကို ခံစားရလိမ့်မယ်။ ဒါပေမယ့် မင်းတို့ရဲ့နှလုံးသားနဲ့စိတ်ကို ထိန်းချုပ်နိုင်မယ်ဆိုရင် မျှော်လင့်ချက်ဆေးတစ်လုံးကို အသုံးပြုတာက အဆီအနှစ်စုဆောင်းဆေးလုံးဆယ်လုံးကို သုံးစွဲတာထက် ပိုကောင်းတယ်၊ အဲဒါက မင်းတို့ကို အကြီးအကျယ်အကျိုးရှိစေလိမ့်မယ်”

ထန်ကွမ်၊ မိုအားဝူနှင့် ကျန်လူများက တုန်လှုပ်ချောက်ချားစွာနှင့် အကြည့်များ ဖလှယ်လိုက်ကြသည်။ သူတို့က အတော်ကလေးစိတ်ဝင်စားသော်လည်း သူတို့၏အမူအရာများအား ချက်ချင်း မထုတ်ပြကြပေ။

တကယ်တော့ ထန်ရှုပြောခဲ့သည်ကား မိစ္ဆာဆေးလုံးတစ်လုံးပင် မဟုတ်လော။ သို့သော် ထန်ရှုက နတ်ဆိုးဆန်သောလူတစ်ယောက်မဟုတ်သည်ကို သူတို့က သိသည်။ သူတို့က ဤဆေးလုံးအား အသုံးပြုခဲ့လျှင် အနာဂတ်တွင် ငုပ်အောင်းနေသောအန္တရာယ်အချို့က သူတို့အား စောင့်ဆိုင်းနေမည်လော။

သူတို့၏အတွေးများအား မြင်နိုင်သကဲ့သို့ ထန်ရှုက ခေါင်းညိတ်လိုက်သည် “ဒါ မှန်တယ်။ ဒီမျှော်လင့်ချက်ဆေးကို သုံးစွဲပြီးနောက် မင်းတို့ရဲ့စိတ်စွမ်းအားက ဆိုးယုတ်တဲ့အတွေးတွေအားလုံးကို အနိုင်ယူနိုင်ရင်တောင် မင်းတို့ရဲ့အနာဂတ်ကျင့်ကြံခြင်းမှာ စိတ်နတ်ဆိုးတစ်ကောင်အနေနဲ့ ပျော့ကွက်တစ်ခုအဖြစ် အကျိုးဆက်အချို့ ကျန်နေလိမ့်မယ်။ ဒါပေမယ့် ဒီလိုစိတ်နတ်ဆိုးနဲ့ဆိုးယုတ်ခြင်းဗီဇက ငါတို့ရဲ့ကျင့်ကြံခြင်းမှာ အမြဲတမ်းသတိမပြတ်စောင့်ကြပ်ရမယ့်အရာတွေပဲလေ”

မိုအားဝူက ခဏစဉ်းစားကာ ပြောလိုက်သည် “ငါတို့ မင်း‌ပြောတာ နားထောင်ပါ့မယ်၊ ဂိုဏ်းချုပ်။ ဒီမျှော်လင့်ချက်ဆေးကို မင်း ငါတို့ကို သောက်စေချင်တယ်ဆိုရင် ငါတို့ သောက်ပါ့မယ်။ မင်း ငါတို့ကို မသောက်ဖို့ တားမြစ်မယ်ဆိုရင် ငါတို့ ဘယ်တော့မှ မသောက်ပါဘူး။ ဂိုဏ်းချုပ်က ငါတို့ကို ဘယ်တော့မှ ထိခိုက်အောင် မလုပ်ဘူးလို့ ငါ ယုံကြည်ပါတယ်”

ထန်ရှုက ငိုရမလားရယ်ရမလားမသိတော့ပေ။ သူက မျက်လုံးလိမ့်လျက် ခေါင်းခါယမ်းကာ ပြုံးကာ ပြောလိုက်သည် “မင်းက တကယ့်ကောင်ပဲ။ မင်းက ငါ့ဆီ ဘောလုံး ပြန်ပစ်ထုတ်လိုက်တာပေါ့လေ။ ကောင်းပြီ၊ မင်းတို့ရဲ့ကျင့်ကြံခြင်းတိုးတက်လာတဲ့အခါကျရင် မင်းတို့အားလုံး‌ မျှော်လင့်ချက်ဆေးလုံးတစ်လုံးယူသင့်တယ်”

ထိုသို့ပြောပြီးနောက် သူက ခေါင်းလှည့်လိုက်ရာ ထန်ရှုက တွမ်ရက်ဂျီ၏မျှော်လင့်စောင့်စားနေသောအကြည့်အား ရုတ်တရက် သတိပြုမိလိုက်သည်။ သူက ထူးဆန်းသောအမူအရာနှင့် တွမ်အား အကဲဖြတ်ကာ မေးလိုက်သည် “မင်းက ဒီမျှော်လင့်ချက်ဆေးလုံးကို လိုချင်တာလား”

“အာ…ငါ ယူလို့ရမလား၊ သူဌေး”တွမ်ရက်ဂျီက ခြောက်ကပ်ကပ်ပြုံးလိုက်သည်။

ထန်ရှုက တခစ်ခစ်ရယ်ကာ ပြုံးကာ ပြောလိုက်သည် “ရတာပေါ့၊ တွမ်။ ဒါပေမယ့် မင်းက လက်ရှိမှာ အားနည်းလွန်းနေတယ်။ မင်းက အဲဒါကို တိုက်ရိုက်သုံးလိုက်ရင် ကြီးမားတဲ့စွမ်းအင်ကြောင့် မင်းရဲ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားလိမ့်မယ်။ ဒါပေမယ့် မင်းက ဒီနေ့ ဒီနေရာမှာ ရှိနေဖို့ ကံကြမ္မာပါနေမှတော့ ငါ မင်းကိုလဲ ပြင်ဆင်ပေးပါ့မယ်။ မစိုးရိမ်ပါနဲ့။ ငါ မင်းကို ကာကွယ်ပေးမယ်၊ ဒါကြောင့် မင်းကို ကျင့်ကြံခြင်းလမ်းကြောင်းထဲကို တိုက်ရိုက်ခြေချနိုင်ပြီး စစ်မှန်တဲ့ကျင့်ကြံသူတစ်ယောက်ဖြစ်လာနိုင်လိမ့်မယ်”

တွမ်ရက်ဂျီ၏မျက်လုံးများက ကျေးဇူးတင်သောအကြည့်တစ်ခု လင်းလက်သွားသည်။ လိုအပ်လျှင် သူက ဒူးထောက်ကာ ဖိနပ်အား လျှာနှင့် လျက်ရန် အသင့်ရှိ၏။ အင်မော်တယ်လမ်းကြောင်းထဲသို့ ခြေချပြီး အစစ်အမှန်ကျင့်ကြံသူတစ်ယောက်ဖြစ်လာခြင်းက မကြာသေးခင်က သူ အိမ်မက်မက်နေခဲ့ရသောတစ်စုံတစ်ခုဖြစ်သည်။ သူက ထန်ရှု၏စွမ်းအားနှင့် မိုအားဝူနှင့်ကျန်လူများဘယ်လောက်အားကောင်းသလဲကို မြင်တွေ့ပြီးပြီ။ ထို့ကြောင့် သူသည်လည်း ပျံသန်းကာ အဝေးမှ သတ်ဖြတ်နိုင်သောစွမ်းရည်ကို လိုချင်သည်။

“ဒါနဲ့ လောလောဆယ် တိုက်ပွဲကို ဆက်စောင့်ကြည့်နေကြ၊ လူတိုင်းကို ပုန်းနေဖို့ ပြော”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “တိုက်ပွဲရဲ့ရလဒ်မထွက်ပေါ်ခင် ဘာအရိပ်အယောင်တစ်ခုမှ သူတို့ကို မပြမိစေနဲ့။ ငါ ဒီနေရာမှာ အစီအရင်တစ်ခု စီရင်မယ်။ ကျွမ်းကျင်သူမြောက်များစွာ သေဆုံးနေတာကြောင့် ဒီနေရာက ကောင်းချီးနယ်မြေတစ်ခု ဖြစ်လာလိမ့်မယ်”

ထို့နောက် လေထဲရှိ ထန်ရှုအနားတစ်ဝိုက် ချီစီးကြောင်းထဲတွင် အားနည်းသောပြောင်းလဲမှုတစ်ခုက သူ့သတိအား ရုတ်တရက် မြင့်တက်သွားစေသည်။ သို့သော် သူ၏ထိုးထွင်းသိမြင်မှုကို ထုတ်လွှတ်ပြီးနောက် ထိုအတက်အကျအား ထန်အန်းက ဖြစ်ပေါ်စေခဲ့သည်ကို သိလိုက်ရ၏။ သူက ချက်ချင်းပြုံးကာ သူ၏စိတ်ဝိညာဉ်အာရုံအား ပြန်ရုတ်သိမ်းလျက် မေးလိုက်သည် “မကြာသေးမီက မင်းရဲ့အစီအရင်လေ့လာမှုအခြေအနေက ဘယ်လိုရှိလဲ”

ထန်အန်း၏ပုံရိပ်က ထန်ရှု၏ဘေးနားတွင် ထွက်ပေါ်လာပြီး ရိုသေလေးစားစွာ ဖြေလိုက်သည် “တိုးတက်မှုက မဆိုးပါဘူး၊ ဒါပေမယ့် ငါ နားမလည်တဲ့အကြောင်းအရာအချို့ကို ယာယီလွှတ်ချထားပြီး အခြားအစီအရင်တွေကို ဆက်လေ့လာနေတယ်။ နောက်ကျရင် ဆရာသခင်ဆီ သွားပြီး မေးရမယ်”

***

All Chapters