← Chapters

ကမ္ဘာကို အစီအရင်တစ်ခုအဖြစ် အသုံးပြုခြင်း

Vol. 78 Ch. 1089

ကမ္ဘာကို အစီအရင်တစ်ခုအဖြစ် အသုံးပြုခြင်း

Vol. 78 Ch. 1089

စပိဒါအဖွဲ့ချုပ်ဌာနတစ်ဝိုက်ရှိ အနီးဝန်းကျင်အား ထန်ရှုက ဂရုတစိုက် စစ်ဆေးလိုက်သည်။ ၎င်း၏တည်နေရာက ချောင်ကျပြီး ပတ်ဝန်းကျင်တွင် နေထိုင်သူအနည်းငယ်သာရှိသောကြောင့်ဖြစ်၏။ အဆောက်အဉီးအများစုက ရုံးများဖြစ်ကြပြီး အဝေးရှိအထပ်မြင့်အဆောက်အဉီးအနည်းငယ်ကလွဲပြီး ကျန်နေရာများအား စပိဒါအဖွဲ့က ပိုင်ဆိုင်သည်။ ထို့ကြောင့် ဒီညအဖြစ်အပျက် ဖော်ထုတ်ခံရမည်နှင့် ပတ်သက်၍ သူတို့က မစိုးရိမ်ပေ။

အခြားအဖွဲ့များ၏နားနှင့်မျက်လုံးများတို့ကိုလည်း ဖယ်ရှားထားပြီဖြစ်၏၊ ထို့ကြောင့် ထန်ရှုက ထပ်မံစစ်ဆေးမနေတော့ပေ။ သူက စပိဒါအဖွဲ့ဌာနချုပ်အား အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်ပြီးနောက် အစီအရင်တည်ဆောက်ရန်တည်နေရာအား ဆုံးဖြတ်လိုက်သည်။ ကျောက်စိမ်းအပိုင်းအစအား ဖုံးကွယ်အမှတ်အသားတစ်ခုစီတွင် ချထားပြီးနောက် သူက သူ့အသံအား အခြားတစ်ဖက်ရှိထန်အန်းထံ ပို့လွှတ်လိုက်သည်-

“အနာဂတ်မှာ မင်း ငါ့နောက် လိုက်လာတဲ့အခါကျရင် အစီအရင်နဲ့ပတ်သက်ပြီး ဘာမဆို မင်းမေးနိုင်တယ်။ ဒီကဏ္ဍမှာ အကောင်းဆုံးလို့ ငါ ပြောရဲတယ်”

ထန်အန်းက တုံ့ဆိုင်းသွားပုံပေါ်ပြီး သူမက အံကြိတ်ကာ မေးလိုက်သည် “ဒါဆို ငါ မင်းကို မေးချင်တာ တစ်ခုရှိတယ်၊ ဆရာအဘိုး။ ငါ့ဆရာနဲ့ယှဉ်ရင် ဆရာအဘိုးရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်က အတိအကျ ဘာလဲ။ အစီအရင်မှာ ဆရာအဘိုးရဲ့အောင်မြင်မှုက ငါ့ဆရာသခင်ထက် ပိုကောင်းတာလား”

ထူးဆန်းသောအပြုံးတစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သူက ပြန်ပြောလိုက်သည် “အတိတ်မှာ ယန်အာကို ငါက မြှင့်တင်ပေးခဲ့တာ၊ ဒါကြောင့် သူမက ငါ့ထက် ပိုအားနည်းတယ်။ သူမက သူမရဲ့အထွတ်အထိပ်စွမ်းအားကို ပြန်ရလာရင်တောင် သူမနဲ့ငါ့ကြားကွာဟချက်က ချောက်နက်တစ်ခုလိုပဲ။ ဒါပေမယ့် အစီအရင်အရ ယန်အာက ဘယ်အတိုင်းအတာအထိ အောင်မြင်ခဲ့သလဲ ငါ မသိဘူး၊ ဒါပေမယ့် ငါ သိတာကတော့ အင်မော်တယ်ကမ္ဘာကထိပ်တန်းအန္တိမအဆင့်ကျွမ်းကျင်သူတွေကတောင် ငါ့ရဲ့အဆုံးစွန်းအစီအရင်ကို ဘယ်တော့မှ မချိုးဖြတ်နိုင်ဘူးဆိုတာပဲ”

ထန်အန်၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး သူမက ထပ်မေးလိုက်သည် “အင်မော်တယ်ကမ္ဘာမှာ အန္တိမအဆင့်ကျွမ်းကျင်သူတွေက တကယ်ပဲ အားကောင်းတာလား၊ ဆရာအဘိုး”

“ဟားဟားဟား”ထန်ရှုက ရယ်ကာ ပြောလိုက်သည် “မင်းသိလား၊ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေကတောင် အန္တိမအရှင်တစ်ယောက်ရဲ့အရှေ့မှာ ကလေးငယ်တွေလိုပဲ။ အန္တိမအဆင့်ရောက်နိုင်တဲ့အင်မော်တယ်တစ်ယောက်စီကို အင်မော်တယ်တွေထဲမှာ အကောင်းဆုံးလို့ ပြောလို့ရတယ်။ အန္တိမအဆင့်ကျွမ်းကျင့်သူတစ်ယောက်က နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မယ်ဆိုရင် သူဒါမှမဟုတ်သူမက နတ်ဘုရားကမ္ဘာကို တက်လှမ်းနိုင်လိမ့်မယ်”

“နတ်ဘုရားတွေလား။ သူတို့က တကယ်ပဲ တည်ရှိတာလား”ထန်ရှုက အံ့အားသင့်စွာနှင့် မေးလိုက်သည်။

“ဒါပေါ့၊ နတ်ဘုရားတွေက တည်ရှိတာပေါ့။ ဒါပေမယ့် နတ်ဘုရားတစ်ယောက်ဖြစ်ဖို့ဆိုတာ ခက်ခဲလွန်းတယ်။ အထူးသဖြင့်…အာ၊ ထားလိုက်တော့။ တိုတိုတုတ်တုတ်ပဲ ပြောတော့မယ်။ နှစ်သိန်းချီကြာတဲ့အထိ အင်မော်တယ်ကမ္ဘာမှာ အန္တိမအရှင်တစ်ယောက်မှ နတ်ဘုရားကမ္ဘာကို မတက်လှမ်းနိုင်ခဲ့ဘူး၊ ဒါပေမယ့် မဝေးသေးတဲ့အချိန်တစ်ခုတုန်းကတော့ အန္တိမအရှင်တစ်ယောက်က နတ်ဘုရားကမ္ဘာကို တက်လှမ်းဖို့ဖြစ်နိုင်ခဲ့တယ်။ ဒါမေပယ့် သနားစရာတစ်ခုကတော့…”

“ သနားစရာတစ်ခုလား”ထန်အန်းက ကမန်းကတန်း မေးလိုက်သည် “ဘာကြောင့် သနားစရာကောင်းရတာလဲ၊ ဆရာအဘိုး။ ပြီးတော့ အဲဒီအင်မော်တယ်ပုံရိပ်က ဘယ်သူလဲ။ ကြည့်ရတာ သူက အားကောင်းလွန်းပုံပဲ…”

ရှုပ်ထွေးသောအကြည့်တစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သူက လက်ဝှေ့ယမ်းကာ ပြန်ဖြေလိုက်သည် “ငါတို့က ခေါင်းစဉ်လွဲနေပြီ၊ ဒါကြောင့် ဒါကို မေ့ထားလိုက်တော့။ အစီအရင်ကို ငါ ဘယ်လိုခင်းကျင်းသလဲဆိုတာ သေချာကြည့်ထား။ မင်း အဲဒါရဲ့တစ်ထောင်ပုံတစ်ပုံပဲ နားလည်ရင်တောင် မင်းအတွက် အရမ်းအကျိုးရှိလိမ့်မယ်”

သိလိုစိတ်တို့ နိုးကြွားလာပြီးမှ ထန်ရှုက ပုတ်ချလိုက်သဖြင့် ထန်အန်းက အနည်းငယ် စိတ်ပျက်သွားသည်။ နဂါးကိုးကောင်ကျွန်းသို့ ပြန်ရောက်သည်နှင့် သူမဆရာအား ဤအကြောင်းနှင့် ပတ်သက်ပြီး ပြန်မေးရန် ဆုံးဖြတ်လိုက်သည်။ အင်မော်တယ်ကမ္ဘာမှဘယ်အန္တိမအရှင်ကများ နတ်ဘုရားကမ္ဘာသို့ တက်လှမ်းရန် မျှော်လင့်နိုင်ရသနည်း။ ဘာအတွက်ကြောင့် ဆရာအဘိုးက သူ့အတွက် စိတ်မကောင်းဖြစ်ရသနည်း။

ထန်ရှုက အစီအရင်အား ဖြည်းဖြည်းချင်း ခင်းကျင်းနေသည်။ သူက သွေးမျိုးစေ့အစီအရင်အား လျင်မြန်စွာ မခင်းကျင်းချင်သည်တော့မဟုတ်၊ သို့သော် သူရွေးချယ်ထားသောတည်နေရာက စပိဒါဌာနချုပ်မှငါးကီလိုမီတာခန့်တွင် တည်ရှိသောကြောင့်ပင်။ ထို့ကြောင့် အစီအရင်က အလွန်ကျယ်သည်။

ထို့ပြင် သူက လက်ရှိတိုက်ခိုက်နေသောနှစ်ဖွဲ့လုံးအား သတိပေးသလို မဖြစ်စေချင်ပေ။

တဖြည်းဖြည်းနှင့် စပိဒါဌာနချုပ်ရှိနှစ်ဖက်ကြားတိုက်ပွဲက ပိုပြင်းထန်လာချိန်တွင် ထန်ရှုက သွေးမျိုးစေ့အစီအရင်အား အောင်မြင်စွာ ခင်းကျင်းနိုင်ခဲ့ပြီး အသက်သွင်းခြင်းနောက်ဆုံးအဆင့်အား ပြီးမြောက်ခဲ့သည်။

“မင်း စီရင်တဲ့အစီအရင်က တကယ်ဆန်းကျယ်လွန်းတယ်၊ ဆရာအဘိုး။ ၎င်းရဲ့အနှစ်သာရတစ်မိနစ်စာကိုတောင် ငါ သတိမပြုမိနိုင်ဘူး”ရှက်ရွံ့မှုက ကြေးမျက်နှာဖုံးအောက်ရှိ ထန်အန်း၏မျက်နှာပေါ်တွင် ထင်ဟပ်သွားသည်။

“ကောင်းပြီလေ၊ အစီအရင်အကြောင်း ပို နားလည်လာလေလေ၊ မင်းကိုယ်မင်း အသိတိမ်တယ်ဆိုတာ သိလာလေလေပဲ”ထန်ရှုက ရယ်ကာ ပြောလိုက်သည် “ပြောရမယ်ဆိုရင် အစီအရင်မှာ ငါ့ရဲ့အောင်မြင်မှုက အထွတ်အထိပ်ကို ရောက်ရှိပြီးဆိုပေမယ့် ငါ့အနေနဲ့ ထူးခြားတဲ့အစီအရင်များစွာကို ဆုပ်ကိုင်ဖို့ ခက်ခဲနေသေးတယ်ဆိုတာ တွေ့ရှိခဲ့တယ်။ အစီအရင်ပညာရပ်ဆိုတာ အရမ်းကျယ်ပြောတယ်ဆိုတာ စိတ်ထဲမှာ မှတ်ထားပါ။ အင်မော်တယ်မရေမတွက်များစွာက အသိအမှတ်ပြုတဲ့အစီအရင်မဟာဆရာသခင်တစ်ယောက်ဖြစ်လာတဲ့အခါ ငါ ဘာဆိုလိုလဲဆိုတာ မင်း နားလည်လာလိမ့်မယ်”

ထန်အန်းက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည် “မင်းရဲ့စကားတွေကို ငါ မှတ်ထားပါ့မယ်၊ ဆရာအဘိုး”

ထန်ရှုက ပြုံးကာ ဘာမှထပ်မပြောတော့ပေ။ ထန်အန်းက ဘေးသို့ ရွေ့လျားလျက် ပျောက်ကွယ်သွား၏၊ ထို့နောက် သူက မိုအားဝူ၊တွမ်ရက်ဂျီနှင့်ကျန်လူများစောင့်နေသောအဆောက်အဉီးသို့ လျင်မြန်စွာ ပြန်ရောက်လာသည်။ ထိုနေရာတွင် သွေးမျိုးစေ့အစီအရင်၏မျက်လုံးအား ထားနိုင်သည်၊ ထို့ကြောင့် သူက အဆောက်အဉီးထဲတွင် ရှိနေသရွေ့ အစီအရင်အား အချိန်မရွေး လွယ်ကူစွာ အသက်သွင်းနိုင်၏။

“အစီအရင် ခင်းကျင်းပြီးသွားပြီလား၊ ဂိုဏ်းချုပ်”သူ့ကို မြင်ပြီး မိုအားဝူက ချက်ချင်းမေးလိုက်သည်။

“ပြီးသွားပြီ။ တိုက်ပွဲအဆုံးသတ်တာ စောင့်နေဖို့ပဲ လိုတော့တယ်”ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်ခင်းကျင်းတဲ့အစီအရင်တွေက အမြဲတမ်းလိုလို အားကောင်းတယ်”မိုအားဝူက တုံ့ဆိုင်းပြီးနောက် ဆက်ပြော၏ “ဒါပေမယ့် ဘာလို့ မင်း အဲဒါကို တိုက်ရိုက်အသက်သွင်းပြီး အဲဒီနှစ်ဖွဲ့ကို သတ်ဖို့ အသုံးမပြုတာလဲ”

နတ်ဆိုးသားရဲသောင်းချီအား သုတ်သင်နိုင်သော ထန်ရှု၏အစီအရင်က ဘယ်လောက်ကြောက်စရာကောင်းသလဲကို မိုအားဝူနှင့်ကျန်လူများက မြင်တွေ့ပြီးပြီ။ သို့သော် ဤနေရာတွင် ရန်သူနှစ်ရာအောက်သာရှိသည်၊ သူတို့အားလုံးအား သတ်ရန် ပိုလွယ်ကူသည်မဟုတ်လော။

“အစီအရင်တိုင်းမှာ မတူညီတဲ့တည်ဆောက်ပုံတစ်ခုနဲ့ စွမ်းအားအမျိုးမျိုးရှိတယ်ဆိုတာ မင်း သိလား”ထန်ရှုက ခေါင်းခါယမ်းကာ ရှင်းပြလိုက်သည် “ငါ စီရင်ခဲ့တာက သွေးမျိုးစေ့အစီအရင်ပဲ။ ၎င်းရဲ့အဓိကရည်ရွယ်ချက်က မျှော်လင့်ချက်ဆေးလုံးကို သန့်စင်ဖို့ပဲ။ ငါက ပိုကြမ်းကြုတ်တဲ့အစီအရင်တစ်ခုကို ခင်းကျင်းမယ်ဆိုရင် သူတို့အားလုံးကို သတ်ပစ်နိုင်တာပေါ့။ ဒါပေမယ့် အဲဒါက စိတ်ဝိညာဉ်စွမ်းအားနဲ့အသက်အားကို ပျောက်ကွယ်စေပြီး မျှော်လင့်ချက်ဆေးလုံးကို သန့်စင်တဲ့အခါမှာ အားနည်းတဲ့သက်ရောက်မှုတွေ ဖြစ်စေလိမ့်မယ်”

မိုအားဝူက လျှပ်တစ်ပြက်အတွင်း နားလည်လိုက်ပြီး နက်ရှုင်းသောအသံနှင့် ပြောလိုက်သည် “ကျေးဇူးပြုပြီး စိတ်ချပါ။ ဂိုဏ်းချုပ်က အစီအရင်ရဲ့စွမ်းအားကို အသုံးပြုဖို့ ရည်ရွယ်ချက်မရှိရင်တောင် ငါတို့က အဲဒီရန်သူတွေကို သတ်ပစ်နိုင်ပါသေးတယ်။ ငါ သူတို့အားလုံးကို ‌စောင့်ကြည့်နေတာ၊ သူတို့ထဲက နှစ်ယောက်ပဲ ငါတို့လောက် သန်မာတာ၊ ကျန်တဲ့လူတွေက ချက်ချင်းသတ်လိုက်လို့ရတယ်”

“မင်း ဘယ်သူ့ကိုမှ အထင်မသေးရဘူး”ထန်ရှုက အေးစက်စွာ ပြန်ချေပလိုက်သည် “သူတို့ရဲ့ရန်သူတွေကို အထင်သေးတဲ့သူတွေက လူသေတွေ ဖြစ်သွားတတ်ကြတယ်။ မင်းရဲ့ရန်သူက မွေးကာစကလေးတစ်ယောက်ဆိုရင်တောင် မင်းရဲ့ရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ မင်းက သေရေးရှင်ရေးအခြေအနေမှာ ရှိတယ်ဆိုတာ ဘယ်တော့မှ မမေ့နဲ့”

“နားလည်ပါပြီ…”

မိုအားဝူက ထန်ရှု၏ဆုံးမမှုအား နှိမ့်ချလျက် လက်ခံသည်။ ကျန်လူများကလည်း ခေါင်းညိတ်လိုက်ကြ၏။

စပိဒါအဖွဲ့ဌာနချုပ်။

သံကျီးကန်းနှင့်ဆန်းကြယ်နတ်ဆိုးအိုကြီးတို့က တိုက်ပွဲမှ ခွဲထွက်လာသည်။ နောက်ဆုံးပိတ်အသေအကျေတိုက်ပွဲမစတင်ရသေးသော်လည်း သူတို့နှစ်ယောက်က အကွက်ပေါင်းတစ်ရာကျော် ဖလှယ်ထားပြီဖြစ်၏။ ဆန်းကြယ်နတ်ဆိုးအိုကြီးက အရမ်းအားကောင်းသော်လည်း သူက သံကျီးကန်းထက် တစ်ဆင့်နိမ့်သည်။ စပါးအုံးမြွေက သံကျီးကန်းအား ပြင်းပြင်းထန်ထန်တိုက်ခိုက်နေခြင်းကြောင့်သာ သူ့အား သံကျီးကန်းက အနိုင်မယူနိုင်ခြင်းဖြစ်၏။

အဟွတ်…အဟွတ်…

သံကျီးကန်းက သူ့ရင်ဘက်အား ကာလိုက်သည်။ စပါးအုံးအစွယ်ကြောင့် သူ့အဝတ်အစားများက ဆုတ်ပြဲသွား၏။ သူက သွေးတစ်ပွက်အန်လိုက်ပြီး သူ့မျက်လုံးများက စပါးအုံးမြွေနှင့်ဆန်းကြယ်နတ်ဆိုးအိုကြီးပေါ် ကျရောက်သွား၏။

ဆန်းကြယ်နတ်ဆိုးအိုကြီး၏ပါးစပ်ထောင့်တွင် သွေးစွန်းထင်နေသည်ကို မြင်နိုင်သည်။ သို့သော် သံကျီးကန်းက သူ့ထက် အများကြီး ပိုဆိုးသည်ကို မြင်နိုင်ပြီး သူနှင့်စပါးအုံးတို့ကသာ ဤအတိုင်းဆက်တိုက်ခိုက်သွားလျှင် သံကျီးကန်းက သေရပေလိမ့်မည်။ ဤအချိန်တွင် သူက အရူးအမူးရယ်လိုက်ချင်၏။ အတိတ်တွင် သံကျီးကန်းကြောင့် သူက ထွက်ပြေးခဲ့ရသည်။ ကံကောင်းစွာနှင့် သူက တာအိုဆရာသခင်နှင့် လက်တွဲကာ သေဆုံးခြင်းမှ လွတ်မြောက်သွား၏။ သူက သံကျီးကန်းအား မသတ်ချင်ပေ၊ ထို့အစား ဒင်းအား ညှင်းပန်းနှိပ်စက်ချင်သည်။ သနားငဲ့ညှာပေးရန်အတွက် သူ့အား ဒူးထောက်တောင်းပန်မည်အား မြင်ရန် မစောင့်နိုင်တော့ပေ။

“သံကျီးကန်း၊ မင်းရဲ့အသက်ကို ချမ်းသာပေးဖို့အတွက် အလဲအလှယ်အနေနဲ့ မဟူရာကလပ်က ရွှေအဆင့်လုပ်ကြံသတ်ဖြတ်သူတွေကို အမိန့်ပေးနိုင်တဲ့မင်းရဲ့ရာထူးကို စွန့်လွှတ်ရမယ်ဆိုရင် ဘယ်လိုလဲ”ဆန်းကြယ်နတ်ဆိုးအိုကြီးက ဟန်လုပ်ပြုံးလိုက်သည်။

သံကျီးကန်းက ခေါင်းခါလိုက်၏။ သူက နှုတ်ခမ်းပေါ်ရှိ သွေးသုတ်ကာ ပြုံးလိုက်သည် “ဒီနေ့ မင်း ငါ့ကို တကယ် သတ်နိုင်မယ်လို့ ထင်နေတာလား၊ ဆန်းကြယ်နတ်ဆိုးအိုကြီးရဲ့။ ဒါက ရယ်စရာကောင်းတဲ့အိမ်မက်ပဲ။ ငါက မင်းနဲ့မင်းရဲ့ရွံ့စရာကောင်းတဲ့မွန်းစတားကို မရင်ဆိုင်နိုင်ပေမယ့် မင်း ငါ့ကို သတ်ဖို့ ခက်ခဲတယ်ဆိုတာ မင်း တွေ့ရမှာပါ”

ချက်ချင်းလျှင်ပင် မီးပန်းတစ်ခုက သူ့လက်ထဲ၌ ထွက်ပေါ်လာပြီး မီးလျှံတစ်ခုက သူ့လက်ဖဝါးပေါ်၌ ပေါက်ကွဲထွက်လာကာ မီးပန်းအား ရှို့လျက် လေထဲ၌ ပေါက်ကွဲထွက်စေသည်။

“ဒါက…သူက ပြန်ဆုတ်ဖို့ အချက်ပေးလိုက်တာလား”

“ပြန်ဆုတ်ကြ…”

“ထွက်ခွာကြ…”

မဟူရာကလပ်၏ကျန်ရှိနေသောအဖွဲ့ဝင်များက ခွန်အားပြည့်ညှစ်ထုတ်ကာ ဝန်းရံနေသောရန်သူများအား နောက်ဆုတ်ရန် ဖိအားပေးလိုက်သည်။ လျင်မြန်စွာနှင့် သူတို့က ပူးပေါင်းလျက် လွတ်မြောက်ရာသွေးခင်းလမ်းကြောင်းတစ်ခု ဖောက်ထွင်းရန် အားထုတ်လိုက်၏။

အထင်သေးသောအပြုံးတစ်ခုက ဆန်းကြယ်နတ်ဆိုးအိုကြီး၏မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သူက အော်ပြောလိုက်၏ “ကောင်းကင်မူလအလံကို အသက်သွင်းကြ…”

လျှပ်တစ်ပြက်အတွင်း သတ်ဖြတ်ခြင်းအရှိန်အဝါများ ဆူပွက်လျက် အနက်ရောင်ဝတ်ကျွမ်းကျင်သူရှစ်ယောက်က ပတ်ဝန်းကျင်ရှိလျှို့ဝှက်တစ်နေရာမှ ပြေးထွက်လာသည်။ သူတို့အားလုံးက အခြေခံအုတ်မြစ်နှောင်းပိုင်းအဆင့်ခွန်အားရှိ၏။ သူတို့၏ပုံရိပ်များက ရိပ်ခနဲလှုပ်ရှားသွားပြီး အနက်ရောင်အလံရှစ်ခုက အသက်ရှုချိန်အနည်းငယ်အတွင်း မြင့်တက်လာခဲ့သည်။

ဝီ…

ငါးကီလိုမီတာအချင်းဝက်တစ်ခု ဖုံးလွှမ်းထားသည့် အစီအရင်တစ်ခုက ချက်ချင်း ဖြစ်ပေါ်လာပြီး စပိဒါဌာနချုပ်တစ်ခုလုံးအား လွှမ်းခြုံသည့် အမှောင်စွမ်းအင်ဒိုင်းကာတစ်ခုက ထွက်ပေါ်လာ၏။ အနက်ရောင်စွမ်းအင်ဒိုင်းကာက လေထဲ မီတာတစ်ရာအမြင့်အား ဖုံးအုပ်သွားပြီး ဉီးတည်ဘက်တိုင်းရှိ စွမ်းအင်များက အနက်ရောင်အလံရှစ်ခုဆီသို့ အရူးအမူး လိမ့်တက်လာသည်။

ဤအခါတွင်မှ သံကျီးကန်းက စိုးရိမ်မှုတို့ ဖြစ်တည်လာသည်။ သူက အနက်ရောင်အလံရှစ်ခုအား မယုံကြည်နိုင်စွာ စိုက်ကြည့်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည် “ဒါက တာအိုဆရာသခင်အဆိပ်ရဲ့အမြတ်နိုးဆုံးရတနာဖြစ်တဲ့ကောင်းကင်မူလအလံပဲ။ ဒါက မင်းလက်ထဲမှာ ဘယ်လိုလုပ်ပြီး ထွက်ပေါ်လာတာလဲ။ မင်းက သူ့ကို သတ်ပြီး သူ့ရဲ့အမြတ်နိုးဆုံးရတနာကို လုယူခဲ့တာလား”

ရက်စက်ယုတ်မာသောအပြုံးတစ်ခုက ဆန်းကြယ်နတ်ဆိုးအိုကြီး၏မျက်နှာပေါ်၌ ထွက်ပေါ်လာသည်။ သူက လက်မထောင်ကာ အံ့အားသင့်စွာ ပြောလိုက်သည် “ဒါက ရွံစရာကောင်းတဲ့ကောက်ချက်ချစွမ်းရည်ပဲ၊ ဆန်းကြယ်နတ်ဆိုးအိုကြီး။ ငါ၊ ဆန်းကြယ်နတ်ဆိုးအိုကြီးက လူမရေမတွက်များစွာ သတ်ခဲ့တယ်၊ လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုအတွင်း ငါ ရိတ်သိမ်းခဲ့တဲ့အသက်အရေအတွက်က အနည်းဆုံးဂဏန်းငါးလုံးရှိတယ်။ ဒါပေမယ့် ငါ့ဘဝမှာ ဘယ်တော့မှ မသတ်မယ့် တစ်ဉီးတည်သောလူက တာအိုဆရာသခင်အဆိပ်ပဲ။ သူက ငါ့အသက်ကို အကြိမ်ပေါင်းမရေမတွက်များစွာ ကယ်တင်ခဲ့တဲ့သူပဲ”

***

All Chapters