ရွှေအမြုတေ *
Vol. 78 Ch. 1091
သူက ရေခဲတွင်းကျသွားသလို ဆန်းကြယ်နတ်ဆိုးအိုကြီးက ခံစားလိုက်ရသည်။ သူ့အိမ်မက်ထဲလျှင်ပင် သူ အားထုတ်လေ့ကျင့်ပေးထားသည့်ကျွမ်းကျင်သူရှစ်ယောက်က လျှပ်တစ်ပြက်အတွင်း အသတ်ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ဒီလောက်တောင် သန်မာတာ…”
သူ့နောက်လိုက်များက သူနှင့်ညီမျှသောခွန်အားရှိသောကြောင့် ဤလူငယ်တွင် သူ့ကို သတ်ရန် လုံလောက်သောစွမ်းအားရှိသည်ကို သူ ယခုသေချာသွားခဲ့ပြီ။
ထန်ရှုအား စိုက်ကြည့်ရင်း ဆန်းကြယ်နတ်ဆိုးအိုကြီးက လေးလံသောအသံနှင့် အော်လိုက်သည် “မင်းက အတိအကျ ဘယ်သူလဲ။ ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး၊ ဘာလို့ မင်းက ငါတို့ကို ဖယ်ရှားချင်ရတာလဲ”
“ဟမ့်။ စောနက ငါ့ကို သတ်ဖို့ မင်းရဲ့လူတွေကို အမိန့်ပေးတုန်းက မင်းက စိတ်ဝိညာဉ်အပြည့်နဲ့ပါလား”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “ဒါကို လျှပ်တစ်ပြက်အတွင်း မင်း ဘယ်လိုလုပ် မေ့နိုင်ရတာလဲ”
“ဒါက မင်းက ငါ့ကို အရင်ဆုံးသတ်ချင်တာကိုး၊ ဒါကြောင့် ငါ့လူတွေကို အမိန့်ပေးခဲ့တာ…ငါ လုပ်ခဲ့တာက တရားမျှတတဲ့ကိုယ့်ကိုယ်ကိုယ်ကာကွယ်မှုပါပဲ”လူအိုကြီးက ကမန်းကတန်း ပြောလိုက်သည် “ဆရာ၊ မင်းက ဒီလောက်အားကောင်းတာ၊ ငါက မင်းပြိုင်ဘက်မဟုတ်ပါဘူး။ မင်းမှာ အလွန်သန်မာတဲ့နောက်လိုက်တွေရှိပြီး သူတို့အားလုံးက ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတွေပါပဲ။ ဒါမေပယ့် အတိအကျ မင်းက ဘယ်သူလဲ၊ ဘာလို့ ငါတို့ကို သတ်ချင်ရတာလဲ”
“ဟီးဟီး။ ငါတို့ဘယ်သူလဲဆိုတာ မင်းက သိဖို့လိုလို့လား”ထန်ရှုက ရယ်ကာ ပြောလိုက်သည် “ငါ့ရဲ့သွေးမျိုးစေ့အစီအရင်ထဲမှာ ချိတ်ပိတ်ထားတဲ့ရန်သူအားလုံးက အဆုံးသတ်တစ်ခုပဲ ရှိတယ်- သေခြင်းပဲ။ မင်းက အကြောင်းပြချက်တစ်ခုလိုချင်တယ်ဆိုရင် ငါ မင်းကို ပြောနိုင်တာပဲ၊ စိုင်းဖန်ကမြေအောက်အဖွဲ့တွေအားလုံးကို ထိန်းချုပ်ချင်တဲ့သူတွေက သေရမယ်ဆိုတာပဲ”
သွမ်မုလင်က ခဏမှင်တက်သွားသည်။ ထို့နောက် သူက ဒေါသတကြီး အော်ပြောလိုက်သည် “မဟုတ်တာ။ ငါတို့က စိုင်းဖန်ရဲ့ဒေသခံတွေမဟုတ်ဘူး၊ စိုင်းဖန်ရဲ့မြေအောက်အဖွဲ့တွေကို ထိန်းချုပ်ဖို့ ငါတို့မှာ ဘာအတွေးမှ မရှိဘူး။ ငါက မဟူရာကလပ်နဲ့ဟိုကောင်သံကျီးကန်းနဲ့ရော ရန်ငြိုးရှိတယ်။ ငါ့လူတွေကို ဒီနေရာကို ခေါ်လာတာ ရည်ရွယ်ချက်တစ်ခုပဲရှိတယ်- သံကျီးကန်းနဲ့မဟူရာကလပ်မှဘယ်သူ့ကိုမဆို သတ်ဖြတ်ဖို့ပဲ”
“ဒီလိုလား”
သူ့အား ထူးဆန်းသောအကြည့်နှင့် တစ်ချက်ကြည့်လျက် ထန်ရှု၏ချောမောခန့်ညားသောမျက်နှာပေါ်တွင် နောင်တရမှုတစ်ခုပေါ်လာပြီး သူက သက်ပြင်းချလိုက်သည် “မဟူရာကလပ်နဲ့ငါက နက်ရှိုင်းတဲ့ရန်ငြိုးရှိတာကြောင့် အခု မင်းရဲ့ရည်ရွယ်ချက်ကို သိလိုက်ရတော့ ငါ မင်းကို မသတ်သင့်တော့တဲ့ပုံပဲ။ ဒါဆိုရင်တော့ မင်းဘေးနားက အလောင်းသားရဲက မင်းကို သတ်ဖို့ လုံလောက်တဲ့အကြောင်းပြချက်ပဲ”
ဆန်းကြယ်နတ်ဆိုးအိုကြီးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “ဒီအကြောင်းပြချက်မျှလား”
“ငါက သူတော်စင်တစ်ယောက်မဟုတ်ဘူး”ထန်ရှုက ပြောသည် “သေခြင်းရှင်ခြင်းကို ကံကြမ္မာက ထိန်းချုပ်ထားတယ်ဆိုတာ ငါ နားလည်တယ်၊ ချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေက ကံဇာတ်ဆရာရဲ့အလိုကျပဲ။ တစ်ခုပဲ၊ မင်းက မင်းမှာ ပြောင်မြောင်တဲ့စွမ်းအားရှိတဲ့အတွက်ကြောင့်နဲ့ မင်းက ဒီလောက်များတဲ့လူတွေကို သတ်ဖြတ်ခဲ့တယ်။ မင်းက ဒီကမ္ဘာမှာ ဆက်အသက်ရှင်နေမယ်ဆိုရင် အနာဂတ်မှာ လူတွေက ပိုပြီး ထိခိုက်ပျက်ဆီးလိမ့်မယ်။ လူအများစုက မင်းနဲ့ဒီအလောင်းသားရဲရဲ့လက်ထဲမှာ သေဆုံးရလိမ့်မယ်”
သွမ်မုလင်က သွေးပျက်သွားပုံပေါ်သည်။ ထန်ရှု၏အကြောင်းပြချက်က မှန်သလားမှားသလားဆိုသည်ကို သူ မပြောနိုင်သော်လည်း ဤလူက သူ့အား ယနေ့ထွက်သွားခွင့်မပေးမည်မှာ သေချာသည်။ သက်ပြင်းတစ်ချက်ရှိုက်လျက် သူက ချက်ချင်း နောက်ဆုတ်ကာ အလံရှစ်ခုကို ထုတ်လွှတ်လျက် ဒေါသတကြီး အော်လိုက်သည် “ငါ့ကို သွားခွင့်ပေးပါ။ အနာဂတ်မှာ ဘယ်သူ့ကိုမှ ထပ်မသတ်တော့ဘူးလို့ ငါ အာမခံတယ်၊ မဟုတ်ရင် ငါ ဒီနေ့ မင်းရဲ့လက်ထဲမှာ သေရမယ်ဆိုရင်တောင် ငါ မင်းကို ကြီးမားတဲ့တန်ဖိုးတစ်ခု ပေးရအောင်လုပ်မယ်”
“မင်းက ငါ့ကို ချိန်းချောက်နေတာလား”ထန်ရှုက သူ့အား အထင်သေးစွာ ကြည့်လျက် တုံ့ပြန်လိုက်သည်။ သူက တိုက်ခိုက်မည့်ဆဲဆဲတွင် တစ်ခုခုအား ရုတ်တရက် သတိရလိုက်ပြီး လူအိုကြီးအား ချက်ချင်းကြည့်ကာ မေးလိုက်သည် “မင်းက ငါ့ရဲ့မေးခွန်းကို ဖြေပေးနိုင်မယ်ဆိုရင် ငါ မင်းရဲ့ရွံစရာကောင်းတဲ့အသက်ကို ချမ်းသာပေးနိုင်ပါတယ်”
ဆန်းကြယ်နတ်ဆိုးအိုကြီး၏အသားအရောင်က ပြောင်းလဲသွားပြီး သူက အလျင်စလိုမေးလိုက်သည် “ဘာများလဲ။ မေးပါ။ အဲဒါကို ငါ သိသရွေ့ ငါ မင်းကို ဘာတစ်ခုမှ မဖုံးကွယ်ပါဘူး”
သူ့အသံအား အာမခံနိုင်မည်ဆိုလျှင် ဘယ်လိုလျှို့ဝှက်ချက်မဆို ဖော်ထုတ်ရန် ထိုက်တန်သည်။
“မင်း စိုင်းဖန်မှာ ရှိနေတာ အချိန်အချို့ရှိပြီမလား”ထန်ရှုက မေးလိုက်သည် “လွန်ခဲ့တဲ့ရက်အနည်းငယ်က ဒီနေရာမှာ တိုက်ပွဲတစ်ခုဖြစ်ခဲ့တယ်။ ကျင့်ကြံသူအချို့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တဲ့ဆန်းကြယ်တဲ့လူတစ်စုပဲ။ မင်းက ဒီဆန်းကြယ်တဲ့လူတွေရဲ့ဇာစ်မြစ်ကို ပြောပြနိုင်မယ်ဆိုရင် ငါ မင်းအသက်ကို ချမ်းသာပေးမယ်”
လူအိုကြီးက မှတ်ဉာဏ်အား ခဏ ပြန်ခေါ်လိုက်သည်။ ထန်ရှု၏မျက်လုံးများကို မြင်လိုက်ရသောအခါ သူက အနည်းငယ်စိတ်သက်သာရာရသလို ခံစားမိပြီး လေးနက်သောအမူအရာနှင့် ပြောလိုက်သည် “မင်း အခြားသူတွေကို မေးရင် တစ်ယောက်မှ မင်းမေးခွန်းကို ဖြေနိုင်လိမ့်မယ်လို့ ငါ မထင်ဘူး။ ငါ မြင်ကွင်းတစ်ခုကို မြင်တွေ့ရတာ တိုက်ဆိုင်မှုတစ်ခုပဲ။ ကြည့်ရတာ အဲဒီကျင့်ကြံသူတွေက မင်းရဲ့လူတွေ ဖြစ်ပုံပဲ”
“မှန်တယ်။ သူတို့က ငါ့လူတွေပဲ”ထန်ရှုက မဖုံးကွယ်ဘဲ ခေါင်းညိတ်လိုက်သည်။
“ပြောရရင် မင်းရဲ့လူတွေက အရမ်းသန်မာပါတယ်”လူအိုကြီးက သက်ပြင်းချလိုက်သည် “ဒါပေမယ့် သူတို့က အက်စ်အိုအီးကုမ္ပဏီရဲ့ထိပ်တန်းတပ်ဖွဲ့နဲ့ တွေ့ဆုံခဲ့တာပဲ။ သူတို့က မျိုးရိုးဗီဇပြောင်းလဲမှုအမျိုးမျိုးကြုံတွေခဲ့ရတဲ့မျိုးရိုးဗီဇစစ်သည်တော်တွေပဲ။ ဒါပေမယ့် ဒီမျိုးရိုးဗီဇစစ်သည်တော်တွေရဲ့ခေါင်းဆောင်က ဒိုလန်အိမ်တော်ရဲ့အထူးချွန်ဆုံးပါရမီရှင်ဖြစ်တဲ့အိန်ဂျယ်လိုဒိုလန်ပဲ”
‘ဒိုလန်အိမ်တော်လား’
အေးစက်စက်အလင်းတစ်ခုက ထန်ရှု၏မျက်လုံးများထဲ၌ လင်းလက်သွားသည်။ သူက လက်ချောင်းတစ်ချောင်းဆန့်ထုတ်ကာ နက်ရှိုင်းသောအသံနှင့် မေးလိုက်၏ “ငါ့ကို ပြောပါ၊ ဒီအိန်ဂျယ်လိုဉီးဆောင်တဲ့အက်စ်အိုအီးရဲ့မျိုးရိုးဗီဇစစ်သည်တော်တွေက အခု ဘယ်မှာလဲ။ မင်းမှာ ဒီအခွင့်အရေးတစ်ခုပဲ ရှိတယ်၊ မဟုတ်ရင် မင်းက မကြာခင် အသေသားအဖြစ် ပြောင်းသွားရလိမ့်မယ်။ ပြီးရင် ငါ လိုချင်တဲ့အဖြေကို ရဖို့ မင်းရဲ့မှတ်ဉာဏ်တွေကို စိတ်ဝိညာဉ်ရှာဖွေပညာရပ်နဲ့ ရှာဖွေရလိမ့်မယ်”
‘စိတ်ဝိညာဉ်ရှာဖွေပညာရပ်လား’
ဆန်းကြယ်နတ်ဆိုးအိုကြီးက မတုန်လှုပ်ဘဲ မနေနိုင်ပေ။ တရုတ်ရှိနတ်ဆိုးဆန်သောကျင့်ကြံသူအချို့က သဘာဝတရားကိုဆန့်ကျင်သည့်နည်းလမ်းတစ်ခုဖြစ်သည့်စိတ်ဝိညာဉ်ရှာဖွေခြင်းပညာရပ်ကို ကျွမ်းကျင်ကြသည်ဟု တာအိုဆရာသခင်အဆိပ်ထံမှ သူ ကြားဖူးသည်။ သူတို့က ရှင်သည်ဖြစ်စေသို့မဟုတ်သေသည်ဖြစ်စေ၊ ဤပညာရပ်ဖြင့် ရန်သူ၏မှတ်ဉာဏ်အားလုံးအား ရှာဖွေနိုင်သည်။
“သူက…နတ်ဆိုးကျင့်ကြံသူတစ်ယောက်များလား”
သူက သက်ပြင်းတစ်ချက်ရှိုက်လျက် ပြန်ပြောလိုက်သည် “ငါက အဲဒီအက်စ်အိုအီးကကောင်တွေနဲ့ ဘာရန်ငြိုးမှ မရှိပါဘူး၊ အချို့ကဏ္ဍတွေမှာတောင် ငါတို့က အတူတူပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်။ ဒါပေမယ့် ဒိုလန်အိမ်ရဲ့အဲဒီပါရမီရှင်က ငါ့ကို မျက်နှာသာတစ်ခုပေးထားတယ်၊ ဒါကြောင့် သူတို့ စိုင်းဖန်ကို ရောက်လာပြီးနောက် ငါ့ကို လာတွေ့ခဲ့တာပဲ၊ ဒါကြောင့် ငါ သူတို့ရဲ့တည်နေရာကို သိနေရတာ။ မင်းက သူတို့ကို ရှာဖွေချင်တယ်ဆိုရင် ပစိဖိတ်ရေပိုင်နက်မှာ သွားရှာပါ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူတို့က ပင်လယ်ထဲကို သွားတဲ့ ကျင့်ကြံသူအချို့ကို ခြေရာခံလိုက်နေတယ်၊ မဟုတ်ရင် စပိဒါအဖွဲ့က ဒီလိုသနားစရာကောင်းတဲ့အဆုံးသတ်တစ်ခုနဲ့ ကြုံတွေ့ရမှာမဟုတ်ဘူး”
ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “မင်း ဒါ ဘာဆိုလိုတာလဲ။ အက်စ်အိုအီးဒါမှမဟုတ်ဒိုလန်အိမ်တော်က စပိဒါဌာနချုပ်နဲ့ နက်နက်ရှိုင်းရှိုင်းဆက်စပ်နေတယ်လို့ မင်း ဆိုလိုတာလား”
“စပိဒါအဖွဲ့ကို ဒိုလန်အိမ်က ထိန်းချုပ်ထားတယ်ဆိုတာ မင်း မသိဘူးလား”လူအိုကြီးက ထူးဆန်းသောအမူအရာနှင့် မေးလိုက်သည် “အက်စ်အိုအီးလဲ သူတို့နဲ့ ပေါင်းစည်းထားတယ်။ မုန်တိုင်းကျီးကန်းအဖွဲ့ကလည်း မဟူရာကလပ်နဲ့ ပေါင်းစည်းထားတာပဲ၊ အိန်ဂျယ်လိုဒိုလန်က အက်စ်အိုအီးရဲ့မျိုးရိုးဗီဇစစ်သည်တော်တွေကို ခေါ်ပြီး ပင်လယ်ထဲကို သွားတယ်ဆိုတာ သူတို့က သတင်းရသွားတာ ဖြစ်ရမယ်၊ ဒါကြောင့် သူတို့က စပိဒါဌာနချုပ်ကို တိုက်ခိုက်ရဲတာ”
ထိုအချိန်တွင် ကြောက်စရာကောင်းသောအရှိန်အဝါတစ်ခုက ထန်ရှုထံမှ ထွက်ပေါ်လာပြီး နတ်ဆိုးအိုကြီးက အလွန်ထိတ်လန့်သွားသည်။ သူက မတောင့်ခံနိုင်ဘဲ ဆယ်မီတာကျော် နောက်ဆုတ်လိုက်ရ၏။ ပေါက်ကွဲထွက်လာသောအရှိန်အဝါအရ ထန်ရှုက သူ့ထက် အနည်းဆုံး ဆယ်ဆပိုသန်မာသည်ကို သူက အာရုံခံမိနိုင်သည်။ ထန်ရှုအနေနှင့် သူ့အား သတ်ဖြတ်ရန်က အကြွင်းမဲ့လွယ်ကူသည်။
“ဟေ၊ ငါ မင်းရဲ့မေးခွန်းကို ဖြေမယ်ဆိုရင် မင်း ငါ့ကို ချမ်းသာပေးမယ်လို့ ပြောခဲ့တာမလား”လူအိုကြီးက လျင်မြန်စွာ အော်ပြောလိုက်သည်။
“ငါ မင်းကို ချမ်းသာပေးနိုင်ပါတယ်၊ ဒါပေမယ့် ငါ မင်းအသက်ကို ထိန်းချုပ်ရမယ်”ထန်ရှုက စိတ်မပါစွာနှင့် ပြောလိုက်သည် “မင်း စိတ်ဝိညာဉ်စာချုပ်တစ်ခုကို ချုပ်ဆိုရမယ်။ မင်း သဘောတူမယ်ဆိုရင် ငါ မင်းကို သွားခွင့်မေးမယ်၊ အနာဂတ်မှာ မင်းရဲ့အပြုအမူတွေကို ငါ ကန့်သတ်မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်း ငြင်းပယ်ရင် နောက်ကျရင် ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို မင်း ထုတ်ပြောလိမ့်မယ်၊ ဒါကြောင့် မင်းကို ဒီအတိုင်း အသက်ရှင်လျက် ထွက်သွားခွင့်ပေးဖို့က ငါ့အတွက် ခက်ခဲတယ်”
“မင်းက မင်းရဲ့စကားတွေကို ပြန်ရုတ်သိမ်းတာလား။ မင်းက တကယ်ကို ကလိမ်ကျစ်ပဲ”ဆန်းကြယ်နတ်ဆိုးအိုကြီးက အော်လိုက်သည်။
“ငါ့ရဲ့စကားတွေကို ငါ ပြန်မရုတ်သိမ်းပါဘူး’ထန်ရှုက ထူးမခြားနားစွာ ပြောလိုက်သည် “ငါ မင်းကို သွားခွင့်ပြုမယ်လို့ ပြောခဲ့ရုံပဲ၊ ဒါပေမယ့် မင်း ထွက်သွားပြီးရင် ငါနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ မထုတ်ဖော်မိစေဖို့ မင်းရဲ့အသက်ကို ငါ ထိန်းချုပ်ထားရမယ်”
“ဟမ့်၊ ငါ မင်းနဲ့ စိတ်ဝိညာဉ်စာချုပ်တစ်ခု ချုပ်ဆိုရင်တောင် မင်းလုပ်ခဲ့တာတွေကို မဖြန့်ဖို့ ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား”ဆန်းကြယ်နတ်ဆိုးအိုကြီးက နှာခေါင်းရှုံ့လိုက်သည် “ဒါက ဘာမှမဟုတ်တဲ့ဆင်ခြေတစ်ခုပဲ။ မင်းက ငါ့ကို ခုခံတာကို လက်လျှော့စေချင်ပြီး မင်းက ငါ့ကို အသုံးချချင်တာမလား”
ဝှစ်…
ကူးဝါကို၏ပုံရိပ်က ထန်ရှု၏ဘေးနား၌ ချက်ချင်း ထွက်ပေါ်လာသည်။ သူ့မျက်လုံးများက ဆန်းကြယ်နတ်ဆိုးအိုကြီးအပေါ် ရိုက်ခတ်သွားပြီး အထင်သေးစွာ ပြေလိုက်သည် “ငါတို့ဂိုဏ်းချုပ်က ရှင့်ကို သတ်ချင်ရင် ဘာဆင်ခြေမှ ပေးစရာမလိုဘူး။ လက်တစ်ချောင်းလှုပ်ရုံနဲ့ ရှင့်ရဲ့စိတ်ဝိညာဉ်ကို ဖြန့်ကြဲဖို့ လုံလောက်တယ်၊ သူ့အနေနဲ့ ရှင့်အပေါ် ဘာလှည့်ကွက်မှ သုံးစရာမလိုဘူး။ ရှင့်ကို ဆန်းကြယ်နတ်ဆိုးအိုကြီးလို့ ခေါ်တယ်မလား။ ကျွန်မရှင့်ကို ပြောပါရစေ၊ ငါ့ဂိုဏ်းချုပ်ရဲ့စိတ်ဝိညာဉ်စာချုပ်က ရှင့်ကို ထိခိုက်စေမှာ မဟုတ်ဘူး၊ အဲအစား ရှင့်ကို ကြီးမားတဲ့ကံကောင်းမှုတစ်ခုတောင် ပေးအုံးမှာ၊ ကျွန်မက အသက်ရှင်နေတဲ့ဉပမာတစ်ခုပဲ…”
ဆန်းကြယ်နတ်ဆိုးအိုကြီးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “မင်းလဲ သူနဲ့ စိတ်ဝိညာဉ်စာချုပ်တစ်ခု ချုပ်ဆိုခဲ့တာလား၊ ဒါက ဘယ်လိုအရာမျိုးလဲ”
“စိတ်ဝိညာဉ်စာချုပ်က ရှင့်ရဲ့ခန္ဓာကိုယ်ထဲမှာ ဂိုဏ်းချုပ်စိုက်ထားတဲ့မျိုးစေ့တစ်ခုနဲ့ တူတယ်၊ အဲဒါက ဗုံးတစ်ခုလို ဆောင်ရွက်လိမ့်မယ်။ ဂိုဏ်းချုပ်က ဆန္ဒရှိနေသရွေ့ ရှင့်ရဲ့စိတ်ဝိညာဉ်က ဖြန့်ကြဲပြီး ရှင်က မရှုမလှ သေရလိမ့်မယ်။ ဒါကြောင့် ရှင်က ဂိုဏ်းချုပ်ကို နာခံရမယ်၊ ဒီလိုမှ ရှင် ကောင်းကောင်းမွန်မွန်အသက်ရှင်နိုင်မယ်”
“ဒီလောက်ကြောက်စရာကောင်းတာတောင် မင်းက သူနဲ့ စိတ်ဝိညာဉ်စာချုပ်ကို ချုပ်ရဲသေးတာလား”ဆန်းကြယ်နတ်ဆိုးအိုကြီးက ပြန်ချေပလိုက်၏။
“လွန်ခဲ့တဲ့တစ်နှစ်နဲ့ခြောက်လလောက်က ကျွန်မက အတော်လေးအားကောင်းတဲ့သိုင်းပညာရှင်တစ်ယောက်ဆိုပေမယ့် ဘာမှမဟုတ်တဲ့ ပိုးမွှားတစ်ကောင်သာသာပဲ”ကူးဝါကိုက နှာခေါင်းရှုံ့လိုက်သည် “ဒါပေမယ့် လက်ရှိအချိန်မှာ ကျွန်မက ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်နေပြီ။ ဒါတွေအားလုံးက အတားအဆီးတွေကို ဖယ်ရှားနိုင်အောင် ကူညီပေးခဲ့တဲ့ဂိုဏ်းချုပ်ကို ကျေးဇူးတင်ရမှာပဲ၊ ဒါကြောင့် ကျွန်မက လက်ရွေးစင်စစ်သည်များစွာကို လေ့ကျင့်ပေးနိုင်ခဲ့တယ်။ ဒါက ကျွန်မက ကျော်ကြားတဲ့အဆင့်အတန်း၊ ခွန်အားနဲ့ ကြွယ်ဝမှုတွေအားလုံးကို ရရှိစေခဲ့တဲ့အကြောင်းပြချက်ပဲ၊ ကျွန်မက အရာအားလုံးနီးပါးကို ရရှိခဲ့တယ်။ ဒါပေမယ့် ဂိုဏ်းချုပ်က ကျွန်မကို ခက်ခဲအောင် ဘာတစ်ခုမှ မလုပ်ခဲ့ဘူး၊ သူက ကျွန်မရဲ့သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်ပေမယ့် ကျွန်မကို ဆိုးကျိုးဖြစ်စေတာ ဘာမှ မလုပ်ခဲ့ဘူး။ ရှင်က ဒီလိုကြီးမားတဲ့အခွင့်အလမ်းတစ်ခုကို လိုချင်တယ်ဆိုရင် ဒါကို လက်ခံပြီး ဂိုဏ်းချုပ်ရဲ့အမိန့်ကို နာခံပါ။ ရှင်ရရှိမယ့်အကျိုုးအမြတ်က ရှင်ကိုယ်တိုင်အားထုတ်တာထက် ပိုများလိမ့်မယ်”
ဆန်းကြယ်နတ်ဆိုးအိုကြီးက ကူဝါကိုအား စိုက်ကြည့်လိုက်သည်။ အချိန်တစ်ခုကြာပြီးနောက် သူက နောက်ဆုံး၌ ခက်ခက်ခဲခဲနှင့် မေးလိုက်၏ “မင်းက ရွှေအမြုတေအဆင့်စွမ်းအားရှိပေမယ့် မင်းက တရုတ်မဟုတ်ဘူး၊ မင်းက အခြားတိုင်းပြည်က ကျင့်ကြံသူတစ်ယောက်မလား”
“ကျင့်ကြံခြင်းက လူမျိုးတွေ၊ နိုင်ငံတွေ မခွဲဘူး”ကူဝါကိုက ပြန်ပြောလိုက်သည် “ကျွန်မက ဂျပန်လူမျိုးဖြစ်ပေမယ့် ဂိုဏ်းချုပ်က ကျွန်မကို သူ့ရဲ့ကိုယ်ပိုင်မိသားစုလိုပဲ ဆက်ဆံတာ”
‘ဂျပန်လူမျိုးကျင့်ကြံသူလား’
ဆန်းကြယ်နတ်ဆိုးအိုကြီးက ထန်ရှုအား မယုံကြည်နိုင်စွာနှင့် လှည့်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းများက အကြိမ်အနည်းငယ် လှုပ်ယမ်းသွားပြီးနောက် လက်မထောင်ကာ ချီးကျူးလိုက်သည် “မင်းက တကယ် အံ့အားသင့်စရာပဲ၊ ဆရာ”
“ကူဝါကိုက မင်းကို အမြောက်အများ ပြောခဲ့ပြီးပြီ ဒါကြောင့် ငါ မင်းရဲ့အဓိပ္ပါယ်မရှိတဲ့စကားတစ်ခုမှ ဂရုစိုက်မှာ မဟုတ်ဘူး”ထန်ရှုက ထူးမခြားနားစွာ ပြောလိုက်သည် “လက်ရှိမှာ မင်းမှာ လမ်းကြောင်းနှစ်ခုပဲ ရှိတယ်။ အညံ့ခံပြီး စိတ်ဝိညာဉ်စာချုပ်တစ်ခု ချုပ်ဆို ဒါမှမဟုတ်ရင် ဒီနေရာမှာပဲ ငါ သတ်တာကို ခံလိုက်၊ ဒါဆိုရင် မင်းရဲ့ရွှေအမြုတေစွမ်းအင်ကို သုံးပြီး အများကြီးပိုကောင်းတဲ့မျှော်လင့်ချက်ဆေးကို ငါ သန့်စင်နိုင်ပြီ”
ဆန်းကြယ်နတ်ဆိုးအိုကြီးက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောလိုက်သည် “အရင်ဆုံး ငါ သိချင်တာတစ်ခုရှိတယ်။ မင်းကို အညံ့ခံဖို့ ငါ ရွေးချယ်မယ်ဆိုရင် နောက်ကျရင် မင်း ငါ့ကို ဘာလုပ်စေချင်တာလဲ။ မင်း ဒါဖြေမယ်ဆိုရင် ငါ့ရဲ့ရွေးချယ်မှုကို ငါ ချက်ချင်း ပြုလုပ်နိုင်တယ်”
“မင်းက မဟူရာကလပ်နဲ့ ရန်ငြိုးရှိတာမလား”ထန်ရှုက စိတ်မဝင်စားစွာနှင့် ပြန်မေးလိုက်၏ “ငါ မင်းကို သူတို့ထဲ ထိုးဖောက်စိမ့်ဝင်စေချင်တယ်။ အနာဂတ်မှာ မဟူရာကလပ်ကို ငါ သုတ်သင်တဲ့အခါ မင်းနဲ့ငါ ပူးပေါင်းဆောင်ရွက်နိုင်တာပေါ့။ ပြီးတော့…အက်စ်အိုအီးကုမ္ပဏီလည်းပါတယ်၊ သူ့နောက်ကွယ်က တည်ရှိမှုဖြစ်တဲ့ ဒိုလန်အိမ်တော်ရောပဲ”
***