← Chapters

ဗေဒင်ဟောမှာလား

Vol. 74 Ch. 1032

ဗေဒင်ဟောမှာလား

Vol. 74 Ch. 1032

အပြာရောင် ကျောက်သားနန်းတော်ကြီးမှာ ခမ်းနားတော်ဝင်သော အရှိန်အဝါကို ပေးစွမ်းနေသည်။

ထိုနန်းတော်သည် အလွန်အရေးပါသော နေရာတစ်ခုဖြစ်ကြောင်း သိသာလှသည်။

နန်းတော်သခင်သည်လည်း ဆရာ့ဆရာကြီး ဖြစ်ပေလိမ့်မည်။

ကောင်းကင်ဘုံလိပ်မျိုးနွယ်စုတွင် ကျင့်ကြံရေးအဆင့်နှင့် နက္ခတ်ပညာအား အလေးထားကြသည်။

ကျင့်ကြံရေးအဆင့်မြင့်လေ သက်တမ်းရှည်လေပင်။

သက်တမ်းရှည်လေ နက္ခတ်ပညာအား နားလည်နိုင်လေဖြစ်သည်။ မည်သို့မဆို နှစ်ပေါင်းသောင်းနှင့်ချီကာ နက္ခတ်ပညာအား လေ့လာကြပါက တစ်စုံတစ်ခု ကျွမ်းကျင်တတ်မြောက်လာလိမ့်မည်။ အန်လင်းသည် နက္ခတ်ပြမြေပုံအား နန်းတော်သခင်ထံပေးရန် ဆုံးဖြတ်ထားလေသည်။

“ဘီလူးအန်လင်း နန်းတော်နားမှာ မန္တာန်ဝင်္ကပါတွေ ရှိတယ်။”

တီနာ သတိပေးလိုက်သည်။

အန်လင်း၏ မျက်ဆံများမှာ အဖြူရောင်အဖြစ် ပြောင်းလဲသွားပြီးနောက် ရှုပ်ထွေးလှသော မန္တာန်ဝင်္ကပါများအား တွေ့လိုက်ရသည်။

အတွင်းပိုင်း ဝင်္ကပါသည် နန်းတော်တစ်ခုလုံးအား လွှမ်းခြုံထားသည်။ အပြင်ပိုင်း ဝင်္ကပါသည် အတွင်းပိုင်း ဝင်္ကပါအား အုတ်မြစ်အဖြစ် အသုံးပြုကာ ကျွန်းတစ်ခုလုံးကိုပင် ဖုံးလွှမ်းနေလေသည်။

အန်လင်း အသက်ရှူသံများ ပြင်းသွားရသည်။

“ကြည့်ရတာ နန်းတော်သခင်ကို သွားရှုပ်လို့ မရလောက်ဘူး။”

သူသည် အခြားသူတစ်ဦးအား သွားရှာရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်မှာပင် ဝင်္ကပါတွင် အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။

“ဒါက....”

အန်လင်း အံ့အားသင့်သွားသည်။

ငါတို့ကို ဖိတ်ခေါ်နေတာလား......

တီနာနှင့် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာသည်လည်း အန်လင်းအား ကြည့်ရှုလာကြသည်။

“ကြည့်ရတာ တစ်ယောက်ယောက်က ငါတို့ကို ဖိတ်နေပုံပဲ။ သွားသင့်လား။”

အန်လင်း မေးမြန်းလိုက်သည်။

“သူတို့သာ တိုက်ချင်ရင် ဒါမျိုးတွေတောင် လုပ်မနေလောက်ဘူး။”

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာ တုံ့ပြန်လာသည်။

“ဟုတ်တယ်။ ပြီးတော့ ငါတို့ကြားမှာ ရန်ငြှိုးလည်း မရှိဘူးလေ။ ကြောက်စရာ မလိုပါဘူး။”

တီနာ ထောက်ခံလိုက်သည်။

၎င်းတို့နှစ်ဦးသည် ကြောက်ရွံ့နေပုံ မရပေ။

အန်လင်းသာ အကြောက်ကြီးနေပါက ယောက်ျားတစ်ယောက် မဟုတ်တော့ပေ။

“ကောင်းပြီလေ။ ငါတို့ သွားကြတာပေါ့။”

အန်လင်းမှာ လေးနက်သော အမူအရာဖြင့် အရှေ့မှ ဦးဆောင်သွားလိုက်သည်။

နန်းတော်ထဲတွင် နက္ခတ်ပညာနှင့် သက်ဆိုင်သော ပစ္စည်းများ၊ ဗေဒင်ပညာနှင့်ဆိုင်သော အရာများ၊ ကြေးပြားများ၊ အရိုးများ စသဖြင့် ထူးထူးဆန်းဆန်း ပစ္စည်းများ ရှိနေသည်။

နန်းတော်အလယ်တွင်မူ လိပ်ကြီးတစ်ကောင် ရှိနေလေသည်။

၎င်းသည် အန်လင်းအားကြည့်ကာ ညင်သာစွာ ပြုံးလိုက်သည်။

“အဝေးက မိတ်ဆွေတွေပဲ။”

“မင်္ဂလာပါ စီနီယာရဲ့ ပိုင်နက်ကို မတော်တဆ ရောက်လာတာပါ။”

အန်လင်း အရိုအသေ ပေးလိုက်သည်။

လိပ်ကြီးသည် ကြောက်မက်ဖွယ် ကောင်းပါသော်လည်း စကားအပြောအဆို သိမ်မွေ့လှသည်။

“ငါတို့တွေ့ဖို့က ကံကြမ္မာက သတ်မှတ်ပြီးသားပါ။”

အန်လင်း အမူအရာ ပြောင်းလဲသွားသည်။

“စီနီယာ ကျွန်တော်တို့ကို ဘာလို့ဝင်ခွင့်ပေးခဲ့တာလဲ။”

“မင်းတို့က လာချင်နေလို့လေ။”

လိပ်ကြီး တုံ့ပြန်လာသည်။

အန်လင်း : “.....”

လိပ်ကြီး အန်လင်းအား ကြည့်ရှုလိုက်သည်။

“မစတော့ပါဘူး။ ငါတို့က တွေ့ခွင့်ပါနေတာလေ။ မင်းရဲ့အနာဂတ်ကို ဟောပေးရမလား။”

အနာဂတ်လား.....

အန်လင်း စိတ်လှုပ်ရှားသွားသည်။

ကောင်းကင်ဘုံလိပ်မျိုးနွယ်စုသည် နက္ခတ်ပညာတွင် တဖက်ကမ်းခတ် ကျွမ်းကျင်ကြသည်။

သို့သော် ထိုလိပ်အကြီးအကဲသည် အဘယ့်ကြောင့် လိုလိုလားလား ဟောပေးချင်နေပါသနည်း။

လိပ်ကြီးသည် အန်လင်းအားကြည့်ကာ ပြုံးလိုက်သည်။

“မင်းရဲ့အတိတ်ကို ပြောပြရင်ရော။ အမှားပါခဲ့ရင် မင်းအတွက် တစ်ခုခု ပြန်လုပ်ပေးမယ်လေ။”

အန်လင်း မျက်ဝန်းများ တောက်ပသွားသည်။

“သဘောတူပါတယ်။”

ထိုလိပ်ကြီးအား နက္ခတ်ပြမြေပုံနှင့် ပက်သတ်၍ အကူအညီတောင်းရန် အခွင့်အရေး ရလာလောက်သည်။

လိပ်ကြီးသည် အန်လင်းနား ကပ်လာသောကြောင့် အရှိန်အဝါ တစ်ခုကို ခံစားလိုက်မိသည်။

အန်လင်းသည်လည်း လိပ်ကြီး၏ မျက်ဝန်းများအား တည့်တည့်ကြည့်ရှုလိုက်သည်။

လိပ်ကြီး၏ မျက်ဝန်းပြာများတွင် သင်္ကေတများစွာ ဖြစ်ပေါ်လာလေသည်။

အန်လင်းမှာ ငေးငေးကြောင်ကြောင် ဖြစ်သွားရသည်။

သူ့ထံတွင်လည်း အံ့ဖွယ်မာယာဟူသော ဂမ္ဘီရကျင့်စဥ်တစ်ခု ရှိပါသော်လည်း အန္တရာယ် များလွန်းသောကြောင့် မသုံးဖြစ်ပေ။

လိပ်ကြီး၏ မျက်ဝန်းများမှာ ရုတ်တရက် ပိတ်သွားသည်။

၎င်းသည် ခေါင်းခြေလက်များအားလုံး လိပ်ခွံထဲ ပြန်ဝင်သွားလေသည်။

နန်းတော်တစ်ခုလုံး တိတ်ဆိတ်နေသည်။

အန်လင်း ကြောင်တောင်တောင် ဖြစ်သွားမိသည်။

ဘာလဲဟ.....

“စီနီယာ....”

အန်လင်း ခေါ်ကြည့်လိုက်ပါသော်လည်း တုံ့ပြန်သံ မကြားရပေ။

သူစိတ်ရှုပ်သွားရသည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက်....

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေဆဲပင်။

အန်လင်း : “.....”

တီနာ : “....”

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာ : “...”

“စီနီယာက အိပ်သွားတာများလား။”

တီနာ စကားဆိုလာသည်။

အန်လင်း မျက်လုံးပြူးသွားသည်။

“ဟ..... အဲ့လိုလည်း ရတာပဲလား။ ငါတို့ကို ဂရုမစိုက်တာလား။”

“ခူး....”

“ခလော....”

ဟောက်သံများပက် ထွက်ပေါ်လာသည်။

အန်လင်း : “.....”

တီနာသည်ပင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“တကယ်ကြီး အိပ်နေတာပဲ။”

အန်လင်း မျက်နှာပျက်သွားရသည်။

“သွားရအောင်။”

သူသည် နန်းတော်ထဲ ဆက်မနေချင်တော့ပေ။

“စီနီယာကို မနှိုးတော့ဘူးလား။”

တီနာ မေးမြန်းလာသည်။

အန်လင်း အေးစက်စက် ပြုံးလိုက်သည်။

“ဘာလို့နှိုးရမှာလဲ။ အိပ်ပါစေတော့။ တခြားလိပ်တစ်ကောင် ရှာကြတာပေါ့။”

စကားပြောနေရင်း အိပ်သွားသူကို သူမမြင်ဖူးပေ။

ထို့ကြောင့် အန်လင်းမှာ အနည်းငယ် စိတ်တိုနေသည်။

“စီနီယာမှာ သူ့အခက်အခဲနဲ့သူ ရှိရင်ရှိမှာပေါ့။”

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာ အကြံပြုလိုက်သည်။

“အခက်အခဲ.....”

အန်လင်းသည် ဟောက်သံများ တသောသော ထွက်နေသည့် လိပ်ခွံအား လှမ်းကြည့်မိသည်။

သူသည် အံ့ဖွယ်အာရုံ ဖြန့်ကျက်ကြည့်ပါသော်လည်း လိပ်ခွံအား ဖောက်မမြင်နိုင်ပေ။

“သွားရအောင်။”

အန်လင်း တစ်ဖက်သို့ လှည့်သွားသည်။

ဝုန်း.....

ထိုအချိန်မှာပင် နန်းတော်မှာ ရုတ်တရက် တုန်ခါလာသည်။

အန်လင်းတို့လည်း အသက်ရှူများ ကြပ်လာရသည်။

အန်လင်း လှည့်ကြည့်လိုက်သောအခါ ကြောက်မက်ဖွယ် လိပ်သွားများအား မြင်လိုက်ရလေသည်။

All Chapters