← Chapters

ကောင်းမွန်သောမဟာမိတ်

Vol. 74 Ch. 1034

ကောင်းမွန်သောမဟာမိတ်

Vol. 74 Ch. 1034

အန်လင်း မျက်လုံးပြူးသွားသည်။

“သေရမယ်ပေါ့လေ။”

အခြားသော နတ်ဆရာသာ ထိုသို့ပြောလာပါက အန်လင်းအနေဖြင့် တောင်ခွင်းလက်သီးအား လက်ဆောင်ပေးပေလိမ့်မည်။

သို့သော် ယခု ပြောလာသူမှာ ကောင်းကင်ဘုံလိပ်မျိုးနွယ်စု၏ နတ်ဆရာခေါင်းဆောင် ကုယွီ ဖြစ်နေလေသည်။

“ဟုတ်တယ်။ ဝိဥာဥ်ငါးကလန် လက်ချက်နဲ့သေမှာ။”

ကုယွီ စကားဆိုလိုက်သည်။

အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။ ဝိဥာဥ်ငါးကလန်နှင့် အမှန်တကယ် ရန်ငြှိုးရှိနေပါသော်လည်း တာအိုပေါင်းစည်းခြင်း အဆင့်ကသာ သူ့အားသတ်နိုင်မည် ဖြစ်သည်။

ကုယွီ ဖြည်းညင်းစွာ ပြောလိုက်သည်။

“ငါနဲ့ မပူးပေါင်းရင် သေမှာဆိုပေမယ့် ပူးပေါင်းလိုက်ရင် မသေတော့ဘူး။ အဲ့ဒါ သေချာတယ်။”

“ကောင်းကင်ဘုံလိပ်မျိုးနွယ်စုဆီပဲ လာရမှာမို့လို့ မင်းငါ့ဆီကနေ အကူအညီ လိုနေတာသိတယ်။ ကောင်းကင်ဘုံလိပ်မျိုးနွယ်စုမှာ နက္ခတ်ပြမြေပုံ ဖတ်နိုင်တဲ့ နတ်ဆရာတွေ အများကြီးပဲ။ ဒါပေမယ့် မင်းအသက်ရှင်ဖို့နဲ့ အခွင့်အလမ်းတွေရဖို့ ငါနဲ့ပူးပေါင်းမှ ရလိမ့်မယ်။”

ကုယွီ တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

အန်လင်း မေးဖျားကိုပွတ်ကာ မေးလာသည်။

“ခင်ဗျားကို ဘာလို့ယုံရမှာလဲ။”

“ပင်လယ်နဲ့ ကြယ်စင်တွေကို တိုင်တည်ပြီး ငါ့မျိုးနွယ်စု အသက်နဲ့တောင် ကျိန်ရဲတယ်။”

ကုယွီ လေးလေးနက်နက် တုံ့ပြန်လာသည်။

“အရမ်းမတွေးနဲ့။ ငါလည်း မင်းနဲ့ပူးပေါင်းတယ်ဆိုတာ ကောင်းကင်ဘုံလိပ်မျိုးနွယ်စု ကံကြမ္မာကြောင့်ပဲ။”

အန်လင်း ခေါင်းညိတ်လိုက်သည်။

ကျိုးကြောင်းဆီလျော်မှု ရှိတယ်......

“ဆက်ပြောပါဦး စီနီယာ....”

အန်လင်း ယဥ်ကျေးစွာ ပြောလိုက်သည်။

ကုယွီ ခပ်ဖွဖွ ပြုံးလာသည်။

“မင်းက နက္ခတ်ပြမြေပုံကြောင့် ဒီကိုရောက်လာတာမလား။ မြေပုံတည်နေရာကို ငါသိတယ်။ အဲ့ဒါက မြေပုံပဲ မဟုတ်ဘူး။ သော့တစ်ခုပဲ။”

“သော့လား။”

အန်လင်း စိတ်ဝင်စားသွားရသည်။

“ဟုတ်တယ်။ နတ်သက်ကြွေ ပင်လယ်ကြမ်းပြင် ခေါင်းတလားဆီ သွားနိုင်မယ့်သော့ပဲ။ ဟင်းလင်းပြင်သို့အပြန် အဆင့်ထက်နိမ့်မှ ဝင်လို့ရမှာ။”

“မင်းဆီကနေ မြေပုံကိုလုပြီး ကောင်းကင်ဘုံလိပ်မျိုးနွယ်စုဝင်ကို ပို့လိုက်လို့ရတယ်။ ဒါပေမယ့် နက္ခတ်ကြည့်ပြီးတဲ့နောက် မင်းတစ်ယောက်တည်းကပဲ ကောင်းကင်ဘုံလိပ်မျိုးနွယ်စုရဲ့ ကံကြမ္မာကို ပြောင်းပေးနိုင်မယ်ဆိုတာ သိလိုက်ရတယ်။ အဲ့ဒါကြောင့် မင်းကို ကူညီဖို့ ဆုံးဖြတ်ခဲ့တာ။”

ကုယွီ စကားဆိုလိုက်သည်။

အန်လင်း မျက်နှာပျက်သွားသည်။

“ခင်ဗျားက ရိုးသားတာပဲ။”

ကုယွီ ပြုံးကာပြောလာသည်။

“ရိုးသားတာက ငါ့အားနည်းချက်ပဲ။”

“အဲ့အချိန်ရောက်ရင် ဝိဥာဥ်ငါးကလန်က အထူးချွန်ဆုံး စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူလည်း ရောက်လာလိမ့်မယ်။ အဲ့ဒါ မင်းပြိုင်ဘက်ပဲ။ ဂရုစိုက်ရမယ်နော်။”

အန်လင်း ဂရုမစိုက်ပေ။

“စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ဝိဥာဥ်ငါးကလန်ဝင်ကို ဂရုစိုက်ရမှာတဲ့လား.... အဟက်....”

ကုယွီ သတိပေးလိုက်သည်။

“မောက်မာတာ မကောင်းဘူး။”

“မောက်မာတာ မဟုတ်ဘူး။ ဟင်းလင်းပြင်သို့အပြန် အဆင့်ဆိုရင်တောင် နုတ်နုတ်စင်းပြီး ဆာရှီမီ လုပ်စားပစ်လိုက်မှာ။”

အန်လင်း ရယ်မောလိုက်သည်။

ကုယွီ မျက်နှာပျက်သွားသည်။

“မင်းက တကယ်မောက်မာတာပဲ။”

အန်လင်းမှာ ထိုကိစ္စနှင့်ပက်သတ်၍ ဆက်မပြောလိုတော့ပေ။

“ဒါနဲ့ ဝိဥာဥ်ငါးကလန်ကလည်း လာမယ်ဆိုတော့ သူတို့မှာ သော့ရှိတာလား။”

ကုယွီ ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်။ သော့ကနှစ်ခုရှိတာ။ ကောင်းကင်ဘုံလိပ်မျိုးနွယ်စုနဲ့ ဝိဥာဥ်ငါးကလန်ရဲ့ အချစ်ပုံပြင်အကြောင်း သိချင်လား။”

ကောင်းကင်ဘုံလိပ်မျိုးနွယ်စုနဲ့ ဝိဥာဥ်ငါးကလန်ရဲ့ အချစ်ပုံပြင်တဲ့လား.....

စိတ်ဝင်စားစရာပဲ.....

အန်လင်း ခေါင်းခါပြလိုက်သည်။

“မသိချင်ဘူး။ အရေးကြီးတဲ့ အချက်အလက်တွေပဲပြော။”

ကုယွီ မျက်လုံးပြူးသွားသည်။ သူသည် ဒဏ္ဍာရီလာ အချစ်ပုံပြင်အား ပြောပြရန် ရည်ရွယ်ထားပါသော်လည်း အန်လင်းမှာ မသိချင်ပေ။

“အင်း..... အရေးကြီး အချက်အလက်က....”

ကုယွီ အနည်းငယ် တွေးလိုက်သည်။

“အဲ့ရောက်မှ ကြည့်လိုက်လေ။”

အန်လင်း : “ ....”

“ခေါင်းတလားထဲမှာ ဘာတွေရှိလဲ။ တခြားပြောပြစရာ မရှိဘူးလား။”

အန်လင်း ဒေါသထွက်နေသည်။

“နတ်ဆရာခေါင်းဆောင် နှစ်ယောက်လေ။ သူတို့က ခေါင်းတလား သော့တွေကို နောင်လာနောင်သားတွေဆီ ပေးခဲ့တာ။”

ကုယွီ ကောင်းကင်အား ကြည့်လိုက်သည်။

“ငါနေ့တိုင်းပဲ နက္ခတ်ကြည့်နေတာ။ အခုက ခေါင်းတလားပွင့်ဖို့ အချိန်ပဲ။”

“ဘာမှပြင်ဆင်စရာ မလိုဘူး။ ရသမျှသာသိမ်းခဲ့။ ရတနာဆိုလည်းယူ၊ ကျင့်စဥ်ဆိုလည်းယူကွာ။”

အန်လင်း အံ့အားသင့်သွားသည်။

ဒါပဲလား......

သူမပြောလည်း အဲ့လောက်တော့ သိတယ်လေ.....

“တကယ်လို့ ပေလွှာတွေ၊ အင်းကွက်တွေ တွေ့ခဲ့ရင် မှတ်တမ်းတင်ပြီး ကောင်းကင်ဘုံလိပ်မျိုးနွယ်စုဆီ ပေးစေချင်တယ်။ အဲ့မှာ အရေးကြီး သတင်းအချက်အလက်တွေ ပါနေနိုင်တယ်။”

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

“ကိစ္စမရှိပါဘူး။”

ကုယွီမှာ အနက်ရောင် သလင်းကျောက်တစ်ခုအား ထုတ်ပေးလိုက်သည်။

“ဒါကို ကိုယ်နဲ့မကွာဆောင်ထား။ သေရေးရှင်ရေး အခြေအနေတွေမှာ အသက်ကယ်ပေးနိုင်တယ်။ အဲ့ဒါကြောင့် ငါနဲ့ပူးပေါင်းရင် အသက်ရှင်ဖို့ အာမခံပေးနိုင်တာ။”

“ဒါကဘာလဲ။”

အန်လင်း မေးမြန်းလိုက်သည်။

ကုယွီ ခေါင်းခါပြလိုက်သည်။

“ပြောပြလို့ မရဘူး။ ပြောလိုက်ရင် အလုပ်ဖြစ်တော့မှာ မဟုတ်ဘူး။”

အန်လင်း : “.....”

ဗေဒင်ဟောတဲ့သူတွေက လျှို့ဝှက်ဆန်းကြယ် ကြိုက်ကြတာလား.......

ဘယ်လိုကြီးလဲ......

အန်လင်း သက်ပြင်းချလိုက်သည်။

အရာအားလုံးမှာ ဆက်နွယ်နေသလိုပင်။ မြေခွေးနက်မျိုးနွယ်စုနှင့် ဝိဥာဥ်ငါးကလန်၊ ချန်းနန်နှင့် လန်ရှောင်နီ၏ မင်္ဂလာပွဲ၊ ချန်းဟောက်၏ မြေပုံ..... ၎င်းတို့သည် ချန်းနန်နှင့် လန်ရှောင်နီအား ခေါင်းတလားထဲ ပေးဝင်ရန် စီစဥ်ခဲ့ပုံ ရသည်။

အန်လင်းသည် ချန်းနန်၏ နေရာအား ရယူလိုက်ခြင်းပင်။ မြေခွေးနက်မျိုးနွယ်စုသည် ထိုကိစ္စအား မကျေနပ်လျှင်ပင် ဘာမှတတ်နိုင်မည် မဟုတ်ပေ။ ဝိဥာဥ်ငါးကလန်နှင့်တော့ တစ်ပွဲတစ်လမ်း နွှဲရနိုင်ခြေ ရှိသည်။

“သခင်လေးအန်လင်းကို ကိုယ်တိုင်လိုက်ပို့ပေးပါ့မယ်။ ခေါင်းတလား အပြင်ဘက်မှာ ဘယ်သူကမှ တိုက်ခိုက်လို့ မရစေရဘူး။”

ကုယွီ ကတိပေးလိုက်သည်။

အန်လင်း စကားဆိုလိုက်သည်။

“ကျိန်ပြလေ။”

ကုယွီ ကျိန်ဆိုလိုက်သည်။

“သမုဒ္ဒရာနဲ့ ကြယ်စင်တွေကို တိုင်တည်ပြီး ကောင်းကင်ဘုံလိပ်မျိုးနွယ်စု အသက်နဲ့ ကျိန်ဆိုပါတယ်။........”

ရှည်လျားစွာ ကျိန်ဆိုပြီးနောက် ကုယွီမှာ လေဟာနယ် ဝဲဂယက်တစ်ခု ဖြစ်ပေါ်စေလိုက်သည်။

“ခေါင်းတလားဆီ သွားရအောင်။”

အန်လင်း အံ့သြသွားရသည်။

“မြေပုံတောင် မကြည့်တော့ဘူးလား။”

သူသည် နက္ခတ်ပြမြေပုံပင် ထုတ်မပြရသေးပေ။

“ငါက နတ်ဆရာခေါင်းဆောင်လေ။ အဲ့မြေပုံက သော့တစ်ခုထက် မပိုဘူး။”

ကုယွီ ပြုံးကာပြောလာသည်။

.......

အနောက်ပင်လယ်၌....

မိုးကြိုးပစ်ချမှုများကြောင့် ပင်လယ်ပြင်မှာ လှိုင်းထန်နေသည်။

အမျိုးသမီးတစ်ဦးမှာ ခရုခွံကြီးပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေလေသည်။

သူမသည် ရေသူမတစ်ကောင်ပင်။

အသားအရေမှာ ကျောက်စိမ်းသဖွယ် ကြည်လင်ဝင်းမွတ်နေပြီး ဖွံ့ထွားသောရင်သား၊ သေးသိမ်သောခါးလေးဖြင့် လှပလွန်းလှသည်။

သူမသည် ပြီးပြည့်စုံသော ရေသူမတစ်ဦးဟု ဆိုနိုင်သည်။

သူမ အဝေးသို့ငေးကာ မေးလိုက်သည်။

“နတ်ဆရာခေါင်းဆောင် သူတို့ဘက်က ဘယ်သူဖြစ်မယ်ထင်လဲ။”

“အဲ့ဒါက အရေးမကြီးဘူး။ မင်းတာဝန်ကိုသာ မမေ့နဲ့။”

ပုံသဏ္ဍာန်ကင်းမဲ့သော အရည်လုံးတစ်ခု တုံ့ပြန်လာသည်။

နတ်ဆရာခေါင်းဆောင်သည် ၎င်း၏အသွင်အစစ်အမှန်အား ထုတ်ဖော်ထားခြင်း မရှိပေ။

လန်ရှောင်နီ ယုံကြည်ချက်ရှိစွာ ပြုံးလိုက်သည်။

“ဟုတ်တယ်။ ဘယ်သူပဲဖြစ်ဖြစ် ဒုက္ခလှလှ တွေ့သွားအောင် လုပ်ပစ်မှာ။”

All Chapters