← Chapters

နတ်သက်ကြွေပင်လယ်ကြမ်းပြင်ခေါင်းတလား

Vol. 74 Ch. 1036

နတ်သက်ကြွေပင်လယ်ကြမ်းပြင်ခေါင်းတလား

Vol. 74 Ch. 1036

ပင်လယ်ပြင်သည်ပင် ငြိမ်သက်သွားသည်။

ကောင်းကင်ထက်ရှိ မိုးကြိုးတိမ်တိုက်များလည်း တည်ငြိမ်သွား၏။

အချိန်စီးဆင်းမှုမှာ အေးခဲသွားသလိုပင်။

မြေပုံမှ စွမ်းအင်တစ်မျိုးနှင့်အတူ အလင်းများ ဖြာထွက်လာသည်။

ဝုန်း.......

ပင်လယ်ပြင်တွင် ကြီးမားလှသော ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။

“သွားရအောင်။”

အန်လင်းသည် တီနာနှင့် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာအား နှုတ်ဆက်ကာ ဝဲဂယက်ထဲ ခုန်ဆင်းသွားသည်။

လန်ရှောင်နီသည်လည်း သူ၏နောက်မှ လိုက်ပါသွားလေသည်။

သူမသည် ကြောက်စိတ်များ ကြီးစိုးနေပါသော်လည်း ဝိဥာဥ်ငါးကလန်၏ ကိုယ်စားပြု ဖြစ်နေသောကြောင့် တတ်စွမ်းသမျှ ကြိုးစားရပေလိမ့်မည်။

၎င်းတို့သည် အလင်းတန်းအတိုင်း ရှေ့ဆက်လာခဲ့ကြသည်။ ပင်လယ်ပြင် အနက်ပိုင်းထဲသို့ ရောက်လာသောကြောင့် အရာအားလုံး မည်းမှောင်တိတ်ဆိတ်နေပြီး အလင်းတန်းကြောင့်သာ မဟုတ်ပါက ပင်လယ်သတ္တဝါများကိုပင် မမြင်ရလောက်ပေ။

လန်ရှောင်နီသည် အန်လင်းအားကြည့်ကာ တံထွေးမြိုချလိုက်မိသည်။

ခေါင်းတလားထဲ ရောက်ပြီးရင် သူနဲ့ဝေးဝေးနေမှ ဖြစ်မယ်.....

အချိန်တစ်ခုမျှ ကြာမြင့်ပြီးနောက် ၎င်းတို့မှာ ပင်လယ်ကြမ်းပြင်သို့ ရောက်လာခဲ့သည်။

အန်လင်းသည် အချိန်ကိုပင် အံတုထားနိုင်ပုံရသော အပြာရောင် ဂိတ်တံခါးအား တွေ့လိုက်ရသည်။

“ဒါက ဝင်ပေါက်ဖြစ်မယ်။”

အန်လင်းမှာ တံခါးဝသို့ သွားလိုက်သည်။

လန်ရှောင်နီသည် မည်သည့်စကားမှ မဆိုပဲ အန်လင်းနောက်မှ လိုက်လာခဲ့သည်။ ထိုအချိန်မှာပင် အန်လင်းမှာ သူမဘက်သို့ လှည့်လာလေသည်။

လန်ရှောင်နီ ထိတ်လန့်သွားသည်။

“ဘာ..... ဘာဖြစ်လို့လဲ။”

“မင်းအရှေ့ကသွား....”

အန်လင်း စကားဆိုလိုက်သည်။

လန်ရှောင်နီ မျက်လုံးပြူးသွားပါသော်လည်း အန်လင်း၏ အေးစက်ခက်ထန်နေသော မျက်ဝန်းများကြောင့် ချွေးပင်စို့လာသည်။

“နင်.... နင်.....”

လန်ရှောင်နီ မျက်ရည်ဝဲသွားသည်။

အန်လင်းသည် သူမအား အမြှောက်စာအဖြစ် အသုံးချနေခြင်းပင်။

သူမသည် ဝိဥာဥ်ငါးကလန်၏ မင်းသမီးဖြစ်ကာ မျိုးနွယ်စုခေါင်းဆောင် လန်ရှင်းယန်၏ အသည်းအသက် သမီးတော်လေး ဖြစ်သည်။ ထိုသည်ကိုပင် အန်လင်းသည် သူမအား ယခုကဲ့သို့ ဆက်ဆံရဲသေးသည်။

ဝိဥာဥ်ငါးကလန်ရဲ့ ဂုဏ်သိက္ခာအတွက် ငါလက်ခံလို့ မဖြစ်ဘူး......

“အချိန်ဆွဲမနေနဲ့တော့။”

အန်လင်း အော်ဟစ်လာသည်။

“ကောင်း..... ကောင်းပါပြီ။”

လန်ရှောင်နီ အံကြိတ်ကာ အရှေ့မှ ဦးဆောင်လိုက်သည်။

ဘာမှမဖြစ်ပါဘူး.....

ဝိဥာဥ်ငါးကလန်ရဲ့ အနာဂတ်အတွက် ငါပေးဆပ်နေတာပဲ.....

လန်ရှောင်နီသည် ဂိတ်တံခါးအား တွန်းဖွင့်လိုက်ပါသော်လည်း တုတ်တုတ်လှုပ်မလာပေ။

လန်ရှောင်နီ မျက်မှောင်ကျုံ့လိုက်စဥ်မှာပင် ဂိတ်တံခါးမှ ငါးရုပ်ထုနှင့် လိပ်ရုပ်ထုထံမှ အားကောင်းလှသော စွမ်းအင်များ ဖြာထွက်လာသည်။

“အား.....”

လန်ရှောင်နီ အော်ဟစ်ကာ ပျောက်ကွယ်သွားတော့သည်။

အန်လင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။

သူမ ဝင်သွားပြီလား....

လေဟာနယ် စွမ်းအင်နဲ့ဆို ဂိတ်တံခါးက လိုနေသေးလို့လား.....

အန်လင်းသည်လည်း လန်ရှောင်နီကဲ့သို့ တံခါးရှေ့ သွားရပ်လိုက်သည်။

“သောက်ကျိုးနည်း.....”

သူသည်လည်း ပြင်းပြင်းထန်ထန် ဆွဲခေါ်မှုတစ်ခုအား ခံစားလိုက်ရသည်။

ထို့နောက် နေရာတစ်ခုအား ရောက်ရှိသွားလေးသည်။

ကောင်းကင်သည် မီးခိုးရောင်သမ်းကာ ကမ္ဘာမြေတစ်ခုလုံး ဖြူဖွေးနေသည်။

မြေပြင်တွင်လည်း ဓားများစွာ စိုက်ဝင်နေ၏။

ထက်ရှမှုနှင့် အေးစက်မှု အငွေ့အသက်များကိုသာ ရနေသည်။

ဓားတစ်လက်စီတိုင်းတွင် ရာဇဝင်များ ရှိနေပြီး ကောင်းကင်ကိုပင် ထိုးဖောက်တော့မလို ထင်မှတ်ရသည်။

ဝုန်း.... ဝုန်း.... ဝုန်း....

လန်ရှောင်နီသည် စွမ်းအင်များ ထုတ်ဖော်ကာ တစ်နေရာသို့ ပျံသန်းသွားသည်ကို တွေ့လိုက်ရသည်။

မြေပြင်မှ ဓားများ ကျွတ်ထွက်လာကာ လန်ရှောင်နီအား တိုက်ခိုက်လာကြသည်။

“သူမ ဘာတွေတိုက်နေတာလဲ။”

အန်လင်းမှာ လန်ရှောင်နီ ကြည့်နေသောနေရာအားကြည့်ကာ မျက်ဝန်းများ တောက်ပသွားသည်။

လန်ရှောင်နီသည် တတ်နိုင်သမျှ လျင်မြန်စွာ ပျံသန်းနေသည်။

ရှေးဟောင်းဓားများမှာလည်း သူမအား ပိုမိုကြမ်းတမ်းစွာ တိုက်ခိုက်လာသည်။

လန်ရှောင်နီသည် လျင်မြန်လှသော လှုပ်ရှားမှုများနှင့် ရှောင်ရှားနေလျက် ရှိသည်။

“ရောက်တော့မှာပါ။”

“မီတာရာဂဏန်းလောက်ဆို အဲ့လည်ဆွဲက ငါ့အတွက်ပဲ။”

လန်ရှောင်နီ၏ မျက်ဝန်းများ တောက်ပနေသည်။

ဝုန်း.....

ထိုအချိန်တွင် သူမနောက်မှ ကြောက်မက်ဖွယ် စွမ်းအင်များ ထွက်ပေါ်လာသည်။

“အား.....”

လန်ရှောင်နီ ထိတ်လန့်သွားသည်။

ပုံရိပ်တစ်ခုမှာ သူမရှေ့မှ ဖြတ်ပျံသွားသည်။ ၎င်းသည် ဓားများကိုလည်း လက်တစ်ချက်တည်းဖြင့် တားဆီးပစ်လိုက်သည်။

ဒုန်း... ဒုန်း.... ဒုန်း.....

ဓားများ ပေါက်ကွဲသွားလေသည်။

“ဟမ့်..... ဘာမှသုံးစားမရတဲ့ ဓားတွေပဲ။”

အန်လင်း နှာခေါင်းရှုံ့ကာ လည်ဆွဲအား သိမ်းဆည်းလိုက်သည်။

လန်ရှောင်နီ : “.....”

အန်လင်း ခေါင်းညိတ်ကာ လန်ရှောင်နီအား ကြည့်ရှုလိုက်သည်။

“ဘာတွေလာကြည့်နေတာလဲ။”

သူအေးစက်စက် မေးလိုက်သည်။

“ဘာ..... ဘာမှမဟုတ်ပါဘူး။”

လန်ရှောင်နီ ဒေါသကိုထိန်းကာ ခေါင်းခါပြလိုက်သည်။

ငါ့ဆီကနေ လုသွားပြီး ဘယ်လိုမှတောင် မနေဘူးလား.....

အပိုင်းပိုင်းသာ ခုတ်သတ်လိုက်ချင်တယ်.....

“အကြောင်းမရှိပဲ လိုက်ကြည့်မနေနဲ့။ အထင်လွဲသွားနိုင်တယ်။”

အန်လင်း စကားဆိုလာသည်။

လန်ရှောင်နီ အံ့အားသင့်သွားသည်။

နင်ဘာလုပ်ခဲ့လဲ နင်မသိဘူးလား.....

လည်ဆွဲအား ယူလိုက်ပြီးနောက် ဓားများအားလုံး ငြိမ်သက်သွားသည်။

အန်လင်းသည် မည်သည့်နေရာသို့ သွားရမည် မသိသောကြောင့် လန်ရှောင်နီအားကြည့်ကာ ပြုံးလိုက်တော့သည်။

All Chapters