← Chapters

ဓားသင်္ချိုင်းလည်ဆွဲ

Vol. 74 Ch. 1037

ဓားသင်္ချိုင်းလည်ဆွဲ

Vol. 74 Ch. 1037

“နင်ဘာလိုချင်လို့လဲ။”

လန်ရှောင်နီသည် အန်လင်း၏ အပြုံးကြောင့် ထိတ်လန့်သွားရသည်။

“ရတနာကို မင်းဘယ်လိုတွေ့သွားတာလဲ။ အမှန်အတိုင်း ပြောစမ်းပါ။ မင်းမှာ သတင်းအချက်အလက်တွေ ရှိနေတာလား။”

အန်လင်း မေးမြန်းလိုက်သည်။

လန်ရှောင်နီ ခေါင်းခါပြလာသည်။

“မဟုတ်ပါဘူး။ မတော်တဆပဲ တွေ့လိုက်မိတာ။”

အန်လင်းသည် ဗာမီလီယမ်ငှက်ကြေးမုံအား ကြည့်ရှုလိုက်သောအခါ တိတ်ဆိတ်နေသောကြောင့် ထိုစကားမှာ အမှန်တရားဖြစ်ကြောင်း သိသာနေသည်။

သူမသည်လည်း ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သောကြောင့် သတင်းအချက်အလက်များ ရရှိထားပုံ မရပေ။

“ကောင်းပြီလေ။ မသေစေနဲ့ဦး။”

အန်လင်းမှာ သတိပေးကာ တစ်ဖက်သို့ လှည့်သွားသည်။

လန်ရှောင်နီ ဒေါသထွက်သွားပါသော်လည်း ဘာမှမပြောဖြစ်ပေ။

အန်လင်းသည် သူမအား စိုးရိမ်သောကြောင့် မဟုတ်ပဲ သူမသာ သေသွားပါက သူတိုက်ခိုက်ခံရမည်ကို သိရှိနေသောကြောင့်သာ ဖြစ်သည်။

သူက သူ့ကိုယ်သူ ပူနေတာပဲ.....

ဟူး....

ချန်းနန်သာရှိရင် ငါ့ကို ကာကွယ်ပေးလောက်မှာ.....

လန်ရှောင်နီမှာ ခံစားချက်များ စို့နင့်လာသည်။ သို့သော် သေရေးရှင်ရေး အခြေအနေတွင် သူမအား ပစ်ထားခဲ့သည်ကို တွေးမိကာ ဝမ်းနည်းသွားရသည်။

“ဝါး... အမှိုက်ကောင် ရုပ်လေးချောပြီး သုံးစားမရဘူး။”

လန်ရှောင်နီ ငိုကြွေးလိုက်သည်။ သူမနှင့် ချန်းနန်၏ မင်္ဂလာပွဲသည် အကြောင်းအရင်း တစ်ခုကြောင့် ဖြစ်ပါသော်လည်း ချောမောခန့်ညားလွန်းသော ထိုမျက်နှာတွင် သူမ ကြွေဆင်းသွားခဲ့ရသည်။ အချစ်သည် ရုပ်ရည်ပေါ် မူတည်၍လည်း မွေးဖွားလာနိုင်သည်ပင်။

အန်လင်း အေးစက်စွာ ပြောလိုက်သည်။

“ချောတယ်ဆိုတာတော့ ထားပါတော့။ ငါ့ကို အမှိုက်ကောင်တဲ့လား။”

လန်ရှောင်နီ မျက်ရည်များ သုတ်လိုက်သည်။

“နင့်..... နင့်ကိုပြောတာ မဟုတ်ဘူး။”

“ငါကမချောဘူးပေါ့လေ။”

အန်လင်းထံမှ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ဖြာထွက်လာသည်။

လန်ရှောင်နီမှာ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားရသည်။

“မဟုတ်ဘူး။ နင်.... နင်က အရမ်းချောပါတယ်။”

“ငိုပဲငိုမနေနဲ့။ စိတ်ရှုပ်စရာကောင်းတယ်။”

အန်လင်း ခပ်ပြတ်ပြတ် ပြောလိုက်သည်။

“အင်းပါ။”

လန်ရှောင်နီ နာခံစွာ ခေါင်းညိတ်ပြလိုက်သည်။

အန်လင်း အရှေ့သို့ လျှောက်လာလိုက်သည်။

“ငါ့နောက်လိုက်ခဲ့။ မင်းကို ကာကွယ်ပေးမယ်။”

“အင်း....”

လန်ရှောင်နီ ဖာသိဖာသာ ပြောလာသည်။

မကြာမီပင် သူမ မျက်လုံးပြူးသွားရသည်။

ငါ့ကို ကာကွယ်ပေးမယ် ပြောလိုက်တာလား.....

အန်လင်းသည် လန်ရှောင်နီအား အမြှောက်စာအဖြစ်သုံးရန် စဥ်းစားထားပါသော်လည်း သူမ သေသွားမည် စိုးသောကြောင့် ထိုသို့မလုပ်ဖြစ်တော့ပေ။

အန်လင်းသည် အုတ်ခဲနက်အားစီးကာ အံ့ဖွယ်အာရုံအား ဖြန့်ကျက်ထားသည်။

“ဘာမှလည်း မရှိပါလား။ ဆက်သွားကြတာပေါ့။”

ခေတ္တမျှ ပျံသန်းလာပြီးနောက် အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။

နေရာတစ်ခုလုံးမှာ ထင်မှတ်ထားသည်ထက် ကြီးမားနေသည်။

မြေပြင်တွင် ထိုးစိုက်နေသော ရှေးဟောင်းဓားများမှာလည်း မျက်စိတဆုံးပင်။

“ထူးဆန်းလိုက်တာ။”

အန်လင်းမှာ ရုတ်တရက် အရှိန်လျှော့ချလိုက်သောကြောင့် လန်ရှောင်နီနှင့် တိုက်မိတော့မလို ဖြစ်သွားသည်။

သူမမှာ နှလုံးခုန်သံများပင် မြန်သွားရလေသည်။

“ဘာ.... ဘာဖြစ်လို့လဲ။”

လန်ရှောင်နီ မေးမြန်းလိုက်သည်။

“ကောင်းကင်ဘုံလိပ်မျိုးနွယ်စုနဲ့ ဝိဥာဥ်ငါးကလန်မှာ ဓားဘယ်နလက်တောင် ရှိနေတာလဲ။”

အန်လင်း ကြောင်တောင်တောင် ဖြစ်နေသည်။

လန်ရှောင်နီ : “......”

ဘာလားဟ.....

အန်လင်း စကားဆက်လိုက်သည်။

“ဒီဓားတွေက တန်ဖိုးသိပ်မရှိပေမယ့် အရမ်းများနေတယ်လေ။ ဘာရည်ရွယ်ချက်နဲ့လဲ။ ဘာကြောင့်လဲ။ အလှသက်သက် လုပ်ထားတာလား။”

လန်ရှောင်နီ တိတ်ဆိတ်သွားသည်။

သူမသည် ထိုဓားများအား လျစ်လျူရှုနေခဲ့ပါသော်လည်း အန်လင်း၏ စကားမှာ အဓိပ္ပါယ် ရှိသည်။

အဆင့်မြင့် ကျင့်ကြံသူ၏ အုတ်ဂူတွင် အလှပြထားသော ဓားအချို့ ရှိနေသည်မှာ မထူးဆန်းပါသော်လည်း ယခုပမာဏမှာ များပြားလွန်းလှသည်။

ထိုသည်မှာ အိမ်ရှေ့တွင် အပင်အချို့ စိုက်ပျိုးထားသလိုပင်။ အပင်အနည်းငယ် စိုက်ထားသည်မှာ ပြဿနာ မရှိပါသော်လည်း ဥယျာဥ်တစ်ခုလုံးသာဆိုပါက ထူးခြားလွန်းနေလိမ့်မည်။

အန်လင်းမှာ လည်ဆွဲအား သတိရသွားသည်။

သူသည် အပြင်ရောက်မှသာ လည်ဆွဲအား လေ့လာရန် စဥ်းစားထားပါသော်လည်း လည်ဆွဲနှင့် ဓားများသည် ဆက်စပ်နေနိုင်ခြေရှိကြောင်း တွေးမိသွားကာ သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်သည်။

လည်ဆွဲသည် အားကောင်းသော လျှပ်စစ်သံလိုက် တစ်ခုအလား ဓားများအားလုံးကို ဆွဲယူလိုက်သည်။

ရှေးဟောင်းဓားများမှာ အရှိန်အဟုန်ပြင်းစွာ အန်လင်းထံ ပျံဝဲလာသောကြောင့် လန်ရှောင်နီ ထိတ်လန့်ကာ တိုက်ခိုက်တော့မည့် အချိန်မှာပင် အေးစက်စက် ခနဲ့သံတစ်ခုအား ကြားလိုက်ရသည်။

ဝုန်း....

ခရမ်းရောင် အံ့ဖွယ်မီးတောက်များမှာ ၎င်းတို့နှစ်ဦးလုံးအား လွှမ်းခြုံသွားသည်။

ပြင်းထန်လှသော အပူရှိန်ကြောင့် ရောက်ရှိလာသမျှ ရှေးဟောင်းဓားများအားလုံး အငွေ့ပျံကုန်လေသည်။

လန်ရှောင်နီသည် အန်လင်းအား လှည့်ကြည့်လိုက်သောအခါ တည်ငြိမ်လွန်းနေသော မျက်ဝန်းအစုံကို တွေ့လိုကိရသည်။

သူမ၏ နှလုံးသားထဲ အတွေးအချို့ ဝင်ရောက်လာသည်။

အန်လင်းက အားကိုးရသားပဲ.....

ကြယ်မိစ္ဆာမီးတောက်အား ထုတ်ဖော်လိုက်ပြီးနောက် အန်လင်းမှာ လည်ဆွဲအား အာရုံစိုက်လိုက်သည်။

နတ်ဘုရားစစ်ဆေးမှုနည်းစနစ်.....

[ဓားသင်္ချိုင်းလည်ဆွဲ : ဓားစိတ်ဆန္ဒကြယ်အား အဓိကထားကာ ပြုလုပ်ထားသော လေဟာနယ် သိုလှောင်လက်နက် ဖြစ်သည်။ သေဆုံးသွားသော ဓားများအား စုပ်ယူသိုလှောင်ကာ ပြန်လည်ထုတ်ဖော်နိုင်သည်။

(ပိုင်ရှင်မရှိတော့သော ဓားများသည် တဖြည်းဖြည်းနှင့် ဓားဝိဥာဥ် ပျောက်ကွယ်လာပြီး သေဆုံးသွားသောဓားများ ဖြစ်လာကြသည်။)]

“ဒါက.....”

အန်လင်း အံ့အားသင့်သွားသည်။

လည်ဆွဲသည် သေဆုံးသွားသောဓားများအား အသုံးချနိုင်သော လက်နက်ဖြစ်နေမည်ဟု ထင်မှတ်မထားခဲ့ပေ။ သေဆုံးသွားသော ဓားများသည် ရှားပါးသည်ဟု ဆိုနိုင်ပြီး အများအားဖြင့် သွေးချောင်းစီးနေသော စစ်မြေပြင်အတွင်း တွေ့ရတတ်သည်။

ဒီရှေးဟောင်းဓားတွေက သေဆုံးနေတဲ့ ဓားတွေလား....

အန်လင်းသည် အငွေ့ပျံသွားသော ဓားများအားကြည့်ကာ ရင်ခံသွားရသည်။

ကုန်ပါပြီ.....

ငါ့ရတနာလေးတွေ....

အန်လင်းသည် ကြယ်မိစ္ဆာမီးတောက်အားသိမ်းကာ လည်ဆွဲကာ သန့်စင်လိုက်သည်။

“လာခဲ့စမ်း။ မင်းတို့အားလုံး ငါ့အတွက်ပဲ။”

သူသည် လည်ဆွဲ၏ စွမ်းအင်အား အသက်သွင်းပစ်လိုက်သည်။

နက်ပြာရောင် အလင်းများ ဖြာထွက်လာကာ ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာပြီး မြေပြင်သည်ပင် တုန်ခါသွားရသည်။

သန်းရာနှင့်ချီသော ရှေးဟောင်းဓားများမှာ မြေပြင်ထဲမှ အလိုလို ပျံထွက်ကာ နက်ပြာရောင် ဝဲဂယက်ထဲ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။

ပတ်ဝန်းကျင်မှ ရှေးဟောင်းဓားများအားလုံး ရောက်ရှိလာခြင်း ဖြစ်သည်။

အန်လင်းမှာ အနည်းငယ် စိုးရိမ်လာမိသည်။

ဘာလို့ သေဆုံးနေတဲ့ ဓားတွေက အဲ့လောက်တောင် များရတာလဲ...... ဒါတွေဘယ်က ရောက်လာတာလဲ......

လန်ရှောင်နီမှာ ထိုမြင်ကွင်းအားကြည့်ကာ မျက်ရည်ဝဲလာသည်။

သောက်ရူးတစ်ယောက်တောင်မှ ဒီရတနာက အဖိုးတန်မှန်း သိလိမ့်မယ်.....

ကပ်သီးလေး လွဲသွားတယ်ဟာ......

လန်ရှောင်နီ နှလုံးသားများ နာကျင်လာသည်။

အန်လင်းသည် သူမအား ဂရုပင် မစိုက်ပေ။

ဓားသင်္ချိုင်းလည်ဆွဲနှင့် စုပ်ယူလိုက်ပါက ဓားများမှာ ပိုမိုအားကောင်းသွားသည်။ ထို့အပြင် ပိုင်ရှင်ဖြစ်သူ၏ ဓားတာအို တိုးတက်လာသည်နှင့်အမျှ ထိုဓားများလည်း အစွမ်းပိုထက်လာမည် ဖြစ်သည်။

ထိုရတနာမှာ တန်ဖိုးကြီးလွန်းပေသည်။

အင်မော်တယ် ရတနာ တော်တော်များများထက်တောင် အဖိုးတန်သေးတယ်.....

ဒီထဲဝင်တာနဲ့ ဒါမျိုးတန်းရတယ်ပေါ့လေ......

အန်လင်းမှာ ရှေ့ဆက်ရမည့် ခရီးအတွက် မျှော်လင့်နေမိတော့သည်။

All Chapters