← Chapters

တောအုပ်ထဲမှရှုမျှော်ခင်း

Vol. 75 Ch. 1041

တောအုပ်ထဲမှရှုမျှော်ခင်း

Vol. 75 Ch. 1041

အန်လင်းနှင့် လန်ရှောင်နီမှာ မူးနောက်နောက် ဖြစ်သွားကာ တောအုပ်တစ်ခုသို့ ရောက်ရှိလာသည်။

၎င်းတို့သည် တောအုပ်အတွင်း ရတနာ ရှာရမည်ပင်။

တောအုပ်သည် ကြီးမားလွန်းလှပြီး ကြောက်မက်ဖွယ် သားရဲများ၊ အဆိပ်ပင်များစွာ ရှိနေပါသော်လည်း လန်ရှောင်နီမှ အပြတ်ရှင်းပစ်နေသည်။

အန်လင်းသည် ထိုအရာများအား ဂရုပင် မစိုက်ပေ။ လန်ရှောင်နီသည် သူမ၏ တန်ဖိုးကို အန်လင်း သိမြင်လာကာ ဤကမ္ဘာ၏ ရတနာအား လက်ဆောင်အဖြစ် ပေးလာရန် မျှော်လင့်လျက် တိုက်ခိုက်နေခဲ့သည်။

ထိုသည်မှာ သူမ၏ စိတ်ကူးယဥ်မှုသာ။

အန်လင်းသည် လန်ရှောင်နီ၏ ကြိုးစားမှုများအား အရေးပင်စိုက်ပုံ မရပေ။

ဒီလိုလက်အောက်ငယ်သားတစ်ယောက်ရှိတာ ကောင်းတော့ကောင်းသားပဲ......

လန်ရှောင်နီသည် အစစအရာရာ ရင်ဆိုင်ဖြေရှင်းနေသောကြောင့် သူ့အနေဖြင့် ပူပန်စရာပင် မလိုအပ်ပေ။

တောအုပ်မှာ တဖြည်းဖြည်းနှင့် နက်သည်ထက် နက်လာသည်။

ရုတ်ချည်းဆိုသလို အနက်ရောင် နွယ်တစ်ပင်မှာ လန်ရှောင်နီ၏ ရေအကာအရံအား ဖောက်ထွင်းလျက် သူမ ခန္ဓာကိုယ်အား ရစ်ပတ်လိုက်သည်။

“အား.....”

လန်ရှောင်နီမှာ နွယ်ကြိုးများကြောင့် လှုပ်မရတော့ပေ။

အနက်ရောင် နွယ်ကြိုးသည် သူမ၏ ချောမွေ့သော ငါးအမြှီးအား ရစ်ပတ်ထားသည့်အပြင် သေးသွယ်သောခါးနှင့် ဖွံ့ထွားသော ရင်သားတို့ကိုလည်း အလွတ်မထားပေ။ တင်းကြပ်လှသော ရစ်ပတ်မှုတို့ကြောင့် ရင်သားများအား ဖုံးအုပ်ပေးထားသော အပြာရောင် ပိုးဖဲသားသည်ပင် စုတ်ပြဲတော့မလို ဖြစ်လာသည်။

လန်ရှောင်နီမှာ နွယ်ကြိုးများကြား စွဲမက်ချင်စဖွယ် ဖြစ်နေလေသည်။

အန်လင်းမှာ ထိုမြင်ကွင်းအား ကြောင်ကြည့်နေမိသည်။

ကြိုးနဲ့ကစားကွက်လား.....

ရှယ်ပဲ......

“ဟားဟားဟား...... ဒီတောအုပ်ဘုရင်က မင်းတို့နှစ်ကောင်လုံးကို ကိစ္စတုံးပေးလိုက်မယ်။”

ကြီးမားလှသော သစ်နက်ပင်ကြီးတစ်ပင်မှာ ၎င်းတို့ထံ လျှောက်လှမ်းလာသည်။

အခြားသော နွယ်ကြိုးတစ်ခုမှာလည်း အန်လင်းထံ လျင်မြန်စွာ ရောက်ရှိလာသည်။

အန်လင်း လှုပ်ရှားတော့မည့် အချိန်မှာပင် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။

“ရွံစရာ နှာဘူးကောင် ငါနင့်ကိုသတ်မယ်။”

လန်ရှောင်နီမှာ အလွန်အမင်း ပေါက်ကွဲနေသည်။

သူမ ခန္ဓာကိုယ်မှ အရှိန်ပြင်းသော ရေများဖြာထွက်လာသောကြောင့် နွယ်ကြိုးများ ပျက်စီးကာ လွတ်မြောက်သွားသည်။ တစ်ချိန်တည်းမှာပင် ငါးပြာလေးမှာ မယုံနိုင်စရာ ကောင်းလောက်အောင် ပျံထွက်သွားပြီးနောက် သစ်နက်ပင်ကြီး၏ ဦးခေါင်းအား ထိုးဖောက်ပစ်လိုက်သည်။

“သေစမ်း.... သေစမ်း.... သေစမ်း....”

လန်ရှောင်နီမှာ ဒေါသများကြောင့် သစ်နက်ပင်ကြီးအား အဆက်မပြတ် တိုက်ခိုက်နေသည်။

သစ်နက်ပင်ကြီးမှာ ဆိုးဆိုးရွားရွား ဖိနှိပ်ခံနေရသည်။

အန်လင်းသည်ပင် ထိုသည်ကိုကြည့်ကာ အမြင်ကျယ်သွားသလို ခံစားလိုက်မိသည်။

လန်ရှောင်နီက ကြောင်မလေးကနေ ကျားမကြီး ဖြစ်နိုင်တာပဲ...

သစ်နက်ပင်ကြီးလည်း အသက်ထွက်သွားတော့သည်။

လန်ရှောင်နီမှာ ချွေးအရွှဲသားဖြင့် အသက်ပြင်းပြင်း ရှူနေသည်မှာ ညှို့အားပြင်းသော မြင်ကွင်းတစ်ခုလိုပင်။

“နင်.... နင် ဘာမှမမြင်လိုက်ဘူးမလား။”

လန်ရှောင်နီ ခက်ခက်ခဲခဲ မေးလိုက်သည်။

နွယ်ကြိုးများနှင့် ချည်နှောင်ခံရသော အဖြစ်အပျက်မှာ ရှက်ရွံ့ဖွယ် ကောင်းလွန်းလှသည်။

အန်လင်း ပြုံးကာပြောလာသည်။

“ဘာလို့မမြင်ရမှာလဲ။ ငါက ကန်းနေတာမှ မဟုတ်တာ။”

“နင်.....”

လန်ရှောင်နီ စိတ်တိုသွားရသည်။

“ဘာလဲ။ ငါက အမှန်ကိုပဲ ပြောတာလေ။”

အန်လင်းထံမှ အရှိန်အဝါများ ဖြာထွက်လာသည်။

“နင်မှန်တယ်။ ငါတောင်းပန်ပါတယ်။”

လန်ရှောင်နီ ခေါင်းငိုက်စိုက်ကျသွားသည်။

ထို့နောက် ၎င်းတို့နှစ်ဦး ရှေ့ဆက်လာခဲ့ကြသည်။

လန်ရှောင်နီ၏ ပါးနှစ်ဖက်မှာ နီမြန်းနေဆဲပင်။

တောနက်လာသည်နှင့်အမျှ မကောင်းဆိုးဝါးများ၊ သစ်ပင်များ ပိုမိုများပြားလာသောကြောင့် လန်ရှောင်နီမှာ သတိလက်လွတ် မနေရဲပေ။

“ဟားဟားဟား.... တောဘုရင်ကို သတ်ချင်တာလား။ ငါ့ကိုအရင်တိုက်မှရမယ်။”

“ဖူး.... အား.....”

လန်ရှောင်နီမှာ တည်တည်ငြိမ်ငြိမ်ပင် ပုဆိန်အား လွှဲချလိုက်သည်။

“ငါ့ဘဝနဲ့ရင်းပြီး တောဘုရင်ကို ကာကွယ်မှာကွ။ အဆိပ်ကြိုးပျံ.....”

“ဖူး..... တောဘုရင်ကြီး သက်တော်ရာကျော် ရှည်ပါစေ။”

လန်ရှောင်နီမှာ ပင့်ကူနီအား သတ်ဖြတ်လိုက်သည်။

“ဒါက ဖားမိစ္ဆာစောင့်ရှောက်သူပဲ။ မင်းတို့ ဒီမှာတင် သေရမယ်။”

ဝုန်း.... ဝုန်း.... ဝုန်း.....

လန်ရှောင်နီမှာ ဖားမိစ္ဆာနှင့် တိုက်ခိုက်လိုက်သည်။ ၎င်းတို့၏ တိုက်ပွဲမှာ ပြင်းထန်လွန်းပြီး တောအုပ် တစ်ကီလိုမီတာကျော်မှာ ပျက်စီးသွားခဲ့ရသည်။ အဆုံးတွင်မူ သူမသည် ထိုဖားအား နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။

လန်ရှောင်နီမှာ ငါမတော်ဘူးလားဟူသော အမူအရာဖြင့် အန်လင်းအား ကြည့်လာသည်။

အန်လင်းမှာ လက်အောက်ငယ်သားအား ချီးကျူးပေးလိုက်သည်။

“ကြမ်းသားပဲ။”

မကြာမီတွင် ၎င်းတို့သည် တောအုပ်သခင်ကြီးဖြစ်သော စိမ်းမြသစ်တောနဂါးနှင့် တွေ့တော့သည်။

အန်လင်းမှာ ထိုနဂါးအား ဓားတစ်ချက်နှင့် အပြတ်ရှင်းပေးလိုက်သည်။

လန်ရှောင်နီမှာ ထိတ်လန့်ကြောက်ရွံ့နေပြီး ဘာမှပင် မလုပ်လိုက်ရပေ။

အန်လင်းမှာ ပျော်ပျော်ရွှင်ရွှင်ပင် ကျောက်စိမ်းသစ်မြစ်အား ရယူလိုက်သည်။

ရတနာထပ်ရလိုက်ပြန်ပြီ......

ဘဝကြီးက နေပျော်သားပဲ.....

လန်ရှောင်နီ : “.....”

သူမ မျက်ရည်များ စီးကျလာသည်။

ငါ့ကြိုးစားမှုတွေကရော.....

ဒီက ရတနာကိုတော့ ငါရမယ် ထင်ထားတာလေ.... အန်လင်းက ဝှစ်ခနဲ သတ်ပစ်လိုက်ပြန်ပြီ....

သပပဲ.....

လန်ရှောင်နီ စိတ်ဓာတ်ကျသွားသည်။

သူမသည် ဆက်လက်ယှဥ်ပြိုင်ချင်စိတ်ပင် မရှိတော့ပေ။

၎င်းတို့ မူးနောက်နောက် ဖြစ်သွားရပြန်သည်။

အန်လင်းနှင့် လန်ရှောင်နီမှာ ခန်းမထဲ ပြန်လည်ရောက်ရှိလာသည်။

အန်လင်းသည် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်အား အသက်သွင်းလိုက်သည်။

(ပင်လယ်အဆီအနှစ် သက်ရှိစွမ်းအင်သစ်သား : ထိုသစ်အဆီအနှစ်သည် နှစ်သောင်းနှင့်ချီ မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်နေသော အနောက်ပင်လယ်၏ မုန်တိုင်းနယ်မြေတွင် ပေါက်ရောက်သည့် ပင်လယ်နတ်ဘုရားသစ်ပင်မှ ရရှိလာခြင်း ဖြစ်ပေသည်။ အသက်နှင့် မိုးကြိုး အဆီအနှစ်များ ပါဝင်ကာ နတ်အဆင့် ရတနာ ဖြစ်သည်။)

အန်လင်း ဝမ်းသာသွားသည်။

နောက်ထပ်နတ်အဆင့်လား......

နတ်အဆင့် ရတနာသည် အင်မော်တယ် ရတနာများထက်ပင် တန်ဖိုးရှိသည်။

ဒီအုတ်ဂူက တကယ့်ဝက်စုဗူးပဲ.....

တာအိုပေါင်းစည်းခြင်းအဆင့် နတ်ဆရာခေါင်းဆောင် နှစ်ဦး၏ အုတ်ဂူဖြစ်သောကြောင့် ရတနာများ ပြည့်နှက်နေသည်မှာ အဓိပ္ပါယ်ရှိသည်။

ထို့အပြင် စမ်းသပ်မှုများမှာလည်း ကောင်းကင်ဘုံလိပ်မျိုးနွယ်စုနှင့် ဝိဥာဥ်ငါးကလန်၏ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ပါရမီရှင်များအတွက်သာ ဖြစ်ပေသည်။

သာမန် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ပါရမီရှင်များအတွက် စမ်းသပ်မှုများမှာ ခက်ခဲနိုင်ပါသော်လည်း အန်လင်းသည် ဟင်းလင်းပြင်သို့အပြန် အဆင့်များကိုပင် သတ်ဖြတ်နိုင်သူ ဖြစ်သည်။

အန်လင်းမှာ လန်ရှောင်နီအားကြည့်ကာ သက်ပြင်းချလိုက်သည်။

“ဟူး.... စမ်းသပ်ချက်တွေက ပျင်းစရာကြီး... မင်းလို ငနူနဲ့မှ ကိုက်လောက်မှာ။”

လန်ရှောင်နီ ရင်ခံသွားရသည်။

သူမ အန်လင်းအားကြည့်ကာ မျက်ရည်များ စီးကျလာပြန်သည်။

“ငါနဲ့မှ ကိုက်မယ်ဆိုရင်လည်း ဘာလို့ အခွင့်အရေး မပေးရတာလဲ။”

အန်လင်း ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ။ မင်းက မိစ္ဆာတွေကိုသတ်ပေါ့။ ပြီးမှ ရတနာကို ငါယူလိုက်မယ်။”

“ဖူး....”

လန်ရှောင်နီမှာ သွေးသုံးပုလင်းခန့် အန်ထုတ်လိုက်တော့သည်။

All Chapters