← Chapters

အားကိုးရတဲ့ယောက်ျား

Vol. 75 Ch. 1043

အားကိုးရတဲ့ယောက်ျား

Vol. 75 Ch. 1043

သွေးနီရောင် အရိုးစုသည် လူတစ်ဦး အရွယ်ခန့်ရှိကာ ထက်ရှသော အရိုးကြာပွတ်အား ဆုပ်ကိုင်ထားသည်။

အန်လင်းမှာ ထိုမြင်ကွင်းအား ရင်းနှီးနေသလို ခံစားနေရသည်။

“ဟားဟားဟား.....”

အရိုးစုမှာ အေးစက်စက် ရယ်မောလိုက်ပြီးနောက် လန်ရှောင်နီအား ကြာပွတ်နှင့် လွှဲရိုက်လိုက်သည်။

“အခုစပြီနော်။”

အန်လင်း အချိန်စမှတ်လေပြီ။

လန်ရှောင်နီမှာ တိုက်ပွဲစိတ်ဆန္ဒ တက်ကြွစွာဖြင့် လှုပ်ရှားလိုက်သည်။

သူမသည် ရေခဲနံရံတစ်ခုအား ဖြစ်ပေါ်စေကာ တစ်ချိန်တည်းမှာပင် ငါးပြာလေးအား အရိုးစုထံ ပစ်လွှတ်လိုက်သည်။

အရိုးကြာပွတ်မှာ ရေခဲနံရံတွင် ထိုးစိုက်သွားရသည်။

လန်ရှောင်နီ၏ ဝှက်ဖဲမှာ အလုပ်ဖြစ်ခဲ့သည်ပင်။

ငါးပြာလေးမှာလည်း အရိုးစုနား ရောက်ရှိနေလေပြီ။

“ဒီရတနာက ငါ့အတွက်ပဲ။”

လန်ရှောင်နီ စိတ်လှုပ်ရှားနေသည်။

ထိုအချိန်မှာပင် အရိုးစုမှာ မထီမဲ့မြင် ရယ်မောလာသည်။

ဝုန်း.....

ငါးပြာလေးကြောင့် အရိုးစု၏ ဦးခေါင်းမှာ ပေါက်ကွဲသွားရသည်။

လန်ရှောင်နီသည် အရိုးစု၏ အပြုံးအား နားမလည်နိုင် ဖြစ်နေစဥ်မှာပင် လက်သီးတစ်လုံး ပစ်ဝင်လာသည်။

ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များနှင့်အတူ တစ်ကီလိုမီတာကျော် ပတ်ဝန်းကျင်မှာ ပျက်စီးသွားရလေသည်။

လန်ရှောင်နီသည်လည်း သွေးပွက်ပွက်အန်ကာ အဝေးသို့ လွင့်ထွက်သွားသည်။

အရိုးစုသည် ခေါင်းပြတ်သွားသည့်တိုင် လှုပ်ရှားနိုင်ဦးမည်ဟု ထင်မှတ်မထားခဲ့ပေ။

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

သူသည် လန်ရှောင်နီအား ရတနာယူရန်အထိ အခွင့်အရေး ပေးထားသည် မဟုတ်ပါလော။ မည်သို့ပင်ဆိုစေကာမူ ထိုအခွင့်အရေးမှာ အောင်မြင်နိုင်ခြေ နည်းပါးသည်။

လန်ရှောင်နီသည် ဤကမ္ဘာ၏ သခင်ကြီးအား အထင်သေးခဲ့သည်။ အန်လင်းသည် ဟင်းလင်းပြင်သို့အပြန် အဆင့်များကိုပင် ဖိနှိပ်နိုင်သူ ဖြစ်သောကြောင့် လွယ်လင့်တကူ ရှင်းထုတ်နိုင်ပါသော်လည်း လန်ရှောင်နီမှာ ထိုသို့မဟုတ်ပေ။

သခင်ကြီးများသည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အထွဋ်အထိပ်အဆင့် ရှိသောကြောင့် လန်ရှောင်နီအနေဖြင့် တစ်မိနစ်အတွင်း အနိုင်မတိုက်နိုင်ပေ။

အရိုးစုမှာ လန်ရှောင်နီအား ကြာပွတ်ဖြင့် ရိုက်လိုက်သည်။

“အား.....”

လန်ရှောင်နီ၏ ခါးသွယ်သွယ်တွင် သွေးများစီးကျလာသည်။

သူမသည် ချက်ချင်းပင် ငါးပြာလေးနှင့် ပြန်လည်တိုက်ခိုက်လိုက်သည်။

အရိုးစု၏ တိုက်ခိုက်မှုများမှာ တိကျသပ်ရပ်လွန်းလှပြီး အရိုးကြာပွတ်ဖြင့် ငါးပြာလေးအား ခုခံလိုက်သည်။

ကျယ်လောင်လှသော ပေါက်ကွဲသံများ ထွက်ပေါ်လာလေသည်။

ငါးပြာလေးမှာ အဝေးသို့ လွင့်ထွက်သွားရသည်။

တစ်ချိန်တည်းမှာပင် အရိုးစုမှာ လန်ရှောင်နီဘက် လှည့်လာသည်။

ခရက်.......

လေထုမှာ ရုတ်ချည်းဆိုသလို ချိပ်ပိတ်သွားလေသည်။

အန်လင်းမှာ ထိတ်လန့်သွားရသည်။

အရိုးစုသည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အထွဋ်အထိပ်အဆင့် ဖြစ်ပါသော်လည်း ယခင်တွေ့ခဲ့ရသော မကောင်းဆိုးဝါးများထက် ပိုမိုသန်မာသည်။

အရိုးစုသည် အရိုးကြာပွတ်အား ဓားမော့အဖြစ် ပြောင်းလဲကာ လှုပ်ရှားမရသော လန်ရှောင်နီကို တိုက်ခိုက်လာသည်။

လန်ရှောင်နီမှာ ဝှက်ဖဲများပင် သုံးခွင့်မရလိုက်သောကြောင့် စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။

ဒါက အဆုံးသတ်လား......

သွေးနီရောင် ဓားမော့မှာ ကြောက်မက်ဖွယ် ကောင်းနေလေသည်။

လန်ရှောင်နီမှာ လှုပ်မရသောကြောင့် ငိုပင်မငိုနိုင်ပေ။

ပုံရိပ်တစ်ခုမှာ ရုတ်တရက်ပင် သူမရှေ့ ရောက်ရှိလာ၏။

ဝုန်း.....

ထိတ်လန့်ဖွယ် ပေါက်ကွဲသံနှင့်အတူ ထိုသူ၏ ဆံနွယ်များ လွင့်ဖြာသွားသည်။

၎င်း၏ အနက်ရောင် ဓားပုံရိပ်မှာ အရိုးစုအား နှစ်ပိုင်းပြတ်သွားစေသည်။

လန်ရှောင်နီမှာ ထိုအမျိုးသားအား ငေးကြည့်နေမိသည်။

“အန်လင်း....”

သူမ မျက်ရည်များ စီးကျလာသည်။

ထိုသည်မှာ ဝမ်းနည်းမျက်ရည်များ မဟုတ်ပေ။

သူမသည် အန်လင်း၏ လုပ်ရပ်အား အလွန်ပင် ရင်ထဲထိသွားရသည်။

ခေါင်းတလားထဲ စတင်ရောက်ရှိလာချိန်မှစ၍ သူမသည် အန်လင်းနောက်မှ တကောက်ကောက် လိုက်ပါခဲ့သည်။ မည်သည့်အန္တရာယ်ပင် ဖြစ်နေပါစေ အန်လင်းရှိနေပါက ဘေးကင်းပေသည်။

အန်လင်းသည် အားကိုးနိုင်သော ယောက်ျား ဖြစ်သည်။

“လန်ရှောင်နီ ငါအချိန်တစ်မိနစ် မပေးလိုက်နိုင်ဘူး။ မင်းစိတ်မဆိုးဘူးမလား။”

အန်လင်း ညင်သာစွာ မေးလိုက်သည်။

“မဆိုးပါဘူး။ နင့်အမှားမှ မဟုတ်တာ။ ကျေးဇူးတင်ပါတယ်။ ငါ..... ငါ တဇွတ်ထိုး ဆန်မိတယ်။”

လန်ရှောင်နီ ငိုကြွေးလိုက်မိသည်။

အန်လင်း ခေါင်းညိတ်ပြလာသည်။

“ပြန်လာခဲ့မယ်။ မလှုပ်နဲ့ဦးနော်။”

“အင်း....”

လန်ရှောင်နီမှာ အလွန်နာခံနေသည်။

“သူဘာလုပ်နေတာလဲ။”

သူမ အန်လင်းအား လှမ်းကြည့်လိုက်သည်။

အန်လင်းသည် အရိုးပုံထဲမှ အနီရောင် အရိုးတစ်ချောင်းအားထုတ်ကာ သိုလှောင်လက်စွပ်ထဲ ထည့်လိုက်လေသည်။

လန်ရှောင်နီ : “......”

သူမမှာ ရင်ထဲသိပ်မထိချင်တော့ပေ။

မကြာမီပင် မူးနောက်နောက် ခံစားချက်အား ရရှိလိုက်သည်။

ခန်းမထဲ ပြန်လည်ရောက်ရှိလာပြီးနောက် ရှီးဟိုင်ဇယ် စကားဆိုလာသည်။

“စမ်းသပ်ချက်ကို အောင်မြင်သွားတာ ဂုဏ်ယူပါတယ်။ မျိုးနွယ်စုအကျိုး သယ်ပိုးနိုင်ပါစေလို့ မျှော်လင့်ပါတယ်။”

အန်လင်း ရင်ဘတ်အားပုတ်ကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့ စီနီယာ။”

လန်ရှောင်နီ မချိပြုံး ပြုံးမိသည်။

“ရော့.... ဒါက တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်က ပါရာဂွန်လိမ္မော်သီးတွေပဲ။ အရသာရှိတယ်။”

အန်လင်းမှာ ဖရဲသီး အရွယ်ခန့်ရှိသော လိမ္မော်သီးနှစ်လုံး ထုတ်ပေးလိုက်သည်။

လက်အောက်ငယ်သားသည် ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့သောကြောင့် ဆုချပေးရမည်ပင်။

လန်ရှောင်နီမှာ လိမ္မော်သီး နှစ်လုံးအားပိုက်ကာ ကြောင်တောင်တောင် ဖြစ်နေမိသည်။

သူမ နှလုံးသားထဲတွင် ထူးခြားသော ခံစားချက်များ ဖြစ်ပေါ်လာသည်။

“ကျေး.... ကျေးဇူးပါ။”

ထိုသည်မှာ အဆင့်ကိုး စိတ်ဝိဥာဥ်သစ်သီးများဖြစ်ကာ သူမအတွက် တန်ဖိုးမရှိလှပါသော်လည်း ရတနာများအလား ဂရုတစိုက် သိမ်းဆည်းလိုက်သည်။

ထိုလိမ္မော်သီးများသည် သူမ ကြိုးစားမှု၏ အသီးအပွင့်ပင် မဟုတ်လော။

ထို့အပြင် ရတနာများအား အန်လင်းမှသာ ရယူနေသောကြောင့် ထိုလိမ္မော်သီး နှစ်လုံးအား ခမည်းတော်နှင့် နတ်ဆရာခေါင်းဆောင်အားပြရန် ယူသွားရမည်ပင်။

All Chapters