← Chapters

အခြေအနေအားပြောင်းလဲခြင်း

Vol. 75 Ch. 1044

အခြေအနေအားပြောင်းလဲခြင်း

Vol. 75 Ch. 1044

လန်ရှောင်နီသည် အဆိုးဆုံး အခြေအနေများအတွက် စိတ်အားပြင်ဆင်ထားသည်။

မည်သူမဆို အန်လင်းအား ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

အန်လင်းသည် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်အား အသက်သွင်းလိုက်သည်။

(နတ်ရွာစံဧကရာဇ်အရိုးတော် : တာအိုပေါင်းစည်းခြင်းအဆင့်ရှိသော အနောက်ပင်လယ် ဧကရာဇ်၏ တာအိုအရိုးတော် ဖြစ်သည်။ စိတ်ဆန္ဒနယ်ပယ်နှင့် မရဏအစွမ်းတို့ ပါဝင်ကာ နတ်အဆင့် ရတနာ ဖြစ်ပေသည်။)

အန်လင်း တုန်ယင်သွားရသည်။

သောက်ကျိုးနည်း.... တာအိုပေါင်းစည်းခြင်းအဆင့်ရဲ့ တာအိုအရိုးတော်တဲ့လား.....

နတ်အဆင့် ရတနာ.....

အန်လင်း အတွေးတစ်ခု ဖြစ်ပေါ်လာသည်။ သူ့ထံတွင် နတ်အဆင့် ရတနာ သုံးခုရှိနေပြီး အခြားသော နတ်အဆင့် ရတနာများပါ ရရှိနိုင်ခဲ့ပါက အံ့ဖွယ်လက်နက်တစ်ခု ဖန်တီးနိုင်လောက်မည်လော။

အံ့ဖွယ်လက်နက်.....

ထိုအတွေးနှင့်ပင် အန်လင်း စိတ်လှုပ်ရှားလာသည်။

ဖြစ်နိုင်ခြေ ရှိတာပဲ.....

ရှီးဟိုင်ဇယ်မှာ ကျန်ရှိနေသော အလင်းလုံးများ ထုတ်ပြလာသည်။

“ရတနာတွေ ယူနိုင်ဖို့ အခွင့်အရေး ရှိသေးတယ်။”

အန်လင်း အနည်းငယ်တွေးကာ အပြာရောင်အား ရွေးချယ်လိုက်သည်။

လန်ရှောင်နီသည်လည်း ပြောစရာပင် မလိုအောင် အပြာရောင်ကိုသာ ရွေးချယ်လာသည်။

ရှီးဟိုင်ဇယ် စကားဆိုလိုက်သည်။

“မင်းတို့က တကယ်လိုက်ဖက်ကြတာပဲ။ ကောင်လေးကလည်း ကောင်မလေး လိုချင်တာကို သိနေတာပဲ။ မင်းတို့ဆက်ဆံရေးကို ငါအသိအမှတ်ပြုတယ်။”

အန်လင်းမှာ ရုပ်ထုအား သမချင်လာသည်။

သောက်ရမ်းစကားများတာပဲ..... ပွစိပွစိနဲ့......

စကားသာ ပြောနိုင်သော သုံးစားမရသည့် ရုပ်ထုဆိုပါက ပြာချလိုက်လောက်ပြီပင်။

မကြာမီတွင် အပြာရောင် အလင်းများမှာ ၎င်းတို့အား လွှမ်းခြုံသွားလေသည်။

ချက်ချင်းဆိုသလို ကြောက်မက်ဖွယ် ဖိအားကို ခံစားလိုက်ရသောကြောင့် အန်လင်း အမူအရာ ပြောင်းလဲသွားကာ ချပ်ဝတ်တစ်ခု ဖန်ဆင်းလိုက်သည်။

လန်ရှောင်နီမှာမူ ထိုဖိအားနှင့် အလွန်ပင် အသားကျနေသည်။

သူမ၏ မျက်ဝန်းပြာများ တောက်ပလာသည်။

“ငါတို့ ပင်လယ်ကြမ်းပြင်ကို ရောက်နေတာလား။”

အန်လင်းမှာ မည်းမှောင်နေသော ပတ်ဝန်းကျင်အားကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“ဟုတ်လောက်မယ်။ လက်ရှိဖိအားအရဆို ကီလိုမီတာ ငါးသောင်းအနက်လောက်ထင်တယ်။”

လန်ရှောင်နီ တွက်ချက်လိုက်သည်။

“ငါးသောင်းသုံးထောင့်ခြောက်ရာဝန်းကျင်ပေါ့။”

သူမသည် ရေသူမတစ်ကောင် ဖြစ်သောကြောင့် ပင်လယ်အခြေအနေအား လွန်စွာနားလည်သည်။

လန်ရှောင်နီ တစ်နေရာအား လက်ညှိုးထိုးပြလိုက်သည်။

“အဲ့နေရာက ဖိအားတွေ တိုးလာနေတယ်။ သွားကြည့်ကြမလား။”

ဝိဥာဥ်ငါးကလန်၏ မင်းသမီးသည် ပင်လယ်ကြမ်းပြင်တွင်ပင် သတ္တိမရှိသောကြောင့် အန်လင်း ရယ်ချင်သွားမိသည်။

“ကောင်းပြီလေ။”

လမ်းတလျှောက်တွင် ပင်လယ်မိစ္ဆာများနှင့် တွေ့ကြုံရပါသော်လည်း လန်ရှောင်နီမှာ အားလုံးကို ရှင်းထုတ်ပစ်ခဲ့သည်။

လန်ရှောင်နီသည် ပတ်ဝန်းကျင် အားသာချက်ကြောင့် ပင်လယ်ပြင်တွင် ပိုမိုကြောက်မက်ဖွယ်ကောင်းကြောင်း အန်လင်း သတိထားမိသည်။

မကြာမီပင် ကျောက်စိမ်းဖြူများနှင့် ပြီးပြည့်စုံစွာ တည်ဆောက်ထားသော နန်းတော်ကြီး တစ်ခုရှေ့ ရောက်ရှိလာခဲ့သည်။

“သခင်ကြီးက ဒီထဲမှာများလား။”

အန်လင်း စိတ်ဝင်စားသွားသည်။

ဂိတ်တံခါးအတွင်း ရှိနေသော မြင်ကွင်းမှာ ထင်မှတ်ထားသလို မဟုတ်ပေ။

အပြာရောင် အကာအရံတစ်ခု ရှိနေပြီး ထိုနောက်တွင် သစ်သားတံတားတစ်စင်း ရှိနေသည်။

တံတားအား အမှောင်ထုများမှ ကာရံကာ တစ်ဖက်တစ်ချပ်စီတွင်လည်း ပင်လယ်မိစ္ဆာများ နေရာယူထားကြသည်။

“အပေါ်ယံ ကြည့်ရုံနဲ့ ဆုံးဖြတ်မရဘူးပဲ။”

အန်လင်း အံ့သြသွားရသည်။

အပြင်ဘက်မှကြည့်လျှင် နန်းတော်သည် ပေတစ်ထောင်မျှသာ ရှိပါသော်လည်း အတွင်းဘက်တွင် ထိုသို့မဟုတ်ပေ။

“ဒီနေရာက မှော်နယ်မြေ ထင်တယ်။”

လန်ရှောင်နီမှာ ရေကဲ့သို့ ဖြစ်နေသော အပြာရောင် အကာအရံအား အလွယ်တကူ ဖြတ်ဝင်သွားသည်။

“ဒါကရေပဲလား။”

အန်လင်းလည်း နောက်မှလိုက်ဝင်လိုက်သည်။

ဝုန်း.....

သူ၏ခန္ဓာကိုယ်သည်ပင် အနောက်သို့ လွင့်ထွက်သွားရသည်။

လန်ရှောင်နီ ကြောင်တောင်တောင် ဖြစ်သွားလေသည်။

အန်လင်းသည်လည်း နားမလည်နိုင် ဖြစ်နေမိသည်။

သူအကာအရံအား လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ဝုန်း.....

ထပ်၍လွင့်ထွက်သွားပြန်သည်။

အန်လင်း : “.....”

လန်ရှောင်နီ : “.....”

လန်ရှောင်နီ မျက်လုံးပြူးသွားသည်။

“နင်ဝင်လာလို့ မရဘူးလား။”

အန်လင်း အသက်ပြင်းပြင်း ရှူလိုက်သည်။

နတ်ဘုရားစစ်ဆေးမှုနည်းစနစ်.....

အလွှာအထပ်ထပ် ဖြစ်နေသော စွမ်းအင်နံရံအား တွေ့လိုက်ရသည်။

စွမ်းအင်သက်သက်ဖြစ်ကာ မန္တာန်ဝင်္ကပါတစ်ခု မဟုတ်သောကြောင့် အန်လင်းသည်ပင် ဘာမှမတတ်နိုင်ပေ။

လန်ရှောင်နီ တွေးကာပြောလိုက်သည်။

“ငါ့လိုမျိုး တော်ဝင်မျိုးနွယ်ကပဲ ဝင်ခွင့်ရှိတာများလား။”

သူမ ဝမ်းသာစွာ ရယ်မောလိုက်မိသည်။

“ဟီးဟီး...... ဒါက ကံကြမ္မာပဲ။”

သူမ ခါးထောက်ကာ ပြောလိုက်သည်။

“ဒီတစ်ခါတော့ ရတနာက ငါ့အတွက်ပဲ။”

“စောင့်ခဲ့ရတာကြာပေါ့။”

“နတ်ဆရာခေါင်းဆောင်၊ ခမည်းတော်၊ အစ်ကိုတော်၊ မောင်တော်နဲ့ ဝိဥာဥ်ငါးကလန် တစ်ခုလုံးကို စိတ်ပျက်စေလို့ မဖြစ်ဘူး။”

“ဟာဟာ့ဟာ.... ဟာဟာ့ဟာ....”

သူမ ပျော်ရွှင်စွာဖြင့် ဝိဥာဥ်ငါးကလန် တေးသံအား ငြီးလိုက်သည်။

“ဒီနေ့ အားလုံး ပျော်ကြတယ်.... လာလာ့လား... .လာလာ့လား....”

အန်လင်း ကြောင်စီစီ ဖြစ်နေမိသည်။

“ဒင်းရူးသွားတာလား။”

ဘာလို့ အဲ့လောက်တောင် ပျော်နေရတာလဲ.....

လန်ရှောင်နီ အန်လင်းအား တာ့တာပြလာသည်။

“ရတနာ သွားယူလိုက်ဦးမယ်နော်... ခ်ခ်....”

အန်လင်း သက်ပြင်းချလိုက်သည်။

အကာအရံသည် ဝိဥာဥ်ငါးကလန်၏ နတ်ဆရာခေါင်းဆောင်ကိုယ်တိုင် ပြုလုပ်ထားပုံရကာ တာအိုပေါင်းစည်းခြင်းအဆင့် ရှိသည်။

လန်ရှောင်နီ၏ သုံးသပ်ချက်မှာ မှားယွင်းလှသည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ အန်လင်းမှာ မျှော်လင့်ချက် ရှိနေသေးသည်။

သူသည် နန်းတော်ထဲ သွားနေသော လန်ရှောင်နီအားကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်တော့သည်။

All Chapters