ကြိုးစားမှုနှင့်တန်သော.....
Vol. 75 Ch. 1047
ကိုယ်စိုက်တဲ့အပင် ကိုယ်ပြန်ရိတ်သိမ်းရမှာပဲ....
လန်ရှောင်နီမှာ ထိုသို့ကြုံတွေ့နေရသည်။
အစောပိုင်းကပင် မောက်မာခဲ့ပါသော်လည်း ယခုတွင်မူ သနားစရာ ကောင်မလေးတစ်ဦးသဖွယ် ဖြစ်နေသည်။ သူမသည် အန်လင်း၏ အမြှီးကိုသာ မလွှတ်တမ်း ဆွဲထားချင်နေမိသည်။
ပင်လယ်မိစ္ဆာများသည် အကာအရံအား မကျော်နိုင်ပါသော်လည်း ကျီသယ်မှာ ဆက်လက်လိုက်လာနေသည်။
“လမ်းမပိတ်နဲ့။”
အန်လင်းသည် လန်ရှောင်နီအား စီးကြိုပွေ့ဖက်ကာ ဘေးသို့ပို့လိုက်စဥ်မှာပင် ကျီသယ်သည်လည်း ခရင်းခွဖြင့် တိုက်ခိုက်လာသည်။
အန်လင်းမှာ ဓားထုတ်ရန်ပင် အချိန်မရသောကြောင့် လက်ဗလာနှင့် ဆုပ်ကိုင်လိုက်ရသည်။
ဝုန်း.....
ကြောက်မက်ဖွယ် စွမ်းအင်ပေါက်ကွဲမှုများ ဖြစ်သွားလေသည်။
မည်သို့ပင်ဆိုစေကာမူ ထက်ရှလွန်းလှသော ခရင်းခွမှာ အန်လင်း၏ အရေပြားအား မထိုးဖောက်နိုင်ပေ။
ကျီသယ် မျက်လုံးပြူးသွားသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
“ငါလည်း စိတ်အနှောင့်အယှက်ဖြစ်တယ်။ အချိန်တိုင်းလိုလို ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဆိုပြီး မေးရလောက်အောင် ဆရာကျနေလို့လေ။”
ထိုစကားနှင့်အတူ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
ထိုသည်မှာ ရိုးရှင်းလှသော တိုက်ခိုက်မှု တစ်ခုပင်။
သို့သော် လန်ရှောင်နီ၏ မှော်ကျင့်စဥ်ထက်ပင် သာလွန်နေပြီး ရှောင်ရှားရန်လည်း အချိန်မရတော့ပေ။
ဝုန်း......
ကျီသယ်၏ နက်ရွှေရောင် ခန္ဓာတွင် အပေါက်ကြီးတစ်ခု ဖြစ်သွားရသည်။
“ဖူး.....”
ကျီသယ် သွေးအန်ကာ အဝေးသို့ လွင့်ထွက်သွားလေသည်။
ရေဘဝဲ မိစ္ဆာမှာ အကာအရံ တစ်ဖက်ရှိ သစ်သားတံတားပေါ် ပြန်ရောက်သွားသည်။
အန်လင်းမှာ ချက်ချင်းဆိုသလို ရွှေရောင်ဟာလာပြင်လျှပ်စီးအား ဆင့်ခေါ်လိုက်သည်။
ဝုန်း.......
အကာအရံကြောင့် ရွှေရောင်ဟာလာပြင်လျှပ်စီးများ ပေါက်ကွဲသွားရသည်။
အန်လင်း : “.....”
ယီးတဲ့မှ.... အဆင့်အတန်း ခွဲခြားတဲ့ သောက်ကျိုးနည်း အကာအရံကို မေ့နေတာပဲ......
တိုက်ခိုက်မှုတွေကိုတောင် ကာနိုင်တာလားဟ.....
ကျီသယ်မှာ ဒဏ်ရာဗလပွ ဖြစ်နေပါသော်လည်း အန်လင်းအားကြည့်ကာ ရယ်လိုက်သည်။
“ဟားဟားဟား..... မင်းဘာသာ ဘယ်လောက်ကြမ်းကြမ်း အကာကို မကျော်နိုင်ရင် ဘာမှဖြစ်မလာတော့ဘူး။ ငါက မင်းဘယ်လိုပဲ ကြိုးစားပါစေ မရနိုင်တဲ့ ယောက်ျားပဲ။”
အန်လင်း အော့အန်ချင်သွားသည်။
ရုပ်ဆိုးတာက ထားပါတော့.... စကားအပြောအဆိုကိုက ရွံစရာကောင်းလိုက်တာ.....
ရုတ်ချည်းဆိုသလို အပြာရောင် ပုံရိပ်တစ်ခုမှာ အကာအရံအားဖြတ်ကာ ကျီသယ်အား ဓားနှင့်ထိုးလိုက်သည်။
တိုက်ခိုက်မှုမှာ ကြမ်းတမ်းခက်ထန်လွန်းပေသည်။
“မဟုတ်ဘူး......”
ကျီသယ်မှာ အော်ဟစ်နေရင်းပင် နှစ်ပိုင်းပြတ်သွားရသည်။
အန်လင်းသည် အကာအရံအား မဖြတ်နိုင်ပါသော်လည်း လန်ရှောင်နီမှာ ထိုသို့မဟုတ်ပေ။
လန်ရှောင်နီသည် သတိလစ်မတက် အားနည်းနေပြီး အံကြိတ်ကာ အားတင်းထားရသည်။
သူမ ဖြည်းညင်းစွာ ထိုင်ချကာ ကျီသယ်၏ အလောင်းအား စတင်ရှာဖွေလိုက်သည်။
အန်လင်း : “......”
ရင်းနှီးနေတဲ့မြင်ကွင်း.....
ဒီတစ်ခါတော့ လန်ရှောင်နီ ရသွားပြီပေါ့.....
အန်လင်းသည် ကြည့်နေရုံသာ တတ်နိုင်ပြီး လန်ရှောင်နီမှာ နောက်ဆုံး အနိုင်ရသူ ဖြစ်သည်။
အန်လင်း စိတ်အလိုမကျ ဖြစ်သွားသည်။
ဒါက ကံပဲလား.....
အခြေအနေ အပြောင်းအလဲများ ဖြစ်သွားပါသော်လည်း သူသည် ရတနာအား မရနိုင်ခဲ့ပေ။ အံ့ဖွယ်လက်နက် ပြုလုပ်ရန် အိပ်မက်မှာလည်း ဝေးကွာသွားသယောင် ခံစားလိုက်ရသည်။
လန်ရှောင်နီသည် မျက်ရည်စက်သဏ္ဍာန် အပြာရောင် ရတနာအား ရှာတွေ့ခဲ့သည်။
ရတနာ၏ ရောင်ဝါမှာ သိမ်မွေ့နူးညံ့ပြီး တန်ဖိုးကြီးမည်ဟု မထင်ရပေ။
မည်သို့ပင်ဆိုစေကာမူ ထိတ်လန့်ဖွယ် စွမ်းအင်များအား သူမ ခံစားမိနေသည်။
လန်ရှောင်နီ ရယ်မောကာ အကာအရံထဲမှ ထွက်လာသည်။
“ငါနိုင်သွားပြီ။”
သူမ အန်လင်းအားကြည့်ကာ ပြောလိုက်သည်။
အန်လင်း ခေါင်းခါကာ သက်ပြင်းချမိသည်။
“ကံကြမ္မာပဲ နေမှာပါ။”
ဤကမ္ဘာသည် လန်ရှောင်နီနှင့် အလွန်ဆက်နွယ်နေသောကြောင့် သူသည်ပင် ဘာမှမတတ်နိုင်ပေ။
ထိုအချိန်တွင် သင်းပျံ့သော ရနံ့တစ်ခုနှင့်အတူ မျက်ရည်ကျောက်အား တွေ့လိုက်ရသည်။
အန်လင်း ကြောင်တောင်တောင် ဖြစ်သွားလေသည်။
လန်ရှောင်နီ ပြုံးကာပြောလာသည်။
“ငါ.... လန်ရှောင်နီက ကျေးဇူးတရားကို သိတတ်ပါတယ်။ ငါ့အသက်ကို ကယ်ပေးတဲ့အတွက် ဒီရတနာကို ယူလိုက်ပါ။”
လန်ရှောင်နီက နတ်အဆင့် ရတနာကို လာပေးနေတာလား....
ရုတ်တရက် ဆန်လွန်းလှသောကြောင့် အန်လင်းသည်ပင် ဘာမှမတွေးနိုင်လိုက်ပေ။
ထိုရတနာအား ရယူလိုက်စဥ်က လန်ရှောင်နီသည် အရူးတစ်ယောက်လို ပျော်ရွှင်နေခဲ့သည်။
ဘိုးဘေးရတနာသည် သူမအတွက် အရေးပါလွန်းပုံပင်။
ဤခရီးစဥ်တွင် သူမ ရရှိနိုင်သော ရတနာမှာ ထိုတစ်ခုတည်းသာ ဖြစ်သည်။
သို့သော် လန်ရှောင်နီမှာ အေးအေးဆေးဆေးပင် လက်ဆောင်ပေးလာလေသည်။
“ဟဲ့.... နင်မလိုချင်ရင် ငါယူလိုက်မှာနော်။”
လန်ရှောင်နီ စကားဆိုလာသည်။
“ငါလိုချင်တယ်။”
အန်လင်း ဝမ်းပန်းတသာ လက်ခံလိုက်သည်။
“မင်းက အရမ်းလိမ္မာတာပဲ။ ကျေးဇူးတင်ပါတယ်။”
လန်ရှောင်နီ : “......”
“အဲ့ဒါ ချီးကျူးတာလား။”
အန်လင်း စကားပြင်ပြောလိုက်သည်။
“မင်းက ငါမြင်ဖူးသမျှ ရေသူမတွေထဲ အတော်ဆုံးပဲ။”
လန်ရှောင်နီ ယုံကြည်ချက်ရှိစွာ ပြုံးလိုက်သည်။
“ဒါပေါ့.....”
စိတ်ကျေနပ်ဖို့ လွယ်လိုက်တာဟု အန်လင်း တွေးမိသွားသည်။
ရတနာအား ရရှိလိုက်ပြီးနောက် အန်လင်းတို့မှာ ရှီးဟိုင်ဇယ်ရှေ့ ပြန်ရောက်လာကြသည်။
“စမ်းသပ်မှု အောင်မြင်သွားတာ ဂုဏ်ယူပါတယ်။ မျိုးနွယ်စုအကျိုး သယ်ပိုးနိုင်ဖို့ မျှော်လင့်ပါတယ်။”
အန်လင်း ရင်ဘတ်အားပုတ်ကာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့ စီနီယာ။”
ထိုမြင်ကွင်းမှာ ရင်းနှီးလွန်းနေပြီပင်။
လန်ရှောင်နီမှာ အားအင်များ ကုန်ခမ်းနေသောကြောင့် ဝိဥာဥ်သွေးဆေးလုံးအား သောက်လိုက်ရသည်။
ထို့နောက် တန်ဖိုးရှိမှန်း သိသာလွန်းလှသော အနီရောင်သစ်သီးတစ်လုံးအား တွေ့လိုက်ရလေသည်။
“ဒါက အဆင့်သုံး အင်မော်တယ်သစ်သီးပဲ။ ငါ့မှာလည်း ဒါပဲ ကျန်တော့တာ။”
အန်လင်း နွေးထွေးစွာ ပြုံးပြလာသည်။
“ဘာ... ဘာလို့လဲ။”
လန်ရှောင်နီ မယုံကြည်နိုင် ဖြစ်နေမိသည်။
“မင်းအားအင်ပြည့်နေမှ ငါနဲ့တူတူ ဆက်တိုက်နိုင်မှာပေါ့။ မစိုးရိမ်ပါနဲ့။ ငါက ငွေမရှားဘူး။”
လန်ရှောင်နီ ဖြည်းညင်းစွာ ဝါးစားလိုက်သည်။
သူမ ပါးပြင်မှ မျက်ရည်များ စီးကျလာ၏။
ထိုသည်မှာ ကြိုးစားခဲ့ရသည်နှင့် ထိုက်တန်သော ဆက်ဆံပုံအား ပြန်ရလိုက်သလိုပင်။
အန်လင်း လန်ရှောင်နီအားကြည့်ကာ ပြုံးမိသည်။
လက်အောက်ငယ်သား တစ်ယောက်တော့ တကယ်ရလိုက်ပြီပဲ......
ဒီရေသူမက ပြောရဆိုရ တော်တော်လွယ်တယ်......
ငါတို့နှစ်ယောက် ဆက်ဆံရေးက သစ်သီးတစ်လုံးနဲ့တင် တော်တော်တိုးတက်သွားတာပဲ.....
အန်လင်းမှာ နတ်ဘုရားစစ်ဆေးမှုနည်းစနစ်အား အသက်သွင်းလိုက်သည်။
(ခံစားမျက်ရည်စက် : နတ်ဆရာခေါင်းဆောင် ရှီးဟိုင်ဇယ်၏ အချစ်အတွက် ကျဆင်းခဲ့သော နောက်ဆုံးမျက်ရည်စက်.... နတ်အဆင့် ရတနာ ဖြစ်သည်။)
အန်လင်း : “......”
သောက်ကျိုးနည်း....