← Chapters

ငါ့ဓားကိုစားလိုက်

Vol. 75 Ch. 1050

ငါ့ဓားကိုစားလိုက်

Vol. 75 Ch. 1050

သေရတာနဲ့ ရှင်ရတာ ဘယ်ဟာပိုကြိုက်လဲတဲ့လား....

အန်လင်း ကြောင်တောင်တောင် ဖြစ်သွားသည်။

ဒီမေးခွန်းက ဘာကြီးလဲဟ...... ဘယ်သူက သေရတာ ကြိုက်မှာလဲ.....

လန်ရှောင်နီ ထိတ်လန့်သွားရသည်။

“အဲ့ဒါ ရှေးဟောင်းနတ်ဘီလူးပဲ။ ဘာလို့ ဒီမှာရှိနေတာလဲ။”

အန်လင်းသည်လည်း အံ့အားသင့်သွားမိသည်။

နတ်ဆရာခေါင်းဆောင် နှစ်ယောက်လုံး အသက်စွမ်းအင် စွန့်လွှတ်ခဲ့ရတာ ဒီနတ်ဘီလူးကြောင့်လား.....

ဒါပေမယ့် နတ်ဘီလူးက သေပြီဆို ဒါကဘယ်သူလဲ.....

စွမ်းအင်အကြွင်းအကျန်လား......

ဝိဥာဥ်အပိုင်းအစလား....

အန်လင်း အတွေးများသွားသည်။

ထိုအချိန်မှာပင် စကားသံတစ်ခု ထပ်မံထွက်ပေါ်လာသည်။

“နောက်ဆုံးတစ်ခေါက် မေးမယ်။ သေရတာနဲ့ ရှင်ရတာ ဘယ်ဟာပိုကြိုက်လဲ။”

“ရှင်ရတာ ပိုကြိုက်တာပေါ့။”

အန်လင်း မတွေဝေပဲ ပြောလိုက်သည်။

“ကျွန်မလည်း ရှင်ရတာ ကြိုက်တယ်။”

လန်ရှောင်နီ အသည်းအသန် လိုက်ပြောလာသည်။

နတ်ဘီလူး ခေါင်းညိတ်လိုက်သည်။

“ရှင်ရတာ ပိုကြိုက်တယ်ပေါ့လေ။ အခုပဲ မင်းတို့ကို သတ်ပစ်မယ်။”

အနက်ရောင် မြူခိုးများကြားမှ ချိုတစ်စုံနှင့်အတူ ရက်စက်ခက်ထန်သော မျက်နှာတစ်ခု ပေါ်ထွက်လာသည်။ ၎င်း၏အနီရောင် သွားစွယ်နှစ်ခုလည်း ရှိသည်။

“ငါ့ရဲ့ဝါသနာက သူများအကြိုက်ကို ဖျက်စီးရတာပဲ.... ဟားဟားဟား....”

အန်လင်း : “.....”

လန်ရှောင်နီ : “......”

သောက်ကျိုးနည်း.......

ဒီကောင်က စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်နေတာလား......

တအားမိစ္ဆာဆန်လွန်းတယ်.... တော်တော်ဆရာကျတဲ့ မကောင်းဆိုးဝါးပါလား.....

“ကျွန်မ သေချင်တယ်။”

အသက်ရှင်ချင်လွန်းသော လန်ရှောင်နီမှာ အလျင်အမြန် အဖြေပြောင်းလိုက်သည်။

“အဲ့ဒါဆို မင်းဆန္ဒကို ဖြည့်ဆည့်ပေးရမှာပေါ့.... ဟားဟားဟား.....”

နတ်ဘီလူးမှာ ရယ်မောနေသည်။

ကြောက်မက်ဖွယ် နတ်ဓားနှစ်လက်မှာ အန်လင်းနှင့် လန်ရှောင်နီထံ ကျဆင်းလာသည်။

ထိုဓားနှစ်လက်သည် အဖြူရောင်နှင့် အနက်ရောင်ဖြစ်ကာ တိမ်တိုက်များကိုပင် ပိုင်းဖြတ်ပစ်နေသည်။

ဓားများ၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒမှာလည်း ပြင်းထန်လွန်းလှသည်။

လန်ရှောင်နီ မျက်နှာပျက်ကာ အန်လင်းနောက် ဝင်ပုန်းလိုက်သည်။

အန်လင်းသည်လည်း အမူအရာ ပြောင်းလဲကာ အုတ်ခဲနက်အား ထုတ်လိုက်လေသည်။

ရှေးဟောင်းနတ်ဘီလူး၏ နတ်ဓားနှစ်လက်တွင် ထိတ်လန့်ဖွယ် စွမ်းအင်အကြွင်းအကျန်များ ပါဝင်နေပြီး အန္တရာယ် အငွေ့အသက် အားကောင်းလွန်းသည်။

ဓားများမှာ အုတ်ခဲနက်ထံ ရောက်ရှိလာကာ စွမ်းအင်များ ပေါက်ကွဲသွားသည်။

အန်လင်းသည် တတ်စွမ်းသမျှ ကြိုးစားနေပါသော်လည်း အုတ်ခဲနက်မှာ အမြှောက်တစ်ခုအလား ၎င်းတို့ထံ ပစ်ဝင်လာလေသည်။

“အား....”

လန်ရှောင်နီ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

အုတ်ခဲနက်ကြောင့် ၎င်းတို့သည်လည်း မီတာပေါင်း ထောင်နှင့်ချီ လွင့်ထွက်သွားရသည်။

နတ်ဓားနှစ်လက်၏ စွမ်းအင်အကြွင်းအကျန်များမှာ ရှိရှိသမျှ ဖျက်စီးပစ်နေသည်။

“ဟူး.... အန္တရာယ် များလိုက်တာ။”

အန်လင်းသည်ပင် ကြောက်ရွံ့နေမိသည်။

ထို့နောက် သူ၏နောက်ကျောတွင် ကပ်နေသော ဖရဲသီး နှစ်လုံးနှင့် ခါးအားတင်းကြပ်စွာ ဖက်ထားသော လက်တစ်စုံကို သတိထားလိုက်မိသည်။

“ငါ့ကိုလွှတ်ပေးတော့။”

အန်လင်း စကားဆိုလိုက်သည်။

“အန္တရာယ် မရှိတော့ဘူး။”

လန်ရှောင်နီ သတိပြန်ဝင်လာကာ ချက်ချင်းလွှတ်ပေးလိုက်သည်။

“အိုး..... စိတ်ဝင်စားစရာပဲ။ မင်းတို့က ခံနိုင်ရည် ရှိတယ်လား။”

နတ်ဓားနှစ်လက်မှာ နတ်ဘီလူးနားတွင် လည်ပတ်နေသည်။

“ဘာပဲဖြစ်ဖြစ် ဒါက မင်းတို့ရဲ့ အကန့်အသတ်ပဲ ဖြစ်ရမယ်။ ငါ့ဓားကို ထပ်စားလိုက်....”

နတ်ဘီလူး၏ စကားနှင့်အတူ နတ်ဓားနှစ်လက် ပျံဝဲလာပြန်သည်။

လန်ရှောင်နီ အလန့်တကြားဖြင့် အန်လင်းနောက် ဝင်ပုန်းလိုက်ပြန်သည်။

“ထပ်ပြီးတော့လား။”

အန်လင်း မျက်ဆံလှန်ကာ အုတ်ခဲနက်ဖြင့် ထပ်ကာလိုက်ရသည်။

ဝုန်း......

နတ်ဓားနှစ်လက်ကြောင့် ၎င်းတို့လည်း လွင့်ထွက်သွားရပြန်သည်။

“အား......”

နှစ်ဦးလုံး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

အန်လင်းသည် အုတ်ခဲနက်ဖြင့် ရိုက်ခံရသလို ဖြစ်နေသောကြောင့် သက်တောင့်သက်သာ မရှိလှပေ။

ကံကောင်းထောက်မစွာဖြင့် နောက်ကျောတွင် ရှိနေသော ခန္ဓာကိုယ် အိအိစက်စက်လေးမှာ ဆိုဖာသဖွယ် ခံသာစေသည်။

လန်ရှောင်နီ ငိုချင်နေမိသည်။ သူမသည် နတ်ဓားနှစ်လက်အား ကြောက်ရွံ့လွန်းသောကြောင့် ရွေးချယ်စရာ မရှိပဲ အန်လင်းအား ဖက်ထားရသည်။

၎င်းတို့သည် အုတ်ခဲနက်ကြောင့် မည်သည့်ဒဏ်ရာမှ မရခဲ့ကြပေ။

“အံ့သြစရာပဲ။ ဒုတိယ ဓားချက်ကိုလည်း ခံနိုင်တယ်ပေါ့လေ။”

နတ်ဘီလူး စကားဆိုလာသည်။

“ဒါပေမယ့် မင်းတို့ အကန့်အသတ်ကို ရောက်နေပါပြီ။ ငါ့ဓားကို ထပ်စားလိုက်။”

နတ်ဓားနှစ်လက် ပျံဝဲလာပြန်သည်။

အန်လင်း : “.....”

လန်ရှောင်နီ : “.....”

ငုံးမနတ်ဘီလူး.... ဒီတစ်ကွက်ပဲ တတ်တာလား.....

ထိုသို့ဖြင့် အန်လင်းနှင့် လန်ရှောင်နီလည်း လွင့်ထွက်သွားရပြန်သည်။

“အိုး.... ခံနိုင်ရည် ရှိသေးတာလား။ ငါ့ဓားကို ထပ်စားလိုက်။”

နတ်ဘီလူး စကားဆိုလာပြန်သည်။

သောက်ကျိုးနည်း.....

မင်းမေကြီးသာ မင်းပြန်စားလိုက်ပါလား.....

အန်လင်းတို့မှာ ထပ်မံလွင့်ထွက်သွားရသည်။

“ဝါး..... ငါ့ရင်သားတွေ ပြားတော့မှာပဲ။”

လန်ရှောင်နီ ငိုမိလေပြီ။

“အဲ့ဒါ နင့်အပြစ်တွေပဲ။ ငါနစ်နာကြေး လိုချင်တယ်။”

အန်လင်း မျက်နှာပျက်သွားသည်။

“ဘာနဲ့လျော်ရမှာလဲ။ ငါ့မှာ ရင်သားမရှိဘူးလေ။”

“အံ့သြစရာပဲ။ အခုထိတောင် ခံနိုင်ရည် ရှိသေးတယ်ပေါ့။”

နတ်ဘီလူး ပြုံးကာပြောလာသည်။

“အခုတော့ မင်းတို့ အကန့်အသတ်ကို ရောက်နေလောက်ပါပြီ။ ငါ့ဓားကို ထပ်စားလိုက်။”

တူညီသောစကား၊ တူညီသော တိုက်ခိုက်မှုနှင့်အတူ အန်လင်းတို့လည်း တူညီစွာ လွင့်ထွက်သွားပြန်သည်။

လန်ရှောင်နီမှာ အန်လင်းအား မလွှတ်တမ်း ဖက်ထားလေသည်။

“ငါတို့ ဘယ်လိုလုပ်ကြမလဲ။”

သူမ အငိုမရပ်နိုင်ပေ။

“မငိုပါနဲ့တော့ဟ။”

အန်လင်း စိတ်ညစ်နေသည်။

“ငါ့အဝတ်အစားလည်း မင်းမျက်ရည်နဲ့ ရွှဲနေပြီ။”

မိန်းမတွေက ရေနဲ့လုပ်ထားတာဆိုရင် ရေသူမတွေက သမုဒ္ဒရာနဲ့ လုပ်ထားတာဖြစ်မယ်.....

ဘယ်လောက်ငိုငို မျက်ရည်ကို မကုန်နိုင်ဘူး..... အံ့သြစရာ ကောင်းလွန်းတယ်......

လန်ရှောင်နီမှာ အငိုလုံးဝမတိတ်ပေ။

ထို့နောက် နတ်ဘီလူးမှာ တိုက်ခိုက်လာပြန်သည်။

“ဆရာကြီးအန်လင်း နင်ကအရမ်းကြမ်းတာမလား။ ဘာလို့ သူနဲ့မတိုက်တာလဲ။”

လန်ရှောင်နီ ခံနိုင်ရည် မရှိတော့ပေ။

“ငါက ဆရာကြီးပဲ။”

အန်လင်း စကားဆိုလိုက်သည်။

“ဒါပေမယ့် ဆရာကြီးတွေက လက်အောက်ငယ်သားတွေကို အရင်လွှတ်တာလေ။ ငါ့ကို ဖက်မငိုနဲ့တော့။ အခုက မင်းထွက်တိုက်ရမယ့် အချိန်ပဲ။”

လန်ရှောင်နီမှာ မည်သည့်စကားမှ မဆိုရဲတော့ပေ။ အန်လင်းသာ စိတ်မကြည်ပါက သူမ အမြှောက်စာ ဖြစ်သွားနိုင်သည်။

၎င်းတို့သည် နတ်ဘီလူးအား ယှဥ်မတိုက်နိုင်သောကြောင့် အုတ်ခဲနက်နောက်တွင်သာ ဆက်ပုန်းနေကြရသည်။

ကံကောင်းထောက်မစွာဖြင့် အုတ်ခဲနက်မှာ မာကြောလွန်းကာ ၎င်းတို့သည် ဒဏ်ရာတစ်ချက် မရပဲ နေနိုင်ခဲ့သည်။

ထိုသို့ဖြင့် နတ်ဘီလူးမှာ ထပ်မံတိုက်ခိုက်လာသည်။

ဝုန်း....

“အား....”

အန်လင်းနှင့် လန်ရှောင်နီမှာ လွင့်ထွက်သွားရပြန်သည်။

ထို့နောက် ငါ့ဓားကိုစားလိုက်ဟူသော စကားအား ကြားလိုက်ရပြန်သည်။

ကိုးဆယ့်ကိုးကြိမ်အထိ ရှိနေလေပြီ။

“မင်းတို့က ကိုးဆယ့်ကိုးခါထိတောင် ခံနိုင်တာလား။”

နတ်ဘီလူး ရယ်မောလိုက်သည်။

“အခုတော့ ခံနိုင်တော့မှာ မဟုတ်ဘူး။ ငါ့ဓားကို ထပ်စားလိုက်။”

အန်လင်းနှင့် လန်ရှောင်နီမှာ နတ်ဘီလူးအား တည်တည်ငြိမ်ငြိမ် ကြည့်ရှုနေသည်။

လန်ရှောင်နီဆိုလျှင် ဆံနွယ်များကိုပင် သပ်သပ်ရပ်ရပ် ပြင်နေသေးသည်။

၎င်းတို့သည် တိုက်ခိုက်ခံမည်ကို မကြောက်တော့ပေ။

လာစမ်းပါ....

တိုက်စမ်းပါ.....

နတ်ဘီလူး အော်ဟစ်လိုက်သည်။

“သတ်ပစ်လိုက်....”

နတ်ဓားနှစ်လက်သည် အန်လင်း၏ အုတ်ခဲနက်ထံ ရောက်မလာပဲ ကောင်းကင်ထက်တွင် တုန်ယင်နေလေသည်။

နတ်ဘီလူး : “.....”

အန်လင်း : “......”

လန်ရှောင်နီ : “......”

All Chapters