← Chapters

ရက်စက်သောကလဲ့စား

Vol. 75 Ch. 1051

ရက်စက်သောကလဲ့စား

Vol. 75 Ch. 1051

အချက်တစ်ရာမြောက် ဓားချက်မှာ ရောက်ရှိမလာပေ။

နတ်ဘီလူး၏ နတ်ဓားများမှာ ရုတ်တရက် အလုပ်မလုပ်တော့ပေ။

မည်သူမဆို တိုက်ခိုက်မှု တစ်ရာခန့် ပြုလုပ်ရပါက ပင်ပန်းနွမ်းနယ်ပေလိမ့်မည်။ ထို့အပြင် ယခုရှိနေသည်မှာ ရှေးဟောင်းနတ်ဘီလူး၏ စွမ်းအင်အကြွင်းအကျန်သာ ဖြစ်သည်။

အန်လင်း မျက်ဝန်းများ တောက်ပသွားသည်။

“ဒီအုတ်ခဲကို ထိန်းထားပေး။”

အန်လင်းသည် အုတ်ခဲနက်အား လန်ရှောင်နီထံပေးကာ ပျံသန်းသွားသည်။

နတ်ဘီလူးမှာ အရှိန်အဝါများအား မြင့်တက်စေလိုက်သည်။

“သေရတာနဲ့ ရှင်ရတာ ဘယ်ဟာပိုကြိုက်လဲ။”

အန်လင်းမှာ ဖိအားများကြောင့် ငေးကြောင်ကြောင် ဖြစ်သွားပါသော်လည်း အသိစိတ် ပြန်ဝင်လာသည်။

“သေရမှာကြိုက်တယ်။ လာလေ..... လာခုတ်စမ်းပါ။”

နတ်ဘီလူးမှာ လေဟာနယ်အား ဆုတ်ဖြဲကာ လမ်းကြောင်းတစ်ခု ပြုလုပ်လိုက်သည်။

“ဟားဟားဟား...... မင်းဆန္ဒကို ဖြည့်ပေးစရာလား။ ဒါက ရှီးဟိုင်ဇယ်ဆီ ပြန်တဲ့လမ်းပဲ။ မင်းတို့ အသက်ရှင်ရမယ်။”

အန်လင်းနှင့် လန်ရှောင်နီ နားမလည်နိုင် ဖြစ်သွားရသည်။

ငါတို့ကို လွှတ်ပေးနေတာလား......

အန်လင်း မထီမဲ့မြင် ပြုံးလိုက်သည်။

“ငါတော့ ရှင်ရတာ ပိုကြိုက်တယ်။”

နတ်ဘီလူး ပြုံးကာပြောလာသည်။

“မင်းက ထိုက်တန်တဲ့ ပြိုင်ဘက်ကောင်းပဲ။ မင်းဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်။ အခု နှစ်ယောက်လုံး ထွက်သွားလို့ရပြီ။”

၎င်းမှာ တာ့တာပင် ပြနေသေးသည်။

အန်လင်း : “ ....”

လန်ရှောင်နီ : “... “

သတ္တိမရှိတဲ့ကောင်ပဲ.....

အန်လင်းမှာ ဘာမှမဖြစ်ခဲ့သလို ထွက်မသွားနိုင်ပေ။

“ဒါပေမယ့် ငါမင်းကို အသေသတ်ချင်နေတယ်။ ဘယ်လိုလုပ်ရမလဲ။”

နတ်ဘီလူး : “......”

“မင်းတို့ကို ဒီတိုင်းလေး တိုက်ခဲ့ရုံပဲလေ။”

“ဟမ့်.... မင်းဓားချက်ကို ကိုးဆယ့်ကိုးခါတောင် စားခဲ့ရတာလေ။ မင်းလည်း ငါ့ဓားကွက် ပြန်မြည်းသင့်တာပေါ့။”

အန်လင်းသည် မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်အား အသက်သွင်းလိုက်ပြီးနောက် မိစ္ဆာရှင်းဓားကိုထုတ်ကာ နတ်ဘီလူး မျက်ခွက်တည့်တည့်ကို ခုတ်ချလိုက်သည်။

ကောင်းကင်တခွင်လုံးမှာ ရုတ်ချည်းဆိုသလို မှေးမှိန်သွားလေသည်။

ဓားပုံရိပ် တစ်ခုတည်းကသာ ပတ်ဝန်းကျင်အား လွှမ်းမိုးထားသည်။

အန္တရာယ်များသော အခြေအနေကြောင့် နတ်ဘီလူးမှာ ဓားနှစ်လက်ဖြင့် ခုခံလိုက်သည်။

ဝုန်း.....

အားကောင်းလှသော ဓားစိတ်ဆန္ဒများကြောင့် နတ်ဘီလူးမှာ အဝေးသို့ လွင့်ထွက်သွားရသည်။

“အိုး..... ခင်ဗျားက ခံနိုင်ရည် ရှိသားပဲ။”

အန်လင်း ရက်စက်စွာ ပြုံးလိုက်သည်။

“ဘာပဲဖြစ်ဖြစ် အကန့်အသတ်ကို ရောက်နေပြီမလား။ ဒီဓားကို ထပ်စားလိုက်။”

အန်လင်းမှာ နတ်ဘီလူးအား တိုက်ခိုက်လိုက်ပြန်သည်။

လန်ရှောင်နီ အဝေးမှ အားပေးလာသည်။

“ကောင်းလိုက်တာ။ ဆရာကြီးအန်လင်း ဒင်းကို သမပစ်။”

အန်လင်းသည် နတ်ဘီလူးအား အနိုင်ကျင့်ကာ သူမအတွက် လက်စားချေပေးနေသလိုပင်။

သူမမှာ ချိုမြိန်သော ခံစားချက်များ ရရှိနေသည်။

လက်ရှိအချိန်တွင် အစစ်အမှန် နတ်ဘီလူး ဖြစ်နေသူမှာ အန်လင်းဖြစ်ပြီး နတ်ဘီလူးမှာ လွင့်ထွက်သွားရပြန်သည်။

နတ်ဘီလူးမှာ တန်ပြန်တိုက်ခိုက်ရန် ကြိုးစားပါသော်လည်း ၎င်း၏နတ်ဓားနှစ်လက်မှာ အလုပ်မဖြစ်ပေ။

ဓားနှစ်လက်သည် အကြိမ်ရေများစွာ တိုက်ခိုက်ခဲ့ပြီးနောက် ပင်ပန်းသွားပုံရသည်။

နတ်ဘီလူးမှာလည်း တိုက်ခိုက်ရေးအတွက် ထိုနတ်ဓားကိုသာ အားကိုးနိုင်လေသည်။

ဓားချက်ဆယ့်ရှစ်ချက်မြောက်တွင် နတ်ဘီလူး၏ ခုခံရေးများ ပျက်စီးကာ ရင်ဘတ်မှ သွေးနက်များ စီးကျလာသည်။

“အား..... သေစမ်း.....”

နတ်ဘီလူးမှာ အလွန်အမင်း ဒေါသထွက်သွားပြီးနောက် အန်လင်းအား ဓားဖြင့်ခုတ်လိုက်သည်။

ဖွတ်.... ဖွတ်....

ရယ်ချင်စဖွယ် အသံများသာ ထွက်လာသည်။

နတ်ဓားများသည် မည်သည့်စွမ်းအင်ကိုမှ ထုတ်မပေးတော့ပေ။

နတ်ဘီလူး ကြောင်တောင်တောင် ဖြစ်သွားစဥ်မှာပင် အန်လင်းမှာ ထပ်မံခုတ်ချလိုက်သည်။

အန်လင်း သတိထားမိသည်မှာ နတ်ဓားနှစ်လက်သည်သာ စွမ်းအင်အကြွင်းအကျန်ဖြစ်ပြီး ယခုရှိနေသော နတ်ဘီလူးမှာ ဘာမှမဟုတ်ပေ။

အန်လင်း၏ ဓားချက်တစ်ချက်ချင်းစီမှာ ကြောက်မက်ဖွယ် ကောင်းလွန်းနေသည်။

နတ်ဘီလူးမှာ ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိသောကြောင့် စိတ်အလိုမကျ ဖြစ်နေရသည်။

“မင်းငါ့ကို သတ်လို့မရဘူး။ ငါက ရှေးဟောင်းကောင်းကင်နတ်ဘီလူးပဲ။ ငါ့ကိုသတ်လိုက်ရင် မိစ္ဆာတွေက မင်းနောက်လိုက်နေလိမ့်မယ်။ မင်းဘယ်တော့မှ ငြိမ်းချမ်းတော့မှာ မဟုတ်ဘူး။”

ရှေးဟောင်းကောင်းကင်နတ်ဘီလူး ခြိမ်းခြောက်လာသည်။

အန်လင်း ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။

“ချင်ခေတ်က ကုန်သွားပြီလေ။”

ရှေးဟောင်းကောင်းကင်နတ်ဘီလူး : “ဘာ....”

ဝှစ်....

၎င်းနားမလည်နိုင် ဖြစ်နေစဥ်မှာပင် ဓားချက်မှာ ၎င်းအားနှစ်ပိုင်းဖြတ်သွားသည်။

(ချင်ခေတ်ကုန်ပြီဆိုတာ တရုတ်ဗန်းစကားပါ။ ခေတ်နောက်ကျတယ်ဆိုတဲ့ သဘောမျိုးပါ။)

အန်လင်း၏ မျက်ဝန်းများမှာ တောက်ပထက်ရှနေသည်။

“ခင်ဗျားက သေပြီးသားသူပဲ။ ပေါက်ကရတွေ ပြောမနေသင့်တော့ဘူး။”

နတ်ဘီလူးမှာ ဓားချက်အောက်တွင် အပိုင်းပိုင်းအစစ ဖြစ်သွားရသည်။

အန်လင်းသည် တော်ချင်သေးပုံ မရပဲ အံ့ဖွယ်မီးတောက်များနှင့် မြင့်မြတ်မီးတောက်အားထုတ်ကာ ထိုအပိုင်းအစများအား မီးမြှိုက်ပစ်လိုက်သည်။

နတ်ဘီလူးသည် မည်သို့မှ ပြန်လည်ရှင်သန်နိုင်တော့မည် မဟုတ်ပေ။

အန်လင်းမှာ အသတ်အဖြတ်တွင် ဆရာကျလွန်းလှသည်။

“ဆရာကြီးအန်လင်းက အရမ်းတော်တာပဲ။ ရှေးဟောင်းကောင်းကင်နတ်ဘီလူးကိုတောင် စမုံတုန်းနိုင်တယ်။”

လန်ရှောင်နီ လေးစားမိသွားသည်။

“ဘာမှလည်း မဟုတ်ပါဘူး။”

အန်လင်း တည်ငြိမ်စွာ ပြုံးလိုက်သည်။

“အပိုတွေ ပြောမနေနဲ့တော့။”

သူသည် နတ်ဓားနှစ်လက်အားကောက်ကာ သန့်စင်လိုက်သည်။

နတ်ဓားနှစ်လက်မှာ ကျောက်စိမ်းဆွဲသီးအဖြစ် ပြောင်းလဲသွားလေသည်။

ဆွဲသီးတစ်ဖက်သည် အဖြူဖြစ်ကာ တစ်ဖက်မှာ အမည်းဖြစ်ပြီး နူးညံ့ချောမွေ့နေသည်။

အန်လင်းမှာ နတ်ဘုရားစစ်ဆေးမှုနည်းစနစ်အား အသက်သွင်းလိုက်သည်။

(ကောင်းကင်နှင့်မြေပြင်၏ ကျောက်စိမ်းဆွဲသီး : အဖြူသည် ကောင်းကင်အား ကိုယ်စားပြုကာ အမည်းရောင်သည် မြေပြင်အား ကိုယ်စားပြုသည်။ အသင်္ချေပြောင်းလဲမှုအား အသက်သွင်းနိုင်ပြီး တာအိုစွမ်းအင်များအား ဆွဲသီးထဲတွင် ထိန်းသိမ်းထားနိုင်သည်။)

ဆွဲသီးသည်လည်း နတ်အဆင့် ရတနာပင်။

အန်လင်းသည် နတ်ဓားနှစ်လက်အား လက်နက်များဟု ထင်မှတ်ထားခဲ့ပါသော်လည်း ဆွဲသီး၏ တာအိုစွမ်းအင်နှင့် ပြောင်းလဲထားခြင်း ဖြစ်ပုံရသည်။

အံ့ဖွယ်လက်နက်နှင့် ခြေတစ်လှမ်း နီးကပ်လာလေပြီ။

အန်လင်း ဝမ်းသာစွာဖြင့် ဆွဲသီးအား သိမ်းဆည်းလိုက်သည်။

မူးနောက်နောက် ခံစားချက်နှင့်အတူ ၎င်းတို့မှာ ရင်းနှီးနေသော နေရာသို့ ပြန်လည်ရောက်ရှိလာသည်။

အန်လင်းမှာ မတ်တပ်ရပ်နေခဲ့သော ရှီးဟိုင်ဇယ် ရုပ်ထုသည် ငုတ်တုတ်ကြီး ထိုင်နေသောကြောင့် ထိတ်လန့်သွားမိတော့သည်။

All Chapters