← Chapters

ကျောက်စိမ်းအရိုးများ

Vol. 17 Ch. 233

ကျောက်စိမ်းအရိုးများ

Vol. 17 Ch. 233

အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံးဆယ်တုံးသည် အရည်အသွေးနိမ့် ဝိညာဉ်ကျောက်တုံးတစ်သိန်းနှင့် တူညီသည်။

သာမန် အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူများမှာ အရည်အသွေးနိမ့် ဝိညာဉ်ကျောက်တုံးတစ်သောင်းကိုပင် မပိုင်ဆိုင်ပါ။ ဟန်မူယဲ့ကတော့ အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ဆယ်တုံးသုံးလိုက်ခြင်းအတွက် မည်သို့မျှ မခံစားရပေ။

ဟန်မူယဲ့အတွက် ဝိညာဉ်ကျောက်တုံးများမှာ တန်ဖိုးမရှိပေ။

သူ့တွင် အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ၅၂၀ ကျန်သေးသည်။

သူ အသုံးပြုရန်အတွက် အင်မော်တယ်အဆင့်ဆေးလုံး ၂၃လုံးရှိသည်။

ထိုဝိညာဉ်ကျောက်တုံးနှင့် ဆေးလုံးများသည် သူ့ကို အချိန်အတော်ကြာအောင် ထောက်ပံ့ပေးနိုင်သည်။

သူ့ဆီတွင် ရှိနေသော ပစ္စည်းများကို ရေတွက်ပြီးသောအခါ သူက လက်ဖြန့်လိုက်၏။ သူ့လက်ထဲတွင် ဓားဆေးလုံးသုံးလုံး ပေါ်လာသည်။

ယခုအချိန်တွင် ဓားဆေးလုံးသုံးလုံးသည် အလွန်တက်ကြွနေပြီး ကိုယ်ပိုင်ဓားဝိညာဉ်များ ပိုင်ဆိုင်ထားပုံပေါ်သည်။

သို့ပေမဲ့ လွတ်လပ်သော ကိုယ်ပိုင်ဝိညာဉ်များ ပေါ်ထွက်မလာသေးပေ။

ဟန်မူယဲ့က သဘာဝစွမ်းအားကို ဓားဆေးလုံးသုံးလုံးထဲသို့ ထည့်ပေးလိုက်ပြီး သူတို့ကို တည်ငြိမ်သွားစေသည်။

သူ့မျက်လုံးများက တောက်ပလာပြီး ဓားဆန္ဒသည် ဓားဆေးလုံးသုံးလုံးပေါ်သို့ ကျဆင်းသွားသည်။

ဓားဆေးလုံထဲတွင် သိပ်သည်းသောစွမ်းအားများ သိုလှောင်ထားသည်။

“ဟမ် ....”

သူ့ခန္ဓာကိုယ်ထဲသို့ သွေးရောင်စွမ်းအားများ စီးဝင်လာသည်။

ထိုစွမ်းအားသည် အင်မတန်တက်ကြွနေပြီး သူ့ခန္ဓာကိုယ်ကို တုန်ခါသွားစေသည်။ ဦးချိုရှည်နွားသိုးနက်များ၏ပုံရိပ် ပေါ်လာသည်။

ရှေးခေတ်နွားသိုးရိုင်းများ၊ သူတို့၏သွေးစွမ်းအင်သည် ပိုမိုတက်ကြွမှုရှိပြီး သူတို့၏သွေးမျိုးဆက်စွမ်းအားမှာ ပိုမိုသိပ်သည်းလာသည်။ နွားသိုးတိုင်းက ပေါင်တစ်သောင်းခွန်အားကို ပိုင်ဆိုင်ထားသည်။

တစ်ပေါင်မှာ သုံးဆယ်ကတ်တီရှိပြီး ပေါင်တစ်သောင်းမှာ သုံးသိန်းကတ်တီရှိသည်။

ဟန်မူယဲ့၏ နောက်တွင် ရှိနေသော ဦးချိုရှည် နွားသိုးနက်သုံးကောင်နှင့် သွေးလက်ကျားနက်နှစ်ကောင်သည် ကတ်တီးတစ်သန်းကျော်ခွန်အားရှိနေသည်။

သူ့ခန္ဓာကိုယ်သန်မာမှုနှင့် ပေါင်းစပ်လိုက်လျှင် သူ့ကာယစွမ်းရည်သည် ကမ္ဘာမြေအဆင့်သို့‌ရောက်ခါစ ကျွမ်းကျင်သူတစ်ယောက်နှင့် ယှဉ်နိုင်သည်။

အခြေခံအုတ်မြစ် အထွတ်အထိပ်အဆင့်မှာရှိသော သာမန်ကျင့်ကြံသူများသည် ‌ရှေးခေတ်နွားသိုးနှစ်ကောင်၏ ပုံရိပ်ကိုသာ စုစည်းနိုင်သည်။

ထိုစွမ်းအားဖြင့်ဆိုလျှင် တောင်တစ်လုံးကိုရွှေ့ပြောင်းရန် မလုံလောက်သည့်တိုင် တောင်နှင့်ကျောက်ဆောင်များကို အက်ကွဲသွားအောင် လုပ်နိုင်သည်။

ထိုအချိန်မှာ ဓားဆေးလုံး၏ သွေးစွမ်းအားများသည် နောက်သို့ ရုတ်တရက်စီးဆင်းသွားပြီး ဟန်မူယဲ့၏ နောက်တွင် နွားသိုးရိုင်းတစ်ကောင် ထပ်ပေါ်လာသည်။

ခန္ဓာကိုယ်အခြေခံအုတ်မြစ် စတုတ္ထအဆင့်…

စတုတ္ထမြောက် နွားသိုးပုံရိပ်ပေါ်လာသောအခါတွင် ဟန်မူယဲ့၏ ကိုယ်ပေါ်တွင် ဝိညာဉ်အလင်းများ ပေါ်ထွက်လာပြီး ကြမ်းတမ်းသောအငွေ့အသက်များ ဖြာထွက်လာသည်။

“ရွှေအမြုတေ မဟုတ်သေးဘူး ... မိစ္ဆာအမြုတေပဲ”

ဓားဆေးလုံးသည် ကောင်းကင်ဘုံတစ်ဝက်အဆင့် မိစ္ဆာနှစ်ယောက်၏ သွေး၊ ချီနှင့် အဆီအနှစ်များကို စုပ်ယူထားလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

ထိုနည်းလမ်းမျိုးက ကြမ်းတမ်းလှသည်။

မိစ္ဆာအမြုတေ၏ စွမ်းအားများက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။ ချီအလင်းသည် သူ့ကိုယ်ပေါ်တွင် ဖျတ်ခနဲပေါ်လာပြီး နောက်ကျောတွင် ရှိသော ကျောက်စိမ်းရောင်ဓားရိုးငါးခုမှာ ဆန္ဒများကို ထုတ်လွှတ်လျက် တုန်ခါသွားသည်။

ဟန်မူယဲ့က မိစ္ဆာအမြုတေ၏စွမ်းအားများကို ဓားရိုးများထဲသို့ ထည့်ပေးလိုက်သည်။

“ဟမ် ....”

ကျောက်စိမ်းရောင်ဓားရိုးများ ပေါ်ထွက်လာခဲ့သည်။

မိစ္ဆာအမြုတေ၏ စွမ်းအားများသည် ဆက်လက်ပေါ်ထွက်လာပြီး ဟန်မူယဲ့၏ နောက်ကျောမှာရှိသော ဓားအရိုးများကို တောက်ပလာစေသည်။

တစ်နာရီအကြာတွင်တော့ ဓားဆေးလုံးမှ ထုတ်ပေးသောစွမ်းအားမှာ လျော့နည်းလာသည်။

ထိုအချိန်တွင် ဟန်မူယဲ့၏ ကျောရိုးသည် ကျောက်စိမ်းရောင်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။

ထိုကျောက်စိမ်းအရိုးသည် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ၏ ကျောက်စိမ်းအရိုးနှင့် တူညီသည်။ ထိုအရိုးသည် အားကောင်းသောခွန်အားကို သိုလှောင်ပြီး ထောက်ပံ့ပေးနိုင်သည်။

ထိုအရာသည် ရုပ်ခန္ဓာကျင့်ကြံခြင်း၏ ထိပ်တန်းနည်းစနစ်တစ်ခုဖြစ်သည်။

သူ့နောက်တွင် ငါးကောင်မြောက် ဦးချိုရှည် နွားသိုးရိုင်းပုံရိပ် ပေါ်လာသည်။

သူက ချီးကျူးခံချင်သကဲ့သို့ လက်ဝါးထဲမှာလှည့်ပတ်နေသော ဓားဆေးလုံးသုံးလုံးကို ကြည့်လိုက်ပြီး မျက်လုံးထဲတွင် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

သူ့လက်ထဲမှာရှိနေသော ဓားဆေးလုံး၄၈လုံး ဖြင့်ဆိုလျှင် စွမ်းအားမည်မျှ စုပ်ယူနိုင်မည် ဖြစ်ကြောင်း စိတ်ကူးကြည့်ရန် ခက်သည်။

‘သတ်ဖြတ်ပြီးကျင့်ကြံရမှာလား’

‘ငါသတ်တာများလေ ငါ့ကျင့်ကြံဆင့်တိုးလာလေပဲ’ ဟန်မူယဲ့က တွေးလိုက်သည်။

သူ့နှလုံးသားထဲတွင် ကြမ်းတမ်းသောဆန္ဒများ လှိုင်းထန်လာသည်။

ကောင်းကင်ဘုံတစ်ဝက်အဆင့် မိစ္ဆာနှစ်ယောက်ကို သတ်ဖြတ်လိုက်ခြင်းက ရုပ်ခန္ဓာတစ်နှစ်ကျင့်ကြံခြင်းနှင့် တူညီသည်။

ကျောက်စိမ်းအရိုးဖြစ်လာရန်အတွက် သူက ငါးနှစ်ခန့်အချိန်ယူရလိမ့်မည်။

ထိုအရာက ကျင့်ကြံခြင်းအတွက် ဖြတ်လမ်းဖြစ်သည်။

“ဟမ် ....”

သူ့စိတ်နယ်ပယ်ထဲတွင် ရွှေအလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ထိုအတွေးကို ဖိနှိပ်လိုက်သည်။

သူ့ကြွက်သားနှင့် အရိုးထဲမှာရှိနေသော ပူလောင်မှုများက ငြိမ်းအေးသွားသည်။

လူသားလောကမန္တန်…

လူသားလောကမန္တန်၏ စွမ်းအားက သူ့ခန္ဓာကိုယ်ထဲတွင် ရှိသော ကြမ်းတမ်းသည့် အငွေ့အသက်ကို တည်ငြိမ်သွားစေသည်။

ကြမ်းတမ်းသောအငွေ့အသက်သည် ကျင့်ကြံဆင့် ရုတ်တရက် မြင့်တက်သွားပြီး ဟန်ချက်ညီမှုမရှိသော ဖိအားနှင့် ကောင်းကင်ဘုံတစ်ဝက်အဆင့်မိစ္ဆာနှစ်ကောင်၏ အကြွင်းအကျန်များကြောင့် ဖြစ်တည်လာခြင်းဖြစ်သည်။

ကျင့်ကြံခြင်းက ခွန်အားနှင့်စိတ်နှလုံးသား ရင့်သန်ခြင်း ပြိုင်တူတိုးတက်လာခြင်းဖြစ်သည်။

ရုပ်ခန္ဓာကျင့်ကြံခြင်းသည် ရုတ်တရက်ခွန်အားတိုးလာလျှင် စိတ်နှလုံးကိုလည်း ချက်ချင်းသက်ရောက်ခံရလိမ့်မည်။

ကျင့်ကြံခြင်းက တစ်လှမ်းချင်းစီသွားရသောခရီးဖြစ်ပြီး အလျင်မလိုသင့်ပေ။

ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဓားဆေးလုံးသုံးလုံးကို ဒန်ထျန်ထဲသို့ ပြန်ပို့လိုက်သည်။ အနာဂတ်မှာ မလိုအပ်လျှင် ထိုဓားဆေးလုံးများကို မသုံးရန် သူ ဆုံးဖြတ်လိုက်သည်။

သူက လျှင်မြန်စွာတိုးတက်လာခြင်း၏ ဆွဲဆောင်မှုကို တောင့်မခံနိုင်မည်ကို စိုးရိမ်မိသည်။

သူက ဓားဆေးလုံးများကိုသိမ်းပြီး အနက်ရောင်သားမွေးကို ထုတ်ကြည့်သည်။

ဤသားမွေးသည် ကပ်ဘေးမိုးကြိုးကို အမှန်တကယ် ခုခံနိုင်သည်။

ကောင်းကင်ဘုံအဆင့်မိစ္ဆာ၏ ကောင်းကင်ကပ်ဘေး ပြီးသွားသောအခါတွင် အနက်ရောင်သားမွေးမှာ လျှပ်စီးများနှင့် ပြည့်နေသည်။

ကံမကောင်းစွာဖြင့် သူသည် လျှပ်စီးအား ထုတ်ယူရမည့်နည်းလမ်းကို မသိပေ။ မဟုတ်လျှင် သားမွေးသည် ရတနာကောင်းတစ်ခု ဖြစ်လိမ့်မည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ သန့်စင်ခြင်းလမ်းစဉ်က အားနည်းနေဆဲဖြစ်သည်။ အံ့ဖွယ်ကိုးပါးဂိုဏ်း၏ ကျမ်းစာများထဲတွင် ထိုသားမွေးအကြောင်း မှတ်တမ်းကို ဟန်မူယဲ့ မတွေ့ဖူးပေ။

သို့ပေမဲ့ မှတ်တမ်းများရှိနေလျှင်လည်း ဤရတနာက သူ့လက်ထဲသို့ ရောက်လာမှာမဟုတ်ပေ။

ယခုအချိန်တွင် သားမွေးသည် လျှပ်စီးများနှင့် ပြည့်နေသည်ဟု သူခံစားမိသည်။ မိုးကြိုးကပ်ဘေးကို ခုခံနိုင်ဦးမှာလား သူ သိချင်မိသည်။

‘အံ့ဖွယ်ကောင်းကင်ကမ္ဘာရဲ့ ကျင့်ကြံခြင်းတော်ဝင်နယ်မြေက အလယ်ပိုင်းကုန်းမြေပဲ။ အဲဒီမှာ ဒီသားမွေးနဲ့ပတ်သတ်တဲ့ မှတ်တမ်းတွေရှိလောက်တယ်’ သူတွေးမိသည်။

သားမွေးကိုသိမ်းပြီးသွားသောအခါတွင် ဟန်မူယဲ့က လေးနက်သောမျက်နှာထားနှင့် ကျောက်စိမ်းသေတ္တာလေးကို ထုတ်ယူသည်။

မဂ္ဂနိုလီယာသစ်သီး…

ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သောအခါတွင် ကြက်ဥအရွယ်အစားရှိသော နီညိုရောင်သန်းနေသည့် ကြည်လင်သောသစ်သီးတစ်လုံးကို မြင်လိုက်ရသည်။

သစ်သီးပေါ်တွင် သဘာဝစွမ်းအားများဖြတ်ပြေးသွားပြီး လေးနက်ကာ ပုံရိပ်ယောင်ဆန်နေသည်။

သူက သေတ္တာကို ဖွင့်လိုက်သောအခါတွင် သစ်သီးမှထုတ်လွှတ်လိုက်သော သစ်သားစွမ်းအင်များကို အာရုံခံမိနေသည်။

ထိုသစ်သီးကို စားသုံးလိုက်လျှင် သစ်သားစွမ်းရည်နှင့် ပတ်သတ်ပြီး အမြင့်ဆုံးအဆင့်အထိ ရောက်သွားလိမ့်မည်။

ဟန်မူယဲ့က သစ်သီးကို အချိန်အတော်ကြာအောင် ကြည့်နေပြီး သေတ္တာကို ပြန်ပိတ်လိုက်သည်။

သူသည် သစ်သီးကို ကိုယ်တိုင်စားသုံးနိုင်သလို တခြားတစ်‌ယောက်အား ပေးပစ်နိုင်သည်။

သူက မျက်လုံးမှိတ်လိုက်သည်။ သဘာဝစွမ်းအားများက သူ့ပတ်ပတ်လည်မှာ ရစ်ဝဲနေပြီး သူက ဖြည်းဖြည်းချင်းကျင့်ကြံလိုက်သည်။

နောက်တစ်နေ့မှာ သူအခန်းထဲမှ ထွက်လာသောအခါတွင် လင်းရှန်က မတ်တပ်ထရပ်လိုက်သည်။

“လေ့ကျင့်ရေးမှူးလင်း၊ တစ်ခုခုတိုးတက်လာသလား”

အရပ်ရှည်လာပုံရသော လင်းရှန်ကိုကြည့်ပြီး ဟန်မူယဲ့က ပြုးလျှက် မေးသည်။

လင်းရှန်က ခေါင်းညိတ်လိုက်ပြီး တီးတိုးပြောသည်။

“ငါက ၄၀%လောက် သန့်စင်ပြီးသွားပြီ”

ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ၏ ကျောက်စိမ်းအရိုးကို ၄၀%ခန့် သန့်စင်ထားသောကြောင့် သူ့တိုက်ခိုက်နိုင်စွမ်းသည် ကောင်းကင်ဘုံတစ်ဝက်အဆင့်နှင့် နီးကပ်လာသည်။

မနေ့ကတိုက်ပွဲတွင် သူသည် ကောင်းကင်ဘုံတစ်ဝက်အဆင့်မိစ္ဆာကို ခဏသာ ခုခံနိုင်လိုက်၏။

“ဒါပေမဲ့ နောက်ပိုင်းမှာ သန့်စင်ဖို့ပိုခက်လာလိမ့်မယ်”

လင်းရှန်က သိပ်ဝမ်းမသာသောဟန်ဖြင့် ဖြေးလေးစွာ ပြောသည်။

“အဆင်ပြေပါတယ်။ ကျုပ် နည်းလမ်းစဉ်းစားကြည့်လိုက်မယ်”

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြောသည်။

“ကိုးနဝင်းတိမ်မြူရွှေကြာစေ့‌ဆေးလုံးအတွက် ဝိညာဉ်ဆေးပင်တွေရှာတွေ့လာရင် ခင်ဗျားရဲ့သန့်စင်မှုအမြန်နှုန်းကို ဆေးလုံးနဲ့ မြှင့်တင်ပေးနိုင်လောက်တယ်”

ကိုးနဝင်းတိမ်မြူရွှေကြာစေ့ဆေးလုံးသည် ကျင့်ကြံခြင်းပါရမီကို တိုးမြှင့်ပေးနိုင်သောကြောင့် လူတစ်ယောက်၏ ချီစွမ်းအားလိုက်ဖက်မှုကိုလည်း တိုးမြှင့်ပေးနိုင်လိမ့်မည်။

ထို‌ဆေးလုံးသည် ကျောက်စိမ်းအရိုးသန့်စင်ရန်အတွက် အသုံးဝင်သည်ဟု ယူဆနိုင်သည်။

လင်းရှန်က ခေါင်းညိတ်သည်။

သူက ဟန်မူယဲ့ပေးလာသော အရာများကို မငြင်းပေ။

ထို့အတွက် အနာဂတ်မှာ ပြန်လည်ပေးဆပ်လိမ့်မည်။

“တာအိုရောင်းရင်းတို့၊ ကောင်းကောင်းအနားယူပြီးပြီလား”

ရှေ့တွင် အစိမ်းရောင်အလင်းတစ်ခုပေါ်လာပြီး မူကျင်းသည် သူတို့ဆီသို့ ဖြည်းဖြည်းချင်းလျှောက်လာသည်။

တစ်ညအနားယူပြီးသောအခါတွင် မူကျင်းသည် ငယ်ရွယ်သွားပြီး အသက်သုံးဆယ်ပတ်လည်၌ ရှိနေပုံပေါ်သည်။

သူမသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ကျောက်စိမ်းရောင် တုတ်တစ်ချောင်းကို ကိုင်ထားသည်။ သူမ ခြေထောက်အောက်တွင် တိမ်အချို့ရစ်ဝဲနေပြီး သူမ၏ခြေလှမ်း နှင့်အတူ တိမ်များက ရွေ့လျားလာသည်။

“ကျွန်တော်တို့ အဆင်သင့်ဖြစ်ပါပြီ။ သွားကြရအောင်”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

မူကျင်းက လက်ထဲမှာရှိသောတုတ်ကို ညင်သာစွာဝှေ့ယမ်းလိုက်ပြီး ကျောက်စိမ်းရပ်ဝန်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။ ဟန်မူယဲ့နှင့်လင်းရှန်တို့က ကျောက်စိမ်းရပ်ဝန်းပေါ်သို့ တက်လိုက်ပြီး ကောင်းကင်ပေါ်သို့ရောက်သွားသည်။

ကောင်းကင်ဘုံအဆင့်မိစ္ဆာများသည် အလွန်လျင်မြန်စွာသွားလာနိုင်သည်။ သူတို့သည် ချက်ချင်းဆိုသလို မိုင်ရာချီ ဖြတ်သန်းလာကြ၏။

“ကျောက်တုံးနက်ရေကန်က ဓားဘုရင်ယွမ်ထျန်းနဲ့ ပြင်ပဘုံကျင့်ကြံသူတိုက်ခိုက်နေတဲ့အချိန်မှာ ပြင်ပဘုံကျင့်ကြံသူရဲ့ ဓားကျိုးကျသွားတဲ့နေရာပဲ”

“အဲဒီဓားကျိုးမှာ ထူးဆန်းတဲ့ စွမ်းအားရှိပြီး ပေသုံးသောင်းမြင့်တဲ့တောင်ထွတ်ကို ဖြတ်တောက်ပစ်လိုက်တယ်။ ပြီးတော့ ပေတစ်ရာပတ်လည်ရှိတဲ့ အဆိပ်ပြင်းရွှံ့မြေတစ်ခု ဖြစ်လာစေတယ်”

မူကျင်းက ဟန်မူယဲ့နှင့် လင်းရှန်ကို ဦးဆောင်သွားနေပြီး ကျောက်တုံးနက်ရေကန်၏ ဇာတ်လမ်းကို ရှင်းပြနေသည်။

‘ဓားကျိုး၊ အဆိပ်ပြင်းတယ်’

‘ပြင်ပဘုံကျင့်ကြံသူက မိစ္ဆာကျင့်ကြံသူလား’

မိစ္ဆာကျင့်ကြံသူများသည် တိုက်ခိုက်နိုင်စွမ်းတိုးလာအောင် ထူးခြားသော နည်းလမ်းများကိုအသုံးပြုလေ့ရှိသည်။

ပုံမှန် စွမ်းအင်ကျင့်ကြံသူနှင့် ဓားကျင့်ကြံသူများသည် ထိုနည်းလမ်းမျိုးကို အသုံးပြုမည် မဟုတ်ပေ။

ဓားကျင့်ကြံသူများသည် ခန္ဓာကိုယ်ကြံ့ခိုင်လာစေရန်အတွက် ထောင်ချီနေသော နည်းစနစ်များကိုသာ အသုံးပြုလေ့ရှိသည်။

“ဘုန်း ....”

သူ့ရှေ့တွင် ချီအလင်းများထိတွေ့သွားသည်။ ကျွမ်းကျင်သူများ တိုက်ခိုက်နေကြသည်။

ဟန်မူယဲ့က မူကျင်းကို လှည့်ကြည့်သည်။

မူကျင်းက ခေါင်းညိတ်လိုက်ပြီးပြောသည်။

“အဲဒါက ယန်ယင်နဲ့ လုလင်ကျီးပဲ”

ကျောက်တုံးနက်ရေကန်ကိုလုယူရန်အတွက် စပါးစိမ်းတောင်ကုန်း၏ ကောင်းကင်ဘုံတစ်ဝက်အဆင့် မိစ္ဆာသုံးယောက်က စုဝေးလာတော့မည့်ပုံ ပေါ်သည်။

သို့ပေမဲ့ မူကျင်းသည် ကောင်းကင်ဘုံအဆင့်တွင် ရှိနေသည်။

‘သူမက သူတို့ကို အနိုင်ယူမှာလား’

“ငါက ယန်ယင်ရဲ့ကျင့်ကြံဆင့်နဲ့ ခွန်အားကို တစ်ခါမှထွင်းဖောက်မမြင်နိုင်ခဲ့ဘူး”

“သူက ကောင်းကင်ဘုံအဆင့်ကို အချိန်အတော်ကြာကတည်းက ရောက်နေပြီလို့ ငါ သံသယရှိတယ်”

မူကျင်းက လေးနက်သောမျက်နှာထားဖြင့် ညင်သာစွာပြောသည်။

All Chapters