ဒုတိယမျိုးဆက် ရိုဗာစက်ရုပ်
Vol. 8 Ch. 106
အခန်း (၁၀၆) ဒုတိယမျိုးဆက် ရိုဗာစက်ရုပ်
Alphonsus က ဟန်ရှောင်းကို သူ၏ ဖုန်းနံပါတ် ပေးလိုက်သည်။ "ဒါ ငါ့ရဲ့နံပါတ်။ မင်းတစ်ခုခုလိုရင် ငါ့ကိုခေါ်လိုက်။"
ဟန်ရှောင်းက စားပွဲကို အကြိမ်အနည်းငယ် ခေါက်လိုက်ပြီးနောက် “အဲဒါဆို ငါ့မှာ မေးစရာရှိတယ်။ သွေးပဋိညာဉ်အဖွဲ့မှာ ငါ့အဆင့်နဲ့ ခွင့်ပြုချက်အဆင့်ကို အမြန်မြှင့်တင်ချင်တယ်။ ငါ့အတွက် အကြံဉာဏ်ကောင်းတွေ ရှိလား"
Alphonsusက ခေတ္တမျှ စဉ်းစားပြီးနောက် ဟန်ရှောင်းကို မျက်နှာသာတစ်ခုပေးရန် ဆုံးဖြတ်လိုက်သည်။ သူက ဝန်ထမ်းတစ်ယောက်ကို သွေးပဋိညာဉ်အဖွဲ့၏ လပ်တော့ ယူခိုင်းလိုက်၏။ ထို့နောက် စာဖိုင်တစ်ခုကို ဖွင့်ကာ ဟန်ရှောင်းကို ပြလိုက်သည်။ စာဖိုင်၏ ထိပ်တွင် တံဆိပ်တုံးတစ်ခု ရှင်းရှင်းလင်းလင်း ထုထားသည်။ 'ခွင့်ပြုချက်မရှိဘဲ မကြည့်ရ'
ဟန်ရှောင်း ဖတ်နေရင်း မျက်မှောင်ကြုတ်သွားသည်။
"အတွင်းပိုင်း ဆင့်ခေါ်ခြင်း (အများအတွက် မဟုတ်)
"ဆင့်ခေါ်ခြင်းရည်ရွယ်ချက် - သွေးပဋိညာဉ်အဖွဲ့ လုပ်ကြံသတ်ဖြတ်သူ (Dark အဆင့်နှင့် အထက်)၊ စာချုပ်ကြေးစားစစ်သားများ (ကြယ်နှစ်ပွင့်နှင့်အထက်)
"လက်ရှိပါဝင်သူ - လုပ်ကြံသတ်ဖြတ်သူ ၁၈ ယောက်၊ ကြေးစား ၂၄၅ ယောက်
"တာဝန်ကျတည်နေရာ - ကြယ်နဂါးနိုင်ငံ အရှေ့ဘက်၊ ဇင်ယော်မြို့ မြောက်ဘက် ၂၀ ကီလိုမီတာ၊ မြစ်ဝှမ်းတောင်ကြားအိမ်ယာ
"တာဝန်အသေးစိတ် - မြစ်ဝှမ်းတောင်ကြားအိမ်ယာအတွက် စောင့်ကြပ်ခုခံပေးရန်။ (အမည်ဖုံးကွယ်ထားသည်) ကို ကာကွယ်ပေးရန်။
"အတွင်းပိုင်း ဆင့်ခေါ်ခြင်း?" ဟန်ရှောင်းက မေးခွန်းထုတ်သည်။
"Dark အဆင့်နဲ့ အထက် လုပ်ကြံသတ်ဖြတ်သူတွေပဲ ဒီဆင့်ခေါ်ခြင်းကို လက်ခံရရှိမှာဖြစ်တယ်။ မင်းက Scorpion အဆင့် လုပ်ကြံသတ်ဖြတ်သူပဲ ဖြစ်တာကြောင့် ဒီတာဝန်မှာ ပါဝင်ဖို့ မသင့်ဘူး။ ဒါပေမယ့်၊ ဒီတာဝန်ကို နောက်ဖေးတံခါးက ဝင်နိုင်အောင် ငါလုပ်ပေးနိုင်တယ်။ ပြီးတော့ ဒီတာဝန်ကို ပြီးမြောက်တာနဲ့ Dark အဆင့်ကိုချက်ချင်းတက်နိုင်တယ်။ တည်နေရာကိုရောက်တာနဲ့ တစ်ယောက်ယောက်က မင်းကို အသေးစိတ် ရှင်းပြပါလိမ့်မယ်။
ပါဝင်သူအများကြီးနဲ့ ဒီတာဝန်က တိုက်ပွဲအသေးလေးတော့ မဟုတ်တာ သေချာတယ်၊ ဟန်ရှောင်းသည် သူ့ကိုယ်သူ တိတ်တဆိတ် တွေးနေမိသည်။
ဇင်ယော်မြို့မှာ လွယ်လွယ်ကူကူနဲ့ မြင့်မားတဲ့ဆုတွေ ပေးစွမ်းနိုင်တဲ့ စနစ်၏ တောင်းဆိုချက်တစ်ခုကို သူ သတိရမိခဲ့တယ်။ အဲဒါက လမ်းကြောင်းသင့်နေသည့်အတွက် အဆင်ပြေ၏။
ငါအဲဒီကိုသွားပြီး အရင်ကြည့်မယ် ဟန်ရှောင်း ဆုံးဖြတ်လိုက်သည်။ ဘယ်လောက်မှကြာဘဲ ကြယ်နဂါးနိုင်ငံကို ပြန်ရောက်မယ်ဆိုတာ မယုံနိုင်စရာပါပဲ။ ကံကောင်းတာက၊ ငါဘယ်သူဆိုတာတော့ မပေါ်သွားနိုင်ဘူး။
ဟန်ရှောင်း၏ မျက်ခုံးများ ပင့်လိုက်သည်။ သူသည် ဌာန၁၃မှ ထွက်ခွာခဲ့သော်လည်း ဌာန၁၃ နှင့်သူကြား ဆက်ဆံရေးအခြေအနေသည် သူ၏ ဂိမ်းမျက်နှာပြင်တွင် ပြောင်းလဲခြင်းမရှိပေ။ ဆိုလိုသည်မှာ ဌာန၁၃ သည် သူ့ကို ရန်သူအဖြစ် မဆက်ဆံသေးပေ။
ခရီးမထွက်ခင် အချိန်တစ်ခုရှိသေး၏။ သူသည် ဖေဘီယန် ကုမ္ပဏီ အခြေစိုက်စခန်းသို့ ပြန်သွားပြီး အချိန်အတော်ကြာအောင် ပြုလုပ်ရန် စီစဉ်ထားသော စက်ယန္တရားများကို ပြုလုပ်ခဲ့သည်။
_________________________________
ဒုတိယမျိုးဆက် ရိုဗာ (တိုက်ခိုက်ရေး)
အမျိုးအစား - စက်ရုပ်
အဆင့်အတန်း - အစိမ်းရင့်ရောင်
အခြေခံအချက်အလက်များ - ၂,၂၀၀/၂,၂၀၀၊ ခုခံနိုင်မှု ၃၇၊ ပါဝါအထွက် ၁၆၈၊ အမြင့်ဆုံးအမြန်နှုန်း ၈၃၊ စွမ်းအင် ၆၄၀/၆၄၀
အမြင့် - ၂.၁ မီတာ
အလေးချိန် : ၃၀၀ ကီလိုဂရမ်
ထိန်းချုပ်မှုပုံစံ - အဆင့်နိမ့် စမတ်ချစ်ပ် (ရန်သူကို အလိုအလျောက် သတ်မှတ်ခြင်းခြင်းအတွက် ပရိုဂရမ်ဆွဲထားသည်)
စွမ်းအင်အရင်းအမြစ် - စွမ်းအားမြင့် စွမ်းအင်ထုပ် (x၄ခု)
စွမ်းအင်အသုံးပြုမှု - ၆/မိနစ် (အနည်းဆုံး)၊ ၁၅/မိနစ် (အပြည့်)
ပါဝါစွမ်းရည် - ၃၁၀/၃၂၀ Ona
ဦးခေါင်းပိုင်း မော်ဂျူး - ရန်သူကို ရှာဖွေပစ်ခတ်ခြင်း စနစ် (စွမ်းရည်ယူနစ် ၃၀ ကို အသုံးပြုသည်။)
မျက်လုံး မော်ဂျူး - လျှပ်စစ်သံလိုက်စကင်နာ-မှန်ပြောင်း၊ အတားအဆီးကို ထိုးဖောက်ကြည့်ရှုနိုင်ပြီး ရန်သူရှာဖွေခြင်း-အမြင် (စွမ်းရည် ၁၅ ယူနစ်ကို အသုံးပြုသည်။)
လက်မောင်း မော်ဂျူးများ - ကြီးမားသော Calibre ပြောင်းဝ ၃ခုပါ စက်သေနတ် - ၇၀-၈၅ ထိခိုက်နိုင်မှု၊ ၃.၅ ပစ်ခတ်မှုနှုန်း ၊ ကျည်ကပ် ၃၀ (+၆၀ ခါးပတ်တွင်ရှိသည်)၊ ၇၅ စွမ်းအား (စွမ်းရည်ယူနစ် ၈၀ ကို အသုံးပြုသည်။)
ကိုယ်ထည် မော်ဂျူး - K600 ယန္တရားကိုယ်ထည်စနစ် - ၃၀ ခွန်အား (စွမ်းရည်ယူနစ် ၄၀ ကို အသုံးပြုသည်။)
ခြေထောက် မော်ဂျူး - တြိဂံဘီးစနစ်နှင့် တုန်ခါမှုကို ထိန်းချုပ်နိုင်သော ဆိုင်းထိန်းစနစ် - မညီညာသော မြေပြင်၏ သက်ရောက်မှုကို လျှော့ချပြီး ရွေ့လျားမှုအမြန်နှုန်းကို တိုးမြင့်စေသည် (စွမ်းရည်ယူနစ် ၁၅ ကို အသုံးပြုသည်။)
ရင်ဘတ် မော်ဂျူး - အသေးစား ပျားလပို့ ဒုံးပစ်လောင်ချာများ - အသေးစား ဒုံးပျံများ တပ်ဆင်ထားသည် (၁၈၀-၂၃၀ ထိခိုက်နိုင်မှု၊ အပိုပေါက်ကွဲပျက်စီးမှုကို ဖြစ်ပေါ်စေသည်)၊ ပစ်ခတ်နိုင်စွမ်း ၆ ကြိမ် (စွမ်းရည်ယူနစ် ၁၅ ကို အသုံးပြုသည်။)
ဝမ်းဗိုက်မော်ဂျူး - ကျည်သိုလှောင်မှု - အသေးစား ဒုံးပျံ x ၁၂ လုံး၊ အပိုဆောင်း ကျည်ခါးပတ် x ၂၀၀ ကျည်ဆန် (စွမ်းရည်ယူနစ် ၁၅ ကို အသုံးပြုသည်။)
ကျွမ်းကျင်မှုများ (စကေးများ)
- ကြမ်းတမ်းသော တရစပ်ပစ်ခတ်နိုင်မှု
- တိုက်တေနီယမ် ချပ်ဝတ်တန်ဆာ - ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုကို ၁၁% လျှော့ချပေးသည်။
- မိမိကိုယ်ကို ဖျက်ဆီးခြင်း - ၄၀မီတာ အချင်းဝက်အတွင်း ပေါက်ကွဲပျက်စီးမှု ၃၄၀-၅၁၀
မှတ်ချက် - လူပုံသဏ္ဍာန် တင့်ကား။
————————————————————————
ဤ ရိုဗာကို ပိုမိုကောင်းမွန်သော နည်းပညာဖြင့် ဖန်တီးထားသည်။ စမတ် ချစ်ပ်၊ တိုက်တေနီယမ် ချပ်ဝတ်တန်ဆာ၊ ပါဝါမြင့်မားသော ဘက်ထရီနှင့် ပိုမိုကြောက်မက်ဖွယ်ကောင်းသော ပစ်ခတ်နိုင်စွမ်းတို့ တပ်ဆင်ထားသည်။ ဟန်ရှောင်းသည် အနောက်ပိုင်းနိုင်ငံမြို့တော်သို့ စတင်ဝင်ရောက်စဉ်ကထက်စာလျှင် ပိုမိုချမ်းသာသောကြောင့် သူဘတ်ဂျက်ကို ဂရုတစိုက်ထိန်းစရာ မလိုအပ်တော့ပေ။ ဒုတိယမျိုးဆက် ရိုဗာ စက်ရုပ်၏ ကုန်ကျစရိတ်မှာ ဒေါ်လာ ၂၀,၀၀၀ ကျော်ဖြစ်သည်။ ယန္တရားများကို အထူးပြုကျွမ်းကျင်မှုကြောင့် လျှော့စျေးဖြစ်နေခြင်းဖြစ်သည်။ သူနှင့် အဆင့်တူကစားသမားတွေ ဘယ်တော့မှမတတ်နိုင်သော ဈေးတစ်ခုပင်။ ဒုတိယမျိုးဆက် ရိုဗာ ကို မိုဘိုင်းခံတပ်အဖြစ် အသုံးပြုနိုင်သည်။ သို့ရာတွင်၊ ချစ်ပ်သည် လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခြင်းနှင့် နည်းဗျူဟာပိုင်းဆိုင်ရာ ပိုင်းခြားစိတ်ဖြာမှုတို့ကို ပြုလုပ်နိုင်စွမ်းမရှိသောကြောင့် ၎င်းကို သီးခြားလုပ်ငန်းတစ်ခုတွင် လုပ်ဆောင်ရန် အသုံးမပြုနိုင်ပေ။
ထိုကဲ့သို့ ပြင်းထန်သော ပစ်ခတ်စွမ်းအားဖြင့် တိုက်ခိုက်ရေး ရိုဗာ သည် ပစ်ခတ်မှုဆိုင်ရာ ပံ့ပိုးမှုနှင့် ဧရိယာအတွင်း တိုက်ခိုက်မှုကို ပံ့ပိုးပေးနိုင်သည်။ ခဲယမ်းများကို လုံးလုံးလျားလျား သုံးစွဲပြီးနောက်တွင်ပင်၊ K600 အမျိုးအစား ယန္တရားကိုယ်ထည်စနစ် စနစ်သည် ရိုဗာ ကို လုံလောက်သော အနီးကပ် တိုက်ခိုက်နိုင်စွမ်း ရှိစေမည်ဖြစ်သည်။ ရန်သူများကို ဖြိုခွင်းရန် အရှိန်အဟုန်ဖြင့် ပြေးဝင်သွားနိုင်ပြီး မိမိကိုယ်ကို ဖျက်ဆီးနိုင်စွမ်းရှိသည်။
အခု ရိုဗာရဲ့ ထုတ်လုပ်မှုကို ချဲ့ထွင်နိုင်ပေမယ့် အဲဒါတွေကို သယ်မသွားနိုင်တဲ့အတွက် သူတို့ကို ဖုံးကွယ်ဖို့ လျှို့ဝှက်စခန်းတစ်ခု ရှာသင့်တယ်။ ဒီ ရိုဗာ အမျိုးအစားက အရမ်းမြင့်တဲ့ ပစ်ခတ်နိုင်စွမ်းရှိပေမယ့် အလျင်အမြန် ပြောင်းလဲနေတဲ့ တိုက်ပွဲတွေမှာ အဆင်မပြေဘူး။ ငါက အထိုင်ချပြီးတိုက်ရတဲ့ တိုက်ပွဲတွေအတွက်ပဲ သုံးနိုင်တာမို့ သူ့ရဲ့လုပ်ဆောင်ချက်က နည်းနည်းလေးပဲရှိတယ်။ ပြဿနာရှိတဲ့ နေရာတွေက လှုပ်ရှားမှု၊ အဓိကပါဝါရဲ့ လုပ်နိုင်စွမ်းနဲ့ ချစ်ပ် ပြားတွေပဲ။ အဲဒီအတွက် အဆင့်မြင့် အသိပညာတွေလိုတယ်။ အခုထက်ထိတော့ ရဖို့ အခွင့်အလမ်း မရှိသေးဘူး။ အင်း၊ ငါ အခုထိ စနိုက်ပါတစ်ယောက်အနေနဲ့ပဲ တိုက်ပွဲဝင်လို့ရဦးမယ်။ ငါ့ရဲ့ စနိုက်ပါစွမ်းရည်တွေကို ပြီးပြည့်စုံအောင် လုပ်သင့်တယ်။
ဟန်ရှောင်းသည် ငွေကြေးနှင့် လိုအပ်သောနည်းပညာများ ချို့တဲ့နေသဖြင့် စက်ရုပ်စစ်တပ်တစ်ခု၏ စိတ်ကူးကို ယခုထိ အကောင်အထည်မဖော်နိုင်သေးပေ။
ဟန်ရှောင်းသည် ဖေဘီယန် ကုမ္ပဏီ၏ ဂိုဒေါင်တွင် သိမ်းဆည်းထားသည့် သူ၏ ကြီးမားသော စက်ပစ္စည်း အားလုံးကို လေယာဉ်ဖြင့် ပို့ဆောင်ခိုင်းလိုက်သည်။ ယခုတစ်ကြိမ်တွင် ဖေဘီယန် ကုမ္ပဏီ၏ လေကြောင်းပို့ဆောင်ရေးဝန်ဆောင်မှုကို ထပ်မံအသုံးပြုရန် ဒေါ်လာ ၅၀,၀၀၀ ပေးခဲ့သည်။ ဘယ်သူမှ သူ့လောက် ပိုက်ဆံကို ကြီးကြီးကျယ်ကျယ် သုံးစွဲမှာ မဟုတ်ဘူးလို့ သူက တွက်မိ၏။
...
အနောက်ပိုင်းမြို့တော်သည် ကြယ်နဂါးနိုင်ငံ၏မြို့တော်ဖြစ်ပြီး ဇင်ယော်မြို့သည် ကြယ်နဂါးနိုင်ငံ အရှေ့ပိုင်း၏ အရေးကြီးသောမြို့ဖြစ်သည်။ ဧရိယာကျယ်ဝန်းပြီး သမိုင်းကြောင်းအရ ၎င်းသည် သားရဲဒီရေလှိုင်းကို ကြုံတွေ့ခဲ့ရပြီး ရလဒ်အနေဖြင့် ကြီးမားသောဆုံးရှုံးမှုကို ခံစားခဲ့ရသည်။ သို့သော် တစ်နိုင်ငံလုံး၏ အကူအညီကို ရရှိခဲ့ပြီး၊ ယနေ့ခေတ် အရှေ့တိုင်းရှိ အရေးပါသော မြို့တစ်မြို့အဖြစ် ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။
မြို့လယ်တွင် မီတာဆယ်နှင့်ချီမြင့်သော အထိမ်းအမှတ် အဆောက်အအုံတစ်ခု တည်ရှိသည်။ ၎င်းတွင် သားရဲဒီရေလှိုင်းတိုက်ပွဲတွင် စွန့်လွှတ်အနစ်နာခံခဲ့သူအားလုံး၏ အမည်များကို ရေးထွင်းထားသည်။
Old Age တိုက်ပွဲတွင်၊ ဇင်ယော်မြို့သည် ဂျာမီနယ်အဖွဲ့အစည်းမှ ကြီးမားသော အကြမ်းဖက် တိုက်ခိုက်မှု အများအပြားကို ရင်ဆိုင်ခဲ့ရပြီး၊ နေရာတိုင်းမှ အကူအညီများ ထပ်မံရရှိခဲ့ပြန်သည်။ ထိုအရာက ဤမြို့အား ပိုမို သာယာဝပြောသော မြို့ဖြစ်လာစေသည်။ ထိုဖြစ်စဉ်သည် အလွန်ထူးခြားလှ၏။ များပြားလှသော ကံဆိုးမှုများကြောင့် မြို့တော်ကို ပိုမိုလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာစေခဲ့သည်။ ကြယ်နဂါးနိုင်ငံမှ လူများသည် ကြယ်နဂါးနိုင်ငံသည် ဆုတ်ယုတ်မှုများနှင့်ရင်ဆိုင်ရသော်လည်း ပိုမိုအားကောင်းလာမည်ဟု ဆိုလိုသောကြောင့် အတိတ်နိမိတ်ကောင်းတစ်ခုဖြစ်သည်ဟု ယုံကြည်ကြသည်။ ‘The Seagull Spirit’ ကို နှစ်စဉ်နှစ်တိုင်း နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးများနှင့် နိုင်ငံလုံးဆိုင်ရာ သတင်းများတွင် ထပ်ခါတလဲလဲ ဖော်ပြကြသည်။
လေယာဉ်သည် မကြာမီ မြို့တော်လေဆိပ်သို့ ဆင်းသက်ခဲ့သည်။ ကြယ်နဂါးနိုင်ငံရှိ မြို့တစ်မြို့စီမှ ဝင်ထွက်သူတိုင်း သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းရမည်ဖြစ်သည်။ အလားတူပင်၊ လေကြောင်းမှဆင်းသက်ရန် လေကြောင်းထိန်းမျှော်စင်၏ ကြိုတင်ခွင့်ပြုချက် လိုအပ်ပါသည်။ ဖေဘီယန် ကုမ္ပဏီ၏ လေယာဉ်များတွင် ကြယ်နဂါးနိုင်ငံရှိ မြို့အသီးသီးရှိ လေဆိပ်များတွင် သီးသန့်ရပ်နားရန်နေရာများ ရှိသောကြောင့် အဆိုပါ လေဆိပ်များတွင် ဆင်းသက်ခွင့် ရသည်။ ကစားသမားများသည်လည်း သူတို့၏စခန်း ဂုဏ်သတင်း မြင့်မားနေချိန်တွင် အဆိုပါနေရာများကို ဝယ်ယူနိုင်သည်။
"ဒါဆို မင်းက ဘာလို့ ဒီအချိန် ငါ့နောက်ကို လိုက်လာတာလဲ" ဟန်ရှောင်းက လှည့်ပြီး သူ့ဘေးနားက အန်တိုနီယိုကို ကြည့်လိုက်တယ်။
အန်တိုနီယိုက သူ့ဆေးပြင်းလိပ်ကို ရှူသွင်းလိုက်ပြီး ရယ်လိုက်၏။ "ကံမကောင်းတာက၊ ဖေဘီယန် ကုမ္ပဏီက ဇင်ယော်မြို့မှာ ဘာပိုင်ဆိုင်မှုမှ မရှိဘူး။ ကုန်တင်လေယာဉ်ကို မင်းရဲ့ယာယီအလုပ်ရုံနဲ့ ဂိုဒေါင်အဖြစ် ပေးထားဖို့ကလွဲလို့ ငါတို့မှာ ရွေးစရာမရှိဘူး။”
"ဟုတ်လား။" ဟန်ရှောင်း သဘောပေါက်သွားတယ်။ ရုတ်တရက် ဖေဘီယန် ကုမ္ပဏီမှာ သူ့အတွက် ကားငှားဖို့ ကားမရှိတာကို သဘောပေါက်သွားသောကြောင့် စိတ်ပျက်သွားတယ်။ သူသည် မြစ်ဝှမ်းတောင်ကြားအိမ်ယာမှ ကီလိုမီတာ ဆယ်နှင့်ချီဝေးသည်။ လှည့်ကွက်ဟောင်းတွေကို မသုံးသင့်ဘူးဆိုရင်… ဟူး၊ အကျင့်ပျက်ပြီး တားမြစ်ထားတဲ့ ကားခိုးတာကို တကယ်လုပ်ရမှာလား။
သူ့တွင် Thorns ရှိနေဆဲဖြစ်သော်လည်း လမ်းပေါ် မောင်းနှင်ပါက၊ ရဲကား ဒါဇင်အနည်းငယ်နှင့် အထူးတပ်ဖွဲ့ဝင်များသည် ဆယ်မိနစ်အတွင်း သူ့နောက်သို့ လိုက်လာမည်ဖြစ်သည်။
ရှေးဆိုရိုးစကားအတိုင်း ပြဿနာတစ်ခုပေါ်လာရင် ပြည်သူကိုကြည့်ပြီး အဖြေရှာကြည့်ပါ။
မကြာခင်မှာပဲ ဟန်ရှောင်းသည် စေတနာကောင်းတဲ့ ပြည်သူတစ်ယောက်ဆီကနေ ကားတစ်စီး ငှားလိုက်ပါသည်။ စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ကာ မြို့တွင်းမှ ထွက်ခွာပြီးနောက် အိမ်ယာဆီသို့ ဦးတည်သွားလိုက်သည်။
ဇင်ယော်မြို့၏ မြောက်ဘက် ကီလိုမီတာ နှစ်ဆယ်အကွာတွင် မြစ်တစ်စင်းရှိသော တောအုပ်ငယ်လေးတစ်ခု ရှိသည်။ အလယ်အလတ်မှ သေးငယ်သော နူးညံ့သိမ်မွေ့သော တောရိုင်းတိရိစ္ဆာန်များသာ ဤတောထဲတွင် နေထိုင်သောကြောင့် အထူးအန္တရာယ်မရှိပးပေ။ ဟန်ရှောင်းသည် ထိုအိမ်ကြီးကို သူ့မြေပုံပေါ်တွင် ရှာထားသည်။ မြစ်ဝှမ်းတောင်ကြားအိမ်ယာသည် မြစ်ကမ်းစပ်ရှိ သစ်တောတွင် တည်ရှိသည်။
ကားက တောထဲကို ရောက်သွားချိန်မှာ နေ့လည်ခင်းဖြစ်၏။ ပျင်းရိဖွယ်ကောင်းသော နေ့လယ်ခင်းနေရောင်သည် သစ်ပင်များကြားရှိ ကွက်လပ်များကြားမှ အလင်းရောင်ကို လင်းလက်တောက်ပစေပြီး သစ်တောကို အေးချမ်းသော ပတ်ဝန်းကျင်ဖြင့် ခြယ်မှုန်းထားသည်။ အင်ဂျင်သံသည် အိပ်ပျော်နေသော သမင်အချို့ကို ကြောက်ရွံ့သွားစေသည်။
ဟန်ရှောင်းသည် ရုတ်တရက် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ ပြင်းထန်သောရနံ့တစ်ခုကို သူရလိုက်သည်။ သူ့မှတ်ဉာဏ်ထဲမှာ ပျက်စီးပုပ်သိုးနေတဲ့ ရနံ့တွေနဲ့ ပြန့်ကျဲပြုတ်ကျနေသော ငှက်များ၏ ရနံ့တွေကို အမြန်စစ်ထုတ်ပြီးတဲ့ နောက်တွင် အလားတူတဲ့ ရနံ့တစ်ခုရဲ့ မှတ်ဉာဏ်ထဲ ရှာတွေ့သွားသည်။
ဟန်ရှောင်း၏ မျက်လုံးများတွင် အလင်းရောင်တစ်ခု လင်းလက်လာသည်။ ဒါက ယမ်းမှုန့်တွေရဲ့ ရနံ့ပင်။ မကြာသေးမီက ဤနေရာတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။
နားလည်မှုလွဲမှားခြင်းကို ရှောင်ရှားရန် ဟန်ရှောင်းသည် အိမ်ရှေ့သို့ မသွားမီ သူ့ကားကို ရပ်ကာ ပစ္စည်းများကို ထုတ်လိုက်သည်။
သူသည် ဂစ်တာအိတ်ကို ကိုင်ဆောင်ကာ လှည့်ပတ်သွားလာနေသော စိတ်ဓာတ်ကျနေသည့် ဂီတပညာရှင်တစ်ဦး ဖြစ်ပုံရသော်လည်း လက်တွေ့တွင်၊ သူ၏ဂစ်တာအိတ်သည် ခေါက်ထားသော စနိုက်ပါရိုင်ဖယ်နှင့် အပေါ့စားယန္တရားလက်များကို သိမ်းဆည်းထားသည်။ သူ၏ Berserk Eagles နှင့် ကျည်ကပ်များကို သူ့အဝတ်အစားအတွင်းတွင် ဝှက်ထားပြီး၊ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် သံလိုက်ထိန်းချုပ်ထားသော သံလိုက်ချပ်ကာ၊ သူ့အင်္ကျီအောက်ရှိ ခေါက်နိုင်သော ဓားရှည်၊ သူ့လက်ပေါ်ရှိ လျှပ်စစ်လက်အိတ်များနှင့် ခြေထောက်တွင် ငွေရောင် လျပ်စစ်သံလိုက်လျပ်ပြေးဖိနပ်ကို ဝတ်ဆင်ထားသည်။
ဘွတ်ဖိနပ်များသည် သားရေအပြင်ပိုင်းပါသော သာမန်ဘွတ်ဖိနပ်တစ်ရံနှင့်တူသည်၊ တစ်ယောက်ယောက်က လက်ဖြင့်မနှိပ်ကြည့်ဘဲ အတွင်းပိုင်းသတ္တုအစိတ်အပိုင်းများကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
သူသည် ခြေအစခေါင်းအဆုံး လက်နက်ကိုင်ဆောင်ထားပုံရသော်လည်း သူ၏ လေအားခွဲဓါး၊ Thorns သို့မဟုတ် ဒုတိယမျိုးဆက် ရိုဗာ ကို သယ်ဆောင်လာခြင်းမရှိပေ။
ခဏလောက် လမ်းလျှောက်ပြီးနောက် ဟန်ရှောင်း၏ ပတ်ဝန်းကျင်တွင် တိုက်ပွဲ၏ ထင်ရှားသော အရိပ်အယောင်များ ပေါ်လာသည်။ ပေါက်ကွဲသည့်အမှတ်အသားများ၊ ကျည်တောင့်အလွတ်များ၊ ကားဘီးရာများနှင့် မြေပြင်ပေါ်တွင် တစ်စီးထက်ပိုသော မီးလောင်ထားသည့်ယာဉ်များ၏ ပြာများပင် ပါ၀င်သည်။ အတော်ဆိုးရွားတဲ့ တိုက်ပွဲဖြစ်ခဲ့တယ်။ ဟန်ရှောင်းသည် အိမ်ကြီးကို မြင်နေပြီဖြစ်သည်။
ဟန်ရှောင်းသည် လမ်းဆက်လျှောက်တော့မည့် အချိန်တွင် ရုတ်တရက် ရပ်တန့်သွားသည်။
နောက်အခိုက်အတန့်တွင် သူ့ရှေ့တွင် မြေပြင်ပေါ်တွင် ကျည်ဆန်အပေါက်တစ်ခု ပေါ်လာသည်။ စနိုက်ပါရိုင်ဖယ်ဖြင့် ပစ်ခတ်လိုက်ခြင်းဖြစ်သည်။ အကယ်၍ သူသာ ရှေ့ကို လှမ်းခဲ့မည်ဆိုလျှင် သူ့ခြေထောက်များကို ပစ်ခတ်မိသွားလိမ့်မည် ။
ဒါက သတိပေးချက်တစ်ခု ဖြစ်သည်။
ပစ်ခတ်မှုမှာ အိမ်ကြီးဘက်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။
အခန်း (၁၀၆) ပြီး၏။
လင်းဆက်
+++++