ထူးဆန်းသော ကာကွယ်ရေးတာဝန်
Vol. 8 Ch. 107
အခန်း (၁၀၇) ထူးဆန်းသော ကာကွယ်ရေးတာဝန်
ဟန်ရှောင်းသည် မြေပြင်မှ ကျည်ဆန်ခွံကို တူးဖော်ရန် ငုံ့ကြည့်လိုက်သည်။ ဒါက သံချပ်ကာ ဖောက်ပစ်နိုင်တဲ့ ကျည်ဆန်တစ်ခုပင်။
မြစ်ဝှမ်းတောင်ကြားအိမ်ယာမှ လူများ အားလုံးသည် ဖော်ရွေသည့်ပုံရသည်၊ ထို့ကြောင့် ဤသည်မှာ သတိပေးချက်တစ်ခုသာဖြစ်သည်။ ဒီလိုမှမဟုတ်ရင် စနိုက်ပါသမားက သူ့ရဲ့အရေးပါသော အစိတ်အပိုင်းများကို ချိန်ရွယ်ထားလိမ့်မယ်။ ဟန်ရှောင်းသည် ဤအတွေးကို ပြီးသွားသောအခါတွင် အညိုရောင်ဒင်္ဂါးပြားဟောင်းကို ထုတ်၍ မြှောက်လိုက်ပြီး လေထဲတွင် ဝှေ့ယမ်းလိုက်သည်။ အိမ်တွင်းရှိ စနိုက်ပါသမားသည် သူတို့၏ မှန်ပြောင်းမှတဆင့် ၎င်းကို သေချာပေါက် မြင်နိုင်သည်။
အကြွေစေ့ကို အန်တိုနီယိုက မထွက်ခွာမီ သူ့ထံ လွှဲပေးခဲ့သည်။ သူ၏ အထောက်အထားကို သက်သေခံရန်အတွက် အသုံးပြုနိုင်ကြောင်း သူက ပြောကြားခဲ့သည်။
တစ်မိနစ်လောက်စောင့်ပြီးမှ ဟန်ရှောင်းက ရှေ့ကို တိုးလာပြန်တယ်။ အမှန်တော့ ဒီတစ်ခါတော့ ဘယ်သူမှ သူ့ကို မပစ်တော့ပေ။ ထို့နောက် သူသည် အိမ်ကြီး၏ တံခါးဝသို့ အောင်မြင်စွာ ရောက်ရှိလာပြီး အိမ်၏ အပြင်ဘက် ကာကွယ်ရေးကို အလွန်အားဖြည့်ထားသည်ကို သိရှိလိုက်သည်။ အပြင်ဘက်နံရံတွင် သတ္တုပြားများစွာ ပါရှိပြီး အိမ်၏အတွင်းပိုင်းကို တင်းတင်းကြပ်ကြပ် ကာထားသည်။ ထိုသတ္တုပြားများပေါ်တွင် ယခင်က ပေါက်ကွဲမှု၏အမှတ်များ ရှိနေသည်။
တံခါးဖွင့်ပြီးနောက် ဟန်ရှောင်း ဝင်လာသည်။ အိမ်ကြီး၏ အပြင်အဆင်ကို သူ့မျက်စိရှေ့တွင် ပြသခဲ့သည်။ ၎င်းသည် အလွန်ကျယ်ဝန်းသော နေရာယူထားပြီး အတွင်းနှင့် အပြင်အလွှာများအဖြစ် ပိုင်းခြားထားသည်။ အပြင်ဘက်အလွှာတွင် ကာကွယ်ရေးအဆောက်အအုံမျိုးစုံ ပါဝင်ပြီး လက်နက်ကိုင်ကြေးစားများသည် ဧရိယာတစ်ဝိုက်တွင် လှည့်ကင်းများဖြင့် အလုပ်များနေပါသည်။ အသံတိတ်တိတ်ဆိတ်ဆိတ် နေတတ်သော သာမန်စစ်သည်များနှင့်မတူဘဲ ကျယ်လောင်စွာ အတင်းပြောနေကြသည်။ စည်းကမ်းမရှိကြသည်မှာ ထင်ရှား၏။
အတွင်းအလွှာသည် အိမ်ကြီး၏ အလယ်ဗဟိုဖြစ်ပြီး ဥယျာဉ်တစ်ခုနှင့် ရေပန်းတစ်ခုပါသည့် အိမ်ကြီးတစ်ခုသာဖြစ်သည်။ အနက်ရောင်လက်ရန်းများသည် အိမ်ကြီးအား ဝန်းရံထားပြီး အတွင်းနှင့် အပြင်အလွှာကြားရှိ ဧရိယာများကို ရှင်းရှင်းလင်းလင်း ပိုင်းခြားထားသည်။ အိမ်ကြီး သို့မဟုတ် ဥယျာဉ်တွင် မည်သူမျှ မရှိသည်ကို လက်ရန်းများကြားမှ မြင်နိုင်သည်။ ဘယ်သူမျှ မနေထိုင်သကဲ့သို့ ဖြစ်နေသည်။
"လူသစ်? မင်းက လုပ်ကြံသတ်ဖြတ်သူ ဟုတ်လား"
လူမည်းတစ်ယောက်က ဟန်ရှောင်းကို ဘေးကနေ လှမ်းအော်လိုက်သည်။ သူ့အတွက် တံခါးကို လာဖွင့်ပေးခဲ့သူဖြစ်၏။
ဟန်ရှောင်း ပြန်ဖြေတာကို မစောင့်ဘဲ၊ လူမည်းက သူ့ စကားပြောစက်ထဲကို လှမ်းအော်ပြီး "ချန်လီ၊ ဒီမှာ လုပ်ကြံသတ်ဖြတ်သူအသစ်ရှိနေပြီ" မြန်မြန်လာ လာခေါ်ပါ”
"ငါ့ကိုစောင့်နေ။ ငါအဲဒီကို ခဏနေ ရောက်မယ်။" စကားပြောစက်၏ တစ်ဖက်မှ လူတစ်ဦးပ ကတိပေးလိုက်သည်။
ချန်လီ ဟုခေါ်သော ကြေးစားတစ်ယောက်သည် မကြာမီ ဂိတ်ပေါက်ရှေ့သို့ ရောက်လာသည်။ သူက လူမည်းကို လက်ခလယ် ထောင်ပြလိုက်ပြီး ဟန်ရှောင်းကို အကဲခတ်လိုက်သည်။ “လာ၊ ငါ့နောက်လိုက်”
ဟန်ရှောင်းသည် ချန်လီနောက်သို့လိုက်ရင်း စံအိမ်၏ အရှေ့တောင်ဘက်သို့ ရောက်သွားသည်။ လမ်းလျှောက်နေစဉ်အတွင်း သူသည် ချန်လီထံမှ အိမ်တော်၏ ကာကွယ်ရေးတည်ဆောက်ပုံ အတိုချုံးရှင်းပြချက်တစ်ခုကို ရရှိခဲ့၏။ အိမ်သည် ကုန်းမြေကို မျက်နှာမူထားသော အရပ်သုံးမျက်နှာရှိပြီး အနောက်ဘက်သည် မြစ်ကို မျက်နှာမူထားသည်။ တိုက်ခိုက်သူများသည် စပိဘုတ်များကို အသုံးပြု၍ တိုက်ခိုက်နိုင်သော်လည်း မြစ်ပေါ်တွင် ပေါ်လာပါက ၎င်းတို့သည် လွယ်ကူသော ပစ်မှတ်များ ဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် မြစ်ဘက်ခြမ်းသည် ခုခံရန် အလွယ်ကူဆုံးဖြစ်သည်။
အခြား ကာကွယ်ရေးတပ် နှစ်ခုသည် အရှေ့တောင်နှင့် အရှေ့မြောက်ဘက်တွင် ဖြစ်သည်။ ကာကွယ်ရေးဖွဲ့စည်းပုံတစ်ခုလုံးသည် တြိဂံပုံဖြစ်သည်။ ချန်လီ သည် အရှေ့တောင်ဘက်တွင် တပ်စွဲထားသော ကြေးစားစစ်သားအားလုံးကို ကြီးကြပ်နေသည်။
"မင်းက ဘယ်လိုလုပ်ကြံသတ်ဖြတ်သူငလဲ" ချန်လီ က မေးသည်။
"စနိုက်ပါ"
"အဲဒါကောင်းတယ်။ ငါတို့မှာ တာဝေးပစ်တိုက်ခိုက်သူ လိုအပ်နေတယ်။ အရင်က အနီးကပ်ပဲ ခိုးဝင်တိုက်ခိုက်နည်းကို သိတဲ့ လုပ်ကြံသတ်ဖြတ်သူတစ်ဦးကို ဒီနေရာတွင် စေလွှတ်ခဲ့ဖူးသည်။ ဒီထက်ပိုပြီး အသုံးမကျနိုင်တာ မရှိဘူး”
ဟန်ရှောင်းသည် လှည့်ကြည့်ကာ အလယ်ဗဟိုရှိ စံအိမ်ကြီးကို ကြည့်လိုက်ပြီး သူ့စိတ်ထဲမှ အဓိကမေးခွန်းသုံးခုကို မေးလိုက်သည်။ "ငါတို့ ဘယ်သူကို အတိအကျ ကာကွယ်နေတာလဲ။ ငါတို့ဒီမှာ ဘယ်လောက်ကြာကြာ ခုခံရမှာလဲ။ ငါတို့ရန်သူတွေ ဘယ်သူတွေလဲ။”
အသစ်ဝင်လာသူတိုင်းက တူညီသောမေးခွန်းများကို မေးကောင်းမေးနိုင်သည်။ ချန်လီက မြန်မြန်ဆန်ဆန် ဖြေလိုက်တယ်။ “ငါတို့ရဲ့ ဘော့စ်က နောက်ထပ် ဘယ်လောက်ကြာကြာ ကာကွယ်ရမယ်ဆိုတာ မပြောခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၊ ငါတို့သည် ခုခံကာကွယ်နိုင်စွမ်း မရှိတော့ရင်၊ ငါက ပထမဆုံး ထွက်ပြေးမယ့်သူ ဖြစ်လိမ့်မယ်။ သူတို့ ငါ့ကို ဘယ်လောက်ပေးပေး ရတဲ့ ပမာဏကို ငါ ဂရုမစိုက်ဘူး၊ ငါက အမြောက်စာ မဟုတ်ဘူး။ ရန်သူတွေက ဘယ်သူလဲတော့ မသိဘူး။ တခါတရံ နေ့ဘက်၊ တစ်ခါတစ်လေ ညဘက် တိုက်ခိုက်ခံရတတ်တယ်။ ရက်အနည်းငယ်နေတိုင်း တိုက်ခိုက်ခံရတယ်။ ငါတို့ကို တိုက်ခိုက်ဖို့ ရန်သူအသစ်တွေ အမြဲရှိနေတယ်။
"ပြီးတော့ ငါတို့က ဘယ်သူကို ကာကွယ်ပေးတာလဲဆိုတော့ ဟီးဟီး..."
ချန်လီသည် သူဆက်မပြောမီ ရုတ်တရက် အေးစက်စွာ ရယ်မောလိုက်သည်။
“ပစ်မှတ်က အိမ်ကြီးထဲမှာ ပုန်းနေတယ်ဆိုတာ ငါကြားပေမယ့် သူတို့ တစ်ခါမှ မတွေ့ဖူးဘူး။ တာဝန်က စံအိမ်ထဲကို မဝင်ဖို့ ကန့်သတ်ထားတယ်။ အိမ်ကြီးသည် အခွံချည်းသက်သက်ဖြစ်နိုင်တယ်၊ ငါတို့က ဘယ်သူကိုမျှ မကာကွယ်နေတာလဲ ဖြစ်နိုင်တယ်။ ဟမ့် အလုပ်ရှင်ရဲ့ ရည်ရွယ်ချက်က ဘယ်လိုပဲ ဖြစ်ဖြစ် သူငါ့ကို ပေးသရွေ့ အဆင်ပြေတယ်။"
အိမ်အလွတ်ကြီး၊ အရင်က တစ်ခါမှ မတွေ့ဖူးတဲ့ တစ်စုံတစ်ယောက်ကို ကာကွယ်ခြင်း၊ ဒွိဟဖြစ်စေသော အဖွဲ့လိုက် ဆင့်ခေါ်ခြင်း၊ ရင်းမြစ်မသိသော ရန်သူများ။ ဤအချက်များအားလုံး ချိတ်ဆက်မှုသည် ဟန်ရှောင်းအား စကားလုံးများဖြင့် ဖော်ပြ၍မရသော ထူးဆန်းသောခံစားချက်ကို ပေးနေ၏။ အခြေအနေတစ်ခုလုံးကို မြူခိုးများ ထူထပ်စွာ ဖုံးလွှမ်းနေသလို ခံစားလိုက်ရသည်။
"ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဘယ်လုပ်ကြံသတ်ဖြတ်သူအဆင့်လဲ။ Dark လား Ghostလား?" ချန်လီ က မထင်မှတ်ဘဲ မေးလိုက်သည်။
"မစ္စတာဘလက်၊ Scorpion အဆင့်။"
ချန်လီ ခေါင်းမှာ ဆတ်ခနဲဖြစ်ပြီး အံ့သြသွားသည်။ "Scorpion? မင်းဘာလို့ ဒီမှာရှိတာလဲ။ Dark အဆင့်နဲ့ အထက် လုပ်ကြံသတ်ဖြတ်သူပဲ ဆင့်ခေါ်ခြင်းကို လက်ခံရရှိနိုင်မှာ။ မင်းက အရည်အချင်းမပြည့်သေးဘူး မဟုတ်လား"
“ငါ ဒီကို ရောက်နေပြီ။ ငါ့အဆင့်က အရေးမကြီးတော့ဘူး။" ဟန်ရှောင်းသည် သူ့ကိုယ်သူ ကြေးစားစစ်သားတစ်ယောက်အား ရှင်းပြရန် စိတ်မဝင်စားပေ။ ကိုယ်လုပ်ချင်တာကို လုပ်နိုင်တယ်၊ ငါ့အကြောင်း မင်းကို ရှင်းပြနေစရာမလိုဘူး။ အခြေခံအားဖြင့်၊ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူရမှာပဲ။
"မင်းဟာ Scorpion အဆင့်ပဲ ရှိသေးပေမယ့်၊ မင်းက ငါတို့နဲ့ အဆင်ပြေနိုင်တဲ့ စနိုက်ပါပဲ။ မင်းရဲ့စနိုက်ပါရိုင်ဖယ်နဲ့ ရန်သူတွေကို တိုက်ခိုက်နိုင်သမျှ ငါတို့အဆင်ပြေပါတယ်။”
ချန်လီက အဝေးက ဧရိယာတစ်ခုကို ညွှန်ပြရင်း မျက်မှောင်ကြုတ်ကာ “အဲဒီမှာ ခံတပ်သုံးခုကို မင်းမြင်နိုင်မလား။ အလယ်ခံတပ်ကို သွားလိုက်။ Hornet ညီနောင်တွေက မင်းအတွက် စီစဉ်ပေးလိမ့်မယ်။”
ဟန်ရှောင်း ထိုနေရာကို ကြည့်လိုက်သည်။ ခံတပ်သုံးခုသည် အရှေ့တောင်နှင့် အရှေ့မြောက် ကာကွယ်ရေးလမ်းကြောင်း၏ ဆုံမှတ်တွင်ရှိပြီး ၎င်းတို့သည် တြိဂံကာကွယ်ရေးဖွဲ့စည်းပုံ၏ ထိပ်တွင်ရှိသည်။ ဤအနေအထားသည် စနိုက်ပါသမားများ၏ အမြင်အာရုံကို အမြင့်ဆုံးမြင်နိုင်ရန်သာမက စနိုက်ပါအကွာအဝေးကိုပါ ကူညီပေးနိုင်သည်။ သို့သော်လည်း အားနည်းချက်မှာ နေရာက အလွန် ထင်ရှားလွန်းသည်။ ရန်သူက တိုက်ခိုက်တဲ့အခါ စနိုက်ပါကို အရင်ဆုံး ဖြုတ်ချရန် ကြိုးစားလိမ့်မည်။ ကံကောင်းထောက်မစွာဖြင့်၊ ခံတပ်များ၏ နံရံများတွင် စက်သေနတ်များနှင့် ဒုံးပစ်လောင်ချာများ အများအပြား တပ်ဆင်ထားသည်။ သူတို့သည် အကောင်းမွန်ဆုံးသော ခံစစ်နေရာဖြစ်နေသည်။
ဟန်ရှောင်းက ထိုစီစဉ်မှုကို မကန့်ကွက်ပေ။ သူ့ဂိမ်းမျက်နှာပြင်တွင်မှာ တောင်းဆိုမှုတစ်ခုခုကို မစခင် အလုံးစုံကို လျစ်လျူရှုထား၏။
ဟန်ရှောင်းသည် အလယ်ခံတပ်ဆီသို့ လျှောက်သွားပြီး အပေါ်ထပ်သို့ တက်သွားသည်။ ထို့နောက် လက်ထဲတွင် စနိုက်ပါ ရိုင်ဖယ်များ ကိုင်ဆောင်ကာ နံရံတွင် မှေးနေသော အမျိုးသား နှစ်ဦးကို တွေ့ရှိခဲ့သည်။ ဟန်ရှောင်း၏ ခြေသံကို ကြားလိုက်သည်နှင့် မျက်လုံးကို အလျင်အမြန်ဖွင့်ကာ ကြည့်လိုက်ကြသည်။ သူတို့သည် ရေခဲကဲ့သို့ အေးစက်သော ပင်ကိုယ်စရိုက်ကြောင့် လုပ်ကြံသတ်ဖြတ်သူများဖြစ်ကြောင်း ပြောနိုင်သည်။
သူတို့ထဲက တစ်ယောက်က အရပ်ရှည်ပြီး နောက်တစ်ယောက်က အရပ်ပုသည်၊ မျက်နှာပေါက်ချင်း ဆင်တူ၏။ ချန်လီ ပြောသည့် Hornet ညီနောင် တွေ ဖြစ်ပုံရသည်။
"လူသစ်လား?" အရပ်မြင့်မြင့်က အမှုမထားသလို ပြောလိုက်သည်။ "ကုဒ်နာမည်၊ အဆင့်၊ စွမ်းရည်"
ဟန်ရှောင်း မျက်ခုံးပင့်သွားသည်။ "မစ္စတာဘလက်၊ Scorpion၊ စနိုက်ပါ"
"Scorpion အဆင့် လူသစ်လေးက ဒီမှာဘာလုပ်နေတာလဲ" အရပ်ရှည်သောလူသည် မျက်မှောင်ကြုတ်ကာ စိတ်မရှည်တော့ပေ။ “ဘယ်ဘက်ခံတပ်ကိုသွားပြီး လက်ထောက်စနိုက်ပါလုပ်လိုက်။ ငါတို့ရဲ့ ပစ်ချက်ကနေ လွတ်လာတဲ့ ယင်ကောင်လေးတွေအားလုံးကို ပစ်ချဖို့ တာဝန်ယူရမယ်။ ဒီလို ရိုးရှင်းတဲ့ အလုပ်တစ်ခုကို လုပ်နိုင်တယ်မဟုတ်လား”
“လုပ်နိုင်ပါတယ်။” ဟန်ရှောင်း ခေါင်းညိတ်လိုက်သည်။
အရပ်ပုသောလူက ဟန်ရှောင်းကို တစ်ချက်ကြည့်လိုက်ပြီး ပြန်မှေးသွားသည်။ ထိုလူက မာနကြီးပြီး သူနဲ့စကားပြောဖို့ စိတ်မဝင်စားပုံရ၏။
ခြံဝင်းထဲမှာ မိနစ်တစ်ဒါဇင်လောက်သာရှိသေးသည်၊ ဟန်ရှောင်းက မတူညီတဲ့ နေရာသုံးခုကို ပြောင်းသွားခဲ့သည်။ ဘယ်ဘက်ခံတပ်ဆီသို့ လမ်းလျှောက်ရန်မှတပါး ရွေးချယ်စရာမရှိပေ။ ဤသည်မှာ သူတာဝန်ယူသည့်နေရာဖြစ်ပြီး၊ ဆိုလိုသည်မှာ သူ၏အလုပ်သည် Hornet ညီအစ်ကိုများကို ကူညီရန်ဖြစ်သည်။
ဘယ်ဘက်ခံတပ်မှာ မုတ်ဆိတ်မွေးကြီးနဲ့ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ရှိ၏။ သူက ဟန်ရှောင်းကို စူးစမ်းသလိုကြည့်လိုက်ပြီး ဟန်ရှောင်းက သူ့ကိုယ်သူ မိတ်ဆက်ပြီးတဲ့ နောက်မှာတော့ သူက ဖြတ်ပြောလိုက်သည်။ "Scorpion အဆင့်လား? ငါက ညာဖက်ကိုတာဝန်ယူမယ်၊ မင်းက ဘယ်ဘက်ခြမ်းကို တာဝန်ယူ။"
ဘယ်ဘက်ခြမ်းမှာ အမြင်အာရုံ ကန့်သတ်ချက်အရှိဆုံးဖြစ်ပြီး၊ ထို့ကြောင့်၊ ၎င်းသည် အလွယ်ကူဆုံးအလုပ်ဖြစ်သည်။ မုတ်ဆိတ်မွေးနှင့် လုပ်ကြံသတ်ဖြတ်သူသည် သူ၏ စွမ်းရည်ကို မယုံကြည်သည်မှာ ပုံမှန်သာ ဖြစ်သည်။ ဟန်ရှောင်းက အဲဒါကို စိတ်မဝင်စားပေ။ သူ့နယ်မြေကို ထိန်းသိမ်းဖို့က အဆင်ပြေ၏။
_____________________
သင်သည် ကွင်းဆက်တာဝန်တစ်ခု၊ [ဆင့်ခေါ်ခြင်း (ကာကွယ်မှု)] ကို အစပျိုးခဲ့သည်။
တာဝန် အနှစ်ချုပ် - "ပထမဦးစွာ၊ ကာကွယ်ရမည့်ပစ်မှတ်၏ အထောက်အထားကို မစုံစမ်းပါနှင့်။ ဒုတိယ၊ သင်၏နေရာကို မထားခဲ့ပါနှင့်။ တတိယ၊ ရန်သူများကို အိမ်ကြီးအတွင်းသို့ မစိမ့်ဝင်စေနှင့်။ အသုံးဝင်အောင် အစွမ်းကုန် ကြိုးစားပါ”
အရိပ်အမြွက် - ဤသည်မှာ ကွင်းဆက်တာဝန်ဖြစ်သည်။ ညွှန်ကြားချက်များနှင့်အညီ လုပ်ဆောင်ပါ။
ပထမအကျော့ - ရန်သူများ၏ ပထမလှိုင်းကို အနိုင်ယူပါ။
ပထမအကျော့ဆု - အတွေ့အကြုံအမှတ် ၂၀,၀၀၀
တာဝန်မအောင်မြင်နိုင်သည့် အခြားအကြောင်းရင်းများ - ၁။ စံအိမ်သို့ ခွင့်မပြုဘဲ ဝင်ရောက်ခြင်း၊ ၂။ အိမ်ကြီးကို နှစ်နာရီကျော်ကြာ ထားခဲ့ခြင်း။
——————————————————————
ကွင်းဆက်တာဝန်လား။ စိတ်ဝင်စားစရာပဲ။ ဟန်ရှောင်း သူ့ဖာသာ တွေးမိလိုက်သည်။
ကွင်းဆက်တာဝန်ဆိုသည်မှာ ကစားသမားသည် နောက်ထပ်လိုအပ်ချက်မရရှိမီ ယခင်တာဝန်၏ လိုအပ်ချက်ကို အပြီးသတ်ရန် လုပ်ဆောင်ရမည့် တာဝန်အမျိုးအစားဖြစ်သည်။ အခက်အခဲနှင့် ဆုလာဘ်သည် အကြိမ်တိုင်း မြင့်မားလာမည်ဖြစ်သည်။ ကွင်းဆက်အတွင်း တာဝန်အားလုံးကို ပြီးသောအခါ၊ ကစားသမားသည် အပိုဆုကြေးကို ရရှိမည်ဖြစ်သည်။ ကွင်းဆက်တာဝန်များသည် သာမန်တာဝန်များထက် များစွာပို၍ ပင်ပန်းသည်။
နောက်တစ်ကြိမ် တာဝန်ရဲ့ ဆုလာဘ်ကို ကြည့်ပြီးမှ ဆက်လုပ်မလုပ် ဆုံးဖြတ်မယ်။ အဆင်မပြေရင် ဒီကနေ ဆုတ်လိုက်မယ်၊ ဟန်ရှောင်း တွေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် တာဝန်ကို ပြီးအောင်လုပ်ရမယ်လို့ သူ မခံစားရပေ။ ဆုလာဘ်များ သိသိသာသာ မြင့်မားနေမှသာလျှင် သူသည် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။
အိမ်ကြီးအတွင်း နာရီအနည်းငယ်ကြာ လှည့်လည်ပြီးနောက် ထိုနေရာ၌ လူအင်အားခွဲဝေမှုကို ပုံဖော်နိုင်ခဲ့သည်။ ကြေးစားသမားများသည် လက်နက်ကြီးများနှင့် မော်တော်ယာဉ်များကို ကိုင်ဆောင်ထားကြသည်။ ဟိုဟိုဒီဒီမှာလည်း စူပါလူသားတွေ ရှိ၏။ ယန္တရားပညာရှင်များသည် စက်ကိရိယာများ ပြုပြင်ခြင်း၊ ခဲယမ်းများ ပံ့ပိုးပေးခြင်းနှင့် ခုခံရေးအဆောက်အအုံများကို ပြုပြင်ခြင်းတို့အတွက် တာဝန်ယူရသည်။ လုပ်ကြံသတ်ဖြတ်သူများသည် အထူးတပ်ဖွဲ့ အင်အားစုဖြစ်သည်။
ထိုနေရာတွင် လူတွေနဲ့ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောရင်း ဟန်ရှောင်းက သူတို့ ဒီမှာ ဆယ်ရက်ကျော်ကြာအောင် စခန်းချထားကြောင်း သိလိုက်ရတယ်။ Hornet Bothers၊ ချန်လီ၊ Volcano နှင့် Moonlight ကဲ့သို့ ပို၍စွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်များသည် သူတို့၏ ဂုဏ်သတင်းမှာ ထိုနေရာတွင် လူသိများလာခဲ့သည်။
...
ကောင်းကင်က တဖြည်းဖြည်း မှောင်လာ၏။ ညနေခင်း လေပြင်းတိုက်ခတ်မှုကြောင့် သစ်ရွက်ခြောက်များသည် တရှဲရှဲအသံများ ထွက်ပေါ်လာသည်။ မြစ်ထဲတွင် ရေစီးကြောင်းများက တစ်နှစ်ပတ်လုံး စီးဆင်းနေသည်။ မြင်ကွင်းတစ်ခုလုံးက အတော်ပင် အေးချမ်းလှ၏။
မကြာမီ နီးကပ်လာသော အင်ဂျင်သံသည် တောထဲရှိ ဆိတ်ငြိမ်သက်ကို ဖျက်စီးပစ်လိုက်သည်။
အဟုမ်း။
ခံတပ်ရဲ့ စနိုက်ပါ နေရာတွင် စခန်းချနေသော ဟန်ရှောင်းသည် သူ့မှန်ပြောင်းကို ကြည့်လိုက်သည်။ ဝေးကွာသော တောအုပ်ထဲတွင် ရှေ့မီးကြီးများစွာသည် အိမ်ကြီးဆီသို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။ ကျရောက်လာမည့်တိုက်ပွဲအတွက် အဆင်သင့်ပြင်ထားရန် နေရာကို အမြန်ပြန်သွားကြရန် ကြေးစားစစ်သားများက အချင်းချင်း အော်ဟစ်နေကြသည်။ ခပ်စိတ်စိတ် ပြင်းထန်သော ခြေသံများက ပဲစေ့များ ကြော်နေသည့်အသံလို ကြားနေရသည်။
ဟန်ရှောင်းက သူ့လက်ကို ဆန့်တန်းလိုက်ပြီး၊ သူ့ရိုင်ဖယ်ပေါ်တွင် မောင်းတင်သံကြားလိုက်ရသည်။ သူကိုယ်တိုင်လည်း ပြင်ဆင်နေ၏။
"ဒီမှာ ပထမလှိုင်း လာပြီ။"
အခန်း (၁၀၇) ပြီး၏။
လင်းဆက်
+++++