← Chapters

တတိယအကျော့

Vol. 8 Ch. 108

တတိယအကျော့

Vol. 8 Ch. 108

အခန်း (၁၀၈) တတိယအကျော့

ကားရှေ့မီးကို ကြည့်ရုံဖြင့် ဟန်ရှောင်းသည် ရန်သူများ၏ စစ်ရေးဖွဲ့စည်းပုံကို တွေ့ရှိသွားသည်။ သံချပ်ကာယာဉ်များအားလုံးသည် လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။ ပြင်းထန်သော ပစ်အားရှိသည့် လက်နက်ကြီးများ ကိုင်ဆောင်ထားသော တပ်ဖွဲ့ဝင်များသည် နောက်မှ အနီးကပ် လိုက်လာကြသည်။

နောက်အခိုက်အတန့်မှာတော့ ခြံဝင်းထဲရှိ ကြေးစားများက စတင် ပစ်ခတ်ပါတော့သည်။ စက်သေနတ်ကြီးများက တဝေါဝေါနှင့် အဆက်မပြတ် ဖောက်ခွဲပစ်ခတ်နေသည်။ ပြောင်းဝထိပ်ရှိ မီးပွင့်များသည် ည၏အမှောင်ထုကြားတွင် အာရုံစိုက်စရာ အလင်းရောင်ရင်းမြစ်တစ်ခု ဖြစ်လာသည်။ ဟန်ရှောင်း ခဏလောက် ငုံ့ကြည့်လိုက်ပြီး မကြာခင်မှာပဲ သူ့စိတ်တွေ ငြိမ်ကျသွားသည်။ ရန်သူတွင် အရေအတွက်နှင့် ပျမ်းမျှပစ်ခတ်နိုင်စွမ်းမှာ အကန့်အသတ်ရှိသည်။ ထို့ကြောင့် ကြေးစားများ၏ ကန့်လန့်ကာကဲ့သို့ ဖြစ်နေသော စက်သေနတ်ကျည်များကို ထိုးဖောက်ဝင်ရောက်နိုင်မည်မဟုတ်ပေ။

ဖောင်း

အလယ်ခံတပ်မှ စနိုက်ပါ ပစ်ခတ်သံများကို ကြားရသည်။ Hornet ညီနောင်ထံမှ လာကြခြင်းဖြစ်၏။ ပစ်ချက်နှစ်ချက်သည် အလွန်တိကျပြီး ပစ်မှတ်ကို ထိမှန်သည်။

ဟန်ရှောင်းက သူ့ဧရိယာကို ဖြတ်ကြည့်လိုက်တော့ သူ့မှာ အကန့်အသတ်အကွာအဝေးနဲ့ ခက်ခဲတဲ့ထောင့်တွေ ရှိနေတာကို သိလိုက်ရတယ်။ ဖြစ်နိုင်ချေများသည်မှာ ပိုက်ကွန်ကိုဖြတ်ကျော်သွားသော ရန်သူများသာ ဤဧရိယာထဲသို့ မတော်တဆ ဝင်လာခြင်းဖြစ်သည်။ သို့သော်၊ ရန်သူအဖွဲ့ငယ်လေးသည် ဤနေရာကို စိမ့်ဝင်လာ၏။ သူသည် Red-Falcon ကို မြှောက်လိုက်ပြီး မှန်ပြောင်းကို ကြည့်၍ချိန်ကာ ပစ်ခတ်လိုက်သည်။ သူ၏ ပစ်ခတ်မှုသည် ရန်သူအများအပြား၏ လည်ပင်းကို တစ်ပြိုင်နက် ထိုးဖောက်ဝင်ရောက်ကာ သွေးများပန်းထွက်လာသည်။

မုတ်ဆိတ်မွေးကြီးသည် ဟန်ရှောင်း၏ စွမ်းရည်ကို အစပိုင်းတွင် သံသယရှိခဲ့သော်လည်း၊ သူအလုပ်သိပ်မများချိန်တွင် အနည်းငယ်မျှသာ ကြည့်ပြီးနောက်တွင် လျှို့ဝှက်စွာ ထိတ်လန့်သွားသည်။ ဤမစ္စတာဘလက်အတွက် စိတ်ပူစရာမလိုတော့ကြောင်း သိလိုက်ရသည်။ ဟန်ရှောင်းက လိုအပ်သည့် ပစ်ချက်တိုင်းကို ပစ်ခတ်နေ၏။ ထို့ကြောင့် သူက ဟန်ရှောင်းကို ကြီးကြပ်ရန် လှည့်မကြည့်တော့ဘဲ၊ ထိုနေရာကို စိတ်အနှောင့်အယှက်မရှိ ထားခဲ့‌တော့သည်။

တိုက်ပွဲသည် နာရီဝက်မျှသာကြာပြီး ရန်သူများ အကြီးအကျယ် ကျဆုံးခဲ့ရသည်။ သူတို့သည် အိမ်ကြီး၏ မီတာနှစ်ရာအတွင်းပင် မရောက်နိုင်ခဲ့ပေ။ ဟန်ရှောင်သည် စုစုပေါင်း ရန်သူကိုးဦးကို နှိမ်နင်းနိုင်ခဲ့သည်။

_________________________________

ပထမအကျော့ ပြီးပါပြီ။ သင်သည် အတွေ့အကြုံအမှတ် ၂၀,၀၀၀ ရရှိခဲ့သည်။

တာဝန်၏ လိုအပ်ချက် ပြောင်းလဲပါသည်။

ဒုတိယအကျော့ လိုအပ်ချက် - မြစ်ဝှမ်းတောင်ကြားအိမ်ယာကို ကာကွယ်ပါ။

ကြာချိန် - ၃ ရက်

ဆုကြေး - အတွေ့အကြုံအမှတ် ၈၀,၀၀၀

————————————————————————

ပထမလှိုင်းသည် ရိုးရှင်းလွန်းသည်၊ ဆုပေးခံရသော အတွေ့အကြုံအမှတ်သည် အလွန်နည်းပုံရသည်။ ဒါပေမယ့် ဒုတိယအကျော့အတွက် တိုးလာတာက သိပ်မဆိုးပေ။

ဟန်ရှောင်းက မေးစေ့ကို ပွတ်လိုက်သည်။ ပထမအကျော့တွင် အတွေ့အကြုံအမှတ် ၂၀,၀၀၀ ပေးတယ်။ ဒုတိယအကျော့တွင် အတွေ့အကြုံအမှတ် ၈၀,၀၀၀ ဆုပေးတယ်။ ဒီတိုးမြှင့်မှုကို အခြေခံရင် တတိယအကျော့မှာ ငါ့ကို အတွေ့အကြုံအမှတ် ၃၂၀,၀၀၀ ထုတ်ပေးနိုင်ပြီး၊ စတုတ္ထအကျော့မှာ အတွေ့အကြုံအမှတ် တစ်သန်းကျော်ရှိမှာပေ့ါ။ တော်တော့ တော်တော့၊ ငါဒီမှာ အိပ်မက်မက်နေတာပဲ။"

ဒါပေမယ့် ရိုးရိုးသားသားပြောရရင်၊ တတိယအကျော့မှာ သူ့ကို အတွေ့အကြုံအမှတ် ၁၅၀,၀၀၀ထက်မနည်း ဆုချလိမ့်မည်။

ဟန်ရှောင်းသည် သုံးရက်လုံးလုံး ကြာမြင့်မည့် ဒုတိယအကျော့ကို ပြုလုပ်ရန် အချိန်ဖြုန်းသည်ဟု ခံစားမိသော်လည်း သူ့အတွေးကို အမြန်ပြောင်းလိုက်သည်။ သူသည် ထိုနေရာတွင်နေပြီး ယန္တရားပညာရှင်များထံမှ အဆောက်အဦးများနှင့် အလုပ်ရုံများကို ငှားရမ်းကာ ကြေးစားများ၏ စက်ကိရိယာများကို အခမဲ့ပြုပြင်ခြင်းဖြင့် အတွေ့အကြုံအမှတ်အချို့ကို ရယူနိုင်သည်။

ဟန်ရှောင်းသည် အမြဲတမ်း ပြုလုပ်သူဖြစ်သည်။ သူစိတ်ထဲထည့်လိုက်သည်နှင့် ဒေသခံစက်ပြင်ဆရာများကို ရှာဖွေရန် ထောက်ပံ့ပို့ဆောင်ရေးဧရိယာသို့ ချက်ချင်းသွားလိုက်သည်။ ၎င်းတို့အများစုသည် သူတို့၏ ဒုတိယအလုပ်အတွက် ပြုပြင်ရေးဆိုင်ရာ ကျွမ်းကျင်မှုအချို့ကို သင်ယူခဲ့ကြသည့် အတုအယောင် စက်ပြင်သမားများဖြစ်သည်။ ထိုနေရာတွင် မယ်မယ်ရရဆို၍ စူပါလူသား ယန္တရားပညာရှင် နှစ်ယောက်သာ ရှိ၏။

"မင်း ငါတို့ကို စက်ပစ္စည်းတွေ ပြုပြင်ပေးချင်လို့လား။" ပြုပြင်ရေးသမားတစ်ယောက် လန့်သွားတယ်။ "မင်းက ယန္တရားပညာရှင်လား"

ဟန်ရှောင်းသည် သူ့ကိုယ်သူ အပြုအမူများဖြင့် တိုက်ရိုက်သက်သေပြလိုက်သည်။ သူသည် ပစ္စတိုကို အလုပ်စားပွဲပေါ်မှယူ၍ မှော်ပညာကို ပြလိုက်သကဲ့သို့ ပစ္စတိုကို လှုပ်ရှားမှုအနည်းငယ်ဖြင့် တစ်စစီဖြစ်အောင် ဖြုတ်လိုက်ပြီး၊ လျှင်မြန်စွာ ပြန်လည်တပ်ဆင်လိုက်သည်။ လုပ်ငန်းစဉ်တစ်ခုလုံး အလွန်ချောမွေ့ပြီး အချိန်က နှစ်စက္ကန့်အောက်သာ ကြာသည်။ သူသည် ပစ္စတိုကို တပ်ဆင်ရန် စက္ကန့်လေးဆယ်အချိန်ယူခဲ့သော ဂျာမီနယ်အဖွဲ့အစည်းမှ လူသစ်လေး မဟုတ်တော့ပေ။ သူ၏ ကျွမ်းကျင်မှုအမျိုးမျိုး၏ ထပ်လောင်းအကျိုးသက်ရောက်မှုနှင့်အတူ၊ သူ၏ စက်ယန္တရားများ ဖန်တီးခြင်းနှင့် တပ်ဆင်ခြင်းစွမ်းရည်သည် သာမန်လူတစ်ဦးထက် ကျော်လွန်သည့်အဆင့်သို့ ရောက်ရှိသွား၏။

ပြုပြင်ရေးသမားအုပ်စုသည် ဟန်ရှောင်၏တောင်းဆိုမှုကို မဆိုင်းမတွ သဘောတူလိုက်ကြပြီး၊ သူတို့သည် သူ့ကိုကြိုဆိုရန် အနည်းငယ်ပင် စိတ်အားထက်သန်နေကြသည်။

ပြုပြင်ရတဲ့အလုပ်တွေက ပျင်းရိငြီးငွေ့ဖွယ်ကောင်းပြီး အပိုလစာတောင် မရကြပေ။ တစ်စုံတစ်ယောက်သည် ဤခက်ခဲသောအလုပ်ကို မမျှော်လင့်ဘဲ ရယူလိုသောအခါ၊ သူတို့အားလုံးသည် မည်သည့်နေရာမှ ထွက်ပေါ်လာသော တရားဝင်ယန္တရားပညာရှင်ထံ အလုပ်အားလုံး လွှဲအပ်ရန် စိတ်အားထက်သန်လွန်းနေ၏။

...

အရုဏ်မတက်မီတွင် ချန်လီသည် ပျက်စီးသွားသော စက်သေနတ်တစ်လက်ကို ကိုင်ဆောင်ကာ ထောက်ပံ့ပို့ဆောင်ရေးဧရိယာသို့ လျှောက်လာသည်။ သူ့သေနတ်ကို ပြင်ဖို့ သူနဲ့ရင်းနှီးတဲ့ စက်ပြင်ဆရာကို ရှာနေ၏။

"ဝမ်ရှီ၊ ဒီစက်သေနတ်ကို ပြင်ပေးပါဦး။"

ဝမ်ရှီသည် ခပ်ပိန်ပိန် လူလတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်သည်။ သူက စွပ်ကျယ်အင်္ကျီဝတ်ထားပြီး ဘေးမှာ ငိုက်နေ၏။ အသံကြားတော့ မျက်လုံးဖွင့်ပြီး ချန်လီကို တစ်ချက်ကြည့်လိုက်တယ်။

“သေနတ်ကို အဲဒီနေရာမှာ ထားခဲ့လိုက်ပါ။ အားတဲ့အခါ ပြင်ပေးပါ့မယ်” သူက ပေါ့ပေါ့ပါးပါးဖြင့် ပြောသည်။

"ဒါကို မြန်မြန်လုပ်ပေးပါလား။ ငါဒီနေ့ သုံးဖို့ လိုလိမ့်မယ်"

ဝမ်ရှီက စိတ်မရှည်တော့။ “ကောင်းပြီ။ ကောင်းပြီ ငါခဏနေ ပြင်ပေးပါ့မယ်။"

ချန်လီက သူ့ဆီမှာ ထားခဲ့ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိပေ။ ဝမ်ရှီသည် စိတ်မရှည်သော်လည်း သူက ထူးချွန်ပြီး ကျွမ်းကျင်မှုရှိသော တရားဝင် စူပါလူသား ယန္တရားပညာရှင် ဖြစ်သည်။ နောက်တိုက်ပွဲ၏ အရေးကြီးသောအခိုက်အတန့်တွင် စက်သေနတ်ကို နောက်တစ်ကြိမ် ချို့ယွင်းမှုမဖြစ်စေရန် သူသာလျှင် ကူညီနိုင်၏။

ချန်လီထွက်သွားပြီးနောက် ဝမ်ရှီသည် မျက်လုံးမှိတ်ပြီး တစ်မှေးပြန်အိပ်သွားသည်။

ငါးမိနစ်လောက်ကြာတော့ ခြေသံတွေ နောက်တစ်ကြိမ် ချဉ်းကပ်လာနေတာကို ကြားလိုက်ရတယ်။ သူသည် စိတ်မရှည်စွာ မျက်လုံးဖွင့်လိုက်သောအခါ ချန်လီဖြစ်မှန်း သိလိုက်ရသည်။

"ဘာကို အရမ်းစိတ်ပူနေတာလဲ။ ငါအချိန်ရရင် မင်းအတွက် ပြင်ပေးမှာမို့ ငါ့ကို အနှောက်အယှက်မပေးနဲ့။" ဝမ်ရှီသိသိသာသာ စိတ်တိုသွားသည်။

အံ့သြစရာကောင်းတာက ချန်လီက ခေါင်းခါပြီး “စက်သေနတ်ကို ငါ့ဆီ ပြန်ပေးပါ။ ပြင်ဖို့ တခြားလူကို ခိုင်းလိုက်မယ်"

ဝမ်ရှီမျက်မှောင်ကြုတ်လိုက်သည်။ ချန်လီ၏ ထပ်ခါတလဲလဲ နှောင့်ယှက်မှုများကြောင့် သူ စိတ်ဆိုးသွားသော်လည်း လက်နက်ကို နောက်တစ်ကြိမ် ချွတ်ယွင်းသွားစေရန် မလိုလားပေ။ နောက်ဆုံးတော့ သူလည်း အိမ်ကြီးထဲမှာ စခန်းချနေရသည် မဟုတ်လား။

“တခြားသူတွေရဲ့ အရည်အချင်းက မလုံလောက်ဘူး။ နေထွက်တာနဲ့ မင်းအတွက် ငါ ပြင်ပေးပါ့မယ်။" သူကပြန်ဖြေတယ်။

သို့သော် ချန်လီသည် သူ၏ စက်သေနတ်ကို ပြန်လိုချင်ကြောင်း အတင်းပြောနေသည်။ “အဆင်ပြေပါတယ်။ တစ်ဖက်လူရဲ့ အရည်အချင်းက မင်းထက် သာတယ်။"

ဝမ်ရှီသည် မှတ်ချက်ကြောင့် ချက်ချင်းပင် ဒေါသထွက်သွားသည်။ ဒီလို ထောက်ပံ့ပို့ဆောင်ရေး ဧရိယာသေးသေးလေးမှာ လူတိုင်းက လူတိုင်းကို သိကြသည်။ အခြား တရားဝင်ယန္တရားပညာရှင်‌တွေတောင် သူ့လောက် မတော်ပေ။ ပြုပြင်ရေးသမား အသိုင်းအ၀ိုင်းဆိုလျှင် ပြောစရာတောင် မလိုပေ။

မင်းက ဘယ်သူ့ကို လိမ်ဖို့ကြိုးစားနေတာလဲ။

ဒါပေမယ့် ချန်လီက အရမ်းစိတ်ရှည်သည်။ ဝမ်ရှီသည် သူ့သေနတ်ကို ပြန်ပေးဖို့ကလွဲလို့ ရွေးစရာမရှိတော့ပေ။ ချန်လီသည် ထောက်ပံ့ပို့ဆောင်ရေး ဧရိယာ၏ တစ်ဖက်ခြမ်းသို့ လျှောက်သွားသည်ကို မြင်သောအခါ၊ တစ်ခဏမျှ စဉ်းစားပြီး သူနောက်မှ လိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူ့ထက် ပိုကောင်းတယ်လို့ပြောတဲ့ အဲဒီယန္တရားပညာရှင်ကို သူမြင်ချင်နေ၏။

နေရာသို့ သူရောက်ရှိချိန်တွင် ဝမ်ရှီသည် သူမြင်လိုက်ရသည့်အရာကြောင့် ထိတ်လန့်သွားသည်။ အတန်းအစားနိမ့်သော ပြုပြင်ရေးသမားများသည် အနက်ရောင်ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး၏ ပတ်ပတ်လည်တွင် စုဝေးနေပြီး အံ့သြမှု၊ မနာလိုမှု၊ သိချင်စိတ်များဖြင့် ထိုသူ့ကို စိုက်ကြည့်နေကြသည်။

ဝမ်ရှီသည် ထိုလူကို သေသေချာချာကြည့်ပြီးနောက် အံသြသွားသည်။

အနက်ရောင်ဝတ်ဆင်ထားသော အမျိုးသားသည် စက်ကိရိယာမျိုးစုံကို လျင်မြန်စွာ လည်ပတ်နိုင်ရန် လျှပ်စီးလက်သည့်အရှိန်ဖြင့် တစ္ဆေတစ်ကောင်ကဲ့သို့ သူ၏လက်များကို လှုပ်ရှားနေသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့်၊ သူသည် သဘာဝအတိုင်း စီးဆင်းနေသော ပုံစံဖြင့် လက်နက်များစွာကို တပြိုင်နက်တည်း ပြုပြင်နေ၏။ ချောမွေ့လွန်းတာကြောင့် သူက ခေတ္တရပ်ပြီး စဉ်းစားနေဖို့တောင် မလိုပေ။ ဝမ်ရှီသည် ဤကဲ့သို့သောနည်းပညာကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သူက သေချာပေါက် အဆင့်အတန်းမြင့်တဲ့ ယန္တရားပညာရှင်တစ်ဦး ဖြစ်ရမယ်။

မူလက ပြုပြင်ရေးသမားများသည် သူတို့ အနားယူနိုင်ရန်၊ သူတို့၏ ပြုပြင်ရေးအလုပ်များကို ဟန်ရှောင်းထံ တွန်းအားပေးရန်သာ စိတ်ကူးရှိခဲ့ကြသည်။ သို့သော်လည်း၊ ဟန်ရှောင်းက သူ့၏ ပြုပြင်ရေး လုပ်ငန်းစဉ်ကို စတင်လိုက်သောအခါတွင်တော့ အလွန်မြန်ဆန်လွန်းတဲ့ သူ့ရဲ့နည်းပညာက သူတို့ရဲ့ အာရုံစိုက်မှုကို လျင်မြန်စွာ ဖမ်းစားနိုင်သွား၏။ ကြည့်လိုက်ရုံနဲ့ ဖမ်းစားခံလိုက်ရသလို ယစ်မူးပြီး သူ့အဆင့်တိုင်းကို မှတ်သားချင်နေကြ၏။ နည်းပညာ၏ အသေးစိတ်အချက်များစွာသည် သူတို့အတွက် ကြီးမားသောလှုံ့ဆော်မှုကို ဖြစ်စေသည်။

အကယ်၍ သူတို့တွင် အင်တာဖေ့စ်တစ်ခု ပိုင်ဆိုင်ပါက၊ အောက်ပါစာတိုများ ပေါ်လာမည်ဖြစ်သည်။

_____________________

ဟန်ရှောင်း (အဆင့် ၃၄) ၏ စက်ယန္တရားများ ပြုပြင်ရေးကို လေ့လာခြင်းမှ သင် ထိုးထွင်းသိမြင်မှု ရရှိခဲ့သည်။ ပြုပြင်ရေး ကျွမ်းကျင်မှု တိုးလာပါသည်။

——————————————————————

ဝမ်ရှီကဲ့သို့ အဆင့်အတန်းတူသော အခြားသော ယန္တရားပညာရှင်သည် ဟန်ရှောင်းကို စွဲလမ်းသော အကြည့်ဖြင့် စောင့်ကြည့်နေ၏။

ဝမ်ရှီအတွက် ဟန်ရှောင်း၏နည်းပညာသည် အပြစ်ကင်းစင်ပါသည်။ အတိအကျပြောရလျှင် သူ့စံနှုန်းသည် ဟန်ရှောင်း၏နည်းစနစ်တွင် ချို့ယွင်းချက်တစ်စုံတစ်ရာကို ရိပ်မိလောက်အောင် မမြင့်မားပေ။ အနည်းငယ် စိတ်ဓာတ်ကျပြီး ဝေးရာသို့ ထွက်ခွာချင်သော်လည်း သူ့ကိုယ်သူ လုပ်နိုင်စွမ်းမရှိပေ။ သူအဲဒီမှာ ဆက်နေပြီး ဟန်ရှောင်းရဲ့ ပြုပြင်မှုလုပ်ငန်းကို ဆက်ပြီးကြည့်ရှုနေချင်တဲ့ဆန္ဒကို မတွန်းလှန်နိုင်ပေ။ သူတစ်ယောက်တည်း ပဋိပက္ခဖြစ်နေ၏။

ဟန်ရှောင်းသည် သူ၏ပြုပြင်ရေးတွင် အာရုံစိုက်နေပြီး သူ့ပတ်ဝန်းကျင်ရှိ အခြားသူများ ဘာတွေးနေသည်ကို ဂရုမစိုက်ပေ။ ရလဒ်အနေနဲ့ သူ့ရဲ့ အတွေ့အကြုံအမှတ်များ အရှိန်အဟုန်နဲ့ တိုးပွားလာ၏။ [စေ့စပ်သေချာစွာ ပြုပြင်မှုများ အဆင့် ၁] ၏ အကျိုးသက်ရောက်မှုသည် သာမန်ပြုပြင်မှုစွမ်းရည်ထက် သိသိသာသာ ကောင်းမွန်လှသည်။ ၎င်းတို့သည် အဆင့်တူမှ စကေးများ မဟုတ်ကြပေ။ အခြေခံလက်နက်များနှင့် စက်ယန္တရားများကို ပိုမိုလျင်မြန်လွယ်ကူစွာ ပြုပြင်နိုင်၏။ ဟန်ရှောင်းသည် စက်ကိရိယာရှိလျှင် စွမ်းဆောင်ရည် ပိုကောင်းလာနိုင်သည်။

နောက်သုံးရက်တာအတွင်း၊ ကြားတွင် အနားယူခြင်းမှလွဲ၍ ဟန်ရှောင်းသည် တိုက်ပွဲများနှင့် ပြုပြင်မှုများတွင် ဆက်တိုက်ပါဝင်ခဲ့သည်။ ဤကာလအတွင်း ရန်သူလှိုင်းလုံး လေးခုသည် စံအိမ်ကို စပိဘုတ်ဖြင့်တိုက်ခိုက်ခြင်း၊ သံချပ်ကာယာဉ်တိုက်ခိုက်ခြင်းနှင့် ကိုယ်ပျောက်စီးနင်းခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် တိုက်ခိုက်ခဲ့သည်။ ရန်သူအုပ်စုတစ်စုသည် ဖားဝတ်စုံဝတ်ကာ အနောက်ဘက်ခြမ်းရှိ မြစ်ကိုဖြတ်၍ ရေငုပ်ကာ ထိုနေရာကို စိမ့်ဝင်ရန် ကြိုးပမ်းခဲ့ကြသည်။ စနိုက်ပါသမားများက ၎င်းတို့ကို တွေ့ရှိပြီး သတ်ဖြတ်ခဲ့သည်။

ရန်သူများ၏ တိုက်ခိုက်မှုများသည် တဖြည်းဖြည်း ပြင်းထန်လာသည်။ ဟန်ရှောင်းသည် အိမ်ကြီးထဲရှိ အစောင့်များသည် ရန်သူ၏တိုက်ခိုက်မှုကို ခုခံကာကွယ်ရာတွင် အလွန်အားနည်းနေပုံရသည်ဟု ထိုးထွင်းသိမြင်နိုင်သောစိတ်ဖြင့် ခံစားနိုင်သည်။ အဆက်မပြတ်ပြင်းထန်သော တိုက်ပွဲရက်ပေါင်းမြောက်မြားစွာသည် ၎င်းတို့၏ စိတ်ဓာတ်ကို ထိခိုက်စေခဲ့ပြီး ပင်ပန်းနွမ်းနယ်မှုများ စုပေါင်းလာမှု၏ သက်ရောက်မှုသည် ပေါက်ကွဲထွက်လာ၏။ ထို့ကြောင့် စစ်မြေပြင်တွင် အမှားအယွင်းများနှင့် အသေအပျောက်များ စတင်ပေါ်‌ပေါက်လာတော့သည်။

ကြေးစားသမားများ၏ ရုန်းကန်ရမှုသည် ဟန်ရှောင်းအပေါ်တွင် များစွာသက်ရောက်မှုမရှိပေ။ သူသည် သေးငယ်သော ဧရိယာကို ကိုင်တွယ်ပြီး အတွင်းသို့ ဝင်လာသော ရန်သူအားလုံးကို ပစ်ချခြင်းဖြင့် သက်တောင့်သက်သာ ဖြစ်နေ၏။ တစ်ချိန်တည်းမှာပင်၊ 'ပိုက်ကွန်မှလွတ်သောငါး' များ ပိုမိုများပြားလာသည်ကို တွေ့ရပြီး သူ၏ဧရိယာထဲသို့ ပိုမိုဝင်ရောက်လာကြသည်။ Hornet ညီနောင်များသည် ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုများကို ကိုင်တွယ်ရာတွင် သူတို့၏ မစွမ်းဆောင်နိုင်မှုကို တဖြည်းဖြည်း ပြသနေပုံရသည်။

သုံးရက်လုံးလုံး ဘာပြဿနာမှ မရှိခဲ့‌ပေ။ ကောင်းကင်တွင် ပထမဆုံး အလင်းရောင် ပေါ်လာသောအခါ ဂိမ်းမျက်နှာပြင်တွင် မက်ဆေ့ချ်တစ်ခု ချက်ချင်း ပေါ်လာ၏။

_________________________________

ဒုတိယအကျော့ ပြီးပါပြီ။ သင်သည် အတွေ့အကြုံအမှတ် ၈၀,၀၀၀ ရရှိခဲ့သည်။

——————————————————————

မဆိုးပါဘူး။ ဒါပေမယ့် တတိယအကျော့က ‌တကယ်ကြီး ခက်ခဲတော့မယ်ထင်တယ်။

ဟန်ရှောင်း မှေးအိပ်နေရာမှ နိုးလာ၏။

သူသည် တာဝန်ပြီးမြောက်မှု၊ စက်ပစ္စည်းများ ပြုပြင်ခြင်းနှင့် ရန်သူများကို သတ်ဖြတ်ခြင်းတို့အတွက် အတွေ့အကြုံအမှတ် စုစုပေါင်း ၁၈၀,၀၀၀ ရရှိခဲ့သည်။ သူ့လုပ်ရည်ကိုင်ရည်အတွက် အတော်လေး ကျေနပ်နေ၏။

_____________________

တာဝန်၏ လိုအပ်ချက် ပြောင်းလဲပါသည်။

တတိယအကျော့ လိုအပ်ချက် - နောက်ထပ်တိုက်ခိုက်မှုလှိုင်းကိုခုခံကာကွယ်ပါ။

ဆုကြေး - အတွေ့အကြုံအမှတ် ၁၅၀,၀၀၀

————————————————————————

ဟန်ရှောင်း ကျိန်ဆဲလိုက်သည်။ ဒီတစ်ကျော့ တာဝန်နှင့်ပတ်သက်ပြီး ဆိုးရွားတဲ့ ခံစားချက်တွေ ရှိနေသည်။

နောက်ထပ် ရန်သူလှိုင်းလုံးသည် အလွန်အားကောင်းဖွယ်ရှိပြီး ကြေးစားသမားများက ၎င်းတို့အား ခုခံကာကွယ်ရန် မဖြစ်နိုင်သည်မှာ ကိုးဆယ်ရာခိုင်နှုန်းခန့် အခွင့်အလမ်းရှိသည်။

အခန်း (၁၀၈) ပြီး၏။

လင်းဆက်

+++++

All Chapters