အခြေအနေကို ပြောင်းပြန်လှန်ခြင်း
Vol. 8 Ch. 109
အခန်း (၁၀၉) အခြေအနေကို ပြောင်းပြန်လှန်ခြင်း
ဝုန်း....
မိုးသက်လေပြင်းများ ကျနေ၏။ မှောင်မိုက်နေသော ကောင်းကင်ပေါ်တွင် တောက်ပနေသော လျှပ်စီးလက်မှုများကြောင့် အကြိမ်ကြိမ် တောက်ပနေသည်။ မိုးက သဲသဲမဲမဲရွာနေ၏။
မိုး၏ ကန့်လန့်ကာသည် လူတိုင်း၏ အမြင်အာရုံကို ကန့်သတ်ထားသဖြင့် ၎င်းတို့၏ ပစ်ခတ်မှု တိကျမှုကို လျော့ကျစေသည်။ ကြေးစားစစ်သားများသည် ပြင်းထန်သော မုန်တိုင်းဒဏ်မှ ကာကွယ်ရန် လက်နက်များနှင့် ကိရိယာများကို ရေစိုခံအကာများနှင့် ဖုံးအုပ်ထားရပြီး ၎င်းတို့၏ ခဲယမ်းမီးကျောက်များကို ခိုလှုံရာနေရာများသို့လည်း ပို့ဆောင်ပေးခဲ့ရသည်။
မိုးသည်းထန်စွာရွာသွန်းပြီး ကမ္ဘာတစ်ဝှမ်းလုံး ရေလွှမ်းသွားကာ မိုးသံသည် လူတိုင်း၏ နားထဲ ဆူညံနေ၏။ ခံတပ်တစ်ခုလုံးသည် အစိုဓာတ်နှင့် ပြည့်နှက်နေသည်။ ဟန်ရှောင်းသည် သူ့ကိုယ်သူ ရေမစိုရအောင် ပြတင်းပေါက်မှ အဝေးမှာ နေလိုက်သည်။ အပြင်ဘက်က ရာသီဥတုကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။ ဂိမ်း၏စနစ်က ဆိုးရွားလှသော ရာသီဥတုမျိုးကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်ထားသည်မှာ ထင်ရှားသည်။ ဒီအချိန်မှာ နောက်ထပ် ပြင်းထန်တဲ့ တိုက်ခိုက်မှုလှိုင်းတွေ ရောက်လာလိမ့်မယ် လို့ ငါလောင်းရဲတယ်။
ဟန်ရှောင်းသည် အတွေးမဆုံးမီ တစ်ဝက်နှင့်ပင် ရပ်တန့်လိုက်ရ၏။ ဒီလိုမျိုး ဟာသလုပ်ပြီး သူ့ကိုယ်သူ ဘယ်လို စွန့်စားရမှာလဲ။
အဟုမ်း။
မိုးရေထဲမှာ အင်ဂျင်သံတွေ ဆက်တိုက်ကြားနေရသည်။ ဤအချိန်တွင် ရန်သူက သူတို့ဆီ အပြင်းအထန် လာနေ၏။ မုန်တိုင်းအတွင်း သံချပ်ကာယာဉ် အမြောက်အမြား မောင်းနှင်လာကြသည်။ မရေမတွက်နိုင်သော မိုးရေစက်များသည် ရေခဲကဲ့သို့ အေးစက်နေသော သတ္တုချပ်ဝတ်တန်ဆာများပေါ်သို့ တတောက်တောက်ဖြင့် ထိမှန်နေ၏။
"ပစ်!" ခြံတွင်းရှိ စစ်သားများသည် ဒေါသတကြီး အော်ဟစ်ကြပြီး စက်သေနတ်များနှင့် လက်ပစ်ဗုံးများ ပစ်ခတ်သံများ ထွက်ပေါ်လာသည်။
နောက်အခိုက်အတန့်တွင် ရန်သူ့မော်တော်ယာဉ်မှ ပိုမိုကြီးမားသော ပစ်ခတ်မှု ထွက်ပေါ်လာသည်။ သေးငယ်သော ဒုံးကျည်အချို့သည် အိမ်ကြီး၏အပြင်ဘက်နံရံပေါ်သို့ ကျရောက်သွားပြီး စက်သေနတ်နှစ်လက်နှင့် သေနတ်သမားကို ပေါက်ကွဲသွားစေသည်။
ဟန်ရှောင်းက ရိုင်ဖယ်သေနတ်ဖြင့် ပစ်နေတုန်းမှာပင် ချန်လီ နဲ့ လူမည်းက စကားပြောစက်ပေါ်မှာ အော်ဟစ်နေတာကို ကြားလိုက်ရသည်။
“ရန်သူမှာ ရော့ကတ်လောင်ချာတွေ ရှိတယ်။ ငါတို့ရှောင်ရမယ်! ငါတို့ စက်သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ သူတို့ကို အထိနာသွားအောင် ပစ်ကြ!”
“စနိုက်ပါသမားတွေက မြန်မြန်ထပြီး ပစ်ကြတော့။ ငါ့ကို ပြောနေရအောင် မလုပ်နဲ့! မြန်မြန်လုပ်၊ တစ်ခုခုလုပ်!"
“မြစ်ထဲမှာ စပိဘုတ်အစီးနှစ်ဆယ်ကျော်လောက် ပေါ်လာတယ်။ အနောက်ဘက်မှာ တပ်စွဲထားတဲ့ သူတွေ၊ မြန်မြန်သွားပြီး ကြားဖြတ်တိုက်ကြ၊ သူတို့ ကမ်းနားကို မရောက်စေနဲ့!"
“သေစမ်း၊ ဟယ်လီကော်ပတာတွေ!"
ကောင်းကင်ယံ၌ ရဟတ်ယာဉ်ဒလက်များ လှည့်ပတ်သံကို ကြားရသည်။ Y5-Snake ရဟတ်ယာဉ်နှစ်စင်းသည် အပေါ်မှနေ၍ တိုက်ခိုက်လျက်ရှိသည်။ မှောင်မည်းနေသောကောင်းကင်တွင် လျှပ်စီးလက်နေသည့် အလင်းရောင်သည် ရဟတ်ယာဉ်များ၏ ပြင်းထန်သောအသွင်အပြင်ကို မီးမောင်းထိုးပြနေသည်။ လေကာမျက်မှန်များ ဝတ်ဆင်ထားသည့် သေနတ်သမားသည် ရဟတ်ယာဉ်၏ နံဘေးရှိ ကြီးမားသော ခြောက်လုံးပြူးစက်သေနတ်ကို ထိန်းချုပ်ကာ ကြောက်မက်ဖွယ်ကောင်းသော ပစ်ခတ်အားကို ထုတ်လွှတ်နေသည်။
စက်သေနတ်ကျည်များ၏ အရွယ်အစားသည် သေးငယ်သော ဒုံးပျံတစ်ခုနီးပါး ရှိသည်။ ၎င်းတို့၏ ထိုးဖောက်နိုင်စွမ်းနှင့် ထိခိုက်နိုင်မှုစွမ်းအားတို့သည် သာမန်စက်သေနတ်များ၏ ကျည်ဆန်များက မယှဉ်သာပေ။ သူတို့သည် အလွန်မြင့်မားသော ပစ်ခတ်နှုန်းဖြင့်ပင် ပစ်ခတ်နေကြသည်။
ဒက် ဒက် ဒက် ဒက် ဒက် ဒက် ဒက်
ဆက်တိုက်ထွက်လာသော စက်သေနတ်ကျည်ဆန်များသည် လိမ္မော်ရောင်မျဉ်းကြောင်းလို ချိတ်ဆက်ကာ အိမ်ကြီးကို အထက်စီးမှ လွှမ်းမိုးထားသည်။ အိမ်ကြီး၏ အပြင်ဘက်ခံစစ်တံတိုင်းများသည် ကောင်းကင်မှ ရန်သူများကို တိုက်ခိုက်ရန် အသုံးမဝင်ပေ။
စစ်သားများ၏ အသေအပျောက် အရေအတွက်က တရှိန်ထိုး တိုးတက်လာသည်။
ဆဲဆိုသံများ၊ အော်ဟစ်သံများ၊ မိုးရွာနေသည့်အသံ၊ သေနတ်ပစ်ခတ်သံများနှင့် အင်ဂျင်သံများသည် တိုက်ပွဲ၏ သံစဉ်ကဲ့သို ရေးဖွဲ့နေ၏။ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးကျယ်ခမ်းနားပြီး ရှုပ်ထွေးနေသည်။
ရဟတ်ယာဉ်များသည် သူတို့၏ အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်။ အချို့သော စက်သေနတ်သမားများသည် ၎င်းတို့၏ သေနတ်များကို အလျင်အမြန် ချိန်ရွယ်လိုက်ကြသည်။
သို့သော်လည်း ခပ်မြင့်မြင့်သို့ ပျံသန်းလိုက်ရုံဖြင့် Y5-Snake ရဟတ်ယာဉ်များသည် စက်သေနတ်များ၏ အကွာအဝေးမှ အလွယ်တကူ ရှောင်ထွက်သွား၏။ ရဟတ်ယာဉ်တွေကို ထိနိုင်သည့် ကျည်ဆန်များသည်လည်း သူတို့ရဲ့ သံချပ်ကာ အပြင်ပိုင်းကို မထိုးဖောက်နိုင်ပေ။
“စနိုက်ပါသမားတွေ! လေယာဉ်မှူးတွေကို သတ်ပစ်!” ချန်လီက ဒေါသတကြီးအော်လိုက်သည်။
“ငါတို့ ရဟတ်ယာဉ်တွေကို ကိုင်တွယ်လိုက်မယ်။ အခြားစနိုက်ပါသမားတွေ၊ မြေပြင်တပ်များ ဝင်လာတာကို သွားတားလိုက်။" Hornet ညီနောင်က အလယ်ခံတပ်မှ ဆက်သွယ်၍ အမိန့်ပေးလိုက်သည်။ အဲဒီနောက်မှာတော့ သူတို့သည် ရဟတ်ယာဉ်တွေကို စတင်ပစ်ခတ်ပါတော့သည်။
ကန့်လန့်ကာချထားသလို ရွာချနေသော မိုးသည်းထဲမှာပင် ဟန်ရှောင်းသည် ရဟတ်ယာဉ်များ၏ အပြင်ဘက် သံချပ်ကာအပေါ် စနိုက်ပါကျည်များ ထိမှန်သောအခါ ထွက်ပေါ်လာသော မီးပွားများကို မြင်နိုင်သည်။ လေယာဉ်မှူး၏ ပြတင်းပေါက်ကို အဆင့်မြင့် ကျည်ကာမျက်မှန်များဖြင့် ပြုလုပ်ထားသည်။ ထိုမှန်ကို ထိုးဖောက်ဝင်ရောက်နိုင်ရန် အနည်းဆုံး ခုနစ်ကြိမ်မှ ရှစ်ကြိမ်အထိ ထိမှန်ရန် လိုအပ်လိမ့်မည်။
ဟန်ရှောင်း ရုတ်တရက် တစ်ခုခုမှားသွားသလို ခံစားလိုက်ရတယ်။ သူသည် အလျင်အမြန် သေနတ်ကို ပုခုံးပေါ်တင်ကာ ပြတင်းပေါက်မှ အဝေးသို့ ထွက်ခွာသွားသည်။
“မင်း ခွင့်မပြုဘဲ မင်းရဲ့ နေရာကို ဘယ်လို စွန့်ခွာရဲတာလဲ…” မုတ်ဆိတ်မွေးကြီးက သူမြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဒေါသဖြစ်သွားတယ်။ သို့သော်လည်း သူ့စကားများ တစ်ဝက်မျှသာ ရှိသေးသည်၊ ပြင်းထန်သော ပေါက်ကွဲသံက သူ့ကို ရပ်တန့်လိုက်သည်။ ခံတပ်နံရံသည် ပြင်းထန်စွာပေါက်ကွဲသွားပြီး၊ မုတ်ဆိတ်မွေးကြီးသည် ချက်ချင်းပင် ပေါက်ကွဲမှုကြောင့် လွင့်ပျံသွားကာ အခြားနံရံပေါ်သို့ ဝင်တိုက်သွားသည်။ သူ့လက်များ အကုန်ကျိုးသွားပြီး နာကျင်စွာ အော်ဟစ်နေ၏။
Y5-Snake ရဟတ်ယာဉ်နှစ်စင်းတွင် ခံတပ်သုံးခုကို တိုက်ရိုက်ဗုံးကြဲရန်အတွက် လေကြောင်းတိုက်ခိုက်မှု ဒုံးကျည်လေးစင်း တပ်ဆင်ထားသည်။ အလယ်ခံတပ်ကို အပြင်းထန်ဆုံးထိမှန်ပြီး အပျက်အစီးများ ပေါက်ကွဲသွားကာ၊ ရလဒ်အနေဖြင့် Hornet ညီအစ်ကိုများ ချက်ချင်းသေဆုံးသွားခဲ့သည်။ သူတို့၏ အသားစများသည် ဖုန်မှုန့်များ၊ ကွဲကြေနေသော အုတ်ခဲများ နှင့်အတူ ပေါက်ကွဲမှုကြောင့် ထိုနေရာမှ လွင့်ထွက်သွားသည် ။
ခံတပ်သုံးခု ဖောက်ခွဲခံလိုက်ရသည်။
စနိုက်ပါသမားများ၏ ခြိမ်းခြောက်မှုမရှိတော့၍ ရဟတ်ယာဉ်များ၏ တိုက်ခိုက်မှုသည် ခွေးရိုင်းတစ်ကောင်ကဲ့သို့ ပိုမိုပြင်းထန်လာသည်။ ကြီးမားသော ပစ်ခတ်မှုအားကြောင့် စစ်သားများသည် ကျည်ကွယ်ရာနေရာများတွင် ပုန်းအောင်းနေကြပြီး ခေါင်းကိုပင် မထုတ်ဝံ့ကြပေ။
ဟန်ရှောင်းသည် ပေါက်ကွဲမှုကို အောင်မြင်စွာ ရှောင်တိမ်းနိုင်ခဲ့သော်လည်း ပေါက်ကွဲမှုလှိုင်းတော့ ထိသွားသေးသည်။ ထိခိုက်မှုတော့ သိပ်မရှိခဲ့ပေ။ သို့သော် သူ့ခေါင်းပေါ်ရှိ ခေါင်မိုးသည် လုံးဝ ပေါက်ကွဲသွားကာ မိုးများက သူ့နေရာသို့ သည်းထန်စွာ ရွာကျလာသည်။ ရလဒ်အနေနဲ့ ရန်သူများ၏ မြင်ကွင်းတွင် သူက တိုက်ရိုက်ပေါ်လာတော့သည်။ သူသည် ဆိုးရွားသော အခြေအနေတွင် ရှိနေ၏။
ရန်သူသည် မြေပြင်၊ လေနှင့် ပင်လယ်တို့တွင် အင်အားသာလွန်နေသည်။ အိမ်ကြီးသည် နည်းလမ်းသုံးမျိုးဖြင့် တိုက်ခိုက်ခြင်းခံနေရသည်။
သူက လှည့်လိုက်ပြီး တိုက်ပွဲ၏ ကြောက်မက်ဖွယ်ရာ မြင်ကွင်းကို ကြည့်လိုက်မိသည်။
ကြေးစားတွေက ဆက်မထိန်းနိုင်တော့ဘူး။
သူ့မျက်လုံးများက စိုးရိမ်တကြီး ဖြစ်လာ၏။
…
“အပြင်ကလူတွေက တိုက်ခိုက်မှုကို မခံနိုင်တော့ဘူး။”
မြစ်ဝှမ်းတောင်ကြားအိမ်ယာ အလယ်ခေါင်ရှိ စံအိမ်၏ ဧည့်ခန်းမှ လူနှစ်ယောက်သည် ပြတင်းပေါက်မှတစ်ဆင့် တိုက်ပွဲကို ကြည့်နေကြသည်။ တစ်ယောက်က ပြတင်းပေါက် အောက်ခြေဘောင်ပေါ်မှာ သူ့လက်နှစ်ဖက်လုံးကို ဖိထားသည်။ သူသည် ထိပ်ပြောင်သော အဘိုးကြီး ဖြစ်၏။ သူသည် အနက်ရောင်ဘောင်နှင့် မျက်မှန်ကို ၀တ်ထားကာ မျက်ခုံးနှင့် မုတ်ဆိတ်သည် လုံးလုံးဖြူနေ၏။
တခြားလူက အဘိုးကြီးနောက်မှာ လက်ပိုက်ပြီး ရပ်နေတယ်။ သူသည် လူလတ်ပိုင်းတစ်ဦးဖြစ်ပုံရသည်။ သူ၏ မဲနက်နေသော ဆံပင်တိုသည် နောက်သို့ လှန်ထားပြီး သူ့နားထင်အနီးရှိ ဆံပင်များတွင် မီးခိုးရောင် အနည်းငယ်သာ ရှိနေသည်။ သူနှင့်ပတ်သက်သော တစ်ခုတည်းသော ထူးထူးခြားခြားအရာမှာ သူ့စိတ်နေစိတ်ထား ဖြစ်နိုင်သည်။ သူ့မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့စွာ ပြုံးနေသောကြောင့် အတော်ပင် ဖော်ရွေသောပုံပေါက်သည်။
နူးညံ့သိမ်မွေ့သော စိတ်ထားရှိသူက ရယ်မောလိုက်သည်။ "ကျွန်တော် လှုပ်ရှားဖို့ အချိန်တန်ပြီထင်တယ်"
အဘိုးအိုက ခေါင်းညိတ်သည်။ “ငါတို့ ခုခံကာကွယ်ခဲ့တာ ကြာပါပြီ။ Xena က အဖွဲ့အစည်းအတွင်းမှာရှိတဲ့ သစ္စာဖောက်တွေအားလုံးကို ချေမှုန်းပြီးသင့်ပြီ။ ငါ့ဘဝက မင်းအပေါ်မှာပဲ မူတည်တယ် သူငယ်ချင်း။"
နူးညံ့သိမ်မွေ့သူက ခေါင်းညိတ်ပြပြီး အပြင်ထွက်ရန် ပြင်ဆင်သည်။ ရုတ်တရက် သူ့ခြေလှမ်းကို ရပ်လိုက်ပြီး တိုက်ပွဲအခြေအနေ ရုတ်တရက် ပြောင်းလဲသွားတာကို သတိထားမိလိုက်သည်။
“အခုမှ ပေါ်လာတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးတစ်ယောက် ရှိပုံရတယ်။ သူတို့က ငါ့ကို မလိုအပ်တော့ဘူး။"
"ဟမ်?" ထိပ်ပြောင်သောအဘိုးအိုသည် လန့်ဖျပ်သွားပြီး ပြတင်းပေါက်မှ လှမ်းကြည့်သည်။
...
ကာကွယ်ရေးအဆောက်အဦးအတွင်း ပုန်းအောင်းနေသော ချန်လီက သူ၏ ဆက်သွယ်ရေးစက်ထဲသို့ ကျယ်လောင်စွာ အော်ပြောလိုက်သည်။ "အသက်ရှင်နေသေးတဲ့ စနိုက်ပါတစ်ယောက်ရှိသေးလား။ ရဟတ်ယာဉ်နှစ်စင်းကို ပစ်မချရင် ငါတို့အားလုံး ဒီမှာပဲ သေရတော့မယ်။”
ရုတ်တရက်၊ ကြက်သွေးရောင် ကျည်ဆန်တစ်တောင့်သည် မိုးကန့်လန့်ကာကို ထိုးဖောက်ဝင်ရောက်ကာ ရဟတ်ယာဉ်တစ်စီးပေါ်မှ စက်သေနတ်၏ ကျည်ခါးပတ်ကို အလွန်တိကျစွာ ပစ်ခတ်ခဲ့သည်။ ထို့နောက် ကြက်သွေးရောင်ကျည်ဆန်သည် အက်ကွဲသွားပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည့်အောက်မှာပင် အတွင်းမှ မီးတောက်တစ်ခု ထွက်ပေါ်လာသည်။
ပေါက်ကွဲအားပြင်းကျည်ဆန်
ဟုမ်း!
ပေါက်ကွဲထွက်နိုင်သော လိမ္မော်ရောင် ဓာတ်ငွေ့သည် အပြင်ပိုင်း ကျည်ကာကြားရှိ အကွဲအဟ ကွက်လပ်များကြားမှ ဝင်ရောက်သွားပြီး ကျည်ခါးပတ်ကို မီးစတင်လောင်ကျွမ်းစေသည်။ မကြာသေးသော အခိုက်အတန့်တွင် အောင်ပွဲခံခဲ့သည့် ရဟတ်ယာဉ်သည် စက်သေနတ်ကျည်အားလုံး တစ်ပြိုင်နက်ပေါက်ကွဲသွားသဖြင့် ချက်ချင်းပင် ပေါက်ကွဲသွားသည်။ ပေါက်ကွဲအားပြင်းကျည်ဆန်သည် သူ့ဖာသာသူ အားမပြင်းသော်လည်း၊ မြေမြှုပ်မိုင်းများကဲ့သို့ ပြင်းထန်သည့် ကြီးမားသော စက်သေနတ်ကျည်များကို လောင်ကျွမ်းစေသည်။ ရဟတ်ယာဉ်ပေါ် ပါလာသူများ အားလုံး သေဆုံးသွားကြသည်။ လွင့်ပျံထွက်လာသော သံဘောစေ့များက လေယာဉ်မှူး၏ လည်ပင်းကို ထိုးဖောက်သွားပြီး ဘေးဘက်ပြတင်းပေါက်တွင် သွေးများ စီးကျသွားသည်။
ရဟတ်ယာဉ်သည် ထိန်းချုပ်မှုမှ လွတ်ကင်းသွားပြီး မြေပြင်ပေါ်သို့ ပျက်ကျသွားတော့သည်။ နှစ်ဖက်စလုံး မြေပြင်မှ ပြင်းထန်သော တုန်ခါမှုကို ခံစားနိုင်သည်။
ဘယ်ဘက်ခံတပ်၏ အပျက်အစီးကြားတွင် ထိုသို့ပစ်ခတ်ခဲ့သော ဟန်ရှောင်းက စနိုက်ပါရိုင်ဖယ်ကို ကျည်ထိုးပြီး ပူနေဆဲဖြစ်သည့် ကျည်ခွံကိုထုတ်လိုက်သည်။ သူ့မျက်လုံးတွေက လေးနက်ပြီး တည်ငြိမ်နေ၏။ ထိုအရေးကြီးသောအချိန်ကာလတွင်၊ သူသည် အတွေ့အကြုံအမှတ် အများအပြားကို [စနိုက်ပါပစ်ခတ်ခြင်း] ထဲသို့ ထိုးထည့်ပြီး အဆင့် ၉ သို့တက်ခဲ့သည်။ ဤသည်မှာ၊ ထိုကဲ့သို့ တိကျသေချာမှုဖြင့် ပစ်ခတ်နိုင်ခဲ့သော အကြောင်းရင်းဖြစ်သည်။ သူ၏ ပစ်ခတ်မှုသည် အလွန် မရှင်းမလင်းဖြစ်နေသော ရှုထောင့်မှပင် ရဟတ်ယာဉ်၏ ကျည်ခါးပတ်ပေါ်ရှိ စက်သေနတ်ကျည်များကို ထိမိသွားသည် ။
သို့သော်လည်း ဤပစ်ခတ်မှုသည် ဆိုးရွားသော အကျိုးဆက်များစွာကို ဖြစ်စေခဲ့သည်။ အခြား Y5-Snake ရဟတ်ယာဉ်သည် ၎င်း၏ ဘယ်ဘက်ခံတပ်တွင် ၎င်း၏ ပစ်ခတ်မှုစွမ်းအားအားလုံးကို ချိန်ရွယ်ထားသည်။ ထို့အပြင်၊ ရန်သူမြေပြင်တပ်များသည် ရဟတ်ယာဉ်များက ၎င်းတို့၏ ဝှက်ဖဲဖြစ်ကြောင်း သိထားကြသည်။ ထို့ကြောင့် သူတို့အားလုံး ပူးပေါင်းပြီး ခံတပ်ကို အတူတကွ ပစ်ခတ်ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော ကျည်ဆန်ပေါင်းများစွာသည် မိုးကန့်လန့်ကာကို ရိုက်ချိုးပြီး ဘယ်ဘက်ခံတပ်တွင် ပေါက်ကွဲသွားကြသည် ။
မုတ်ဆိတ်မွေးကြီး၏ မျက်နှာသည် တစ္ဆေကဲ့သို့ ဖျော့လျော့သွားကာ သူသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလိမ့်မည်ဟု ထင်နေသည်။ စက်သေနတ်ကျည်ဆန်ထက်မြန်အောင် သူရဲ့ ခြေထောက်တိုနှစ်ချောင်းနဲ့ ဘယ်လိုပြေးနိုင်မှာလဲ။ သူစိတ်ပျက်အားငယ်နေတဲ့အချိန်တွင်၊ လက်ကြီးတစ်ချောင်းက ရုတ်တရက် သူ့လည်ပင်းကိုကိုင်ကာ ဆွဲခေါ်ပြီး၊ လျှပ်စီးလက်သလို အရှိန်နှင့် ပြေးထွက်သွားသလို ခံစားလိုက်ရသည်။ နောက်တခဏမှာတော့ ဘယ်ဘက်ခံတပ်တစ်ခုလုံး ပြိုကျပျက်စီးသွားသည်။
တကယ်လို့ တစ်စက္ကန့်သာ နောက်ကျခဲ့လျှင် မုတ်ဆိတ်မွေးကြီးမှာ အပိုင်းအစလေးများ ဖြစ်သွားပေလိမ့်မည်။
အန္တရာယ်မှ လွတ်မြောက်ပြီးနောက်၊ မုတ်ဆိတ်မွေးကြီးသည် သူ့ကော်လာကို လွတ်သွားသလို ခံစားလိုက်ရသည်။ သူ့တင်ပါးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူက အမြန်လှည့်ပြီး သူ့ကို ကယ်တင်ခဲ့တဲ့သူကို ကြည့်လိုက်၏။ မိုးသည်းထဲတွင် မတ်တပ်ရပ်နေသော အနက်ရောင်၀တ်စုံနှင့် ဟန်ရှောင်း၏သွင်ပြင်သည် သူ၏ မျက်လုံးထဲ၌ ပေါ်လာသည်။
မုတ်ဆိတ်မွေးကြီးနဲ့ သူ့အသက်ကို ကယ်တင်ခဲ့တဲ့ ဟန်ရှောင်းကို ကျေးဇူးတင်စကား မပြောခင် တုန်လှုပ်ခြောက်ခြားစွာနှင့် "မင်းဘယ်လို မြန်မြန်ပြေးတာလဲ"
"ဘာလို့လဲဆိုတော့ ကျွန်တော်က လေတွေလို လွတ်လပ်နေတယ်။"
မုတ်ဆိတ်မွေးကြီးသည် လုံးဝကို အံသြသွားသည် ။ ဘယ်လို ပေါက်ကရတွေ ပြောနေတာလဲ ‽
ဟန်ရှောင်းသည် ဟာသပြောပြီးနောက် သူ့ခြေနှစ်ချောင်းက မြေပြင်ပေါ် ဆင်းသွားတယ်။ ထို့နောက်တွင် သူ၏ လျပ်စစ်သံလိုက်လျပ်ပြေးဖိနပ်များသည် နက်ပြာရောင်အလင်း တောက်ပလာပြီး လျှပ်စစ်သံလိုက်စွမ်းအားများ ပေါက်ကွဲထွက်လာကာ ဟန်ရှောင်းသည် ရေခဲပြင်ပေါ်တွင် စကိတ်စီးနေသကဲ့သို့ လျင်မြန်စွာ လျှောထွက်သွားသည်။ သူသည် ကားတစ်စီးထက် ပို၍လျှင်မြန်စွာ ရွေ့လျားနေပြီး ၂ချက် ၃ချက် လျှောစီးလိုက်ရုံဖြင့် အပြင်ဘက်နံရံ၏ ဖေါင်ထိပ်သို့ ရောက်သွားသည်။ ကြေးစားသမားများ၏ အံ့ဩမှုများစွာဖြင့် ကြည့်နေစဉ် ဟန်ရှောင်းသည် နံရံဖောင်ပေါ်တွင် အနက်ရောင်မိုးကြိုးများကဲ့သို့ ဘယ်ညာပြောင်း၍ လျင်မြန်စွာ ပြေးလွှားနေသည်။ မည်သည့်ရန်သူမှ သူ့အား တိကျစွာ ချိန်ရွယ်နိုင်ခြင်းမရှိပေ။ ရန်သူမျာ၏ ပစ်ခတ်မှုအားလုံးကို ရှောင်တိမ်းခဲ့သည်။
"ငါ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အရည်အချင်းကို ကြည့်စမ်း!"
ဟန်ရှောင်းသည် အရှိန်ပြင်းပြင်းဖြင့် ပြေးလွှားနေရင်း စနိုက်ပါဖြင့် စတင်ပစ်ခတ်တော့သည်။ စနိုက်ပါပစ်ခတ်ခြင်းအတွက် မြင်ကွင်းသည် ဘယ်ဘက်ခံတပ်ထက် အဆအနည်းငယ် ပိုကျယ်ဝန်း၏။ အဆင့် ၉ သို့ရောက်ရှိနေပြီဖြစ်သော သူ၏ စနိုက်ပါပစ်ခတ်ခြင်း စကေးသည် စစ်မြေပြင်တစ်ခုလုံးကို ထိန်းချုပ်နိုင်သည်။ လျပ်ပြေးဖိနပ်မှပေးသော လှုပ်ရှားမှုသည် ချောမွေ့ပြီး တည်ငြိမ်သောကြောင့်၊ ဟန်ရှောင်းသည် ဘွတ်ဖိနပ်ကို ထိန်းချုပ်ရန် ကြိုးစားနေစရာ မလိုပေ။ ဤဘွတ်ဖိနပ်များကို ထိန်းချုပ်ရန် အခက်အခဲမှာ ပုံမှန် အီလက်ထရွန်းနစ် စကိတ်စီးဖိနပ်များကဲ့သို့သာ ဖြစ်၏။ ထို့ကြောင့်၊ မြန်နှုန်းမြင့်လှုပ်ရှားမှုသည် ဟန်ရှောင်း၏ ပစ်ချက်များ၏ တိကျမှုကို သိသိသာသာ ထိခိုက်စေခြင်းမရှိပေ။
ရန်သူများကို တစ်ချက်ပြီးတစ်ချက် အမြောက်အမြား ပစ်ခတ်ပြီးနောက်၊ ပေါက်ကွဲအားပြင်းကျည်ဆန်၊ အဆိပ်ပြင်းကျည်ဆန်၊ အလင်းကျည်ဆန်နှင့် ဖောက်ထွင်းအားပြင်း ကျည်ဆန်များကိုလည်း စနိုက်ပါရိုင်ဖယ်မှ အလှည့်ကျ ပစ်ခတ်လိုက်သည်။ ဟန်ရှောင်းက အသုံးဝင်ဆုံး ကျည်ဆန်ကို အသင့်လျော်ဆုံး အချိန်နှင့် နေရာတွင် အမြဲအသုံးပြုခဲ့သည်။ ဥပမာအားဖြင့်၊ ယာဉ်တစ်စီးသည် အိမ်တော်၏ စက်သေနတ်တစ်လက်ကို လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ခတ်ရန် ကြိုးပမ်းသောအခါတွင် အလင်း ကျည်ဆန်သည် အသင့်လျော်ဆုံးအချိန်တွင် ပေါ်လာပြီး ရန်သူကို မှားယွင်းသောထောင့်သို့ ပစ်ခတ်စေသည်။
_________________________________
သင်သည် ရွေ့လျားနေစဉ် စနိုက်ပါပစ်ခတ်နေပါသည်။
[Moving Snipe] [ရွေ့လျားစနိုက်ပစ်ခြင်း] နည်းပညာ (၁/၁၀၀) ကို သင်သည် သင်ယူခဲ့သည်။
————————————————————————
စကေးအသစ်တစ်ခု၏ သင်ယူမှုကို အစပျိုးခဲ့တာလား။ ဟန်ရှောင်း၏ မျက်လုံးများ တောက်ပလာသည်။ [စနိုက်ပါပစ်ခတ်ခြင်း] စကေးသည် အဆင့် ၈ အထက်ရှိမှသာ ဤစကေးကို စတင်နိုင်မည်ဖြစ်သည်။ သူက နောက်ထပ် ပစ်ခတ်မှု အနည်းငယ်လုပ်ပြီး၊ ပစ်မှတ်တစ်ခုကို အောင်မြင်စွာ ပစ်ခတ်လိုက်သောအခါ တိုးတက်မှု အမှတ်ကို ရရှိကြောင်း သတိပြုမိသွားသည်။ သူသည် ရန်သူများကို ချေမှုန်းရန် ချက်ချင်းပင် စိတ်အားထက်သန်လာသည်။
ဟန်ရှောင်းသည် လျပ်ပြေးဖိနပ်၏အကူအညီဖြင့် ရန်သူများထံမှ တိုက်ခိုက်မှုအများစုကို ရှောင်တိမ်းခဲ့သည်။ သို့သော်လည်း ရန်သူများက သူ၏ စနိုက်ပါတစ်ဦးအဖြစ် နယ်မြေထိန်းချုပ်နိုင်စွမ်းကို အသိအမှတ်ပြုခဲ့ကြသည်။ သူ့ကို မဖြုတ်ချဘဲ နောက်တစ်ဆင့်တက်ဖို့ သူတို့ တော်တော် ခက်ခဲလိမ့်မည်။
ထို့ကြောင့် ဟန်ရှောင်းသည် မကြာမီ ၎င်းတို့၏ 'ပြင်းထန်သော စိတ်အားထက်သန်မှု' ကို ခံစားခဲ့ရပြီး၊ ရန်သူများထံမှ ဝိုင်းအုံပစ်ခတ်မှုကို ထပ်မံရရှိခဲ့သည်။ သူ့အပေါ် ဖိအားများ သိသိသာသာ တိုးလာကာ၊ မကြာခဏဆိုသလို လမ်းကြောင်းလွဲလာသော ကျည်ဆန်များ ထိမှန်လာ၏။ သူ့ခန္ဓာကိုယ်ကို သံလိုက်ချပ်ဝတ်ဖြင့် ကာကွယ်ရန်မှတပါး ရွေးချယ်စရာမရှိပေ။
နောက်ဆုံးကျန်သည့် Y-5 Snake ရဟတ်ယာဉ်သည် အရေးကြီးသော အစိတ်အပိုင်းများကို ဟန်ရှောင်း၏ ပစ်ခတ်ခြင်းမှ ကာကွယ်ရန် ဘယ်ညာ ရွေ့လျားနေသည်။ စက်သေနတ်ဖြင့် အဆက်မပြတ် ပစ်ခတ်နေသောကြောင် ဟန်ရှောင်းအတွက် များစွာ အကြပ်ရိုက်စေ၏။ သံလိုက်သံချပ်ကာဖြင့်ပင်၊ စက်သေနတ်ကျည်ဆန် အနည်းငယ် ထိမှန်ခဲ့ရသည့်အတွက် နာကျင်နေသည်။
ပိုဆိုးသည်မှာ၊ စက်သေနတ်ကျည်ဆန်များသည် ဟန်ရှောင်းကို နောက်သို့ တွန်းထုတ်နိုင်သည့်အတွက် သူ၏ ပစ်ချက်အချို့မှာ လွဲချော်ကုန်ပြီဖြစ်သည်။
သူ၏ ရင်ဘတ်ရှိ ချပ်ဝတ်တန်ဆာသည် စက်သေနတ်၏ ကြီးမားသော ကျည်ဆံ ၃ကြိမ် ထပ်ထိသွားသည်။ ဟန်ရှောင်းသည် သူ့ရင်ဘတ်တင်းကျပ်လာသည်ကို ခံစားလိုက်ရသည်။ သူ့သည် မီတာအနည်းငယ် နောက်ပြန်ဆုတ်သွားပြီး နံရံဖောင်ပေါ်မှ ပြုတ်ကျလုနီးပါးဖြစ်သွား၏။ သို့သော်၊ ထိခိုက်မှုသည် သူ့အတွက် မသိသာပေ၊ သူ၏ လက်ရှိ သွေးအမှတ်သည် ၂,၀၀၀ ကျော်ရှိပြီး သံလိုက်ချပ်ဝတ်၏ အကူအညီဖြင့်၊ သူသည် ပိုမိုပြင်းထန်သော ထိခိုက်မှုကို ခံနိုင်ရည်ရှိသည်။
ဤအခိုက်အတန့်တွင်၊ အိမ်ကြီးအတွင်းရှိ ကြေးစားစစ်သားများသည် ပြန်လည်တိုက်ခိုက်လာပြီး ဟန်ရှောင်း၏ တိုက်ပွဲနည်းဗျူဟာများကို တက်ကြွစွာ ဖြည့်တင်းလိုက်ကြသည်။
“အို၊ စနိုက်ပါဆရာ၊ စိတ်ကူးယဉ်နေတာတွေ ရပ်လိုက်တော့။ ဒီအတိုင်းပဲ ဆက်ပြီးတိုက်။ ငါတို့ မင်းရဲ့တိုက်ခိုက်မှုတွေနဲ့ ချိတ်ဆက်ပြီး တိုက်မယ်။” ချန်လီက ဆက်သွယ်ရေးစက်ထဲတွင် အော်လိုက်သည်။
အခန်း (၁၀၉) ပြီး၏။
လင်းဆက်
+++++