← Chapters

ဆက်ခံသူ

Vol. 28 Ch. 379

ဆက်ခံသူ

Vol. 28 Ch. 379

များစွာမကြာလိုက်ဘဲ နတ်ဘုရား၏ ရုပ်အလောင်းကို အဆင့်မြင့်သိုင်းပညာရှင်များ သယ်လာ၍ နတ်ဘုရား၏အင်အားအငွေ့အသက်များ‌ လေထဲတွင် ပျံ့နှံ့စိုးမိုးသွားသည်။ သို့တိုင်တောင် ရုပ်အလောင်းသည် မည်သို့မျှ ပြန်ဆက်၍မရနိုင်တော့အောင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေချေပြီ။

သို့သော် နတ်ဘုရား၏ ခေါင်းကတော့ အကောင်းတိုင်း ရှိနေသေးသည့်အတွက် မျက်နှာသွင်ပြင်ကို မြင်ရသေးသည်။

“ဒါက ကျွန်တော်မျိုး တွေ့ခဲ့တဲ့ နတ်ဘုရားပါ။ အထက်ကောင်းကင်ဘုံကလို့ ပြောတယ်” ဧကရာဇ်အတိုင်ပင်ခံက နတ်ဘုရားခေါင်းကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။ “သူ့စွမ်းရည်တွေက အင်မတန် မြင့်မားပါတယ်။ ကျွန်တော်မျိုး သူနဲ့ တိုက်ခိုက်ခဲ့တုန်းက အားကုန်ထုတ်ပြီး တိုက်ခိုက်ခဲ့တာတောင်မှ သူ့ကို ရှုံးနိမ့်ခဲ့ရတယ်”

ထိုတိုက်ပွဲ၏ ရလဒ်အနေဖြင့် ဧကရာဇ်အတိုင်ပင်ခံမှာ လူမမာဖြစ်သွားပြီး အပြင်လောကနှင့် အဆက်သွယ်ဖြတ်၍ သွေးကန်ဘေးတွင် သူ့ဇနီးနှင့်အတူ ဇာတ်မြှုပ်နေခဲ့သည်။ ချင်မူ သူ့ကို ရှာတွေ့ခဲ့၍သာမဟုတ်လျှင် သူ လောကကြီးထဲမှ ပျောက်ကွယ်သွားလောက်ပြီဖြစ်၏။

ချင်မူ ခေါင်းကို ကြည့်ပြီး အတန်ငယ် မှင်သက်သွားမိသည်။ နတ်ဘုရား၏မျက်နှာက ရင်းနှီးနေသယောင် ရှိသည်။

နတ်ဘုရား၏ခေါင်းသည် ကျောက်စိမ်းသားနှင့် ထုဆစ်ထားသကဲ့သို့ ပြစ်ချက်ကင်းစွာ ချောမောပြီး ဆုံးပါးသွားသည့်အချိန်တွင်ပင် မည်သည့်အနာအဆာမှ မရှိပေ။ သူက ထင်ထားသကဲ့သို့ အဘိုးအိုနှင့်မတူဘဲ လူငယ်တစ်ယောက်အသွင် ရှိသည်။ သို့သော် နတ်ဘုရားများသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးနှင့်အတူ ယှဉ်တွဲနေထိုင်လာခဲ့သည့်အတွက် ပုံပန်းသွင်ပြင်သက်သက်ဖြင့် သူတို့၏အသက်အစစ်အမှန်အား ခန့်မှန်းရန် မလွယ်ပေ။

“ဒီနတ်ဘုရားက...”

ချင်မူ့အမူအရာ ထူးဆန်းလာသည်။ နတ်ဘုရားနှင့် ရှုရှန်းဟွာသည် ခပ်ဆင်ဆင် တူ၏။

ရုပ်ရည်သာ ဆင်ခြင်းမဟုတ်။ ရှုရှန်းဟွာသည် ကျောက်စိမ်းသားဖြင့် ထုဆစ်ထားသကဲ့သို့ ပြစ်ချက်ကင်းစွာ ချောမောသူဖြစ်၏။ ဤနတ်ဘုရားလည်း အလားတူပင်။

‘အသတ်ခံလိုက်ရတဲ့ နတ်ဘုရားက ရှုရှန်းဟွာ ပြောဖူးတဲ့ သူ့ဆရာ ‌ကျောက်စိမ်းဧကရာဇ်ဆိုတာများလား’

ချင်မူ မျက်လုံးပြူးလျက် ကြည့်နေမိသည်။ ရှုရှန်းဟွာ၏ဆရာ ကျောက်စိမ်းဧကရာဇ်အား ဧကရာဇ်ယန်ဖုန်းက အမြှောက်ဖြင့် ပစ်ခွင်းသတ်လိုက်ခြင်း ဖြစ်နိုင်သည်။

‘ကျောက်စိမ်းဧကရာဇ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကပ်ဘေးလွှတ်ခဲ့တဲ့ နတ်ဘုရားပဲ။ သေသင့်ပါတယ်။ ဒီအကြောင်းသာသိရင် ရှုရှန်းဟွာရဲ့ အမူအရာ ဘယ်လိုဖြစ်သွားမလဲ မသိဘူး’

ချင်မူ စိတ်ထဲတွင်သာ တွေးနေပြီး မည်သည်ကိုမျှ မပြောပေ။ ရှုရှန်းဟွာနှင့် ဤနတ်ဘုရား၏ပတ်သက်မှုကို သူ ဖော်ထုတ်မည်မဟုတ်။ ကျောက်စိမ်းဧကရာဇ်က ရှုရှန်းဟွာ၏ ဆရာဖြစ်သည်ကို ဧကရာဇ်ယန်ဖုန်း သိသွားပါက နောက်တစ်ချိန်တွင် ပြဿနာမဖြစ်ရအောင် ရှုရှန်းဟွာကို သုတ်သင်ပစ်လိမ့်မည်။

ဧကရာဇ်တစ်ပါးသည် သိုင်းလောက၏ စည်းမျဉ်းများကို မလိုက်နာပေ။ ချင်မူ ရှုရှန်းဟွာကို အလွန်လေးစားမိသည်။ ထို့ကြောင့် ရှုရှန်းဟွာ မင်းအမျက်ရှ၍ သေရမည်ကို သူ မလိုလားပေ။

“ဝန်မင်းချင်က ဒီနေသူရိန်ခွင်းကောင်းကင်အမြှောက်ကို သွန်းလုပ်ခဲ့တာဆိုတော့ ဝန်မင်းချင်ရဲ့ ကျေးဇူးက များပြားလှပါတယ်။ ကိုယ်တော် ဝန်မင်းချင်ကို ဆုမချရသေးဘူးဆိုတော့ ဒီနတ်ဘုရားခေါင်းနဲ့ ဆုချတော်မူမယ်” ဧကရာဇ်ယန်ဖုန်းက မိန့်သည်။

“မလိုချင်ပါဘူး”

ဧကရာဇ်ယန်ဖုန်း မျက်နှာပျက်သွားသည်။

ချင်မူ ကပျာကယာ ပြုံး၍ လျှောက်တင်လိုက်သည်။ “နတ်ဘုရားကို သတ်တဲ့အချိန်မှာ ကျွန်တော်မျိုး ဘာမှမလုပ်ပေးနိုင်ခဲ့လို့ ဆုလာဘ်မယူဝံ့ပါဘူး။ အရှင်မင်းကြီးက အမြှောက်ပစ်ခွင်းလိုက်တဲ့သူပါ။ ဆေးစွမ်းအင်ကျောက်တုံးတွေလည်း အတော်လေးကုန်သွားတာဆိုတော့ ဒီဆုလာဘ်ကို ဧကရာဇ်ဘဏ္ဍာတိုက်ထဲပဲ ထည့်သင့်ပါတယ်”

ထိုစကားများက သင့်တော်လျောက်ပတ်၍ အရာရှိမင်းများ၏ အရှေ့တွင် ဧကရာဇ်ကို မျက်နှာရသွားစေသည်။

ဧကရာဇ်ယန်ဖုန်း ကျေနပ်သွား၏။ သူက ပြုံးလိုက်ပြီး ပြောသည်။ “ဝန်မင်းချင်က အရှေ့ကို ကြိုမြင်တတ်တာပဲ။ ကိုယ်တော် ဝန်မင်းချင်ကို ဖိအားမပေးတော့ပါဘူး။ နေသူရိန်ခွင်းကောင်းကင်အမြှောက် သွန်းလုပ်ပေးတဲ့ အဖိုးအခကိုလည်း အလှူငွေအဖြစ် ဧကရာဇ်ဘဏ္ဍာတိုက်ထဲ ထည့်လိုက်ပါ့မယ်”

ချင်မူ့မျက်နှာ တမုဟုတ်ချင်း မည်းမှောင်သွားသည်။

ဧကရာဇ်ယန်ဖုန်းက တဟားဟား အော်ရယ်လိုက်၏။ သို့သော် နေသူရိန်ခွင်းအမြှောက်ကြောင့် ဆေးစွမ်းအင်ကျောက်တုံးများစွာ ကုန်ခမ်းသွားသည့်အဖြစ်ကို သတိရလိုက်၍ ရင်ထဲ အောင့်မျက်သွားသည်။ အမြှောက်ပစ်ခွင်းရသော ခံစားချက်က ကောင်းမွန်သော်လည်း လိုအပ်သောအဖိုးအခက ကြောက်မက်ဖွယ်ရာ ဖြစ်သည်။

နတ်ဘုရားများ၏တိုက်ပွဲကြောင့် ဧကရာဇ်ယန်ဖုန်းသည် နန်းစဉ်အရာရှိများကို ဦးဆောင်၍ နေသူရိန်ခွင်းကောင်းကင်အမြှောက်ဖြင့် မြို့တော်မှ ‌ဤတောင်ကုန်းဆီ ကြွလာခဲ့ရ၏။ နေသူရိန်ခွင်းကောင်းကင်အမြှောက် ပျံသန်းနေစေရန် သုံးခဲ့ရသော ဆေးစွမ်းအင်ကျောက်တုံးပမာဏက အမြှောက်တစ်ကြိမ်ပစ်သည့် အဖိုးအခထက် များစွာမြင့်မားသည်။

ဧကရာဇ်အတိုင်ပင်ခံနှင့် အိမ်‌ရှေ့မင်းသားလင်ယွိရှုက မန်ဘီလူးရိုင်းနယ်မြေနှင့် ဝံပုလွေအသိုက်နယ်မြေမှ ရတနာများ သယ်ဆောင်လာခဲ့သော်လည်း နေသူရိန်ခွန်းကောင်းကင်အမြှောက်မှာ သားရဲကြီးတစ်ကောင်ကဲ့သို့ ဆေးစွမ်းအင်ကျောက်တုံးများကို စားပစ်ခဲ့သည်။ သူ အမြှောက်ကို လိုသည်ထက်ပို၍ ကစားနေပါက အင်ပါယာတစ်ခုလုံး မွဲပြာကျသွားလိမ့်မည်။

“ဒါ ကိုယ်တော်ရဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပထမဆုံး သတ်နိုင်လိုက်တဲ့ နတ်ဘုရားပဲ” ဧကရာဇ်ယန်ဖုန်းက ကောင်းကင်ကို မော့ကြည့်၍ သရော်တော်တော် ပြောလိုက်သည်။ “ဒီနေ့ကစပြီး တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်နိုင်စေရမယ်။ ကိုယ်တော့်ပြည်သူတွေက အသားစိမ်းငါးစိမ်းတွေ မဟုတ်ဘူး။ ကိုယ်တော်ကလည်း နတ်ဘုရားတွေ လာရှုပ်လို့ရတဲ့ ငကြောက်မဟုတ်ဘူး။ နန်းတွင်းကို ပြန်ကြွကြစို့”

နေသူရိန်ခွင်းကောင်းကင်အမြှောက်က ဖြည်းဖြည်းချင်း လှည့်သွားသည်။ ချင်မူ တခဏ တွန့်ဆုတ်နေပြီးနောက် လျှောက်တင်လိုက်၏။ “အရှင်မင်းကြီး၊ ကျွန်တော် လုပ်စရာကိစ္စလေးတွေ ရှိသေးလို့ နေခဲ့ပါဦးမယ်...”

ဧကရာဇ်ယန်ဖုန်းက သူ့ကို ကြည့်ကာ ပြောလိုက်သည်။ “ဝန်မင်းချင်၊ နတ်ဘုရားတွေနဲ့ တိုက်ခိုက်နေတဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေကို သိတာလား။ သူတို့နဲ့ တွေ့ချင်လို့ နေခဲ့ချင်တာလား”

ချင်မူ ခေါင်းညိတ်ကာ ပြောလိုက်သည်။ “သူတို့က ကျွန်တော့်အဘိုးတွေပါ”

ဧကရာဇ်ယန်ဖုန်းက ပြုံးနေသော်လည်း မပြုံးသယောင်ရှိသည်။ “မောင်မင်းရဲ့မိသားစုမှာ အဘိုးအဘွားတွေ တယ်များတာပဲ။ ကိုယ်တော်နဲ့ မိတ်ဆက်ပေးလို့ရမလား။ အင်ပါယာမှာ အရည်အချင်းရှိတဲ့လူတွေကို လိုအပ်နေတယ်။ ဒီလိုပြိုင်ဘက်ကင်းတဲ့ သိုင်းပညာရှင်တွေနဲ့ ကိုယ်တော် ဆုံတွေ့ချင်မိပါတယ်”

ချင်မူ ဝမ့်မူရန်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “သူ့အဘိုးတွေတော့ ရှိပါတယ်။ ကျွန်တော့်ဘိုးဘိုးတွေက အပြင်လူတွေနဲ့ တွေ့ဖို့ တော်တော်ပြောရခက်တာ။ အရှင်မင်းကြီး သူ့ဘိုးဘိုးတွေကို မေးသင့်တယ်”

ဝမ့်မူရန် ခေါင်းယမ်းကာ ပြောလိုက်သည်။ “အရှင်မင်းကြီး၊ ကျွန်တော့်ဘိုးဘိုးတွေလည်း အပြင်လူတွေနဲ့ တွေ့ဖို့ ပြောရခက်ပါတယ်”

ဧကရာဇ်ယန်ဖုန်း၏မျက်နှာ မည်းမှောင်သွားသည်။

ဧကရာဇ်အတိုင်ပင်ခံက ချောင်းဟန့်၍ သူ့ဘေးသို့ လျှောက်လာသည်။ သူက ကိုယ်ကိုရို့၍ ဧကရာဇ်ယန်ဖုန်း၏နားအနား ကပ်ပြောလိုက်၏။ “သူတို့အဘိုးအဘွားတွေက တော်ရုံလူတွေမဟုတ်ဘူး အရှင်မင်းကြီး။ တစ်ဖက်မှာ မဟာမြို့ပျက်ထဲ ဇာတ်မြှုပ်နေတဲ့ လူသားဧကရာဇ်ဟောင်းနဲ့ ကောင်းကင်ဓားမလို လျှို့ဝှက်သိုင်းပညာရှင်တွေ ရှိတယ်။ တစ်ဖက်ကတော့ ကျောက်စိမ်းမြို့တော်ငယ်ပဲ။ အရှင်မင်းကြီး သူတို့ကို ဆွဲထုတ်လို့ မရဘူး”

ဧကရာဇ်ယန်ဖုန်း တအံ့တဩ ထခုန်လိုက်မိသည်။ ကျောက်စိမ်းမြို့တော်ငယ်ကို သူ သိသည်။ ‌ကျောက်စိမ်းမြို့တော်ငယ်သည် လူမသိ၊သူမသိ နေထိုင်သော်လည်း အထွတ်အမြတ်မြေသုံးမြေထက် အဆင့်မြင့်မားပြီး သိုသိုသိပ်သိပ် နေထိုင်သော နတ်ဝိဇ္ဇာများ ရှိ၏။ သို့တိုင်တောင် ဧကရာဇ်အတိုင်ပင်ခံ၏စကားအရ ချင်မူ့မိသားစုသည် ကျောက်စိမ်းမြို့တော်ငယ်ထက်ပင် အဆင့်အတန်းမြင့်မားနေသည်။ မဟာမြို့ပျက်ထဲတွင် ပုန်းအောင်းနေသော အထွတ်အမြတ်မြေတစ်ခု ရှိနေသည်လော။

“ဧကရာဇ်အတိုင်ပင်ခံ လူသားဧကရာဇ်ဟောင်းဆိုတော့ ဒီမျိုးဆက်ရဲ့ လူသားဧကရာဇ်က...”

ဧကရာဇ်အတိုင်ပင်ခံ ခေါင်းယမ်းကာ ပြောလိုက်သည်။ “ရေပြင်နီးတဲ့သူဟာ လရောင်ကို အရင်ဆုံးခံစားရပါတယ်။ ဒီမျိုးဆက်ရဲ့ လူသားဧကရာဇ်က အရှင်မင်းကြီး ဖြစ်လာမှာမဟုတ်ပါဘူး”

ဧကရာဇ်ယန်ဖုန်း ရင်ထဲတွင် လှုပ်ခါသွားပြီး ချင်မူ့အား လှမ်းကြည့်လိုက်သည်။

ချင်မူက နေခဲ့ခွင့်ပြုပါရန် ထပ်မံတောင်းဆို၍ ဧကရာဇ်ယန်ဖုန်း တွေဝေနေသည်။ ဧကရာဇ်ယန်ဖုန်း ဤလူသားဧကရာဇ်အသစ်ကို စိုးရိန်ပူပန်နေမှန်း ဧကရာဇ်အတိုင်ပင်ခံ သိလိုက်လေသည်။

“အရှင်မင်းကြီး” ဧကရာဇ်အတိုင်ပင်ခံ ချောင်းဟန့်လိုက်သည်။

ဧကရာဇ်ယန်ဖုန်း အသိပြန်ဝင်သွားပြီး လက်ယမ်းလိုက်သည်။ “ဝန်မင်းချင်ရဲ့ ကိစ္စတွေက ပိုအရေးကြီးပါတယ်။ နေခဲ့ပါ”

ချင်မူ အမြှောက်ပေါ်မှ ခုန်ဆင်းလိုက်သည်။ ဝမ့်မူရန်တို့လည်း သူ့နောက် လိုက်လာ၏။

ဧကရာဇ်ယန်ဖုန်းက ထွက်သွားသောလူငယ်များကို ကြည့်နေပြီး ဧကရာဇ်အတိုင်ပင်ခံက သူ့အနောက်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။ “အရှင်မင်းကြီး သတ်ချင်တဲ့စိတ် ဖြစ်‌ပေါ်မိလား”

“အဲဒီတခဏလေးပါပဲ” ဧကရာဇ်ယန်ဖုန်းက မည်သည်ကိုမှ မဖုံးကွယ်ပဲ တွန့်ဆုတ်ခြင်းမရှိ ဝန်ခံလိုက်သည်။ “သူ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ဖြစ်နေတာနဲ့တင် ကိုယ်တော် ပူပန်နေခဲ့ရပြီ။ ကောင်းကင်နတ်ဆိုးဂိုဏ်းက မိစ္ဆာဂိုဏ်းဆိုပေမယ့် နံပါတ်တစ်ဂိုဏ်း ဖြစ်နေသေးတယ်။ သူတို့က နာမည်အရသာ ဂိုဏ်းဖြစ်နေပေမယ့် ကိုယ်တော့်အင်ပါယာထဲက အင်ပါယာတစ်ခုပဲ။ သူ့ကို အရေးပါတဲ့နေရာ ပေးရမှာကို ကိုယ်တော် စိတ်မချခဲ့ဘူး။ အခုက သူက လက်ရှိလူသားဧကရာဇ်လည်း ဖြစ်လာခဲ့ပြီဆိုတော့ ပိုလို့တောင် စိုးရိမ်ပူပန်လာမိတယ်”

သူ သက်ပြင်းချပြီး ဆက်ပြောလိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က ထူးချွန်ထက်မြက်တယ်။ အဲဒီလိုလူမျိုးကို ထိန်းချုပ်ရခက်တယ်။ ကိုယ်တော့်သားတော်နဲ့သမီးတော်တွေက သူ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး။ ကိုယ်‌တော်လည်း တစ်နေ့ကျ သေရမှာပဲ။ အဲဒီအချိန်ကျရင် ထာဝရငြိမ်းချမ်း‌ရေးအင်ပါယာက သူ့လက်ထဲ ရောက်သွားမှာဆိုတော့ သတ်ပစ်ချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာမိတယ်”

သူက ချင်မူတို့ ထွက်သွားသည်ကို ရပ်ကြည့်နေသည်။ “ဒါပေမဲ့ အခုတော့ အဲဒီလိုစိတ်မရှိတော့ပါဘူး” ဧကရာဇ်ယန်ဖုန်း၏ အမူအရာသည် တည်ငြိမ်အေးဆေးနေ၏။

ဧကရာဇ်ယန်ဖုန်း ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူ၏အသံက ပိုမိုတည်ငြိမ်အေးဆေးလာသည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ မောင်မင်းရဲ့ကိုယ်တော်က အတိုင်ပင်ခံနဲ့ ဘုရင်တစ်ပါးဖြစ်ပေမယ့် ညီနောင်တွေလိုပဲ။ ငါတို့က စိတ်ချင်းဆက်နေသလို၊ ရည်မှန်းချက်လည်း တူကြတယ်။ ငါတို့နှစ်ယောက်လုံးက  ဒီလောကမှာ ထူးချွန်ပြီး ရှားပါးတဲ့လူတွေဖြစ်တယ်။ ဒါပေမဲ့ မောင်မင်းနဲ့ငါ နှစ်ယောက်ပေါင်းပြီး တိုင်းပြည်ကို ပြုပြင်ပြောင်းလဲနေတာတောင် အခက်အခဲတွေ အများကြီးရှိနေသေးတယ်။ အချိန်မရွေး လှိုင်းလုံးမုန်တိုင်းတွေကြား နစ်မြုပ်သွားရမယ့် လှေကလေးတစ်စင်းကို လှော်ခတ်နေတဲ့အတိုင်းပဲ။ ငါ တွေးမိတယ်။ ငါတို့ မအောင်မြင်ရင် ဘာဖြစ်မလဲ။ ငါတို့သေသွားရင် ဘာဖြစ်မလဲ။ ငါတို့တာဝန်ကို ဘယ်သူဆက်ခံမလဲ”

သူက အလွန်စိတ်အားတက်ကြွနေသောအမူအရာဖြင့် လှည့်လာပြီး ဧကရာဇ်အတိုင်ပင်ခံ၏ ပခုံးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ သူ၏မျက်လုံးများ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် တောက်ပနေ၏။ “ငါ လင်မိသားစုအတွက် တွေးရမယ်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် တွေးရမယ်။ ငါတို့ရဲ့ ရည်မှန်းချက် ပြုပြင်ပြောင်းလဲမှုအတွက် တွေးရမယ်။ ဒါကြောင့် ငါ သူ့ကို သတ်လို့မဖြစ်ဘူး။ ငါတို့ရည်မှန်းချက်အတွက် ဆက်ခံသူတစ်ယောက်လိုတယ်။ ငါတို့ မအောင်မြင်ရင် ငါတို့ခြေလှမ်းအတိုင်း လျှောက်ပေးမယ့်လူတစ်‌ယောက် လိုတယ်။ ငါ့သားတွေ သမီးတွေမှာ အဲဒီလိုအစွမ်းအစမရှိပေမယ့် သူ့မှာတော့ ရှိတယ်။ မဟုတ်ဘူးလား တာအိုမိတ်ဆွေ”

ဧကရာဇ်အတိုင်ပင်ခံ ‘တာအိုမိတ်ဆွေ’ ဆိုသောအသုံးကို ကြားလျှင် ရင်ထဲ လှုပ်ခတ်သွားသည်။ သူက ညင်ညင်သာသာ ခေါင်းညိတ်လိုက်၏။ “သူကတော့ အဲဒီလိုလုပ်နိုင်ပါတယ်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသည် ပြုပြင်ပြောင်းလဲမှုကို စတင်ခဲ့သူဖြစ်ပြီး သူ၏အတွေးအမြင်၊ ကြိုးစားအားထုတ်မှုအားလုံးက ပြုပြင်ပြောင်းလဲမှုအတွက် ရည်ရွယ်၏။ မိမိကိုယ်ကျင့်သိက္ခာကို တည်ထောင်၍ မိမိကောင်းမှုကုသိုလ် ဆောက်တည်ကာ ဉာဏ်အလင်းပြနိုင်သော စိတ်ကူးစိတ်သန်းများ ချန်ရစ်ခဲ့သော တန်ခိုးရှင်သူတော်စင်တစ်ဦး သူ ဖြစ်ချင်သည်။ သို့သော် သူလည်း ပြိုလဲရသည့်အချိန်များ၊ ကျရှုံးသည့်အချိန်များ၊ လက်လျှော့လိုသည့်အချိန်များ ရှိသည်ကို မည်သူမှ မသိပေ။

သူ့ကို အင်တိုက်အားတိုက် ထောက်ခံပံ့ပိုးပေးခဲ့သူ၊ သူ မပြိုလဲအောင် ဖေးမ,ကူပေးခဲ့သူမှာ သူ၏သူငယ်ချင်းဖြစ်သည်။

ဧကရာဇ်ယန်ဖုန်းသည် သူ၏အကောင်းဆုံးသူငယ်ချင်း၊ အယုံကြည်ရဆုံး သွေးသောက်ရဲဘော်ဖြစ်သည်။

ဤသူငယ်ချင်းသံယောဇဉ်မျိုးကို တခြားမည်သူမှ နားလည်မည်မဟုတ်ပေ။

တာအိုမိတ်ဆွေ

ဤဘဝတွင် ယခုလို တာအိုမိတ်ဆွေတစ်ယောက်နှင့် ဆုံတွေ့ခွင့်ရခြင်းက သူ့အတွက် လုံလောက်ချေပြီ။

“ကျွန်‌‌တော် အရှင်မင်းကြီးဘေးမှာ ရှိနေပေးမယ်” ဧကရာဇ်အတိုင်ပင်ခံက အဝေးကို လှမ်းကြည့်လိုက်သည်။ “အမြဲတမ်း”

ချင်မူတို့ အဘွားစစ်၏နန်း‌တော်ဆီ ပြန်ရောက်လာကြသည်။ သူတို့မြေပြင်ပေါ် ဆင်းလိုက်သည့်အခါ နန်းတော်ထဲတွင် စောင့်နေကြသူများကို မြင်လိုက်ရ၏။

“မူအာ ငါတို့နဲ့ မဟာမြို့ပျက်ကို ပြန်လိုက်ခဲ့” မျက်ကန်းက တောင်ဝှေးကို အားပြု၍ ထရပ်လိုက်သည်။ သူက ချင်မူ့ဆီ လျှောက်လာပြီး လက်ကို လှမ်းဆွဲ၏။ “သားသတ်သမား၊ ရွာလူကြီး၊ ဘာမှထပ်ဆွေးနွေးစရာမလိုတော့ဘူး။ မဟာမြို့ပျက်ကို ပြန်မယ် အခုချက်ချင်း”

သားသတ်သမားက ကမန်းကတန်း ထ၍ ဓားမများကို ကျောနောက်ပြန်ပို့လိုက်သည်။ သူက အေးစက်စက် ပြောလိုက်၏။ “မျက်ကန်း မင်း ကြောက်နေတာလား”

မျက်ကန်းက သူ့ကို သရော်သည်။ “ငါက ကြောက်တယ်ဟုတ်လား။ ငါ့ကိုယ်တစ်ပိုင်းက သင်္ချိုင်းကုန်းထဲ ရောက်နေပြီ ငါက ဘာကို ကြောက်ရာမှာလဲ။ ကြောက်နေတာက မင်းမဟုတ်ဘူးလား”

သားသတ်သမား ဒေါသထွက်သွားပြီး စိတ်ဖောက်နေသော ခြင်္သေ့တစ်ကောင်နှင့် တူလာသည်။ “ငါ ဘယ်တုန်းက ကြောက်ဖူးလို့လဲ”

“မင်း အဲဒီအချိန်တုန်းက ကြောက်နေတာမဟုတ်ဘူးလား” မျက်ကန်းက ထေ့ငေါ့ပြောသည်။ “မင်း ရွှံထဲ လဲနေပြီး လက်နှစ်ဖက်နဲ့ တွားသွားခဲ့ရတာလေ။ ငါ မျက်လုံးကန်းနေရင် ကန်းနေမယ် မမြင်နိုင်ဘူးလို့တော့ မဆိုလိုဘူး။ မင်းနှလုံးသားထဲမှာ အကြောက်တရားရှိနေတာ ငါ သိတယ်”

“ခွေးမသား မျက်ကန်း။ မင်းလည်း အဲဒီအချိန်တုန်းက ငါနဲ့ မထူးခြားနားပါပဲ”

သားသတ်သမားက ဓားမဆွဲထုတ်လိုက်၍ မျက်ကန်းက ချင်မူ့ကို တွန်းဖယ်ကာ တောင်ဝှေးအား ဆုပ်ကိုင်လိုက်သည်။ နှစ်‌ယောက်လုံး သတ်ဖြတ်လိုသောအရှိန်အဝါများ ထုတ်လွှတ်နေကြ၏။

ချင်မူ နှစ်ယောက်ကြားထဲ ကမန်းကတန်း ပြေးဝင်ပြီး နှစ်ယောက်သား ထမသတ်အောင် တားလိုက်သည်။ ရွာလူကြီးလည်း လှုပ်ကုလားထိုင်ပေါ်တွင် လှဲရင်း ခေါင်းကိုက်လာ၏။ “တော်တော့ ရန်မဖြစ်ကြနဲ့တော့။ မင်းတို့နှစ်ယောက်က ပုံမှန်ဆို မခွဲနိုင်မခွာနိုင်တွေလေ။ ဒီကိစ္စအတွက်နဲ့ ရန်ဖြစ်ရတာတန်လို့လား။ အဘိုးကြီးသားသတ်သမား၊ မျက်ကန်းက အမြင်အကောင်းဆုံးပဲ၊ သူက မူအာ့ကို စိတ်ပူလို့ ပြန်‌ခေါ်သွားချင်နေတာ။ ရွှေအ၊ ပုံမှန်ဆို မင်းက စကားနည်းပေမယ့် မင်းပြောလိုက်တဲ့စကားမှာ ဝန်ထုပ်ဝန်ပိုးတွေ ရှိနေတယ်။ မင့်အမြင်က ဘယ်လိုလဲ”

ရသေ့ကြီးချင်းယိုက ဝမ့်မူရန်ကို လက်ယပ်ခေါ်လိုက်သည်။ သူတို့သုံးယောက်သား သူ့အနား ကပျာကယာ သွားပြီး ခပ်တိုးတိုး မေးလိုက်ကြ၏။ “ဆရာဦးလေး ဘာတွေဖြစ်နေတာလဲ”

“ဧကရာဇ်ယန်ဖုန်းက အထက်ကောင်းကင်ဘုံရဲ့ ကျောက်စိမ်းဧကရာဇ်ကို သတ်လိုက်တယ်” ရသေ့ကြီးချင်းယိုက ခပ်တိုးတိုး ပြောလိုက်သည်။

“အဲဒီကိစ္စ ကျွန်မတို့ သိပါတယ်။ ဒါပေမဲ့ ဒီဘိုးဘိုးတွေက ဘာကြောင့်ရန်ဖြစ်နေကြတာလဲ” မုချင်းသိုင် စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

ရသေ့ကြီးချင်းယို သက်ပြင်းချကာ ပြောလိုက်၏။ “အထက်ကောင်းကင်ဘုံရဲ့ ကျောက်စိမ်းဧကရာဇ်က ငါတို့ကျောက်စိမ်းမြို့တော်ငယ် ဒါမှမဟုတ် လူသားဧကရာဇ်ဟောင်းရဲ့ လက်ချက်ကြောင့် သေသွားရင် ကိစ္စမရှိဘူး။ အလွန်ဆုံးမှ အထက်ကောင်းကင်ဘုံနဲ့ ရန်ငြိုးရှိမှာ။ ဒါပေမဲ့ သူက ဧကရာဇ်ယန်ဖုန်းရဲ့ လက်ချက်ကြောင့် သေသွားတာဆိုတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကံဆိုးမိုးမှောင်ကျတော့မယ်။ မျက်ကန်းက လူသားဧကရာဇ်ကို အန္တရာယ်ကြားထဲ မနေစေချင်လို့ မဟာမြို့ပျက်ဆီ ပြန်ခေါ်ချင်တယ်။ ကောင်းကင်ဓားမကတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ နေချင်လို့ မျက်ကန်းကို ငကြောက်လို့ ပြောတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ရန်ဖြစ်နေတာ ကြာပြီ”

ခန်းမထဲတွင် ရွှေအက သစ်သားသေတ္တာအပေါ်တွင် ထိုင်နေသည်။ သူက ဆေးပေါ့လိပ်တစ်လိပ်ထုတ်ကာ မီးညှိလိုက်ပြီး ဖွာလိုက်သည်။ “အ အ အ”

“ရွှေအ ပြောတာ သဘာဝကျတယ်” ရွာလူကြီးက ခေါင်းညိတ်လိုက်သည်။ “လူငယ်မျိုးဆက်က သူတို့လုပ်သင့်တာ လုပ်သွားလိမ့်မယ်။ ငါတို့လိုလူအိုကြီးတွေ စိတ်ပူနေစရာမလိုဘူး။ ငါတို့က ဘယ်လောက် ကြာကြာနေနိုင်မှာမလို့လဲ။ မူအာကို တစ်ဘဝလုံး ကာကွယ်ပေးနိုင်မှာမလို့လား”

မျက်ကန်းက ဇွဲမလျှော့ပေ။ “ငါကတော့ ဘယ်လိုပဲနေနေ သူ့ကို ရွာပြန်ခေါ်ချင်တယ်။ သူ့အတွက် ကလေးမွေးပေးမယ့် မိန်းမတစ်ယောက် ရှာပေးမယ်။ ဒါဆို သူ သာမန်လူအတိုင်း နေထိုင်သွားနိုင်ပြီ။ မင်း မလုပ်နိုင်တဲ့အရာကို မူအာက ဘာလို့လုပ်ပေးရမှာလဲ။ မင်းရဲ့ ခြေလက်တွေအကုန် ဖြတ်ခံထားရတယ်။ ဒီအရူးလည်း ခါးအောက်ပိုင်း ဖြတ်ပစ်ခံရတယ်။ မူအာသာ မင်းတို့အားလုံး လုပ်ခဲ့အတိုင်း လုပ်ရင် သူ့လည်ပင်းအောက်ကနေစပြီး အဖြတ်ခံလိုက်ရလိမ့်မယ်ကွ။ မူအာ အိမ်ပြန်ကြစို့”

All Chapters