← Chapters

အဆင့် ၆၀ ဇာတ်ကောင်

Vol. 8 Ch. 112

အဆင့် ၆၀ ဇာတ်ကောင်

Vol. 8 Ch. 112

အခန်း (၁၁၂) အဆင့် ၆၀ ဇာတ်ကောင်

ဟန်ရှောင်းသည် ပစ္စည်းများကိုယူပြီးနောက် Bennett ကို ချက်ချင်းသွားရှာသည်။ ကြေးစားတပ်များနှင့် လုပ်ကြံသတ်ဖြတ်သူများကို စံအိမ်ထဲသို့ ဝင်ခွင့်ပေးခဲ့သောကြောင့် Bennett နှင့် Wang Yuan မကြာခဏ ပေါ်လာသည်။ သူတို့က အပေါ်ဆုံးအထပ်မှာ နေထိုင်တယ်ဆိုတာ လူတိုင်းသိကြသည်။

ဗီလာ၏ လှေကားထစ်ကို မဟော်ဂနီဖြင့် ပြုလုပ်ထားပြီး ထူးခြားသောရနံ့ကို ပေး‌နေသည်။ ဟန်ရှောင်းသည် လှေကားထစ်အတိုင်း အပေါ်ဆုံးထပ်သို့တက်ကာ Bennett ၏ တံခါးကို ခေါက်လိုက်သည်။

"မင်း ကြိုက်တဲ့နေရာမှာ ထိုင်ပါ။"

Bennett သည် သူ့လက်ထဲတွင် ဆေးဖက်ဝင်အပင်များ လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး တံခါးဖွင့်ပြီးနောက် ဆိုဖာပေါ်တွင် ထိုင်ကာ ဟန်ရှောင်းကို ဝမ်းသာအားရ ကြည့်လိုက်သည်။ ဟန်ရှောင်းသည် သူ၏ကိုယ်ရေးကိုယ်တာအမှန်ကို ပထမဆုံးသိသူဖြစ်သောကြောင့် ဟန်ရှောင်းကို သဘောကျသည်။ ထို့နောက် သူက “ဘာလိုချင်လဲ၊ အိုး ခဏနေ၊ စကားမစလိုက်နဲ့ဦး။ ဆေးဖက်ဝင် လက်ဖက်ခြောက်အိုးကို ငါလုပ်လိမ့်မယ်။ စမ်းကြည့်ချင်လား?"

ထို့နောက် သူ့လက်ထဲက ခွက်ကို ညွှန်ပြလိုက်သည်။

ခွက်ထဲက ဆေးဖက်ဝင် လက်ဖက်ရည်က အလွန်ပျစ်၏။ လက်ဖက်ရည်သည် အစိမ်းရင့်ရောင်ရှိပြီး ထူးဆန်းသော ပူဖောင်းများရှိသည်။

ဟန်ရှောင်းက သူ့ပါးစပ်ကို ပိတ်လိုက်သော်လည်း နောက်ဆုံးတွင် သူပြောလိုသော ဆန္ဒကို သည်းမခံနိုင်တော့ပေ။ သူက ဆေးဖက်ဝင်အပင်လက်ဖက်ရည်ကို လက်ညှိုးထိုးပြပြီး အသက်ရှူမဝသော အသံဖြင့် “ဒါဆို ကျွန်တော် ဘာအပေးအယူလုပ်ရမှာလဲ”

Bennett ၏ မျက်နှာတစ်ပြင်လုံးတွင် ရှုပ်ထွေးမှုများ ပေါ်လာသည်။ ဟန်ရှောင်းပြောတာကို သူနားမလည်ပေ။

ဟန်ရှောင်းချောင်းဆိုးပြီး စကားလမ်းကြောင်း ပြန်တည့်လိုက်သည်။ "ငါ မင်းဆီက တိုက်ခိုက်ရေးနည်းတွေကို သင်ယူချင်တယ်။"

Bennett သည် သူ ရယ်ရမလား ငိုရမည်လား မသိ။ "ငါမသင်ပေးနိုင်ဘူးလို့ ပြောခဲ့တယ် ထင်တယ်...အမ်၊ အဲဒါက Sliver Defender Leader's Saber လား"

Silver Defender Leader's Saber ကို ရှေးခေတ်နိုင်ငံတစ်ခုတွင် ထုတ်လုပ်ခဲ့သည်။ ထိုနိုင်ငံ၏ လက်နက်ထုတ်လုပ်ရေးနည်းပညာများသည် နှစ်ပေါင်းရာနှင့်ချီကျော်သော သမိုင်းကြောင်းရှိခဲ့သည်။ ထုတ်လုပ်သောလက်နက်တိုင်းသည် ကြီးမားသောလက်ရာကိုပြသသည့် တန်ဖိုးကြီးပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ခံရသည်။ ကမ္ဘာပေါ်တွင် ထိုဓားရှည် တစ်ရာခန့်သာ ကျန်တော့၏။

ဓားရှည်က တကယ့်ကို ဂန္တဝင်ပင်။ ဓားသွားပေါ်တွင် ထွင်းထုထားသော ကျမ်းစာများရှိသည်။ ရေးထိုးထားသော စကားလုံးများသည် အနုသယ နှစ်သက်စရာကောင်းပြီး ဓားသွားတိုင်းကို မတူညီသော စာပိုဒ်များဖြင့် ထွင်းထုထားသည်။ အဆိုပါစာပိုဒ်များကို ပေါင်းစပ်လိုက်ပါက ရှေးခေတ်နိုင်ငံတော်၏ ဝတ္ထုတစ်ခု ဖြစ်လာသည်။

Bennett သည် ဓားရှည်ကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးထဲက အကြည့်ကနေ ဓားသွားကို အရမ်းကြိုက်တယ်လို့ ပြောနိုင်တယ်။ သို့သော်လည်း လက်ကို ဆန့်တန်းပြီး လှမ်းမယူပေ။ ယင်းအစား သူသည် ဟန်ရှောင်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ "မင်းငါ့ကို ဒီဓားရှည် ပေးချင်တာလား။ ငါက ရှေးဟောင်းလက်နက်တွေ စုဆောင်းရတာ ကြိုက်တယ်ဆိုတာ ဘယ်လိုသိလဲ။ မင်းငါ့ကို အထင်ကြီးသူပဲ ဖြစ်ရမယ်!"

“ငါ…” ဟန်ရှောင်းက စကားပြန်မပြောနိုင်ပေ။ အမှန်တော့၊ Bennett ကို သူလုပ်နေတာက သာမန်ထက် အနည်းငယ် လွန်ကဲနေ၏။ Bennett အား ဓားကို ဘာကြောင့် ပေးချင်ရတာလဲ ဆိုတာ ရှင်းပြရခက်နေသည်။ ကျွမ်းကျင်မှုအသစ်တွေကို သင်ယူနိုင်သရွေ့ နားလည်မှုလွဲတာမျိုးကို လက်ခံနိုင်ရမယ်လို့ သူ့ကိုယ်သူ တွေးလိုက်သည်။ ငါ့ရဲ့လုပ်ရပ်တွေက Bennett နဲ့ ဆက်ဆံရေးကိုတောင် တိုးတက်စေနိုင်တယ်။

မင်း ပျော်နေသရွေ့တော့ ကောင်းပါတယ်။

{TL Note: နင်ပျော်ရင်ပြီးတာပဲ၊ နင်ပျော်ရင်ပြီးတာပဲ 🤣}

Silver Defender Leader's Saber ကိုရရှိပြီးနောက်၊ Bennett သည် ထိုတန်ဖိုးကြီးသောပိုင်ဆိုင်မှုကို လက်မှမချနိုင်ပေ။ သူလည်း တော်တော်ရှုပ်‌ထွေးသွားသလို ခံစားရတယ်။ ဟန်ရှောင်းသည် သူအမြဲတမ်းတောင့်တခဲ့သော လက်ဆောင်တစ်ခုကို ပေးခဲ့သည်။ ထို့အပြင် ဟန်ရှောင်းသည် သူ့၏ အမာခံပရိတ်သတ်တစ်ယောက်လို ပုံပေါက်နေသောကြောင့် ဟန်ရှောင်း၏တောင်းဆိုမှုကို မငြင်းဆန်နိုင်တော့ပေ။

Bennett ခဏလောက်စဉ်းစားပြီးနောက် ခေါင်းကို မော့လိုက်သည်။ သူက ဟန်ရှောင်းကို ပြုံးပြီး ပြောလိုက်သည်။ "လုပ်ရအောင်"

ဟန်ရှောင်းသည် ကြက်သီးများ ထလာသည်ကို ခံစားလိုက်ရပြီး ချက်ချင်း နောက်ပြန်ဆုတ်သွားသည်။ သူ့လက်ကို သူ့ခန္ဓာကိုယ်ရှေ့မှာ ကာထား၏။ သူ့ခန္ဓာကိုယ်သည် တင်းမာနေပြီး သူမျှော်လင့်ထားသည့် Bennett၏ လာမည့်လှုပ်ရှားမှုကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

"မင်းဘာတွေတွေးနေတာလဲ၊ ငါပြောချင်တာက မင်းကို စကေးတစ်ခုခု သင်ပေးဖို့ ဆန္ဒရှိတယ်" Bennett က သူ့နဖူးကိုရိုက်ရင်း ပြောလိုက်သည်။

"နောက်တစ်ခါကျရင် အပြည့်အစုံ ပြောလို့ရမလား"

"... မင်းစိတ်ထဲက ဒီညစ်ညမ်းတဲ့ အတွေးတွေကို ရှင်းပစ်ရမယ်။" Bennett မည်ကဲ့သို့ တုံ့ပြန်ရမည်ကို မသိတော့ပေ။ ခေါင်းကို ခါယမ်းပြီး ခဏလောက် စဉ်းစားနေ၏။ ဟန်ရှောင်း သင်ပေးချင်တဲ့ စကေးတစ်ခုကို နောက်ဆုံးမှာ သူရွေးထုတ်လိုက်သည်။

“ငါ ငယ်ငယ်တုန်းက အားနည်းခဲ့တဲ့ အစောပိုင်းကာလတွေမှာ တိုက်ခိုက်ရေးနည်းစနစ်တွေကို စမ်းသပ်ပြီး ရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒီနည်းစနစ်တွေထဲက တစ်ခုက ငါ့ကို ဆုတ်ယုတ်နေချိန်မှာ တစ်ကျော့ပြန်ဖြစ်လာနိုင်ဖို့ စွမ်းအားကို ပေးစွမ်းနိုင်ခဲ့တယ်။ အဲဒီ နည်းစနစ်ကို [Flaming Will] လို့ နာမည်ပေးထားတယ်။

“ဦးနှောက်က လူတစ်ဦး၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးပေမယ့် တစ်ချိန်တည်းတွင် ကန့်သတ်ချက်တစ်ခု ဖြစ်နေတယ်။ အဲဒီကန့်သတ်ချက်ကို ဖယ်ရှားနိုင်လျှင် လေ့ကျင့်မှုပုံစံမရှိတဲ့ သာမန်လူတစ်ယောက်တောင် ကြီးမားသော စွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မယ်။

"ဒါပေမယ့်၊ ဒီလိုနည်းလမ်းက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိခိုက်စေတယ်။ တစ်ခါက အန္တရာယ်နဲ့ ကြုံလာရတဲ့အခါ ကန့်သတ်ချက်ကို မထင်မှတ်ဘဲ ဖွင့်မိသွားပြီး နည်းနည်းလောက် ကြိုးစားပြီးတဲ့အခါ၊ ခန္ဓာကိုယ်ကို မထိခိုက်စေဘဲ ကန့်သတ်ချက်ကို အချိန်ခဏတာ ဖယ်ရှားနိုင်တဲ့ နည်းလမ်းကို ရှာဖွေနိုင်ခဲ့တယ်။”

Bennett သည် နည်းစနစ်နောက်ကွယ်ရှိ သီအိုရီကို စတင်ရှင်းပြခဲ့ပြီး နည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်အောင်လုပ်ခြင်း၏ နောက်ကွယ်ရှိ အဓိကအချက်များကို စိတ်ရှည်စွာ မီးမောင်းထိုးပြခဲ့သည်။

——————————————————————

Bennett Anderson (အဆင့် ၆၀) က သင့်အား [Flaming Will] စကေးကို သင်ကြားပေးခဲ့သည်။ သင်၏ ဉာဏ်ရည်ဉာဏ်သွေးသည် အမှတ် ၁၀၀ ထက်ကျော်လွန်ပြီး ကျွမ်းကျင်မှုကို သင်ယူရန် အကြိုလိုအပ်ချက်များနှင့် ပြည့်မီသည်။ သင်၏လက်ရှိတိုးတက်မှုသည် ၃% ဖြစ်သည်။

——————————————————————

စာသင်ချိန်သည် နံနက်မှ နေ့လည်အထိ ကြာမြင့်သည်။ ဂိမ်းမျက်နှာပြင်မှ သာယာသောအသံသည် ဟန်ရှောင်း ကျွမ်းကျင်မှုကို အပြည့်အဝကျွမ်းကျင်သည့်အချိန်အထိ ဟန်ရှောင်း၏တိုးတက်မှုကို မီးမောင်းထိုးပြနေသည်။

——————————————————————

Flaming Will အဆင့် ၁ (ဗိုလ်ချုပ်အဆင့်စကေး)

လူငယ် Bennett Anderson သည် ယခင်က မြောက်ပိုင်း ကုန်းမြေတိုက်ကြီး တောကန္တာရတွင် ဤစကေးကို ကျွမ်းကျင်ခဲ့သည်။ မြောက်ပိုင်းကျားသစ်ဝက်ဝံ ခုနစ်ကောင်က သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပြီး သတ္တဝါတွေထဲက တစ်ကောင်က တင့်ကားအ‌သေးတစ်စီးလို ကြီးမား၏။ ကျားသစ်ဝက်ဝံရဲ့ ဟောက်သံကို ဘယ်သူမှ မကြားချင်ကြပေ။ သတ္တဝါသည် ဟောက်သည်နှင့်၊ ၎င်းသည် သင့်ကို မှတ်သားသွားပြီဟု ဆိုလိုသည်။ သူတို့၏ ထူထဲသော အရေပြား၊ ကြွက်သားများသည် ကျည်ဆန်များဖြင့်ပင် ဖောက်ထွင်းနိုင်ခြင်းမရှိပေ။

Bennett သည် တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် သူနှင့်အတူ ဓားမြှောင်သေးသေးလေးတစ်ချောင်းသာ ရှိခဲ့သည်။ သူ့တွင် မည်သည့်အပူလက်နက်မှ မပါရှိပေ။ ဒီလိုစိတ်ပျက်စရာကောင်းသောအချိန်မျိုးမှာ Bennett သည် နည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီး High-frequency Wave Blade (ကြိမ်နှုန်းမြင့်လှိုင်းဓါး) နဲ့ နှိုင်းယှဉ်နိုင်သော ထိခိုက်နိုင်မှုတွေကို ဖြစ်စေရန် သူ့ရဲ့ဓားမြှောင်သေးသေးလေးကို အသုံးပြုခဲ့သည်။။

ဤစကေးတွင် passive နှင့် active စွမ်းရည်နှစ်မျိုးလုံးရှိသည်။

Active စွမ်းရည် - စွမ်းအင်နှင့်သက်လုံ၏ ၁၀% အထက်ကန့်သတ်ချက် ကုန်ဆုံးသွားသောအခါ၊ နောက်တိုက်ခိုက်မှုသည် ထိခိုက်နိုင်မှု ၁၃၀ မှ ၁၅၀% ကို ပေးလိမ့်မည်။ ထိခိုက်နိုင်မှု ၁၈၀ မှ ၂၀၀% ဖြစ်နိုင်ခြေအနည်းငယ်ရှိပြီး၊ ထိခိုက်နိုင်မှု ၂၅၀ မှ ၃၀၀% ဖြစ်နိုင်ချေ အနည်းဆုံးရှိသည်။ နောက်ဆုံးအနေဖြင့်၊ အလွန်ရှားပါးသည့်၊ ၅၀၀% ထိခိုက်နိုင်မှု ဖြစ်နိုင်ချေရှိသည်။ စွမ်းရည်အတွက် နောက်တစ်ကြိမ် ပြန်သုံးနိုင်မည့်အချိန်သည် ဆယ်မိနစ်ဖြစ်သည်။

Passive စွမ်းရည် - သွေးအမှတ်သည် ၂၀% အောက်နည်းသောအခါ စွမ်းရည်ကို အသက်သွင်းမည်ဖြစ်သည်။ နောက်တစ်ကြိမ် ပြန်သုံးနိုင်မည့်အချိန်သည် မိနစ်သုံးဆယ်ဖြစ်သည်။

တိုးလာသော တိုက်ခိုက်မှုကို အခြေခံတိုက်ခိုက်မှုမှ ပေးသော ထိခိုက်နိုင်မှုမှ တွက်ချက်သည်။ ခုခံနိုင်မှု သဘောတရားနှင့် ဆင်တူသည်။ ရရှိလာသော မူလထိခိုက်နိုင်မှု (original damage )သည် ထိခိုက်မှုလျှော့ချခြင်းများ (damage reductions)ကို ထည့်သွင်းစဉ်းစားပြီးနောက် ထိခိုက်နိုင်မှုအမှန် (true damage) သို့ ပြောင်းလဲသွားသည်။

မှတ်ချက် - active နှင့် passive စွမ်းရည်များအတွက် နောက်တစ်ကြိမ် ပြန်သုံးနိုင်မည့်အချိန်များကို သီးခြားစီတွက်ချက်ပါသည်။

ဘယ်လောက် သန်မာတဲ့ လှုပ်ရှားမှုလဲ။ ဟန်ရှောင်းသည် အလွန် စိတ်လှုပ်ရှားနေ၏။ သူ့အတိတ်ဘဝကတည်းက ဤစကေးကို ကျွမ်းကျင်ပိုင်နိုင်လိုစိတ်ရှိခဲ့ပြီး ယနေ့တော့၊ သူသည် နောက်ဆုံးတွင် အောင်မြင်ခဲ့ပြီဖြစ်သည်။

ကစားသမားများက [Flaming Will] ကိုပေးသောအခြားအမည်တစ်ခုရှိသည်။ အဆိုပါစွမ်းရည်ကို 'ဂလက်ဆီငယ်၏ပေါက်ကွဲမှု' ဟုလည်းလူသိများသည်။

ဤစကေးသည် အသက်မွေးဝမ်းကြောင်းအားလုံးမှ ကစားသမားများ ကျွမ်းကျင်နိုင်သည့် ဗိုလ်ချုပ်အဆင့်စကေးတစ်ခုဖြစ်သည်။ ကြိုတင်လိုအပ်ချက်မှာ ဥာဏ်ရည်ဥာဏ်သွေးသည် အမှတ် ၁၀၀ ထက် ကျော်လွန်နေရမည်ဖြစ်သည်။ Silver Defender Leader's Saber အချောင်းတစ်ရာရှိ၏။ ထို့ကြောင့် လူတစ်ရာခန့် ဤစကေးကို ကျွမ်းကျင်စွာ တတ်မြောက်နိုင်သည် ။

ဟန်ရှောင်းသည် သူတို့ထဲက တစ်ယောက်ဖြစ်သည်။

[Flaming Will] သည် သူ၏ စနိုက်ပါစွမ်းရည်အတွက် ပြီးပြည့်စုံသော ဖြည့်စွက်ချက်တစ်ခုဖြစ်သည်။ ထိခိုက်နိုင်မှုက သူ့ဥာဏ်ရည်နှင့် ကံတရားပေါ်မှာ မူတည်သည်။ အရည်အချင်းနှစ်ခုကို ပေါင်းစပ်လိုက်လျှင် တစ်ခုနှင့်တစ်ခု အားနည်းချက်များကို ဖုံးကွယ်နိုင်ပြီး ပျမ်းမျှစွမ်းအား ပိုကောင်းသွားနိုင်သည်။

စကေးကို အသက်သွင်းပြီးသည်နှင့် အနိမ့်ဆုံး ထိခိုက်မှု ၁.၃ မှ ၁.၅ ဆအထိ တိုးလာသည်။ ရုတ်တရက် တိုက်ခိုက်ခြင်း၊ တိတ်တဆိတ်တိုက်ခိုက်ခြင်းနှင့် စနိုက်ပါပစ်ခတ်ခြင်းတို့နှင့်အတူ၊ စွမ်းရည်သည် စနိုက်ပါရိုင်ဖယ်၏ စွမ်းအားကို အတိုင်းအတာတစ်ခုအထိ ပိုမိုမြှင့်တင်ပေးနိုင်သည်။ စွမ်းအင်များ တက်လာပါက၊ ၎င်းသည် ထပ်ပေါင်းထိခိုက်နိုင်မှု ၃ ဆမှ ၅ ဆအထိ ဖြစ်နိုင်သည်။ သူ၏ယခင်ဘဝတွင်၊ ဟန်ရှောင်းသည် သူ့နှင့် တိုက်ခိုက်ရာတွင် [Flaming Will] ကိုအသုံးပြုသော ကစားသမားများနှင့် တွေ့ဆုံခဲ့ဖူးသည်။ ပြိုင်ဘက်၏ ပစ်ခတ်မှု တစ်ချက်က သူ့အကာအကွယ် တစ်ခုလုံး ကွဲကြေသွားစေသည်။ သူသည် ဆက်လက် တိုက်ပွဲဝင်ရန် နည်းလမ်းမရှိခဲ့ပေ။

စွမ်းရည်၏ နောက်တစ်ကြိမ် ပြန်သုံးနိုင်မည့်အချိန်သည် အချိန်ကြာမြင့်သောကြောင့် အောင်ပွဲခံမည့် နောက်ဆုံးပစ်ချက်အတွက် သင့်တော်သည်။ စနိုက်ပါတစ်ဦးသည် အသုံးပြုနိုင်သည့် အခြားစကေးတစ်ခု ရှိသေးသည်။ ထိုစကေးတွင် ရန်သူကို ချောင်းမြောင်းတိုက်ခိုက်ရန် လျှို့ဝှက်ပစ်ခတ်မှုများ ပါဝင်သည်။ ထိုသို့သော ချောင်းမြောင်းပစ်ခတ်မှုသည် ရန်သူများပင် မသိဘဲ သူတို့၏ အားနည်းသော နေရာများကို ထိမှန်‌စေသည်။

ဟန်ရှောင်း ယူလာသော အခြားပစ္စည်းဖြစ်သည့် Lock HOC Sniper Rifle သည် သူယူမည့် side professionအတွက် မစ်ရှင်များကို ပိုမိုအသက်သွင်းနိုင်သည်။ သူ့ side profession တွင် သိုဝှက်ပြီး လျှို့ဝှက်သော စစ်ဆင်ရေးများ ပိုများ၏။ ဟန်ရှောင်းသည် ဤအရာဖြင့် ဘေးထွက်မစ်ရှင်များကို စတင်ရန် အစီအစဉ်မရှိသေးပေ။ သူသည် အိမ်ကြီးကို ကာကွယ်ရန် မစ်ရှင်ကို ပြီးမြောက်ပြီးမှသာ ၎င်းကို အချိန်အလုံအလောက်နှင့် အာရုံစိုက်ချင်သည်။

ဟန်ရှောင်း၏ စိတ်လှုပ်ရှားမှုကိုမြင်ပြီးနောက်၊ Bennett သည် ပဟေဋ္ဌိဖြစ်သွားပြီး "မင်း သင်ယူပြီးပြီလား" ဟုမေးခဲ့သည်။

“မြန်တယ် မဟုတ်လား။” ဟန်ရှောင်းသည် ဂုဏ်ယူစွာဖြင့် ပြုံးပြလိုက်သည်။

Bennett က တုန်လှုပ်သွားပြီး သူကြားတာကို မယုံနိုင်ဖြစ်သွားတယ်။ သူက နောက်သို့ ဆုတ်လိုက်ပြီး ပြောလိုက်သည်။ “ငါ့ကို တစ်ချက်လောက် ထိုးကြည့်၊ မင်း စကေးကို တကယ်ကျွမ်းကျင်ရင် ငါသိလိမ့်မယ်”

ထိုစကားကိုကြားသောအခါတွင်၊ သူ၏စွမ်းရည်အသစ်ကို စမ်းသပ်ရန်မစောင့်နိုင်တော့ဘဲ ဟန်ရှောင်းသည် Bennett အား ပြင်းထန်သောလက်သီးဖြင့် ထိုးချလိုက်သည်။

——————————————————————

သင် [Flaming Will] ကို အသုံးပြုခဲ့သည်။

စတင်နေသည်...

စတင်ခြင်း ပြီးပါပြီ။ သင်၏နောက်ထပ်တိုက်ခိုက်မှုသည် အခြေခံထိခိုက်နိုင်မှု၏ ၁၃၆% ကို ပေးလိမ့်မည်။

——————————————————————

လက်သီးသည် Bennett ၏မျက်နှာဘယ်ဘက်ခြမ်းသို့ ရောက်သွားသည်။ Bennett ၏မျက်နှာသည် သံမဏိထက် ပိုမာကျောသော ဖျက်ဆီး၍မရသော နံရံတစ်ခုလို ခံစားရသည်။ Bennett ၏ ဦးခေါင်းအထက်တွင် ထိခိုက်မှုအမှတ် -၁ ကိုပြသခဲ့သည်။

————————————————————————

သင်တိုက်ခိုက်ရေးမုဒ်သို့ ဝင်ရောက်ခဲ့သည်။

သင့်အဆင့်ပေါ်မူတည်၍ အောက်ပါအချက်အလက်များကို သင်ဝင်ရောက်ခွင့်ရှိသည်။

Bennett Anderson

အဆင့် - ၆၀

အသက်မွေးဝမ်းကျောင်း : ?

အမျိုးအစား : ?

သွေးအမှတ် : ?

အခြေအနေ - လျှို့ဝှက်ဒဏ်ရာ (ပင်ကိုယ်အရည်အသွေးများအားလုံး လျော့ကျနေသည်။)

စွမ်းအင် : ?

စွမ်းအင်အဆင့် - ?

အဆင့် - D+ (C)

အားသာချက်များ

- Lucky Glow - သင်လိုချင်တဲ့အရာက တကယ်ဖြစ်လာပြီး ဒုက္ခက အခွင့်အလမ်းအဖြစ် ပြောင်းလဲသွားလိမ့်မယ်။

(ကံကောင်းသောတောက်ပခြင်း)

- ဒဏ္ဍာရီတိုက်ပွဲနည်းပညာများ - တိုက်ခိုက်မှု ဆယ့်နှစ်ကြိမ်ဖြင့်၊ ၄၀-၇၀% အထိ အပိုထိခိုက်နိုင်မှုများ ရှိလိမ့်မည်။

–???

ကျွမ်းကျင်မှု/စကေး -

- အားနည်းချက်ကို တိုက်ခိုက်ခြင်း အဆင့် ၈

- အရိပ်ပြေးလွှားခြင်း အဆင့် ၉

– ???

အခန်း (၁၁၂) ပြီး၏။

လင်းဆက်

+++++

All Chapters