← Chapters

ကိုယ်ပျောက်နတ်ဆိုး၏ တိုက်ခိုက်မှု (Invisible Demon)

Vol. 8 Ch. 117

ကိုယ်ပျောက်နတ်ဆိုး၏ တိုက်ခိုက်မှု (Invisible Demon)

Vol. 8 Ch. 117

အခန်း (၁၁၇) ကိုယ်ပျောက်နတ်ဆိုး၏ တိုက်ခိုက်မှု (Invisible Demon)

ဌာန၁၃ တည်ရှိရာ ဧရိယာတဝိုက်တွင် ကင်းလှည့်နေစဉ် Moonlight သည် ခံစားချက်မရှိသော မျက်နှာထားဖြင့် လမ်းပေါ်တွင် လျှောက်သွားနေသည်။

သူကတိပေးကတည်းက ကင်းလှည့်ခဲ့ပြီး၊ အချည်းနှီးသောကတိများ မပေးခဲ့ပေ။

သူ့ခန္ဓာကိုယ်က စွမ်းအင်ကို ရှူရှိုက်လိုက်သလိုမျိုး၊ အေးစက်နေတဲ့ လရောင်က သူ့အပေါ်ကို လင်းလက်နေ၏။ ငွေရောင် ရောင်ဝါသည် သူ့ခန္ဓာကိုယ်၏မျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်လာပုံရပြီး ကြော့ရှင်းသော်လည်း ခမ်းနားထည်ဝါသော အသွင်အပြင်ဖြင့် သူ့ကို ပေါ်လွင်စေသည်။

တိတ်ဆိတ်သောလမ်းကြားမှ လမ်းလျှောက်လာရင်း လရောင်သည် သူ့ခေါင်းကို ဆတ်ခနဲ လှည့်လိုက်ပြီး သူ၏စွမ်းရည် [လ၏စွမ်းအား] သည် ရုတ်တရက် အသက်ဝင်လာသည်။ ၎င်းသည် သူ့ပတ်ဝန်းကျင်တွင် ချပ်ဝတ်တန်ဆာတစ်ခုကို ဖန်တီးခဲ့သည်။ သူ၏စွမ်းရည်သည် သူ့အား ကာယခွန်အားရရှိရန် လရောင်မှစွမ်းအင်ကို အသုံးပြုခွင့်ပေးသည်။

သူ့မျက်လုံးတွေက အဖြူနဲ့ ငွေရောင်ပြောင်းသွားပြီး လရောင်နဲ့ ရစ်ပတ်ထားတဲ့ သူ့လက်သီးတွေက ရုတ်တရက် လေထဲကို ပစ်လွှတ်လိုက်တယ်။ ခန္ဓာကိုယ်တစ်ခုကို ထိသွား၏။

“မင်းက ဘယ်သူလဲ” Moonlight က ဒေါသတကြီး အော်လိုက်တယ်။

ငွေရောင်အလင်းတန်းများအောက်တွင် လူသားရုပ်သဏ္ဍာန်သည် ပါးလွှာသောလေထုမှ ဖြည်းညှင်းစွာပေါ်လာသည်။

…

အရုဏ်မတက်မီတွင် ဟန်ရှောင်းသည် ပါးစပ်တွင် အမြှုပ်ထနေသော ထန်ရှုနှင့်အတူ စွန့်ပစ်ထားသော အိမ်ဟောင်းသို့ ပြန်လာသည်။ သူသည် ရှေးဟောင်းပစ္စည်းများကို လီရှင်းထံ လွှဲပြောင်းပေးခဲ့သည်။

_________________________________

သင် [ရှေးဟောင်းပစ္စည်းများ ပြန်ပေးခြင်း] မစ်ရှင် ပြီးပါပြီ။

လက်ရှိပါဝင်သူဦးရေ - ၁

ပြီးမြောက်သော ပါဝင်သူများ- ၁

သင် ရှေးဟောင်းပစ္စည်း ဆယ်ခု ပြန်ပေးခဲ့သည်။

သင်သည် ၁၀၀% ဆုလာဘ်ကို ရရှိသည်။

သင်သည် အတွေ့အကြုံအမှတ် ၁၀၂,၀၀၀ ရရှိခဲ့သည်။

_________________________________

ဒီမစ်ရှင်မှာ ယှဉ်ပြိုင်မယ့် တခြားကစားသမားတွေ မပါဝင်တာကြောင့် သူ့အတွက် စိန်ခေါ်မှုတစ်ခုမဟုတ်ခဲ့ပေ။

ဟန်ရှောင်းသည် ဂိမ်းမျက်နှာပြင် ကြည့်လိုက်သည်၊ ဤရက်အနည်းငယ်အတွင်း သူရရှိခဲ့သော အတွေ့အကြုံအမှတ်သည် ၇၀၀,၀၀၀ ရောက်သွားပုံရသည်။

အတွေ့အကြုံအမှတ်များ ရရှိပြီးနောက် ဟန်ရှောင်းသည် လက်ပြနှုတ်ဆက်ကာ ခြေရာလက်ရာမကျန်ဘဲ လှည့်ထွက်ခွာသွားတော့သည်။

လီရှင်းသည် ဟန်ရှောင်း၏ နာမည်ကို မမေးရသေးကြောင်း ရုတ်တရက် သိလိုက်ရသည်။ သူမသည် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ ဟန်ရှောင်းဟာ သူမ အိပ်မက်ထဲက မင်းသားလေးလိုပင်၊ သူမ ဒုက္ခရောက်နေချိန်မှာ ပေါ်လာပြီး၊ သူမကို လိုအပ်တဲ့ အကူအညီပေးကာ ပျောက်သွားခဲ့သည်။

ထန်ရှုသည် ထောင့်တစ်ထောင့်တွင် ခွေနေပြီး ချာချာလည်နေတုန်းပင်။ "ငါ မင်းကို ဘယ်တော့မှ ထပ်မတွေ့ချင်တော့ဘူး" သူက ညည်းတွားနေတော့သည်။

လမ်းမတွေပေါ်မှာ လမ်းလျှောက်နေတဲ့ ဟန်ရှောင်းက မှန်ပြတင်းပေါက်ပါတဲ့ ဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရတယ်။ သူ့မျက်နှာဖုံးနဲ့ ပုံဖော်ထားတဲ့ မျက်နှာကို မြင်လိုက်ရတော့ အံ့သြသွားတယ်။

ဝိုး၊ သောက်ရမ်း ခန့်ညားတယ်။

ဒါပေမယ့် ငါ့ရဲ့မူလပုံစံကို မယှဉ်နိုင်သေးဘူး။

ဟန်ရှောင်းက သူ့မျက်နှာဖုံးတွင် ထိုပုံပန်းသဏ္ဍာန်ကို သိမ်းထားရင်း သူ့နှုတ်ခမ်းတွေကို စုပ်လိုက်သည်။

ဤအခြေအနေတွင်၊ ဟန်ရှောင်းသည် ပြတင်းပေါက်၏ ရောင်ပြန်ဟပ်မှုတွင် သူ့နောက်ကွယ်ရှိ ကွက်လပ်တွင် ဘာမှမထူးခြားသော မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။

...

ဌာန၁၃၊ မိုရန်၏ ဇင်ယော်မြို့ ဌာနခွဲရုံး...

“မနေ့ညက လုပ်ကြံသတ်ဖြတ်သူ သုံးဦး Moonlight, Volcano နဲ့ Hunter တို့ အသတ်ခံရတယ်။" တိစုစုက မိုရန်သို့ သတင်းပို့သည်။

“ဒဏ်ရာတွေက အရမ်းတူတယ်။ ၎င်းတို့သည် ချွန်ထက်သော အရာတစ်ခုကို သုံးပြီး အလွန်မြင့်မားတဲ့ အရှိန်နဲ့ နှလုံးကို ထိုးဖောက်တာ ဒါမှမဟုတ် လည်ချောင်းကို ဖြတ်သွားပုံရတယ်။ ပတ်ဝန်းကျင်မှ စုဆောင်းရရှိထားသော အထောက်အထားများအပေါ် အခြေခံ၍ တိုက်ပွဲသည် ဆယ်စက္ကန့်အောက်ပဲ ကြာတယ်။ ဒီလုပ်ကြံသတ်ဖြတ်သူသုံးဦးသည် အားနည်းသူတွေ မဟုတ်ဘူး၊ အထူးသဖြင့် Moonlight၊ သူ့မှာ စွမ်းအင်ကို စုပ်ယူနိုင်စွမ်းရှိပြီး ကာယအားကို မြှင့်တင်ပေးနိုင်တဲ့ စွမ်းရည်ရှိတယ်။ လူသတ်သမားက လုပ်ကြံသတ်ဖြတ်သူ သုံးဦးကို အလွယ်တကူ ချဉ်းကပ်နိုင်တာကြောင့်၊ သူ၏ စွမ်းရည်က အလွန်အမင်း သေစေနိုင်တာ ဖြစ်ရမယ်။ "ဗီဒီယိုမှတ်တမ်းရှိလား"

“မရှိဘူး၊ လူသတ်သမားက ထောက်လှမ်းရေးကင်မရာတွေ မရှိတဲ့ နေရာတွေကို ရွေးချယ်ထားတာ ဖြစ်ရမယ်။”

"သံသယဖြစ်တဲ့လူရှိလား" မိုရန်က မေးသည်။

"လျှို့ဝှက်စွမ်းရည်၊ အရမ်းမြန်တဲ့အရှိန်အဟုန်နဲ့ အခြား ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူတွေနဲ့ အက်စ်ပါကို လက်တစ်ဖျစ်အတွင်း သတ်ဖြတ်နိုင်စွမ်းနဲ့၊ အန္တရာယ်စာရင်းမှာ လိုက်ဖက်တဲ့ ဇာတ်ကောင်တစ်ခု ရှိနေပုံရတယ်... Invisible Demon ကိုယ်ပျောက်နတ်ဆိုး!"

Wang Yuan ၏ မျက်နှာသည် မည်းမှောင်သွားသည်။ "ဒါ သူပဲ!"

ကြောက်မက်ဖွယ်ကောင်းသော လူသတ်သမားဖြစ်သည့် ကိုယ်ပျောက်နတ်ဆိုး သည် ကြိုးတိုက်တွင် ပြစ်ဒဏ်ကျခံရဖူးသော်လည်း စမ်းသပ်မှုတစ်ခုအတွက် စမ်းသပ်ခံအဖြစ် ရွေးချယ်ခံခဲ့ရသည်။ စမ်းသပ်မှုရလဒ်အရ သူ့တစ်ကိုယ်လုံး ပြောင်းလဲလာသည်။ မျက်လုံးမှလွဲ၍ သူ့တစ်ကိုယ်လုံးသည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်စွမ်းရှိသည်။ အခြေခံအားဖြင့် သူသည် မမြင်နိုင်သောလူ ဖြစ်လာသည်။

ထို့အပြင်၊ ကိုယ်ပျောက်နတ်ဆိုးသည် သူ၏ကိုယ်ပိုင် အက်စ်ပါစွမ်းရည်ဖြစ်သည့် အလွန်ပြင်းထန်သော တုံ့ပြန်မှုနှင့် အမြန်နှုန်းကိုလည်း နိုးကြားစေခဲ့သည်။ ဒါက သူ့ကို စမ်းသပ်ခန်းမှ လွတ်မြောက်နိုင်နည့် စွမ်းရည်ကို ပေးခဲ့၏။ ထိုအချိန်မှစ၍ သူသည် မြေအောက်ကမ္ဘာတွင် လှုပ်ရှားခဲ့ပြီး မည်သူမျှ မသိနိုင်သော လျှို့ဝှက်ဆန်းကြယ် လူသတ်သမား ဖြစ်လာခဲ့သည်။

Wang Yuan ၏ မျက်နှာသည် ခံစားချက် ကင်းမဲ့သွားကာ သူ့မျက်လုံးများက အေးစက်သော အကြည့်ဖြင့် ကြည့်နေသည်။ ကိုယ်ပျောက်နတ်ဆိုးကို ငှားရမ်းခြင်းသည် စျေးမပေါပေ။ ဒီသစ္စာဖောက်တွေ ညစ်ပတ်တဲ့ငွေတွေကိုအဖွဲ့အစည်းထဲက ဘယ်လောက်များ အိတ်ထဲထည့်ထားတာလဲ။

ကိုယ်ပျောက်နတ်ဆိုး မှာ ထူးထူးခြားခြား လုပ်ကြံသတ်ဖြတ်နိုင်စွမ်းရှိပေမယ့် Bennet ကတော့ မကြောက်ပေ။ တစ်စုံတစ်ခုကို မမြင်ရသော်လည်း သူ့ကို မြင်ယောင်ရန် သူ၏ အခြားသော အာရုံခံစားမှုများကို အားကိုးနိုင်သည်။ သူဟာ Wang Yuan ရဲ့ ဆယ်မီတာအတွင်း နတ်ဆိုးကို ဘယ်တော့မှ အရောက်ခံမည် မဟုတ်ပေ။

"နတ်ဆိုးက ငါ့အစောင့်တွေကို အရင် ဖယ်ပစ်ချင်နေတယ်၊ ဒါဆို ငါ့လူတွေ အန္တရာယ်ရှိလိမ့်မယ်" Wang Yuan က ဆိုသည်။ "မိုရန်၊ ငါ့ရဲ့ လုပ်ကြံသတ်ဖြတ်သူတွေနောက်ကို လိုက်နေတဲ့လူတွေကို ချက်ချင်းစုရုံးဖို့ အကြောင်းကြားပေးပါ”

တိစုစု ကူကယ်ရာမဲ့‌နေ၏။ "ရွှေမြေခွေးက ဟိုတယ်မှာ အနားယူနေတယ်၊ ဒါပေမယ့် မစ္စတာဘလက်က၊ သူ့ကို နောက်ယောင်ခံလို့ မရတော့ဘူး။"

Wang Yuan အံသြသွားသည်။ "ကျေးဇူးပြုပြီး သူ့ကိုရှာဖို့ လူတစ်ချို့ကို စေလွှတ်လိုက်ပါ။"

နတ်ဆိုးသည် စနိုက်ပါသမား၏ ပိုဆိုးသောရန်သူဖြစ်သည်။ Bennett ပင် ဟန်ရှောင်းက တိုက်ခိုက်မှုတွင် အသက်မရှင်နိုင်ဟု ယုံကြည်ခဲ့သည်။ သူက ဟန်ရှောင်းကို သဘောကျပြီး သူ့ကို ကယ်တင်ချင်ပေမယ့် Wang Yuan ကို ကာကွယ်ဖို့ တာဝန်ရှိတဲ့အတွက် သူ့ကို မကူညီနိုင်ပေ။ ဟန်ရှောင်းက သူ့ကိုယ်သူ လုံခြုံအောင်နေနိုင်ပါစေလို့သာ ဆုတောင်းနေနိုင်သည် ။

...

မျက်လုံးများ ပေါ်လာသည်နှင့် တပြိုင်နက် ဟန်ရှောင်းသည် သူ့နောက်ကျောနှင့် လည်ပင်းတို့ကို ဖုံးအုပ်ရန် သံလိုက်ချပ်ဝတ်ကို အသက်သွင်းလိုက်သည်။ နောက်တချက်တွင်၊ ချပ်ဝတ်သည် ချွန်ထက်သောလက်နက်ဖြင့် စက္ကန့်ပိုင်းအတွင်း အကြိမ်ပေါင်းများစွာ ထိမှန်သွားသကဲ့သို့ မီးပွားများသည် ချပ်ဝတ်၏မျက်နှာပြင်မှ ဖြာထွက်သွားသည်။

ဒီမစ်ရှင်က ယူလာရမယ့် အန္တရာယ်တွေအကြောင်း သူ ဟိုးအရင်ကတည်းက သိခဲ့ပြီးဖြစ်လို့ တိုက်ပွဲဝင်ဖို့ အမြဲတမ်း ပြင်ဆင်ထားခဲ့သည်။ ဤနည်းဖြင့် သူသည် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။

သူ့နောက်ကျောကို ရိုက်ခတ်မှုကြောင့် ဟန်ရှောင်းသည် စတိုးဆိုင်ထဲသို့ တွန်းပို့ခံခဲ့ရပြီး မှန်ပြတင်းပေါက်မှာ ကွဲကြေသွားခဲ့သည်။

ရန်သူကို မမြင်နိုင်ဘူး။ ဟန်ရှောင်း လက်ရှိ ပြဿနာကို ချက်ချင်း သဘောပေါက်သွားတယ်။

ဟန်ရှောင်းသည် စတိုးဆိုင်ထဲသို့ ပြုတ်ကျလာသည်နှင့်အမျှ အန္တရာယ် အ‌ငွေ့အသက်က သူ့နောက်သို့ လိုက်လာသည်။ လေထဲတွင် တစ်စုံတစ်ယောက် အရှိန်ပြင်းပြင်းဖြင့် ဖြတ်သွားနေသည့် ကြားလိုက်ရသည်။ ရုတ်တရက် ဟန်ရှောင်းသည် နောက်သို့ လျှောထွက်ကာ သူ့သေနတ်များကို ထုတ်ပြီး အသံကြားသည့် နေရာကို ပစ်ခတ်လိုက်သည်။ သို့သော် ရန်သူ့ကို မထိခဲ့ပေ။ သိုလှောင်ခန်းများ ကွဲအက်သွားကာ နံရံတွင် ကျည်ဆန်များ ပေါ်လာသည်။

မမြင်နိုင်သောရန်သူသည် ချပ်ဝတ်ကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။ နားမခံနိုင်သော စူးရှသည့်အသံများ ထွက်လာပြန်သည်။

လှုပ်ရှားမှုက အရမ်းမြန်တယ်။ ဟန်ရှောင်းသည် တိုက်ခိုက်မှုများကို တားဆီးရန်အတွက် သူ၏တုံ့ပြန်မှုကိုသာ အသုံးပြုနိုင်ပြီး ချပ်ဝတ်တန်ဆာဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်ခဲ့သည်။ ကံကောင်းထောက်မစွာ၊ သူ၏ချပ်ဝတ်တန်ဆာသည် သူ့ခန္ဓာကိုယ်၏ လေးပုံသုံးပုံကို ဖုံးအုပ်ထားသည်။ သူ၏ အသက်သွေးကြောများကို ကာကွယ်နေသရွေ့ ရန်သူ၏ ခြိမ်းခြောက်မှုမှာ အလွန်လျော့ကျသွားသည်။

ဂိမ်းမျက်နှာပြင်သည် ရန်သူဆီမှ ကျရောက်သော ပျက်စီးမှုကို ပြသနေသည်။ ရန်သူသည် သွက်လက် ထက်မြက်ပြီး တိုက်ခိုက်မှု မြင့်မားသော ဇာတ်ကောင်ဖြစ်သည်မှာ ထင်ရှားသည်။ ဟန်ရှောင်းသည် တိုက်ပွဲအချက်အလက်ကို ကြည့်ကာ လုပ်ကြံသူ၏အမည်ကို သိလိုက်သည်။

ကိုယ်ပျောက်နတ်ဆိုး။ ဟန်ရှောင်သည် အခြေအနေ မည်မျှ ရှုပ်ထွေးသည်ကို သူသိလိုက်သောကြောင့် ထိတ်လန့်သွားသည်။

ပင့်ကူနက်ကဲ့သို့ပင်၊ ကိုယ်ပျောက်နတ်ဆိုး သည် ဗားရှင်း ၁.၀ တွင် ရေပင်လယ်ဂြိုလ်တွင် သတ်ရန် အခက်ခဲဆုံး Boss များထဲမှ တစ်ဦးအဖြစ် သူ၏အမည်ကို သတ်မှတ်ခြင်းခံထားရသည်။ ကိုယ်ပျောက်နိုင်သော စွမ်းရည်များနှင့် လွန်ကဲစွာ တုံ့ပြန်မှုနိုင်မှုများကြောင့်၊ သူသည် အနီးကပ် လူသတ်သမားတစ်ဦးအဖြစ် မွေးဖွားလာခဲ့သည်။

ကိုယ်ပျောက်နတ်ဆိုး၊ အဆင့် ၄၄ နှင့် အလွန်မြင့်မားသော သွက်လက်မှု။ သူ့မမြင်နိုင်မှုက သူ့ရဲ့ကိုယ်ထည်ကိုပဲ သက်ရောက်မှုရှိတယ်၊ ဆိုလိုတာကတော့ သူငါ့ကို တိုက်ခိုက်ဖို့သုံးတဲ့ လက်နက်က သူ့လက်သည်းတွေဖြစ်ပြီး၊ သူကတော့ လုံးဝအဝတ်မပါသလို လှုပ်ရှားနေတယ်။ ယဉ်ကျေးမှု မရှိတာပဲ...

ငါ့ရဲ့ ရွေ့လျားမှုအရှိန်က သူနဲ့ ယှဉ်မရဘူး။ အကွာအဝေးအတိုလေးအတွင်း တိုက်ခိုက်တာနှင့် ရှောင်တဲ့အခါတွင် သူ့အမြန်နှုန်းသည် ပိုမြင့်မားပေမယ့် အဝေးက လုပ်ကြံသတ်ဖြတ်တာက သူအားသာတဲ့နေရာ မဟုတ်ဘူး။ ငါက ငါ့ရဲ့ လျပ်ပြေးဖိနပ်ကိုသုံး၍ ရိုးရိုး‌လေး လွတ်မြောက်နိုင်ပေမယ့် ဒီအတိုင်းသာ လွတ်မြောက်သွားခဲ့ရင် သူငါ့ကို လုပ်ကြံဖို့ နောက်တစ်ကြိမ် အခွင့်အရေးရှိလိမ့်မယ်။ သူ့ကို ဖြုတ်ချနိုင်မလား ကြည့်ရအောင်။ သူ့ကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့၊ အရင်ဆုံး အရှိန်လျှော့ရမယ်။

ထိုအချိန်တွင် ဟန်ရှောင်း၏ စိတ်ထဲတွင် အတွေးများ လျှံတက်လာသည်။ သူ့မျက်လုံးတွေက ရေခဲတွေ အေးစက်သွားကာ အာရုံစူးစိုက်မှု ပြင်းထန်တဲ့ အခြေအနေကို သူရောက်သွားတယ်။

တိုက်ခိုက်မှု တစ်ခုပြီးတစ်ခု ဟန်ရှောင်းကို ထိမှန်ပြီးနောက် တစ်ခုချင်းစီကို ချပ်ဝတ်တန်ဆာဖြင့် ပိတ်ဆို့ခဲ့သည်။ ထို့နောက် သူသည် သကြားလုံးအရွယ် လျှပ်စစ်ပျားအချို့ကို ယူကာ အနီးပတ်ဝန်းကျင်သို့ ပစ်ချလိုက်သည်။

ပျားကိုလိုနီဟုလည်း သိကြသော လျှပ်စစ်ရှော့ခ်ရှိ ပျားများတွင် ထိတွေ့မိသောအခါ ယာယီသွက်ချာပါဒဖြစ်စေနိုင်သည့် အန္တရာယ်ရှိသော မြင့်မားသောဗို့အားကိုသယ်ဆောင်သည့် ဆူးများပါရှိသည်။ ပျားများစွာသည် ထိန်းချုပ်နိုင်စွမ်းအဖြစ် အသုံးပြုရန်အတွက် လျှပ်စစ်ပိုက်ကွန်ကိုပင် ဖန်တီးနိုင်၏။ ဟန်ရှောင်းသည် လျပ်ပြေးဖိနပ်ကို ပြုလုပ်နေစဉ် ဤဒီဇိုင်းပုံစံကို မတော်တဆ တွေ့ရှိခဲ့သည်။

လျှပ်စစ်ရှော့တိုက်နေသော ပျားအုပ်စုတစ်စုသည် ဆိုင်ငယ်လေးအတွင်း ပျံသန်းသွားကာ ၎င်းတို့၏ အကျိုးသက်ရောက်မှုကို ချက်ချင်းခံစားနိုင်၏။

နတ်ဆိုးသည် သူ၏အရှိန်ဖြင့် လွတ်မြောက်နိုင်သော်လည်း ဆိုင်အတွင်း၌ ရွေ့လျားနိုင်သောနေရာသည် ကြီးမားစွာ ကန့်သတ်ထားသဖြင့် ရလဒ်အနေဖြင့် တိုက်ခိုက်မှုနှုန်းမှာ လျော့ကျသွားသည်။

ဒိုင်း ဒိုင်း ဒိုင်း

ဟန်ရှောင်းသည် အဆက်မပြတ် ပစ်ခတ်ခဲ့သော်လည်း ပစ်ခတ်မှုအားလုံးကို ရှောင်တိမ်းသွားခဲ့သည်။ နတ်ဆိုးသည် ဖန်ခွမ်းထက်ပင် ပိုလျှင်မြန်သည်။ ဖန်ခွမ်းသည် ကျည်ဆန်များကို ရှောင်ရှားနိုင်သောကြောင့် မမြင်နိုင်သော နတ်ဆိုးသည် ပိုကောင်းအောင် လုပ်နိုင်သည်မှာ သေချာပါသည်။

မင်းက အပုန်းကောင်းတယ်ဆိုတော့ ဘယ်သူက သွေးအမှတ် ပိုရှိလဲ ကြည့်ရအောင်။

သူ့မျက်လုံးများ ပိုအေးစက်လာသည်နှင့်အမျှ ဟန်ရှောင်းသည် ကျည်ကပ်ကို ပြောင်းလိုက်ပြီး အဆိပ်ကျည်ဆန်ကို ထည့်လိုက်သည်။ ထို့နောက် ရူးသွပ်စွာ ပစ်ခတ်တော့သည်။ အစိမ်းရောင် အဆိပ်ဓာတ်ငွေ့များသည် သေးငယ်သော နေရာအတွင်း ပြည့်နှက်သွားပြီး သူတို့နှစ်ဦးလုံးကို လွှမ်းခြုံသွားတော့သည်။

အခန်း (၁၁၇) ပြီး၏။

လင်းဆက်

+++++

All Chapters