← Chapters

နောက်ထပ်ဓားမာန်ဟုန်တစ်ခု

Vol. 17 Ch. 235

နောက်ထပ်ဓားမာန်ဟုန်တစ်ခု

Vol. 17 Ch. 235

မူကျင်း၏ လက်ထဲမှာ အစိမ်းရောင်နွယ်ပင်သည် ပိုက်ကွန်တစ်ခုအဖြစ်ပြောင်းပြီး ယန်ယင်းဆီသို့ ရောက်သွားသည်။

လုလင်ကျီးက အနီရောင်ပန်းပွင့်တစ်ပွင့်ကို ပစ်ထုတ်လိုက်သည်။

ကျန်းကျီးသုန်း၏ လက်ထဲတွင် အနက်ရောင်သံမျှော်စင်လေးတစ်ခုသည် ပေတစ်ရာမျှော်စင်အဖြစ် ပြောင်းသွားပြီး ယန်ယင်၏ရှေ့တွင် ပိတ်ဆို့လိုက်သည်။

အရင်ဆုံးရောက်လာသောလူကို လူတိုင်းက အလိုလျောက်ပစ်မှတ်ထားလိမ့်မည်။

“ဟမ့် ....”

ယန်ယင်က နှာမှုတ်လိုက်ပြီး သူ့ခါးတွင်ရှိသောဓားကို ဆွဲထုတ်၍ ခုတ်ချလိုက်သည်။

မူကျင်း၏နွယ်ပင်များက ပြတ်တောက်သွားသည်။

ဓားအလင်းက ရပ်တန့်မသွားဘဲ လုလင်ကျီး၏အနီရောင်ပန်းပွင့်ကို နှစ်ပိုင်းဖြတ်လိုက်သည်။

ဓားအလင်းက ဆက်လက်ပြေးဝင်သွားပြီး အနက်ရောင်သံမျှော်စင်ကို ဝင်တိုက်သည်။

“ခလွမ် ....”

မျှော်စင်သည် နောက်သို့လွင့်သွားသည်။

ကျန်းကျီးသုန်း၏ မျက်နှာသည် ဖြူဖျော့သွားပြီး အော်ဟစ်လိုက်သည်။

“မင်းက ကောင်းကင်ဘုံအဆင့်မှာပဲ”

ကောင်းကင်ဘုံအဆင့်၊ ဤလိုဏ်ဂူထဲတွင် ယန်ယင်က ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းကို ဖုံးကွယ်မထားတော့ပေ။ သူက ရှေ့တစ်လှမ်းတိုးလိုက်ပြီး အနက်ရောင်ဓားကျိုးနှင့် ဝင်တိုက်လိုက်သည်။

ဓားကျိုးပေါ်မှာ ဝိညာဉ်စွမ်းအင်အလင်းများတောက်ပလာပြီး မရေမတွက်နိုင်လောက်သောရွှေအလင်းများ ထွက်ပေါ်လာသည်။

ဝိညာဉ်စွမ်းအင်အလင်းနှင့်ရစ်ပတ်ထားသော ရတနာများထွက်ပေါ်လာသည်။

မြွေနက်ခေါင်းဆောင်၏ ရတနာများအားလုံးသည် ဓားကျိုးထဲတွင်ရှိနေသည်။

လေထုထဲတွင် ပျံသန်းနေသော ရတနာများကို မြင်လိုက်ရသောအခါတွင် လုလင်ကျီး၏ နောက်က ပုံရိပ်အချို့ ပြေးထွက်လာကြသည်။ လေထုထဲတွင် ရေခဲစွမ်းအင်များပျံ့နှံ့လာပြီး ဝိညာဉ်စွမ်းအင်အလင်းစက်များကို အေးခဲစေလိုက်သည်။

လော့ရှောင်ယွီ ရောက်နေသည့်အတွက် ထိုဖြစ်ရပ်ကို အံ့အားသင့်စရာမလိုတော့ပေ။ သူမက ရတနာများကိုသိမ်းဆည်းရန်အတွက် တာဝန်ယူထားခြင်းဖြစ်လိမ့်မည်။ ယန်ယင်၏ မျက်နှာထားက ပြောင်းလဲမသွားဘဲ ဓားထဲက ပျံသန်းထွက်သွားသော ရတနာများကို ကြည့်နေခဲ့သည်။

“ဟမ် ....”

ရုတ်တရက်ဆိုသလို အဝေးတွင် ရပ်နေသောမူကျင်းက လက်မြှောက်လိုက်သည်။ နွယ်ပင်တစ်ခုပေါ်ထွက်လာပြီး ကြယ်ကဲ့သို့တောက်ပနေသောအလင်းစက်ကို ဆွဲယူလိုက်သည်။

သူမသည် ထိုအလင်းစက်ကို လက်ထဲတွင်ကိုင်ထားသည်။ ထိုအရာမှာ ပုပ်သိုးနေသောသစ်မြစ်တစ်ခုဖြစ်သည်။

သို့ပေမဲ့ မူကျင်း၏ လက်ထဲတွင် ဝိညာဉ်စွမ်းအင်အလင်း ခပ်ဖျော့ဖျော့ထွက်နေသည်။

“ဒါက သခင်ချင်းမင်ရဲ့အမြစ်ပဲ ....”

မူကျင်းက သစ်မြစ်ကိုကိုင်ထားပြီး ရေရွတ်လိုက်သည်။ သူမ၏ မျက်နှာထားက ရှုပ်ထွေးနေပြီး အမြစ်ကို သိမ်းထားလိုက်သည်။

“ခလွမ် ....”

လုလင်ကျီးက လက်မြှောက်ပြီး သူမရှေ့တွင် ရှိနေသောအလင်းစက်ကို ဖမ်းယူ၍ သိမ်းဆည်းလိုက်သည်။

“ကောင်လေး၊ မင်းကြိုက်တာတစ်ခုခုတွေ့ရင် ယူပြီးထွက်သွားတော့”

ထိုအချိန်တွင် ယန်ယင်က ရုတ်တရက် နောက်လှည့်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

‘ဒါက သူ့အတွက် အခွင့်အရေးမဟုတ်လား’

‘မြင်လိုက်တဲ့လူတိုင်းအတွက် မျှတမယ်လို့ ကျုပ်ထင်တယ်’

ဟန်မူယဲ့က ခပ်ဟဟရယ်ပြီး ဖြည်းဖြည်းချင်းရှေ့သို့ လျှောက်လာသည်။

လူတိုင်းက သူ့ကိုစိုက်ကြည့်နေပြီး သူသည် ဧရာမ အနက်ရောင်ဓားကျိုးဆီသို့ တစ်လှမ်းချင်းစီ လျှောက်သွားနေသည်။ သူက ဓားကို ထိကြည့်လိုက်သည်။

ဓားချီနှင့် ဝိညာဉ်အလင်းများသည် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာ၏။

“ဘုန်း ....”

ထိုအသံနှင့်အတူ ဟန်မူယဲ့၏ ရှေ့တွင် ကြယ်အလင်းများ သွယ်ယှက်ဖြစ်ပေါ်လာသည်။

သူ့စိတ်ထဲတွင် ပုံရိပ်များ ပေါ်လာသည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာ…။

ဤဓားသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာမှ ရောက်လာခြင်း ဖြစ်သည်။

အင်မော်တယ်အလင်းများရစ်ဝဲနေပြီး ကမ္ဘာကြီးတစ်ခုလုံးမှာ ဟာလာဟင်းလင်း ဖြစ်နေသည်။

ဘုံကိုးဆင့်နှင့်ကမ္ဘာမြေ၊ အင်မော်တယ်နှင့်ဗုဒ္ဓများသည် ကောင်းကင်၌ အပြည့်ရှိနေသည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာတွင် အင်မော်တယ်နှင့်ဗုဒ္ဓများ များပြားစွာရှိနေသည်။

ထိုကမ္ဘာနှင့်ယှဉ်ကြည့်လိုက်လျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် ကျင့်ကြံခြင်းလောက၏ အပြင်မှာရှိသော လူသားလောကနှင့် တူညီနေသည်။

ထိုကမ္ဘာတွင် အင်မော်တယ်နည်းစနစ်များ၊ တာအိုနည်းစနစ်များ၊ ဓားနည်းစနစ်များသည် စကြဝဠာကဲ့သို့ ခမ်းနားလှသည်။

မရေမတွက်နိုင်လောက်သော ဝိညာဉ်ကုန်ကြမ်းများက ကောင်းကင်ထောက်ပံ့ခြင်းဓားကြောင့် ဖြစ်ပေါ်လာရသည်။

ဟန်မူယဲ့က တာအိုဓားသွန်းလုပ်စနစ်ကို လေ့လာနေသည်။

တာအိုဓား…။

ဓမ္မလက်နက်၊ ဝိညာဉ်လက်နက်၊ ဓမ္မရတနာတို့နှင့်မတူဘဲ မဟာတာအိုပါဝင်နေသော တာအိုလက်နက်ဖြစ်သည်။

ထိုနည်းစနစ်မျိုးက ကောင်းကင်ဘုံအား ဖီဆန်နေသည်ဟု ပြောနိုင်သည်။

ဟန်မူယဲ့က နှလုံးသားထဲတွင် ခါးသီးစွာပြုံးလိုက်ပြီး ပုံရိပ်ထဲတွင်ဖြစ်ပေါ်လာသော ကြီးမားလှသည့်ဓားကြီးကို ကြည့်နေရသည်။ မရေမတွက်နိုင်သောကျင့်ကြံသူများက ဝိညာည်အင်းကွက်များကို ဓားပေါ်မှာရေးဆွဲနေပြီး ဝိညာဉ်စွမ်းအင်များ ထည့်သွင်းပေးနေသည်။

ထိုအရာသည် နဂါးသတ်ဖြတ်ခြင်းနည်းစနစ်ဖြစ်သည်။

ထိုဓားသည် မရေမတွက်နိုင်လောက်သောကုန်ကြမ်းများကို ဝါးမြိုခဲ့ပြီး ကုန်ကြမ်းတစ်ခုချင်းစီက အလွန်အဖိုးတန်သည်။ များပြားလှသော ဝိညာဉ်အင်းကွက်များလည်းရှိ‌သေးသည်။ သို့ပေမဲ့ ထိုအရာများမှာ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၌ မရှိပေ။

သူက တာအိုဓားသွန်းလုပ်စနစ်ကို တတ်မြောက်သွားလျှင်ပင် အသုံးမဝင်ပေ။

အင်မော်တယ်ဝိညာဉ်ကမ္ဘာတွင် ကုန်ကြမ်းများကို နှစ်ပေါင်းမရေမတွက်နိုင်အောင် စုစည်းထားသည့် ဂိုဏ်းကြီးများသည်သာ တာအိုဓားကို ပိုင်ဆိုင်နိုင်သည်။

ထိုဂိုဏ်းက ရှစ်ဟမ်တာအိုဂိုဏ်းဖြစ်ပြီး ထိုတာအိုဓားကို တောင်ဟု အမည်ပေးခဲ့သည်။ ထိုဓားကို ဂိုဏ်းခေါင်းဆောင်ဖြစ်သူ ကျောက်ဆောင်သူတောင်စင်က ထိန်းချုပ်ထားသည်။

ထိုတာအိုဓားသည် ရှစ်ဟမ်တာအိုဂိုဏ်း၏ သိန်းချီနေသောတပည့်များကို သယ်ဆောင်လာပြီး မရေမတွက်နိုင်သောလေဟာနယ်များကိုဖြတ်သန်း၍ ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ရောက်လာခဲ့သည်။

သို့ပေမဲ့ ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ဝင်လာသောအချိန်မှာ လူတစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရသည်။

“ပြင်ပဘုံရဲ့တာအိုရောင်းရင်း၊ ငါက ဝမ်မော့ရှန့်ပါ။ ငါ့ဆရာက ဒီကမ္ဘာကိုကာကွယ်ဖို့ တာဝန်ပေးထားတယ်။ ကျေးဇူးပြုပြီး ပြန်သွားပါ”

ဝမ်မော့ရှန့်…။

အလယ်ပိုင်းကုန်းမြေ၏ အမတ်ချုပ်ကြီးဝမ်။

ဟန်မူယဲ့က အလယ်ပိုင်းကုန်းမြေ၏အမတ်ချုပ်ကြီးကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းမဟုတ်ပေ။ သို့ပေမဲ့ အမတ်ချုပ်ကြီး၏ တိုက်ခိုက်မှုကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

တာအိုဓားသည် ပေတစ်သောင်းရှည်ပြီး ရှစ်ဟမ်တာအိုဂိုဏ်း၏ မရေမတွက်နိုင်လောက်သောတပည့်များက ထိန်းချုပ်ထားသည်။ ဓားပိုင်ရှင်ဖြစ်သော ကျောက်ဆောင်သူတော်စင်၏ ကျင့်ကြံခြင်းကလည်း ထူးခြားသည်။

သို့ပေမဲ့ ထိုအရာအားလုံးက ဝမ်မော့ရှန့်၏ရှေ့တွင် အသုံးမဝင်ခဲ့ပေ။

ဟန်မူယဲ့၏စိတ်ထဲတွင် တမ်မော့ရှန်က လက်မြှောက်ထားပြီး အနက်ရောင်မြစ်တစ်စင်းအား ဆင့်ခေါ်လိုက်သည်။ သူက လက်ထဲတွင် စုတ်တံတစ်ချောင်းကိုင်ထားပြီး မင်ရည်တို့လိုက်သည်။

“ချပ်ပိတ် ...”

စာလုံးများပေါ်လာသည်။ သူ့စာရေးဟန်က လှပပြီး တည်ကြည်မှုရှိသည်။

ကမ္ဘာသည် ပိုက်ကွန်တစ်ခုသဖွယ်ဖြစ်သွားပြီး ဧရာမဓားကြီး၏ပတ်ပတ်လည်တွင် တောင်နှင့်မြစ်များက လှောင်အိမ်သဖွယ်ဖြစ်သွားသည်။

“မြို့ ....”

ရွှေရောင်စာလုံးများက ကောင်းကင်ထက်မှာရှိနေသည်။ ကမ္ဘာပေါ်တွင်ရှိသော မရေမတွက်နိုင်လောက်သည့် သက်ရှိများက တုံ့ပြန်လိုက်ပြီး ပြင်းထန်သော စွမ်းအားတစ်ခုအဖြစ် ဆင်းသက်လာသည်။

ထိုစွမ်းအားက ပြင်းထန်လွန်းသောကြောင့် ရှစ်ဟမ်တာအိုဂိုဏ်းနှင့် တာအိုဓားက တောင့်မခံနိုင်ပေ။

ဓားပေါ်တွင် အက်ကွဲရာများပေါ်လာသည်။ မရေမတွက်နိုင်လောက်သော ရှစ်ဟမ်တာအိုဂိုဏ်းတပည့်များသည် မင်ရည်မြစ်ထဲတွင် ဖိနှိပ်ခံလိုက်ရသည်။

ကျောက်ဆောင်သူတော်စင်သည် ထိတ်လန့်သွားပြီး တာအိုဓားကိုအသုံးပြု၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့ပေမဲ့ သူက စိတ်မအေးနိုင်ခင်မှာ ပုံရိပ်တစ်ခုပေါ်လာသည်။

“တာအိုရောင်းရင်း၊ သေဖို့‌ရောက်လာတာလား”

သူစကားပြောပြီးသွားသောအခါတွင် ထောင်ချီနေသောကြယ်များက ကျဆင်းလာသည်။

တာအိုဓားမှာ ကျိုးပဲ့သွားသည်။ ထိုဓားသည် အောက်သို့ကျဆင်းလာပြီး ပေသုံးသောင်းမြင့်သောတောင်တစ်လုံးကိုဖြိုချ၍ မြေကြီးထဲသို့ဝင်သွားသည်။

ဓားကျိုးကြောင့် ကမ္ဘာမြေကြီးမှာ တုန်ခါသွားပြီး မြေကြီးထဲသို့ ပေရှစ်သောင်းအထိဝင်သွားသည်။ ထို့နောက် မိုင်ထောင်ချီပတ်လည်ကို လောင်ကျွမ်းနေသည်။

“အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ တာအိုဓားက ဘာမှအသုံးမဝင်ဘူးပဲ”

ဟန်မူယဲ့က လေထုထဲတွင်ရှိနေသောပုံရိပ်ကို စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။

ဓားဘုရင်ယွမ်ထျန်း…။

ဓားကျင့်ကြံသူများက ထိုသို့ဖြစ်သင့်သည်။

မြင်ကွင်းက အေးခဲသွားပြီး အားကောင်းသောဓားဆန္ဒတစ်ခု ပြန်လည်ဆုတ်ခွာလာသည်။

ထိုအရာက ရိုးရှင်းသောဓားဆန္ဒမဟုတ်ဘဲ ဓားမာန်ဟုန်စွမ်းအားဖြစ်သည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာကို ဂရုစိုက်စရာမလိုပေ။

ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ကိုယ်ပိုင်အကာအကွယ်ရှိသည်။

လူတစ်ယောက်နှင့် ဓားတစ်လက်က ကမ္ဘာကိုကာကွယ်နေသည်။

ထိုကျင့်ကြံဆင့်မျိုးက သာမန်ကျင့်ကြံခြင်းနှင့် မနှိုင်းယှဉ်နိုင်ပေ။

ဓားစံအိမ်၏ အမွေအနှစ်ထဲတွင် ကျင့်ကြံခြင်းနည်းစနစ်မရှိသည့်အတွက် အံ့အားသင့်စရာမလိုတော့ပေ။

ထိုဓားချက်က နှလုံးသားထဲတွင်ရှိသော ယုံကြည်မှုအတွက်ဖြစ်သည်။ ထာဝရအသက်မရှင်နိုင်လျှင်ပင် အရေးမပါပေ။

“ဟမ် ....”

ဟန်မူယဲ့က ဝိညာဉ်သွေးကြောများထဲတွင် စီးဆင်းနေသော ဓားစွမ်းအားကို ခံစားမိလိုက်သည်။

ထိုစွမ်းအားသည် ဝိညာဉ်သွေးကြောများထဲတွင် လှိမ့်ဆင်းနေသောကျောက်တုံးကြီးတစ်တုံးကဲ့သို့ ဝိညာဉ်သွေးကြောများကို ဖောင်းကြွလာစေသည်။

ထိုစွမ်းအားက အကန့်အသတ်မရှိပုံပေါ်သည်။ ထိုစွမ်းအားက ဝိညာဉ်သွေးကြောများမှတစ်ဆင့် ဒန်ထျန်ထဲသို့ဝင်သွားသည်။ ထို့နောက် ဘုံကိုးလွှာကိုရစ်ပတ်ပြီး ချီပင်လယ်ထဲသို့ စီးဝင်သွားသည်။

သူ့ချီပင်လယ်ထဲတွင်ရှိသော ဓားဆန္ဒများအားလုံး တုန်ခါသွားသည်။

ဓားဆန္ဒက ရန်လိုမှုအပြည့်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဤတစ်ကြိမ်မှာတော့ ဓားဆန္ဒများက ပြိုကွဲသွားသည်။

အဆုံးမှာတော့ သိပ်သည်းသောဓားဆန္ဒက သူစုပ်ယူခဲ့သောဓားဆန္ဒနှစ်ခုနှင့်အတူ ဟန်မူယဲ့၏ချီပင်လယ်ထဲတွင် နေရာယူထားသည်။

ယခုအချိန်မှာတော့ သူ့ချီပင်လယ်ထဲတွင် ဓားမာန်ဟုန်အဖြစ် ပြောင်းလဲသွားသော ဓားတာအိုစွမ်းအားသုံးခုရှိနေသည်။

ထိုဓားမာန်ဟုန်သုံးခု၏ ပထမဆုံးတစ်ခုကို ခရမ်းမီးတောက်ဓားမှ ရရှိခဲ့ခြင်းဖြစ်သည်။ ထိုအရာကို ဖြည်းဖြည်းချင်းပျိုးထောင်ခဲ့ပြီး ဓားမာန်ဟုန်အဖြစ် ပြောင်းလဲသွားသည်။

ထိုဓားမာန်ဟုန်က ဓားဆန္ဒသုံးထောင် စုစည်းထားခြင်းမျိုးမဟုတ်ပေ။

ထိုနည်းစနစ်က ဓားဆန္ဒကို ကျော်ဖြတ်သွားခြင်းဖြစ်ပြီး အသက်သွင်းလိုက်သောအခါတွင် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများကို စုပ်ယူ၍ ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲနိုင်သည်။

တိမ်မြုံကမ်းပါးတွင် ဟန်မူယဲ့က ဓားကို နားလည်ခဲ့သည်။ ဓားမာန်ဟုန်ကိုနားလည်ခြင်းက ဓားလမ်းစဉ်၏ နောက်ထပ်နားလည်ခြင်းအဆင့်တစ်ခုဖြစ်သည်။ ထိုအရာက ဓားဆန္ဒများ၏ အရည်အသွေးပြောင်းလဲသွားခြင်းဖြစ်သည်။

ဓားဆန္ဒသုံးထောင် စုပေါင်းသွားပြီး ဓားမာန်ဟုန်အဖြစ် ပြောင်းလဲသွားနိုင်သည်။ ထိုအရာကို လေ့ကျင့်နိုင်သည့်တိုင် ချီပင်လယ်ထဲတွင် သိမ်းဆည်းမထားနိုင်ပေ။

ထိုအရာက ဒန်ထျန်ထဲတွင်ဖြစ်သည်။

ဓားအငွေ့အသက်သုံးခုက ဟန်မူယဲ့၏ ချီပင်လယ်ဗဟိုချက်မှာ တြိဂံပုံစံနှင့် ရှိနေသည်။ ကျန်ဓားဆန္ဒများက ထိုသုံးခု၏ပတ်ပတ်လည်မှာ ဆက်တိုက်လှည့်ပတ်နေကြသည်။

ဓားနည်းနစ်ကိုနားလည်ခြင်း၊ ဥက္ကာခဲ။

သူက ဓားနည်းစနစ်ကိုနားလည်ပြီး တောင်ကိုရွှေ့နိုင်ခဲ့သည်။

သူက ကြယ်ကြွေဓားနည်းစနစ်ကို နားလည်သွားသည်။

....

ဒါဇင်ချီနေသောဓားနည်းစနစ်များကြောင့် ဟန်မူယဲ့၏မျက်လုံးက တောက်ပသွားသည်။

ထိုဓားနည်းနစ်များအားလုံးသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ရှစ်ဟမ်ဂိုဏ်းမှ အမွေအနှစ်များဖြစ်သည်။

မဟာတာအိုစွမ်းအား၏ထောက်ပံ့ပေးမှုကြောင့် သူ့ဓားနည်းစနစ်တွသ် အစကတည်းက ဓားမာန်ဟုန်စွမ်းအားများ ရှိနေခဲ့သည်။

သို‌ပေမဲ့ ထိုသို့အားကောင်းသောနည်းစနစ်က အင်မော်တယ်ဝိညာဉ်ကမ္ဘာတွင် ထင်ရှားမှုမရှိပေ။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဝိညာဉ်စွမ်းအင်များက လုံလောက်မှုမရှိသောကြောင့် ဓားနည်းစနစ်၏စွမ်းအားက အလွန်လျော့နည်းသွားသည်။ သူ့ကိုယ်ပိုင်ခွန်အားနှင့် စုစည်းထားသောဓားဆန္ဒကဲ့သို့ သန်မာမှုမရှိပေ။

သို့ပေမဲ့ ထိုဓားနည်းစနစ်များက ဓားဆန္ဒနှင့် ဓားကျင့်ကြံခြင်းကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ထိုနည်းစနစ်များကိုနားလည်သွားလျှင် ဓားကျင့်ကြံခြင်းအတွက် အကျိုးကျေးဇူးရလိမ့်မည်။

All Chapters