← Chapters

မျက်နှာတစ်ထောင် သူတော်စင်

Vol. 17 Ch. 236

မျက်နှာတစ်ထောင် သူတော်စင်

Vol. 17 Ch. 236

“ဘုန်း ....”

ဟန်မူယဲ့က အကောင်းဆုံးကြိုးစားပြီး ဓားနည်းစနစ်ကို သင်ယူနေသောအချိန်မှာ သူ့နောက်တွင် ပေါက်ကွဲသံထွက်ပေါ်လာသည်။ ယန်ယင်နှင့် လုလင်ကျီး၏ နောက်မှာရှိနေသော ကျန်းကျီးသုန်းက အလင်းလုံးတစ်ခုကို ပြိုင်တူဆွဲယူလိုက်သည်။

ထိုအလင်းလုံးက အလွန်တောက်ပနေပြီး သိပ်သည်းသောဝိညာဉ်စွမ်းအင်များ ပါနေသည်။

ဟန်မူယဲ့က မျက်လုံးမှေးကျဉ်းပြီး အလင်းလုံးထဲတွင်ရှိနေသောပစ္စည်းကို ကြည့်လိုက်သည်။

ဝိညာဉ်ကျောက်တုံး..။

အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးမဟုတ်ပေ။

အမြင့်ဆုံးအဆင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးဖြစ်သည်။

ထိုကျောက်တုံးထဲတွင်ရှိသော ဝိညာဉ်စွမ်းအင်သိပ်သည်းမှုက အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးထက် အဆတစ်ရာပိုများသည်။

ထိုဝိညာဉ်ကျောက်တုံးသည် အဆင့်နိမ့်အရည်အသွေး ဝိညာဉ်ကျောက်တုံး တစ်သန်းတန်သည်။

သို့ပေမဲ့ ဤကမ္ဘာပေါ်တွင် အမြင့်ဆုံးအဆင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးများ နည်းပါးစွာရှိနေပြီး လွယ်ကူစွာ မလဲလှယ်နိုင်ပေ။

ဒဏ္ဍာရီများအရ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အလယ်ပိုင်းကုန်းမြေတွင်သာ ရာချီသော အမြင့်ဆုံးအဆင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးများရှိသည်။ ထိုကျောက်တုံးများအားလုံးမှာ နန်းမြို့တော်၌ ရှိနေသည်။

အမြင့်ဆုံးအဆင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးက ဝိညာဉ်စွမ်းအင် သိပ်သည်းရုံတင်မကဘဲ အထဲတွင်ရှိနေသောဝိညာဉ်စွမ်းအင်က သိမ်မွေ့လွန်းသည်။ ထိုအရာက အင်မော်တယ်အဆင့်ဆေးလုံးများထက် သာသည်။

ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး ရပ်တန့်သွားသည်။

ယန်ယင်နှင့် ကျန်းကျီးသုန်းက တိုက်ကွက်များဖလှယ်နေသည်။

ယန်ယင်က အားသာချက်ရှိပေမဲ့ အနည်းငယ်သန်မာနေရုံသာဖြစ်သည်။

စိမ်းရွှေရောင်ဓားအလင်းက ကျန်းကျီးသုန်း၏ လက်ထဲတွင်ရှိသော ကျောက်စိမ်းရောင်ဝိညာဉ်အလင်းကို အဝေးသို့ဖယ်ထုတ်လိုက်ပြီး ပျောက်ကွယ်သွားသည်။

အမြင့်ဆုံးအဆင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးက လေထုထဲတွင် ရှိနေဆဲဖြစ်သည်။

သူတို့နှစ်ယောက်က ခွန်အားကို ထိန်းချုပ်ထားသည်။ သူတို့က ဝိညာဉ်ကျောက်တုံး ပျက်စီးသွားမှာကို စိုးရိမ်နေသည်။

“ဟင်း…၊ ယန်ယင်၊ ကျေးဇူးမကန်းနဲ့ ဒါက မင်းရနိုင်တဲ့အရာမဟုတ်ဘူး”

ကျန်းကျီးသုန်းက ရှေ့တစ်လှမ်းတိုးလာသည်။ သူက ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူကို ဂရုစိုက်ပုံမပေါ်ပေ။

ယန်ယင်၏သိန်းငှက်မျက်လုံးထဲတွင် ရွှေအလင်းများလှည့်ပတ်နေပြီး ကျန်းကျီးသုန်းကိုကြည့်၍ ပြောလိုက်သည်။

“အမြင့်ဆုံးအဆင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသက်သွင်းတဲ့နေရာမှာ အသုံးဝင်တယ်”

“မင်းတို့လင်တောက်တာအိုဂိုဏ်းက ခေါင်းဆောင်ချမှတ်ခဲ့တဲ့ချိပ်စည်းကို ချိုးဖျက်ချင်နေတာလား”

‘ခေါင်းဆောင်ရဲ့ချိပ်စည်း’

ဟန်မူယဲ့က ယန်ယင်ကိုကြည့်လိုက်သည်။

‘သူက ဘာတွေသိထားတာလဲ’

ကျန်းကျီးသုန်း၏ မျက်နှာထားက မည်းမှောင်သွားသည်။ သူက ဘာမှမပြောတော့ဘဲ ကျောက်စိမ်းရောင်ဓားအသေးတစ်ချောင်းကို ထုတ်ယူလိုက်သည်။

ထိုဓားအသေးပေါ်လာသောအခါတွင် ယန်ယင်၏ မျက်နှာထားက ပြောင်းလဲသွားသည်။

“ပြင်ပဘုံရဲ့ဓား”

“မင်းတို့ရဲ့လင်တောက်တာအိုဂိုဏ်းက အဲဒီလိုအစီအစဉ်ရှိပြီးသားပေါ့”

ထို့နောက် သူက ပျံသန်းသွားပြီး ခေါင်းပေါ်မှာရှိနေသော အမြင့်ဆုံးအဆင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးကို ရိုက်ချလိုက်သည်။

သူက ထိုဝိညာဉ်ကျောက်တုံးကို ဖျက်ဆီးပစ်ချင်နေသည်။

“ဟမ် ....”

ကျန်းကျီးသုန်းက လက်ထဲတွင်ရှိနေသောကျောက်စိမ်းဓားကို လှုပ်ခါလိုက်သည်။ အဖြူရောင်ဝတ်စုံဝတ်ထားသော လူအိုကြီးတစ်ယောက်၏ပုံရိပ် ပေါ်လာသည်။

ထိုလူအိုကြီးပေါ်လာသောအခါတွင် လိုဏ်ဂူထဲတွင်ရှိနေသော ကျောက်အပိုင်းအစများအားလုံးက အမှုန့်ဖြစ်သွားသည်။ ဖိအားကြီးတစ်ခုက လူတိုင်းကို ဖိနှိပ်လိုက်သည်။

ဟန်မူယဲ့နှင့်လူတိုင်းက ခေါင်းပေါ်သို့ တန်တစ်သိန်းမြေဆွဲအား ကျဆင်းလာသည်ဟု ခံစားလိုက်ရသည်။ သူတို့၏သွေးနှင့်ချီက ချက်ချင်းဆူပွက်လာသည်။

“အကြီးအကဲမျက်နှာတစ်ထောင်”

ယန်ယင်က နေရာမှာတင်ရပ်နေပြီး စိုးရိမ်နေသောမျက်လုံးများနှင့် လူအိုကြီးကို ငေးကြည့်နေသည်။

“နှုတ်ဆက်ပါတယ် ခေါင်းဆောင်”

လင်တောက်တာအိုဂိုဏ်းမှလူတိုင်းက ဦးညွှတ်လိုက်သည်။

လင်တောက်တာအိုဂိုဏ်း၏ ပထမအကြီးအကဲ၊ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံဆင့်အမြင့်ဆုံးလူ၊ မျက်နှာတစ်ထောင်သူတော်စင်…။

“ဟီးဟီး ယန်ယင်”

မျက်နှာတစ်ထောင်သူတော်စင်က ယန်ယင်၊ ဟန်မူယဲ့နှင့် မူကျင်းကို တစ်ချက်ကြည့်သည်။

“ငါက ဒီကို ကိစ္စတစ်ခုအတွက်ရောက်လာတာ”

“အနာဂတ်မှာ စပါးစိမ်းတောင်ကုန်းက ငါ့လင်တောက်ဂိုဏ်းရဲ့ အပိုင်ဖြစ်လာလိမ့်မယ်”

သူစကားပြောပြီးသွားသောအခါတွင် လက်ဝါးပေါ်တွင် ရွှေရောင်အင်းကွက်တစ်ခုပေါ်လာသည်။ ထိုအင်းကွက်က လူတစ်ယောက်၏စိတ်ကို တုန်ခါသွားစေနိုင်သည့် စွမ်းအားများရှိနေသည်။

“ဒါက လင်တောက်တာအိုဂိုဏ်းရဲ့ တာအိုလမ်းညွှန်ပဲ။ ယန်ယင်၊ မင်းလက်ခံမှာလား။ ဒါမှမဟုတ် မူကျင်းလား”

ထိုလူအိုကြီးက သူတို့နှစ်ယောက်ကိုကြည့်ပြီး ဂရုမစိုက်စွာပြောသည်။

“စပါးစိမ်းတောင်ကုန်းက ကောင်းကင်ဘုံအဆင့်မိစ္ဆာ တစ်ယောက်ပဲလိုအပ်တယ်”

သူက ဤနေရာ၏သခင်တစ်ယောက်ကဲ့သို့ ပြောသည်။

သူက ကျန်လူများကို ငြင်းဆန်ရန် အခွင့်အရေးမပေးချေ။

စပါးစိမ်းတောင်ကုန်းတွင် ကောင်းကင်ဘုံအဆင့်မိစ္ဆာ တစ်ယောက်သာ ရှိနိုင်သည်။

ယန်ယင်နှင့်မူကျင်းတို့က ကောင်းကင်ဘုံအဆင့်မိစ္ဆာများဖြစ်သည်။

သူတို့နှစ်ယောက်ထဲက တစ်ယောက်သာ နေနိုင်သည်။

ယန်ယင်က မူကျင်းကိုလှည့်ကြည့်သည်။

မူကျင်းက တာအိုတန်ခိုးရှင်ကိုကြည့်လိုက်ပြီး မျက်နှာထားပြောင်းလဲသွားသည်။

“တာအိုရောင်းရင်မျက်နှာတစ်ထောင်၊ ဒီတာအိုလမ်းညွှန်ကိုလက်ခံလိုက်ရင် ကျွန်မဘဝတစ်လျှောက်လုံး လင်တောက်တာအိုဂိုဏ်းရဲ့ထိန်းချုပ်မှုကိုခံရမှာ စိုးရိမ်မိတယ်”

မူကျင်းက ပြောသည်။

မျက်နှာတစ်ထောင်သူတော်စင်က မျက်နှာထားပြောင်းလဲမသွားဘဲ ဂရုမစိုက်စွာပြောသည်။

“ဘာလဲ။ ငါတို့လင်တောက်ဂိုဏ်းရဲ့ အစောင့်အရှောက်သားရဲဖြစ်လာရင် မင်းရဲ့အဆင့်အတန်း ဆုံးရှုံးသွားလို့လား”

မူကျင်းက တခစ်ခစ်ရယ်ပြီး ခေါင်းခါသည်။

“ကျွန်မက လွတ်လပ်မှုနဲ့ အသားကျနေပြီ။ ဒီလိုချုပ်နှောင်မှုမျိုးကို လက်မခံနိုင်ဘူး”

မူကျင်း၏ စကားများကို ကြားလိုက်ရသောအခါတွင် မျက်နှာတစ်ထောင်သူတော်စင်က ယန်ယင်ကို လှည့်ကြည့်သည်။

ယန်ယင်က အထင်သေးသောမျက်နှာထားဖြင့် နှာမှုတ်လိုက်သည်။

မျက်နှာတစ်ထောင်သူတော်စင်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ကောင်းပြီ။ ငါနားလည်ပြီ”

ထို့နောက် သူက စိတ်အားထက်သန်နေပုံရသော လုလင်ကျီးကိုကြည့်သည်။

“အဲဒါဆိုရင်တော့ မင်းက နှစ်ပေါင်းများစွာကြာအောင် သစ္စာရှိလာခဲ့တယ်။ ဒီတာအိုလမ်းညွှန်ကို မင်းဆီပေးလိုက်မယ်”

သူက လက်မြှောက်လိုက်သည်။ ရွှေရောင်အင်းကွက်က လုလင်ကျီး၏ခေါင်းပေါ်သို့ တိုက်ရိုက်ရောက်သွားသည်။

“ဘုန်း”

အင်းကွက်များပေါက်ကွဲသွားပြီး ထူးခြားသောအလင်းတစ်ခုက လုလင်ကျီးကို လွှမ်းခြုံလိုက်သည်။

လုလင်ကျီးက ပျော်ရွှင်နေပုံရပြီး နောက်ပိုင်းမှာ နာကျင်မှုကို ခံစားရသည်။

သူမ၏ ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်းတွန့်လိမ်သွားပြီး သမင်ဖြူတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် လူသားအဖြစ် ပြန်ပြောင်းလာသည်။ သို့ပေမဲ့ သူမ၏ နဖူးမှာတော့ အင်းကွက်တစ်ခုရှိနေပြီဖြစ်သည်။

လက်ရှိအချိန်မှာ သူမကို ရွှေရောင်အလင်းများလွှမ်းခြုံထားပြီး သူမ၏အရှိန်အဝါက ဆက်တိုက်မြင့်တက်လာသည်။ သူမက ဘေးမှာရှိနေသော ကျန်းကျီးသုန်းထက် ပိုမိုသန်မာလာပုံရသည်။

ကောင်းကင်ဘုံအဆင့်…။

သူမက ကောင်းကင်ဘုံအဆင့်သို့ရောက်သွားသည်ဟု မယူဆနိုင်ပေ။

သူမက ကောင်းကင်ကပ်ဘေးကို မဆွဲဆောင်ခဲ့သောကြောင့် ကောင်းကင်ဘုံအဆင့်သို့မရောက်သေးပေ။

သို့ပေမဲ့ တာအိုလမ်းညွှန်၏ ထောက်ပံ့ပေးမှုကြောင့် လုလင်ကျီးသည် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက်နှင့် တူညီသွားသည်။

“အခွင့်အရေးပေးလို့ ကျေးဇူးတင်ပါတယ်”

လုလင်ကျီးက စိတ်လှုပ်ရှားစွာပြောသည်။

“ကျွန်မက လင်တောက်ဂိုဏ်းကို အပြည့်အဝသစ္စာရှိပါ့မယ်”

မျက်နှာတစ်ထောင်သူတော်စင်က ခေါင်းညိတ်လိုက်ပြီး လက်ကိုဝှေ့ယမ်းသည်။

“စပါးစိမ်းတောင်ကုန်းက ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ တစ်ယောက်ပဲလိုတယ်လို့ ငါပြောခဲ့တယ်”

တစ်ယောက်ပဲလိုအပ်ပေမဲ့ ယခုအချိန်မှာတော့ သုံးယောက်ရှိနေသည်။

လုလင်ကျီးက မူကျင်းကိုကြည့်ပြီး ပြုံးပြသည်။

“အစ်မမူ၊ ကျွန်မ စိတ်မကောင်းပါဘူး”

“အစ်မက ဒီအခွင့်အရေးကို လက်လွှတ်ခဲ့တယ်လေ”

“ဘုန်း ....”

အဖြူရောင်အလင်းတန်းတစ်ခုက မူကျင်းဆီသို့တိုးဝင်လာသည်။

မူကျင်းက နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ပြီး နွယ်ပင်တစ်ပင်က အဖြူရောင်အလင်းတန်းနှင့် ထိတွေ့သွားသည်။

အလင်းတန်းနှင့်နွယ်ပင်က ရစ်ခွေနေပြီး ကျယ်လောင်သောအသံများထွက်လသည်။

သို့ပေမဲ့ ပတ်ဝန်းကျင်မှာ များပြား‌သောရတနာများရှိနေသည့်အတွက် သူတို့နှစ်ယောက်က တိုက်ခိုက်မှုကို ထိန်းချုပ်ထားသည်။

မျက်နှာတစ်ထောင်သူတော်စင်က ခပ်ဟဟရယ်လိုက်ပြီး တစ်ဖက်သို့လှည့်သည်။ သူက လက်မြှောက်ပြီး အမြင့်ဆုံးအရည်အသွေးဝိညာဉ်ကျောက်တုံးကို ဆွဲယူလိုက်သည်။

ယန်ယင်က မျက်လုံးမှေးကျဉ်းပြီး ဓားနှင့်ခုတ်ချသည်။

“ရွှပ် ....”

ဓားချက်က မျက်နှာတစ်ထောင်သူတော်စင်နှင့် အမြင့်ဆုံးအရည်အသွေးဝိညာဉ်ကျောက်တုံးကြားသို့ ကျရောက်သွားပြီး မျက်နှာတစ်ထောင်သူတော်စင်၏စွမ်းအားကို ဖြတ်တောက်လိုက်သည်။

ယန်ယင်းက အားကုန်ထုတ်သုံးပြီး အမြင့်ဆုံးအရည်အသွေးဝိညာဉ်ကျောက်တုံးကို ဓားနှင့်ခုတ်ချသည်။

သူက ဝိညာဉ်ကျောက်တုံးကို ဖျက်ဆီးပစ်ချင်နေသည်။

မျက်နှာတစ်ထောင်သူတော်စင်က နှာမှုတ်လိုက်ပြီး လက်ကိုလှုပ်ရှားသည်။

အစိမ်းရောင်ဝိညာဉ်စွမ်းအင်များက ဓားတစ်လက်အဖြစ် အသွင်ပြောင်းသွားသည်။

ဓားအလင်းက တုန်ခါသွားပြီး လေထုထဲတွင် ဆယ်ပေခန့်ရှိသောဥက္ကာခဲတစ်ခုပေါ်လာသည်။ ထိုဥက္ကာခဲက ယန်ယင်၏ဓားအလင်းကို ဝင်တိုက်သည်။

“ဘမ်း ....”

ယန်ယင်က တုန်ခါသွားပြီး နောက်ဆုတ်လိုက်ရသည်။ သူခြေနင်းထားသောကျောက်တုံးနက်က တစ်စစီပဲ့ကြွေသွားသည်။

“ဓားနည်းစနစ်လား”

ယန်ယင်က သူ့ခေါင်းပေါ်မှာပေါ်လာသောဥက္ကာခဲကို မော့ကြည့်သည်။ သူက အံတင်းတင်းကြိတ်ထားပြီး တိတ်ဆိတ်စွာပြောသည်။

ထိုအရာက ဓားနည်းစနစ်တစ်ခုဖြစ်သည်။

ဟန်မူယဲ့က ရှင်းလင်းစွာမြင်ခဲ့ရသည်။

ရှစ်ဟမ်တာအိုဂိုဏ်း၏ ထိပ်တန်းဓားနည်းစနစ်များထဲမှတစ်ခု၊ ဥက္ကာခဲ။

“ဘုန်း ....”

ဥက္ကာခဲက ထပ်မံကျဆင်းလာပြန်သည်။

ဓားနည်းစနစ်၏ အကြီးမားဆုံးအားသာချက်က ဝိညာဉ်စွမ်းအင်ကိုအသုံးချပြီး တိုက်ခိုက်လာသူကို ချုပ်နှောင်ထားနိုင်ခြင်းဖြစ်သည်။

ယန်ယင်က ရှောင်လိုသော်လည်း မရှောင်နိုင်တော့ပေ။

သူက အားကုန်သုံးပြီး လက်ထဲတွင်ရှိသောဓားနှင့် ဥက္ကာခဲကို ခုခံလိုက်သည်။

ဥက္ကာခဲက ဓားနှင့်တိုက်မိသွားပြီး ဓားအလင်းက ပြိုကျလုနီးပါး တုန်ခါသွားသည်။

ယန်ယင်၏ မျက်နှာက ဖြူဖျော့နေပြီး ရွှေရောင်ဝိညာဉ်အလင်းများနှင့် သွေးတစ်လုပ်ကို ထွေးထုတ်လိုက်ရသည်။

သူက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး နောက်မှာရှိနေသောဓားကျိုးနှင့် ဝင်တိုက်သွားသည်။ သူက မျက်နှာတစ်ထောင်သူတော်စင်ကို စိုက်ကြည့်နေသည်။

“မင်းက ပြင်ပဘုံဓားနည်းစနစ်ကို ဒီအခြေအနေထိရောက်အောင် လေ့ကျင့်နိုင်မှတော့ ပြင်ပဘုံဂိုဏ်းရဲ့အမွေအနှစ်ကို ရထားတာဖြစ်လိမ့်မယ်”

“မင်းက အဲဒီဂိတ်တံခါးကို ဖွင့်ဖို့အတွက် ဒီဝိညာဉ်ကျောက်တုံးကို သုံးချင်တာလား”

ယန်ယင်က မျက်နှာတစ်ထောင်သူတော်စင်ကို စိုက်ကြည့်နေပြီး မျက်လုံးထဲတွင် ဓားအလင်းများပေါ်ထွက်လာသည်။

“မင်းတို့လင်တောက်တာအိုဂိုဏ်းက ပြင်ပဘုံကျင့်ကြံသူတွေကို ဖိတ်ခေါ်ချင်တာလား”

ထိုစကားများကိုကြားလိုက်ရသောအခါတွင် မျက်နှာတစ်ထောင်သူတော်စင်က ပြုံးလိုက်ပြီး ညင်သာစွာပြောသည်။

“အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့စွမ်းအားနဲ့ အသက်ရှည်မယ့်လမ်းကြောင်းကို တွေ့နေမှတော့ ဒီကောင်းကင်အံ့ဖွယ်ကမ္ဘာကို ဘယ်သူကစောင့်ကြပ်ချင်မှာလဲ”

သူက အင်မော်တယ်နှင့်ဗုဒ္ဓများရှိနေသောကမ္ဘာကို မြင်နေရသကဲ့သို့ သူ့မျက်လုံးထဲတွင် အဆုံးမရှိသောစိတ်ဆန္ဒများနှင့် ပြည့်နေသည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာကနေထွက်သွားမှ ငါက ထာဝရအသက်ရှင်နိုင်လိမ့်မယ်”

“အင်မော်တယ်ဝိညာဉ်ကမ္ဘာမှာပဲ အစစ်အမှန်အသက်ရှည်ခြင်းရှိတယ်”

“ငါအဲဒီလမ်းကြောင်းကို ဖွင့်လိုက်ရင် လင်တောက်တာအိုဂိုဏ်းက ရှစ်ဟမ်တာအိုဂိုဏ်းရဲ့တပည့်အနေနဲ့ အင်မော်တယ်ဝိညာဉ်ကမ္ဘာကို သွားနိုင်လိမ့်မယ်။ အဲဒါက မကောင်းဘူးလား”

“အင်မော်တယ်ဝိညာဉ်ကမ္ဘာက ငါ့ကို ကြိုဆိုတယ်လို့ ပြောထားတယ်”

All Chapters