← Chapters

အပိုင်း(၅၃၆)

Vol. 36 Ch. 536

အပိုင်း(၅၃၆)

Vol. 36 Ch. 536

“ရှင်တကယ်ကြီး  ထိုက်စမ်ကို

သတ်လိုက်တယ်”

ကောင်မလေး၏ အံ့အားသင့်စွာပြောဆိုသံအား

ရှစ်ဖုန့်ကြားလိုက်ရသောအခါတွင်  သူမအာလှည့်ကြည့်၍ပြောလိုက်သည်။

“ဒီသခင်လေးကိုသူ့ကိုမသတ်လို့ သူနဲ့ကစားရမှာလား”

ရှောင်းယီဆွံ့သွားသည်။ထို့နောက်

သူမဆက်ပြော၏။

“ဒါပေမဲ့ ..သူကထိုက်မိသားစုရဲ့ခေါင်းဆောင် ထိုက်စမ်လေ”

ထိုက်မိသားစု၏ခေါင်းဆောင်ထိုက်စမ်

ဟူသောနမည်က  ရှင်းယောင်မြို့ရှိလူများ၏ နှလုံးသားအတွင်း၌ အမြစ်တွယ်နေသောအရာဖြစ်သည်။

ရှောင်းယီ၏ စကားအားကြားပြီးနောက်ရှစ်ဖုန့်၏

နှုတ်ခမ်းထောင့်က  အထင်သေးမှုပြည့်နှက်နေသော သရော်ပြုံးအဖြစ်  တွန့်ကွေးသွားသည်။ သူ့အတွက်  ထိုက်မိသားစုနှင့် ရှင်းယောင်မြို့လူများ၏နှလုံးသား

ထဲ၌အမြစ်တွယ်နေသော ထိုက်စမ်တို့က မျက်လုံးထဲ၌ ဟောင်နေသောခွေးနှင့်မခြားပေ။

ထို့နောက် ရှစ်ဖုန့်က တစ်ဖက်သို့ပြန်ကြည့်လိုက်ပြီး ထိုက်မိသားစုဝင်တစ်ယောက်ချင်းစီတိုင်း၏  လှု်ပရှားမှုများအားစောင့်ကြည့်၍  ဆက်လက်တသောသောရယ်ကာ

ပြောလိုက်သည်။

“ဒီခွေးတွေက  ဒီလိုမျိုးအရာကို ထပ်ပြီးလုပ်နေပြန်ပြီ”

ရှစ်ဖုန့်စကားပြောပြီးပြီးချင်း ထိုက်မိသားစုဝင်များ၏ လက်ပုံရိပ်များအောက်၌ ထိုက်လုံသတ်ဖြတ်ခြင်းအစီအရင်က

နောက်တစ်ကြိမ်ထပ်မံ ပြီးပြည့်စုံသွားပြန်သည်။ ညကောင်းကင်ယံထဲ၌  မှုန်ဝါးဝါးအနက်ရောင်အရိပ်ကြီးတစ်ခုကထပ်မံပေါ်လာပြီး  အောက်ဘက်ရှိ ရှစ်ဖုန့်နှင့်  ရှောင်းယီအားဖုံးလွှမ်းသွားသည်။

ထို့နောက်ချက်ချင်း အနက်ရောင်ပုံရိပ်က  ထက်ရှသော ဓားပုံရိပ်အကြီးကြီးအားဖွဲ့စည်းလိုက်ပြီး  ရှစ်ဖုန့်နှင့်ရှောင်းယီတို့ထံသို့  ကြမ်းကြုတ်စွာ ခုတ်ပိုင်းလိုက်သည်။

“ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ် တစ်ယောက်၏စွမ်းအားနဲ့ ခြေတစ်လှမ်းစာသာကွာဟတဲ့ အထွတ်အထိပ်ကြယ်ခြောက်ပွင့်  သူတော်စင်နယ်ပယ် တစ်ယောက်ရဲ့စွမ်းအား”

ရှစ်ဖုန့်က အထက်မှ ခုတ်ပိုင်းကျဆင်းလာသောဧရာမ အနက်ရောင် ဆေဘာဓားရိပ်ကြီးမော့ကြည့်၍ တီးတိုးရွတ်လိုက်သည်။သို့သော် ဤအချိန်တွင်   အနက်ရောင်ဆေဘာဓားရိပ်၏ပုံရိပ်က  ရုတ်တရက်  ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်တစ်ဦး၏စွမ်းအားသို့တိုးမြှင့်ရောက်ရှိလာသည်။

အထက်မှခုတ်ပိုင်းကျင်ဆင်းလာသော  အနက်ရောင်ဆေဘာဓားရိပ်အားကြည့်ရင်း ရှစ်ဖုန့်၏မျက်နှာက  တည်ငြိမ်မှုရှိနေဆဲဖြစ်သည်။  ဓားအလင်းတစ်ခုက သူ၏ဘယ်လက်၌ဖျက်ခနဲလင်းလက်လာပြီး လပြည့်ဓားက ရှစ်ဖုန့်၏လက်ထဲ၌ပေါ်လာသည်။

“အား”

သို့သော် ရှစ်ဖုန့်၏နံဘေး၌ရှိနေသောရှောင်းယီမှာ အနက်ရောင်ဆေဘာဓားရိပ်၏ စွမ်းအားကြောင့်ထိတ်လန့်ကြောင့်ရွံ့စွာ

အော်လိုက်သည်။ဤသည်ကား ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်တစ်ဦး၏ စွမ်းအားဖြစ်သည်။

“ထိုက်မိသားစုရဲ့ ထိုက်လုံသတ်ဖြတ်ခြင်းအစီအရင်…ဒါကထိုက်မိသားစုရဲ့အစစ်အမှန်စွမ်းအားပဲ.”

စောင့်ကြည့်နေကြသောကျင့်ကြံသူများမှာအထက်မှခုတ်ပိုင်းကျဆင်းလာသော အနက်ရောင်ဆေဘာဓားရိပ်၏ စွမ်းအားအားကြည့်၍ အထိတ်တလန့်ရေရွတ်လိုက်ကြသည်။

“ဒီလူငယ် ဒီစွမ်းအားကို ရပ်တန့်နိုင်မလားဆိုတာကို သိချင်မိတယ်”

တစ်စုံတစ်ယောက်က   ဧရာမဓားကြီးအားကြည့်၍ပြောလိုက်သည်။

“ထိုက်လုံသတ်ဖြတ်ခြင်းအစီအရင်ကို အခု ထိုက်မိသားစုရဲ့ နာယက ထိုက်စွေက ထိန်းချုပ်နေပြီး ကြယ်ခုနှစ်ပွင့် သူတော်စင်နယ်ပယ်စွမ်းအားကိုရောက်နေပြီ. အကယ်၍သာထိုက်စမ်ဒီနေရာမှာရှိနေရင် ဒီတိုက်ခိုက်မှုကစိတ်ကူး ကြည့်လို့တောင်ရမှာမဟုတ်ဘူး”

“ငါခံစားမိတယ်..ဆေဘာဓားရိပ်က စွမ်းအားတွေဆက်ပြီးတိုးနေသေးတယ်.. ဘုရားရေ..အဲ့တာက ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်အ

ထွတ်အထိပ်ကိုရောက်နေပြီ.. ထိုက်လုံသတ်ဖြတ်ခြင်းအစီအရင် ခုတ်ပိုင်းကျဆင်းလာတဲ့ဓားရိပ်က  ပိုအားကောင်းလာနေတယ်”

“ဒီတစ်ကြိမ်တော့ ဒီလူငယ်လေး ဒုက္ခရောက်ပြီလို့ငါထင်တယ်”

“ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်”

ကောင်းကင်ထက်မှခုတ်ပိုင်းကျဆင်းလာနေသော ဆေဘာဓားရိပ်ကိုကြည့်၍  ရှစ်ဖုန့်က  နောက်တစ်ကြိမ်တီးတိုးရေရွတ်လိုက်သည်။ အနက်ရောင်ဆေဘာဓားရိပ်က ရှစ်ဖုန့်နှင့်ရှောင်းယီ၏ ဦးခေါင်းနားသို့ရောက်ရှိလာနေပြီဖြစ်ပြီး  ၎င်းတို့၏ကိုယ်အားဝါးမျိုတော့မည်ဖြစ်သည်။

ကောင်းကင်ထက်မှကျဆင်းလာနေသော ဓားရိပ်အားကြည့်၍ ရှောင်းယီ၏ မျက်လုံးတို့က  ပြူးကျယ်နေ၏။ သူမက သူမဖာသာတီးတိုးရေရွတ်လိုက်သည်။

“ငါ..ငါသေရတော့မှာလား..”

ထို့နောက် အတိတ်တုံးကပုံရိပ်များက တစ်ခုပြီးတစ်ခု ကောင်မလေး၏ စိတ်ထဲ၌ပေါ်လာသည်။

ဤအခိုက်အတန့်တွင်  ရှစ်ဖုန့်ကငရဲဘုံးကိုးခု သေခြင်းစွမ်းအင် (ဝါ)အမှောင်စွမ်းအင်တို့အား လပြည့်ဓားအတွင်းသို့ပေါင်းထည့်ပြီးဖြစ်သည်။ထို့နောက် လပြည့်ဓားအားအပေါ်သို့လှန်၍ခုတ်လိုက်ပြီး  ဓားအလင်းတစ်ခုကလင်းလက်သွားကာ ကျဆင်းလာသော နေသော အနက်ရောင်ဆေဘာဓားရိပ်ကြီးထံသို့ဦးတည်သွားသည်။

“ဒါက”

“ဒါက.”

“ဒါက..”

“ဒါက”

ရှင်းယောင်မြို့အတွင်းထိုက်မိသားစု အိမ်တော်၏ဗဟိုအပါအဝင် ဦးတည်ချက်ပေါင်းစုံမှ အံ့အားသင့်သောအသံများထွက်ပေါ်လာသည်ကိုကြားရနိုင်သည်ဖြစ်သည်။ အားလုံး၏အကြည့်များအောက်၌ ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်နှင့်

ညီမျှသော အနက်ရောင်ဆေဘာဓားရိပ်ကြီးက လူငယ်၏ဓားအလင်းတန့်အောက်၌ သဲလွန်စမကျန်ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ကြရ၏။

“ဒါက.. အဲ့တာကကြယ်ရှစ်ပွင့်သူတော်စင်နယ်

ပယ်တစ်ယောက်ရဲ့စွမ်းအားတစ်ခက  အလွယ်တကူလေးနဲ့ကျိုးပျက်သွားတယ်. ဒါက စိတ်ကူးကြည့်လို့တောင်မရဘူး”

ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်တစ်ယောက် ၏စွမ်းအားအားချိုးဖျက်နိုင်ဖို့ဆိုလျှင်  ၎င်းလူက ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်

တစ်ယောက်များဖြစ်နိုင်မည်လော။ ထိုသို့သာဆိုလျှင်  ငယ်ရွယ်သောကြယ်ကိုးပွင့်သူ

တော်စင်နယ်ပယ်ဤလူငယ်က ပြိုင်ဘက်ကင်းနတ်ဆိုးတစ်ပါး

ပင်ဖြစ်လေသည်။

ထျန်းလျန်အင်ပါယာ၏ ကြီးမြတ်သောလက်ရွေးစင် ဆယ်ယောက်စာရင်း၌ပါဝင်သည့်အငယ်ဆုံးဖြစ်သူ ဗိုလ်ချုပ်ကျိရှောင်းပင်လျှင် ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်အ

ဆင့်၌သာရှိသေးသည်ဖြစ်သည်။

ထိုထက်ပိုသည်ကား ဤလူငယ်မှာ အသက်ဆယ့်ခြောက်ဆယ့်ခုနှစ်ခန့်သာရှိသေးသည်ဖြစ်၏။ ဗိုလ်ချုပ်ကျိရှောင်းမှာမူ ကောလဟာလများအရ အသက်နှစ်ဆယ့်ခြောက်နှစ်ရှိနေပြီဖြစ်သည်။  အကယ်၍ ဤလူငယ်သာ တကယ်ပဲ ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်အ

ဆင့်သို့ဝင်ရောက်နေလျှင်  ဤလူငယ်၏ပါရမီက ကြီးမြတ်သော လက်ရွေးစင်ဆယ်ယောက်စာရင်းဝင် ကျိရှောင်းထက်ပို၍ကောင်းကင်ဘုံအား

ဆန့်ကျင်ခြင်းဖြစ်နေသည်ဟု ဆိုလိုခြင်းမဟုတ်လော။

“ဒါက..ဒီနတ်ဆိုးကဘယ်နေရာကနေများလာခဲ့တာလဲ..သူကအရမ်းငယ်သေးပြီး အရမ်းပဲကောင်းကင်ဘုံကိုဆန့်ကျင်နေပြီ….သူကမြင့်မြတ်ကုန်းမြေသုံးခုကများဖြစ်နေမလား”

“ဒါက..မြင့်မြတ်ကုန်းမြေသုံးခုက ဒီလိုပါရမီရှင်တစ်ယောက်မျိုးရှိဖို့ဆို

တာပိုပြီးဖြစ်နိုင်ချေများတယ်.. ဒါပေမဲ့. ဒီလူငယ်ပါမရမီရှင်က အရှေ့ပိုင်းဒေသကြီးအတွင်း မြင့်မြတ်ကုန်းမြေသုံးခုထဲကပင်မတ

ပည့်တစ်ယောက်ဖြစ်ဖို့များတယ်”

“ဒါက.. ထိုက်မိသားစုရဲ့ထိုက်လုံသတ်ဖြတ်ခြင်း

အစီအရင်က ကျိုးပျက်သွားပြီ.. ထိုက်မိသားစုမှာဘာဝှက်ဖဲတွေရှိသေး

လဲကြည့်ကြသေးတာပေါ့”

စောင့်ကြည့်နေကြသောပရိတ်သတ်များက တိုက်ပွဲအားစောင့်ကြည့်ရင်းထက်သန်စွာဆွေးနွေးနေကြသည်။ ဤအခိုက်အတန့်၌ တုန်လှုပ်အံ့အားအသင့်ဖြစ်ရဆုံးသောသူများမှာ  သူတို့၏ဘိုးဘေးအစီအရင်ကျိုးပျက်သွားခဲ့သော ထိုက်မိသားစုဝင်များဖြစ်ကြသည်။

ထိုက်လုံသတ်ဖြတ်ခြင်းအစီအရင်ကျိုးပျက်သွားသည်နှင့်   ထိုက်မိသားစုအဖွဲ့ဝင်အားလုံး တန်ပြန်မှုများကိုခံစားလိုက်ရသည်။

“ဝေါ့”

“ဝေါ့”

“ဝေါ့”

“ဝေါ့”

ထိုက်မိသားစုဝင်များ၏ပါးစပ်မှသွေးတစ်ပွက်ဆီအန်ထွက်လာ၏။ထိုက်လုံသတ်ဖြတ်ခြင်းအစီအရင်ကအားကောင်းသလို တန်ပြန်မှုကလည်းကြီးမားသည်ဖြစ်သည်။

ဤအချိန်တိုလေးအတွင်း ထိုက်မိသားစုဝင်များမှာသွေးချောင်း

ဆိုးလိုက်ကြရပြီး စွမ်းအားမဲ့ကာမြေပြင်ပေါ်သို့ထိုင်ကျသွားသည်။ သူတို့၏မျက်နှာများကဖြူဖျော့နေ၏။ ထိုက်မိသားစုဝင်များကြားထဲ၌ ထိုက်မိသားစု၏အကြီးဆုံးသခင်လေးဖြစ်သူ ထိုက်ရှန့်တစ်ယောက်သာ  အထိမရှရပ်နိုင်နေသေးခြင်းဖြစ်သည်။  အေးစက်သောအပြုံးတစ်ခုအားမျက်နှာထက်၌ဆင်မြန်း၍ မြေပြင်ထက်၌လဲနေသောထိုက်မိသားစုဝင်များကိုသူကြည့်လိုက်သည်။

“ထိုက်..ထိုက်ရှန့်..မင်းဘာလို့အဆင်ပြေနေတာလဲ..ရန်သူကိုဆန့်ကျင်တိုက်ခိုက်ဖို့အတွက် မင်းငါတို့နဲ့မပူးပေါင်းခဲ့ဘူးလား..”

ထိုက်မိသားစုဝင်များထဲမှတစ်စုံတစ်ယောက်က  ထိုက်ရှန့်မထိမရှ ရပ်နေသည်ကိုကြည့်ရင်း ချက်ချင်းတစ်စုံတစ်ခုအားသဘာပေါက်သွားကာ ဒေါသတကြီးအော်ပြောလိုက်သည်။

“ဘာ..ထိုက်ရှန့်မင်း..”

“ထိုက်ရှန့်..မင်း…”

“ထိုက်ရှန့်”

အော်သံအားကြားလိုက်ရသောအခါတွင်ထိုက်မိသားစုဝင်အားလုံး ထိုက်ရှန့်အားကြည့်လိုက်ကြသည်။ တကယ့်ကိုထိုက်ရှန့်တစ်ယောက်သာ

မြေပြင်ထက်၌မူမပျက်ရပ်နေနိုင်ခြင်းဖြစ်သည်။

ထိုက်မိသားစုဝင်များကထိုက်ရှန့်အားဒေါသူပုန်ထနေသော မျက်နှာများဖြင့်ကြည့်လိုက်ကြသည်။

နာယကကြီးအားထောက်ခံသောသူများသာမက ထိုက်ရှန့်အားနောက်ခေါင်းဆောင်အဖြစ်ထောက်ခံသူများပင်ဒေါသထွက်စွာ

ကြည့်လိုက်ကြသည်။

ထိုက်မိသားစုကအားကောင်း

သောရန်သူတစ်ယောက်အားရင်ဆိုင်နေရပြီး  ထိုက်ရှန့်ကသူတို့နှင့်  မပူးပေါင်းခဲ့ပေ။အကယ်၍ ကြယ်လေးပွင့်သူတော်စင်နယ်ပယ်ဖြစ်

သောထိုက်ရှန့်သာပူးပေါင်းခဲ့လျှင် ထိုက်လုံသတ်ဖြတ်ခြင်းအစီအရင်က ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်တစ်ယောက်ကဲ့သို့  အားမကောင်းသော်လည်း  ယခင်ကထက်တော့များစွာပိုအား

ကောင်းလိမ့်မည်သာဖြစ်သည်။

သို့သော်ထိုက်ရှန့်ကသူတို့နှင့်မပူးပေါင်းခဲ့ပေ။ ဤကဲ့သိုသောလူကမည်ကဲ့သို့ထိုက်မိ

သားစုခေါင်းဆောင်ဖြစ်လာနိုင်ပါမည်နည်း။

“ဟားဟား..ဟားဟားဟားဟား”

မြေပြင်ထက်၌လဲပြိုနေသောထိုက်

မိသားစုဝင်များအားကြည့်၍ သူ့အားဒေါသထွက်နေသည့်အ

ကြည့်များအားရင်ဆိုင် ထိုက်ရှန့်ခါးခါးသက်သက်ရယ်မောလိုက်သည်။

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters