အပိုင်း(၅၃၇)
Vol. 36 Ch. 537
ထိုက်မိသားစုဝင်များထဲတွင် ထိုက်ရှန့်တစ်ယောက်သာ အနိုင်ရရှိသူတစ်ဦးကဲ့သို့ ကြမ်းကြမ်းတမ်းတမ်းကိုရယ်မောနေသည်။ မျက်နှာပေါ်တွင်အပြုံးတစ်ခုအား
ဆင်မြန်း၍ နှုတ်ခမ်းထောင်မှသွေးများစီးကျနေပြီး မျက်နှာများဖြူဖျော့နေကြသော ထိုက်မိသားစုဝင်များအားကြည့်လိုက်သည်။
ရှစ်ဖုန့်ကထိုက်မိသားစုဝင်များ
အားကြည့်နေသည်။ မူလက၎င်းတို့အားသူတတ်ချင်ခဲ့သော်လည်း ယခု ပွဲကောင်းတစ်ခုကြည့်ရန်ရှိနေ
သောကြောင့် သူယာယီရပ်တန့်ထားလိုက်သည်။
“သူကဘာလို့ရယ်နေတာလဲ…ထိုက်မိသားစုဝင်အားလုံးရှုံးနိမ့်ပြီးတော့ဒဏ်ရာရကုန်ပြီ.. ရှင်သူတို့ကိုလွှတ်ပေးမယ်လို့ကျွန်မမထင်ဘူး..ထိုက်မိသားစုက ပျက်စီးတော့မှာလေ”
ရှစ်ဖုန့်၏နံဘေးနား၌ရှိနေသော ရှောင်းယီက ရယ်မောနေသောထိုက်ရှန့်အား စိတ်ရှုပ်ထွေးနေသောအမူအယာ
ဖြင့်ကြည့်လိုက်သည်။ သူကကရှစ်ဖုန့်အားမေးလိုက်၏။
“ထိုက်မိသားစုကရှုံးသွားပြီး သူ့အဖေကအသတ်ခံလိုက်ရတာကြောင့် ထိုက်မိသားစုရဲ့အကြီးဆုံးသား
ကရူးသွားတာလား”
ရှောင်းယီ၏စကားအားကြားပြီးနောက်ပွဲ ကောင်းတစ်ခုအားကြည့်နေရသကဲ့သို့စောင့်ကြည့်နေရင်းရှစ်ဖုန့်ပြောလိုက်သည်။
“ဒီခွေးတွေ တစ်ယောက်နဲ့တစ်ယောက်ထပ်ပြီး ကိုက်နေကြပြန်ပြီ”
“ထိုက်ရှန့်မင်းရူးသွားပြီလား. ငါတို့ထိုက်မိသားစုက ကြီးမားတဲ့ကပ်ဘေးတစ်ခုနဲ့ရင်ဆိုင်
နေရတာကို မင်းမမြင်ဘူးလား.. ငါတို့ထိုက်မိသားစုကပျက်ကိန်းစိုက်တော့မှာ.မင်းကရယ်နေနိုင်သေးတယ်လား”
ထိုက်မိသားစုမှ ဗလတောင့်တောင့်လူတစ်ဦးက ထိုက်ရှန့်အားကြည့်၍ဒေါသတကြီး
အော်ပြောလိုက်သည်။
“ထိုက်ရှန့်.မင်းဘာဖြစ်နေတာလဲ”
နောက်ထပ်လူတစ်ယောက်ကလည်း
အော်ပြောလိုက်သည်။
“ထိုက်ရှန့်”
ထိုက်မိသားစုဝင်များ၏ဒေါသထွက်နေသော မျက်နှာများအားရင်ဆိုင်ပြီး ၎င်းတို့၏ဒေါသတကြီးအော်သံများအားနားထောင်ရင်းထိုက်ရှန့်၏မျက်နှာက ပြောင်းလဲမှုမရှိပေ။
ထို့နောက် ထိုက်ရှန့်၏ အကြည့်က ထိုက်မိသားစုနာယက ထိုက်စွေပေါ်သို့ကျရောက်သွားသည်။ သူ၏အမူအယာက ဖြည်းဖြည်းချင်းအေးစက်မှုအဖြစ်ပြောင်း
သွားသည်။သူကအေးစက်စွာပြောလိုက်၏။
“ကျုပ်ထိုက်ရှန့်ကရူးသွားတယ်လို့ ခင်ဗျားတို့ထင်နေတာလား.. တကယ်တော့ ကျုပ်ခေါင်းကအရမ်းကိုရှင်းနေတယ်..ကျုပ်သာပူးပေါင်းပြီးတော့အဲ့လူငယ်ကိုသတ်ခဲ့ရင် သူတောင်းစားကြီး ထိုက်စွေက ကျုပ်ကိုလွှတ်ပေးမယ်လို့ထင်နေတာလား”
“ထိုက်ရှန့် ဘာတွေပဲဖြစ်နေပါစေ ဒါကငါတို့မိသားစုကိစ္စပဲ..ငါတို့ရှေ့ကရန်သူကိုရင်ဆိုင်ဖို့အတွက်ငါတို့ပူးပေါင်းသင့်တယ်..
ထိုက်ရှန့်.. မင်းရဲ့အပြုအမူတွေနဲ့အဲ့ ထိုက်မိသားစုခွေးတွေကြားမှာ ဘာများကွာခြားတော့လို့လဲ”
ထိုက်ရှန့်၏စကားအားကြားပြီးနောက် နောက်ထပ်ထိုက်မိသားစုဝင်တစ်ဦးက ထိုက်ရှန့်အားကြိမ်းမောင်းလိုက်သည်။၎င်းလူကထိုက်မိသားစု၏ ဒုတိယမြောက်နာယကဖြစ်သူ ထိုက်ယွမ်ဖြစ်သည်။
ထိုက်မိသားစု၏ ဒုတိယနာယကတစ်ဦးအနေဖြင့် ထိုက်ယွမ်မှာ နာယကထိုက်စွေနဲ့ကွဲပြားသည်ဖြစ်သည်။သူ့၌တစ်ကိုယ်ကောင်းဆန်သောစိတ်မရှိချေ။ထိုက်စမ်သေသွားခဲ့လျှင်တောင် ထိုက်စမ်၏မျိုးရိုးမှဆင်းသက်လာသူ ထိုက်ရှန့်က မိသားစုခေါင်းဆောင်နေရာအားဆက်ခံ
သင့်သည်ဟုသူ ယုံကြည်ထားဆဲဖြစ်သည်။
သို့သော်ထိုက်ရှန့်၏လက်ရှိအပြုအမူများက ထိုက်ယွမ်၏ဆံပင်မွှေးတို့အားအဆုံးထိထောင်မတ်သွားစေသည်။ သူ၏ အိုမင်းသောမျက်နှာက ဒေါသတရားတို့ကြောင့်နီမြန်းနေ၏။
“လက်ပါးစေတစ်ယောက်လား”
ဒုတိယနာယကဖြစ်သူ ထိုက်ယွမ်၏ စကားတိုအာ့းကြားရသောအခါတွင်ထိုက်ရှန့်အနေဖြင့်ထိုက်ယွမ်အားစိတ်ဆိုးခြင်းမရှိပေ။ ထိုအစား အပြုံးတစ်ခုကသူ၏မျက်နှာထက်တွင်ပေါ်လာ၏။ ထို့နောက် ထိုက်ရှန့်က ထိုက်မိသားစုလူများအားလျစ်လျူရှုလိုက်ပြီး လေထဲသို့ခြေချ၍ ရှစ်ဖုန့်ထံသို့လျှောက်လှမ်းသွားလိုက်သည်။
“ထိုက်ရှန့်ဘာလုပ်ဖို့ကြိုးစားနေတာလဲ..ခုဏက ထိုက်မိသားစုကလူအများကြီး ဒဏ်ရာရထားကြတယ်…အခုသူက အဲ့လူငယ်ဆီကိုလျှောက်သွားနေတယ်.. ငါပိုပြီးပိုပြီးစိတ်ရှုပ်ထွေးလာပြီ.. ထိုက်ရှန့်ကသူနဲ့တစ်ယောက်ချင်းတိုက်ချင်နေတာများဖြစ်နိုင်မလား..”
အဝေးမှစောင့်ကြည့်နေသော ကျင့်ကြံသူတစ်ဦးက ထိုက်ရှန့်အားငေးကြောင်ကြည့်၍ ပြောလိုက်သည်။
“တစ်ယောက်ချင်းလား..သူ့အဖေ
ထိုက်စမ်တောင် အဲ့လူငယ်လက်ထဲမှာသေသွားတဲ့ဟာ.
.ကြယ်လေးပွင့်သူတော်စင်နယ်ပယ်ဖြစ်တဲ့ထိုက်ရှန့်လဲသေမှာပဲ.”
အခြားကျင့်ကြံသူတစ်ဦးကပြောလိုက်သည်။
“ထိုက်ရှန့်က သူ့ရဲ့ကျင့်ကြံမှုကိုတစ်ချိန်လုံးဖုံးကွယ်ထားတဲ့ သိုင်းပါရမီရှင်များဖြစ်နေမလာ..အခုထိုက်မိသားစုကဒုက္ခရောက်နေပြီ. ..အခုကသူ့အတွက် ထုတ်ဖော်ဖို့အချိန်ပဲ.. သူ့မှာ သူအဖေထိုက်စမ်ကိုတောင်ဖိနှိပ်နိုင်တဲ့စွမ်းအားမျိုးရှိနေရင် ဒီလူငယ်ကိုလည်းသူဖိနှိပ်နိုင်လိမ့်မယ်”
“အဲ့လိုမဟုတ်ပဲ ဘာအကြွင်းမဲ့စွမ်းအားမှမရှိဘဲနဲ့သူက အဲ့လူငယ်ဆီကိုဘာလို့လျှောက်သွားမှာလဲ.. သူ့အသက်ကို စွန့်လွှတ်၇အောင်အထိဘာလို့သူ
ကမိုက်မဲမှာလဲ”
ထိုက်ရှန့်၏ ပုံရိပ်အားကြည့်၍ သူ့ဘေးရှိလူများအားအခြေအနေကို ခွဲခြမ်းစိတ်ဖြာပြနေသော ကျင့်ကြံသူများလည်းရှိကြသည်။
ဤအရာအားပြောနေချိန်တွင် ၎င်းတို့၏မျက်နှာထက်၌ ကိုယ့်ကိုယ်ကိုယ်ယုံကြည့်ချက်များရှိနေ၏။ ထိုက်ရှန့်လုပ်နေသောအရာတိုင်းက
သူတို့၏ထိန်းချုပ်မှုအောက်၌ရှိနေသကဲ့သို့ပင်ဖြစ်သည်။
ဤအချိန်တွင်ကြည့်ရှုနေသူများအားအသာထားဦး ထိုက်မိသားစုဝင်များပင်လျှင် ထိုက်ရှန့်ဘာလုပ်ရန်ကြိုးစားနေသည်အား နားမလည်နိုင်ကြချေ။
သို့သော် နောက်ထက်အခိုက်အတန့်၌ ထိုက်ရှန့်က လူများအမျှော်လင့်မထားသည့်အရာအား လုပ်လိုက်သည်။ ထိုက်ရှန့်ရှစ်ဖုန့်အားနီးကပ်လာချိန်တွင် သူ၏ဒူးတို့အားကွေးညွှတ်ကာ ရှစ်ဖုန့်၏ရှေ့၌ တကယ်ဒူးထောက်ချလိုက်၏။
“သူတကယ်ကြီး ဒူးထောက်လိုက်တယ်”
“အဲ့လူကသူ့အဖေကိုသတ်ခဲ့တဲ့သူလေ.. သူ့ရဲ့ညီငယ်ဖြစ်တဲ့ ထိုက်မိသားစုရဲ့ဒုတိယသခင်လေး ထိုက်ခက်တောင် အဲ့လူငယ်ရဲ့လက်ထဲမှာသေသွား
တာလို့ပြောကြတယ်”
ထိုက်ရှန့်၏အပြုအမူအားမည်
သူကမှနားမလည်နိုင်ကြချေ။ သူတို့အားလုံးထိုက်ရှန့်ရူးသွပ်သွား
သည်ဟုတွေးကြပြီး ယင်းကတော်တော်လေးကိုရူးသွပ်ခြင်းပင်ဖြစ်လေသည်။
ထိုက်မိသားစုဝင်တစ်ဦးဖြစ်သူ ထိုက်မိသားစု၏ ပထမသခင်လေးက ထိုက်ကလန်၏ရန်သူတော်ရှေ့၌ တကယ်ကြီ ဒူးထောက်လိုက်ခြင်းကို ထိုက်မိသားစုမှလူများလက်သင့်ခံ
နိုင်ရန်ခက်ခဲနေသည်။
ထိုက်ရှန့်၏အပြုအမူအားတွေ့လိုက်ရသောအခါတွင် ထိုက်ကလန်၏ဒုတိယနာယကဖြစ်သူ ထိုက်ယွမ်တစ်ယောက်ထိုက်ရှန့်အား ဒေါသတကြီးအော်ဟစ်လိုက်သည်။
“ထိုက်ရှန့်..မင်း….မင်းဘာလုပ်နေ
တာလြ.. သူက မင်းအဖေနဲ့မင်းညီကကိုသတ်ခဲ့တဲ့သူကွ. သူကထိုက်မိသားစုတစ်ခုလုံးရဲ့ရန်သူ.. မင်း..မြန်မြန်မတ်တပ်ထရပ်စမ်း”
“ထိုက်ရှန့်..မင်းတကယ်ရူးသွားပြီလား”
“ထိုက်ရှန့်..ထိုက်ကလန်ရဲ့ သူတောင်းစားကောင်”
ထိုက်ရှန့်၏အပြုအမူအားမြင်လိုက်ရသောအခါတွင်ထိုက်မိသားစုဝင်များအားလုံး ခက်ထန်ကုန်သည်။ နာယကြီးထိုက်စွေက နောက်ဆုံး၌အော်ပြောလိုက်သည်။
“ငါထိုက်စွေ…ဒါကိုကျိန်ဆိုတယ်..
အကယ်၍ငါသာမသေခဲ့ရင် ထိုက်ကလန်ရဲ့သူတောင်းစားထိုက်ရှန့်ကို မြှုပ်စရာသင်္ချိုင်းမရှိအောင်လုပ်ပစ်မယ်”
ထိုက်ရှန့်က ထိုက်မိသားစုဝင်များထံမှ ဒေါသတကြီးအော်သံများအား လျစ်လျူရှုထားသည်။သူကဖြည်းဖြည်း
ချင်းခေါင်းမော့လိုက်ပြီး မျက်နှာထက်၌လှောင်ပြုံးဆင်မြန်းထား
သောရှစ်ဖုန့်ထံသို့ကြည့်လိုက်သည်။
ထိုက်ရှန့်၏မျက်နှာထက်၌ရုတ်တရက် ပြတ်သားမှုတို့ဖြစ်လာ၏။သူကရှစ်ဖုန့်အားအော်ပြောလိုက်သည်။
“ကျုပ်ထိုက်ရှန့် သင့်ဆီမှာအညံ့ခံဖို့ဆန္ဒရှိပါတယ်.. အခုကစပြီးကျုပ်ထိုက်ရှန့်က သင့်ကိုသခင်အဖြစ်အသိအမှတ်ပြုချင်ပါတယ်..ကျုပ်ထိုက်ရှန့်က သင့်လက်အောက်ကခွေးတစ်ကောင်ပါ..ကျုပ်ထိုက်ရှန့်ထိုက်မိသားစုကို လက်လွှဲယူနိုင်တာနဲ့ ဒီနေ့ကစပြီးတော့ ထိုက်မိသားစုက သင့် ရဲ့စကားကို နားထောင်ပါလိမ့်မယ်”
ထိုက်ရှန့်စကားဆုံးပြီးနောက် သူ၏ပြတ်သားခိုင်မာသော မျက်နှာထားအားထိန်းထားပြီး ရှစ်ဖုန့်ကိုကြည့်နေသည်။ ထိုက်ရှန့်၏အော်ပြောသံ ထိုက်ကလန်၏ ညကောင်းကင်ယံထက်၌ပဲ့တင်ထပ်သွားသည်။
“ထိုက်ကလန်ရဲ့အကြီးဆုံးသခင်လေးဖြစ်တဲ့ ထိုက်ရန့်က သူ့အဖေကိုသတ်လိုက်တဲ့သူရဲ့
ခွေးဖြစ်ချင်နေတယ်”
ဤသည်မှာထိုက်ရှန့်သူ၏အသက်နှင့်
လောင်းကြေးထပ်ထားသောအရာတစ်ခုဖြစ်သည်။ ထိုက်မိသားစုနှင့် ထိုက်လုံသတ်ဖြတ်ခြင်းအစီအရင်
အားပုံမဖော်ခင် အကယ်၍ထိုက်ကလန်ကသာဤလူအားသတ်ပစ်နိုင်ခဲ့လျှင် ထိုက်စွေက ထိုက်ကလန်အားထိန်းချုပ်ပြီးနောက်သူ့အား လွှတ်ပေးမည်မဟုတ်သည်ကို ထိုက်ရှန့်တွက်ချက်ထားပြီးဖြစ်သည်။ အကယ်၍ ပေါ့ပါးခဲ့လျှင် ထိုက်ရှန့်အနေဖြင့် ဒန်တန်ဖျက်ဆီးခံရကာ ဒုက္ခိတဖြစ်ပြီး တိရစ္ဆာတစ်ကောင်ကဲ့သို့လှောင်ပိတ်ခံ
ထားရလိမ့်မည်ဖြစ်သည်။
အကယ်၍ ပြင်းထန်ခဲ့လျှင် ထိုက်ရှန့်အနေဖြင့် သေချာပေါက်အသတ်ခံရလိမ့်မည်ဖြစ်၏။
ထို့ကြောင့် ထိုက်ရှန့်အနေဖြင့်ရွေးချယ်စရာမရှိဘဲ ဤလမ်းခရီးကိုလျှောက်လှမ်းခဲ့ရခြင်းဖြစ်သည်။ သူက ဤလောင်းကစားကိုယူကာလောင်း
ကြေးထပ်ခဲ့သည်။ ဤလူကထိုက်စွေတစ်ယောက်တည်း
ကိုသာသတ်ခဲ့လျှင် သူရှင်သန်ဖို့အခွင့်အရေးရှိပြီး ထိုက်မိသားစု၏ ခေါင်းဆောင်သစ်တစ်ယောက်ပင်ဖြစ်
လာလိမ့်မည်ဖြစ်သည်။
ထိုက်မိသားစု၏ခေါင်းဆောင်ဟူသော
နေရာကလူများစွာနေ့နေ့ညည လိုချင်တောင့်တနေသောအရာဖြစ်သည်။ လူများစွာကအကြံအစည်များကိုရေးဆွဲကြသည်ဖြစ်၏။ထိုက်မိသားစုခေါင်းဆောင်နေရာ
အားရရှိပြီး ဤနေရာ၏ အာဏာရှင်တစ်ဦးဖြစ်လာရန်အိပ်ပျက်ခဲ့သည်ညပေါင်းများစွာပင်ရှိခဲ့သည်ဖြစ်သည်။
ဆက်ရန်…….
ဘာသာပြန်သူ-ARISE