← Chapters

ကျိုးပျက်သွားသော အတားအဆီး

Vol. 17 Ch. 237

ကျိုးပျက်သွားသော အတားအဆီး

Vol. 17 Ch. 237

မျက်နှာတစ်ထောင်သူတော်စင်က အမြင့်ဆုံးအရည်အ‌သွေး ဝိညာဉ်ကျောက်တုံးကို ပြုးလျှက် ကြည့်လိုက်သည်။

“အမြင့်ဆုံးအရည်အသွေး ဝိညာဉ်ကျောက်တုံးသုံးတုံးနဲ့ ဆိုရင် အာကာလမ်းကြောင်းကို ဖွင့်နိုင်လိမ့်မယ်။ ငါ့ရဲ့လင်တောက်တာအိုဂိုဏ်းမှာ တစ်ခုရှိတယ်။ ဒီမှာ တစ်ခုရှိနေတယ်။ နောက်တစ်ခု ရှာတွေ့ရင် လုံလောက်ပြီ”

ယန်ယင်က ခေါင်းခါပြီး ခြေတစ်လှမ်းချင်းစီ လျှောက်လာသည်။ သူက တီးတိုးပြောလိုက်သည်။

“ခေါင်းဆောင်ရဲ့တားမြစ်ချက်ကို ဘယ်တော့မှမချိုးဖောက်ရဘူး”

မျက်နှာတစ်ထောင်သူတော်စင်က ရယ်မောလိုက်ပြီး ယန်ယင်ကို လက်ညှိုးညွှန်သည်။

“မင်းက သူစွန့်ပစ်ထားခဲ့တဲ့ ဓားတစ်ချောင်းပဲ။ ဘာဖြစ်လို့ သူ့တားမြစ်ချက်ကို လိုက်နာနေရတာလဲ”

ယန်ယင်က ခေါင်းခါပြီး သူ့မျက်လုံးထဲတွင် ပြတ်သားမှုများ ဖြစ်ပေါ်လာသည်။ သူ့ပုံရိပ်သည် ဖြည်းဖြည်းချင်း ပုံရိပ်ယောင်အဖြစ် ပြောင်းသွားပြီး သူ့နောက်တွင် ဓားနက်တစ်ချောင်းပေါ်လာသည်။

အံ့ဖွယ်နေမင်းဓား…။

“ငါ စိတ်မကောင်းပါဘူး။ ငါက ဓားဝိညာဉ်ကို ဖျက်ဆီးပစ်ချင်တယ်။ မင်းက အပြစ်ကင်းပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်မှာ ရောပါသွားခဲ့တယ်”

ယန်ယင်က ဟန်မူယဲ့ကိုလှည့်ကြည့်ပြီး ညင်သာစွာပြောသည်။

ဓားဝိညာဉ်ကို ဖျက်ဆီးခြင်း…။

ယန်ယင်သည် အံ့ဖွယ်နေမင်းဓား၏ ဝိညာဉ်ဖြစ်သည်။

ဟန်မူယဲ့က ထိုအကြောင်းကို ရှင်းလင်းစွာ မြင်နိုင်သည်။

ယန်ယင်ကို တွေ့လိုက်ကတည်းက သူ နားလည်လိုက်သည်။

“သူက အပြစ်မကင်းပါဘူး”

မျက်နှာတစ်ထောင်သူတော်စင်က ဟန်မူယဲ့ကို ဂရုမစိုက်စွာကြည့်သည်။

“သူက ဓားအင်မော်တယ်တစ်ယောက်ပဲ။ သူက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ လူငယ်မျိုးဆက်သစ်ထဲမှာ အတော်ဆုံးလူတစ်ယောက်လေ”

“ငါ့လင်တောက်တာအိုဂိုဏ်းက ကောင်းကင်အံ့ဖွယ်ကမ္ဘာကနေ ထွက်သွားတော့မှာ ဖြစ်ပေမဲ့ မင်းရဲ့ဂုဏ်သတင်းကိုတော့ ငါ မကြိုက်ဘူး”

“ဒီနေရာမှာ မင်းသေသွားတာ ကောင်းလိမ့်မယ်”

ထို့နောက် သူက ယန်ယင်ကိုပြန်ကြည့်ပြီး ပြုံးသည်။

“ဒီနေရာကို ဘာဖြစ်လို့ ငါ ရောက်လာတာလဲ မင်းသိလား”

သူ့လက်ထဲတွင် ကျောက်စိမ်းရောင် ဓားအသေးလေး ပေါ်ထွက်လာသည်။

ထိုဓားငယ် ပေါ်လာသောအခါတွင် ယန်ယင်၏ နောက်တွင်ရှိနေသော ဧရာမဓားကျိုးမှာ တုန်ခါလာ၏။

ငါက မီးတောက်နီပုန်ကန်စစ်တပ်ခေါင်းဆောင်ဆီကနေ ပစ္စည်းကောင်းတစ်ခု ရလိုက်တယ်”

“တစ်နှစ်ကျော်ကြာသွားတဲ့အခါမှာ ဒါကို သုံးဖို့ နည်းလမ်းရှာတွေ့ခဲ့တယ်”

ထို့နောက် သူက လက်ထဲတွင်ရှိသော ဓားငယ်ကို အသက်သွင်းလိုက်ရာ ဓားငယ်သည် တုန်ခါလာ၏။

ဧရာမဓားကျိုးကြီးဆီမှ အနက်ရောင်ဝိညာဉ်စွမ်းအင်များထွက်လာပြီး ပေတစ်ထောင်ပတ်လည်ကို ဖိနှိပ်လိုက်သည်။

ယန်ယင်၊ ဟန်မူယဲ့နှင့် မျက်နှာတစ်ထောင်သူတော်စင်တို့မှာ ဖိနှိပ်ခံထားရသောနယ်မြေအတွင်း၌ ရှိနေသည်။

အမြင့်ဆုံးအရည်အသွေး ဝိညာဉ်ကျောက်တုံးကတော့ အပြင်ဘက်မှာရှိသည်။

ကျောက်စိမ်းရောင်ဓားငယ်သည် တာအိုဓားကို ထိန်းချုပ်နိုင်သည်။

တာအိုဓား၏ စွမ်းအားများ အသက်ဝင်လာ၏။

“ငါရဲ့ ဒီခန္ဓာကိုယ်က ပြန်လည်ဝင်စားထားတဲ့ခန္ဓာကိုယ်ပဲ။ ဒီခန္ဓာကိုယ်ပျက်စီးသွားရင်တောင် နှစ်နည်းနည်းကြာရင် နောက်ထပ်ခန္ဓာကိုယ်တစ်ခု မွေးဖွားနိုင်တယ်”

“ဘယ်လိုပဲဖြစ်ဖြစ် ငါက လင်တောက်တာအိုဂိုဏ်းမှာ တံခါးပိတ်ကျင့်ကြံနေခဲ့တာလေ”

မျက်နှာတစ်ထောင်သူတော်စင်က ယန်ယင်ကိုကြည့်လိုက်ပြီး လှောင်ပြောင်သည်။

“ခေါင်းဆောင်ကိုင်ခဲ့တဲ့ဓားရဲ့ ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးခြင်းစွမ်းအားက ဘယ်လိုနေလဲ ကြည့်ရအောင်”

ယန်ယင်က အလင်းအတားအဆီး၏ အပြင်ဘက်တွင်ရှိသော အမြင့်ဆုံးအရည်အသွေး ဝိညာဉ်ကျောက်တုံးကို ကြည့်လိုက်ပြီး ဂရုမစိုက်စွာပြောသည်။

“ကောင်းပြီလေ”

သူ့ခန္ဓာကိုယ်ထဲတွင် အဆုံးမရှိသောဓားချီများ စုစည်းလာပြီး သူ့ပုံရိပ်မှာ အပြည့်အဝ ပျောက်ကွယ်သွားသည်။ သူသည် အနက်ရောင်ဓားတစ်လက်ဖြစ်သွား၏။

ထို့နောက် ဓားသည် တုန်ခါသွားပြီး ပေါက်ထဲထွက်လုနီးပါးဖြစ်နေသော များပြားလှသည့် စွမ်းအင်များ စုစည်းလာသည်။

“ဘုန်း ....”

ထိုအရာက ဓားပေါက်ကွဲသွားခြင်းမဟုတ်ပေ။

အတားအဆီး၏ အပြင်ဘက်တွင် လင်းရှန်က ဓားဖြင့် ခုတ်ချလိုက်ခြင်းဖြစ်သည်။

သူ့ဓားအလင်းသည် တောင်များကိုဖြိုခွဲပစ်နိုင်သော်လည်း အတားအဆီးကိုတော့ လှိုင်းထသွားစေရုံသာ တတ်နိုင်၏။

မျက်နှာတစ်ထောင်သူတော်စင်က ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။

“မင်းလိုမျိုး အရေးမပါတဲ့လူက တာအိုဓားရဲ့စွမ်းအားကို ချိုးဖျက်ချင်တာလား”

အလင်းအတားအဆီး၏ အပြင်ဘက်တွင် လင်းရှန်သည် ရွေးချယ်စရာမရှိတော့ဘဲ နောက်ပြန်လှည့်ပြီး ဓားဖြင့် ခုတ်ချသည်။

သူ့နောက်တွင် ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျန်းကျီးသုန်းက လက်ဝါးချက်ဖြင့် ရိုက်ချလာသည်။

အလင်းအတားအဆီးထဲတွင် ယန်ယင်က သက်ပြင်းရှည်ကြီးချလိုက်ပြီး ဓားတည်နေရာကို ချိန်ညှိ၍ မျက်နှာတစ်ထောင်သူတော်စင်ကို ချိန်ထားသည်။

“မင်းက ငါ့ကိုအရှုံးပေးပြီး ငါ့ဓားဖြစ်လာဖို့ သဘောတူမယ်ဆိုရင် ဒီနေ့ သေဖို့ လိုမှာမဟုတ်ဘူး”

“ငါ့မှာ ထာဝရရှင်သန်ဖို့နည်းလမ်းမရှိရင် စပါးစိမ်းတောင်ကုန်းကိုလာပြီး မင်းကို ရန်စမှာမဟုတ်ဘူး”

မျက်နှာတစ်ထောင်သူတော်စင်က လက်ထဲတွင်ရှိသောဓားငယ်ဖြင့် ယန်ယင်ကို ချိန်လိုက်ပြီး ညင်သာစွာပြောသည်။

“မင်းက ခေါင်းဆောင်ရဲ့ဓားလေ။ အလယ်ပိုင်းကုန်းမြေက အင်အားစုတွေကို မင်း ဆွဲဆောင်လိုက်ရင် ငါတို့လင်တောက်တာအိုဂိုဏ်းက မင်းကို တားနိုင်မှာမဟုတ်ဘူး”

ထို့နောက် မျက်နှာတစ်ထောင်သူတော်စင်က ကျိုးပဲ့နေသော ဧရာမဓားကြီးကိုကြည့်ပြီး ပြုံးသည်။

“အခု ဒီနေရာမှာ တာအိုဓားရှိနေတော့ မင်းသေသွားရင်တောင် အလယ်ပိုင်းကုန်းမြေက သိမှာမဟုတ်ဘူး”

တုံ့ပြန်လိုက်သည့်အနေဖြင့် ဓားသည် တုန်ခါသွား၏။

ဓားအလင်းများမှာ အဆုံးစွန်အထိ စုစည်းလာသည်။

မျက်နှာတစ်ထောင်သူတော်စင်၏ လက်ထဲတွင်ရှိသော ကျောက်စိမ်းဓားငယ်ကလည်း အစိမ်းရောင် အလင်းတန်းများကို ထုတ်ပေးနေသည်။

“အကြီးအကဲ၊ ကျွန်တော် ခင်ဗျားနဲ့ တစ်ကြိမ်လောက်ပူးပေါင်းလို့ရမလား”

ထိုအချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေသော ဟန်မူယဲ့က ရုတ်တရက် စကားပြောလိုက်သည်။

သူစကားပြောပြီးသောအခါတွင် သူ့နောက်ကျောမှာ ရှိနေသောကျောက်စိမ်းအရိုးမှ မှုန်ဝါးဝါးအလင်းများကို ထုတ်ပေးလိုက်သည်။

သူ့ခေါင်းပေါ်တွင် အစိမ်းရောင်ဓားဝိညာဉ်တစ်ခု ဖျတ်ခနဲ ပေါ်လာသည်။

ဟန်မူယဲ့က လက်မြှောက်ပြီး ဆံပင်ကြားတွင်ရှိသော အနက်ရောင်ဓားငယ်ကို ညင်သာစွာဆွဲထုတ်သည်။

အံ့ဖွယ်နေမင်းနည်းစနစ်…

ဓားဝိညာဉ်နှင့် ဓားအရိုးများအားလုံးကို အံ့ဖွယ်နေမင်းနည်းစနစ်ဖြင့် အသက်သွင်းလိုက်သည်။

ယန်ယင် (ဝါ) ဓားကျိုးသည် တုန်ခါသွား၏။ သူက ခဏတာမျှ တုံ့ဆိုင်းသွားပြီး ဟန်မူယဲ့၏ အနက်ရောင်ဓားငယ်နှင့် ပေါင်းစပ်လိုက်၏။

“ဟမ် ....”

ထိုအချိန်တွင် ဓားချီ သို့မဟုတ် ဓားဆန္ဒများဖြင့် ပေါင်းစပ်ခဲ့သော်လည်း တုံ့ပြန်မှုမရှိသည့်ဓားငယ်သည် ကြည်လင်သွားသည်ဟု ဟန်မူယဲ့ ခံစားလိုက်ရသည်။

သူ့ခန္ဓာကိုယ်ထဲတွင်ရှိသောဓားဆန္ဒများက ရေစီးကြောင်းတစ်ခုကဲ့သို့ လက်ထဲတွင် ရှိနေသောဓားဆီသို့ ပြေးဝင်သွားကြ၏။

ယန်ယင်က ဓားဆီမှ ခပ်အုပ်အုပ်မြည်သံ ပေးလိုက်သည်။ တောက်ပနေသောဓားအလင်းတစ်ခု စုစည်းလာသည်။

ဟန်မူယဲ့က ဓားကို ကိုင်ထားပြီး ခေါင်းမော့လျက် မျက်နှာတစ်ထောင်သူတော်စင်ကို ကြည့်သည်။ သူက ဂရုမစိုက်စွာပြောသည်။

“အကြီးအကဲရဲ့မူရင်းခန္ဓာကိုယ်က ပြန်လည်ဝင်စားခြင်းခန္ဓာကိုယ် သေသွားတဲ့အကြောင်းကို သိမှာမဟုတ်ဘူးမလား”

မျက်နှာတစ်ထောင်သူတော်စင်က အံ့အားသင့်သွားသည်။ သူက စကားပြောတော့မည့်အချိန်မှာပဲ ဟန်မူယဲ့က လက်ထဲတွင်ရှိနေသောဓားကို ဖြည်းဖြည်းချင်းလွှတ်လိုက်သည်။ သူက လက်တစ်ဖက်ကို နောက်ပစ်ထားပြီး ဓားကိုင်ထားသောလက်က ဓားလက်ချောင်းတစ်ခုကို ရှေ့သို့ပစ်ထုတ်လိုက်သည်။

“ကျွန်တော့်မှာ သန်းပေါင်းများစွာသော သာမန်ဓားကျင့်ကြံသူတွေ ကျင့်ကြံနိုင်တဲ့နည်းစနစ်တစ်ခု ရှိတယ်”

“အဲဒါကို ဓားတစ်သောင်းတို့ အိမ်အပြန်လို့ ခေါ်တယ်”

“ဒီနေ့မှာ ကျွန်တော်က ဒီဓားနည်းစနစ်ကိုအသုံးပြုပြီး အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်ကျွမ်းကျင်သူဆီက လမ်းညွှန်မှုကို တောင်းဆိုကြည့်ချင်တယ်”

ထို့နောက် ဓားအလင်းများ စူးရှလာ၏။

ဓားတစ်သောင်းတို့အိမ်အပြန်…။

ခမ်းနားလှသောဓားအလင်းသည် ဟန်မူယဲ့၏ ရှေ့တွင် ဖျတ်ခနဲပေါ်လာပြီးနောက် သူက ရှေ့သို့ လက်ညှိုးညွှန်လိုက်သည်။

ဓားအလင်းသည် လျင်မြန်၏။

အလွန် လျင်မြန်လှသည်။

ဓားသည် လေးလံသည်ဖြစ်စေ လျင်မြန်သည်ဖြစ်စေ၊ မဟာတာအို၏ စွမ်းအားကို လှုံ့ဆော်ထားခြင်းဖြစ်စေ ကိုယ်ပိုင်ခွန်အားဖြင့် အသက်သွင်းထားခြင်းဖြစ်စေ အဆုံးစွန်သို့ရောက်သွားလျှင် ထိုဓားကို မည်သူမှ မတားဆီးနိုင်တော့ပေ။

“ဝှစ် ....”

ဓားအလင်းသည် မျက်နှာတစ်ထောင်သူတော်စင်၏ ရင်ဘတ်ကို ထိုးဖောက်သွားပြီး လက်ထဲတွင်ရှိသောကျောက်စိမ်းဓားကို ပျက်စီးသွားစေသည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှာ တစ်စစီ ပြိုကွဲပြီး ပျောက်ကွယ်သွား၏။

ဓားအလင်းက ရပ်တန့်မသွားပေ။ တာအိုဓားမှ ဖန်တီးထားသော အလင်းအတားအဆီးကို လွယ်ကူစွာ ထိုးဖောက်ပြီး အဝေးသို့ပျံသန်းသွားသည်။

အလင်းအတားအဆီးကို ဖြတ်ကျော်လာသောအခါတွင် မှိန်ဖျော့နေပုံရသောဓားအလင်းသည် ပေတစ်ရာ၊ ပေတစ်ထောင်၊ ပေတစ်သောင်းအထိ ကျယ်ပြန့်သွားသည်။

ဓားအလင်းက ထောင့်ဖြတ်အတိုင်းဖြတ်သန်းသွားပြီး အနက်ရောင်မြေပြင်နှင့် ကျောက်တုံးများကိုထိုးဖောက်၍ မြေကြီးထဲသို့ ဝင်သွားသည်။

ဓားအလင်းက ရပ်တန့်မသွားဘဲ မိုင်ထောင်ချီအထိ ရောက်သွားပြီး အလယ်ပိုင်းကုန်းမြေနှင့် အနောက်ဘက်နယ်စပ်ကုန်းမြေအားခွဲခြားထားသော အတားအဆီးကို ဝင်တိုက်လိုက်သည်။

“ဘုန်း ....”

နှစ်ပေါင်းမရေမတွက်နိုင်အောင် ကမ္ဘာကိုခွဲခြမ်းထားသောအတားအဆီးမှာ ပျက်စီးသွားသည်။

များပြားလှသော သဘာဝစွမ်းအင်များသည် အနောက်ဘက်နယ်စပ်ကုန်းမြေသို့ စီးဝင်လာကြ၏။

အလယ်ပိုင်းကုန်းမြေ၏ သဘာဝစွမ်းအင်ပမာဏသည် အနောက်ဘက်နယ်စပ်ကုန်းမြေထက် အဆပေါင်း မရေမတွက်နိုင်အောင် များပြားသည်။

သူက မျက်နှာတစ်ထောင်သူတော်စင်၏ ပြန်လည်ဝင်စားထားသောခန္ဓာကိုယ်ကို ဓားတစ်ချက်ဖြင့် သတ်ဖြတ်လိုက်သည်။

ဓားအလင်းသည် တာအိုဓား၏ အတားအဆီးကို ထိုးဖောက်သွားသည်။

ဓားအလင်းက မြေကြီးကို ထိုးခွဲသွားသည်။

ဓားအလင်းက မိုင်ထောင်ချီအကွာအထိရောက်သွားပြီး အတားအဆီးကို ဖျက်ဆီးလိုက်သည်။

မူကျင်းနှင့် လုလင်ကျီးက တိုက်ခိုက်မှုကိုရပ်တန့်လိုက်ပြီး လက်ညှိုးညွှန်လျက်အနေအထားဖြင့် ရှိနေသော ဟန်မူယဲ့ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေသည်။

‘အဲဒီဓားချက်က ဘယ်လောက်သန်မာလဲ’

ဟန်မူယဲ့က ကိုယ်ပိုင်ခွန်အားကို သိပ်နားမလည်ပေ။

သူကလည်း ဓားချက်၏စွမ်းအားကြောင့် ထိတ်လန့်သွားသည်။

“ပြေးတော့ ....”

နေရာမှာတင်ရပ်တန့်နေသော လုလင်ကျီးက အော်ဟစ်လိုက်ပြီး ထွက်ပြေးတော့သည်။

သူမ၏ နောက်မှာ ကျန်းကျီးသုန်းနှင့် လင်တောက်တာအိုဂိုဏ်း၏လူများ လျင်မြန်စွာလိုက်ပါလာသည်။

သို့ပေမဲ့ လော့ရှောင်ယွီမှာ နေရာတွင် မလှုပ်မရှားရပ်နေဆဲ ဖြစ်သည်။

ယခုအချိန်မှာ အဆုံးမရှိသောဝိညာဉ်စွမ်းအင်များက အလယ်ပိုင်းကုန်းမြေမှတစ်ဆင့် စပါးစိမ်းတောင်ကုန်းသို့ စီးဝင်လာသည်။

ကောင်းကင်တွင် ရှိနေသော သဘာဝစွမ်းအားများသည် သက်တံရောင်အဖြစ် ပြောင်းလဲသွားပြီး ကြယ်ရောင်တောက်ပနေသောလေပြင်းများနှင့်အတူ ကျဆင်းလာကြသည်။

သဘာဝစွမ်းအင်များသည် သိပ်သည်းလွန်းသောကြောင့် မိုးရွာကျလာခြင်းနှင့် ဆင်တူနေသည်။ စပါးစိမ်းတောင်ကုန်းပေါ်တွင်ရှိသော သစ်ပင်များနှင့် မိစ္ဆာသားရဲများက လောဘတကြီးစုပ်ယူနေကြသည်။

အလယ်ပိုင်းကုန်းမြေနှင့် အနောက်ဘက်နယ်စပ်ကုန်းမြေကြားတွင်ရှိသော အတားအဆီးမှာ ဓားတစ်ချက်ကြောင့် ပျက်စီးသွားခဲ့သည်။

သဘာဝစွမ်းအင်များသည် အလယ်ပိုင်းကုန်းမြေမှတစ်ဆင့် အနောက်ဘက်နယ်စပ်ကုန်းမြေသို့ စီးဝင်လာသည်။

“မြို့”

ထိုအချိန်တွင်ပဲ ကောင်းကင်ပေါ်မှ အသံတစ်သံထွက်လာသည်။

ထိုအသံက ခိုင်မာမှုရှိပြီး အာဏာပြည့်ဝနေသည်။

ထိုစကားသံတိတ်ဆိတ်သွားသောအခါတွင် မိုင်ငါးထောင်အတွင်းတွင်ရှိသော သဘာဝစွမ်းအားများက ဖိနှိပ်ခံလိုက်ရပြီး ရပ်တန့်သွားသည်။

“ချိပ်စည်း”

ထိုအသံက ထပ်မံထွက်ပေါ်လာပြန်သည်။ ကောင်းကင်ထက်မှာ ရွှေရောင်ချိပ်စည်းတစ်ခုပေါ်လာသည်။

ရွှေရောင်စာလုံးများက ရွှေရောင်အလင်းလွှာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး စပါးစိမ်းတောင်ကုန်းတွင် ရှိနေသော သဘာဝစွမ်းအင်အများစုကို စုစည်းလိုက်သည်။ ထို့နောက် ကောင်းကင်နှင့်မြေကြီး၏ မူရင်းအတားအဆီးနှင့် ချိတ်ဆက်နေသည်။

ပျက်စီးသွားသောအတားအဆီးက ဖြည်းဖြည်းချင်းပြန်ကောင်းလာပြီး နဂိုအတိုင်းပြန်ဖြစ်သွားသည်။

သို့ပေမဲ့ အတားအဆီးပေါ်တွင် ရှိသောအလင်းမှာ အနည်းငယ်မှိန်ဖျော့သွားပုံပေါ်သည်။

“တာအိုဓားကို မြန်မြန်သိမ်းလိုက်”

ဟန်မူယဲ့က ယန်ယင်၏အသံကို ကြားလိုက်ရသည်။

All Chapters