← Chapters

သိုင်းပညာရှင်တို့ရဲ့ လက်ဝတ်ရတနာ

Vol. 1 Ch. 6

သိုင်းပညာရှင်တို့ရဲ့ လက်ဝတ်ရတနာ

Vol. 1 Ch. 6

“အူ ဝူး"

လီဖူချန်းက သတ္တု လက်သည်း ဝံပုလွေနှင့် ချောက်ကမ်းပါး တစ်ခုအနီးတွင် ရင်ဆိုင် တိုက်ခိုက်နေသည်။

သတ္တု လက်သည်း ဝံပုလွေက ခုခံအား အပိုင်းမှာတော့ သံမဏိအရိုး ခွေးအလောက် မကြံ့ခိုင်ဘူး။ ဒါပေမဲ့ တိုက်ခိုက်မှုအပိုင်းမှာတော့ အရမ်းကို ကြမ်းလွန်းတယ်။ သူ့ရဲ့ မီတာဝက်လောက် ရှိတဲ့ လက်သည်းတွေက ပုံမှန်သစ်ပင်ကြီး တစ်ပင်ကို နှစ်ပိုင်း ပြတ်သွား စေနိုင်တယ်။

“ထန်"

သတ္တု လက်သည်းဝံပုလွေရဲ့ လက်သည်းနဲ့ လီဖူချန်းရဲ့သံမဏိ ဓားတို့ ထိပ်တိုက်တွေ့တဲ့ အခါမှာတော့ ဓားသွားက လက်သည်း တစ်လျှောက် အလိုက်သင့် ကပ်သွားပြီး ဝံပုလွေကြီးရဲ့ ရင်ဘတ်ကို ထိုးစိုက်သွားတယ်။

“စုစုပေါင်း သိုင်းကွက် လေးကွက်။ ငါတိုးတက်ဖို့ အတော် လိုသေးတာပဲ"

သံမဏိ အရိုး ခွေးအနဲ့ တိုက်ခိုက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းက သတ္တု လက်သည်း မြေခွေးနဲ့ ထပ်တွေ့ခဲ့တယ်။

ဒီ သတ္တု လက်သည်း မြေခွေးကို သတ်ဖြတ်နိုင်ဖို့ကတော့ ဓားချက်လေးချက် ထုတ်သုံး လိုက်ရတသည်။

ဒီအကြောင်းကို တခြားလူတွေ သိလို့ကတော့ ပါးစပ် အဟောင်းသား ဖြစ်ကုန်ကြမှာ ဖြစ်တယ်။

လူသားနယ်ပယ် အဆင့် ငါးမှာ ရှိတဲ့ ကျွမ်းကျင်သူတွေတောင်မှ သတ္တု လက်သည်း ဝံပုလွေ ဒါမှမဟုတ် သံမဏိအရိုး ခွေးအတို့နှင့် ရင်ဆိုင်ရလျှင် အားအင်ကုန်ခန်းပြီး မောပန်းနွမ်းနယ် သွားနိုင်တယ်လေ။ သူတို့နှင့် တစ်ယောက်ချင်း ထိပ်တိုက်ရင်ဆိုင်ဖို့ကို တော်ရုံ လူသားနယ်ပယ် အဆင့်ငါးက စစ်သည်တော်တွေက စဉ်းစားမည် မဟုတ်ပေ။ လီဖူချန်းကတော့ ဒီသားရဲနှစ်ကောင်ကို အားပင် သိပ် မစိုက်ထုတ်လိုက်ရပဲ သက်သောင့် သက်သာနှင့် အနိုင်ယူ လိုက်နိုင်သည်။

သူ့ရဲ့ဓားသိုင်းက တော်ရုံလူသား နယ်ပယ်အဆင့်က စစ်သည်တော်တွေထက် အဆပေါင်းများစွာ သာနေပြီဆိုတာကို ဒီအချက်က သက်သေပြနေတာ ဖြစ်သည်။

အရိုးသံမဏိ ခွေးအ၊ သတ္တု လက်သည်းဝံပုလွေ၊ ဒေါသဝက်ဝံ၊ ရွှေရောင်ကွက် ကျားသစ် စသည့် မိစ္ဆာသားရဲ လေးကောင်ကို တစ်ရက် အတွင်းမှာပဲ လီဖူချန်းက သတ်ဖြတ် ပစ်နိုင်လိုက်သည်။

အမြီးစိမ်းမြွေလိုအဆင့် နိမ့်သားရဲမျိုးကိုတော့ ဆယ်ကောင်လောက် သူ ရလိုက်သည်။

တိုက်ပွဲ အရေအတွက် များလာသည်နှင့်အမျှ လီဖူချန်းရဲ့ လက်တွေ့ တိုက်ခိုက်မှု အပိုင်းက အရမ်းကို တိုးတက်လာခဲ့ပြီ။

သူ့ရဲ့ ဓားသိုင်းက အရင်လို တောင့်တောင့်ကြီး ဖြစ်မနေတော့ပဲ အထူးကောင်းမွန် လာပေသည်။

***

ကောင်းကင်က အမှောင်ပျိုးစ ပြုလာပြီ ဖြစ်သည့်အတွက် လီဖူချန်းက လီကလန်ကို ကတိုက်ကရိုက် ပြန်လာခဲ့လေသည်။

ဒီနေ့ကတော့ သူ့အတွက် ကောင်းကောင်းကြီး တွက်ချေကိုက် သွားလေပြီ။

အဝါရောင် အမျိုးအစား အဆင့်နိမ့်ဆေးပင် ခုနစ်ပင်။

သတ္တု လက်သည်း အခု နှစ်ဆယ်။

ရွှေပြား နှစ်ဆယ်တန်တဲ့ သားရဲ အရေခွံ လေးခုဒီဟ တို့ကို သူရလာတယ်လေ။

လီကလန်ကို ပြန်ရောက်တဲ့ အခါမှာတော့ အတော်ပင် မှောင်နေပြီဖြစ်သည်။ သူရခဲ့သည့် ပစ္စည်းတွေကိုတော့ နောက်နေ့မှပဲ သွားရောင်းတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

လီရှန်းဟန်က ထမင်းစားပွဲမှာ ထိုင်ရင်း လီဖူချန်းကို စောင့်နေပေသည်။

“ဖူချန်း သားဒီနေ့ ဘာတွေ အလုပ်များနေတာလဲ"

လီဖူချန်းက သူ မြူခိုးတောင်တန်းဘက်ကို သွားတယ်လို့ သူ့အဖေကို မပြောရဲဘူး။ ဘာလို့လဲဆိုတော့ မြူခိုးတောင်တန်းက အရမ်း အန္တရာယ် များတယ်လေ။ သူ့အဖေနဲ့ အမေကို သူ့အတွက် မစိုးရိမ်စေချင်တာကြောင့် သူက လိမ်လိုက်တယ်။

"အဖေ ကျွန်တော် လူရှင်းတဲ့ နေရာမှာ ဓားသိုင်း သွားလေ့ကျင့်နေတာပါ”

“အေး။ ဟုတ်လား"

လီရှန်းဟန်က ထပ်ပြီး ဆက်မမေးတော့ဘူး။ ဘာလို့လဲဆိုတော့ သူ ငယ်စဉ်တုန်းကလည်း ဓားသိုင်းကျင့်ဖို့ တိတ်ဆိတ်တဲ့ နေရာတွေကို မကြာခဏ သွားလေ့ရှိတယ်လေ။

ညစာ စားပြီးတဲ့နောက်မှာတော့ လီဖူချန်းက သူ့အခန်းကို ပြန်လာခဲ့တယ်။

သူ့အခန်းထဲက မြက်ဖျာပေါ်မှာ တင်ပျဉ်ခွေ ထိုင်လိုက်ပြီးနောက် ကျောက်စိမ်းနီ ပညာရပ်ကို စတင် လေ့ကျင့်လိုက်တယ်။

ထို့နောက်မှာတော့ သူ့ရင်ဘတ်ကြားထဲက ကျောက်စိမ်း ပုလင်းလေးတစ်လုံး ထုတ်လိုက်ပြီး စိတ်ဝိညာဉ် ဆေးလုံးတစ်လုံးကို လက်ဖဝါးပေါ် သွန်ချလိုက်တယ်။ ဒီဆေးက အဝါရောင် အမျိုးအစား အဆင့်နိမ့် ဆေးလုံးဖြစ်တယ်။

လေ့ကျင့်ရာမှာ ပိုပြီး လွယ်ကူအောင် အထောက်အပံ့ ပေးနိုင်တယ်။

တစ်လုံးကို ရွှေပြား နှစ်ဆယ် ပေးရတာဖြစ်သည်။ ဆေးဝါး အထောက်အပံ့တွေ ကလည်း ကျင့်ကြံခြင်းအတွက် ပါရမီတွေလို အရေးကြီးတဲ့ အခန်းကဏ္ဍက ပါ ဝင်နေတာ ဖြစ်တယ်။

စိတ်ဝိညာဉ်ဆေးလုံးကို သန့်စင်ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ အတွင်းအားတွေက ပိုအားကောင်း လာတာကို ခံစားလိုက်ရတယ်။

မကြာခင်မှာပဲ လူသားနယ်ပယ်အဆင့် ငါးကို သူတက်လှမ်းနိုင်တော့မည်လေ။

မိစ္ဆာသားရဲ အစိတ်အပိုင်းတွေကို ရောင်းပြီးနောက် လီဖူချန်းက လီကလန် ရဲ့ ဆေးဆိုင်ကို ထပ် ကူးလာခဲ့တယ်။

အဝါရောင် အမျိုးအစား အဆင့်နိမ့် ဆေးပင်ခုနစ်ပင်ကို ရွှေပြားခုနစ်ပြားနဲ့ရောင်းချလို့ရခဲ့တယ်။

ပစ္စည်းအကုန်လုံးကို ရောင်းချပြီးချိန် မှာတော့ မွန်းတည့်ချိန်တောင် ရောက်လုနေပြီ။

မြူခိုးတောင်တန်းကို သွားဖို့ကတော့ အချိန် မလောက်တော့ဘူး။

ဘာဖြစ်လို့လဲဆိုတော့ သူက ညနေခင်းမှာ လီကလန်ကို အရောက် ပြန်ရမှာ ဖြစ်တယ်လေ။

ဒါကြောင့် သူက အားသွားပြီ ဖြစ်သွားတဲ့အတွက် မြို့ထဲက ဈေးဆိုင်တွေကို ပတ်ကြည်ဖို့ ဆုံးဖြတ်လိုက်တယ်။

သူ့ပါရမီတွေ ပျောက်သွားကတည်းက သူကဒီမြို့ထဲကို မလာတော့တာ ဖြစ်တဲ့အတွက် ဒီဈေးဆိုင်တွေ ဘက်ကို မရောက်တာလည်း တစ်နှစ် နီးပါးရှိခဲ့ပြီဖြစ်သည်။

သူက လျှောက်ကြည့်ရင်းနဲ့ ရတနာဆိုင်တစ်ဆိုင်ရှေ့ အရောက်မှာ ရပ်လိုက်တယ်။

အဲဒါက လက်ဝတ် ရတနာတွေ ရောင်းတဲ့ဆိုင် ဖြစ်သည်။

ဒါပေမဲ့ သိုင်းပညာရှင် တွေအတွက် အထူးပြုလုပ်ထားတဲ့ လက်ဝတ် ရတနာတွေပဲ သီးသန့် ရောင်းတာ ဖြစ်သည်။ ဒီ ရတနာတွေက သိုင်းပညာကျင့်တဲ့ သူတွေကို သိုင်းပညာရပ် အတွက် အထောက်အကူ ပြုတာ ဖြစ်သည်။

ဒီဆိုင်မှာတော့ လူတွေ အတော်များများ ဝင်ထွက် သွားလာ နေကြသည်။ ကြည့်ရတာ ဒီဆိုင်က တော်တော် အလုပ်ဖြစ်မည့်ပုံပင်။

“အစ်ကိုကြီးဖူချန်း"

ဆိုင်ထဲကို ဖူချန်း လှမ်းဝင်လိုက်တာနှင့် သူ့ရဲ့ နောက်နားကနေ အသံတိုးတိုးလေး တစ်ခုက သူ့ကို မဝံ့မရဲ လှမ်းခေါ်လိုက်တာကို ကြားလိုက်ရသည်။

“ရှောင် ထန်”

လီဖူချန်းက အနောက်ကို လှည့်ကြည့် လိုက်တဲ့အခါမှာ ချစ်စရာ ကောင်းတဲ့ ကောင်မလေး တစ်ယောက်က ရှက်ရွံ့သည့် ပုံဖြင့် သူ့ကို ရပ်ကြည့် နေသည်ကို တွေ့လိုက်ရသည်။

လီရှောင်ထန်က လီကလန်ရဲ့ အဖျားအနား မိသားစုက ဖြစ်သည်။ သူ့မိဘတွေက လီကလန်ထဲမှာ ဘာအဆင့် အတန်းမှ မရှိကြဘူး။ ဒါပေမဲ့ လီဖူချန်းက သူမကို ကောင်းကောင်း မှတ်မိတယ်။

သူ့ပါရမီတွေ ပျောက်သွားတဲ့ အချိန်တွေတုန်းက လီကလန်က လူတွေထဲမှာ သူမတစ်ယောက်ကပဲ သူ့အပေါ် ကြင်ကြင်နာနာနဲ့ ဆက်ဆံခဲ့တာလေ။

“ညီမ ကြားမိတာတော့ အစ်ကိုကြီးရဲ့ ပါရမီတွေက ပြန်ရလာပြီဆို"

“ရှောင်ထန်က အစ်ကိုကြီးကို ဂုဏ်ပြုပါတယ်နော်"

ရှောင်ဖန်က လီဖူးချန်းကို ပြုံးပြီး ပြောလိုက်တယ်။

လီဖူချန်းက အားရပါးရ ရယ်လိုက်ပြီး

“အစ်ကိုကလည်း ညီမရဲ့ ကြင်နာမှုတွေကို ကျေးဇူးတင်ပါတယ်ဗျာ"

“အစ်ကိုကြီး ဖူချန်းကတော့ အပိုတွေ အရမ်းပြောလွန်း နေပါပြီနော်။ ညီမက ဘယ်တုန်းက ကြင်နာခဲ့မိလို့လဲ"

လီဖူချန်းက “ညီမဒီကို လက်ဝတ်ရတနာ ဝယ်ဖို့ လာခဲ့တာမလား။ အထဲကို အတူတူဝင်ပြီး ကြည့်ရအောင်လေ” ဟု ဖိတ်ခေါ်လိုက်သည်။

“ကောင်းပါပြီ အစ်ကိုကြီး"

လီရှောင်ထန်က ဒီနေ့ ဒီကိုရောက်လာရတဲ့ အကြောင်းအရင်းက လွန်ခဲ့တဲ့ လတွေထဲက သူမတွေ့ထားတဲ့ ရတနာကိုဝယ်ဖို့ လာခဲ့တာ ဖြစ်သည်။ အဲဒီတုန်းသူမှာ ငွေကြေး မလုံလောက်တဲ့အတွက် မဝယ်နိုင်ပဲ အိမ်ပြန်သွားခဲ့ရတယ်။ လအနည်းငယ်လောက် ပိုက်ဆံစုပြီးတဲ့ နောက်မှာတော့ ထို ရတနာကိုဝယ်ဖို့ လုံလောက်ပြီ ဖြစ်သဖြင့် ပြန်လာခဲ့တာ ဖြစ်သည်။

လီဖူချန်းက ရတနာဆိုင်ထဲက လက်ဝတ် ရတနာတွေရဲ့ ဈေးက မျက်လုံးပြူးလောက်စရာ ကောင်းလောက်အောင် ဈေးကြီးနေတာကို သိလိုက်ရတယ်။ ဈေးအနည်းဆုံး လက်ဝတ် ရတနာတောင်မှ ရွှေပြား နှစ်ဆယ် ရှိတယ်။ ဆိုင်ရဲ့အတွင်းပိုင်း ရောက်သွားလေလေ လက်ဝတ်ရတနာရဲ့ တန်ဖိုးက ကြီးလေလေ ဖြစ်လာတာ ကိုလည်း သတိပြုမိလိုက်သည်။

သလင်းကျောက်နဲ့ လုပ်ထားတဲ့ အံဆွဲတစ်ခုထဲက အပြာရောင် လက်စွပ်ကို လီဖူချန်းက စိတ်ဝင်စားသွားသည်။

သူက အဲလက်စွပ်ကို လက်ညှိုး ထိုးပြလိုက်ပြီး ကျွန်တော့်ကို ဒီလက်စွပ်လေး ပြကြည့်ပါလားဟု မေးလိုက်သည်။

ဆိုင်ဝန်ထမ်းလေးက လီဖူချန်းကို မှတ်မိပုံရသည်။

သူက လက်စွပ်ကို အမြန်ယူပြီး ရှင်းပြလိုက်သည်။

“သခင်လေး ဖူချန်း။ ဒီလက်စွပ်က ကျွန်တော်တို့ဆိုင်မှာ အသစ်တင်တဲ့ ဟာပါ။ ဒီအပြာရောင် ကျောက်လေးက ထိပ်တန်း အရည်အသွေး ရှိပါတယ်။ ကောင်းကင်နဲ့ မြေကြီးက စွမ်းအားတွေကို တစ်နေရာတည်းမှာ စုံနေအောက် ဆွဲငင် ထားနိုင်ပါတယ်။ လီဖူချန်းက လက်စွပ်ရဲ့ တန်ဖိုးကို ကြည့်လိုက်ပြီး ဈေးနှုန်းက လက်သင့် ခံနိုင်တယ်လို့ တွေးလိုက်တယ်။

"ငါကကြည့်ရုံ သက်သက်ပါပဲ။ နောက်တစ်ခါလာမှ ဝယ်တော့မယ်"

ဒီလက်စွပ်ရဲ့ တန်ဖိုးရွှေပြား သုံးရာ ဖြစ်သည်။ ဖူချန်းမှာ ရှိသမျှ ပေါင်းလိုက်ရင် တောင်မှ ရွှေပြားတစ်ရာ နီးပါးပဲ ရှိသည်လေ။

ဆိုင်ဝန်ထမ်းလေးက ဘာမှ မပြောပေမဲ့လည်း သူမျက်နှာကို ကြည့်ရတာ စိတ်ပျက်နေပုံ ရသည်။

“ငါထင်တဲ့အတိုင်းပဲ ဒီလီကလန်က သခင်လေးက တကယ့် အမှိုက်ပဲ။ ကလန်ကြီးတစ်ခုက ခေါင်းဆောင်ရဲ့ သားဖြစ်ပြီးတော့ ရွှေပြားသုံးရာတောင် မရှိဘူး"

ထိုအချိန်မှာပဲ အငြင်းပွားနေသံ တစ်ခုကို ကြားလိုက်ရသည်။

“ဒီဟာက အရင်လတုန်း ကတောင် ရွှေပြား ငါးဆယ့်ငါးပြာနဲ့ ရောင်းခဲ့တာလေ။ အခုက ဘယ်လိုလုပ် ရွှေပြားခုနစ်ဆယ် အထိ ဈေးတက် သွားရတာလဲ"

“ဒီလက်ကောက်က ဒီအမျိုးအစားထဲမှာ နောက်ဆုံးကျန်တဲ့ လက်ကောက်ပါ။ ရွှေပြား ခုနစ်ဆယ်က သင့်လျော်ပါတယ်”

“ဒါပေမဲ့ ညီမ အခုအဲဒီလောက် ရွှေပြားမပါခဲ့ဘူး။ စပေါ် အရင်ပေးခဲ့လို့ရမလား"

“တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်တို့ဆိုင်က အကြွေး မရောင်းပါဘူး"

ဆိုင်ရဲ့အရှေ့မှာတော့ လီရှောင်ထန်နဲ့ ဆိုင်ဝန်ထမ်း တစ်ယောက်က အချင်းများ နေကြတယ်။

လီဖူချန်းက အနားကို ကပ်သွားပြီး မေးလိုက်တယ်။

“ရှောင်ထန် ဘာဖြစ်နေတာလဲ"

လီရှောင်ထန်က လက်ကောက်လေးကို နောက်ဆုံးအနေနဲ့ ကြည့်လိုက်ပြီး သူမခေါင်းကို ခါလိုက်ကာ

"ဘာမှမဖြစ်ပါဘူး အစ်ကို ဖူချန်း"

“မင်းဘယ်လောက် လိုတာလဲ ဒီလောက်ဆို ရပြီလား"

လီဖူချန်းက ဆိုင်ဝန်ထမ်း လက်ထဲက လက်ကောက်ကို တစ်ချက် ကြည့်လိုက်ပြီး သူ့ငွေအားလုံးကို ထုတ်ကာ ရှောင်ထန်ကို ပေးလိုက်သည်။

"ဒါက နောက်ဆုံး ကျန်တဲ့ဟာနော်။ မင်းအခုမဝယ်ရင် နောက်ဝယ်လို့ မရတော့ဘူး"

"လီရှောင်ထန်က ဝယ်ရမဝယ်ရ ဆိုတာကို ချီတုံချတုံ ဖြစ်နေတယ်”

“ဝယ်လိုက်စမ်းပါ။ ဒီငွေတွေကို နောက်မှငါ့ကို ပြန်ပေးလို့ရတာပဲ"

လီဖူချန်းက ဝယ်ယူရန် အားပေးအားမြှောက် လုပ်လိုက်သည်။

“အစ်ကိုကြီးဖူချန်း ညီမ ကတိပေးပါတယ်။ ဒီပိုက်ဆံတွေကို အမြန်ပြန်ပေးပါမယ်"

လီရှောင်ထန်က ဒီလက်ကောက်ကို အရမ်း သဘောကျနေတာ ဖြစ်တဲ့အတွက်ကြောင့် လီဖူချန်းပေးလိုက်တဲ့ ရွှေပြားတွေထဲက ဆယ့်ငါးပြားကို ထုတ်ယူလိုက်ပြီး သူမရဲ့ ရွှေပြား ငါးဆယ့်ငါးပြားနဲ့ ပေါင်းလိုက်တယ်။

ပြီးနောက် ဆိုင်ဝန်ထမ်းကို ရွှေပြား ခုနစ်ဆယ်ပေးလိုက်ပြီး လက်ကောက်လေးကို ယူလိုက်တယ်။

သူမလက်ထဲမှာ ရောက်လာသည့် လက်ကောက်လေးကို ကြည့်ရင်း သူမက အရမ်း ပျော်ရွှင်နေလေသည်။

“ငါ ဒီလက်ကောက်ကို ယူလိုက်မယ်"

အဲဒီအချိန်မှာပဲ လက်တစ်ဖက်က ထွက်လာပြီး လီရှောင်ထန် လက်ထဲက လက်ကောက်ကို လုယူသွားလိုက်တယ်။

နောက်တစ်နေ့မနက် မှာတော့ လီဖူချန်းက မြို့ထဲကို ထွက်လာခဲ့တယ်။

မြို့ထဲရောက်တာနဲ့ သူတို့ကလန်ရဲ့ မိစ္ဆာသားရဲ အစိတ်အပိုင်းတွေ ရောင်းနေကျ နေရာကိုပဲ အရင်ဦးဆုံး သွားလိုက်တယ်။

“သခင်လေး ဖူချန်း။ ဒီသတ္တုလက်သည်း တစ်ချောင်းကို ငွေပြား တစ်ပြား တန်ပါတယ်။ လက်သည်းအချောင်း နှစ်ဆယ်ဆိုတော့ ရွှေပြားနှစ်ပြား ရမှာပါ။ ဒီ သားရဲ အရေခွံတွေ အတွက်ကတော့ ရွေရောင်ကျားကွက် ကျားသစ်က ရွှေပြားနှစ်ပြားတန်ပြီး သတ္တုလက်သည်း ဝံပုလွေကတော့ ငွေပြားနှစ်ပြားပဲ တန်ပါတယ်။ ဒေါသဝက်ဝံကို ငွေပြား ငါးပြားပေးပြီး သံမဏိအရိုးခွေးအ ကိုတော့ ငွေပြားတစ်ပြားပဲ ပေးပါတယ်။

အားလုံးစုစု ပေါင်းရွှေပြား ခုနစ်ပြားနဲ့ ငွေပြားခုနစ်ပြား ရပါမယ်။

“သခင်လေး ကျေနပ်ပါရဲ့လား"

ဈေးဆိုင်ပိုင်ရှင်က တွက်ပြတာကို နားထောင်ပြီးနောက် လီဖူချန်းက လက်ခံလိုက်တယ်။

***

All Chapters