← Chapters

ချုံခို တိုက်ခိုက်ခံရခြင်း

Vol. 1 Ch. 9

ချုံခို တိုက်ခိုက်ခံရခြင်း

Vol. 1 Ch. 9

ကျောက်စိမ်းနီ နည်းစနစ်ရဲ့ ပဉ္စမအဆင့်ကို တက်လှမ်း အပြီးမှာတော့ လီဖူချန်းရဲ့ အတွင်းအားတွေက ပိုမိုတိုးပွားလာတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကလည်း တစ်နေ့ပြီးတစ်နေ့ ပိုသန့်စင် လာတယ်လို့ ခံစားနေရတယ်။ ဒီလိုနှုန်းနဲ့ သွားနေရင် နောက်ခုနစ်လ ရှစ်လလောက်ဆိုရင် လူသားနယ်ပယ် အဆင့်ခြောက်ကို ရောက်နိုင်မယ်လို့ သူတွက်ဆ လိုက်တယ်။

တခြားသူတွေ အတွက်တော့ ဒီနှုန်းနဲ့ ကျင့်ကြံခြင်းဟာ မြန်တယ်လို့ ထင်ရပေမဲ့ လီဖူချန်း အတွက်တော့ ဒီ ကျင့်ကြံနှုန်းဟာ အရမ်း နှေးနေလွန်းတယ်။

“ငါ့မှာသာ သိုင်းပညာရှင်အတွက် အထူးပြုလုပ်ထားတဲ့ လက်ဝတ်ရတနာရှိရင် ငါ့ကျင့်ကြံနှုန်းက ပိုမြန်လာနိုင်တယ်"

ဒီလို လက်ဝတ်ရတနာတွေမှာ စွမ်းအင် ကျောက်သလင်းတုံးတွေကို အလှအပအဖြစ် တန်ဆာဆင် ထားပေးကြတယ်လေ။ ဒီစွမ်းအင် ကျောက်သလင်းတုံးတွေက ကောင်းကင်နဲ့ မဟာမြေကြီးဆီက စွမ်းအင်တွေကို စုစည်းပေးတဲ့နေရာမှာ ကူညီပေးတာဖြစ်တယ်။ အကျိုးသက်ရောက်မှုက နည်းပေးမယ့်လည်း တစ်ထောင့် တစ်နေရာကနေတော့ ထောက်ပံ့ပေးနေ တာပဲလေ။

လီဖူချန်းကတော့ ထိပ်တန်းအမျိုးအစား စွမ်းအင် ကျောက်သလင်းတုံးတွေ ပါတဲ့ လက်ဝတ်ရတနာမျိုးကို လိုချင်နေသည်။ ဒါမှ အကျိုးသက်ရောက်မှုက ပိုကောင်းမှာလေ။

လီဖူချန်းက သူ့မိဘတွေဆီကနေ လိုအပ်တဲ့ ငွေကြေးကို လက်ဖြန့်ပြီး တောင်းဖို့ စိတ်ကူးမရှိပါဘူး။

ဒါကြောင့် မြူခိုးတောင်တန်းတွေဘက် သွားပြီး မိစ္ဆာသားရဲတွေနဲ့ ဆေးမြစ်ဆေးပင်တွေ သွားတူးဖို့ပဲ စဉ်းစားထားခဲ့တယ်။

လီဖူချန်းက မြူခိုးတောင်တန်းကြီး ပေါ်က တခြားလမ်းကနေ တက်ခဲ့တယ်။ ဒီလမ်းက အရင်တစ်ခါ တက်ခဲ့တဲ့ လမ်းထက် ပိုစိတ်ချရပြီး ဆေးပင် ဆေးမြစ်တွေကလည်း အရမ်း ပေါများနေတယ်။

ဒီလိုနဲ့ ခရီးဆက်ရင်း လီဖူချန်းက ရေကန်လေး တစ်ခုအနားကို ရောက်လာခဲ့တယ်။

ရေကန်ဘေးမှာတော့ ပေါင်းပင်တွေ ကိုင်းပင်တွေက လီဖူချန်းရဲ့ ခါးလောက်နီးပါးကို ရှိနေကြသည်။ ရေကန်ရဲ့အနား ဆယ်မီတာလောက် အရောက်မှာတော့ ကျောက်တုံးကြီး တစ်တုံးကို လီဖူချန်း တွေ့လိုက်တယ်။ အဲဒီအပေါ်မှာတော့ ဖြူညစ်ညစ် အပင်တစ်ပင်က နေရောင်အောက်မှာ ပေါက်နေတာကို တွေ့လိုက်ရတယ်။

“ကျောက်စိမ်း အသည်းနှလုံးပင်"

လီဖူချန်းက ပျော်သွားတယ်။ ဒီဆေးပင်က အဝါရောင် အဆင့်မြင့် ဆေးပင် အမျိုးအစားလေ။ ဆေးတစ်ပင်ကို ရွှေပြားနှစ်ရာနဲ့ ရောင်းလို့ရတယ်။

"ငါဒီဟာကို တက်ခူးရမယ်” ကျောက်စိမ်း အသည်းနှလုံးပင်က လူတစ်ယောက်ရဲ့ အရိုး တည်ဆောက်မှုကို ပိုသန်မာ လာစေနိုင်တယ်။ သူ့ရဲ့ ဓားကိုဆွဲထုတ်လိုက်ပြီး ကျောက်စိမ်း အစည်းနှလုံးပင် ရှိရာကို သတိရှိရှိနဲ့ ချဉ်းကပ် သွားလိုက်တယ်။

“ဝေါင်း"

လီဖူချန်းက ဆေးပင်နဲ့ မီတာ အနည်းငယ် ကွာဝေးတော့တဲ့ အချိန်မှာတော့ အနီရောင် အရိပ်တစ်ခုဟာ လေပွေ မုန်တိုင်း တစ်ခုလို ချုံပုတ် တွေထဲကနေ ခုန်ထွက်ပြီး သူ့ကို တိုက်ခိုက်လိုက်တယ်။

လီဖူချန်းက လေပြည်ဓားသိုင်းထဲက တစ်ကွက်ဖြစ်တဲ့  “နှင်းပန်းလေပြည်” ဓားကွက်ကို အသုံးပြုလိုက်ပြီး ထိုအရိပ်ကို ပြန်တိုက်ခိုက် လိုက်တယ်။

''ရွှပ်”

ထိုအနီရောင် အရိပ်ရဲ့လည်မျိုကို လီဖူချန်းရဲ့ ဓားက ညင်ညင်သာသာပဲ ထိုးစိုက်သွားခဲ့ပြီ။

“သွေးအရိပ် ကျားသစ်"

အဆင့်တစ် အလယ်အလတ် အမျိုးအစား။ လျင်မြန်မှုကို အားကိုးပြီးတော့ တစ်ကောင်တည်း နေထိုင်ကျက်စားလေ့ ရှိတယ်။ သွေးအရိပ်ကျားသစ်ကို ရှင်းလင်းပြီး နောက်မှာတော့ လီဖူချန်းက ကျောက်စိမ်း အသည်းနှလုံး အပင်ကို အသာအယာလေး နုတ်ယူပြီး သိမ်းဆည်း လိုက်တယ်။

***

တောနက်ကြီး အတွင်းက ချုံပုတ်ထဲ တစ်နေရာမှာတော့  “နံပါတ်ခြောက် ထိပ်ပြောင်ကြီး။ ငါဘယ်သူ့ကို တွေ့လိုက်ရတယ်လို့ မင်းထင်လဲ"

သစ်ပင်ကြီး တစ်ပင်ထက်မှာ ထိုင်နေတဲ့ လေးသမား ရေကန်ဘက်ကို ကြည့်ရင်း ထိပ်ပြောင်ကြီးကို လှမ်းမေးလိုက်တယ်။

“ဘယ်သူ့ကို တွေ့လို့လဲ"

ထိပ်ပြောင်ကြီးက လေးသမားကို ပြန်မေးလိုက်တယ်။

“လီကလန်က သခင်လေး လီဖူချန်း လီဖူချန်းလား" ဘေးနားမှာ ရှိနေတဲ့ ပိန်လှီနေသော လူမှ အံ့သြသလို ပြန်မေးလိုက်တယ်။

“သူ့လို အဆင့်နိမ့်တဲ့ကောင်က ဒီတောင်ပေါ်ကို တစ်ယောက်တည်း လာရဲတယ်ပေါ့လေ။”

“ဟီးဟီးဟီး"

“ငါတို့တော့ ပွပြီဟေ့။ လီဖူချန်းက သခင်လေး ယန်ချီကို ထိခိုက်အောင် လုပ်ထားတာဆိုတော့ ငါတို့သာ ဒီကောင့်ကို လုပ်ကြံပြီး သူ့ခေါင်းကို ယန်ကလန်ကို ပြန်ဆက်သလိုက်ရင်တော့ ဆုတွေ အများကြီးရမာပဲ။

ထိပ်ပြောင်ကြီးက ပြောလိုက်သည်။ ဒီသုံးယောက်က ယန်ကလန်က ကိုယ်ရံတော်တွေ ဖြစ်တယ်။ သူတို့ရဲ့လောင်းကစား လုပ်တတ်တဲ့ အကျင့်ကြောင့် သူတို့ဟာ အမြဲငွေကြေး ပြတ်လပ်နေကျတဲ့ သူတွေပဲ။ ဒီနေ့ မြူခိုးတောင်ပေါ်ကို ရောက်လာတယ် ဆိုတာလည်း လောင်းကစားဖို့ အတွက် အရင်းအနှီး ရအောင် အမဲလာလိုက်ကြတာ ဖြစ်တယ်။ လီဖူချန်းက ဆေးပင်ကို ကျောက်စိမ်း သေတ္တာလေးထဲ ထည့်ပြီး ပြန်လှည့်မယ် အလုပ်မှာ

“ရွှီး”

လေထုကို ဖြတ်သန်းပြီး လာနေတဲ့စူးရှရှ အသံတစ်ခုကို ကြားလိုက်ရတယ်။

“ငါ့ကို ချုံခိုတိုက်ပြီ"

လီဖူချန်းက အန္တရာယ် အနံ့ကို ခံစားလိုက်ရတယ်။ သူက အသံကို ကြားလိုက်တာနဲ့ တစ်ခါတည်း မြေကြီးပေါ်လှိမ့်ပြီး ရှောင်လိုက်တယ်။ သူမူလရပ်နေတဲ့ နေရာကို ချုံပုတ်ထဲကနေ မြားတစ်စင်း ထွက်လာပြီး လာစိုက်နေတယ်။

“ရွှီး ရွှီး"

လီဖူချန်းက လှိမ့်နေတာကို မရပ်ရဲပဲ ကိုင်းပင်တွေ ကြားထဲကို လှိမ့်ထွက် သွားလိုက်တယ်။

နောက်ထပ် မြားနှစ်စင်းက သူရှောင်လိုက်တဲ့ နေရာကို လိုက်လာပြီး မြေပေါ်ကို ထိုးစိုက်လာပြန်တယ်။

မြားသုံးစင်း ဆက်တိုက်ပစ်ပြီး နောက်မှာတော့ လေးသမားက သစ်သီးတစ်လုံးထုတ်ပြီး တစ်ကိုက် ကိုက်လိုက်တယ်။ သူက လီဖူချန်းသေပြီလို့ တွေးထားလိုက်တယ်။

“ထိပ်ပြောင်ကြီး သူ့အလောင်း သွားကောက်ခဲ့"

လေးသမားက အမိန့်ပေးလိုက်တယ်။

"မင်းရှိနေတာ အရမ်း အဆင်ပြေတယ်ကွာ"

ထိပ်ပြောင်ကြီးက ရယ်ရယ်မောမောနဲ့ လီဖူချန်းရှိတဲ့ နေရာကို သွားလိုက်တယ်။

***

ကိုင်းပင်တွေ ကြားထဲမှာတော့ လီဖူချန်းက သေသေချာချာ နေရာယူပြီး သူ့ကို လုပ်ကြံတဲ့သူ ရှိတဲ့နေရာကို ရှာဖွေနေတယ်။ မြားတံ လာရာ အရပ်ကို ကြည့်လိုက်တဲ့ အခါမှာတော့ ထိပ်ပြောင်ကြီး တစ်ဦးနဲ့ ပိန်လှီနေသော လူတစ်ဦးက မီတာ ခြောက်ဆယ်လောက်က သူရှိတဲ့နေရာကို ဦးတည်ပြီး လျှောက်လာနေတာကို မြင်လိုက်ရတယ်။ သူ့ရဲ့ ထူးခြားတဲ့ အသိအာရုံက ထိုသူနှစ်ယောက်ရဲ့ ကျင့်ကြံခြင်း အဆင့်ကို တွက်ချက်ပေးနေတယ်။ ထိပ်ပြောင်ပြောင်နဲ့လူက လူသားနယ်ပယ် အဆင့်ရှစ်ရှိပြီး ကျန်တဲ့ ပိန်ညောင်ညောင်လူက လူသားနယ်ပယ်အဆင့် ခုနစ် ဖြစ်တယ်။

“ငါ သူတို့ထဲက တစ်ယောက်ကို အရင် အပျောက် ရှင်းမှ ဖြစ်မယ်"

သူက သွေးအေးအေးနဲ့ တည်တည်ငြိမ်ငြိမ်ပဲ လုပ်ဆောင်နေတယ်။ ပထမဆုံး တောကြီး မြွေဟောက်လို တွားသွားပြီး ညာဘက်က ပိန်လှီနေတဲ့ လူဆီကို ကပ်သွားလိုက်တယ်။

မီတာ ၅၀ မီတာ ၄၀…… ၃၀။ သူနဲ့ ပိန်လှီနေတဲ့လူရဲ့ ကြားက အကွာအဝေးက မီတာ သုံးဆယ်အောက်ကို ရောက်ရှိ လာတဲ့အခါမှာ လီဖူချန်းက လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်စွာ စောင့်ဆိုင်းနေပြီး သူ့ရဲ့ တည်ရှိမှုကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားတယ်။ တကယ်လို့ တစ်စုံတစ်ယောက် ကသာ အနီးကပ်ပြီး သေချာ မကြည့်လို့ကတော့ လီဖူချန်း ဒီနေရာမှာ ရှိနေတယ် ဆိုတာ လုံးဝသိနိုင်စရာ အကြောင်းမရှိဘူး။

လူတစ်ယောင်ရဲ့ ခါးလောက်ရှိနေတဲ့ ကိုင်းပင်တွေကလည်း သူပုန်းနေတာကို လုံးဝ အထောက်အကူ ပေးနေတယ်။ ၁၀ မီတာ။ ၅ မီတာ … ၃ မီတာ။

“အချိန်ကျပြီ"

လီဖူချန်းက မြေကြီးပေါ်မှာ ဝပ်နေရာကနေ ခုန်ထလိုက်ပြီး ပိန်လှီနေတဲ့လူကို ဓားနဲ့ တိုက်ခိုက်လိုက်တယ်။

"ရွှပ်"

အေးစက်နေတဲ့ သံမဏိဓားသွားက ပိန်လှီနေတဲ့လူရဲ့ လည်ပင်းကို ရုတ်ခြည်း ထိုးစိုက်သွားတယ်။ ထိုလူက မျက်လုံးတွေပြူးပြီး မြေပြင်ပေါ်ကို လဲကျသွားတယ်။ သူ့ကိုယ်သူ ဘာဖြစ်သွားမှန်းတောင် သိလိုက်ပုံမရ။

“ဂျပိန်”

ထိပ်ပြောင်ကြီးက အော်ဟစ်လိုက်ပြီး မုန်ယိုနေတဲ့ ဆင်တစ်ကောင်ပမာ လီဖူချန်းဆီ တိုးဝင်လာခဲ့တယ်။ လူသားနယ်ပယ် အဆင့်ရှစ်မှာ ရှိတဲ့ စစ်သည်တော် တစ်ယောက်ရဲ့ ခွန်အားက အဆင့်တစ် အလယ်အလတ် မိစ္ဆာ သားရဲတွေကိုတောင် နှစ်ပိုင်းဆွဲဖြဲလိုက်လို့ ရတာဖြစ်တယ်။ ဒါပေမဲ့ လီဖူချန်းက သားရဲမဟုတ်။ စိတ်ဝိညာဉ် နှစ်ခုနဲ့ပါရမီရှင် ဖြစ်သည်။ လီဖူချန်းကတော့ လေပွေမုန်တိုင်း ခြေသိုင်းကို ထုတ်သုံးနေပြီး ထိပ်ပြောင်ကြီးရဲ့ တိုက်ခိုက်မှုတွေကို လှလှပပ ရှောင်တိမ်းနေတယ်။

သူကလူသားနယ်ပယ် အဆင့်ငါးသာ ရှိသေးသည့် အတွက် ထိပ်ပြောင်းကြီးနှင့် ထိပ်တိုက် ရင်ဆိုင်မိပါက ရှုံးသွားနိုင်သည်လေ။

“ဘယ်လို ကောင်လေးလဲဟ"

ထိပ်ပြောင်ကြီးက လီဖူချန်းရဲ့ ပါးပါးနပ်နပ် ရှောင်တိမ်းနေမှုတွေကို အံ့သြသွားတယ်။

***

All Chapters