← Chapters

သတ်မလား သေမလား

Vol. 1 Ch. 10

သတ်မလား သေမလား

Vol. 1 Ch. 10

"အစွယ်အပွားဓားသိုင်း"

ထိပ်ပြောင်ကြီး၏ ဓားသိုင်းကို မြင်လိုက်ရသည်နှင့် ဒါက ယန်ကလန်က လာတဲ့ အစွမ်းထက် ဓားသိုင်းမှန်း လီဖူချန်းက မှတ်မိလိုက်သည်။ လီဖူချန်းက မြေပြင်ကို လျှောတိုက်ပြီး ထိပ်ပြောင်ကြီး၏ ဓားကို ရှောင်တိမ်း လိုက်ပြီးနောက် သူ့လက်ထဲက ဓားဖြင့် ထိပ်ပြောင်ကြီး၏ ခြေသလုံးသားကို ဓားဖြင့် ပွတ်ဆွဲလိုက်သည်။ သွေးတို့က ဖြာခနဲ ကျဆင်းလာခဲ့သည်။ ထိပ်ပြောင်ကြီးက နာကျင်မှုကိုခံစားရင်း ဒေါသတွေ အထွတ်အထိပ်ကို ရောက်သွားသည်။ ဒီနေ့အထိ သူ့ရဲ့တိုက်ခိုက်မှု အနည်းငယ်ကိုတောင် လူသားနယ်ပယ် အဆင့် ခုနစ်က စစ်သည်တော်တွေက ခုခံနိုင်တာ မဟုတ်ဘူးလေ။ အခုတော့ လီဖူချန်းလို လူသားနယ်ပယ် အဆင့် ငါးက ကောင်လေးတစ်ယောက်က သူ့ကို သွေးထွက်သံယို ဖြစ်အောင် လုပ်ခဲ့ပြီ။

“အစွယ်အပွားဓားသိုင်း"

ထိပ်ပြောင်ကြီးက ကျယ်လောင်စွာ အော်လိုက်ပြီး လီဖူချန်းကို ဓားချက် ခုနစ်ချက်ဆက်တိုက် ခုတ်လိုက်တယ်။ ဓားချက်တိုင်းဟာ ကိုင်းပင်တွေကို လေထဲမှာ အပိုင်းပိုင်း ပြတ်သွားစေပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို မမြင်ရတော့တဲ့အထိ ကိုင်းပင် အပိုင်းအစတွေက ဖုံးလွှမ်း သွားတော့တယ်။

"ဒါက လူသားနယ်ပယ် အဆင့်ရှစ်က စစ်သည်တော် တစ်ယောက်ရဲ့ အစွမ်းတွေလား"

လီဖူချန်းက ဓားချက်တွေကို ထိပ်တိုက် မရင်ဆိုင်ရဲသဖြင့် ပိန်လှီနေသော လူ၏ အလောင်းရှိနေရာသို့ ပြေးကပ် သွားလိုက်သည်။

"သေစမ်း"

ထိပ်ပြောင်ကြီးက သူ့အနားကို ပြေးကပ်လာပြီး မိုးသီးမိုးပေါက်များ ကျနေသကဲ့သို့ ဓားချက်များဖြင့် ဆက်တိုက် ခုတ်နေလေသည်။ လီဖူချန်းက လူသေအလောင်းကို ဓားဖြင့် ကော်လိုက်ပြီး ထိပ်ပြောင်ကြီး ရှိနေရာဆီသို့ ပစ်လိုက်လေသည်။ သူတို့ရဲ့ ခင်မင်ရင်းနှီးမှုအရ ထိပ်ပြောင်ကြီးက အလောင်းကို မခုတ်ရက်သဖြင့် သူ့ဓားချက်တွေကို ရပ်လိုက်လေသည်။ အဲဒီအချိန်မှာပဲ အလောင်းကောင်ရဲ့ ဘယ်ဘက်ကနေ လီဖူချန်းရဲ့ ဓားက ထွက်လာပြီး ထိပ်ပြောင်ကြီး၏ လည်မျိုကို ထိုးဖောက်သွားလေသည်။

“သေလိုက်တော့"

လီဖူချန်းရဲ့ အေးစက်စက် အသံက ဓားသွားနောက်က ကပ်လိုက်လာလေသည်။ ထိပ်ပြောင်ကြီးက လီဖူချန်းကို လက်ညှိုးထိုးပြီး တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း သူ၏ ပါးစပ်ထဲမှာ သွေးများစီးကျလာပြီး မြေပြင်ပေါ် လဲကျသွားလေတော့သည်။ လီဖူချန်းက အသက်ကို မရှူအားသေးပဲ ချုံပုတ်ထဲကနေ သူ့ကို လှမ်းပစ်လိုက်တဲ့ လေးသမားရှိရာဆီကို အလျင်အမြန် ချဉ်းကပ် သွားလိုက်တယ်။ တောထဲက သစ်ပင်တစ်ပင် ထိပ်မှာတော့ လေးသမားက သူ့မျက်လုံးက မြင်လိုက်ရတာ ကိုတောင် သူမယုံကြည်နိုင်ဘူး ဖြစ်နေတယ်။ သူက လီဖူချန်းကို သေပြီလို့ ထင်ထားခဲ့တာလေ။

အခုတော့ လီဖူချန်းက မသေရုံမက သူမိတ်ဆွေ နှစ်ယောက်ကိုပါ သတ်ပြီး သူ့ဆီကို ပြေးလာနေချေပြီ။

“ဒီကောင်လေးက ဘာလို့ ဒီလောက်တောင် စွမ်းနေရတာလဲဟ။ ကြည့်ရတာ သူကလည်း ကောင်းရှုလိုပဲ နှစ်တစ်ရာမှာ တစ်ခါပေါ်တဲ့ ပါရမီရှင်များလား” လို့ လေးသမားက စိတ်ထဲမှာ တွေးနေမိတယ်။ အလွန်ရှားပါးတဲ့ ပါရမီရှင်တွေကသာ ဒီလို နယ်ပယ်သုံးခုလောက် မြင့်တဲ့သူတွေနဲ့ ယှဉ်တိုက်ခိုက် နိုင်တာလေ။ ထိပ်ပြောင်နဲ့ ငပိန်က သေပြီဆိုတော့ ဒီအမဲလိုက်လို့ရတဲ့ ပစ္စည်းတွေက ငါ့အပိုင် ဖြစ်သွားပြီပေါ့"

လေးသမားက သူတို့ အမဲလိုက်လို့ ရတဲ့ဟာတွေကို သိမ်းဆည်းပြီး ထွက်ပြေးရန် သစ်ပင်ပေါ်က ခုန်ချလိုက်သည်။ သူသစ်ပင်အောက်ကို ခြေချမိသည်နှင့် အေးစက်စက် အသံတစ်ခုကို ကြားလိုက်ရလေသည်။

“ဘယ်သူကမင်းကို ထွက်သွားလို့ရပြီလို့ ပြောလိုက်လို့လဲ"

လီဖူချန်းက သစ်ပင်တစ်ပင် အကွယ်ကနေ ထွက်လာပြီး လေးသမားရဲ့ အရှေ့မှာ ပိတ်ရပ်ထားလိုက်တယ်။ လီဖူချန်းက ရုတ်တရက် လေးသမားရဲ့ ခါးကို မပြောမဆိုနဲ့ ပိုင်းလိုက်သည်။ လေးသမားကလည်း လျင်သည်။ သူ့လက်ထဲက လေးတွေကော အမဲလိုက်လို့ရတဲ့ အထုပ်ကိုကော ပစ်ချလိုက်ပြီး လှိမ့်ရှောင်ထွက်သွားတယ်။

“သွက်လှချည်လား"

လီဖူချန်းက လေးသမားကို ချီးကျူးလိုက်တယ်။ လီဖူချန်းက လေးသမားရဲ့ ကျင့်ကြံမှုအဆင့်က ပိန်လှီနေသောလူနဲ့ အတူတူပဲဆိုတာ သိလိုက်တယ်။

“မင်းက ငါ့ကို နိုင်မယ်လို့ ထင်နေတာလား"

လေးသမားက ထူးဆန်းတဲ့ ဓားကောက် နှစ်လက်ကို ထုတ်လိုက်ပြီး သိုင်းကွက် ခင်းလိုက်တယ်။

တစ်လက်က အပြင်ဘက်ကို ကော့နေပြီး တစ်လက်က အတွင်းပိုင်းကို ကောက်နေလေသည်။

“လေပြည်လာရာ ထွက်သက်ပါ"

လီဖူချန်းရဲ့ ခြေကွက်နဲ့ ဓားချက်တွေက အရမ်းကို ပေါ့ပါး သွက်လက် လွန်းနေတယ်။ မျက်စိတစ်မှိတ် အတွင်းမှာပဲ ဓားချက် ခြောက်ချက်လောက် ထွက်လာပြီး လေးသမားရဲ့ ထွက်ပေါက် အားလုံးကို ပိတ်ထား လိုက်လေသည်။ လေးသမားကလည်း သူ့ဓားကောက် နှစ်လက်ဖြင့် ခံစစ်ကို အထူးလုံခြုံအောင် ကာကွယ် ထားလေသည်။ လီဖူချန်းရဲ့ လေပြည်ဓားသိုင်းက

လေးသမားရဲ့ခံစစ်ကို ကျိုးပေါက်သွားအောင် မလုပ်နိုင်ဘူး ဖြစ်နေတယ်။

“လီဖူချန်းက ဒီအတိုင်းဆိုရင် ရေရှည်မှာ သူအထိနာတော့မယ် ဆိုတာ သဘောပေါက်တယ်။

ဒါကြောင့် သူ့ရဲ့အစွန်းရောက် ဓားသိုင်းကို ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်တယ်။

“အစွန်းရောက် ဓားသိုင်း အမှတ်တစ်"

“သေသော်မှလျှင် သေစေရော့”

လီဖူချန်းက ၄ မီတာလောက်ကို ခုန်တက်သွားပြီး ပြန်အကျမှာတော့ သေမားကို မိုး၍ ခုတ်လိုက်လေသည်။ ဒီဓားချက်က မမြန်ပေမဲ့ အင်အားက ပြင်းထန်လွန်းလှသည်။

“ထန်"

ခုခံလိုက်တဲ့ လေးသမားရဲ့ ဓားက မြေကြီးပေါ် ပြုတ်ကျသွားတဲ့ နောက်မှာတော့ လီဖူချန်းက ခန္ဓာကိုယ်ကို တစ်ပတ် လည်လိုက်ပြီး ညာခြေထောက်ဖြင့် လေးသမားရဲ့ ရင်ဘတ်ကို ဆောင့်ကန် လိုက်လေသည်။ ထို့နောက် ဆက်တိုက်ဆိုသလို ဓားကို ရေပြင်ညီအတိုင်း ဆွဲဖြတ်လိုက်တယ်။ လေးသမားရဲ့ ဦးခေါင်းက မြေကြီးပေါ်ကို ဖုတ်ခနဲပြုတ်ကျ သွားလေသည်။ လေးသမားကို သတ်ဖြတ်ပြီး နောက်မှာတော့ လီဖူချန်းက သူ့ရဲ့ တိုက်ပွဲဝင် စွမ်းရည်ကို ကောင်းကောင်းကြီး နားလည်သွားတယ်။

“ငါ့ရဲ့အခု လက်ရှိ အစွမ်းနဲ့ဆိုရင် သာမန် လူသားနယ်ပယ် အဆင့်ခုနစ်ကိုတော့ အေအေးဆေးဆေး အနိုင်ယူနိုင်နေပြီ။ ဒါပေမဲ့ မိသားစုကြီးတွေထဲက ပါရမီရှင်တွေ ကိုတော့ ငါမယှဉ်နိုင်လောက် သေးဘူး။

“အင်း ဒီဓားကောက် နှစ်လက်ကို ရောင်းလိုက်ရင်တော့ အနည်းဆုံး ရွှေပြား ဆယ်ပြား အထက်တော့ ရနိုင်လောက်တယ်”

လီဖူချန်းက လေးသမားရဲ့ ဓားကောက် နှစ်လက်ကို ကောက်သိမ်း ထားလိုက်တယ်။

လူသားနယ်ပယ် အဆင့်က စစ်သည်တော်တွေဟာ ပုံမှန်အားဖြင့် သံမဏိနဲ့ သွန်းလုပ်ထားတဲ့ လက်နက်တွေကိုသာ ကိုင်ဆောင်လေ့ ရှိကြတယ်။ သွန်းလုပ်ထားတဲ့ သံမဏိက ပိုကောင်းလေလေ ဈေးကပိုကြီးလေလေ ဖြစ်တယ်။ လီဖူချန်း အခုကိုင်နေတဲ့ ဓားဆိုရင် သူ့အဖေက သူ့အတွက် ဝယ်ပေးထားတာ ဖြစ်ပြီး ရွှေပြား ၁၅ဝလောက် တန်တယ်။ သေသေချာချာ စဉ်းစားရင်းနဲ့ သူက ဒီဓားကောက် နှစ်လက်ကို ဈေးထဲမှာ သွားရောင်းလိုက်ရင် ယန်ကလန်က သူ့ကို ချက်ချင်း သိသွားမယ် ဆိုတာကို သဘောပေါက် လိုက်တယ်။ ဒီရွှေပြား အနည်းငယ်လောက်နဲ့ ယန်ကလန်နဲ့ လီကလန် တိုက်ခိုက်ရသည်အထိ သူမဖြစ်စေချင်ဘူးလေ။

“မိစ္ဆာ သားရဲ အစိတ်အပိုင်းတွေ ယူသွားပြီး ရောင်းတာကပဲ ပိုကောင်းပါတယ်လေ”

လီဖူချန်းက ဆုံးဖြတ်ပြီးသည်နှင့် လေးသမားရဲ့ အိတ်ကြီးကို မွှေကြည့်လိုက်တယ်။

“ဟင် မိစ္ဆာ အမြုတေတောင် ပါတယ်ဟ"

မိစ္ဆာ သားရဲ အကောင်တစ်ရာမှာ တောင်မှ မိစ္ဆာအမြုတေ တစ်ခုပါတာ မဟုတ်ဘူးလေ။

ဒါကြောင့်မိစ္ဆာ အမြုတေကို ရောင်းရရင် မြိုးမြိုးမြက်မြက်ရမှာ အသေအချာပင်။

***

All Chapters