ရှန်းတု ကလန်
Vol. 1 Ch. 12
ကောင်းဖန်ရဲ့ လက်သီးသိုင်းက ကောင်းမိန်သုံးတဲ့ ဖယောင်းလက်ဝါးကို ယောက်ျားလေးတွေ အတွက် အနည်းငယ် ပြင်ဆင်ထားသော သိုင်းဖြစ်သည်။ လက်သီးက နူးညံ့သယောင် ရှိပေမဲ့ အင်အား အပြည့် ပါလေသည်။
လီဖူချန်းက လေထဲကို မုန်တိုင်းမွှေ သကဲ့သို့ ခုန်တက် သွားလိုက်ပြီး သူ့ရဲ့ ခြေထောက်တွေနဲ့ ကောင်းဖန်ကို ပြန်တိုက်ခိုက် လိုက်သည်။ လေပွေမုန်တိုင်း ကန်ချက်နှင့် ဖယောင်းလက်သီး (ဖယောင်းလက်ဝါး မူကွဲ)
“ဖုန်း ဘန်း ဖုန်းဖုန်း"
လက်သီးနဲ့ ခြေကန်ချက်တွေက တစ်ဟုန်ထိုး စီးနေတဲ့ ရေအလျင်လိုပဲ အရှိန်ပြင်းပြင်း ထိပ်တိုက် တွေ့လိုက်ကြတယ်။ ကောင်းဖန်ကော လီဖူချန်းကော နှစ်ယောက်စလုံးက အနောက်ကို ဆုတ်သွား ကြတယ်။ ဒီတစ်ကြိမ် တိုက်ခိုက်မှုမှာ ဘယ်သူကမှ အသာစီး မရလိုက်ကြဘူး။
“ရေလ ပဉ္စမအဆင့် နည်းစနစ်" ကောင်းဖန်က သူ့ရဲ့ လေ့ကျင့်ထားတဲ့ ပညာရပ်ကို ထုတ်ဖော်လိုက်တယ်။ စူးရှတဲ့ အလင်းတန်းကြီး တစ်ခုကို လီဖူချန်းက မြင်လိုက်ရတယ်။
လီဖူချန်းက ရယ်ပြီး အနောက်ကို ခုန်ဆုတ်လိုက်တယ်။
“ကြယ်နှစ်ပွင့် အဆင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ကလည်း ဘာမှမဟုတ်ပါလား"
လီဖူချန်းက ကောင်းဖန်ရဲ့ တိုက်ခိုက်မှု အားလုံးကို လှလှပပပဲ ရှောင်တိမ်း လိုက်တယ်။
“ဒီကောင် တကယ်ပဲ ကောင်းဖန်ကို ယှဉ်နိုင်တယ်ဟ"
လီဖူချန်းရဲ့ ယုံကြည်မှု အပြည့်နဲ့ ရှောင်တိမ်းဟန်က ဘေးကနေကြည့်နေတဲ့ လူအုပ်ကို အံ့သြမှင်တက် သွားစေတယ်။ သူတို့က လီဖူချန်းကို ကောင်းဖန်ရဲ့ တိုက်ကွက်တစ်ကွက် ကိုတောင်မှ ခံနိုင်စွမ်းရှိမယ်လို့ မထင်ထားဘူးလေ။
''မင်းက ငါ့ရဲ့ ဖယောင်းလက်သီးကို ခုခံနိုင်တယ် ဆိုတော့ မဆိုးဘူးပဲ။ ဒါပေမဲ့ မင်းအခု ဆက်ပြီး ခံနိုင်ဦးမလား သိချင်သေးတယ်။
"ပိုးသားမြစ်ပြင်ကျယ် (လက်ဝါးသိုင်းကွက်)"
ကောင်းဖန်က သိုင်းကွက် ပြောင်းလာခဲ့တယ်။ ကောင်းဖန်က ဖယောင်း လက်သီးသိုင်းကနေ ဖယောင်း လက်ဝါးသိုင်းကို ပြန်ပြောင်း လိုက်တယ်။ ဖယောင်းလက်ဝါးကို သူ့ရဲ့ ပဉ္စမအဆင့် ရေလ နည်းစနစ်က အထောက်အပံ့ ပေးထားတဲ့အတွက် လီဖူချန်းရဲ့ ပတ်ဝန်းကျင် အနီးအနားက လေထုတွေက လှိုင်းထန်နေတဲ့ မြစ်ပြင်ကျယ်ကြီးထဲ ရောက်နေသလို တုန်ခါနေကြတယ်။
ဒီဖယောင်း လက်ဝါးသိုင်းက အဝါရောင် အလယ်အလတ်အဆင့် အမျိုးအစားဖြစ်တယ်။ ဒါပေမဲ့ ကောင်းဖန် အသုံးပြုလိုက်တဲ့ အခါမှာတော့ သာမန်လူ တစ်ယောက် သုံးတာထက် လေးဆလောက် ပိုပြင်းထန်နေတယ်။
“လေနီကြမ်း မုန်တိုင်း"
(ခြေသိုင်းကွက်)
လီဖူချန်းရဲ့ လက်နက်မဲ့ တိုက်ခိုက်မှု အဆင့်ကလည်း ဒီရက်ပိုင်းတွေမှာ အရမ်းကို ထက်မြက်လာခဲ့ပြီလေ။ ကောင်းဖန်ရဲ့ လက်ဝါးသိုင်းကို ရင်ဆိုင်ရာမှာ လီဖူချန်းက လေပွေတစ်ခုလိုပဲ ခန့်မှန်းရခက်စွာနဲ့ ပြန်တိုက်ခိုက်လိုက်တယ်။
“လီးပဲကြာ"
ကောင်းဖန်က အော်လိုက်တယ်။ လီဖူချန်းရု့ ခြေကန်ချက်တွေက သူ့ရဲ့ ဖယောင်းလက်ဝါးကို အသားစီးကနေ တိုက်ခိုက် နေတယ်လေ။ ကောင်းဖန်ရဲ့ တစ်ကိုယ်လုံးမှာလည်း ခြေရိပ်ခြေယောင်တွေက ဝဲနေတယ်။ တစ်ချက် တစ်ချက်ဆို ကောင်းဖန်ရဲ့ ခံစစ်စည်းကို ဖောက်ထွက် လာတော့မလိုပဲ။
“ဘုန်းဘုန်းဘုန်း"
ကောင်းဖန်က အနောက်ကို တစ်ဆုတ်တည်း ဆုတ်နေရသည်။ သူ့ရဲ့ လက်နှစ်ဖက်စလုံးကလည်း ခြေကန်ချက်တွေကို ခုခံရလွန်းသဖြင့် ထုံကျဉ်နေလေပြီ။ ကောင်းဖန်က သူတရားမျှတလား မမျှတဘူးလားတောင် မစဉ်းစားတော့ဘူး။ သူ့ရဲ့ ခါးမှာ ချိတ်ထားတဲ့ ဓားကိုထုတ်ပြီး လီဖူချန်းကို ခုတ်ချလိုက်တယ်။
“ရွှမ်း”
လီဖူချန်းရဲ့ အင်္ကျီလက် အစွန်းစဟာ တိခနဲ ပြတ်ကျသွားတယ်။ ကောင်းဖန်ဟာ သူ့ရဲ့ စပ်ဆုပ်စရာ ကောင်းတဲ့အပြုအမူကို လူအုပ်ကြီးရှေ့မှာ ထုတ်ပြလိုက်တာ ဖြစ်တယ်။ သူက လီဖူချန်းကို လက်နက်မဲ့ တိုက်ခိုက်ရာမှာ မနိုင်ဘူး ဆိုတာကို ဝန်မခံချင်ဘူးလေ။
"ဘယ်လောက် အရှက်မရှိတဲ့ ခွေးသားလဲ"
လီဖူချန်းက သူ့ဓားကို လူမက နတ်တမျှ အလျင်နဲ့ ဆွဲထုတ်ပြီး လေထဲကနေပဲ ကောင်းဖန်ကို ခုတ်ချလိုက်တယ်။
“အစွန်းရောက် ဓားသိုင်း တတိယအကွက်"
“ထွက်ပြီးသား ဆင်စွယ် မည်သည်သည် ပြန်ဝင်ရိုးထုံးစံမရှိ"
(သိုင်းကွက်နာမည်)
“ထန်"
ကောင်းဖန်ကလည်း သူ့ဓားကို မြှောက်ပြီး ခုခံလိုက်တယ်။ ဓားနှင့်ထိပ်တိုက် ရင်ဆိုင်မိပြီး မီးများပွင့်သွားတယ်။ လီဖူချန်းရဲ့ အပေါ်စီးကနေ ခုတ်လိုက်တဲ့အားက အရမ်းများတာကြောင့် သူ့ဒူးတွေ ညွတ်ကျမတတ် ဖြစ်သွားတယ်။
“ချွင် ချွင် ချွမ်ချွမ် ထန်”
ကောင်းဖန်ရဲ့ ခုခံလိုက်တဲ့ ဓားပေါ်က အရှိန်ကိုယူလိုက်ပြီး လီဖူချန်းကလေထဲကို ပြန်ခုန်တက် သွားတယ်။ ထို့နောက် တစ်ဖန် ပြန်ကျလာပြီး သူ့ရဲ့ လေပြည်ဓားသိုင်းကို ထုတ်သုံးလိုက်တယ်။
“လေပြည်ဓားသိုင်း အမှတ်စဉ် ခြောက်”
“ပဉ္စဂံ ဝင်္ကပါ”ဓားချက်”
လီဖူချန်းက မျက်စိတစ်မှိတ် အတွင်းမှာပဲ ဓားချက် ၅ချက် ထူတ်လိုက်တယ်။ ကောင်းဖန်ရဲ့ ရင်ဘတ်ကနေ သွေးတွေက ဖြာခနဲစီးကျလာပြီးနောက် ကောင်းဖန်က မြေကြီးပေါ် ဒူးထောက် ကျသွားတယ်။ သူ့ရဲ့ဆံပင် အနည်းငယ်ကလည်း လေထဲမှာ ဝဲနေပြီး မျက်နှာကတော့ ကြောက်လန့်မှုကြောင့် ဖြူဖပ်ဖပ် ဖြစ်နေတယ်။
“မင်းက မင်းရဲ့ ဒီဟာကွက်တွေ ပြည့်နေတဲ့ ဓားသိုင်းနဲ့ ငါ့ဆီကို မင်းညီမအတွက် ကလဲ့စားချေဖို့ လာရဲတယ်ဟုတ်လား"
“မင်းက တောင်ကြီးကို ဖြိုဖို့ စဉ်းစားနေတဲ့ ခါချဉ်ကောင်လိုပဲ”
လီဖူချန်းက ကောင်းဖန်ကို လုံးဝသနားမနေပဲ ပျစ်ပျစ်နှစ်နှစ် ပြောလိုက်သည်။
“ဝေါ့”
လီဖူချန်းရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ကောင်းဖန်က အရမ်းရှက်သွားသဖြင့် သွေးတစ်လုတ်မျှ အန်လိုက်လေသည်။ သူ့ရဲ့မျက်လုံးအစုံကတော့ လီဖူချန်းကို အစိမ်းလိုက် ဝါးစားချင်နေသည့် ပုံပင်။ ဘေးမှာ ကြည့်နေတဲ့ လူအုပ်ကြီးကတော့ ရုတ်တရက် ကြောက်ရွံ့ခြင်းဆိုတဲ့ ခံစားမှုကို ရလိုက်ကြတယ်။ အခုဖြစ်သွားတဲ့ ဖြစ်ရပ်က ခွန်အားကြီးခြင်းကို ဥပမာ ပြလိုက်တဲ့ ဖြစ်ရပ်ပဲလေ။ မင်းမှာ ကြယ်နှစ်ပွင့်ရအဆင့် အရိုးတည်ဆောက်ပုံရှိလည်း ဘာဖြစ်လဲ။
ငါ့ရှေ့မှာတော့ မင်း ဒူးထောက်နေရပြီလေ။ လမ်းမကြီး တစ်ခုလုံးက တိတ်ဆိတ် ခြောက်ကပ်နေပြီး လူတွေအားလုံးကလည်း လီဖူချန်းကို ကြောင်အပြီး ရပ်ကြည့်နေကျတယ်။
“ခွင့်လွှတ် သည်းခံခြင်းဆိုတာ သူတော်ကောင်း တရား တစ်ရပ်ပဲ။ လီကလန်က လူတွေဟာ သဘောထားကြီးမြတ်ဖို့ သင်ယူသင့်တယ်”
ကြည်လင်ပြတ်သားတဲ့ အသံတစ်ခုက သိပ်မဝေးလှတဲ့ နေရာကနေ ထွက်ပေါ်လာတယ်။
“အဲဒါ ရှန်းတုလျန် ပဲ”
အားလုံးက အသံထွက်ပေါ်လာရာသို့ လှမ်းကြည့်လိုက်တဲ့အခါ အသံပိုင်ရှင်က ရှန်းတုလျန်ဆိုတာ သိသွားကြတယ်။ လီကလန်ရယ် ကောင်းကလန်ရယ် ယန်ကလန်တို့ဟာ မကြာခဏ ထိပ်တိုက်တွေ့ကျပေမဲ့ ရှန်းတုကလန်ကတော့ အဲဒီလို နေရာတွေမှာ ဘယ်တော့မှ ဝင်ပါလေ့မရှိဘူး။
ယုံဝူးမြို့စားက ရှန်းတုကလန်က ဖြစ်တဲ့အတွက် သူတို့ဟာ ယုံဝူးမြို့ရဲ့အရာရာကို ထိန်းချုပ် ထားတယ်လေ။ ဒါကြောင့် ရှန်းတုကလန်ဟာ ဒီယုံဝူး မြို့မှာတော့ နံပါတ်တစ် ကလန်ကြီးဖြစ်ပြီး
ဘယ်ကလန်မှ ရှန်းတုကလန်ကို ရန်မရှာရဲပေ။ ရှန်းတုလျှန်က အသက်ဆယ့်ခြောက်နှစ် ဝန်းကျင်ပဲ ရှိသေးပြီး ပိုးသားဝတ်စုံကို ဝတ်ဆင်ထားတယ်။ သူ့ခေါင်းကို ခပ်မြင့်မြင့် မြှောက်ထားပြီး တော်ဝင်တဲ့ အငွေ့အသက်တွေက ပတ်ဝန်းကျင်ကို ပျံ့နှံ့နေတယ်။
"သခင်လေး ရှန်းတုလျှန်ကို လီဖူချန်း အရိုအသေပေးပါတယ်"
လီဖူချန်းက ရှန်းတုလျှန်ကို အရင် နှုတ်ဆက်လိုက်တယ်။ သူက တခြားလူမဟုတ်ဘူးလေ။ မြို့စားမင်းရဲ့ တူတော်စပ်သူ ဖြစ်တယ်။
လူသားနယ်ပယ် အဆင့် ခြောက်ကို အသက်ဆယ့်ခြောက်နှစ်မှာ ရောက်ခဲ့သူဖြစ်ပြီး ကြယ်တစ်ပွင့် အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ သူကရှန်းတုကလန်ရဲ့ လျှို့ဝှက်နည်းစနစ်ကို လေ့ကျင့်ထားတဲ့အတွက် သူ့ရဲ့စွမ်းအားကို ကောင်းပန်ထက် မသာရင်နေမည်
နည်နည်းလေးမှ နိမ့်ကျဖို့တော့ မရှိ။ ရှန်းတုလျှန်က လီဖူချန်းဆီက အရိုအသေ ပေးတာကို ရလိုက်သည့် အတွက် ကျေနပ်သွားဟန်ဖြင့် “လီဖူချန်း တစ်ယောက်နဲ့ တစ်ယောက် လက်ရည် စမ်းကျတာပဲ။
ဒီလိုတစ်ဖက်လူကို ဒူးထောက် ခိုင်းထားဖို့ လိုလို့လားကွာ"
“ပြီးတော့ ကောင်းကလန်နဲ့ လီကလန်ရဲ့ဆက်ဆံရေးက အတိတ်တုန်းကတော့ ကောင်းမွန်ခဲ့တာပဲ။ မင်း သူတို့ကို ဒီလောက် အထိတော့ မရက်စက်သင့်ပါဘူးကွ။ ဒီလို လုပ်ပါလား မင်းကောင်းဖန်ကို ပြန်တောင်းပန် လိုက်လေ။ မင်းငါ့ရဲ့ တောင်းဆိုမှုကို ငြင်းဆိုမယ်လို့တော့ မထင်ဘူး"
လီဖူချန်က ရှန်းတုလျှန်ရဲ့ စကားကို ကြားလိုက်တာနဲ့ မြို့စားမင်းနဲ့ ကောင်းကလန်က အတွင်းကျိတ် ဆက်ဆံရေးတွေ တည်ဆောက်နေတယ် ဆိုတာ သိလိုက်တယ်။
"တောင်းပန်တယ်ဆိုတာ ငါမလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာပဲ"
လီဖူချန်းက ခတ်ပြတ်ပြတ်ပဲ ပြောလိုက်တယ်။
“ဘာလို့လဲ။ ညီလေးဖူချန်းက အစ်ကို့ကို မျက်နှာသာ မပေးတော့ဘူးလား"
ရှန်းတုလျှန်ရဲ့ မျက်လုံးအစုံက ကျဉ်းမြောင်း သွားတယ်။
“ဒါက မျက်နှာသာပေးတာ မပေးတာနဲ့ မဆိုင်ပါဘူး။ ဒီကောင်က ကျွန်တော့် တောင်းပန်မှုကို လက်ခံနိုင်တဲ့ အစွမ်းအစ မရှိလို့ပါ။ အစ်ကိုလျှန်မှာ ပြောစရာ အထွေအထူး မရှိတော့ဘူးဆိုရင် ကျွန်တော် သွားတော့မယ်။ ခွင့်ပြုပါဦး”
“ဟမ်”
ရှန်းတုလျှန်က လီဖူချန်းရဲ့ အပြုအမူကြောင့် သဘောမကျ ဖြစ်သွားတယ်။ လီဖူချန်းက သူ့စကားကို အလေးထားမယ်လို့ သူက တွေးထားခဲ့တာလေ။ အခုတော့ လီဖူချန်းက သူ့ကို အရေးတောင် မလုပ်ပဲ ထွက်ခွာဖို့ ပြင်နေတယ်။ သူက လီဖူချန်းကို စတင်တိုက်ခိုက်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ လီဖူချန်းက ကျောခိုင်း နေရာကနေ စကား ပြောလာခဲ့တယ်။
“သခင်လေး ရှန်းတု။ ကျွန်တော့်ကို နိုင်ဖို့ဆိုတာ လွယ်မှာ မဟုတ်ဘူးနော်။ ကျွန်တော် ကောင်းဖန်နဲ့ ရင်ဆိုင်တုန်းက ကျွန်တော့်ပညာကို ခုနစ်ဆယ်ရာခိုင်နှုန်းပဲ သုံးထားခဲ့တာ”
လီဖူချန်းက ထိုစကားကို ပြောပြီးတာနဲ့ အေးအေးဆေးဆေးပဲ လီကလန်ကို လှမ်းလျှောက် ပြန်သွားတော့တယ်။ သူ့အနောက်မှာ ဘာတွေဖြစ်ပြီး ကျန်ခဲ့သလဲ ဆိုတာကိုလည်း သူ စိတ်မဝင်စားဘူးလေ။
လီဖူချန်ရဲ့ စကားကို ကြားလိုက်ပြီးနောက်မှာတော့ တိုက်ခိုက်ဖို့ပြင်နေတဲ့ ရှန်းတုလျှန်က တုံ့ဆိုင်းသွားတယ်။ လီဖူးချန်ပြောတာကအမှန်တွေဆိုရင် သူလီဖူချန်းကို နိုင်ဖို့ အခွင့်အရေးဆိုတာ မရှိသလောက်ပဲလေ။ ပြီးတော့ သူကကောင်းဖန်လို လူတွေ အများကြီးရှေ့မှာ အရှက်မကွဲချင်ဘူး။
“ငါဒီနေ့ကို အမှတ်ရနေမယ်။
လီကလန်က လီဖူချန်း”
ရှန်းတုလျှန်က နာကြည်း မုန်းတီးစွာနဲ့ စိတ်ထဲမှာ မှတ်ထားလိုက်တယ်။ နှုတ်ခမ်းမှာ ပေနေတဲ့သွေးစတွေကို လက်ခုံဖြင့် သုတ်ရင်း ကောင်းဖန်က မတ်တတ်ထလာသည်။ လီဖူချန်းရဲ့ နောက်ကျောပြင်ကို ကြည့်လိုက်ရင်း ကလဲ့စားချေဖို့ကိစ္စကို ရှန်းတုလျှန်ကို လွှဲပေးလိုက်တာက ပိုကောင်းသည်ဟု တွေးမိလိုက်သည်။ သူ့လက်နှစ်ဖက်ကို ဆုပ်လိုက်ပြီး ရှန်းတုလျှန်ကို
“ကျေးဇူးတင်ပါတယ်။ သခင်လေး ရှန်းတု” လို့ပြောလိုက်ပြီး အရိုအသေ ပေးလိုက်သည်။
“ဘာတွေ ဖြစ်သွားတာလဲ။ မင်းကဘာလို့ သူ့ကို ရှုံးသွားရတာလဲ” လို့ ရှန်းတုလျှန်က မေးလိုက်သည်။ ကောင်းဖန် မျက်နှာက ရှုံ့မဲ့သွားပြီး
“ကျွန်တော်က သူ့သိုင်းကွက်တွေ မရင်းနှီးလို့ပါပြီးတော့ အထင်သေးပြီး ခုခံဖို့လည်း မပြင်ထားမိလိုက်ဘူး"
“ဒီကောင်က လျှော့တွက်ထားလို့တော့ မရဘူး။ လီကလန်က ဆုတ်ယုတ်နေတာ အချိန်ကြာနေပြီ ဆိုတော့ သူတို့ရဲ့ အရင်နေရာကို ပြန်ရောက်အောင် ကြိုးစားနေကြပြီနဲ့ တူတယ်"
“သူတို့ရဲ့ အရင်နေရာ ဟုတ်လား။ သာမန် အရိုးတည်ဆောက်ပုံနဲ့ ကောင်က ကျွန်တော်တို့ကို ဘယ်လို လိုက်မီနိုင်မှာလဲ။ နောက်ပိုင်း တန်ခိုးအဆင့်တွေ ရောက်ရင် သာမန် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက အဆင့်တစ်ဆင့် တက်ဖို့တောင် ဆယ်စုနှစ်ပေါင်း များစွာ လေ့ကျင့်ရတာလေ။
ကောင်းဖန်က လီဖူချန်းကို အထင်သေးနေတုန်းပဲ ဖြစ်သည်။ အခုချိန်မှာ လီဖူချန်းက သူ့ကို နိုင်သွားပေမဲ့ လီဖူချန်းအတွက် အနာဂတ်ဆိုတာ မရှိဘူးလေ။ သာမန် အရိုး တည်ဆောက်ပုံနဲ့ လူတွေက မြေကမ္ဘာအဆင့်ကို ရောက်ဖို့တောင် လုံးဝ မဖြစ်နိုင်သလောက်ပဲ။ တကယ်လို့ သူသာ မြေကမ္ဘာအဆင့် ကိုရောက်ခဲ့ရင် လီဖူချန်းဆိုတာ သူ့အရှေ့မှာ ခွေးတစ်ကောင် သာသာပဲ ဖြစ်သွားမှာလေ။
“ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ ဒီနေ့ လီဖူချန်းက ရှန်းတုလျှန်ကို စော်ကားသွားတယ် ဆိုတော့ လီဖူချန်းရဲ့ အနာဂတ်က အခြေအနေ မလှဖို့များတယ်” ဟု ကောင်းဖန်က တွေးလိုက်တယ်။
ရှန်းတုလျှန်က စိတ်သဘောထား ကျဉ်းမြောင်းတဲ့ လူတစ်ယောက်ပဲ။ သူ့ကို စော်ကားတဲ့ သူကတော့ ဇာတ်သိမ်း မလှနိုင်ဘူးလေ။
ထိုအချိန်မှာတော့ လီဖူချန်းက သူတို့နှစ်ယောက် စကားတွေကို မကြားနိုင်တဲ့ အဝေးတစ်နေရာကို ရောက်နေပြီ ဖြစ်သည်။ တကယ်လို့ သူကြားခဲ့ရင်လည်း ရှန်းတုကလန်ကို သူကြောက်နေမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ လီကလန် ဆိုတာကလည်း အလှပြဖို့ သက်သက် တည်ထောင်ထားတာ မဟုတ်ဘူးလေ။ ယုံဝူးမြို့မှာ ရှိနေတဲ့ ကလန်ကြီးတွေ တိုင်းမှာ မိုးပြာရောင်ဂိုဏ်းရဲ့ တပည့်တွေ ရှိနေတာပဲ။ အနည်း အများသာ ကွာသွားတာ ဖြစ်တယ်။
***