အပိုင်း(၅၃၈)
Vol. 36 Ch. 538
ထိုက်မိသားစု၏ အကြီးဆုံး
သခင်လေးဖြစ်သူ ထိုက်ရှန့်က ရှစ်ဖုန့်၏အဖြေအားစောင့်စားနေသည်။
ဤအခိုက်အတန့်တွင် အရာအားလုံးက ဤလူငယ်လေး၏ လက်အတွင်း၌ရှိသည်ဖြစ်၏။ အကယ်သူက၎င်းအားအသက်ရှင်စေ လိုလျှင်သူအသက်ရှင်လိမ့်မည်ဖြစ်သည်။ ပြောရလျှင် ၎င်းအနေဖြင့် ထိုက်ကလန်၏အကြွင်းမဲ့အာဏာအား ရနိုင်အုံးမည်ဖြစ်သည်။ အကယ်၍
သူကသာ ၎င်းအားသေစေလိုလျှင် သူသေရလိမ့်မည်ဖြစ်သည်။ ဤလူငယ်၏အကြွင်းမဲ့စွမ်းအားအောက်၌ သေရန်မှလွဲပြီး အခြားရွေးချယ်စရာမရှိပေ။
“ထိုက်မိသားစုရဲ့အကြီးဆုံးသခင်လေး..
သူတကယ်ကြီးသူ့အဖေကိုသတ်ခဲ့တဲ့
သူရဲ့ခွေးဖြစ်ချင်တယ်လို့ပြောခဲ့တယ်.ဒါ
က..ထိုက်မိသားစုရဲ့အကြီးဆုံးသခင်လေးဆိုတဲ့ဒီထိုက်ရှန့်က အသက်ရှန်ဖို့အတွက်နဲ့ အရမ်းကိုအရှက်မဲ့တာပဲ..အကယ်၍ငါသာထိုက်စမ်ဆိုရင် အရမ်းဒေါသထွက်လွန်းလို့ သေရာကနေတောင်ပြန်ရှင်လာမှာ”
“ထိုက်မိသားစုရဲ့ခေါင်းဆောင်ဖြစ်သူ ထိုက်စမ်က ငါတို့ရှင်းယောင်မြို့ရဲ့အရှင်သခင်ပဲ. ဘယ်လိုဖြစ်ပြီးတော့ ထိုက်ရှန့်လိုမျိုး သူရဲဘောကြောင်တဲ့ သားမျိုးကိုသူမွေးထားရတာလဲ.. အသက်ရှင်ဖို့အတွက်နဲ့ သူ့အဖေကိုသတ်တဲ့သူကို ဒူးထောက်ဖို့ဆန္ဒရှိပြီး အဲ့လူအပေါ်မှာသစ္စာရှိဖို့ကို ကတိပေးနေတယ်.. သူကခွေးတစ်ကောင်ဖြစ်ဖို့တောင်မှ ဆန္ဒရှိနေသေးတယ်..ဒီထိုက်ရှန့်က လူသားဖြစ်ဖို့တောင်မထိုက်တန်ဘူး”
လူအုပ်ကြီး ညကောင်းကင်ယံထဲတွင်ရှစ်ဖုန့်၏ရှေ့၌ ဒူးထောက်နေသော ထိုက်ရှန့်အားနောက်တစ်ကြိမ်လက်ညှိုး
ထိုး၍ ၎င်းအား ဝေဖန်အပြစ်တင်နေကြသည်။
ထိုက်ရှန့်မှာမူ ထိုအရာများအားဂရုစိုက်ခြင်းမရှိဘဲ လူငယ်၏အဖြေအားစောင့်ဆိုင်းနေ၏။ သူကသူ၏ကံကြမ္မာအားအကဲဖြတ်ပေး
မှုကိုစောင့်ဆိုင်းနေခြင်းဖြစ်သည်။
“ငါတို့ထိုက်မိသားစုက ထိုက်ရှန့်လိုခွေးမျိုးကို ဘယ်လိုဖြစ်ပြီးတော့မွေးလာရတာလဲ”
“ငါဒီညမသေရင် .ငါတို့ထိုက်မိသားစုအရှက်ရမှုအတွက် ငါကိုယ်တိုင်ဒီခွေးကိုသတ်မယ်”
“ထိုက်မိသားစု ရဲ့အကြီးဆုံးသခင်လေးအနေနဲ့စဉ်းစား
လိုက်ရင်..ထိုက်စမ်.. မင်းဘယ်လိုသားမျိုးကိုမွေးခဲ့တာလဲ”
စွမ်းအားတန်ပြန်မှုကိုခံစားခဲ့ကြရသော
ထိုက်မိသားစုဝင်များမှာ ညကောင်းကင်ယံထဲ၌ဒူးထောက်နေသော ထိုက်ရှန့်အားကြည့်၍ ပြောလိုက်ကြသည်။ ဤအခိုက်အတန့်တွင် ဤကဲ့သို့ အရှက်မဲ့သောသူအားပြစ်တင်ကြိမ်း
မောင်းနေခြင်းက အသုံးဝင်ခြင်းမရှိသည်ကိုသူတို့နားလည်လိုက်သည်။ သူတို့၏စွမ်းအင်များကိုခြွေတာရမည်ဖြစ်၏။
ဤအခိုက်အတန့်တွင် ထိုက်မိသားစုဝင်များအပါအဝင် ညကောင်းကင်ယံထဲရှိလူများ၏
အကြည့်များက ထိုက်ရှန့်အား ဆုံးဖြတ်ပေးမည့်လူငယ်ကိုကြည်နေသည်။ ဤအချိန်တွင် သူက ဤကမ္ဘာကြီး၏ အဓိကဇတ်ကောင်တစ်ဦးလုံးဝဖြစ်နေသည်။ ထိုက်ရှန့်သည်သာမကဘဲ ထိုက်မိသားစုတစ်ခုလုံး၏ ကံကြမ္မာက ဤလူငယ်၏လက်အတွင်း၌ရှိနေ၏။
ထို့နောက် ထိုက်ရှန့်က ညကောင်း
ကင်ယံထဲ၌ အချိန်တစ်ဝက်ခန့်ဒူးထောက်နေသော်လည်း လူငယ်က ၎င်း၏ကံကြမ္မာအား ဆုံးဖြတ်ရန်စကားပြောခြင်းမရှိသည်ကို လူများတွေ့လိုက်ရသည်။
ခဏကြာ၌ပြီးနောက် လူငယ်ကသူ၏ခေါင်းအားလှည့်၍
သူ့ဘေးရှိ အမျိုးသမီးငယ်လေးအား လှည့်ကြည့်လိုက်သည်ကို သူတို့တွေ့လိုက်ရသည်။ လူများစွာ အမျိုးသမီးငယ်အား မှတ်မိသည်ဖြစ်ပြီး သူမက ကန်းချမ်းကြေးစားအဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူမ၏မိသားစုနမည်အားသူတို့မသိကြချေ။ သူမအား ရှောင်းယီ(အသေးလေး)ဟုခေါ်သည်
ကိုသာသူတို့သိကြပြီး သူမက ကြယ်ရှစ်ပွင့် အင်ပါယာနယ်ပယ်တစ်ဦးဖြစ်သည်။
“ဒီလူငယ်လေး က ကန်းချမ်းကြေးစားအဖွဲ့ကများဖြစ်နိုင်မလား”
လူများစွာက ဤလူငယ်၏သရုပ်မှန်အားစတင်ခန့်မှန့်
ကြသော်လည်းသူတို့၏ခေါင်းများ
အားခါယမ်းလိုက်ကြသည်။ ဤကဲ့သို့စွမ်းအားကြီးလူတစ်ယောက်က ရှင်းယောင်မြို့၏ဒုတိယအဆင့် အင်အားစုတစ်ခုဖြစ်သော ကန်းချမ်းကြေးစားအဖွဲ့ကိုမည်ကဲ့သို့
ဝင်ပါမည်နည်း။
ရှစ်ဖုန့်က ကောင်မလေးဘက်လှည့်လိုက်ချိန်တွင်သူကသူမအားကြည့်နေသည်ကိုကောင်မလေး
တွေ့လိုက်ရသည်။ဘာကြောင့်သူက
သူမအားကြည့်နေသည်ကို မသိသောကြောင့် ရှောင်းယီအနေဖြင့် စိတ်ရှုပ် ထွေးနေသောဟန်ဖြစ်နေသည်။
ထို့နောက် ရှစ်ဖုန့်က ရှောင်းယီအားဖြည်းဖြည်းချင်းပြော
လိုက်သည်။
“အခု ဒီသခင်လေး မင်းကိုဒီလူရဲ့ ကံကြမ္မာအပေါ်ဆုံးဖြတ်ခွင့်ပေးမယ်”
“ဘာ..ကျွန်မကိုဆုံးဖြတ်ခွင့်ပြုတယ်”
ရှစ်ဖုန့်၏ စကားအားကြားပြီးနောက် ရှောင်းယီက အံ့အားသင့်စွာပြောလိုက်မိသည်။ ယနေ့တွင် ကိစ္စများစွာဖြစ်ပွားခဲ့သည်ဖြစ်သည်။
ကိစ္စများကလည်းသူမ၏ မျှော်မှန်းချက်ထက်များစွာကျော်လွန်နေသည်။ ဤကဲ့သို့ကိစ္စများစွာအား သူမ၏တစ်ဘ
ဝလုံး၌ များစွာကြုံဖူးခြင်းမရှိပေ။
ရှင်းယောင်မြို့အတွင်း ဒုတိယအဆင့်ဝင်သော ထိုက်မသားစု ၏အကြီးဆုံးသားဖြစ်သူ ကြယ်လေးပွင့်သူတော်စင်နယ်ပယ်ဖြစ်သည့် ထိုက်ရှန့် ၏ကံကြမ္မာကို ကြယ်ရှစ်ပွင့်အင်ပါယာနယ်ပယ်သာရှိသော
ရှောင်းယီအားတကယ်ကြီး
ဆုံးဖြတ်ခွင့်ပေးနေ၏။
အတိတ်တွင်သူမအနေဖြင့် ဤကဲ့သို့ ကိစ္စမျိုးအား တွေးပင်တွေးရဲမည်မဟုတ်ပေ။ အရာအားလုံးအား အိမ်မက်တစ်ခုလိုခံစားနေရ
သည်ဖြစ်သည်။
ကောင်မလေး၏ တုန်လှုပ်အံ့အားသင့်မှအား ရင်ဆိုင်ရင်း ရှစ်ဖုန့်ကထူးမခြားနားစွာပြုံး၍ ခေါင်းညိမ့်ကာပြောလိုက်သည်။
“အင်း..မင်းဆုံးဖြတ်ရမယ်.
ပြောပါ ဒီသခင်လေး ဒီလူကို အသက်ရှင်ခွင့်ပေးရမလား.
သေခိုင်းမရမလား”
ထိုက်မိသားစု၏ အကြီးဆုံးသားဖြစ်သူမှာရှင်းယောင်မြို့အတွင် အရေးပါသောသူတစ်ဦးဖြစ်သည်။ ရှစ်ဖုန့်က အသက်ရှင်ခွင့်ပေးမလား သေခိုင်းမလားဟုပြောချိန်တွင် ၎င်းအား အရမ်းကိုသာမန်ကာလျှံကာပြောနေ၏။
“ကျွန်မ..ကျွန်မ..ဒီမှာလား”
ရှောင်းယီက ရှစ်ဖုန့်အားကြည့်၍ ပြောလိုက်သည်။ ထို့နောက် သူ၏မျက်လုံးတို့အားထိုက်ရှန့်
ဆီသို့လှည့်လိုက်၏။
ထိုက်ရှန့်က ရှစ်ဖုန့်နှင့်သိပ်ဝေးခြင်းမရှိပေ။ထို့ကြောင့် အစောပိုင်းကရှစ်ဖုန့်ရှောင်းယီအားပြေသည်ကိုသူကြားသည်ဖြစ်သည်။ဤအချိန်တွင် ထိုက်ရှန့်မှာ ရှောင်းယီကသူ့အားကြည့်နေသည်
ကိုတွေ့ရပြီး အလျှင်အမြန်တောင်းပန်လိုက်သည်။
“မိန်းကလေး. ကျုပ်ထိုက်ရှန့်ဒီနေ့အသက်ကရှင်နိုင်တာနဲ့ ကျုပ်မင်းရဲ့စကားကိုသေချာပေါက်
နားထောင်ပြီးတော့မင်းကို သခင်အဖြစ်အခုကစပြီး အသိအမှတ်ပြုပါ့မယ်”
ရှစ်ဖုန့်အား အညံ့မခံခင်ကတည်းက ထိုက်ရှန့်က သူ့ကိုယ်သူရှစ်ဖုန့်၏ခွေးအဖြစ်မှတ်ယူပြိး ရှစ်ဖုန့်အားသူ၏သခင်အဖြစ်ခေါ်ဝေါ်ခဲ့သည်။
ကောင်မလေး ရှောင်းယီက ထိုက်ရှန့်အားကြည့်လိုက်၏။ ထိုက်ရှန့်၏စကားအားကြားလိုက်ရသောအခါတွင် သူမ၏မျက်နှာထက်၌ စက်ဆုပ်သောအမူအယာတစ်ခုဖြစ်
ပေါ်လာသည်။ ကောင်မလေးမျက်နှာထက်ရှိ စက်ဆုပ်သောအမူအယာအားမြင်
တွေ့လိုက်ရသောခါတွင် ထိုက်ရှန့်၏နှလုံးသားထဲ၌ကြီးစွာသော သတိပေးမှုတစ်ခုဖြစ်ပေါ်လာသည်။ သူ၏ကိုယ်အားချက်ချင်းလှုပ်ရှား
လိုက်ပြီး လေကိုထိုးခွင်းကာ ဤနေရာမှထွက်ပြေးရန်ပြင်ဆင်လိုက်သည်။
“ဟမ့်”
လှုပ်ရှားမှုတစ်ခုပြုလုပ်တော့မည့်
ထိုက်ရှန့်အားကြည့်၍ ရှစ်ဖုန့်က လှောင်ပြုံးပြုံးလိုက်သည်။ ထို့နောက်သူ၏ ညာလက်အား လက်သည်းတစ်ခုအဖြစ်ဖွဲ့စည်းပြီး ဧရာမ တစ္ဆေလက်သည်းကြီးတစ်ခုက ညကောင်းကင်ယံထဲရှိထိုက်ရှန့်၏
နံဘေးနား၌ပေါ်လာ၏။
“ငရဲဘုံကိုးခု တစ္ဆေလက်သည်း”
ငရဲဘုံကိုးခု တစ္ဆေလက်သည်းပေါ်ပေါ်လာပြီးချင်း ၎င်းက အပေါ်သို့ထိုးတက်ပျံသန်းထွက်ပြေးနေသော ထိုက်ရှန့်နောက်သို့လိုက်ဖမ်းလိုက်သည်။ ရုတ်တရက်လှုပ်ရှားမှုတစ်ခုနှင့်အတူ ထိုက်ရှန့်အားလျှန်မြန်စွာလိုက်မှီသွားပြီး ကြမ်းကြုတ်သော ဆုပ်ကိုင်မှုနှင့်အတူ ထိုက်ရှန့်၏ကိုယ်အားဖမ်းဆုပ်လိုက်သည်။
ငရဲဘုံကိုးခု တစ္ဆေလက်သည်းအတွင်း ၌ ထိုက်ရှန့်တစ်ယောက် သူ၏စွမ်း
အားအားလုံး ကုန်ခန်းသွားသလိုခံစားရသည်။ ခုခံရန်ဘာစွမ်းအားကိုမှသူဆင့်ခေါ်
၍မရသလို သူ၏တစ်ကိုယ်လုံးမှာလည်း ရေခဲခန်းတစ်ခုထဲကျရောက်သွားသကဲ့သို့ အေးစက်မှုကိုခံစားရသည်ဖြစ်သည်။
ရုတ်တရက်သူ ဒုက္ခကြီးကြီးရောက်ပြီဆိုသည်အား ထိုက်ရှန့်သဘောပေါက်လိုက်သည်။ သို့သော်ထိုက်ရှန့်အရှုံးမပေးချင်သေးပေ။ သူကရှစ်ဖုန့်အားခွေးတစ်ကောင်ကဲ့သို့ လျှင်မြန်စွာတောင်းပန်လိုက်သည်။
“မဟုတ်ဘူး. မဟုတ်ဘူး. ကျုပ်ကိုလွှတ်ပေးပါ… ကျုပ်ကိုလွှတ်ပေးပါ. သခင်.. ကျုပ်ကသခင်ရဲ့ခွေးပါ.. အခုကစပြီးတော့သခင့်ကိုအကြွင်းမဲ့
သစ္စာခံပါ့မယ်လို့ကျုပ်ကျိန်ဆိုပါတယ်”
ရှစ်ဖုန့်အားတောင်းပန်ပြီးနောက် ထိုက်ရှန့် ရှောင်းယီဘက်သို့လှည့်၍ တောင်းပန်လိုက်သည်။
“မိန်းကလေး ကျုပ်တောင်းပန်ပါတယ်.. ကျုပ်သခင်ကိုကျုပ်ကို မသတ်ဖို့ ပြောပေးဖို့မင်းကိုတောင်းပန်ပါတယ်.. ကျုပ်ထိုက်ရှန့် မင်းရဲ့ကြင်နာမှုကို လက်ကျန်တစ်ဘဝလုံးအမှတ်ရနေမှာပါ..
ကျုပ်ကျိန်ဆိုပါတယ်”
“သူ့ကိုမယုံနဲ့”
ဤအချိန်တွင် ရှောင်းယီက သူမ၏ခေါင်းအားလှည့်လိုက်ပြီး ရှစ်ဖုန့်ကိုကြည့်လိုက်သည်။သူမက ရှစ်ဖုန့်အားပြောလိုက်၏။
“ဒီလူက ရှင်သူ့အဖေကိုသတ်လိုက်
တာတောင် ရှင့်ကိုသနားညှာတာပေးဖို့တောင်းပန်
နေတုံးပဲ…ရှင့်ကိုအညံ့ခံပြီးတော့ရှင့်ရဲ့ခွေးဖြစ်ချင်ပါတယ်လို့တောင်ပြော
လိုက်သေးတယ်..ဒီလိုလူစားမျိုးမှာဘာလူသားဆန်မှုမှရှိမနေဘူး..သူကခွေးတစ်ကောင်နဲ့ဘာမှမခြားနားဘူး”
ရှောင်းယီက ရှစ်ဖုန့်အားလေးနက်သော
မျက်နှာဖြင့်ပြောလိုက်သည်။ထို့နောက် ရှောင်းယီမှာတစ်စုံတစ်ခုသူမ
မှားသွားသလိုမျိုးခံစားလိုက်ရသည်။ သူကခေါင်းခါပြီးပြောလိုက်၏။
“မဟုတ်ဘူး ဒီလိုလူမျိုးက ခွေးထက်ပိုဆိုးတယ်. အကယ်၍သူသားခွေးတစ်ကောင်ဆိုရင် သူ့အဖေကိုထားအုံး သူ့ကိုပျိုးထောင်ပေးခဲ့တဲ့တစ်စုံ
တစ်ယောက်အပေါ်မှာ ကြင်နာမှုနဲ့ ကျေးဇူးတရားပြန်လည်ပေးဆပ်မှုကိုပြုလုပ်မှာပဲ..ဒီလိုလူစားမျိုးကိုခွေးနဲ့ ကျွန်မနှိုင်းမိတဲ့အတွက် ခွေးတွေအတွက် စိတ်မကောင်းဖြစ်မှုကို ကျွန်မခံစားရတယ်”
ရှောင်းယီ၏စကားအားနားထောင်ပြီးနောက် ရှစ်ဖုန့်ကသဘောတူသည့်အ
နေဖြင့်ခေါင်းညိမ့်လိုက်ပြီး အပြုံးတစ်ခုနှင့်ပြောလိုက်သည်။
“ဒီလိုလူစားမျိုးကခွေးတွေအတွက်တောင်မှ စက်ဆုပ်စရာကောင်းတယ်.. ဒါဆိုသူ့ကိုသတ်လိုက်ကြစို့”
ဆက်ရန်…………
ဘာသာပြန်သူ-ARISE