ပြတ်သားသောဆုံးဖြတ်ချက်
Vol. 1 Ch. 14
“ဖူချန်း။ နောက်သုံးရက်ဆိုရင် ဆေးပေါင်း တစ်ထောင်ရေကန်က ဖွင့်တော့မယ်။ အဖေက မင်းအတွက် ပြောပေးမယ်။ ညစာစားပြီးနောက်မှာတော့ လီရှန်းဟန်နဲ့ ရှန်းယုယန်တို့က သူတို့သားနဲ့ ဆွေးနွေးပွဲ လေးစလိုက်တယ်။ လီဖူချန်းက ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလိုက်တယ်”
“အဖေ။ ကျွန်တော်နဲ့ သက်ဆိုင်တဲ့ အရာဆိုရင် ကျွန်တော် မရရအောင် ယူလိုက်မယ်။ ဒါပေမဲ့ မဖြစ်နိုင်တဲ့ဟာ ဆိုရင်တော့ အရမ်းဖိအားပေးပြီး မလုပ်ချင်ဘူး”
လီရှန်းဟန်က ခေါင်းညိတ်ပြလိုက်တယ်။ သူ့သားရဲ့ တည်ငြိမ်မှုကို သူက ကျိတ်ပြီး ချီးကျူးလိုက်တယ်။ လီဖူချန်းက အစစအရာရာမှာ တော်တဲ့သူ တစ်ယောက် ဖြစ်တယ်။ သူ့ရဲ့ အရိုးတည်ဆောက်ပုံက လွဲလို့ပေါ့။ သူ့မှာ ကြယ်တစ်ပွင့်အဆင့် အရိုးတည်ဆောက်ပုံ ရှိရင် တောင်ဒီဆေးပေါင်းတစ်ထောင် ရေကန်ကို ဝင်ခွင့်ရမှာ အသေအချာပင်။ သာမန် အရိုးတည်ဆောက်ပုံနဲ့ ကြောင့်မို့ ဝင်ခွင့်ရဖို့က အရမ်းခက်ခဲသွားတာ။ စိတ်ပူနေတဲ့ ရှန်းယုယန်ကလည်း မှတ်ချက် ပေးလိုက်တယ်။
ဆေးပေါင်း တစ်ထောင် ရေကန်က အဓိက ကလန်ကြီးတွေမှာ ခြောက်ခု ရှိတယ်။ ပြီးတော့ မိုးပြာရောင် ဂိုဏ်းကို ဝင်ခွင့်ရတဲ့ ငါးယောက်က ဒီခြောက်ယောက်ထဲကပဲ ရွေးခံရတာလေ။ ဒါကြောင့် ဆေးပေါင်း တစ်ထောင်ကို ဝင်ခွင့်ရတဲ့သူက အရွေးခံရဖို့ အခွင့်အရေး ပိုများတယ်။
ယခုလက်ရှိ အချိန်မှာတော့ ထိပ်ဆုံးငါးယောက်ထဲ ပါဖို့ လီဖူချန်းက အခွင့်အလမ်း ရှိပေမဲ့ နောက်နှစ်လ ကြာရင် ဘာဖြစ်လာမလဲ ဆိုတာ ခန့်မှန်းလို့မရဘူးလေ။ ပြီးတော့ အဓိက ကလန်ကြီး လေးခုပြီးရင် တခြား ကလန်ငယ်လေးတွေက ရွက်ပုန်းသီးပါရမီရှင်တွေကလည်း ပါရမီရှင်ပြိုင်ပွဲကို လာကြမှာလေ။
***
သုံးရက်အကြာမှာတော့…
လီရှန်းဟန်က အကြီးအကဲတွေကို အဆိုပြုလိုက်တယ်။
“ကျွန်တော့်သားက သာမန်အရိုး တည်ဆောက်ပုံပဲ ရှိတာမှန်တယ်။ ဒါပေမဲ့သူ့ရဲ့ သိုင်းပညာအပေါ် ထိုးထွင်းသိမြင်နိုင်တဲ့ ပါရမီကို လူတိုင်းသိကြမှာပါ။ ယုံဝူးမြို့ တစ်မြို့လုံး အတိုင်းအတာနဲ့ ဆိုရင်တောင် အတော်ဆုံးထဲက တစ်ယောက်လို့ ဆိုနိုင်ပါတယ်။ တကယ်လို့ သူသာ ဆေးပေါင်းတစ်ထောင် ရေကန်ကို ဝင်ခွင့်ရခဲ့ရင် သူက ထိပ်ဆုံးသုံးယောက်ထဲကို ဝင်ဖို့ ပိုပြီး အခွင့်အလမ်း များသွားနိုင်တယ်”
အကြီးအကဲထဲက တစ်ယောက်က ခေါင်းညိတ်ပြီး အဆိုပြုချက်ကို ထောက်ခံလိုက်တယ်။
“လီဖူချန်းရဲ့ သိုင်းပညာအပေါ် သိမြင်နိုင်စွမ်းကတော့ ငြင်းလို့ မရတဲ့အချက်ပဲ။ သူက ဒီအချက်ကို ကောင်းဖန်နဲ့ ယန်ချီကို အနိုင်တိုက်ပြီး သက်သေပြခဲ့ပြီးပြီ။ ငါကတော့ လီဖူချန်းကို ဝင်ခွင့်ပြုဖို့ ထောက်ခံတယ်”
“ငါလည်းထောက်ခံတယ်”
အခြားအကြီးအကဲ တစ်ယောက်ကလည်း လီဖူချန်းဘက်က ရှိနေတယ်။ ဒီအကြီး အကဲနှစ်ယောက်က လီရှန်းကို ထောက်ခံတဲ့ အကြီးအကဲတွေ ဖြစ်တယ်။ အကြီးအကဲနှစ်ယောက်ရဲ့ စကားကို ကြားပြီးတော့ လီယွန်ဟိုင်ရဲ့ အဖေ လီတိုင်းရှန်က ထရယ်လိုက်တယ်။
“သာမန် အရိုးတည်ဆောက်ပုံက သာမန် အရိုးတည်ဆောက်ပုံပဲ။ မင်းမှာ အလားအလာ ဘယ်လောက်ရှိရှိ နောက်ပိုင်း ခက်ခဲတဲ့ နယ်ပယ်တွေကို ရောက်သွားခဲ့ရင် အဆင့်တက်ဖို့က အရမ်းကို ခက်ခဲနေမှာပဲ။
ငါ့သားကမှ မွေးရာပါ ကြယ်နှစ်ပွင့်အဆင့် အရိုးတည်ဆောက်ပုံနဲ့ မွေးလာတာ။ ဆေးပေါင်း တစ်ထာင်ရေကန်ကို ဝင်ဖို့အတွက် သူ့ကို ရွေးချယ်တာက အမှန်ကန်ဆုံး လုပ်ရပ်တစ်ခုပဲ။ အခုဒီမှာ ထိုင်နေတဲ့ အကြီးအကဲတွေက သာမန် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ကို အရင်းအမြစ်တွေ အားလုံး ပုံအောပြီး လောင်းကြေး မထပ်ဘူးဆိုတာ ငါယုံကြည်တယ်"
လီတိုင်းရှန်ရဲ့ စကားတွေက အကြီးအကဲတွေကို ဒွိဟဖြစ်သွားစေတယ်။ ကြယ်နှစ်ပွင့် အဆင့်ရှိတဲ့ အရိုးတည်ဆောက်ပုံ ပိုင်ရှင်ကို ကျော်ပြီး သာမန် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ကို ရွေးဖို့ဆိုတာ အရမ်း စွန့်စားရာ ကျလွန်းနေတယ်လေ။ တကယ်လို့ လီဖူချန်းကသာ အနာဂတ်မှာ မတိုးတက်လာဘူးဆိုရင် နှစ်နှစ်စာ အရင်းအမြစ်တွေက အလဟဿ ဖြစ်သွားမှာလေ။ လီယွန်ဟိုင်ကျတော့ မတူဘူး။ သူက အနာဂတ်မှာ ထင်ထားသလောက် မတိုးတက်ခဲ့ရင်တောင် တိကျသေချာတဲ့ အဖြေတစ်ခုကတော့ ထွက်လာမှာပဲ။ ဘာလို့လဲဆိုတော့ သူ့အရိုးတည်ဆောက်ပုံက ကြယ်နှစ်ပွင့် အဆင့်လေ။
“ငါလက်မခံဘူး”
လီရှန်းဟန်ကငြင်းလိုက်တယ်။ ငါတို့လီကလန်က အမြဲတမ်း သေချာတဲ့ နည်းလမ်းကို ယုံလာလို့ ဒီလိုနိမ့်ကျလာတာ တစ်ခါတလေမှာ ငါတို့ စွန့်စားဖို့လိုအပ်တယ်။ အရိုးတည်ဆောက်ပုံက အရာရာကို ကိုယ်စား ပြုနေတာမှ မဟုတ်တာ။ ဒီကမ္ဘာပေါ်မှာ သာမန် အရိုးတည်ဆောက်ပုံနဲ့ လူတွေက အလားအလာ မရှိရတော့ ဘူးလား။ ငါတော့ဒီလိုမထင်ဘူး။ ယုံဝူးမြိုနဲ့ မိုင်သုံးထောင်အကွာက ချိုယန်းမြို့ရဲ့ မြို့စားမင်းကိုပဲ ကြည့်လေ။ သူလည်း သာမန် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ပဲ။
အခုတော့ ကြယ်သုံးပွင့် ရှိတဲ့ ငါတို့ ယုံဝူမြို့စားထက် အများကြီး အစွမ်း ထက်နေပြီလေ။ ငါ့အမြင်မှာတော့ လီကလန်ရဲ့ အတော်ဆုံးလူကသာ ဆေးပေါင်းတစ်ထောင် ရေကန်ကို ဝင်ခွင့်ရလိမ့်မယ်လို့ ထင်တယ်။ မဟုတ်လို့ရှိရင် မိုးပြာရောင်ဂိုဏ်းက ဘာလို့ တပည့်ရွေးချယ်ပွဲတွေ လုပ်နေတော့မှာလဲ။ အရိုးတည်ဆောက်ပုံ ကောင်းတဲ့သူတွေကိုပဲ ရွေးခေါ်သွားတော့မှာပေါ့။ အစည်းအဝေးခန်းမဟာ လုံးဝ တိတ်ဆိတ်သွားတယ်။ လီရှန်းဟန်ရဲ့ စကားတွေက အကြီးအကဲအားလုံးကို တွေးစရာဖြစ်စေတယ်လေ။ လီတိုင်းရှန်က သူသာ တစ်ခုခု မပြောရင် သူ့ဘက်က ရှုံးတော့မယ်ဆိုတာသဘောပေါက်တယ်။
“လီကလန် နိမ့်ကျလာတာက ငါတို့ရဲ့ ဆုံးဖြတ်မှုတွေကြောင့် မယုတ်ဘူး။ ဒီနောက်ပိုင်းနှစ်တွေမှာ ငါတို့ လီကလန်မှာ အရိုးတည်ဆာက်မှု ကောင်းတဲ့ မျိုးဆက်သစ်တွေ မပေါ်ထွန်းလာလို့ပဲ။ အခုချိန်မှာတော့ အရင်လို မဟုတ်တော့ဘူး။ လီယွန်ဟိုင်ဆိုတဲ့ ကြယ်နှစ်ပွင့်အဆင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ရှိလာခဲ့ပြီ။ လီကလန်မှာ ဒီလို အရိုးတည်ဆောက်ပုံ မရှိတာ ဆယ်နှစ်ကျော်ကြာခဲ့ပြီ။ ဒါကြောင့် ဒီတစ်ခါ အခွင့်အရေးကို သူများကိုပေးလိုက်ရင် လီကလန်က ပြန်လည်ဦးမော့လာနိုင်တော့မှာ မဟုတ်ဘူး"
အစည်းအဝေးခန်းမက တစ်ဖန် ပြန်တိတ်ဆိတ်သွားပြီး အကြီးအကဲတွေက ခေါင်းချင်းဆိုင် တိုင်ပင်နေကြတယ်။
“အဖေ။ အကြီးအကဲတို့။ လီကလန်သားတွေ နောင်တမရအောင် ဝင်ခွင့်ကို လီယွန်ဟိုင်ကိုလည်း ပေးလိုက်ဖို့ ကျွန်တော် ထောက်ခံပါတယ်”
လီဖူချန်းရဲ့ အသံက တစ်ခန်းလုံးကို ဟိန်းထွက်သွားတယ်။
“ဖူချန်း”
လီရှန်းဟန်က လီဖူချန်းကို စိုက်ကြည့်ပြီး တုန်လှုပ်သွားတယ်။ သူက ယုံကြည်မှု အရမ်းမရှိပေမဲ့လည်း အကြီးအကဲတွေထဲက တော်တော်များများက သူ့ဘက်မှာ ရှိနေတာလေ။ လီရှန်းဟန်က မယုံကြည်နိုင်ခြင်း၊ ဒေါသထွက်ခြင်းတွေနဲ့ လီဖူချန်းကို ကြည့်နေတုန်းမှာပဲ လီဖူချန်းက အပြင်ကို ထွက်ခွာသွားတယ်။
လီယွန်ဟိုင်ကလည်း ဖူချန်းကို ကြည့်နေရင်းစိတ်ထဲက ဒီကောင် ရူးသွားတာလားလို့ တွေးနေမိတယ်။
အမှန်ဆိုရင် သူက အရမ်းကို ရင်ခုန်နေခဲ့တာ။ သူ့ဘက်မှာ အကြီးအကဲတချို့က ရှိနေပေမဲ့ လီဖူချန်းဘက် မှာလည်း ထောက်ခံတဲ့ အကြီးအကဲတွေက မနည်းဘူးလေ။ ဒါပေမဲ့ လီဖူချန်းက သူ့ကို ထောက်ခံပေးသွားတဲ့ အတွက် အကြီးအကဲတွေ ကလည်း လီဖူချန်းအပေါ် အမြင်ပြောင်းသွားကျပြီ။
လီယွန်ဟိုင်ဘေးနားမှာ ထိုင်နေတဲ့လီယွန်ဟီက
“အစ်ကိုကြီး။ ဒီကောင် ရူးများရူးသွားတာလား။ ဒီကောင့်ဆီမှာ စိတ်ကောင်းရှိတဲ့ပုံတော့ လုံးဝ မပေါ်ဘူးနော်"
“ဖူချန်း။ အဖေ့ကို အကြောင်းပြချက်ပေးစမ်း"
လီရှန်းဟန်က အခန်းထဲက ထွက်ခွာစပြုနေတဲ့ လီဖူချန်းကို အော်ပြောလိုက်တယ်။
လီဖူရှန်းကလည်း ရှင်းပြလိုက်တယ်။
“ဒီလိုပါအဖေ။ ပထမဆုံးအနေနဲ့ လီယွန်ဟိုင်ရဲ့ အရိုး တည်ဆောက်မှုက ကျွန်တော့်ထက်တကယ်ပဲ ကောင်းနေလို့ပါ။ လီကလန်က ကျွန်တော့်အတွက် စွန့်စားရမယ် ဆိုတာကို ကျွန်တော် မလိုချင်ဘူး။
ဒုတိယ အနေနဲ့ကတော့ ပါရမီရှင်ပြိုင်ပွဲမှာ ထိပ်ဆုံး ငါးယောက် အတွင်းဝင်ဖို့ ဆိုတာ ကျွန်တော့်အတွက် အရမ်းကို လွယ်ကူလွန်းလို့ပါ”
တကယ်တော့ လီဖူချန်း အခုလိုလုပ်ရတာက သူ့အဖေရဲ့ ကောင်းကျိုး အတွက် ဖြစ်တယ်။ သူ့ကြောင့်မလို့ သူ့အဖ ကလန်ထဲမှာ ရန်များရတာကို သူမကြိုက်ဘူးလေ။ လူတစ်ယောက်ရဲ့ အလားအလာဆိုတာ တစ်နှစ် နှစ်နှစ်လောက်နဲ့ သတိပြုမိလောက်အောင် စွမ်းဆောင်နိုင်တဲ့ အရာမှ မဟုတ်တာ။ တကယ်လို့ သူသာ ဆေးပေါင်း တစ်ထောင် ရေကန်ကို ဝင်ခဲ့မိရင် သူ့အဖေက ပိုလို့တောင် ဖိအားများလာဦးမှာ။
"ကောင်းတယ်။ မင်းက အမြော်အမြင် ကြီးမားပါပေတယ်။ ဒါမှ ငါတို့လီကလန်သားကွ”
အကြီးအကဲတစ်ယောက်က လီဖူချန်းကို ချီးကျူးလိုက်တယ်။
“ဝိုး အစ်ကိုကြီးဖူချန်း ကအရမ်းမိုက်တာပဲ"
ဒီဆွေးနွေးပွဲကို တက်လာတဲ့အထဲမှာ ပါနေတဲ့ လီရှောင်ထန်က လီဖူချန်းကို လေးစားအားကျတဲ့ အကြည့်တွေနဲ့ ကြည့်ရင်း ပြောလိုက်တယ်။ သူမက လီဖူချန်းရဲ့ ဝမ်းကွဲညီမ ဖြစ်ပေမဲ့ သေချာ စစ်ကြည့်ရင်တော့ သွေးဝေးလွန်းတယ်လေ။ ဒါကြောင့် သူမ အနေနဲ့ လီဖူချန်းကို တိတ်တခိုး စိတ်ဝင်စားလို့ ရတယ်။
“ဟုတ်ပြီ။ အကြီးအကဲတွေ အားလုံး ဆုံးဖြတ်ချက်ကတော့ ဒီနှစ် ဆေးပေါင်း တစ်ထောင် ရေကန်ကို ဝင်ခွင့်ရသူကတော့ လီယွန်ဟိုင်ပဲ ဖြစ်တယ်။ လီရှန်းဟန်က သူ့သားကို သေသေချာချာ စိုက်ကြည့်လိုက်တယ်။
သူ့သားရဲ့ မျက်လုံးထဲမှာတော့ အကြောက်အရွံ့ ကင်းမှု၊ အမြော်အမြင်ကြီးမှုနဲ့ ယုံကြည်မှုတွေ ရှိနေတာကို မြင်လိုက်ရတယ်။
ထို့နောက်မှာတော့ လီဟွန်ဟိုင်က ဆေးပေါင်းတစ်ထောင် ရေကန်ထဲကိုဝင်သွားခဲ့ပြီ။ လီဖူချန်းကလည်း နှစ်ရက်ခြား တစ်ခါ သုံးရက်ခြားတစ်ခါ မြူခိုးတောင်ပေါ်ကို သွားနေတုန်းပဲ။
ပါရမီရှင်ပြိုင်ပွဲ ကျင်းပဖို့ နီးလာသည်နှင့် အမျှ ယုံဝူးမြို့တစ်မြို့လုံး လူငယ်တွေကလည်း အသည်းအသန် လေ့ကျင့် ပို၍ လေ့ကျင့်နေကြတယ်။ ပုံမှန်ဆိုရင် လီဖူချန်းက မြို့ထဲကို သွားတဲ့အခါ လီကလန်က လူငယ် တစ်ယောက် နှစ်ယောက်လောက် ကိုတော့ အမြဲတွေ့စမြဲ ဖြစ်တယ်။ အခုတော့ မြို့ထဲမှာ လူငယ်ဆိုလို့ လီဖူချန်း တစ်ယောက်ပဲ လမ်းပေါ်မှာ ရှိတော့တယ်။ ကြည့်ရတာ အကြီးအကဲတွေက သူတို့တပည့် သားမြေးတွေကို ပြိုင်ပွဲမတိုင်မီအထိ လေ့ကျင့်ရာမှ ထွက်ခွာခွင့် မပေးထားသည့်ပုံပင်။
***
စာစဉ်(၁)ပြီးပါပြီ
ဆက်ပါဦးမည်။
***