ကျောက်စိမ်းနီ ကျင့်စဉ် ဆဌမ အဆင့်
Vol. 2 Ch. 15
လီဖူချန်း တမင်တကာ လိုက်မေးနေစရာ တောင်မလိုပဲ တစ်ခြား ကလန်တွေက ဆေးပေါင်း တစ်ထောင်ရေကန်ထဲကို ဝင်ခွင့် ရခဲ့တဲ့သူတွေ အကြောင်းကို ကြားခဲ့ရတယ်။
ကောင်းကလန်က ကောင်းဖန်။ယန်ကလန် နဲ့ ရှန်းတုကလန်ကတော့ ရေကန် နှစ်ခုစီ ရှိတာ ဖြစ်တယ်။ ဒါကြောင့် ယန်ကလန်က ယန်ခိုင် နဲ့ တစ်ခြား ပါရမီရှင် ဖြစ်တဲ့ ယန်ဟို။
ရှန်းတုကလန်က ရှန်းတုကျူး နဲ့ ရှန်းယုလျှန်တို့က ဝင်ခွင့် ရခဲ့ကြတယ်။
ဆေးပေါင်းတစ်ထောင် ရေကန် ရဲ့ အစွမ်းအာနိသင်က အဆင့်နိမ့် လျို့ဝှက်နက်နဲသော အမျိုးအစားထဲက ဆေးပင် နီးပါးမျှ ရှိသည်။ယုံဝူး မြို့တစ်မြို့လုံးမှာ ရှာကြည့်ရင်တောင် အဝါရောင် အမျိုးအစား ထိပ်တန်းဆေးပင်တွေကို ရှာရ ခက်ခဲလွန်းတယ်။လျှို့ဝှက် နက်နဲတဲ့ အမျိုးအစား အဆင့်နိမ့်ထဲကဆိုရင် ပြောမနေနဲ့တော့။ဒါကြောင့်မို့ အဓိကကလန်ကြီးတွေက အဆင့်နိမ့် ဆေးဝါး အများကြီးကို ရင်းနှီးပြီးမှ လျှို့ဝှက်နက်နဲသောအဆင့် ဆေးအာနိသင်ရအောင် ကြိုးစားခဲ့ကြတာ ဖြစ်တယ်။
ပုံမှန်အားဖြင့် လျှို့ဝှက်နက်နဲသော အမျိုးအစားထဲက အဆင့်နိမ့်ဆေးပင် တစ်ပင်ဟာ ရွှေသား တစ်သောင်းနဲ့နှစ်သောင်း ကြားမှာပဲရှိတာ ဖြစ်တယ်။
ဆေးပေါင်း တစ်ထောင် ရေကန်အတွက် တော့ နှစ်နှစ်တစ်ခါ ရွှေသား သုံးသောင်းနဲ့ လေးသောင်းကြားရင်းနှီးနေရတာဖြစ်တယ်။
" ဒီတစ်ခေါက် ဆေးရည်ကန်ကို ဝင်သွားတဲ့ သူတွေထဲမှာတော့ တိုးတက်မှု အများဆုံး ဖြစ်မဲ့သူ့ က ယန်ခိုင်ပဲ ဖြစ်ရမယ်။
ဆေးရည်ကန်မှာ စိမ်ရင် ကီလိုဂရမ် တစ်ထောင်ကို မနိုင်မယ် ဆိုတာခန့်မှန်းခြေ တွက်ချက်မှု ဖြစ်တယ်။ အကျိုးသက်ရောက်မှုက တစ်ယောက်နဲ့ တစ်ယောက် ကွာခြားတာ ဖြစ်တယ်။ တစ်ချို့က ကီလို ဂရမ် ၇၀၀ နဲ့ ၈၀၀ ကြား ခွန်အား ကိုရရှိပြီး။ တစ်ချို့ကတော့ ကီလိုဂရမ် ၅၀၀ နဲ့ ၆၀၀ကြား ရရှိကြတယ်။ ၁၀၀၀ ကီလိုဂရမ် ခွန်အားရရှိဖို့ ဆိုရင်တော့ အရမ်းကောင်းမွန်တဲ့ အရိုး တည်ဆောက်ပုံကို ပိုင်ဆိုင်ထားရမှာ ဖြစ်တယ်။ ကောင်းရှု ကလွဲပြီး ဒီလို ဖြစ်နိုင်တဲ့သူက ကြယ်၃ လုံးအဆင့်ရှိတဲ့ အရိုးတည်ဆောက်ပုံ ပိုင်ထားတဲ့ ယန်ခိုင်ပဲ ရှိတယ်လေ။
" ငါ့ ရဲ့ ခွန်အားက ကီလိုဂရမ် ၃၀၀ နဲ့၄၀၀ ကြား ရှိတယ်ဆိုတော့ ငါသူတို့ကို သိပ်ပြီး ပြတ်ကျန်ခဲ့မှာ မဟုတ်ပါဘူးလေ။
လီဖူချန်းက သူ့ရဲ့ ခွန်အားကို အစောပိုင်းကတည်းက စမ်းကြည့်ပြီးခဲ့ပြီ။ သူက ကီလိုဂရမ်၃၀၀ လောက်လေးတဲ့ အရာကို သက်သက်သာသာနဲ့ပဲ မနိုင်ခဲ့တယ်။လူသားနယ်ပယ် အဆင့်မှာတော့ ဒါဟာ သာမန် ဆိုတာထက် အများကြီး ပိုကောင်းမွန်နေတာ ဖြစ်တယ်။
သူက ကျောက်စိမ်းနှလူံးသား အပင်ကို မစားခင်ကတော့ ဒီလို ခွန်အားမျိုးကို သူမပိုင်သေးဘူး။ ဒါပေမဲ့ ဆေးပင်ရဲ့ အစွမ်းကို ကောင်းကောင်း စုပ်ယူပြီးတဲ့ နောက်မှာတော့ သူ့အရိုး သိပ်သည်းဆတွေက ပိုပြီး များလာတယ်။
" ငါ့မှာ ခန္ဓာကိုယ် သန့်စင်အောင် လုပ်ပေးနိုင်တဲ့ နည်းစနစ်ရှိရင် ကောင်းမှာပဲ"
လီဖူချန်းက သူ့ကိုယ်သူ တွေးမိတယ်။ခန္ဓာကိုယ် သန့်စင်အောင် လုပ်ပေးတဲ့ နည်းစနစ်တွေက ဂိုဏ်းကြီးတွေမှာတောင် လုံလုံလောက်လောက် ရှိတာ မဟုတ်ဘူးလေ။
လီဖူချန်းတို့လို ကလန်လေးတွေမှာ ဆိုရင်တော့ လုံးဝမဖြစ်နိုင်တဲ့ အရာပဲ။
***
ညက တစ်ဖြည်းဖြည်း နက်သထက်နက်လာချေပြီ။ကောင်းကင်ယံ မှာကလည်း လလေး တစ်ခြမ်းပဲ့က ချိတ်ဆွဲလျက် ရှိနေသည်။သူ့ရဲ့ အိပ်ခန်းထဲမှာတော့ လီဖူချန်းက ကျောက်စိမ်းနီ နည်းစနစ်ကို အပြန်ပြန် အလှန်လှန် လေ့ကျင့် နေလေသည်။
ကျောက်စိမ်းနီ နည်းစနစ်က ရဲရဲတောက်နေတဲ့ နေလုံးကြီး ကဲ့သို့ပူသော အပူစွမ်းအားကို အခြေခံသော နည်းစနစ်ဖြစ်သည်။ ဒီ နည်းစနစ်ကနေရတဲ့ အတွင်းအားတွေက လူတစ်ယောက်ရဲ့ အတွင်းထဲမှာ ရှိနေတဲ့ မသန့်စင်တဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးတယ်။
အပူရှိန်တွေ မြင့်သထက် မြင့်လာသည်နှင့်အမျှ လီဖူချန်းရဲ့ နဖူးပေါ်မှာအဖြုရောင် နှင်းစက် အမှတ်အသားလေးက ပေါ်လာသည်။ ဒဏ္ဍာရီတွေ အရဆိုရင်တော့ လူတစ်ယောက်က သူတို့ လေ့ကျင့်နေတဲ့ ပညာရပ်ကို ပြောင်မြောက် ကျွမ်းကျင်စွာ လေ့ကျင့်နိုင်ခဲ့ပြီဆိုရင် သူတို့ လေ့ကျင့်တဲ့ နည်းစနစ်အလိုက် ပုံရိပ်တွေက သူတို့ရဲ့ ခေါင်းအထက်မှာ ပေါ်လာနိုင်တယ်တဲ့။
ဥပမာ နေလုံးကြီး ပုံရိပ်တို့၊ စီးဆင်းနေတဲ့ မြစ်တစ်စင်းတို့၊ မီးတောက်ပုံတို့၊ နောက်ဆုံး သားရဲမိစ္ဆာ ပုံတွေတောင် ပေါ်လာနိုင်တယ်။ကျောက်စိမ်းနီ နည်းစနစ်ရဲ့ သတ္တမမြောက် အဆင့်ကို လေ့ကျင့်နိုင်ရင်တော့ လီဖူချန်းရဲ့ ဦးခေါင်းထက်မှာ အနီဖျော့ဖျော့ နှင်းထု ပုံရိပ် ဖြစ်ပေါ်လာမှာ ဖြစ်တယ်။ကျင့်ကြံခြင်း အဆင့် ပိုနက်နဲလာတာနဲ့အမျှ နှင်းထုတွေက ပိုပြီးအုံ့ဆိုင်းလာမှာဖြစ်တယ်။
သူ့အဖေ လီရှန်းဟန် ဒီကျောက်စိမ်းနီ နည်းစနစ်ကို လေ့ကျင့်တုန်းကတော့ အနီဖျော့ဖျော့ နှင်းထု ပေါ်လာတဲ့အထိပဲ လေ့ကျင့်နိုင်ခဲ့တယ်။
လီဖူချန်းရဲ့ အသားအရေ က တစ်ဖြည်းဖြည်းနဲ့ နီမြန်းလာတယ်။
အချိန် ဘယ်လောက်ကြာမှန်း မသိတဲ့အထိ ကြာပြီးတဲ့ နောက်မှာတော့
လီဖူချန်းရဲ့ စိတ်ထဲမှာ "ဘုန်း" ဆိုတဲ့ အသံတစ်ခု ကြားလိုက်ရပြီး နောက်မှာတော့ အနီရောင် သွေးစီးကြောင်း တစ်ခုဟာ သူ့ရဲ့ ဝမ်းဗိုက်အောက်ပိုင်းကနေ တဖြည်းဖြည်း ဆန်တက်လာခဲ့တယ်။ သူ့ရဲ့ နှဖူးမှာပေါ်နေတဲ့ အဖြူရောင် နှင်းထုကလည်း ပိုပြီး ထူထပ်လာတယ်။ မီးလျှံ တစ်ခုလို အပူတွေက သူ့ တစ်ကိုယ်လုံး အနှံ့ကနေ ထွက်ပေါ်နေတယ်။အဲဒါက အခန်းအတွင်းက အပူချိန်ကိုတောင် အမြင့်ဆုံးအထိ ပြောင်းလဲသွားစေတယ်။
တစ်ချိန်တည်းမှာပဲ ကောင်းကင်နဲ့မြေကြီးက စွမ်းအင်တွေက လီဖူချန်းရဲ့ စွမ်းအင်ပင်လယ်ထဲ တစ်ရှိန်ထိုး စီးဝင်လာတယ်။ဒီလို စုပ်ယူနိုင်စွမ်းတွေက လီဖူချန်းဘဝမှာ တစ်ခါမှမဖြစ်ဖူးဘူး။ လီဖူချန်းက သူ့မျက်လွှာကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တယ်။
" နောက်ဆုံးတော့ ဆဌမ အဆင့်ကိုရောက်ခဲ့ပြီ"
သူ ပဉ္စမ အဆင့်ကို ရောက်တုန်းကတော့ အဓိက သွေးကြောမကြီး ငါးခု ပွင့် ခဲ့တယ်။
အခုဆဌမအဆင့်ကို ရောက်တဲ့အခါမှာတော့ နောက်ထပ်သွေးကြောမကြီး ခုနစ်ခု ထပ်ပွင့် သွားပြန်တယ်။
အခုထပ်ပွင့်သွားတဲ့ သွေးကြောမကြီး ခုနစ်ခုနဲ့ဆိုရင် သူ့ရဲ့ စွမ်းအင်တွေကို စုပ်ယူနိင်စွမ်းက အတော်လေး ပိုမြန်ဆန်လာမှာ ဖြစ်တယ်။
လီဖူချန်းက နောက်နှစ်လ သုံးလလောက် ဆိုရင်ပဲ လူသားနယ်ပယ် အဆင့်ခြောက်ကို ရောက်နိုင်မယ်လို့ ခန့်မှန်းလိုက်တယ်။
သူ့ရဲ့ နည်းစနစ် တိုးတက်လာတဲ့ အတွက် ကျင့်ကြံခြင်းမှာ သာမက သူ့အတွင်းအားကလည်း ပိုပြီး ပေါက်ကွဲအားနှုန်း ကောင်းလာတယ်။
လီဖူချန်း က ခြံဝန်းထဲကို ဆင်းလိုက်ပြီး လက်သီးအရွယ် ကျောက်တုံးလေးတစ်တုံးကို ကောက်ပြီး လက်နဲ့ညစ်ချေ ကြည့်လိုက်တယ်။
ကျောက်တုံးက အမှုန့် ဖြစ်သွားပြီး လက်ချောင်းကြားကနေ အမှုန်တွေက ထွက်လာတယ်။
" ငါ့ အတွင်းအားကလည်း တော်တော်ကောင်းလာပြီပဲ။
" အဝါရောင်အဆင့် အဆင့်မြင့် ဓားသိုင်းကို လေ့ကျင်ဖို့ အချိန်ကျပြီပဲ"
လီကလန် တစ်ခုလုံးမှာတော့ အဝါရောင်အဆင့်မြင့် သိုင်းကျမ်းက သုံးအုပ်ပဲ ရှိတာဖြစ်သည်။ အဲထဲက နှစ်အုပ်က ဓားသိုင်းကျမ်းဖြစ်ပြီး ကျန်တစ်အုပ်ကတော့ လက်ဝါးသိုင်းကျမ်း ဖြစ်တယ်။
အဲတာတွေကတော့ ကျောက်စိမ်းနီဓားသိုင်း၊ ကောင်းကင်ရစ်ပတ် ဓားသိုင်းနဲ့ ကျောက်စိမ်းနီ လက်ဝါးသိုင်းတို့ပဲဖြစ်တယ်။
အဆင့်မြင့် သိုင်းကျမ်းတွေက အတွင်းအား အမြောက်အမြား လိုအပ်တယ်။ လီဖူချန်းရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် အဆင်မြင့် သိုင်းကျမ်းတွေက မသင့်တော်သေးဘူး။ ဒါပေမဲ့ လည်း လီဖူချန်းက စမ်းကြည့်ချင် နေသေးတယ်။အဆင့် မြင့် ဓားသိုင်း တစ်ဝက်လောက် လေ့ကျင့်နိုင် ခဲ့ရင်တောင် ဒါက သူ့ရဲ့ ဝှက်ဖဲ ဖြစ်လာနိုင်တယ်လေ။
လီဖူချန်းက သူ့ရဲ့ ရွှေရောင် အဆောင်လက်ဖွဲ့နဲ့ စိတ်ဝိညာဉ် ကိုလည်း စစ်ဆေး ကြည့်လိုက်သေးတယ်။ သူ့ရဲ့ စိတ်ဝိညာဉ် အစိမ်းဖျော့ဖျော့ကနေ ရင့်သထက် ရင့်လာချေပြီ။
***
ဒီလိုနဲ့ တစ်ညတာ ကုန်ဆုံးသွားခဲ့ပြီး အရုဏ် မနက်ခင်းသို့ ရောက်လာပေပြီ။
သိုင်းကျမ်းစာကြည့်တိုက်တွင် -
" ဘာ မင်းက ကျောက်စိမ်းနီ ဓားသိုင်းကို လေ့ကျင့်ဖို့ ရွေးထားတယ်"
အကြီးအကဲ လီဒါရှင်းက အံ့သြစွာ မေးလိုက်တယ်။
" ဟုတ်ကဲ့"
လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။
လီဒါရှင်းက- - -
" အဝါရောင် အဆင့်မြင့် ဓားသိုင်းကို ကျင့်မယ်ဆိုရင် အနည်းဆုံး လူသားနယ်ပယ် အဆင့် ခုနစ်ကို ရောက်နေရမယ်။ မင်းရဲ့ ထိုးထွင်း သိမြင်နိုင်မှုက ဘယ်လောက်ပဲ မြင့်နေပါစေ။ အဆင့်မြင့် ဓားသိုင်းကို ကျင့်ဖို့ဆို အချိန်ဖြုန်းနေတာ သက်သက်ပဲ ဖြစ်လာလိမ့်မယ်။
" ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ပါရမီရှင်ပြိုင်ပွဲက ရောက်တော့မယ်လေ။ကျွန်တော်က ဒီကျမ်းကနေ ပညာရစရာများ ရှိမလားလို့ လေ့လာချင်လို့ပါ။ "
လီဒါရှင်းက
" ဒီလို ဆိုတော့လည်း ငါမတားတော့ပါဘူး။ မင်း အောင်မြင်ပါစေလို့ ငါ ဆုတောင်းပေးလိုက်ပါတယ်။"
လီဖူချန်းက အကြီးအကဲကို နှုတ်ဆက်ရင်း ကျောက်စိမ်းနီ ဓားသိုင်းကို ယူဆောင်ကာ သူ့အိပ်ခန်းဆီသို့ ပြန်လာခဲ့တယ်။
လမ်းတစ်ဝက်မှာတော့ လီဖူချန်းက လေ့ကျင့်ရေး ကွင်းဆီက ဆူညံဆူညံ အသံတွေကို ကြားလိုက်ရတယ်။
" မယုံနိုင်စရာပဲဟေ့။ လီယွန်ဟိုင်က ကီလိုဂရမ်၇၅၀ လေးတဲ့ အလေးကိုတောင် မနိုင်တယ်။
ဒါက ငါ့ရဲ့ ခွန်အားထက် သုံးဆလောက်ကို သာနေတာကွ"
" ဒီလိုပုံ နဲ့ ဆိုရင်တော့ သူက ငါတို့ကို အတွင်းအား မသုံးပဲနဲ့ တောင် အနိုင်ယူနိင်လောက်တယ်။ "
" လီယွန်ဟိုင်က ဆေးရည်ကန်ထဲက ထွက်လာပြီလားဟ"
လီဖူချန်း လေ့ကျင့်ရေးကွင်းဆီက လာတဲ့ စကားသံတွေအရ လီယွန်ဟိုင်က ဆေးပေါင်းတစ်ထောင် ဆေးရည်ကန်က ထွက်လာပြီ ဆိုတာကို သိလိုက်တယ်။
***