← Chapters

ကြက်သွေးရောင် နှင်းဆေးလုံး

Vol. 2 Ch. 16

ကြက်သွေးရောင် နှင်းဆေးလုံး

Vol. 2 Ch. 16

လေ့ကျင့်ရေး ကွင်းပြင်ထဲမှာတော့ လီယွန်ဟိုင်က အင်္ကျီဗလာကျင်းနဲ့ မတ်တပ်ရပ်နေပြီး သူ့ရဲ့ လက်နှစ်ဖက်ကတော့ ကျောက်တုံးကြီး တစ်တုံးကို သာသာယာယာ ကိုင်မြှောက်ထားတယ်။ သူ့ ကြွက်သားတွေကတော့ အမြှောင်းမြှောင်း ထနေပြီး ကြည့်ရတာ ကျောက်တုံးထက်တောင် ပို မာနေသလိုပင်။

" ဝုန်း"

ကျောက်တုံးကြီးကို အောက်သို့ပြန်ချ လိုက်ပြီးနောက် လီယွန်ဟိုင် လုံးဝ စိတ်ဓာတ်တွေ တက်ကြွနေသလို ခံစားနေရတယ်။

အစတုန်းကတော့ သူရဲ့ ခန္ဓာကိုယ် ပြင်ပအားက တစ်ခြားသူတွေလိုပဲ ၂၀၀ ကီလိုဂရမ် နီးပါးမှာပဲ ရှိတာလေ။ အခုတော့ ၇၅၀ ကီလိုဂရမ် လောက်ရှိသွားပြီ။ ဒါက အဆင့်တစ် အလယ်အလတ် မိစ္ဆာသားရဲ တွေရဲ့ အားနဲ့ ညီမျှတယ်လေ။

" လီဖူချန်းဆိုတဲ့ ကောင်က တစ်ကယ့်အရူးပဲ။ ဒီလို အခွင့်အရေးကို မယူပဲ ငါ့ကိုပေးပြီး တစ်ကိုယ်ကောင်း မဆန်ဘူး ဆိုတာကို ပြချင်သေးတယ်။ ကျင့်ကြံခြင်း လမ်းစဉ်မှာ ရတဲ့ အခွင့်အရေးကို မယူပဲ တစ်ခြားသူများကို ပေးတယ်ဆိုတာ ဘယ်လောက် နုံအတဲ့ လုပ်ရပ်လည်း။

အရင်တုန်းကတော့ ငါသူ့ကို နိုင်ဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး အခုတော့ ဒီကောင်ကို စာရင်းထဲတောင် ထည့်ထားဖို့ မလို့တော့ဘူးကွ" '

သူ့ရဲ့ ခွန်အားအသစ်နဲ့ လူသား နယ်ပယ် အဆင့်ခြောက်က စွမ်းအားတွေကို ပေါင်းလိုက်ရင် သူ့ကို ယှဉ်နိုင်မဲ့ သူက မရှိသလောက်ပဲလေ။

" ကြည့်စမ်း ။လီဖူချန်းလည်း ဒီမှာ ရောက်နေတယ်ဟေ့"

လီဖူချန်းက ပြန်လှည့်ထွက်မယ် အလုပ်မှာ လူအုပ်ကြီးက သူ့ကို သတိပြုမိသွားတယ်။

" လီဖူချန်း။ ခဏ ရပ်ဦး"

လီယွန်ဟိုင်က လှမ်းခေါ်လိုက်တယ်။

လီဖူချန်းက ရပ်လိုက်ပြီး လီယွန်ဟိုင်ကို လှည့်ပြောလိုက်တယ်။

" ဂုဏ်ပြုပါတယ်"

ပြောပြီးတာနဲ့ လီဖူချန်းက ဆက်လျှောက် သွားလိုက်တယ်။

လီယွန်ဟိုင်က အရင်ကထက် ပိုသန်မာလာပြီ ဖြစ်သည့်အတွက် လီဖူချန်းကို ပညာပေးချင်နေတယ်။

"ကျေးဇူးပဲ။ငါ အခု ပြန်ထွက်လာပြီ ဆိုတော့ လက်ရည်စမ်းဖို့ လေ့ကျင့်ဖော် တစ်ယောက် လိုနေတယ်ကွ  မင်းလည်းသိတာပဲ။

လီကလန် တစ်ခုလုံးမှာငါတိုက်ခိုက်တာကို ခံနိုင်တာဆိုလို့ မင်းပဲ ရှိတာလေ။"

" ကျေးဇူးပဲ။

မင်း ငါ့ကို ချီးကျူးတယ်လို့ပဲ သဘောထားလိုက်ပါ့မယ်။ ဒါပေမဲ့ ပါရမီရှင် ပြိုင်ပွဲက မကြာခင် စတော့မှာလေ။ အဲအချိန် ရောက်ရင် တိုက်ခိုက်ရမဲ့ အခွင့်အလမ်း ကြုံလာမှာပါ "

လို့  လီဖူချန်းက ငြင်းလိုက်တယ်။

လီယွန်ဟိုင်က အတော်လေး တိုးတက် လာပေမဲ့လည်း လီဖူချန်းက သူ့ကိုယ်သူ ပိုပြီး ယုံကြည်တယ်လေ။ပြင်ပ ခွန်အားဆိုတာ သူ့အတွက် တော့ဘာမှ စာဖွဲ့စရာ မရှိတဲ့ အရာလေး တစ်ခုပဲ။ ပြီးတော့ သူ့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို လီဟွန်ဟိုင်နဲ့ လက်ရည်စမ်းရင်း အချိန်ဖြုန်းဖို့ သူ စိတ်မပါဘူးလေ။

သူ့မှာ လေ့ကျင့်စရာ ဓားသိုင်း ရှိနေသေးတယ်။

လီယွန်ဟိုင်က မင်း ငါ့ကို ကြောက်နေတယ် ဆိုတာ ငါသိပါတယ် ဆိုတဲ့ အပြုံးမျိုး နဲ့ ပြုံးလိုက်ပြီး တွေးလိုက်တယ်။

"ကြည့်ရတာ ဒီကောင်က ငါ့ကို အတော်ကြောက်နေပုံ ရတယ်။

ငါ သူ့ကို အတင်းဖိအားပေးပြီး တိုက်ခိုက်ဖို့ ပြောရင်လည်း ဆင်က ဆိတ်ကို ကျီစားနေသလို့ ဖြစ်နေပါဦးမယ်လေ။

ပြီးတော့ ငါက ဆေးရည်တစ်ထောင် ရေကန်မှာ စိမ်ခဲ့ရပြီး ဒီကောင်က စိမ်မှ မစိမ်ခဲ့ရတာ။ ကလန်ထဲမှာ ငါက တစ်ဖက်သတ် အနိုင်ကျင့်တယ် ဆိုပြီး နာမည်ပျက်နေပါဦးမယ်။ ဒီကောင့်ကို ပါရမီရှင် ပြိုင်ပွဲကျမှ ကောင်းကောင်း သမတော့မယ်" ။

" ကောင်းပြီလေ။ ငါ မင်းကို ပါရမီရှင် ပြိုင်ပွဲမှာ စောင့်နေမယ်။လီယွန်ဟိုင်က အထက်စည်းကနေ မောက်မာစွာ ပြောလိုက်တယ်။

လီဖူချန်းက ပေါ့ပေါ့းပါးပါး ရယ်သွမ်းလိုက်ပြီး ဘာမှမပြောပဲ ထွက်သွားတော့တယ်။

" ဟင်း။ ဘယ်လိုကောင်လည်းကွာ။ ယောကျာ်းမပီသလိုက်တာ။

ငါက အစကတော့ လီဖူချန်းရဲ့ အစွမ်းနဲ့ဆို ပြိုင်ပွဲမှာ ကောင်းကောင်း အစွမ်းပြနိုင်မယ် ထင်ထားခဲ့တာ။ဒါပေမဲ့ ဒီကောင်က ဒီလို ရှောင်ပြေးသွားမှတော့ ပြိုင်ပွဲမှာလည်း မျှော်လင့် လို့ ရမယ် မထင်တော့ပါဘူး" ။

လီကလန်က တပည့် တစ်ယောက်က မှတ်ချက်ချလိုက်တယ်။

"ဒါပေမဲ့ မသေချာသေးပါဘူးကွာ။

အချက်အလက်တွေ အရဆိုရင် ဆေးပေါင်းတစ်ထောင် ရေကန်ကို ဝင်ခွင့်မရပဲနဲ့ ထိပ်ဆုံး ငါးယောက်စာရင်းထဲ  ဝင်သွားတဲ့ လူတွေလည်း ရှိတာပဲကွ။ ခန္ဓာကိုယ် ပြင်ပအားက အရာရာကို ဆုံးဖြတ်နိုင်တာ မဟုတ်ဘူး"

နောက်တစ်ယောက်ကလည်း သူထင်တာကို သူပြောလိုက်တယ်။

" မှန်တယ်။ ပါရမီရှင် ပြိုင်ပွဲကို လာမဲ့သူတွေက ငါတို့ အဓိက ကလန်ကြီးလေးခုတင် မကဘူးကွ။ ယုံဝူးမြို့မှာ လူဦးရေ နှစ်သန်းရှိတယ်။ ဒါတောင် ကျေးလက် ဒေသတွေနဲ့ တစ်ခြား အုပ်ချုပ်ခွင့် ရထားတဲ့ ဒေသတွေကို ထည့်မတွက် ထားသေးဘူးနော်။အကုန်လုံးကို ပေါင်းလိုက်ရင် လူဦးရေ သုံးသန်း လောက်ရှိမယ်။

ဒီ လူဦးရေ သုံးသန်းမှာ ငါတို့မသိတဲ့ ပါရမီရှင်တွေ အများကြီး ရှိနေဦးမှာ။ ထိပ်ဆုံး၅ ယောက်ကို ဝင်ဖို့ဆိုတာ မလွယ်ဘူးကွ" ။

မင်းပြောတာ လက်ခံ နိုင်လောက်တယ်။ ကောင်း ကလန်ကိုပဲ ကြည့်လေ။ သူတို့က အင်မတန် ဝေးလံ ခေါင်ဖျားတဲ့ ဒေသကနေ လာခဲ့ပေမဲ့ သူတို့ ကလန်ကတစ်ယောက် မိုးပြာရောင် ဂိုဏ်းတပည့် အဖြစ် ရွေးချယ် ခံလိုက်ရတာပဲ။

လေ့ကျင့်ရေး ကွင်းထဲမှာတော့ တစ်ယောက်တစ်ပေါက် ပြောဆို နေကြသည်။အဲ့ထဲက အကြောင်းအရာ အများစုကတော့ လီဖူချန်း အကြောင်းတွေပဲပေါ့။

***

နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ ဆေးပေါင်းတစ်ထောင် ရေကန်ထဲ ဝင်သွားကြတဲ့ တစ်ခြားသော မိသားစု တွေရဲ့ ပါရမီရှင်တွေကလည်း ပြန်ထွက်လာကျပြီ။ ကြားရတဲ့ သတင်းတွေ အရဆိုရင် ကောင်းဖန်ရဲ့ ခန္ဓာကိုယ် ပြင်ပအားက ၉၀၀ ကီလိုဂရမ်အထိ ရှိလာပြီဖြစ်တယ်။

သူ့ရဲ့ မူလခွန်အားက ၄၀၀ ကီလိုဂရမ် အားပဲ ရှိတာလေ။

ရှန်းတုကလန် က ရှန်းတုကျူး ကတော့ ၈၀၀ ကီလိုဂရမ်ကို မနိုင်တဲ့ ခွန်အားရရှိခဲ့ပြီး ရှန်းတု လျှန်ကတော့ ၆၅၀ကီလိုဂရမ် ခွန်အားပဲ ရရှိခဲ့တယ်။

ယန်ကလန်က ယန်ဟိုက ၇၀၀ ကီလိုဂရမ် နဲ့ အားလုံးထဲမှာ အသန်မာဆုံးကတော့ ကီလိုဂရမ် ၁၀၀၀ မနိုင်တဲ့ ယန်ခိုင်ပဲ ဖြစ်တယ်။

လူသားနယ်ပယ် အဆင့် စစ်သည်တော်တွေ ထဲမှာတော့ ၁၀၀၀ ကီလိုဂရမ်ဆိုတာ တစ်ကယ့် နတ်ဘုရား ခွန်အားပဲ။

တစ်ချို့တွေ ပြောကျတာကတော့ တစ်ချို့ အရိုးတည်ပုံပိုင်ရှင် အချို့ဟာ ခြွင်းချက်အနေနဲ့ ဆယ်ကျော်သက်အရွယ်မှာပဲ ကီလိုဂရမ် ၁၀၀၀ အားကို ရနိုင်တယ်တဲ့။ ဥပမာ ကောင်းရှု လိုပေါ့။ မိုးပြာရောင်ဂိုဏ်းက သူမကို လက်ခံလိုက်ကတည်းက သူ မ ရဲ့ ခန္ဓာကိုယ်ပြင်ပအားက ကီလိုဂရမ် ၅၀၀ ရှိနေပြီးပြီလေ။

ဒါပေမဲ့ တစ်ခု သိထားရမှာက ခန္ဓာကိုယ် ပြင်ပအားဆိုတာ အရိုးတည်ဆောက်ပုံနဲ့ သိပ်ပြီး တိုက်ရိုက်  အချိုးကျနေတာတော့လည်း မဟုတ်သေးဘူး သန်မာ နေနိုင် သေးတယ်။

" ဖူချန်း။ မင်းအမေနဲ့ ငါနဲ့က မင်းကို အရမ်းတော့ ထောက်ပံ့မပေးနိုင်ဘူး။ ရော့ ဒီ ကြက်သွေးရောင် နှင်းဆေးလုံးကို ယူလိုက်"

ဒီရက်ပိုင်း အတွင်းမှာ အိမ်မှာ ရှိမနေတဲ့ လီရှန်းဟန်က ပြန်ရောက် လာလာချင်းမှာပဲ လီဖူချန်းကို ကျောက်စိမ်း ပုလင်းလေးတစ်လုံး ပေးလိုက်တယ်။

" ကြက်သွေးရောင် နှင်းဆေးလုံး"

လီဖူချန်း ပုလင်းလေးကို လက်ဖဝါးပေါ် မှောက်လိုက်တဲ့အခါ နှင်းကဲ့သို့ ဖွေးဖွေးဖြူနေသော ဆေးလုံးလေး တစ်လုံးက ကျလာတယ်။" အဖေ  -

ဒီကြက်သွေးရောင်ဆေးလုံးက အဝါရောင် ထိပ်တန်း ဆေးအမျိုးအစားလေ။ရွေပြား နှစ်ထောင်ကျော် တောင်ပေးရတာ။ အရမ်းဈေးကြီးလွန်းတယ်ဗျာ။"

လီဖူချန်းကဆေးလုံးကိုလက်မခံပဲငြင်းလိုက်တယ်။

လီကလန် တစ်ခုလုံးရဲ့ တစ်နှစ်ပတ်လုံး ဝင်ငွေ တောင်မှ ရွှေပြားတစ်သိန်း နီးပါးပဲရှိတာလေ။ ကလန် ကလူတွေကို အချိုးကျ ခွဲပေးပြီးရင်တာ့ သူ့အဖေ အတွက် ဘာမှကျန်မှာ မဟုတ်ဘူးလေ။

ကလန်ခေါင်းဆောင် အနေနဲ့ သူ့အဖေရဲ့ တစ်နှစ်ရငွေက ရွှေပြားသုံးထောင်ဖြစ်တယ်။

သူ့အမေကတော့ ရွှေပြားတစ်ထောင် ရပါတယ်။

ရုတ်တရက် ကြည့်လိုက်ရင်တော့ ဒီဆေးလုံးကဘာမှ မဟုတ်သလိုပဲ။

ဒါပေမဲ့ သူ့အဖေ နဲ့ အမေက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က စစ်သည်တော်တွေလေ။  ဒီနယ်ပယ်မှာ အဆင့်တက်ဖို့အတွက် စစ်သည်တော်တွေက အဝါရောင် အလယ်အလတ်အဆင့် ဆေးလုံးတွေ  အများအပြား သုံးပြီး သူတို့နဲ့ စိတ်တန်ခိုး နယ်ပယ်ကို ချဲ့ထွင်ရတာ ဖြစ်တယ်။အဝါရောင် အလယ်အလတ် ဆေးလုံး တစ်လုံးကို ရွှေပြား သုံးရာကျော် ပေးရပါတယ်။ ဒါကြောင့် သူတို့ရဲ့ တစ်နှစ်စာဝင်ငွေ အကုန်လုံးနဲ့ဝယ်မှ ဆေးလုံး ဆယ်လုံးကျော်ပဲရမှာဖြစ်တယ်။

ဒီကြက်သွေးရောင် နှင်းဆေးလုံးအတွက် ဆိုရင် သူ့အဖေနဲ့ အမေက နှစ်ပေါင်းများစွာ စုဆောင်းခဲ့ရမှာ ဖြစ်တယ်။သူက သူ့အဖေနဲ့အမေ စုဆောင်းခဲ့တဲ့ ပိုက်ဆံကို မသုံးပစ်ရက်ဘူးလေ။

လင်းရှန်းဟန်က ဒေါသနဲ့ ပြန်ပြောတယ်။

" မင်းထင်တာက ငါအဘိုးကြီးက သူ့သားကို မထောက်ပံ့နိုင်ဘူးပေါ့လေ"

လီဖူချန်း ကအလျင်အမြန်ပင် တောင်းပန်လိုက်ရတယ်။

" သားက အဲလိုသဘောနဲ့ ပြောတာမဟုတ်ပါဘူး အဖေရာ"

ရှန်းယုရန်က သိမ်မွေ့စွာနဲ့ သူ့သားကို ပြောလိုက်တယ်။

" သားငယ်လေး ဖူချန်း။

မင်းရဲ့ ကျင့်ကြံခြင်းအဆင့် သူများတွေလောက် ရှိနေတာ မဟုတ်ဘူးလေ။ ပါရမီရှင် ပြိုင်ပွဲကလည်း မကြာခင် ကျင်းပတော့မှာ။အနည်းဆုံးတော့ လူသားနယ်ပယ် အဆင့်ခြောက်ကို ရောက်နေမှ ထိပ်ဆုံး ငါးယောက်ထဲ ဝင်ဖို့ မျှော်လင့်လို့ ရမှာပေါ့။တစ်ခြား ကလန်က ပါရမီရှင်တွေက ကလန်ရဲ့ အထောက်အပံ့တွေနဲ့ လေ့ကျင့်နေတဲ့ အချိန်မှာ သားလေးကတော့ ကိုယ့်ဘာသာ ကြိုးစား လေ့ကျင့်နေရတယ်။

ဘယ်မိဘက ကိုယ့်သားသမီးကို ဒီလိုဖြစ်နေတာကို ရပ်ကြည့် နေနိုင်ပါ့မလည်း  သားငယ်လေးရယ်။ ဒါက အဖေအမေတို့ တတ်နိုင်တဲ့ အတိုင်းအတာနဲ့ ကြိုးစား ဝယ်ပေးထားတာပါ။ ဒီဆေးကို သုံးပြီး မိုးပြာရောင်ဂိုဏ်းရဲ့ တပည့် ဖြစ်အောင် ကြိုးစားပေးနိုင်ရင် အမေတို့ ကျေနပ်ပါတယ် သားရယ်"

" ဒီလိုဆိုရင်တော့ ဖူချန်းဆိုတဲ့ ကျွန်တော်က အကောင်းဆုံးကြိုးစားပါ့မယ် အဖေနဲ့ အမေရယ်။"

လီဖူချန်းက သူ့မိဘတွေရဲ့ ကောင်းစေချင်တဲ့ ဆန္ဒကို နားလည်တဲ့အတွက် ဆေးလုံးကို လက်ခံ လိုက်တော့တယ်။

ဒီဆေးလုံးဟာ သူ့ဘဝမှာ ရဖူးတဲ့  လက်ဆောင်တွေထဲမှာ ဈေးအကြီးဆုံးပါပဲ။ဒီဆေးက တစ်ခြားဆေးတွေလို အဆင့်တက်ဖို့ ကူညီတာမဟုတ်ပဲ မွေးရာပါ ပါရမီနဲ့ စိတ်ဝိညာဉ်ကို ပိုအားကောင်းလာအောင် ကူညီတဲ့ ဆေးဖြစ်တယ်။

လီဖူချန်း ဆေးကို လက်ခံလိုက်တာကို မြင်ရပြီးတဲ့ နောက်မှာတော့ လီရှန်းဟန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။

" မင်း မိုးပြာရောင် ဂိုဏ်းထဲ ဝင်ခွင့်ရတယ် ဆိုတာနဲ့တင် ငါတို့ ကုန်ကျခဲ့တဲ့ ငွေကြေးက တန်ပါပြီ။

မင်းအမေ နဲ့ ငါ့ ကို ဂုဏ်ယူရလောက်တဲ့ သားဖြစ်အောင်လုပ်စမ်းကွာ ငါ့သား"

" အဖေနဲ့အမေ။ စိတ်ချထားလိုက်ပါ။ ကျွန်တော်က မိုးပြာရောင်ဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်ကို ဖြစ်လာစေရမယ်။"

ပြီးတော့လီဖူချန်းက ကြက်သွေးရောင် နှင်းဆေးလုံးကို မရခဲ့ရင်တောင်မှ ထိပ်ဆုံး ငါးယောက်ထဲကို ဝင်ဖို့ သူ့ကိုယ်သူ ယုံကြည်ပြီးသား ဖြစ်တယ်။

***

All Chapters