← Chapters

လူသားနယ်ပယ်အဆင့်ခြောက်

Vol. 2 Ch. 17

လူသားနယ်ပယ်အဆင့်ခြောက်

Vol. 2 Ch. 17

လီဖူချန်းရဲ့ အခုလက်ရှိ ကျင့်ကြံမှု အဆင့်ဟာ  လူသား နယ်ပယ်အဆင့် ငါး အလယ်အလတ်ကို ရောက်နေပြီ ဖြစ်သည်။ ကျောက်စိမ်းနီ ကျင့်စဉ်ရဲ့ အဆင့်ခြောက်ကို  ရောက်နေပြီ ဖြစ်သဖြင့် သူ့ရဲ့ အတွင်းအား တွေက အသန့်စင်ဆုံး ဖြစ်နေပြီ။

သူ ဆက်ကျင့် နေရင်လည်း ထပ်တိုးတက်ဖို့ လမ်းမမြင်တော့ဘူး။ ဒါကြောင့် သူ့ရဲ့ ကျင့်ကြံမှု အဆင့် ထပ်မြင့်လာအောင် ကြက်သွေးရောင် နှင်းဆေးလုံးကို သောက်သုံး လိုက်တော့တယ်။

နှင်းဆေးလုံးရဲ့ အရွယ်က ကြက်မောက်သီးလောက် ရှိပြီး အရောင်အဆင်းက ဖြူဖွေးလို့ နေတယ်။ သေသေချာချာ ကြည့်မယ် ဆိုရင်တော့ သူ့ရဲ့ အလယ်ဗဟို တည့်တည့်မှာ ကြက်သွေးရောင် အစက် သေးသေးလေး တစ်ခု ရှိနေတာကို မြင်ရမှာဖြစ်တယ်။

" အဝါရောင် ထိပ်တန်း အဆင့် ဆေးလုံးဆိုတဲ့ အတိုင်းပဲ ဒီ ဆေးရဲ့ အံ့သြဖွယ် အစွမ်းတွေကို ငါ ခံစား နေရတယ်။ ငါ ဒီ ဆေးကိုသောက်ပြီး ပြန်သန့်စင်လိုက်ရင် ဘာဖြစ်သွားမလဲ ဆိုတာ အရမ်းသိချင်နေပြီ"

ဆေးလုံး တွေက ပုံမှန်အားဖြင့် အဆင့်မြင့် လေလေ ပါဝင်တဲ့ မသန့်စင်မှု နှုန်းက နည်းလေလေ ဖြစ်တယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ အဆင့်မြင့်မြင့်   မသန့်စင်မှုလေး ကတော့ ပါနေဦးမှာပါ။

အသက်ပြင်းပြင်း ရှူလိုက်ပြီး လီဖူချန်းက ကြက်သွေးရောင် နှင်းဆေးလုံးကို မျိုချ လိုက်တေ့ာတယ်။

ဂလု……

ဆေးလုံးက လျှာပေါ် ရောက်တာနဲ့ အရည်ပျော်ကျသွားတယ်။  အဲဒါက ရေတံခွန်က ရေတွေ စီးကျလာသလိုဘဲ သူ့ရဲ့ ဝမ်းဗိုက်ထဲကို ဝင်သွားကျပြီ။ အဲ့အချိန်မှာပဲ လီဖူချန်းက သူ့ရဲ့ ခန္ဓာကိုယ် အတွင်းပိုင်း တစ်ခုလုံး အေးခဲ သွားတာကို ခံစား လိုက်ရတယ်။ ထို့နောက် မှာတော့ သူ့တစ်ကိုယ်လုံး မီးပုံကြီးထဲ ရောက်သွားသလို ထပ်ခံစားလိုက်ရပြန်တယ်။ အပူစီးကြောင်းက  သူ့ရဲ့  ကိုယ်တွင်းအင်္ဂါ တွေ ခြေတွေလက်တွေ  နောက်ဆုံး အရိုးထဲ အထိ စိမ့်ဝင်သွားတယ်။

လီဖူချန်း မျက်နှာက ခံရခက်တဲ့ ဝေဒနာကြောင့် ရှုံ့တွ နေတယ်။ သူက အေးသွားလိုက် ပူသွားလိုက်နဲ့ ဝေဒနာကို တစ်လှည့်စီ ခံနေရတာလေ။

တစ်ခါ တစ်ခါ မှာတော့ တစ်ကိုယ်လုံးက ပူတာကော အေးတာကော ကိုပါ ခံစား နေရတယ်။ အကြိမ် အရေအတွက်တွေ များလာပြီး နောက်မှာတော့ သူ့ တစ်ကိုယ်လုံးက သွေးကြောတွေက ရွစိ တက်လာတယ်။ ဒါကြောင့် သူက ကျောက်စိမ်းနီ ကျင့်စဉ် အဆင့်ခြောက်ကို လေ့ကျင့်ပြီး ဒီဝေဒနာတွေကို ခုခံလိုက်တယ်။

ကျောက်စိမ်းနီ ကျင့်စဉ်က ရေဝဲတစ်ခုလိုဘဲ ကြက်သွေးရောင် နှင်းဆေးလုံးရဲ့ ဆေးဖက်ဝင် အစွမ်းတွေကို အငမ်းမရ စုပ်ယူနေတယ်။

၁၅  မိနစ်… ……………၁  နာရီ……………………၂  နာရီ………………

လီဖူချန်းက သူ့အတွင်းအားတွေ ပိုပြီး ကျစ်လျစ်လာပြီး အားကောင်းလာတာကိုခံစားလိုက်ရတယ်။ သူ့ရဲ့ ကျင့်ကြံမှုက လူသားနယ်ပယ် အလယ်အလတ်အဆင့်ကနေ လူသားနယ်ပယ် ထိပ်ဆုံးအထိ ရောက်သွားခဲ့ပြီ။

" အောင်မြင်မလား ၊ကျရှုံးမလား ဆိုတာတော့ အခု အချိန်မှာပဲ မူတည်တော့တယ်" ။

လီဖူချန်းက သူ့ရဲ့ အတွင်းအားတွေကို အလျင်အမြန် လှည့်ပတ်လိုက်တယ်။

သူ့ရဲ့ အတွင်းအားတွေ အမြင့်ဆုံး အဆင့်အထိ ရောက်တဲ့အခါ သူက လူသားနယ်ပယ် အဆင့်ခြောက် အတားအဆီးကို ချိုးဖောက်ဖို့  လုပ်ဆောင်လိုက်တော့တယ်။ သူ့အတွင်းအားတွေက ရေလှိုင်းလုံးကြီးတွေလို တစ်လုံးပြီး တစ်လုံး  ဖြည်းဖြည်း မှန်မှန် ချီတက် နေရင်းနဲ့ အတားအဆီးမှာ အက်ကြောင်းတွေ ထင်လာပြီး

" ဝုန်း"

လီဖူချန်းရဲ့ စိတ်ထဲမှာ ရေကာတာတစ်ခု ကျိုးပေါက် သွားသလို ခံစားလိုက်ရပြီး ကောင်းကင်နဲ့ မြေကြီးက စွမ်းအင်တွေက သူ့ ခန္ဓာကိုယ်ထဲကို အငမ်းမရ စီးဝင်လာခဲ့တယ်။

လူသားနယ်ပယ် အဆင့်ခြောက် ကို ရောက်ရှိ သွားခဲ့ပြီ။

ဒါပေမဲ့ ဆေးရဲ့ အစွမ်းတွေက လီဖူချန်း ခန္ဓာကိုယ်ထဲမှာ ရှိနေတုန်းပဲ။

နောက်ဆုံးမှာ ဆေးအစွမ်းတွေ အကုန်စုပ်ယူပြီးချိန်မှာတော့ လီဖူချန်းက လူသားနယ်ပယ် အဆင့်ခြောက် အလယ်အလတ် အဆင့်ကို ရောက်သွားခဲ့ပြီ။

သူ့ရဲ့ မျက်လုံးတွေက ဓားတစ်စင်း ထောင်ထားတဲ့ အတိုင်းဘဲ။ လီဖူချန်းက သူ့ရဲ့ ညာဘက် လက်သီးကို တင်းတင်း ဆုပ်ပြီး လေထုထဲကို ထိုးလိုက်တယ်။ လက်သီးချက်ကြောင့် ထွက်ပေါ်လာတဲ့ အရှိန်တွေက လူသားနယ်ပယ် အဆင့်ငါး တုန်းကနဲ့ လားလားမျှ မဆိုင်ပေ။

ဒီလူသား နယ်ပယ် အဆင့်ခြောက် ခွန်အားနဲ့ ဆိုရင်  တစ်ချို့ အဆင့်၁ အဆင့်မြင့် သားရဲတွေကိုတောင် ဓားတစ်ချက်တည်းနဲ့ ငါသတ်နိုင်လောက်တယ်။

ကျင့်ကြံခြင်းမှာ အဆင့်မြင့်သွားတာဟာ တိုက်ခိုက်ရေးဘက်မှာ အဆင့်မြင့်သွားတာနဲ့ အရမ်းခြားနားတယ်။ လူတစ်ယောက်က ကျင့်ကြံခြင်းမှာ အဆင့်တက်သွားရင် ဘက်ပေါင်းစုံက ပညာရပ်တွေ မှာလည်း အကျိုးသက်ရောက်မှု ရှိတယ်လေ။ ဒီလို ခံစားချက်မျိုးက ပါးစပ်နဲ့တောင် ပြောပြလို့မရဘူး။

ဒါက ကျင့်ကြံခြင်းရဲ့ လမ်းစဉ်ပဲ။ အရိုး တည်ဆောက်ပုံ တွေဟာ အရေးကြီးတာတော့ မှန်တယ်။ ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်း အဆင့်မတက်လာရင် မင်းက ပုရွက်ဆိတ် သာသာ ဖြစ်နေဦးမှာပဲ။ မင်းရဲ့ ကျင့်ကြံမှု အဆင့်က အမြင့်ဆုံးအထိ ရောက်အောင် လေ့ကျင့်နိုင်မှ  မင်းက သူများတွေ အပေါ်မှာ နေနိုင်မှာ။

***

နောက်တစ်နေ့ မနက် မိုးလင်းတာနဲ့ လီရှန်းဟန်နဲ့ ရှန်းယုရန် တို့က သူ့တို့ သားရဲ့အခြေအနေ သိချင်ဇောနဲ့ လီဖူချန်းရဲ့ အဆောင်ကို အလျင်အမြန်  ပြေးလာကြတယ်။ သူတို့က လီဖူချန်းကို မြင်လိုက်တာနဲ့ သူတို့ သားလေး အဆင့်တက်သွားပြီကို သိလိုက်ကြတယ်။

လီရှန်းဟန်က အားရပါးရ ရယ်မောလိုက်တယ်။

" ဟားဟားဟား… ဖူချန်းလေး… မင်းရဲ့ စိတ်ဝိညာဉ်က အတော်လေး အားကောင်းပုံရတယ်။ငါက သားအဆင့် တက်ဖို့ ရက်အနည်းငယ်လောက် ကြာမယ် ထင်ထားတာ။

ဆေးဝါးတွေရဲ့ အစွမ်းက ခန္ဓာကိုယ်မှာ ရက်အနည်းငယ်လောက် ရှိနေ တတ်တာ ဖြစ်ပြီးအလွယ်တကူ မပျောက်သွားနိုင်ပါဘူး။ လီဖူချန်းက တစ်ခါတည်းနဲ့ အဆင့်တက် မသွားရင်တောင် နောက်ပိုင်း တစ်ဖြည်းဖြည်းနဲ့ အဆင့်တက်လာမှာပါ။

လီဖူချန်းက တစ်ညတည်းနဲ့ အဆင့်တက် သွားတယ် ဆိုတော့ သူတို့ အရမ်းကို ပျော်ရွှင်ရပြီလေ။

ရှန်းယုယန်ကလည်း ကျေနပ်နေသောအသံဖြင့်  -

" ကြည့်ရတာ ဒီတစ်နှစ် အတွင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေက သူ့ရဲ့ စိတ်ဝိညာဉ်ကို တိုးတက်စေခဲ့တယ်နဲ့ တူတယ်။"

" အေး ရှင်မ ပြောတာ ဖြစ်နိုင် လောက်တယ်"

လီရှန်းဟန်က  ခေါင်းညိတ်ပြီး ထောက်ခံ လိုက်တယ်။

" ဖူချန်း မင်းကျင့်ကြံမှု အဆင့်ကတော့ အတော်လေး လုံလောက်နေပြီ။ နောက်ထပ် လိုအပ်တာက လက်တွေ့ တိုက်ခိုက်ရေး အတွေ့အကြုံ ပဲ"

ငါတို့ လီကလန်က အခုတစ်လော မှာပဲ အဆင့်တစ် သားရဲ တော်တော်များများ ဖမ်းမိထားတယ်။ မင်းအဲဒါတွေကို ယူပြီး လေ့ကျင့် နိုင်တယ်တယ်" လို့ လီရှန်းယန်က ပြောလိုက်တယ်။

“ အဖေ … ကျွန်တော်က တိုက်ခိုက်ရေး အတွေ့အကြုံ မလိုတော့ပါဘူး။"

လီဖူချန်းက ကျောက်စိမ်းနီ ဓားသိုင်းကို လေ့ကျင့်ဖို့ စိတ်ကူးထားတယ်။

လီရှန်းဟန်က သဘောမတူသည့်ဟန်ဖြင့်

" လီကလန်က တပည့်တွေ အားလုံးက တိုက်ခိုက်ရေး အတွက် အစွမ်းကုန် လေ့ကျင့် နေကြတယ်။ သားက ဘာကြောင့် မလေ့ကျင့်ရမှာလဲ"

" ဒါဆို ရင်လည်း ဟုတ်ပါပြီ"

လီဖူချန်းက သူ့ရဲ့  အစွမ်းကို ပြဖို့ ပြင်လိုက်တယ်။

***

All Chapters