မိစ္ဆာသားရဲတွေ လေ့ကျင့်ရာနေရာ
Vol. 2 Ch. 18
ဓားချက်သုံးချက်။
လီဖူချန်းက အဆင့်တစ် သံမဏိအရိုး ခွေးအကို ဓားချက် သုံးချက်နဲ့ပဲ သတ်ဖြတ် ပြလိုက်တယ်။ ဒါတောင် သူ့ရဲ့ တကယ့် ခွန်အားကို လျှိုထားသေးတယ်။
ရှန်းယုရန် က အံ့သြပြီး ပါးစပ် အဟောင်းသား ဖြစ်သွားတယ်။
" ရှန်းဟန် ဒါကော ငါတို့သားကော ဟုတ်သေးရဲ့လား။
သူ့ရဲ့ ဒီ အတွေ့အကြုံတွေက ဘယ်က ရလာတာလဲ"
လီရှန်းဟန်က မချိပြုံး ပြုံးလိုက်ပြီး
" ငါဖူချန်း အကြောင်းကြား တာကတော့ ဒီကောင်လေးက သားရဲ အစိတ်အပိုင်း တွေကို လီကလန် က အရောင်းဆိုင် တွေမှာ မကြာခဏ လာရောင်း တယ်တဲ့။"
"ရှင်ပြောချင်တာက ဖူချန်းက မြူခိုးတောင်ကို တစ်ယောက်တည်း ခိုးသွားတယ်ပေါ့။"
" ငါလည်းအဲလိုထင်တာပဲ"
" ဒါက အရမ်း အရဲစွန့်လွန်းတယ်။ မတော်လို့ သူတစ်ခုခု ဖြစ်သွားရင် ဘယ်လို လုပ်မလည်း" ။
"အခုတော့ ဖူချန်းက ယန်ချီ နဲ့ ကောင်းဖန် ကိုဘာလို့ အနိုင် တိုက်နိုင်ခဲ့လည်း ဆိုတဲ့ အကြောင်း အရင်းကို သိရပြီပေါ့။ သူ့ရဲ့ တိုက်ခိုက်ရေး အတွေ့အကြုံ တွေကြောင့်ဘဲကိုး"
သူ့အမေနဲ့ ဆူတာကို နာရီဝက်လောက် နားထောင်အပြီး မှာတော့ လီဖူချန်းက တိုက်ခိုက်ရေး အတွေ့အကြုံ အတွက် လေ့ကျင့်ခန်း လုပ်ဖို့ ကင်းလွတ်ခွင့် ရခဲ့တယ်။
ပါရမီရှင် ပြိုင်ပွဲက တဖြည်းဖြည်း နီးကပ်လာတာ နဲ့အမျှ မိုးပြာရောင် ဂိုဏ်းမှာ လေ့ကျင့်နေတဲ့ ကလန်သားတွေကလည်း ပြန်လာကုန်ကျတယ်။
ဒီနေ့မှာတော့ ယန်ကလန့် ရဲ့အိမ်တော်မှာအသက်၂၀ အရွယ် လူငယ်လေးနှစ်ယောက် ပြန်ရောက်လာတယ်။ သူတို့က စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်နေပြီ ဖြစ်ပြီး မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း တပည့်တွေလည်းဖြစ်တယ်။ အဲဒီနှစ်ယောက်ကတော့ ယန် လီ နဲ့ ယန်ကျန်း ဘဲ။
" အစ်ကိုလီ။ အစ်ကိုကျန်း"
သူတို့နှစ်ယောက်နဲ့ ဆုံမိတာနဲ့ ယန်ကလန်ရဲ့ ပါရမီရှင် ယန်ခိုင်ကတောင်မှ အလျင်အမြန် အရိုအသေပေးလိုက်တယ်။
ယန်လီ ကရွှင်ပျစွာနဲ့ -
" ယန်ခိုင်။ မင်းက ရှားပါး တဲ့ ကြယ်သုံးပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်ဘဲ။ ပါရမီရှင် ပြိုင်ပွဲမှာ ပထမ ရအောင် လုပ်ပြီး ငါတို့ကလန် ဂုဏ်ရအောင်လုပ်ပြစမ်းကွာ"
" မပူပါနဲ့ အစ်ကို လီ။ ပထမဆု ရဖို့ဆိုတာ ကျွန်တော့် အတွက် အရမ်း လွယ်ကူ လွန်းပါတယ်။"
ယန်ခိုင်က ပြန်ဖြေလိုက်တယ်။
သူ့ရဲ့ မျက်လုံးထဲ မှာတော့ ရှန်းတုကျူး၊ ကောင်းဖန်နဲ့ လီယွန်ဟိုင်က သူ့ ပြိုင်ဖက်အဆင့်ကိုမရှိဘူးလေ။
နာမည်ကြီးနေတဲ့ လီဖူချန်းကိုတောင် ဆေးပေါင်းတစ်ထောင် ရေကန်ကို ဝင်ခွင့်မရခဲ့တဲ့ အတွက် သူက စာရင်းထဲ မထည့်ထားတော့ဘူး။
ဘေးနားမှာရပ်နေ့တဲ့ ယန်ကျန်းက တော့ ယန်ချီကို အားပေးလိုက်တယ်။
" ယန်ချီ… မင်းက ဆေးပေါင်းတစ်ထောင် ရေကန်ကို ဝင်ခွင့်မရခဲ့ပေမဲ့ လက်မလျော့လိုက်နဲ့ ။ ထိပ်ဆုံးငါးယောက် နေရာကိုဝင်ဖို့အခွင့်အရေးရှိသေးတာဘဲ"။
ယန်ချီက ချီတုံချတုံဖြင့်
" အစ်ကိုကျန်း။ ထိပ်ဆုံး ဆယ်ယောက် ဝင်ဖို့အတွက်ကတော့ ကျွန်တော့်မှာ ယုံကြည်ချက် ရှိပါတယ်။ ဒါပေမဲ့ ထိပ်ဆုံး ငါးယောက်ကို ဝင်ဖို့ အတွက်ကတော့………………… "
တစ်ကယ်တော့ ထိပ်ဆုံး ငါးယောက်ကို လူတွေက အကြမ်းဖျင်း ခန့်မှန်းမိပြီးသား ဖြစ်သည်။ယန်ခိုင်၊ ယန်ဟို၊ရှန်းတုကျူး၊ ကောင်းဖန်၊ လီယွန်ဟိုင်နဲ့ ရှန်းတုလျှန် တို့ခြောက်ယောက်ထဲက
ငါးယောက်က ဖြစ်လာနိုင်ဖို့ အခွင့်အရေးက များတယ်လေ။ ယန်လီက သဘောမတူဘူး။
" ပြင်ပခွန်အား ဆိုတာ အရာရာ မဟုတ်ဘူးကွ။ တကယ့် တိုက်ခိုက်ရေးက ပိုပြီးအရေးပါတာ။ ငါတို့ မိုးပြာရောင် ဂိုဏ်းထဲမှာဆိုရင် တချို့ ပါရမီရှင်တွေက အဆင့် ကျော်ပြီးတောင် တိုက်ခိုက် င်သေးတယ်။
ယန်ကျန်းကလည်း
" ဒါကြောင့် မင်းတို့ကို လေ့ကျင့်ပေးဖို့ ငါတို့ ပြန်လာခဲ့တာပဲ။ ငါတို့ သင်ကြားပေးတာကိုတာ ကောင်းကောင်း သင်ယူနိုင်ရင် ငါတို့ ယန်ကလန်က ဒီနှစ် မိုးပြာရောင် ဂိုဏ်းကိုဝင်ဖို့နေရာ ၃ နေရာ ရမှာဘဲ။
***
ဒီလို ရွေးချယ် ခံရတာဟာ ကောင်းကလန် အတွက် ဂုဏ်ယူစရာ ကိစ္စတစ်ခု ဖြစ်တယ်။ ဒီဆယ်နှစ် အတွင်းမှာ ကောင်းကလန် လူတွေဟာ မိုးပြာရောင် ဂိုဏ်းအတွင်း အများအပြား ဝင်ရောက် နိုင်ခဲ့ကြတယ်။
ပါရမီရှင် ပြိုင်ပွဲ စတင်ဖို့ နှစ်ရက်လောက် အလိုမှာတော့ ကောင်းကလန်က လူငယ်နှစ်ဦးဟာ မိုးပြာရောင် ဂိုဏ်းကနေ ပြန်လာခဲ့ကြတယ်။
သူတို့က ကောင်းဟောင်နဲ့ ကောင်းယန့်ဖြစ်တယ်။
ကောင်းဟောင်က လွန်ခဲ့တဲ့ လေးနှစ်က ပထမဆုရှင် ဖြစ်ပြီး ကောင်းယန်က ကောင်းဟောင်ရဲ့ အရှေ့ တစ်ခေါက် ပြိုင်ပွဲက ပထမဆုရှင် ဖြစ်တယ်။
ကောင်းဟောင်က အသက် ၂၀ ရှိပြီး စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ်အဆင့် ၁ ကိုရောက်နေခဲ့ပြီ။
ကောင်းယန်ကတော့ အသက် ၂၁ နှစ်နဲ့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၂ ကို ရောက်နေပြီဖြစ်သည်။
ကောင်းကလန်က မျိုးဆက်တွေဟာ အမြဲရုပ်ရည် ကြည့်ကောင်းလေ့ ရှိတာမို့ သူတို့ရဲ့ ရုပ်ရည်တွေကလည်း ချောမောပါတယ်။
" ဒီနှစ်မှာ ဘယ်သူတွေက ပထမရဖို့ အလားအလာ ရှိလည်း"
ကောင်းဟောင်က ကောင်းဖန်နဲ့ ကောင်းဟိုကို မေးလိုက်တယ်။
ကောင်းဖန်က-
" ယန်ကလန်က ယန်ခိုင်ပါ အစ်ကိုကြီး။သူက လူသားနယ်ပယ် အဆင့် ၇ ရောက်နေပြီးတော့ ဆေးပေါင်းတစ်ထောင် ရေကန်ကနေ ထွက်လာပြီး နောက်ပိုင်းမှာ ခွန်အား ၁၀၀၀ ကီလိုဂရမ် တောင် ရှိနေပါတယ်။ သူက မပြိုင်ခင်ကတည်းက ပထဆု ရဖို့ ရေပန်းစားနေပါတယ်။
"မပြိုင်ခင် ကတည်းက ပထမ ဟုတ်လား။ ဒါက မမှန်ဘူးကွ။
ဒီနေ့ ငါနဲ့ အစ်မကောင်းယန် ရောက်လာရတာက မင်းကို ထိပ်ဆုံး ငါးယောက်ထဲ ဝင်ဖို့တင် မကဘူးကွ။ ပထမဆု ရဖို့အတွက်ပါ မင်းစိတ်ထဲမှာ ထည့်ထားရမယ်။ ကြားလား" ကောင်းဟောင်က ပြောလိုက်တယ်။
“ပထမဆု ။ အဲဒါက ဖြစ်နိုင်ပါ့မလား"
ကောင်းဖန် မျက်လုံးထဲမှာ မျှော်လင့်ခြင်း အရောင်တွေ တောက်ပသွားတယ်။ ယန်ခိုင်ဘယ်လောက် တော်သလည်းဆိုတာ တစ်ခြားလူတွေက သိချင် မှ သိမယ်။ ဒါပေမဲ့ သူကတော့ ကောင်းကောင်းကြီး နားလည်ပါတယ်။ ယန်ကလန် ရဲ့ အစေခံ တစ်ယောက်ဆီကနေ မရည်ရွယ်ဘဲ ကြားခဲ့ရတာတော့ ယန်ခိုင်က အဆင့်တစ် အလယ်အလတ် မိစ္ဆာ သားရဲကို ဓားနှစ်ချက် တည်းနဲ့ သတ်နိုင်တယ်ဆိုတာဘဲ။
အားလုံးသိတဲ့ အတိုင်းဘဲ အဆင့်တစ် အလယ် အလတ်အဆင့် မိစ္ဆာသားရဲ တစ်ကောင်ရဲ့ ခံနိုင်ရည် စွမ်းက ကြောက်စရာကောင်းလှတယ်။
သားရဲ ရဲ့ အဓိက သေကွင်း သေကွက်ကို ထိအောင် တိုက်ခိုက်နိုင်မှ သေတာဖြစ်တယ်။ မဟုတ်လို့ ကတော့ အချက်ပေါင်း များစွာ တိုက်လည်း သေအောင် သတ်နိုင်မှာ မဟုတ်ဘူး။
ကောင်းယန် ကတော့ သူမရဲ့နာမည်လေးအတိုင်းပါဘဲ။
ချယ်ရီပန်လေး တွေ ဖူးပွင့် နေသလို အရမ်း ကြည့်ချင်စဖွယ် လှပလွန်းတယ်။
ကောင်းယန်က သူမရဲ့ လက်ချောင်းလေးတွေကို ဆော့ကစားနေရာမှ ဂုဏ်ယူ ဝံ့ ကြွားစွာဖြင့်
" ဂိုဏ်းတော်ရဲ့ တိုက်ခိုက်ရေးစနစ် ဆိုတာ မင်းတို့ လွယ်လွယ်နဲ့ ရနိုင်တဲ့ အရာမဟုတ်ဘူး။ ကျင့် ကြံခြင်း အဆင့်ချင်း တူပေမဲ့ ဂိုဏ်းတော်က တပည့်တစ်ယောက်က မင်းတို့လို လူသုံးလေးယောက် လောက်ကို တစ်ကွက်တည်း နဲ့ အနိုင်ယူလို့ရတယ်။ ငါ နဲ့ ကောင်းဟောင်က မင်းတို့ကို ငါတို့ ဂိုဏ်းတော်က သင်ကြားခဲ့ရတာတွေကို သင်ပေးမှာ။ ဒီထဲက တစ်ခု နှစ်ခု လောက်ကို နားလည်ရင်တောင် ပထမဆုကို အား သိပ်စိုက်စရာ မလိုဘဲ ရနိုင်လိမ့်မယ်။
ကောင်းယန်ရဲ့စကားကြောင့် ကောင်းဖန်ကော ကောင်းဟိုကော မျက်လုံးတွေ က လက်ကနဲ ဖြစ်သွားတယ်။
ကောင်းဟောင်က ဆက်ပြောတယ်။
" ယန်ခိုင် ပြီးရင် နောက် ဘယ်သူ ရှိသေးလည်း"
ကောင်းဟိုက ဖြေလိုက်တယ်။
"ကောင်းဖန်က လီကလန်က လီဖူချန်းကို ရှုံးဖူးတယ်"
သူ က အစက ကောင်းဖန်က လီဖူချန်းကို ရှုံးခဲ့တဲ့အတွက် ဆေးပေါင်းတစ်ထောင် ရေကန်ကို ဝင်ခွင့် လျော့နည်း သွားမယ်လို့ ထင်ခဲ့ပေမဲ့ တစ်ကယ်တမ်းမှာတော့ ကောင်းဖန်ကဘဲ ရွေးချယ်ခံရ ခဲ့တယ်။ဒါကြောင့် သူက မနာလို ဖြစ်နေခဲ့တယ်။
အဲဒီလီဖူချန်း က အဲ့လောက် တော်တယ်ပေါ့။ ကောင်းယန်နဲ့ ကောင်းဟောင်က ကောင်းဖန်ကို အံ့ဩတကြီး နဲ့ ကြည့်လိုက်တယ်။ ကောင်းဖန်က ကောင်းဟိုကို အေးစက်စက်တစ်ချက်ကြည့် လိုက်ပြီး
" ကျွန်တော်က သတိလက်လွတ် ဖြစ်သွားလို့ပါ။ ပြီးတော့ ဒီကောင်က သာမန် အရိုး တည်ဆောက်ပုံပဲ ရှိတာ။ ဆေးပေါင်း တစ်ထောင် ရေကန်ကို ဝင်ခွင့်ရတာ မဟုတ်ဘူး။ ဒီကောင့်ကိုတော့ စာရင်းထဲမှာတောင် မထည့်ထားပါဘူး။ "
" သာမန် အရိုး တည်ဆောက်ပုံနဲ့လား။ ဟုတ်ပြီ ။ ဒီကောင့်ကို ခေါက်ထားလိုက်တော့"
ကောင်းယန်က ပြောလိုက်တယ်။
ကောင်းဟောင် ကတော့ တစ်ခုခုကို သတိရ သွားဟန်ဖြင့်
" ဒီ လီဖူချန်း ဆိုတာ ကောင်းရှူ ရဲ့ သတို့သားလောင်း မလား"
သူက လွန်ခဲ့တဲ့ လေးနှစ်ကမှ မိုးပြာရောင် ဂိုဏ်းကို ဝင်တာ ဖြစ်တဲ့အတွက် သူက လီဖူချန်း အကြောင်းကို ကြားဖူးတယ်လေ။
" ဟုတ်ပါတယ်။ ဒါပေမဲ့ အခုတော့ စေ့စပ် လမ်းကြောင်း ထားတာကို ကောင်းကလန်က ဖျက်သိမ်းလိုက်ပြီးပါပြီ။"
ကောင်းဟိုက ပြန်ဖြေလိုက်တယ်။
ကောင်းဟောင်က နှာခေါင်းရှုံ့ လိုက်တယ်။
" ဖားပြုပ်က ငန်းကို စားချင်တယ်။ ထွီ… ဘယ်လောက် ကိုယ့်အဆင့်အတန်း ကိုယ်မသိတဲ့ကောင်လဲ" ။
" လီကလန်က ပျက်စီးစ ပြုနေပြီ။ ဒါကြောင့် သူတို့က ကောင်းရှုကို အမှီပြုပြီး သူတို့ ကလန်ကို အရှိန်အဝါ ပြန်တက်စေချင်နေတာ။
ဘယ်လောက် စက်ဆုပ်စရာ ကောင်းလိုက်တဲ့ အကြံအစည်လည်း"
ကောင်းယန်က လီကလန်ကို အရမ်းကို ရှုံ့ချလိုက်တယ်။
***
တစ်ချိန်တည်းမှာပဲ မိုးပြာရောင်ဂိုဏ်းက တပည့် တစ်ယောက်က လီကလန်ကို ရောက်လာတယ်။
လီဆန်းဟီ။
မိုးပြာရောင်ဂိုဏ်းကို လွန်ခဲ့တဲ့ ၁၂ နှစ်လောက်တုန်းက ဝင်ရောက်ခဲ့တာ ဖြစ်တယ်။ အသက် ၂၈ နှစ်မှာ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်အဆင့်လေးကို ရောက်ခဲ့တယ်။ သူက ငယ်ရွယ်သေးပေမဲ့ လီကလန်မှာတော့ ထိပ်တန်း စစ်သည်တော်ဖြစ်နေပြီ။
" ဆန်းဟီ …ပြန်လာတာ ကြိုဆိုပါတယ်"
လီရှန်းယန်က ဝမ်းပန်းတသာ ကြိုဆိုလိုက်တယ်။
" ခေါင်းဆောင် …ကျေးဇူးပါ။"
လီဆန်းဟီက မောက်မာ ဝင့်ကြွားစွာဖြင့် ခေါင်းညိတ် ပြလိုက်တယ်။
လီရှန်းယန်က စိတ်ထဲမှာ ဘယ်လိုမှ မနေဘူး။
ဂိုဏ်းတော်က တပည့်တွေက အမြဲလိုလို မာန ထောင်လွှား တတ်သူ တွေလေ။
လီဆန်းဟီက လိုရင်းကိုပဲပြောလိုက်တယ်။
" ခေါင်းဆောင် … လီကလန်က ကျွန်တော့်ကို လိုအပ်နေတယ် ဆိုတော့ ဘယ်သူတွေကို ကျွန်တော်က လေ့ကျင့် ပေးရမှာလဲ။ ပြီးတော့ သူတို့ရဲ့ အရိုး တည်ဆောက်မှု တွေကကော။
လီရှန်းဟန်က ပြန်ဖြေလိုက်တယ်။
" တစ်ယောက်က မင်းရဲ့ တူပဲ။ နောက်တစ်ယောက် ကတော့ ငါ့ ရဲ့သားပဲ။ လီရှန်းဟန်က ကြယ်နှစ်ပွင့် အဆင့် အရိုး တည်ဆောက်ပုံရှိတယ်။ လီဖူချန်းကတော့ သာမန်ဘဲ။
လီရှန်းဟန်က ချီတုံချတုံ နဲ့ လီဖူချန်းရဲ့ အရိုးတည်ဆောက်ပုံကို ပြောလိုက်တယ်။
လီဆန်းဟီ မျက်မှောက်ကြုပ်လိုက်ပြီး
" ခေါင်းဆောင်။ ကျွန်တော်ရဲ့ ရိုင်းပျမှု ခွင့်လွှတ်ပါ။ သာမန် အရိုးတည်ဆောက်ပုံ က ဘာတန်ဖိုးမှ မရှိဘူးနော်။ ခေါင်းဆောင်ရဲ့ သားဖြစ်နေရင် တောင်မှပေါ့ "။
လီရှန်းဟန်က မသက်မသာဖြင့် ရှင်းပြလိုက်တယ်။
" ဖုူချန်းက တော်တော်လေးထူးခြားပါတယ်။ သူ့ရဲ့ ထိုးထွင်း သိမြင် နိုင်စွမ်းက အရမ်းကောင်းတယ်။ ပြီးတော့ သူက ယန်ကလန်က ယန်ချီ နဲ့ ကောင်းကလန်က ကောင်းဖန်ကိုတောင် အနိုင် တိုက်နိုင် ခဲ့သေးတယ်။
"ဒါက အရာရာကို ကိုယ်စား မပြုဘူးလေ။ အတိတ်က ဖြစ်ခဲ့တာက အတိတ်ကဘဲလေ။ အရေးကြီးတာ အခု လက်ရှိပဲ။ ဒါပေမဲ့ ခေါင်းဆောင်ရဲ့ မျက်နှာကိုထောက်ပြီး ကျွန်တော်သူ့ကို လေ့ကျင့်ပေးပါမယ်"။
လီဆန်းဟီ က ခေါင်းဆောင်ရဲ့ ဂုဏ်သိက္ခာကို ထောက်ပြီး ကတိပေးလိုက်တယ်။
လီဖူချန်းက လီဆန်းဟီရဲ့ မောက်မာတဲ့ စကားတွေကို ကြားရတဲ့ အတွက် စိတ်မပျော်ဘူး ဖြစ်သွားတယ်။ ဒါပေမဲ့ မိုးပြာရောင်ဂိုဏ်းက ဘယ်လို လေ့ကျင့်ပေးတာလည်း ဆိုတာကိုတော့ စိတ်ဝင်စားမိတယ်။
" ယွန်ဟိုင်။ မင်းရဲ့ အပြင်အားက ၇၅၀ ကီလိုဂရမ် ရှိတယ်။ မင်းရဲ့ လူသားနယ်ပယ် အဆင့် ခြောက် အတွင်းအားနဲ့ဆိုရင် အားလုံးစုစုပေါင်း ၂၀၀၀ ကီလိုဂရမ် လောက်ရှိမယ်။ငါ ရဲ့အပြင်အားက
၁၅၀၀ ကီလိုဂရမ်ဘဲ ရှိတယ်။ မင်းငါ့ကို တိုက်ခိုက်ဖို့ ကြိုးစားကြည့်စမ်း။
ငါရဲ့ အတွင်းအားကို ငါ လုံးဝမထုတ်ဘူး"
လေ့ကျင့်ရေး ကွင်းပြင်မှာတော့ လီဆန်းဟီရဲ့ ရှေ့မှာ လီကလန်ရဲ့ တပည့်လေးယောက်က မတ်တပ်ရပ်နေကြတယ်။
သူတို့ကတော့ လီယွန်ဟိုင်၊ လီဖူချန်းနဲ့ အခြားထူးချွန်တဲ့ တပည့် နှစ်ယောက်တို့ ဖြစ်တယ်။
လီယွန်ဟီကတော့ ဒီတစ်ခေါက်ပြိုင်ပွဲကို ဝင်မပြိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။
" ဟုတ်ကဲ့ပါ။ "
လီယွန်ဟိုင်က ခေါင်းညိတ်ပြီး အရှေ့ကို ထွက်လာခဲ့တယ်။
" ယိစ်"
ခပ်အုပ်အုပ် မာန်သွင်းလိုက်ပြီး လီယွန်ဟိုင်က သူ့ရဲ့ သံမဏိ ဓားကို ထုတ်ပြီးတိုက်ခိုက်လိုက်တယ်။
၂၀၀၀ ကီလိုဂရမ် အားရှိတဲ့ ဓားချက်ဟာ လီဆန်းဟီဆီကို အရှိန်ပြင်းစွာနဲ့ တိုးဝင်သွားခဲ့တယ်။
" ချွမ် ကလမ် "
လီဆန်းဟီ သူ့ဓားကို ငြင်ငြင်သာသာဘဲ ဝှေ့ ယမ်းလိုက်တဲ့ နောက်မှာတော့ လီယွန်ဟိုင်ရဲ့ဓားက
သူ့လက်ထဲကနေ လွှင့်ထွက်သွားတော့တယ်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
လီယွန်ဟိုင်က ပါးစပ် အဟောင်းသား ဖြစ်သွားတယ်။
လီဆန်းဟီက ရှင်းပြလိုက်တယ်။
" ခွန်အားက အရာရာမှာ အဓိကမဟုတ်ဘူး။ အင်အားကို လိုအပ်သလို အသုံးချနိုင်တာကမှ အဓိက သော့ချက်ပဲ။ငါ သုံးလိုက်တဲ့ ဓားချက်က မင်းဓားရဲ့ အားနည်းချက်ကို တိတိကျကျထိသွားလို့ မင်းလက်ထဲက ဓားကလွှင့် ထွက်သွားတာပဲ။ ဒါ တကယ့်တိုက်ပွဲ ဆိုရင် နောက်လာမယ့် ငါ့ရဲ့ ဓားကွက်တွေက မင်းအသက်ကို နုတ်ယူသွားလိမ့်မယ်"
" ဦးလေးပြောတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ အဲ့လိုဖြစ်အောင် ဘယ်လို လေ့ကျင့် ရမှာလည်း"
လီယွန်ဟိုင်ကမေးလိုက်တယ်။
လီဆန်းဟီက ဒါကြောင့်လည်း မင်းတို့ကို သင်ပေးဖို့ ငါ လာခဲ့ တာပေါ့။
ငါ သင်ပေးတာကို မင်းတို့ လိုက်နိုင်တာ မလိုက်နိုင်တာ ကတော့ မင်းတို့ အပေါ်မှာပဲ မူတည်တယ်။
***