← Chapters

ကျွန်မနဲ့ မခွဲနိုင်ဘူးလား

Vol. 18 Ch. 239

ကျွန်မနဲ့ မခွဲနိုင်ဘူးလား

Vol. 18 Ch. 239

သူ့စကားများကို ကြားလိုက်ရသောအခါတွင် မျက်နှာချင်းဆိုင်တွင် ရှိနေသော လူအိုကြီးက ရယ်လိုက်သည်။

“အင်မော်တယ်ဟန်က တကယ်ပဲ ကောင်းကင်ဘုံက အင်မော်တယ်လား”

“သဘောတူညီပဲ ဖြစ်ဖြစ် တားမြစ်ချက်ပဲဖြစ်ဖြစ် လူဘယ်နှစ်ယောက်ကများ တကယ်လိုက်နာနေလို့လဲ”

လူအိုကြီး၏ ခန္ဓာကိုယ်ထဲမှ အဝါဖျော့ရောင် ချီအလင်းများ ထွက်လာသည်။

တခြားလူများကလည်း ဓားအလင်းနှင့် ချီအလင်းများကို ထုတ်ဖော်လိုက်သည်။

“ပြီးတော့ နှစ်တစ်ရာအတွင်းမှာ ဖုန်းလင်တာအိုဂိုဏ်းရဲ့ ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူဟာ ခံတပ်ကိုစောင့်ကြပ်ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်ဓားဂိုဏ်းဖြစ်လာလိမ့်မယ်”

လူအိုကြီးက စကားပြောပြီးသည်နှင့် ဟန်မူယဲ့ထံသို့ ပျံသန်းလာ၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အဝါဖျော့ရောင် ချီအလင်းသည် ချိပ်စည်းတစ်ခုအသွင် ပြောင်းသွားပြီး ကျဆင်းလာသည်။

သို့ပေမဲ့ ချိပ်စည်းသည် ဟန်မူယဲ့၏ ခေါင်းပေါ်သို့ ရောက်မလာခင်တွင် လင်းရှန်က တိုက်ခိုက်လိုက်သည်။

လင်းရှန်က ဓားဖြင့် ခုတ်ချလိုက်သောကြောင့် လူအိုကြီး၏ ချိပ်စည်းမှာ ချက်ချင်း ကျိုးပျက်သွား၏။

“ဘုန်း ....”

ပေတစ်သောင်းခန့် မြင့်သော တောင်ကုန်းပုံရိပ်တစ်ခု လေထဲ၌ ဖြစ်ပေါ်လာသည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

လင်းရှန်၏ဓားအလင်းတွင် ဓားမာန်ဟုန်အငွေ့အသက်များ ပါဝင်နေပြီဖြစ်သည်။

ဓားမာန်ဟုန်ကို အပြည့်အဝသိပ်သည်းနိုင်ရန်အတွက်မူကား အခွင့်အလမ်းတချို့ လိုအပ်နေသေးသည်။

လင်းရှန်က ဓားကို ကိုင်ကာ မျက်နှာဖြူဖျော့နေသော ကျင့်ကြံသူများကို ကြည့်လိုက်သည်။ သူက ဂရုမစိုက်စွာ ပြောသည်။

“မင်းတို့ မသွားသေးဘူးလား”

လင်းရှန်က သူတို့ကိုလွှတ်ပေးလိမ့်မည်ဟု ကျင့်ကြံသူများ ထင်မထားကြပေ။ သူတို့က လျင်မြန်စွာ ထွက်ပြေးသွားကြ၏။

“အဲဒီလူတွေအတွက် ကျင့်ကြံဖို့မလွယ်ဘူး။ ဖြစ်နိုင်ရင် သူတို့ကို မသတ်ဘဲထားရအောင်”

လင်းရှန်က တီးတိုးပြောသည်။

ဟန်မူယဲ့က ရယ်မောလျှက် သင်္ဘောအခန်းထဲသို့ ပြန်ဝင်သွား၏။

သူ့တိုက်ခိုက်နိုင်စွမ်းဖြင့်ဆိုလျှင် ကမ္ဘာမြေအဆင့် သွေးကြောဖွင့်ခြင်းနှင့် ဝိညာဉ်နိုးထခြင်းကျင့်ကြံသူများကို ကြောက်စရာမလိုတော့ပေ။

ထိုအဆင့်များက သူ့ကို မခြိမ်းခြောက်နိုင်ပေ။

ထို့ကြောင့် လင်းရှန်က သူတို့ကို လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ဓားကျင့်ကြံသူများအတွက် သတ်ဖြတ်ခြင်းကို မရှောင်လွှဲနိုင်သော်လည်း အကြောင်းမဲ့သတ်ဖြတ်စရာ မလိုပါ။

သင်္ဘောပျံသည် နှေးကွေးသောကြောင့် သူတို့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ပြန်ရောက်လာရန် ဆယ်ရက်ကျော်ကြာသွားသည်။

ဂိုဏ်းသို့ ပြန်ရောက်လာသောအခါတွင် သူတို့နှစ်ယောက်သည် ဓားစံအိမ်သို့ တိုက်ရိုက် ပြန်သွားလိုက်ကြသည်။

လင်းရှန်သည် တံခါးပိတ်ကျင့်ကြံ၏။ ဟန်မူယဲ့ကတော့ ဓားစံအိမ်က ဓားများ၏ အခြေအနေနှင့် အမျိုးမျိုးသော မှတ်တမ်းစာအုပ်များကို စစ်ဆေးသည်။

“ဒီရက်ပိုင်းမှာ ဖုန်းရှို့တောင်ကနေ ဓားတချို့ ပြန်ပို့လိုက်တယ်။ ဓားတွေက သာမန်အဆင့်ပဲ ရှိတယ်”

လျှိုဟုန်က တိုးတိုးလေး ပြောသည်။

ယန်တင်းရှန် သေသွားပြီးနောက် ယန်မင်ရွှမ်သည် ကျင့်ကြံခြင်းနှင့် ပတ်သက်ပြီး ရူးသွပ်လာသည်။

သူ့ကို ဓားစံအိမ်ထဲ၌ များသောအားဖြင့် မတွေ့ရပေ။

ကျန်းမင်သည် ဆေးခန်းဆောင်သို့ မကြာခဏသွားပြီး ဓားစံအိမ်ထက် ထိုနေရာတွင် အချိန်ပိုဖြုန်းလေ့ရှိသည်။

ဟန်မူယဲ့က သူ့ကို လျစ်လျူရှုထားသည်။

ကျန်းမင်သည် စုကျန်းဆေးဆိုင်နှင့် ဂိုဏ်း၏ ‌ဆေးလုံးရောင်းဝယ်ခြင်းကို လတိုင်း ပြီးပြည့်စုံစွာ ဆောင်ရွက်နိုင်လျှင် အဆင်ပြေသည်။

သူက ကျန်းမင်ကို အတော်လေး အလုပ်များအောင် ခိုင်းစေထားပြီး ဖြစ်သည်။ ဟန်မူယဲ့က သူ့ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ရန် မလိုလားပေ။

မူလကတည်းက တိုးတက်လာသော ဓားစံအိမ်ကို ယခုအချိန်တွင်တော့ လျှိုဟုန်နှင့် လုကောတို့က စောင့်ကြပ်ကြသည်။

လုကောသည် တံခါးဝမှာ ရှိနေပြီး ဓားစစ်သည်စနစ်ကို အစွမ်းကုန်ကျင့်ကြံနေသည်။ သူက ဟန်မူယဲ့ကို သတင်းအမျိုးမျိုး စုဆောင်းရန်အတွက် ကူညီပေး၏။

လျှိုဟုန်က ဓားများကို သေချာဂရုစိုက်ထားသည်။ တစ်ခါတလေတွင်တော့ သူသည် တောင်အောက်သို့ ဆင်းလေ့ရှိသည်။

“ရှေ့တန်းကနေ သတင်းရထားတယ်။ ရှန့်ယန်မိစ္ဆာဂိုဏ်းရဲ့ လီမူပိုင်က ဖုန်းရှို့တောင်ကို သွားတယ်တဲ့။ အဲဒီနေရာမှာ ဖြစ်နေတဲ့ အငြင်းပွားမှုက သိပ်မကြာလောက်ဘူး”

လျှိုဟုန်က ပြောသည်။

လီမူပိုင်သည် တောင်ပိုင်းကုန်းမြေနှင့် ငြိမ်းချမ်းရေးဆွေးနွေးချင်နေကြောင်း ဟန်မူယဲ့ သိထားသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံသူအများစုအတွက် ငြိမ်းချမ်းရေးဆွေးနွေးခြင်းသည် ကောင်းမွန်သောကိစ္စတစ်ခု ဖြစ်သည်။

သို့ပေမဲ့ ထိုငြိမ်းချမ်းရေးအတွက် အနောက်ဘက်နယ်စပ်ကုန်းမြေသည် မည်သို့သောတန်ဖိုးအား ပေးရမည်ဖြစ်ကြောင်း မသိနိုင်ပေ။

တိမ်မြုံကမ်းပါးတိုက်ပွဲတွင် တောင်ပိုင်းကုန်းမြေသည် ဆုံးရှုံးမှုကြီးမားသော်လည်း သူတို့က တောင်ပိုင်းကုန်းမြေထက် သန်မာနေသေးသည်။

“စီနီယာအစ်ကိုဟန်၊ ဖုန်းလင်ဓားဂိုဏ်းမှာ လှုပ်ရှားမှုတချို့ရှိနေတယ်”

မျက်လုံးကို အနက်ရောင်ပဝါစဖြင့် စည်းထားပြီး ဘေးတွင် ရပ်နေသော လုကောက ပြောသည်။

လုကောက ဟန်မူယဲ့ကို နောက်ဆုံးရသတင်းများ ပြောပြနေ၏။

ဖုန်းလင်ဓားဂိုဏ်းခေါင်းဆောင် ကျန်းချန်သည် တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာ၏။ သူ့ကျင့်ကြံဆင့်မှာ တည်ငြိမ်နေပြီး ဒဏ်ရာများ သက်သာသွားပြီ ဖြစ်သည်။

ဖုန်းလင်ဓားဂိုဏ်း၏ အရှိန်အဝါက တစ်ဟုန်ထိုး မြင့်တက်လာနေသည်။ ကျန်းချန်သည် ဂိုဏ်းကြီးတချို့ကို ကိုယ်တိုင်သွားရောက်လည်ပတ်သည်။

“ဖုန်းလင်ဓားဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဂိုဏ်းကိုးဂိုဏ်းကို ပြန်ပြီးအဆင့်စီဖို့ လုပ်ဆောင်နေတယ်လို့ ပြောတယ်”

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းကိုးဂိုဏ်းတွင် ထိုက်ရွှမ်ဓားဂုဏ်းသည် ပျက်စီးသွားသောကြောင့် ဓားဂိုဏ်းလေးဂိုဏ်းတွင် တစ်ဂိုဏ်း မရှိတော့ပေ။

ယွမ်ထိုက်တာအိုဂိုဏ်းသည် အပြင်းအထန်ထိခိုက်ထားပြီး ဂိုဏ်းကိုးဂိုဏ်းထဲမှ အဆင့်ကျသွားမည့်ပုံပေါ်သည်။

အခြေအနေအရ ပြန်လည်စီစဉ်ခြင်းက သင့်တော်သော အကြံဖြစ်သည်။

ဖုန်းလင်ဓားဂိုဏ်းက ထိုသို့အကြံပြုလာသောအခါတွင် အင်အားကြီးဂိုဏ်းများက ဓားသွေးနေပေလိမ့်မည်။

ကံမကောင်းစွာဖြင့် ယန်တင်းရှန် သေဆုံးသွား၏။ ထိုသို့မဟုတ်လျှင် အလင်းတောင်ကုန်းဂိုဏ်းကလည်း အခွင့်အရေးရပေလိမ့်မည်။

“ယန်မင်ရွှမ်က အရူးလိုပဲ လေ့ကျင့်နေတယ်”

လုကောက ပြောသည်။

ဟန်မူယဲ့က သတင်းအချက်အလက်များအားလုံးကို နားထောင်ခဲ့ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အခြေအနေကို ခန့်မှန်းပြီးသောအခါတွင် ဓားစံအိမ်၏ တတိယထပ်သို့ တက်သွား၏။

သူက တင်ပျဉ်ခွေထိုင်ပြီး ဓားစံအိမ်၏ ကာကွယ်ရေးအစီအရင်ကို အသက်သွင်းလိုက်သည်။

သို့မှသာ သူက တောင်တန်းတာအိုဓားကို စိတ်အေးလက်အေး ထုတ်ကြည့်နိုင်မည်။

တောင်တန်းတာအိုဓားကို အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ရှစ်ဟမ်တာအိုဂိုဏ်းက အရင်းအမြစ်များစွာသုံး၍ သွန်းလုပ်ထားခြင်း ဖြစ်သည်။

ထိုဓားသည် ဂိုဏ်းတစ်ဂိုဏ်းလုံးကို သယ်ဆောင်ပြီး အာကာသထဲတွင် မိုင်ပေါင်းမရေမတွက်နိုင်အောင် ဖြတ်ကျော်၍ ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ရောက်လာ၏။

ကံမကောင်းစွာဖြင့် သူတို့သည် ဝမ်မော့ရှန်နှင့် ဓားဘုရင်ယွမ်ထျန်းတို့ကို ရင်ဆိုင်လိုက်ရသည်။

သူက ဓားကျိုးကို လက်မှာကိုင်ထားပြီး ဓားချီများ ထည့်သွင်းကြည့်လိုက်သည်။ ပုံရိပ်များ ဖျတ်ခနဲ ပေါ်လာသည်။

သူက အင်မော်တယ်ဝိညာဉ်ကမ္ဘာကို အနီးကပ် မြင်ရ၏။

မျက်နှာတစ်ထောင်သူတော်စင် ပြောသည့်အတိုင်း အင်မော်တယ်ဝိညာဉ်ကမ္ဘာကို မြင်လိုက်ရသောအခါတွင် ထိုနေရာသို့ ချက်ချင်းသွားလိုစိတ်တို့ ဖြစ်လာသည်။

ကျင့်ကြံခြင်း အဆင့်အတန်းမြင့်သော ကမ္ဘာတွင်သာ ထာဝရအသက်ရှင်သန်နိုင်ပေလိမ့်မည်။

ကံမကောင်းစွာဖြင့် တောင်တန်းတာအိုဓားသည် ကျိုးပဲ့နေပြီး သန့်စင်ရန် မဖြစ်နိုင်တော့ပါ။

သူက ကျန်နေသောအပိုင်းအစကို မည်သို့ရှာရမည်ကိုလည်း မသိပေ။

ဟန်မူယဲ့သည် ဓားစံအိမ်၏တတိယထပ်တွင် တစ်လကြာအောင် ကျင့်ကြံနေ၏။

ထိုတစ်လအတွင်းမှာ သူက ရရှိခဲ့သောအကျိုးအမြတ်များကို ခွဲခြားပြီး ကောင်းမွန်စွာကျင့်ကြံသည်။

သူသည် တောင်တန်းဓားထံမှ ဓားနည်းစနစ်အမွေအနှစ်များကိုလည်း ရရှိသည်။ သူက ထိုနည်းစနစ်ကို ဆန်းစစ်ပြီး ‘ဓားတစ်သောင်းတို့အိမ်အပြန်’ နည်းစနစ်ထဲတွင် ပေါင်းစပ်၏။

ထိုဓားနည်းစနစ်အသစ်၏ အားသာချက်သည် ပြိုင်ဘက်ကို ဝိညာဉ်စွမ်းအားဖြင့် ပစ်မှတ်ထားနိုင်ခြင်းဖြစ်သည်။ သူက ထိုအချက်ကို အသေအချာ လေ့လာထား၏။

သူက ဓားကို နောက်ပြန်ဆွဲထုတ်လျှင် ပိုမိုတိကျပြီး ကြမ်းတမ်းလာမည်ဟုလည်း ယုံကြည်ချက်ရှိသည်။

ဤတစ်လအတွင်း အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အခြေအနေက လျင်မြန်စွာ ပြောင်းလဲနေ၏။

ဖီးနစ်ဦးခေါင်းတောင်တွင် လီမူပိုင်က တစ်ကြိမ် တိုက်ခိုက်၏။

ကောင်းကင်ဘုံဒုတိယအဆင့်သို့ ရောက်နေသောကြောင့် သူသည် အစိမ်းရောင်ဝံပုလွေမျိုးနွယ်စု၏ တစ်ဦးတည်းသော ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူကို သတ်ဖြတ်လိုက်၏။

ထို့ကြောင့် အစိမ်းရောင်ဝံပုလွေမျိုးနွယ်စု၏ ကောင်းကင်ဘုံအဆင့် ကျွမ်းကျင်သူများအားလုံး သေဆုံးသွားပြီဟု သတ်မှတ်နိုင်သည်။

မျိုးနွယ်စုအတွင်းမှာ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ မရှိတော့သောအခါ အစိမ်းရောင်ဝံပုလွေကလန်မှာ တန်ဖိုးမရှိတော့ပေ။ သူတို့က တောင်ပိုင်းကုန်းမြေနှင့် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ညှိနှိုင်းမှုတွင် စတေးခံဖြစ်သွား၏။

အစိမ်းရောင်ဝံပုလွေကလန်ကို အနက်ရောင်ဝံပုလွေကလန်က လုယက်ခဲ့ပြီး ကြွယ်ဝမှုအများစုကို ယွမ်ထိုက်တာအိုဂိုဏ်းသို့ ပြန်ပေး၏။

တောင်ပိုင်းကုန်းမြေက အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးငါး‌သောင်းကို အနောက်ဘက်နယ်စပ်ကုန်းမြေအား ကျူးကျော်မှုလျော်ကြေးအနေဖြင့် ပေး၏။

အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးငါး‌သောင်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းများအတွက် များပြားလှသောပမာဏဖြစ်သည်။

ထိုအရာက စာချုပ်တွင် ပါသည့်အတိုင်း တောင်ပိုင်းကုန်းမြေ၏ ဆောင်ရွက်ချက်ဖြစ်သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေက တောင်ပိုင်းမိစ္ဆာများကို အနောက်ဘက်နယ်စပ်ကုန်းမြေသို့ ဝင်ရောက်ခွင့် ပြုရမည်။

မျိုးနွယ်စုများအားလုံး ရောက်မလာသေးသော်လည်း တချို့မျိုးနွယ်များမှာ ဖြည်းဖြည်းချင်း ရွှေ့ပြောင်းအခြေချမည် ဖြစ်သည်။

ထိုအရာက တောင်ပိုင်းကုန်းမြေပျက်စီးခြင်းနှင့် အလယ်ပိုင်းကုန်းမြေစစ်တပ်၏ ဖျက်ဆီးခြင်းအတွက် ကြိုတင်ပြင်ဆင်မှုဖြစ်သည်။

လီမူပိုင် ပြောသည့်အတိုင်း အနောက်ဘက်နယ်စပ်ကုန်းမြေသည် တောင်ပိုင်းကုန်းမြေနှင့် သေဆုံးသည်အထိ တိုက်ခိုက်သင့်သည်။ သို့ပေမဲ့ အလယ်ပိုင်းကုန်းမြေစစ်တပ်သည် တောင်ပိုင်းကုန်းမြေကိုသာ သိမ်းပိုက်ထားမည်ဟု မည်သူမှ သေချာပေါက်မပြောနိုင်ပေ။

စပါးစိမ်းတောင်ကုန်းတွင် ကောင်းကင်အတားအဆီးက ပျက်စီးသွား၏။ အလယ်ပိုင်းကုန်းမြေက အနောက်ဘက်နယ်စပ်ကုန်းမြေကို တိုက်ခိုက်ရန် ပြင်ဆင်လာနိုင်သည်။

ထိုအတွေးကြောင့် မရေမတွက်နိုင်သော အဆင့်နိမ့်ကျင့်ကြံသူများ ထိတ်လန့်နေကြသည်။

ကျင့်ကြံခြင်းလောက၏ ကိစ္စရပ်များကို ထိပ်တန်းပုဂ္ဂိုလ်များကသာ ဆုံးဖြတ်နိုင်ခြင်း ဖြစ်သည်။

ကျားကွက်ထဲက ကျားစေ့များသည် ကိုယ်ပိုင်ကံကြမ္မာကို ဆုံးဖြတ်ပိုင်ခွင့်မရှိ‌ပါ။

လီမူပိုင်သည် အောင်မြင်စွာဖြင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်လိုက်ပြီး ရှန့်ယန်မိစ္ဆာဂိုဏ်း၏ ဂုဏ်သတင်းမှာလည်း ဆတက်ပိုး မြင့်တက်လာသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ မိစ္ဆာကျင့်ကြံသူများသည် တာအိုဂိုဏ်းများအား ဖိနှိပ်နိုင်သကဲ့သို့ လွှမ်းမိုးနိုင်သောအငွေ့အသက်များ ထုတ်ပေး၏။

လင်တောက်တာအိုဂိုဏ်း၏ သတင်းများအရ ပထမအကြီးအကဲဝမ်ဟွားသည် နှစ်အနည်းငယ်ကြာသည်အထိ တံခါးပိတ်ကျင့်ကြံနေလိမ့်မည်။

ထို့ကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းများက ထိတ်လန့်လာကြသည်။

“ဆိုင်ရှင်ပိုင်၊ ဂိုဏ်းခေါင်းဆောင်လီမူပိုင်က အခု ကျော်ကြားနေပြီ။ ရှန့်ယန်မိစ္ဆာဂိုဏ်းကလည်း နာမည်ကြီးနေတယ်။ ထပ်မစဉ်းစားတော့ဘူးလား”

ဓားစံအိမ်၏ အပြင်ဘက်ရှိ အဆောင်ငယ်ထဲတွင် ဟန်မူယဲ့နှင့် ပိုင်စုကျန်းတို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

ဟန်မူယဲ့၏ စကားကို ကြားလိုက်ရသောအခါတွင် ပိုင်စုကျန်းက ခေါင်းညိတ်ပြီး တီးတိုးပြောသည်။

“ရှန့်ယန်မိစ္ဆာဂိုဏ်းက ကျွန်မကို ပြန်လာစေချင်နေတယ်”

‘တကယ်ပြန်သွားမှာလား’ သူ တွေးမိသည်။

ဟန်မူယဲ့က ပိုင်စုကျန်းကို ကြည့်သည်။

ပိုင်စုကျန်းနှင့် လီမူပိုင်၏ ဆက်ဆံရေးက အနည်းငယ် ရှုပ်ထွေးသည်။

သူတို့သည် သားအဖအရင်းများ ဖြစ်သော်လည်း လီမူပိုင်က ပိုင်စုကျန်း၏ မိခင်ကို မတော်တဆသတ်ခဲ့သောကြောင့် သူတို့အကြားတွင် ပြင်းထန်သော စိမ်းသက်မှုများ ရှိနေသည်။

ပိုင်စုကျန်းက ပိုင်မိသားစု၏ သမီးအကြီးဆုံးအဖြစ် သတ်မှတ်ထားပြီး ရှန့်ယန်မိစ္ဆာဂိုဏ်းသို့ ပြန်မသွားချင်ပေ။

“ဘာဖြစ်လို့လဲ စီနီယာအစ်ကို။ ကျွန်မနဲ့ မခွဲနိုင်ဘူးလား”

All Chapters