← Chapters

ဂိုဏ်းပေါင်းစုံပြိုင်ပွဲ

Vol. 18 Ch. 240

ဂိုဏ်းပေါင်းစုံပြိုင်ပွဲ

Vol. 18 Ch. 240

ဟန်မူယဲ့၏ အမူအရာကို မြင်လိုက်ရသောအခါတွင် ပိုင်စုကျန်းက ရှေ့တိုးလာကာ တခစ်ခစ်ရယ်သည်။

“ကျွန်မကို ထွက်မသွားစေချင်ရင် ကျွန်မ ဒီမှာပဲနေပါ့မယ်”

‘မိန်းကလေးပိုင်ကို အံ့ဖွယ်ကိုးပါးတောင်မှာ နေခိုင်းရမယ်လား’

‘ငါက ဘာဖြစ်လို့ လီမူပိုင်နဲ့ ရှန့်ယန်မိစ္ဆာဂိုဏ်းကို ရန်စရမှာလဲ’

ပိုင်စုကျန်းက ဟန်မူယဲ့အတွက် ဝိညာဉ်ကျောက်တုံးနှင့် ဝိညာဉ်ဆေးပင်အများအပြား ရှာပေးနိုင်သော်လည်း သူတို့က စီးပွားဖက်ထက်မပိုပေ။

သန့်စင်သော မိတ်ဆွေဆက်ဆံရေးဖြစ်သည်။

သူနှင့် ယန်ယင်တို့ ပူးပေါင်းပြီး အနောက်ဘက်နယ်စပ်ကုန်းမြေမှ နံပါတ်တစ်ပညာရှင်၏ ကိုယ်ပွားကို သတ်ဖြတ်လိုက်နိုင်သော်လည်း လီမူပိုင်ကို ရန်စနိုင်မည်ဟု မထင်ပေ။

ကိုယ်ပွားက ကိုယ်ပွားသက်သက်သာ ဖြစ်သည်။ ထိုကိုယ်ပွားသည် မူရင်းခန္ဓာကိုယ်၏ စွမ်းအား ၃၀ရာနှုန်းကိုပင် မပိုင်ဆိုင်ပေ။

ထို့အပြင် ဟန်မူယဲ့သည် မြေအောက်လိုဏ်ဂူထဲတွင် ယန်ယင်၏ဓားကို အသုံးပြုခြင်းကြောင့်မဟုတ်ပါက အခြေအနေက ထင်သလောက် မလွယ်ကူနိုင်ချေ။

ယန်ယင်သည် ခေါင်းဆောင်၏ဓား ဖြစ်သည်။

ခေါင်းဆောင်၏ နာမည်ကို သူ မသိပါ။ သူသည် ဓားဘုရင်ယွမ်ထျန်းနှင့် အမတ်ချုပ်ကြီးဝမ်မော့ရှန်၏ ဆရာဖြစ်ကြောင်းကိုသာ ဟန်မူယဲ့ သိသည်။

ထိုသို့သောလူမျိုး၏ ဓားက မည်မျှသန်မာကြောင်း ဟန်မူယဲ့ တွက်ဆနိုင်စွမ်း မရှိပါ။

သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ပိုင်စုကျန်းကို ပြုံးလျှက် ပြောသည်။

“မလုပ်ပါနဲ့။ အံ့ဖွယ်ကိုးပါးတောင်က ရှန့်ယန်မိစ္ဆာဂိုဏ်းနဲ့ မယှဉ်နိုင်ဘူး”

“မိန်းကလေးပိုင်က ပြန်သွားပြီး မိသားစုစီးပွားရေးကို ဆက်ခံလိုက်တာပိုကောင်းပါတယ်”

ထိုစကားကို ကြားလိုက်ရသောအခါတွင် ပိုင်စုကျန်းက စိတ်ပျက်သွားပုံရပြီး မျက်လုံးလှန်လိုက်သည်။

သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ သူမက တခစ်ခစ်ရယ်လျက်ပြောသည်။

“စီနီယာအစ်ကိုစိတ်မပူပါနဲ့။ ကျွန်မက ၂နှစ် ၃နှစ်အတွင်းမှာ ထွက်မသွားသေးပါဘူး”

“အနောက်ဘက်နယ်စပ်ကုန်းမြေက တောင်ပိုင်းကုန်းမြေနဲ့ ငြိမ်းချမ်းရေးယူခဲ့ပြီး အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးငါး‌သောင်းကို ရခဲ့တယ်။ ကျွန်မတို့စီးပွားရေးက တိုးတက်နေတယ်”

များပြားလှသော အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးများဖြင့်ဆိုလျှင် ဂိုဏ်းကို ပိုမိုသန်မာအောင် အားဖြည့်ကြပေမည်။

လတ်တလောတွင် တောင်ပိုင်းကုန်းမြေနှင့် စစ်ဖြစ်ထားသောကြောင့် ဂိုဏ်းအများအပြား အားလျော့နေကြသည်။ သူတို့က အင်အားဖြည့်ရန် တတ်နိုင်သမျှ ကြိုးစားကြမည် ဖြစ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက်လည်း အတူတူပင်ဖြစ်သည်။

ရွှေဓာတ်မျိုးဆက် မဟာအကြီးအကဲလု‌ဟောင် သေဆုံးသွား၏။ ဂိုဏ်းက ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျင့်ကြံသူတစ်ယောက် လျော့နည်းသွားသည်။ ရွှေဓာတ်မျိုးဆက်၏ ရွှေအမြုတေအဆင့် မဟာအကြီးအကဲများက အစွမ်းကုန်အားထုတ်ပြီး လု‌ဟောင်၏ နေရာကို ဖြည့်ဆည်းရန် ကြိုးစားနေကြသည်။

သို‌ပေမဲ့ ကျင့်ကြံခြင်းသည် တစ်ညတည်းဖြင့် ပြီးမြောက်နိုင်သောအရာ မဟုတ်ပါ။ အမြုတေဖွဲ့စည်းခြင်းအဆင့်နောက်ပိုင်း တိုးတက်မှုအနည်းငယ်သည်ပင် ဆယ်စုနှစ် ရာစုနှစ်များနှင့်ချီ၍ ကြာမြင့်တတ်သည်။

လက်ရှိအချိန်မှာ အမြုတေဖွဲ့စည်းခြင်း အဆင့်ရှစ်သို့ ရောက်နေကြသော အကြီးအကဲအများအပြားမှာ တံခါးပိတ်ကျင့်ကြံနေကြသည်။

ပိုင်စုကျန်း၏ အမူအရာက လေးနက်သွားပြီး တီးတိုးပြောသည်။

“ဒါနဲ့ တောင်ပိုင်ကုန်းမြေရဲ့လျော်ကြေးက များလွန်းတယ်။ ဂိုဏ်းတွေကြားမှာခွဲဝေရင် အပြောင်းအလဲတွေ အများကြီးရှိလာလိမ့်မယ်ထင်တယ်”

လီမူပိုင်သည် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဦးဆောင်သူ ဖြစ်သောကြောင့် ရှန့်ယန်မိစ္ဆာဂိုဏ်းက အကျိုးအမြတ် အများအပြားရ၏။

ဂိုဏ်းကြီးကိုးဂိုဏ်း၏ ခွဲဝေမှုသည် အကျိုးဆောင်မှုအပေါ်တွင် မူတည်မနေပေ။

ဖုန်းလင်ဓားဂိုဏ်း၏ ကျန်းချန်က ထိုအကြောင်းပြချက်ကြောင့် တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာခြင်းဖြစ်သည်။

များပြားလှသော ဝိညာဉ်ကျောက်တုံးများကြောင့် ဂိုဏ်းအများအပြားက ဂိုဏ်းကိုးဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်ရန် ပြိုင်ဆိုင်နေကြခြင်း ဖြစ်သည်။

“မိန်းကလေးပိုင်က တာဝန်ယူမထားဘူးလို့ မပြောနဲ့နော်”

ဟန်မူယဲ့က အသာအယာပြောသည်။

ယခင်က သူဖော်စပ်ထားသော အဆင့်မြင့်အရည်အသွေး‌ဆေးလုံးများကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ရန်သူဂိုဏ်းများသို့ မရောင်းချသင့်ကြောင်း ခံစားမိသည်။ သူက ဂိုဏ်းအတွက် စိတ်ပူနေစရာ မလိုကြောင်း ပိုင်စုကျန်းက ပြောသည်။

ယခုအချိန်တွင်လည်း အတူတူ ဖြစ်သည်။

ထိုဝိညာဉ်ကျောက်တုံးများအတွက် ဂိုဏ်းခေါင်းဆောင်ထို့ပါ့ချန်သည်သာ စိတ်ပူသင့်၏။

ဟန်မူယဲ့က ငြိမ်သက်စွာ ကျင့်ကြံပြီး ဆေးလုံးများကို ဖော်စပ်နေလျှင် ဝိညာဥ်ကျောက်တုံးများ အလိုလျောက်ရလာပေလိမ့်မည်။

သူက တခြားလူများ အသက်စွန့်ပြီးမှ ရနိုင်သော ဝိညာဉ်ကျောက်တုံးများကို ဆေးလုံးဖြင့် လဲလှယ်နိုင်သည်။ ထိုအရာက ကောင်းမွန်ကာ ဘေးကင်း၏။

“စီနီယာအစ်ကိုက အခု အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်မျိုးဆက်သစ် ဓားအင်မော်တယ်ဖြစ်နေပြီလေ။ ဒီကိစ္စကို လက်ရှောင်လို့မရတော့ဘူး”

ပိုင်စုကျန်းက ခေါင်းခါလျက်ပြောသည်။

သူတို့နှစ်ယောက်က ထိုကိစ္စကို ဆက်မပြောတော့ပေ။ ဟန်မူယဲ့က ပိုင်စုကျန်းကို ဝိညာဉ်ဆေးပင်များရှာပေးရန် ပြောသည်။

နဝင်းကိုးပါးတိမ်မြူရွှေကြာစေ့ကို ဖော်စပ်ရန် ဝိညာဉ်ဆေးပင် သိပ်မလိုတော့ပေ။

ပိုင်စုကျန်းက ခေါင်းညိတ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“စီနီယာအစ်ကို၊ ကျွန်မကို အဆင့်ငါးဆေးလုံး ဖော်စပ်ပေးနိုင်မလား”

‘ပဥ္စမတန်းစားဆေးလုံး’

“ကျောက်စိမ်းအရိုးဆေးလုံးလား”

ဟန်မူယဲ့က ပိုင်စုကျန်းကို ကြည့်သည်။

ပိုင်စုကျန်းက ခေါင်းညိတ်သည်။

ထို‌ဆေးလုံးသည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဟန်မူယဲ့သိထားသည့် တစ်ခုတည်းသော ပဥ္စမတန်းစားဆေးလုံးဖြစ်သည်။

ထိုဆေးလုံးသည် လူတစ်ယောက်၏ခွန်အားနှင့် ကျောက်စိမ်းအရိုး၏ လိုက်ဖက်မှုကို မြှင့်တင်ပေးနိုင်သည်။

ပိုင်စုကျန်းက လီမူပိုင်အတွက် ထိုဆေးလုံးကို တောင်းဆိုခြင်း ဖြစ်ပေလိမ့်မည်။

သို့ပေမဲ့ လီမူပိုင်အတွက်ဟု မပြောဘဲ သူမအတွက်ဟု ပြောသည်။

သူမအဖေနှင့် ဆက်ဆံရေးက အဆင်မပြေသောကြောင့် ထိုဆေးလုံးကိုသာ ရပါက ရှန့်ယန်မိစ္ဆာဂိုဏ်းတွင် သူမ၏အဆင့်အတန်းမှာ တည်ငြိမ်လာပေလိမ့်မည်။

ရှန့်ယန်မိစ္ဆာဂိုဏ်းသည် လတ်တလောတွင် ကျော်ကြားနေသောအချိန်အခါ ဖြစ်သည်။

“ဝိညာဉ်ဆေးပင်ရှိရင် ကျုပ် ဖော်စပ်ပေးနိုင်တယ်”

ဟန်မူယဲ့က ခဏတာမျှ တွေးတောပြီး ခေါင်းညိတ်သည်။ ထို့နောက် ဆက်ပြောသည်။

“ဒါပေမဲ့ အနည်းဆုံး သုံးနှစ်ကြာလိမ့်မယ်”

“ကျုပ်ကျင့်ကြံဆင့်က အခုအချိန်မှာ မလုံလောက်သေးဘူး။ ကျုပ်က ပဥ္စမတန်းစားဆေးလုံးရဲ့ ဆေးစွမ်းသက်ရောက်မှုကို မထိန်းချုပ်နိုင်မှာ စိုးရိမ်မိတယ်”

ပဥ္စမတန်းစားဆေးလုံး၏ ဆေးအာနိသင်က ကြွယ်ဝလွန်းသည်။ ဟန်မူယဲ့က လက်ရှိအချိန်တွင် မထိန်းချုပ်နိုင်ပေ။

နှစ်အနည်းငယ်အတွင်းမှာ သူ့ကျင့်ကြံခြင်းသည် အခြေခံအုတ်မြစ်အထွတ်အထိပ်အဆင့် သို့မဟုတ် ကမ္ဘာမြေအဆင့်သို့ ရောက်သွားပေလိမ့်မည်။ ထိုအချိန်တွင် သူက ပဥ္စမတန်းစားဆေးလုံးကို ဖော်စပ်ရန် ယုံကြည်ချက်အပြည့်အဝ ရှိသည်။

သူကလည်း ကျောက်စိမ်းအရိုးဆေးလုံးကို လိုချင်သည်။

သူ့မှာ ထိုဆေးလုံးရှိလျှင် ဓားအရိုးသိပ်သည်းမှုကို အရှိန်မြှင့်နိုင်မည်။ လင်းရှန်သည်လည်း ထိုဆေးလုံးဖြင့်ဆိုပါက ကောင်းကင်ဘုံအဆင့် ကျောက်စိမ်းအရိုးဖြင့် ပိုမိုလျင်မြန်စွာ ပေါင်းစပ်နိုင်ပေလိမ့်မည်။

“သုံးနှစ်”

ပိုင်စုကျန်းက တွက်ချက်ကြည့်လိုက်ပြီး တခစ်ခစ်ရယ်သည်။

“ကောင်းပြီ။ သုံးနှစ်ပေါ့ရှင်”

သူမတွင်လည်း ကျောက်စိမ်းအရိုးဆေးလုံးအတွက် လုံလောက်သောဝိညာဉ်ဆေးပင်များ မရှိသေးပေ။ သူမက ဖြည်းဖြည်းချင်း စုဆောင်းရန် လိုသေးသည်။

ပိုင်စုကျန်း ထွက်သွားသောအခါတွင် ဟန်မူယဲ့ ဓားစံအိမ်သို့ ပြန်လာ၏။ လျှိုဟုန်က သူ့ဆီသို့ ရောက်လာပြီးပြောသည်။

“စီနီယာအစ်ကို၊ ကျွန်တော် ပစ္စည်းကောင်းတစ်ခုတွေ့ခဲ့တယ်”

‘ပစ္စည်းကောင်းလား’

လျှိုဟုန်သည် တောင်ခြေရှိ မှောင်ခိုဈေးတွင် ဓားတစ်လက်တွေ့ထားကြောင်း ပြောပြသည်။

ထိုဓားသည် သာမန်ပုံစံဖြစ်သော်လည်း အထဲတွင် ထူးဆန်းသောစွမ်းအားတစ်ခု ရှိနေသည်။

“အဲဒါက အရမ်းထူးဆန်းတယ်။ အဲဒီဓားနဲ့ပတ်သတ်ပြီး ထူးဆန်းတဲ့အကြောင်းအရာကို ပြောမပြနိုင်ပေမဲ့ ထူးခြားမှန်းတော့ သိတယ်”

လျှိုဟုန်က လက်ဖြန့်လိုက်ပြီး ပြောသည်။

“ကျွန်တော်ဝယ်ချင်ပေမဲ့ ဆိုင်ရှင်က ဝိညာဉ်ကျောက်တုံးရှစ်ထောင်လို့ပြောတယ်။ ကျွန်တော်က ဈေးဆစ်ချင်လို့ မဝယ်ခဲ့ဘူး”

မှောင်ခိုဈေးတွင် သာမန်ဓားတစ်လက်ကို ဝိညာဉ်ကျောက်တုံးရှစ်ထောင်ပေး၍ ဝယ်ယူရန် မထိုက်တန်ပေ။

သူ မှားယွင်းသွားလျှင် ဝိညာဉ်ကျောက်တုံးရှစ်ထောင် ဆုံးရှုံးသွားပေလိမ့်မည်။

“တောင်ခြေမှာ ရှိတဲ့ မှောင်ခိုဈေးလား”

ဟန်မူယဲ့က ခဏတာမျှ စဉ်းစားလိုက်သည်။

“သိပ်မဝေးဘူးပဲ။ ငါ့ကိုလမ်းပြ”

လျှိုဟုန်၏ ပါရမီက အလွန်ထူးဆန်းသည်။ သူက ထူးခြားသောအရာများကို အာရုံခံနိုင်သည်။

ဥပမာအနေဖြင့် ကောင်းကင်ကပ်ဘေးကို တားဆီးခဲ့သော သားမွေးသည် ဟန်မူယဲ့ကို လျှိုဟုန်က ရှာပေးထားခြင်း ဖြစ်သည်။

သူတို့နှစ်ယောက် စကားပြောနေသောအချိန်တွင် လင်းရှန်၏အသံကို ကြားလိုက်ရသည်။

“စီနီယာအစ်ကိုကျောက်”

ကျောက်ဖူ…။

ကျောက်တုံးသုံးတုံးစံအိမ်ကို တာဝန်ယူထားသော ထို့ပါ့ချန်၏ တပည့်ကြီးဖြစ်သည်။

ဟန်မူယဲ့နှင့် လျှိုဟုန်တို့ အပြင်သို့ ထွက်သွားလိုက်ပြီး ကျောက်တုံးလှေကားရင်းတွင် မတ်တပ်ရပ်နေသော ခေါင်းတုံးကျောက်ဖူကို မြင်လိုက်ရသည်။

“စီနီယာအစ်ကိုဟန်ကို ဆရာက အံ့ဖွယ်ကိုးပါးခန်းဆောင်ဆီသို့ လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်”

ဟန်မူယဲ့ ထွက်လာသောကြောင့် လင်းရှန်ကို တီးတိုးစကားပြောနေသော ကျောက်ဖူက လက်သီးဆုပ်လျက် ပြောသည်။

‘သူ့ကိုဖိတ်ဖို့ ကျောက်ဖူကို လွှတ်လိုက်တာလား’

ကျောက်ဖူ၏ အဆင့်အတန်းသည် သာမန်မဟုတ်ပေ။

‘ကိစ္စကြီးတစ်ခုအတွက် ငါ့ကိုဖိတ်ဖို့ သူ့ကိုလွှတ်လိုက်တာလား’

သူ့မျက်နှာထားကို မြင်ရသောအခါတွင် ကျောက်ဖူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြောသည်။

“ဆရာက အသက်တစ်ရာအောက် ပင်မဂိုဏ်းတပည့်တွေကို ဆင့်ခေါ်လိုက်လို့ ငါ ရောက်လာတာ”

‘အသက်တစ်ရာအောက် ပင်မဂိုဏ်းတပည့်တွေကို ဆင့်ခေါ်တာကလည်း ကိစ္စကြီးပဲ’

ဟန်မူယဲ့က ခေါင်းညိတ်ပြီး ကျောက်ဖူနှင့်အတူ အံ့ဖွယ်ကိုးပါးတောင်ထွတ်သို့ သွားလိုက်သည်။

ခန်းဆောင်တွင် ရောက်နေသော တပည့်ငယ်များက လက်သီးဆုပ်၍ သူတို့ကို အရိုအသေပေးသည်။

တချို့က စီနီယာအစ်ကိုကျောက်ဟုခေါ်ပြီး တချို့က စီနီယာအစ်ကိုဟန်ဟု ခေါ်သည်။

ကျောက်ဖူက ထို့ပါ့ချန်၏တပည့်ဖြစ်သည်။ ထို့ပါ့ချန်က ယခုအချိန်မှာ ဂိုဏ်းကိုတာဝန်ယူထားသောကြောင့် ကျောက်ဖူ၏အဆင့်အတန်းက ချက်ချင်းမြင့်တက်လာသည်။

ဟန်မူယဲ့က ဓားစံအိမ်၏စောင့်ရှောက်သူဖြစ်သည်။ သူ့ကိုတွေ့သောလူတိုင်းက မည်သို့ပင်ဖြစ်စေ စီနီယာအစ်ကိုဟု ခေါ်ရပေလိမ့်မည်။

လူတိုင်းက ခန်းဆောင်ထဲသို့ဝင်သွားပြီး ဖြောင့်မတ်စွာထိုင်နေသော အကြီးအကဲများကို မြင်လိုက်ရသည်။ သူတို့က လျင်မြန်စွာ နေရာရှာပြီး ထိုင်ကြ၏။

ဟန်မူယဲ့က ခေါင်းမော့ကြည့်သည်။ အကြီးအကဲများအပြင် တိုက်ရိုက်တပည့်တချို့ကိုလည်း သူ မြင်ရသည်။

သို့ပေမဲ့ ဂိုဏ်း၏ မျိုးဆက်သစ် ပင်မလူငယ်ဂိုဏ်းသားများ ပြန်ရောက်မလာသေးပေ။

၁၅မိနစ်ခန့်ကြာသောအခါတွင် ထို့ပါ့ချန်က ခြေလှမ်းကျဲများဖြင့် ဝင်လာပြီး စားပွဲထိပ်က ထိုင်ခုံတွင် ထိုင်လိုက်သည်။

“အားလုံးပဲ။ ဒီနေ့အစည်းအဝေးက ဖုန်းလင်ဓားဂိုဏ်းအဆိုပြုတဲ့ ဂိုဏ်းကိုးဂိုဏ်း ပြန်ပြီး အဆင့်စီမယ့်ကိစ္စပဲ။”

ထို့ပါ့ချန်က ပတ်ဝန်းကျင်ကို ကြည့်လျှက် လေးနက်စွာ ပြောသည်။

“လက်ရှိသတင်းတွေအရ ဖုန်းလင်ဓားဂိုဏ်းခေါင်းဆောင် ကျန်းချန်က အင်အားစုတွေကိုလှုံ့ဆော်ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဂိုဏ်းကိုးဂိုဏ်းကို ပြန်စီဖို့လုပ်နေတယ်”

ထိုကိစ္စသည် လျှို့ဝှက်ချက်မဟုတ်ပေ။

ကျန်းချန်သည် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ ဖြစ်သည်။ ထူစွန်းရှစ် ထွက်သွား‌သောအခါတွင် မျက်နှာတစ်ထောင်သူတော်စင်သည် တံခါးပိတ် ကျင့်ကြံနေသည်။ ဖုန်းရှို့တောင်၏ လက်ရှိအခြေအနေကြောင့် သူနှင့် ဖုန်းလင်ဓားဂိုဏ်းကို ဆန့်ကျင်ရဲသူ သိပ်မရှိပေ။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကလည်း ဒီအတိုင်းထိုင်နေတာ မဟုတ်ဘူး”

လူတိုင်း၏ လေးနက်သောမျက်နှာထားကို မြင်လိုက်ရသောအခါတွင် ထို့ပါ့ချန်က ခပ်ဟဟရယ်သည်။

“ငါတို့က ယွမ်ထိုက်တာအိုဂိုဏ်း၊ ထိုက်ရီဓားဂိုဏ်း ပြီးတော့ တခြားဂိုဏ်းကြီးတွေနဲ့ ပူးပေါင်းထားတယ်”

“နောက်ဆုံးမှာ ငါတို့က ဂိုဏ်းကိုးဂိုဏ်းကို ပြန်ပြီးအဆင့်စီဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အသက်တစ်ရာအောက် ပင်မဂိုဏ်းတပည့်တွေ ယှဉ်ပြိုင်ရမယ်”

All Chapters