← Chapters

အခန်း(၁၉)

Vol. 2 Ch. 19

အခန်း(၁၉)

Vol. 2 Ch. 19

ယေဘုယျ အားဖြင့် ပြောရရင် လီဆန်းဟီ  သင်ကြား ပေးတာတွေက တကယ်ကို အသုံးဝင် ပါတယ်။ ဒါပေမဲ့ ဒီအရာတွေကို လီဖူချန်းက သားရဲမိစ္ဆာ တွေနဲ့ တိုက်ကတည်းက ကောင်းကောင်း သဘောပေါက်ပြီ သွားပြီ။

မိစ္ဆာ သားရဲတွေက ပုန်းကွယ်ရာမှာ တော်ပြီး အလျင်အမြန် အလစ်ဖမ်း တိုက်ခိုက် နိုင်တယ်လေ။  မင်း သူတို့နဲ့ ရင်ဆိုင် ရတော့မယ် ဆိုရင် ဖြစ်နိုင်သမျှ နည်းလမ်းတွေကို အကုန် တွေးထားဖို့ လိုမယ်။

လီဖူချန်းရဲ့ စိတ်ဝိညာဉ် အားက အရမ်း ကောင်းတာကြောင့် အနည်းငယ် ကြည့်လိုက်တာနဲ့ အဲ သားရဲမိစ္ဆာရဲ့ အားနည်းချက်ကို မြင်နိုင်တယ်။

ဒီလို ကိစွတွေက ရှင်းပြရတော့ အတော် ခက်ခဲပါတယ်။

တချို့ကတော့ ဒါကို မွေးရာပါ တိုက်ခိုက်ရေး အာရုံလို့ ခေါ်တယ်။

ယန်ကလန် က ယန်ခိုင်ကလည်း မွေးရာပါ တိုက်ခိုက်ရေး အာရုံကောင်းတဲ့ လူငယ်လေးပါ။   သူက တစ်ချက်တည်းနဲ့ အဆင့်တစ် အလယ်အလတ် အဆင့်   မိစ္ဆာသားရဲတွေကို သတ်နိုင်တယ်လေ။

ယုံဝူးမြို့ရဲ့ ရာစုနှစ် ပါရမီရှင် ကောင်းရှုဆို ပိုပြီး ပါရမီ ပါလာသေးတယ်။

သူ့ကိုဘယ်သူမှ နည်းပေးလမ်းပြ လုပ်တာ မလိုပဲနဲ့  ကောင်းကောင်း တိုက်ခိုက်နိုင်တယ်။

လီဖူချန်းရဲ့ လက်တွေ့ တိုက်ခိုက်ခြင်း ကလည်း တစ်ဖြည်းဖြည်းနဲ့ ပိုလို့တောင် ကောင်းလာခဲ့ပြီ။ သူ့ စိတ်ဝိညာဉ်က အစိမ်းနုရောင် ပြောင်းလာတာနဲ့ အမျှပေါ့။

***

နောက်တစ်နေ့ မှာတော့ လီဖူချန်း က  လီဆန်းဟီ ဆီကို မသွားတော့ဘူး။ သူ့ အသိစိတ်က ကျောက်စိမ်းနီ ဓားသိုင်းကို လေ့ကျင့်ဖို့ ပိုအားသန်နေတယ်။ ပြီးတော့ လီဆန်းဟီ သင်တာကလည်း  သူသိပြီးသား အရာတွေ ပဲလေ။

" ဦးလေး ဆန်းဟီ။ လီဖူချန်း က ဒီနေ့ မလာဘူး။"

လီကလန်ရဲ့ တပည့်တစ်ယောက်က လီဆန်းဟီကို တိုင်လိုက်တယ်။ လီဆန်းဟီက မျက်နှာ မည်းသွားပြီး

" သူမလာတာ ငါ အချိန် ပိုတောင် သက်သာ သေးတယ်။ လီဟောင်ကိုင်၊ လီရှန်းတုံ ကောင်းကောင်း ကြိုးစားပြီး ပြိုင်ပွဲမှာ ဒီကောင့်ကို အနိုင်ယူပြ လိုက်စမ်း။ အဲအချိန်  ကျရင် သူ့မျက်နှာ ဘယ်လို ဖြစ်နေမလည်း ဆိုတာ ငါမြင်ချင်တယ်" ။

ကျောက်စိမ်းနီ ဓားသိုင်းက တကယ်ပဲ လေ့ကျင့်ရတာ ခက်ခဲလွန်းတယ်။ သာမန် အားဖြင့် လူတစ်ယောက်ဟာ လူသား နယ်ပယ် အဆင့် ခုနစ်ကို မရောက်ပဲနဲ့  ဒီဓားသိုင်းရဲ့ အနှစ်သာရကို ရအောင် လေ့ကျင့်နိုင်မှာ မဟုတ်ဘူး။

ပြီးပြည့်စုံခြင်း အဆင့်ကို ရဖို့ ဆိုရင်တော့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် နားအထိ ရောက်နေမှ ဖြစ်မယ်။

" ငါနားလည်ပြီ။ ကျောက်စိမ်းနီ ဓားသိုင်းရဲ့ အဓိက အားသာချက်က ရန်သူရဲ့ ဟာကွက်တွေကို လိုက်ပြီး တိုက်ခိုက် နိုင်တာပဲ။

ရက် အနည်းငယ်လောက်  လေ့လာပြီးတဲ့ နောက်မှာတော့  လီဖူချန်းက ကျောက်စိမ်းနီ ဓားသိုင်းရဲ့ ပထမဆုံး ဓားကွက်ကို အနည်းငယ်လောက် အသုံးပြု လာနိုင်တယ်။

ပထမဆုံး ဓားကွက် နာမည်က -

" ကျောက်စိမ်းနီ ထိချက်"

သိုင်း ပညာရပ်တိုင်းက သူတို့ရဲ့ ကိုယ်ပိုင် အားသာချက် ကိုယ်စီ ရှိကျတယ်။

လောင်စမ်း။

ကျောက်စိမ်းနီ ဓားသိုင်းရဲ့ အတွင်းအားတွေ ဖြည့်ထားတဲ့ သံမဏိဓားဟာ မီးလောင်နေတဲ့ ဓားတစ်လက်လို ဖြစ်နေပြီး သစ်ပင်ပေါ်က ကြွေကျလာတဲ့ သစ်ရွက်တွေဟာ ရုတ်တရက် လောင်ကျွမ်း ကျကုန်တယ်။

" ဒါက အဝါရောင် အဆင့်မြင့် ဓားသိုင်းရဲ့ အစွမ်းပဲလား"

လီဖူချန်းက ရိုသေ လေးစားမှု အပြည့် နဲ့  ကျောက်စိမ်းနီ ဓားသိုင်းရဲ့ တီထွင်သူကို  ရှိခိုး ကန်တော့ လိုက်တယ်။

***

ဒီလိုနဲ့ပဲ ပါရမီရှင် ပြိုင်ပွဲ ကျင်းပဖို့ အချိန်ကလည်း သုံးရက်လောက်ပဲ လိုပါတော့တယ်။

အဓိက ကလန်ကြီးတွေရဲ့ တပည့်တွေဟာ လေ့ကျင့် သင်ကြားမှုတွေ အောက်မှာ အပြင်းအထန် လေ့ကျင့် နေကြတယ်။

" ယန်ခိုင် … မင်းရဲ့ တိုက်ခိုက်မှု အပိုင်းက ငါတို့ထက် အများကြီး သာလွန်နေပြီ။ မင်း မိုးပြာရောင်ဂိုဏ်းကို ရောက်သွားရင်တော့ အပြင်စည်းတွေ ထဲက အတော်ဆုံး တစ်ယောက် ဖြစ်လာမှာ အသေအချာပဲ။

ယန်လီ နဲ့ ယန်ကျန်းက ယန်ခိုင်ရဲ့ ပါရမီ အစွမ်းတွေကို  သတိပြုမိ ကြတယ်။သူတို့က ဘေးကနေ အနည်းငယ် ထောက်ပြ လိုက်တာနဲ့ ယန်ခိုင်က အဲဒီ သိုင်းကွက်ကို ပို အစွမ်းထက်အောင် အသုံးပြုလာ နိုင်တယ်လေ။ ယန်ခိုင် အခုချိန်မှာ သာမန်ပဲ ဖြစ်နေသေးပေမဲ့ နောင်တစ်ချိန်မှာ သူတို့ကို ကျော်သွားမယ့် အလားအလာ ရှိတယ်လေ။

ဒါကြောင့် သူတို့က ယန်ခိုင်ကို မြှောက်ပင့် ဖားယား နေကြတယ်။ယန်ခိုင်က မောက်မာစွာဖြင့်

" ကောင်းရှု လုပ်နိုင်တဲ့ အရာ မှန်သမျှကို ငါလည်း လုပ်နိုင်တယ်။တစ်နေ့ မှာ မိုးပြာရောင် ဂိုဏ်းက ငါ့ကို မရွေးပဲ ကောင်းရှုကို ရွေးတဲ့ ဆုံးဖြတ်ချက်ဟာ မှားတယ် ဆိုတာကို သက်သေ ပြလိုက်မယ်။"

***

ကောင်းကလန် မိစ္ဆာသားရဲ လေ့ကျင့်ရေး ကွင်းပြင်။

" ဝေါင်း"

သတ္တုလက်သည်း ဝံပုလွေ က သူ့ ဒူးတွေကို ကွေးလိုက်ပြီး မြားတစ်စင်းကဲ့သို့ အရှိန်ဖြင့် ကောင်းဖန်ဆီ ပြေးထွက်သွားတယ်။ သူ့ရဲ့ တစ်မီတာလောက် ရှည်တဲ့ လက်သည်းကို အသုံးပြုလိုက်ပြီး ကောင်းဖန်ကို ကုတ်ဆွဲလိုက်တယ်။

" ကလင်.. ကလန်.. ထန်ထန်"

သူတို့ နှစ်ယောက်က ထိပ်တိုက် တွေ့ဆုံတဲ့ အချိန်မှာ ကောင်းဖန်က ဓားချက် သုံးချက်ကို တစ်ဆက်တည်း ထုတ်သုံး လိုက်တယ်။ အဲဓားချက် သုံးချက်ထဲက တစ်ချက်က  သတ္တုလက်သည်း ဝံပုလွေ ရဲ့ လည်ပင်းကို ထိုးဖောက် သွားတယ်။

" လီဖူချန်း ငါ မင်းကို သိက္ခာ ကျအောင် ဘယ်လို လုပ်ရမလည်း ဆိုတာ ပါရမီရှင် ပြိုင်ပွဲကျမှ ကောင်းကောင်းကြီး သင်ပေးဦးမယ်။ "

ကောင်းဖန်က ကြိမ်းဝါး လိုက်တယ်။

***

မရေမတွက်နိုင်တဲ့ ပါရမီရှင် လူငယ်တွေဟာ ယုံဝူး မြို့တစ်ဖွဲဖွဲကို ရောက်လာခဲ့ကျပြီ။

ဒီ ပါရမီရှင်တွေက ယုံဝူးမြို့နဲ့ နီးစပ်ရာ မြို့တွေက ဖြစ်ကျတယ်။ ယုံဝူးမြို့ရဲ့ အနီးအနားမှာ  ကလန်ငယ်လေးတွေ အများအပြား ရှိတယ်။  အဲ ကလန်တိုင်းဟာ ယုံဝူး မြို့မှာ အခြေစိုက်ဖို့မျှော်လင့်နေကြတယ်။အရင်တုန်းက ရှိတဲ့ အဓိက ကလန်ကြီး လေးခုဟာ အခု ရှိနေတဲ့ ကလန်ကြီးတွေ မဟုတ်ဘူးလေ။အခု အဓိက ကလန်ကြီးတွေတောင် ဒီနေရာကို ယူခဲ့သေးတာ သူတို့မှာလည်း ကြိုးစားခွင့် ရှိတယ်လေ။

" ကလန်ကြီး လေးခုမှာ ဆေးပေါင်းတစ်ထောင် ဆေးရည်ကန် ခြောက်ခု ရှိတယ် ဆိုတော့ ပြင်ပခွန်အား အရမ်းကောင်းတဲ့ တပည့်ခြောက်ယောက်က ဒီနှစ်ပြိုင်ပွဲမှာ ဝင်ပြိုင်မှာပေါ့။ အဲ ခြောက်ယောက်က ဘယ်သူတွေပါလိမ့်။"

" မင်းကလည်း သတင်းရတာ နှေးလိုက်တာ။ သူတို့ ခြောက်ယောက်က ယန်ကလန်က ယန်ခိုင်နဲ့ ယန်ဟို။ ရှန်းတု ကလန်က ရှန်းတုကျူး နဲ့ ရှန်းတုလျှန်။ ကောင်းကလန်က ကောင်းဖန် နဲ့ လီကလန်က လီယွန်ဟိုင် တို့ပဲ။ ယန်ခိုင်က အဲ ခြောက်ယောက်ထဲမှာ အတော်ဆုံးပဲ။

" စိတ်ဓာတ် ကျစရာ ပဲကွာ။ အဓိက ကလန်ကြီးတွေမှာ ကျတော့ ဆေးရည်ကန်တွေ ရှိပြီး ငါတို့မှာ ကျတော့ ဘာမှ မရှိဘူး။ သူတို့ကို အနိုင်ယူဖို့ ဆိုတာ တကယ် မလွယ်တဲ့ ကိစ္စပဲ။

"ဒီလောက ကြီးမှာ မျှတမှု ဆိုတာ ဘယ်မှာ ရှိလို့လဲ။ အင်အား ကြီးသူက စားစတမ်း ပဲလေ။ငါတို့တွေလည်း ယုံဝူးမြို့က အဓိက ကလန်ကြီး ဖြစ်လာခဲ့ရင် ငါတို့လည်း ဒီလို ဆေးရေကန်တွေ လုပ်နိုင်မှာပဲ။ဒါကြောင့်မလို့ ငါတို့ ကလန်ငယ်လေး တွေက မိုးပြာရောင်ဂိုဏ်း ဝင်ခွင့်ရဖို့ ကြိုးစား နေကျတာပေါ့။ အဓိက ကလန်ကြီးတွေ ကလည်း ငါတို့လို ကလန်ငယ်လေးတွေက လူတွေကို လွယ်လွယ်နဲ့ နေရာ ဖယ်ပေးမယ် ထင်လို့လား"

“ဟေးမင်းက ဘယ်ဘက်ကလည်း။ ဘာကြောင့် အဓိက ကလန်ကြီးတွေဘက်ကနေ ပြောပေးနေရတာလည်း"

" ငါက ဘယ်ဘက်ကမှ မဟုတ်ဘူး။ ဒီလောကကြီးထဲမှာ ရှင်သန်ချင်ရင် မင်းကိုယ်တိုင်က အင်အားကြီးအောင် လုပ်ရမယ် ဆိုတာကို ပြောပြချင်ရုံ သက်သက်ပဲ။ "

ဒီစကားကို ပြောလိုက်တဲ့ သူက အသက် ၁၅ နှစ်အရွယ်  လူငယ်လေး တစ်ယောက် ဖြစ်တယ်။ သူ့ရဲ့ မေးရိုးတွေက လေးထောင့် ကျကျဖြစ်နေပြီး တည်ကြည်ပြီး ဆုံးဖြတ်ချက် ခိုင်မာမည့် ပုံက အထင်းသား ဖြစ်နေတယ်။ သူ့ရဲ့ ပါးပြင်တွေနဲ့ လည်ပင်း တစ်ဝိုက် တွေမှာ လက်သည်း ကုတ်ရာတွေနဲ့ ပြည့်နှက် နေတယ်။ ကြည့်ရတာ မိစ္ဆာသားရဲ တော်တော်များများ နဲ့ တိုက်ခိုက်ဖူး ခဲ့သည့်ပုံပင်။

" မင်းက ဟီပင်း လား"

လူအုပ်ထဲက အပြာရောင်ဝတ်စုံနဲ့ လူငယ်က ထို အမာရွတ်တွေ နှင့် လူငယ်ကို မှတ်မိ သွားပုံရသည်။

ဟီပင်းဆိုတာ ယုံဝူးမြို့ရဲ့ မြောက်ဘက် နယ်မြေက ကျော်ကြားတဲ့ ပါရမီရှင် လူငယ်တစ်ယောက် ဖြစ်တယ်။ အရင်တုန်းက သူ့ရဲ့ ကလန်က အဓိက ကလန်ကြီးလေးခု  နဲ့ အပြိုင် တန်ခိုး ထွားခဲ့ပေမဲ့  အခုတော့ ပျက်စီးလု နီးပါး ဖြစ်နေခဲ့ပြီ။

" ဟီပင်း… ငါက စီဖေး ပါ။ နောက်ဆုံးတော့ မင်းကို တွေ့ဖူး ခဲ့ပြီပေါ့။ပြိုင်ပွဲ ရောက်ရင် မင်းနဲ့ ယှဉ်ချင်ပါသေးတယ်။

ကောလဟာလတွေ အတိုင်း မင်းက အစွမ်းထက်ဖို့ မျှော်လင့် ပါတယ်။

ဟီပင်းရဲ့ နာမည်ကို ကြားလိုက်ရတဲ့ အခါ စူးရှတဲ့ မျက်လုံး အစုံနဲ့ ဆံပင်ရှည်ကို ချထားတဲ့ လူငယ် တစ်ယောက်က ထွက်လာခဲ့တယ်။

" စီဖေး"

ဟီပင်းက ခေါင်းကို မော့ပြီး ဆံပင်ရှည်နဲ့ လူငယ်ကို ကြည့်လိုက်တယ်။

စီဖေးက  ယုံဝူး မြို့ရဲ့ တောင်ဘက်ပိုင်းက  ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ဖြစ်တယ်။ ကောလဟာလတွေ အရတော့ သူက လူသား နယ်ပယ် အဆင့်က သူခိုးဓားပြ အတော်များများကို သတ်ဖြတ်ခဲ့ပြီး သူ့ရဲ့  သိုင်းကွက်တွေက အရမ်း ရက်စက်လွန်းတယ်လို့ နာမည်ကြီးတယ်။

***

All Chapters