အခန်း(၂၀)
Vol. 2 Ch. 20
ပြိုင်ပွဲ ကျင်းပဖို့ နှစ်ရက်သာ လိုတော့သည်။
ယခု အချိန်မှာတော့ လီဖူချန်းက ကျောက်စိမ်းနီ ဓားသိုင်းရဲ့ ပထမ အကွက်ကို ကောင်းကောင်းကြီး နားလည် တတ်ကျွမ်း သွားခဲ့ပြီ။ အကြို ပြီးပြည့်စုံခြင်း အဆင့်ထိ ရောက်အောက်တောင် လေ့ကျင့ နိုင်ခဲ့ပြီလေ။
" သခင်လေး သတိထားပါ။ "
လီကလန်ရဲ့ လေ့ကျင့်ရေး ကွင်းထဲမှာတော့ လီကလန်က ကိုယ်ရံတော် တစ်ယောက်ဖြစ်တဲ့ လီဒါချန်က လီဖူချန်းကို တိုက်ခိုက် လိုက်တယ်။ လီဒါချန် က လူသားနယ်ပယ် အဆင့်ရှစ်ကို ရောက်နေတဲ့ စစ်သည်တော် တစ်ယောက် ဖြစ်တယ်။
ဓားချက်က မိုးကြိုးတစ်စင်း ပစ်ချ လိုက်သလိုပဲ။ ဒီနေရာမှာ တစ်ခြား လူသားနယ်ပယ် အဆင့်ခြောက်က သူဆိုရင် သူ့ဓားချက်ကို ကာကွယ်နိုင်မှာ မဟုတ်ပဲ တစ်ခါတည်း ရှုံး သွားနိုင်တယ်။
လီဖူချန်းကတော့ ရယ်ရယ်ပြုံးပြုံးဖြင့် သူ့ခါးက ဓားကို ဆွဲထုတ်လိုက်ပြီး ပြန် တိုက်ခိုက် လိုက်တယ်။
" ထန်"
လီဒါချန်းက သူ့ အတွင်းအားနဲ့ လီဖူချန်းရဲ့ ဓားကို ဖိနှိပ်ဖို့ ကြိုးစား လိုက်တယ်။ ဒါပေမဲ့ သူ့ဓားက သူ့ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိမနေတာကို အံ့အားသင့်ဖွယ် သိလိုက်ရတယ်။ လီဖူချန်းက သူ့ဓားကို ကောင်းကောင်းကြီး ထိန်းချုပ်ထားတယ်။
" ဘာတွေဖြစ်နေတာလည်းဟ"
လီဒါချန် က ကြောင် သွားတယ်။
" မင်း ရှုံး ပြီ"
လီဖူချန်း က လီဒါချန် ရဲ့လည်ပင်းကို ချိန်ထား လိုက်တယ်။
" လီဒါချန်က အံ့သြစွာ ဖြင့်
"သခင်လေး…သခင်လေးက ကျောက်စိမ်းနီ ဓားသိုင်းကို လေ့ကျင့်ထား ပြီးပြီပေါ့"
သူ သိထား သလောက် အရဆိုရင် တစ်ဖက်လူရဲ့ ဓားကို ထိန်းချုပ်ပြီး ဟာကွက်တွေ ပေါ်အောင်
လုပ်နိုင်တာက ကျောက်စိမ်းနီ ဓားသိုင်းပဲ ရှိတာလေ။
" ကောင်းကောင်းတော့ မလေ့ကျင့်ရ သေးပါဘူး။ ပထမ သိုင်းကွက်ပဲ တတ်သေးတယ်။"
လီဖူချန်းက ပြန်ဖြေ လိုက်တယ်။
'ပထမ သိုင်းကွက်'
ဟုတ်လား။
လီဒါချန်က လီဖူချန်းကို မျက်လုံးကြီး ပြူးပြီး ကြည့်နေခဲ့တယ်။
ဒီ ဓားသိုင်းက လူသားနယ်ပယ် အဆင့်ခုနစ် ရောက်မှ လေ့ကျင့်လို့ ရတဲ့ အဝါရောင် အဆင့်မြင့် ဓားသိုင်းလေ။
လီဖူချန်းက ဒါကို လူသားနယ်ပယ် အဆင့်ခြောက်နဲ့ လေ့ကျင့် နိုင်တယ်။
" ဒီကိစ္စကို လျို့ဝှက် ထားဖို့ မမေ့နဲ့။
" လီဖူချန်းက သတိပေး လိုက်တယ်။
" ကျွန်တော် နားလည်ပါတယ် သခင်လေး"
လီဒါချန်ရဲ့ မျက်နှာ ပေါ်မှာတော့ စိတ်လှုပ်ရှားမှု တွေက အပြည့်ပဲ။ ဘယ်သူမှ မမျှော်လင့်ထားတဲ့ သခင်လေးမှာ ဒီလိုဝှက်ဖဲ တစ်ခု ရှိနေမယ်လို့ ဘယ်သူက သိနိုင်မှာလည်း။ လီဖူချန်းသာ မိုးပြာရောင် ဂိုဏ်းထဲ ဝင်ခွင့်ရခဲ့ရင် သူရဲ့ သိုင်းကျင့်ဖော် အဖြစ် လေ့ကျင့်ခဲ့တဲ့ သူကလည်း ကလန်ထဲမှာ အဆင့် တက်လာ နိုင်တယ်လေ။
ဒါပေမဲ့ သူမသိတာ တစ်ခုကတော့ လီဖူချန်းက ကျောက်စိမ်းနီ ဓားသိုင်းကို ပါရမီရှင် ပြိုင်ပွဲအတွက် ရည်ရွယ်ပြီး လေ့ကျင့်ခဲ့တာ မဟုတ်ဘူး ဆိုတာပဲ။
***
"အကြီးအကဲချန် … ယုံဝူးမြို့က ကြိုဆိုပါတယ်"
ယုံဝူး မြို့စားရဲ့ ဝင်ပေါက်မှာ မြို့စား ရှန်းတုကျန်းဟီက လှိုက်လှိုက်လှဲလှဲနဲ့ အပြာရောင် အဘိုးအိုကို ကြိုဆို လိုက်တယ်။
" မြို့စား ရှန်းတု … လာကြိုတဲ့ အတွက် ကျေးဇူးတင်ပါတယ်"
အဘိုးအိုက အသက် ခြောက်ဆယ်လောက် ရှိပြီး အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ နောက်ကျောတွင် အဖြူရောင် ဓားပါးလေး တစ်လက်ကို လွယ်ထားတယ်။
" အကြီးအကဲ ချန် … ဒီဘက်ကို ကြွပါ။"
ရှန်းတု ကျန်းဟီက ဧည့်ခန်းဆောင်ကို ဦးဆောင် လမ်းပြပြီး ခေါ်သွားတယ်။
ဧည့်ခန်းဆောင် ထဲမှာတော့ ရှန်းတုကျန်းဟီက အကြီးအကဲနဲ့ မျက်နှာချင်းဆိုင် ထိုင်နေတယ်။
ဒီ ဝတ်ရုံအပြာနဲ့ အကြီးအကဲက ချန်ဇောင်မင်း ဖြစ်တယ်။
လက်ဖက်ရည် ကို တစ်ကျိုက်လောက် သောက်ပြီးတဲ့ အခါမှာတော့ ဖြည်းညင်းစွာ ပြောလိုက်တယ်။
" ယုံဝူး မြို့က ဒီနှစ်တွေ အတွင်းမှာ ကောင်းကောင်း လုပ်နိုင် ခဲ့တာပဲ။
ကြယ်လေးပွင့် အဆင့် အရိုး တည်ဆောက်ပုံ နဲ့ လူတစ်ယောက် ကိုတောင် ရှာပေးနိုင်ခဲ့တယ်။
ရှန်းတုကျန်းဟီ က ခေါင်းညိတ်ပြီး သဘောတူလိုက်တယ်။
" အဲ ကလေးမ ကောင်းရှု က တကယ် ပါရမီ ကောင်းမွန် လွန်းတယ်။ ကျွန်တော်တို့ ရှန်းတုကလန်မှာ သူမလို ပါရမီရှင် မရှိတာ စိတ်ပျက်စရာ ပဲဗျာ "
ကောင်းကလန်မှာ ဒီလိုမျိုး ပါရမီရှင် ထွက်ပေါ်လာတဲ့ အတွက် ရှန်းတုကျန်းဟီ က ကောင်းကလန်ကို တကယ်လည်း မနာလိုဖြစ်မိတယ်။
ချန်ဇောင်မင်းက လေးနက်စွာနဲ့ ပြောလိုက်တယ်။
" သူမက သာမန် ကြယ်လေးပွင့် အဆင့် အရိုး တည်ဆောက်မှု ရှိတဲ့သူ မဟုတ်ဘူး။ ငါသာ မင်းနေရာ မှာဆိုရင်တော့ ကောင်းကလန်နဲ့ ရင်းနှီး ကျွမ်းဝင်ဖို့ ကြိုးစား ထားမှာပဲ။
" အို … အကြီးအကဲ ချန်က ဘာကြောင့် ဒီလို အကြံပေးချင်ရတာလည်း"
ရှန်းတုကျန်းဟီက သိချင်စိတ် ပြင်းပျစွာနဲ့ မေးလိုက်တယ်။
ချန်ဇောင်မင်းက ရှင်းပြလိုက်တယ်။
" ကောင်းရှု က သာမန် ကြယ်လေးပွင့် အဆင့် အရိုး ပိုင်ရှင် မဟုတ်ဘူး။ သူမရဲ့ အရိုး တည်ဆောက်ပုံက ကြယ်ငါးပွင့် အဆင့်ကို မီလုနီးပါးပဲ။ သူမရဲ့ ပါရမီနဲ့ ဆိုရင် အပြင်စည်း ထိပ်ဆုံး ကျောင်းသား နှစ်ဆယ်ထဲ ကိုတောင် မကြာမီ ရောက်သွား နိုင်တယ်။
" ကြယ်ငါးပွင့် အဆင့်ကိုတောင် မီလုနီးပါး ဆိုတော့ ကြယ်လေးပွင့် အထူး အရိုး တည်ဆောက်ပုံပေါ့"
ရှန်းတုကျန်းဟီ က လန့်သွားတယ်။
အထူး အရိုး တည်ဆောက်ပုံ တွေက အမျိုးမျိုး ရှိသေးတာ ဖြစ်တယ်။
ဥပမာ နေမင်း အရိုး။
မိုးကြိုး အရိုး။
မီးတောက် ကြယ် အရိုး။
မြေကမ္ဘာ အရိုး တို့ပေါ့။
ထို အရိုး ပိုင်ရှင်တွေက သူတို့ အထူးပြုတဲ့ အရိုး ပေါ်မူတည်ပြီး ကျင့်စဉ် ကျင့်ရာမှာ ပို လျင်မြန်စွာ တိုးတက်ကျတယ်။
ဥပမာ နေမင်း အရိုးကို ပိုင်ဆိုင်ထားတဲ့ သူတွေက အပူ ပညာရပ်တွေကို လေ့ကျင့် ရာမှာ သာမာန် လူတွေထက် ပိုထူးချွန် တယ်။
သိပ်မကြာခင် နှစ် အနည်းငယ် အတွင်းမှာပဲ ကောင်းရှု က သူ့ရဲ့ မြို့စား ရာထူးထက် ပိုအဆင့်မြင့် သွားနိုင်တယ်လေ။
မိုးပြာရောင် ဂိုဏ်းရဲ့ တိုက်ရိုက် တပည့် ဖြစ်သွားရင် ယုံဝူးမြို့သား ဆိုတာကို သူမ မျက်လုံးထဲမှာ ရှိတော့မှာပင် မဟုတ်ချေ။
“ကောင်းကင်ဘုံက ဒီ ကောင်းကလန်ကို တကယ် ကောင်းချီးပေးထားတာပဲ"
ချန်ဇောင်မင်းက ရယ်လျက်
" တစ်ချို့ အရာတွေက အတင်း လုပ်ယူလို့ မရဘူးလေ။ဘဝဆိုတာ လှည်းဘီး တစ်ခုလိုပဲ။ အကောင်းပြီးရင် အဆိုး လာမှာပဲ။
နောက်ထပ် နှစ် ၃၀ လောက်ကြာရင် ဘယ်သူက ယုံဝူးမြို့ကို ဦးဆောင်မလည်း ဆိုတာ မသိနိုင်သေးပါဘူး။
ဆယ်ကျော်သက် ဘဝထဲ က မိုးပြာဂိုဏ်းထဲ ဝင်ခဲ့တဲ့ ချန်ဇောင်မင်းက
ကျရှုံးသွားတဲ့ ပါရမီရှင်တွေ အမြောက်အများကို မြင်ခဲ့ ဖူးတယ်လေ။
" ကံကောင်းစွာပဲ ကျွန်တော်က ကောင်းကလန်နဲ့ ဆက်ဆံရေး ကောင်းကောင်း တည်ဆောက် ထားနိုင်ခဲ့တယ်။ ဒီကိစ္စအတွက် နဲ့တော့ စိတ်မပူပါနဲ့ အကြီးအကဲချန်… "
ရှန်းတုကျန်းဟီက ပြောလိုက်တယ်။
အမှောင်ထုက တစ်ဖြည်းဖြည်းနဲ့ ယုံဝူး မြို့ကို လွှမ်းခြုံ သွားနေတယ်။
ဒါပေမဲ့ လူအားလုံး ကတော့ မနက်ဖြန် ကျရောက်လာမယ့် ပါရမီရှင် ပြိုင်ပွဲအတွက် ရင်ခုန်စွာနဲ့ စောင့်မျှော် နေကြတယ်။ ကလန်တစ်ခု အောင်မြင်မလား ကျဆုံးမလား ဆိုတာ ကတော့ မနက်ဖြန် ကျင်းပမယ့် ပြိုင်ပွဲအပေါ် လုံးဝ မူတည် နေတယ်လေ။
***
လီကလန် ………
လီဖူချန်းက ကြယ်ရောင်စုံနေတဲ့ ကောင်းကင်ကြီးကို မော့ပြီး ကြည့်နေ မိတယ်။
ကြယ်တွေ အားလုံးက တောက်ပနေကြပြီး ကောင်းကင်ထက်မှာ အပြိုင်အဆိုင် ထွန်းလင်း နေကြတယ်။
" ဘယ်ကြယ်က ငါ့ကို ကိုယ်စားပြု ပါလိမ့်"
လီဖူချန်းကတော့ ကောင်းကင် ကြယ်ကြီးကို ကြည့်ပြီး အတွေး ဝင်နေမိတယ်။
" ကြည့်ရတာ ဘယ် ကြယ်ကမှ ငါ့ကို ကိုယ်စားပြုမယ့်ပုံ မရှိဘူး။ ရတယ်လေ။ ဘယ်ကြယ်မှ
ငါ့အတွက် မရှိရင်လည်း ငါကိုယ်တိုင် ငါ့ရဲ့ ကြယ်ကို ထွန်းလင်း လိုက်မယ်။
***