အပိုင်း(၅၃၉)
Vol. 36 Ch. 539
ရှစ်ဖုန့်စကားပြောပြီးနောက် ကောင်းကင်ထက်၌ရှိနေသော အဖြူရောင်တစ္ဆေလက်သည်းကြီး
ကရုတ်တရက်ဖျစ်ညှစ်လိုက်သည်။ ရုတ်တရက်ညအမှောင်ထုအတွင်း စူးစူးဝါးဝါးနာကျင်စွာအော်ဟစ်သော
အသံတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
ရှင်းယောင်မြို့အတွင်း ထိုက်မိသားစု၏ အကြီးဆုံးသားဖြစ်သူ ကြယ်လေးပွင့်သူတော်စင်နယ်ပယ် ထိုက်ရှန့်တစ်ယောက် ကျဆုံးသွားခဲ့ပြီဖြစ်သည်။
အဖြူရောင်တစ္ဆေလက်သည်းကြီးက ထိုက်မိသားစုအကြီးဆုံးသားဖြစ်သူ၏ အသက်အးယူဆောင်သွားခဲ့သည်။ ငရဲဘုံကိုးခု တစ္ဆေလက်သည်းက ထိုက်ရှန့်အား မှုန့်မှုန့်ညှက်ညှက်ကြေအောင်ချေမွ
ဖျက်ဆီးပစ်လိုက်၏။ လတ်ဆတ်သောသွေးများက ငရဲဘုံကိုးခု တစ္ဆေလက်သည်းမှ မိုးကဲ့သို့ရွာသွန်းလာပြီး ညကောင်းကင်ယံထဲမှကျဆင်းလာသည်။ ထို့နောက် သူတို့အားလုံးက ရှစ်ဖုန့်ထံသို့ လွင့်မျောဝင်ရောက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း အားလုံးရှစ်ဖုန့်၏ညာလက်ဖဝါး
အတွင်းစုပ်ယူခံလိုက်ရ၏။
ထိုက်ရှန့်၏ သေခြင်းစွမ်းအင်၊သွေးနှင့်ဝိညာဉ်တို့အား
ဝါးမျိုပြီးနောက်တွင် ရှစ်ဖုန့်ကထိုက်မိသားစုဝင်များအား
ထပ်မံကြည့်လိုက်၏။
ထိုက်လုံသတ်ဖြတ်ခြင်းအစီအရင်၏
တန်ပြန်ရိုက်ခတ်မှုအားခံစားခဲ့ကြရသော ထိုက်မိသားစုဝင်များမှာ ထိုက်ကလန်အတွင်းရှိ မြင့်မားသောအဆောက်အဦးများ
၏ခေါင်းမိုးထက်၌ ဖြူဖျော့စွာဖြင့် ထိုက်နေကြဆဲဖြစ်သည်။
ရှစ်ဖုန့်ကသူတို့အားကြည့်နေသည်ကို
တွေ့ရသောအခါတွင် ထိုက်ကလန်မှလူအများစုမှာ ပြင်းထန်စွာထိခိုက်ထားသောသူတို့အနေဖြင့် ထိုက်ရှန့်ထက်ပိုမိုကောင်းမွန်ခြင်း
မရှိသောကံကြမ္မာအား ရင်ဆိုင်ရတော့မည်ကိုသဘောပေါက်
လိုက်ကြသည်။
သို့သော် ထိုက်မိသားစုဝင်များထက်ထိုက်ရှန့်
အားမနှစ်သက်သောသူဟူ၍မရှိချေ။ သူတို့အားလုံးက ထိုက်မိသားစု၏ရန်သူဖြစ်သောရှစ်ဖုန့်အားစိမ်းစိမ်းဝါးဝါးကြည့်နေကြသည်။
“ပေါင်းပင်ကိုအမြစ်ကနေပြီးမရှင်းထုတ်ရင် နွေဦးလေပြေတိုက်ခတ်လာတဲ့အခါမှာသူတို့ထပ်ပြီးကြီးထွားလိမ့်မယ်”
ထိုက်မိသားစုဝင်သုံးဆယ်အားကြည့်၍ ရှစ်ဖုန့်က ဖြည်းညှင်းစွာပြောလိုက်သည်။ သူ၏သာယာကြည်လင်သောအသံက ရှင်းယောင်မြို့တစ်ခွင်ပဲ့တင်ရိုက်
ခတ်သွားသည်။
ရှစ်ဖုန့်၏အသံအားကြားလိုက်ရသောအခါတွင် သူ၏စကားနောက်ကွယ်မှအဓိပ္ပါယ်အားလူများနားလည်လိုက်ကြ၏။ များစွာသောသူတို့မှာ သူတို့တစ်ကိုယ်လုံးကြက်သီးမွှေးညှင်းထမှုကိုခံစားလိုက်ရသည်။ ၎င်းကရိုးရှင်းသောစကားတစ်ခွန်းဖြစ်
သော်လည်း ယင်းက ရှစ်ဖုန့်အနေဖြင့် ထိုက်မိသားစုအားအမြစ်ပျက်သုတ်သင်လိုခြင်းကိုဆိုလိုခြင်းပင်ဖြစ်သည်။ သူကမည်သူ့ကိုမျှအသက်ရှင်လျက်မထားလိုပေ။
“ဒါက ..သူ့ကိုဆန့်ကျင်တာနဲ့ မိသားစုတစ်ခုလုံးကို သုတ်သင်ပစ်ချင်တာပဲ.. ဒါက သူဟာ တိုက်ခိုက်ဖို့ကိုစိတ်ပိုင်းဖြတ်ထားတဲ့ရက်စက်တဲ့သူတစ်ဦးပဲ”
“ဒီလူက အရမ်းကြောက်ဖို့ကောင်းတာပဲ..ငါတို့သူ့ကို ဆန့်ကျင်လို့မရဘူး. မဟုတ်ရင် ငါတို့တစ်မိသားစုလုံးပါ ပက်သက်ငြိစွန်းရလိမ့်မယ်”
တစ်စုံတစ်ယောက်က ရှစ်ဖုန့်အားကြည့်၍တီးတိုးရေရွတ်လိုက်သည်။
“ဒီည ရှင်းယောင်မြို့ကထိုက်မိသားစုလုံး ဝသုတ်သင်ခံရတော့မှာလား..”
တစ်စုံတစ်ယောက်မှာ ယနေ့ညဖြစ်ပျက်မှုများအား ယုံကြည်နိုင်ခြင်းမရှိသေးချေ။ ဤသည်ကား ရှင်းယောင်မြို့မှ ထိုက်မိသားစုဖြစ်သည်။
“နာယကကြီး ကျုပ်တို့ဘာလုပ်ကြမလဲ. နာယကကြီး . ကျုပ်ရဲ့ထိုက်မိသားစုက ဒီညတကယ်ပဲအဆုံးသတ်တော့မှာလား.. ဒီလိုဆိုရင် ကျုပ်တို့ရဲ့ဘိုးဘေးတွေကို ဘယ်လိုမျက်နှာပြရမလဲ”
ရှစ်ဖုန့်လျှောက်လှမ်းလာနေသည်အား
ကြည့်ရင်း ထိုက်မိသားစုဝင်များအားလုံးက နာယကထိုက်စွေနား၌ ဝိုင်းလိုက်ကြသည်။ ထိုက်စွေ၏ရာထူးက နာယကသာဖြစ်သော်လည်း သူတို့၏စိတ်ထဲ၌ ထိုက်စွေမှာမိသားစုခေါင်းဆောင်သစ်
နှင့်မခြားနားပေ။
အကယ်၍ထိုက်စွေသာယနေ့ညမသေ
ဆုံးခဲ့လျှင် ထိုက်မိသားစု၏ခေါင်းဆောင်ဟူ
သောနေရာအားဆက်ခံနိုင်မည့်ပုံပေါ်သည်။
သို့သော် သူတို့ထံသို့တစ်လှမ်းချင်းလျှောက်
လှမ်းလာနေသည့် ဤကဲ့သို့ရက်စက်သောသူနှင့်ရင်ဆိုင်ရချိန်တွင် သူနှင့်အခြားသောထိုက်မိသားစုဝင်များအတွက် ရှင်သန်နိုင်ခွင့်အခွင့်အရေးက တုန်လှုပ်ဖွယ်ကောင်းအောင်လွန်စွာ
သေးငယ်သည်မှန်းထိုက်စွေသိသည်ဖြစ်သည်။
ထိုက်ကလန်၌ဤအကြင်နာမဲ့သောသူအား ခုခံရန် ဘာစွမ်းအားမှထပ်ပြီးရှိမနေတော့ချေ။ သူတို့အနေဖြင့်၎င်းအား သူတို့အားသတ်ဖြတ်ခွင့်ကိုသာ
ပြုနိုင်သည်ဖြစ်သည်။
“နာယကကြီးကျုပ်တို့ဘာလုပ်ကြမလဲ ကျုပ်တို့ရဲ့ထိုက်ကလန်…ကျုပ်တို့တကယ်ပဲဒီလိုမျိုးပျက်စီးရတော့မှာလား..”
တစ်စုံတစ်ယောက်က ဝမ်းနည်းသောအမူအယာဖြင့်ပြောလိုက်သည်။
“ငါ့ရဲ့ထိုက်ကလန်..ဟူး..ငါ့ရဲ့ထိုက်ကလန်…”
အချို့သောလူများက သူတို့၏ခေါင်းကိုမော့၍ ရှေ့ရှိညကောင်းကင်ယံနှင့် နောက်ရှိညကောင်းကင်ယံတို့
အားကြည့်လိုက်သည်။ သူတို့၏မျက်လုံးများအားဖြည်း
ညှင်းစွာပိတ်လိုက်ပြီးသူတို့၏
မျက်လုံးထောင့်တို့မျက်ရည်စီး
ကြောင်းနှစ်ခုကျဆင်းလာသည်။
ဤသည်ကား လွန်စွာသန်မာပြီးပြတ်သား
သောယောက်ျားသားတစ်ဦးဖြစ်သည်။ ထိုကဲ့သို့သောလူက ငိုကြွေးရန်မှာစိတ်ကူးကြည့်ဖို့ပင်
ခက်ခဲသည်ဖြစ်၏။
သို့သော်သူတကယ်ငိုကြွေးခဲ့သည်။ ယောက်ျားတစ်ယောက်က နက်ရှိုင်းစွာနာကျင်မှုကြောင့်
မဟုတ်ဘဲအလွယ်တကူ
ငိုကြွေးလိမ့်မည်မဟုတ်ပေ။
ထိုက်မိသားစုဝင်များကြားထဲတွင် မမြင်နိုင်သော ဝမ်းနည်းကြေကွဲမှုခံစားချက်တစ်ခုက ဖြစ်ပေါ်နေသည်။
“ဟူး”
ဤအချိန်တွင် အိုမင်းပြီး ဝမ်းနည်းမှုတို့ပြည့်နေသော သက်ပြင်းချသံတစ်ခုအား လူအုပ်ထဲမှ ကြားရနိုင်သည်ဖြစ်၏။ သက်ပြင်းချသောသူက ထိုက်မိသားစု၏ နာယကကြီးထိုက်စွေပင်ဖြစ်သည်။
ထိုက်စွေသက်ပြင်းချပြီးနောက် သူ၏အိုမင်းသောမျက်နှာထက်၌ ဝမ်းနည်းမှုတို့ပြည့်နေပြီး သူ့ဖာသာသူတီးတိုးရေရွတ်လိုက်သည်။
“ထိုက်စမ်…မင်းတကယ်သား
ကောင်းနှစ်ယောက်ကိုမွေးခဲ့တာပါလား… အကြီးဆုံးသားဖြစ်တဲ့ထိုက်ရှန့်က တကယ်တမ်းအောက်တန်းကျတဲ့ကောင်ဖြစ်နေတယ်..ဒီည ရှင်းယောင်မြို့မှာထိုက်မိသားစု အားလုံး မျက်နှာပျက်ရတယ်”
“ဒုတိယသား ထိုက်ခက် ပြဿနာကို မီးထွန်းရှာဖို့ပဲသိတယ်ကောင်..ဘယ်လိုဖြစ်ပြီး ရက်စက်တဲ့သူကိုမှ သူအာရုံစွဲဆောင်ခဲ့ရတာလဲ.
ဒီသူတောင်းစားကြောင့်ငါတို့ထိုက်မိသားစု ပျက်စီးရတော့မယ်.. ထိုက်စမ်..အိုး ထိုက်စမ်… မင်းမှာဘာမျိုးဆက်မှမရှိတော့တာထိုက်တန်ပါတယ်..ဒါပေမဲ့..မင်း..မင်းနဲ့အတူ ထိုက်မိသားစုတစ်ခုလုံးကိုပါ ဆွဲထည့်သွားတယ်..
မင်းဆယ်ကြိမ်မကတောင်သေဖို့ထိုက်တန်တယ်…မင်းထိုက်မိသားစုရဲ့ခေါင်း
ဆောင်ဆိုတာနဲ့ထိုက်တန်ပါပေရဲ့”
ထိုက်စွေကသူ့ဟာသူရေရွတ်နေသော်လည်း ထိုက်မိသားစုဝင်အားလုံးသူ
ပြောသည်အားကြားသည်ဖြစ်သည်။ အားလုံးကသက်ပြင်းရှည်ကြီးကိုသာချ၍ တိတ်ဆိတ်နေကြ၏။
ဤအချိန်တွင်ထိုက်မိသားစုဝင်များမှာ သူတို့၏မျိုးဆက်အချို့အနေဖြင့် ထိုက်မိသားစုမှခိုးကာထွက်ပြေးခွင့်ရခဲ့ပြီး ထိုက်မိသားစုမျိုးဆက်အတွက်
ရှင်းယောင်မြို့မှ ထွက်ခွာသွားရန်ကိုသာသူတို့မျှော်လင့်မိသည်။
“ငါ့ရဲ့ရှင်းယောင်မြို့မှာ ဘယ်ကောင်ကလာမောက်မာနေတာလဲကွ..
ရှင်းယောင်မြို့ကချူးမိသားစုကို မင်းကဘာထင်နေတာလဲ”
သို့သော်ဤအချိန်တွင် ခန့်ညားသော ကြိမ်းဝါးသံတစ်ခုအားညကောင်း
ကင်ယံထဲ၌ကြားလိုက်ရသည်။
ထို့နောက် အလန်းတန်းများက ညကောင်းကင်ယံအားတည့်တည့်ထိုး
ခွင်းရဲ့ဥက္ကာပျံကဲ့သို့ ထိုက်ကလန်ထံတည့်တည့်လာနေသည်ကို လူများတွေ့လိုက်ရ၏။
“ချူးမိသားစု ..အဲ့တာချူးမိသားစုပဲ”
ဤအချိန်တွင် ရှင်းယောင်မြို့အနောက်ဘက်ရှိလူအုပ်ထံမှ အုတ်အုတ်ကျတ်ကျတ်အသံများ
ထွက်ပေါ်လာသည်။
ရှင်းယောင်မြို့၏နံပါတ်တစ်အင်အားစုဖြစ်သော ချူးမိသားစုရောက်ရှိလာ့ပြီဖြစ်သည်။
“ခုဏကအသံက ချူးမိသားစုခေါင်းဆောင် ချူးကျူးရဲ့အသံပဲ.. ချူးမိသားစုခေါင်းဆောင်လာနေပြီ”
“ချူးမိသားစုနဲ့ ထိုက်မိသားစုက ညီအကိုတွေလိုလို့ပြောကြတယ်..အခု ထိုက်မိသားစု ဒုက္ခရောက်နေတော့ ချူးမိသားစုခေါင်းဆောင်တောင်
ကိုယ်တိုင်လာတယ်”
“ဒီတစ်ကြိမ်ပွဲကောင်းတစ်ခုကြည့်ရအုံးမှာပဲ… ဒီအကြင်နာမဲ့တဲ့သူ ချူးမိသားစုကိုဖျက်ဆီးပစ်နိုင်မလား
ဆိုတာကိုကြည့်ကြတာပေါ့”
“ချူးမိသားစုကိုဖျက်ဆီးတာလား. ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ..မင်းက ချူးမိသားစုကိုအများကြီးလျှော့တွက်နေတာပဲ.. မင်းကချူးမိသားစုခေါင်းဆောင် ချူးကျူးကို လျှော့တွက်နေတာပဲ. ချူးမိသားစုခေါင်းဆောင် ချူးကျူးက တွေးမမီနို်ငတဲ့အဆင့်ကို ရောက်နေပြီလို့ပြောကြတယ်. ချူးကျူးဘယ်လောက်သန်မာတယ်ဆိုတာကို ဘယ်သူမှမသိကြဘူး”
အကယ်၍ ချူးကျူးသာ ငါတို့ထျန်းလျန်အင်ပါယာရဲ့ထိပ်
တန်းကျွမ်းကျင်သူဆယ်ယောက်နဲ့
တိုက်ခိုက်ရင် သူက ထိပ်ဆုံးဆယ်ယောက်စာရင်း
ထဲတောင်ဝင်လောက်တယ်”
ချူးကျူးရောက်ရှိလာမှုနှင့်အတူ ဦးတည်ချက်ပေါင်းစုံမှစောင့်ကြည့်
သူများက ထပ်မံ၍ တက်တက်ကြွကြွစတင်ဆွေး
နွေးလိုက်ကြသည်။
“ချူးမိသားစု”
အစောကအသံအားကြားလိုက်ရပြီး ဘယ်သူဆိုသည်ကိုပါကြားရသောအခါတွင် ရှစ်ဖုန့်သူ၏လမ်းကြောင်းအားရပ်တန့်လိုက်ပြီး ခေါင်းမော့၍ ကောင်းကင်ထဲသို့ကြည့်လိုက်သည်။ သူက ညကောင်းကင်ယံအား ဖြတ်သန်းလာနေသော အလင်းတန်းများကိုကြည့်လိုက်သည်။
ရှေ့ဆုံးမှပျံသန်းလာနေသောရွှေရောင်အလင်းတန်းအား ရှစ်ဖုန့်ကြည့်၍ ထိုလူ၏ကျင့်ကြံမှုက ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်
အဆင့်သို့ရောက်နေသည်ကို ရှစ်ဖုန့်မြင်နိုင်သည်ဖြစ်သည်။
“တကယ်ကိုနောက်ထပ်ကြယ်
ကိုးပွင့်သူတော်စင်နယ်ပယ်တစ်ဦးရှိနေတာပဲ”
ဤသည်မှာ ရှစ်ဖုန့်ထျန်းလျန်အင်ပါယာ
သို့ရောက်ရှိကတည်းက ဒုတိယအကြိမ်မြောက်တွေ့ရသောကြယ်ကိုးပွင့် သူတော်စင်နယ်ပယ်ဖြစ်သည်။
“ချူးမိသားစု..ချူးမိသားစု
ဒီကိုရောက်လာပြီ.. .ငါတို့..
ငါတို့ထိုက်မိသားစု ကယ်တင်ခံရပြီ”
“ဟုတ်တယ် ..ငါတို့ကယ်တင်ခံရပြီ.. ထိုက်မိသားစု ငါတို့ထိုက်မိသားစု ဖျက်ဆီးမခံရတော့ဘူး”
ထိုက်မိသားစုမှလူများကလည်း
ခေါင်းများကိုမော့၍ ညကောင်းကင်ယံထဲသို့ကြည့်လိုက်ကြသည်။ ညကောင်းကင်ယံအားထိုးခွင်
ပျံသန်းလာနေသောအလင်းတန်းများကိုကြည့်၍ သူတို့၏မျက်နှာများထက်၌ ကပ်ဘေးမှရှန်သန်ရသော ပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်နေသည်။
“လူအိုကြီးချူး… လူအိုကြီးချူး ..ဟားဟား ..ခင်ဗျားနောက်ဆုံးတော့ရောက်လာပြီပဲ.
.ခင်ဗျားသာမလာရင် ကျုပ်ကို ဘယ်တော့မှခင်ဗျားတွေ့
ရတော့မှာမဟုတ်ဘူး..”
ညကောင်းကင်ယံအားကြည့်၍ ထိုက်မိသားစု၏နာယကကြီး ထိုက်စွေကလည်း ရယ်မောလိုက်သည်။သူ၏ စကားလုံးများမှတစ်ဆင့် သူနှင့်ချူးမိသားစုမှချူးကျူးတို့၏ဆက်ဆံရေးကမည်မျှကောင်းမွန်သည်ကို ကြားနိုင်သည်ဖြစ်သည်။
ဆက်ရန်……..
ဘာသာပြန်သူ-ARISE