အခန်း(၂၂)
Vol. 2 Ch. 22
နံပါတ်တစ် မဲပြားကို ဆွဲမိတဲ့ လူငယ်နှစ်ယောက်စလုံးက လူသားနယ်ပယ် အဆင့် ၅ တွေ ဖြစ်ကြတယ်။
တစ်ယောက်နဲ့ တစ်ယောက် အရမ်းထိခိုက်မှု တွေ မဖြစ်ရအောင် သစ်သားဓားတွေကိုပဲ ကိုင်ဆောင်ခွင့် ပေးထားပါတယ်။
ဒီသစ်သားဓားတွေက အရမ်းထူးဆန်းတဲ့ သစ်သားတစ်မျိုးနဲ့ လုပ်ထားတာ ဖြစ်ပြီး ကီလိုဂရမ် ၁၀၀၀ လောက်ကို ခံနိုင်ရည်ရှိပါတယ်။ ပြီးတော့ လူငယ်လေးတွေရဲ့ ရင်ဘတ်မှာလည်း ထူထဲတဲ့ ချပ်ဝတ်တန်ဆာတွေ တပ်ဆင်ပေးထားတယ်။ ဒါမှ သေစေနိုင်လောက်တဲ့ တိုက်ခိုက်မှုတွေနဲ့ တိုက်ခိုက်ခံရရင် ခံနိုင်ရည်ရှိမှာလေ။
" ထန် ထန် "
လူငယ်နှစ်ယောက်က တိုက်ပွဲစတာနဲ့ ဓားချင်း ယှဉ်ပြိုင် တိုက်ခိုက် လိုက်ကြတယ်။
***
ဒီလိုနဲ့ပဲ ယှဉ်ပြိုင်မှု အများအပြား ပြီးဆုံးသွားခဲ့ပြီ။ ပွဲကြည့်ပရိသတ်တွေရဲ့ အမြင်မှာတော့ အဓိက ကလန်ကြီးတွေရဲ့ တပည့်တွေက တခြား ပြိုင်ပွဲဝင်တွေ ထက်ကို သိသိသာသာကြီး အစွမ်းထက်နေတယ်။
အခုချိန်ထိ ထွက်ပေါ်နေတဲ့ ရလဒ်တွေအရဆိုရင် အဓိက ကလန်ကြီးတွေရဲ့ တပည့်တွေ တစ်ယောက်မှကို မရှုံးေသးပါဘူး။
" မဲနံပါတ် ၁၅။ စင်ပေါ် လာကြပါ။"
ဒိုင်လူကြီးရဲ့ အသံ ကြားလိုက်ပြီးတာနဲ့ ဆံပင်အရှည်ကို ချထားတဲ့ လူငယ်တစ်ယောက်နဲ့ လီဟောင်ကိုင်က စင်ပေါ်ကို တက်လာကျတယ်။
လီဟောင်ကိုင်က ယုံကြည်မှုအပြည့် ရှိသည့်ဟန်ဖြင့် တစ်ဖက်လူအား ရှုတ်ချလိုက်သည်။
" မင်းကတော့ ငါနဲ့ ကျတဲ့အတွက် ကံမကောင်းဘူးပဲ"
လီဆန်းဟီရဲ့ လေ့ကျင့်ပေးမှုတွေ အပြီးမှာတော့ သူက အဓိက ကလန်ကြီးက တပည့်တွေကလွဲပြီး ဘယ်သူမှသူ့ကို ယှဉ်နိုင်မယ်လို့ မထင်ဘူးလေ။
" ဟ ဟ။ မင်းက တုံးတာလား အတာလား ဒါမှမယုတ် ဘဝင်မြင့်လွန်းတာလား ငါတော့ မခွဲတတ်တော့ဘူး "
စီဖေးက အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်တယ်။
" အဲဒါ ဘယ်သူလဲကွ။ အဲဒီကောင်က အရမ်း ဘဝင် မမြင့်လွန်းဘူးလား။ သူက တောက်ဘက်ပိုင်းက မိစ္ဆာစီဖေးကိုတောင် အထင်သေးရဲတယ်"
" သူက လီကလန်က လီဟောင်ကိုင်လေ"
" သြော် … ဒါကြောင့်ကိုး။ လီကလန်က လူတွေက ဘာမှ အသုံးကျတာလည်း မဟုတ်ပဲနဲ့ လေကြီးလေကျယ် ကတော့ တကယ်ပြောနိုင်တာပဲ"
လီဟောင်ကိုင်ရဲ့ အပြုအမူက လူအားလုံးကို ရွံရှာစေတယ်။ ဧည့်သည် ပွဲကြည့်စင် ပေါ်မှာတော့ လီရှန်းယန်ရဲ့ မျက်နှာက တော်တော်ပျက်နေတာကို တွေ့မြင်နိုင်တယ်။ အကဲဖြတ် စင်မြင့်ပေါ်မှာတော့ လီဆန်းဟီက သရော်လိုက်သည်။
" ဒီလူတွေက လီဟောင်ကိုင် ဘယ်လောက် တော်သလဲဆိုတာ မကြာခင် သိရတော့မှာပါ"
”ဘေးမှာ ရှိနေတဲ့ ယန်လီက -
" လီဆန်းဟီ ငါထင်တာတော့ မင်းက လီဟောင်ကိုင်ကို အထင်ကြီးလွန်း နေတာပဲ။ လီဟောင်ကိုင်ရဲ့ ပြိုင်ဖက်က သာမန်လူမဟုတ်ဘူးကွ။ တောင်ပိုင်း မိစ္ဆာ စီဖေးလို့ ခေါ်တယ်။ ငါတို့ ကောင်းကလန်ထဲမှာတောင် ကောင်းဖန်က လွဲရင် တခြားလူတွေက နိုင်ဖို့အခွင့်အရေး မရှိဘူး။ မင်းတို့ လီကလန်က အရှုံးသမားတွေ ဆိုရင်တော့ စိတ်ကူးတောင် ယဉ်မနေနဲ့တော့။
" ကောင်းကလန် နဲ့ လီကလန်က မတူဘူးကွ …
"လီဆန်းဟီက ပြန်ပြောလိုက်တယ်။ လီဆန်းဟီရဲ့ စကားကို ကြားပြီးနောက် ချန်ဇောင်မင်က ခေါင်းကို ခါလိုက်တယ်။ သူက လီကလန်ကို အကောင်းမြင်စိတ် မရှိဘူးလေ။
သုံးချက်… ဓားချက်သုံးချက် အောက်မှာပဲ လီဟောင်ကိုင်က စီဖေးကို အရှုံးပေးလိုက်ရတယ်။
လီဟောင်ကိုင်က မယုံကြည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ စီဖေးကို ကြည့်လိုက်တယ်။ အားလုံးရဲ့ အမြင်မှာ သူက ဟာသဖြစ်နေခဲ့ပြီလေ။
" စိတ်ပျက်စရာပဲဟေ့။ လီကလန်က ကောင်လေး။ စင်ပေါ်က ဆင်းပါဗျို့ ။ "
" နည်းတောင်နည်းသေးတယ်။ ဖင်မနိုင်ပဲ ပဲကြီးဟင်းစားတာကိူး"
တစ်စထက်တစ်စ လှောင်ပြောင်သံတွေက ပိုကျယ်လာတယ်။
လီကလန်က လူတွေ အားလုံးကတော့ မျက်နှာတောင် မဖော်နိုင်တော့ဘူး။
" လခွီးပဲ … လီဆန်းဟီက သူတို့ကို ဘာတွေ သင်ပေးနေတာလည်း"
လီရှန်းဟန်က လီဆန်းဟီကို အပြစ်တင်လိုက်တယ်။ သူက လီဟောင်ကို ဘယ်လောက် ဘဝင်မြင့်သလဲ ဆိုတာကိုတော့ မမှတ်မိတော့ဘူး။ ယန်လီက လီဆန်းဟီကို ကြည့်လိုက်တယ်။
" အခုတော့ လီကလန်က အားလုံးရဲ့ ဘုံရန်သူ ဖြစ်သွားပြီ။ မင်းဘယ်လို ခံစားနေရလည်း ဆိုတာကိုတောင် ငါသိချင်လာပြီ။
"ယန်လီ … မင်း ပါးစပ်ကို ပိတ်ထားလိုက်စမ်း"
လီဆန်းဟီက အကျယ်ကြီး အော်ပြီး ယန်လီကို ပြောလိုက်တယ်။
" ပါးစပ် ကိုပိတ်ထားသင့်တာက မင်းပဲ။ "
ချန်ဇောင်မင်က အေးစက်စက်နဲ့ အမိန့်ပေးလိုက်တယ်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာတော့ အေးစက်စက် အငွေ့ အသက်တွေ ဖုံးလွှမ်းလာခဲ့တယ်။
ရုတ်တရက် လီဆန်းဟီက လူတစ်ယောက်က သူ့ကို ရေခဲရေတွေ လောင်းချလိုက်သလို ခံစားလိုက်ရတယ်။
ကျန်တဲ့လူတွေက လီဆန်းဟီ ဖြစ်ပျက်နေတာကို ကြည့်ပြီး ရယ်မောနေကြတယ်။
လီဟောင်ကိုင်က ပရိသတ်တွေ အားလုံးက ဝိုင်းဟားတာကို ခံရတဲ့အတွက် အရမ်းရှက်နေပြီး စိတ်နဲ့ ကိုယ်နဲ့ မကပ်သလိုတောင် ဖြစ်နေခဲ့ပြီ။
လီယွန်ဟိုင်က စိတ်ထဲကနေတော့ စောက်သုံးမကျတဲ့ ကောင် ဟု ကျိန်ဆဲနေသော်လည်း အပြင်ပန်းကတော့ အားပေးလိုက်တယ်။
" လီဟောင်ကိုင် … စိတ်ထိန်းထားစမ်း။ ငါ့အလှည့် ရောက်လာရင် အားလုံးကို ပါးစပ် ပိတ်ပေးလိုက်မယ်။"
လီယွန်ဟိုင်ရဲ့ ပြောသံကို ကြားလိုက်ရတဲ့ လီဖူချန်းက သူ့ကို အကြံပေးလိုက်တယ်။
" လီယွန်ဟိုင် အခု လီကလန်အပေါ် တခြားသူတွေက အမြင်မကြည်ကြဘူး။ မင်းစကားကို ထိန်းထိန်းသိမ်းသိမ်း ပြောသင့်တယ်"
" မင်းကိစ္စ မင်းလုပ်စမ်း … လီဖူချန်း။ ငါ ဘာလုပ်နေတယ် ဆိုတာ ငါသိတယ်"
ဒီနေ့ မတိုင်မီ အထိမှာတော့ လီယွန်ဟိုင်က လီဖူချန်းကို သူ့ပြိုင်ဖက် အဖြစ် သတ်မှတ်ထားခဲ့တယ်။ အခု ဒီပါရမီရှင် ပြိုင်ပွဲမှာတော့ လီဖူချန်းက သူ့ပြိုင်ဖက်ဖြစ်ဖို့ကို မတန်ဘူးလို့ ခံစားလိုက်ရတယ်။
လီဖူချန်းက စိတ်ပျက်တဲ့ မျက်လုံးနဲ့ ကြည့်လိုက်ပြီး စကားကို ဆက်မပြောတော့ပဲ ရပ်လိုက်တယ်။ လီယွန်ဟိုင်လို လူမျိုးက ကောင်းကောင်း သမခံရမှ သူ့အဆင့်သူ သိမယ့်လူမျိုးလေ။
တကယ်တမ်းတော့ ဘဝင်မြင့်တယ်ဆိုတာ မင်းမှာ လုံလောက်တဲ့ အစွမ်းရှိရင်တော့ ဘာမှ မဖြစ်ဘူး။ ဒါပေမဲ့ ဘာအစွမ်းအစမှ မရှိပဲ လေကြီးလေကျယ်နဲ့ ဘဝင်မြင့်ချင်ရင်တော့ မင်းကို ပရိသတ်က လှောင်ပြောင်တာက အမှားမဟုတ်ဘူးလေ။
ဥပမာ ယန်ခိုင်ဆိုရင်လည်း မာနကြီးပြီး ဘဝင်မြင့်တဲ့ ကောင်ပဲလေ။ ဒါပေမဲ့ပရိသတ်က သူ့ကိုတစ်ခွန်း လှောင်ပြောင်သလား။ မလှောင်ပြောင်ဘူးလေ။ ဘာလို့လည်း ဆိုတော့ ယန်ခိုင်က ဘဝင်မြင့်ရလောက်တဲ့ အစွမ်းရှိလို့ ဖြစ်တယ်။
လီဟောင်ကိုင်ကြောင့် လီရှန်းတုံ အလှည့်မှာလည်း သူစင်ပေါ် တက်လာတာနဲ့ ပရိသတ်က ဝိုင်းပြီး လှောင်ပြောင်ကြလေတယ်။ ဒီလှောင်ပြောင်မှု တွေကြောင့် လီရှန်းတုံက အယောင်ယောင် အမှားမှားဖြစ်ပြီး သူ့လောက်မတော်တဲ့ လူကို ရှုံးသွားပြန်တယ်။ သူ့ရဲ့အရှုံးကြောင့် ပရိသတ်တွေက လီကလန်ကို တစ်ဖန်ထပ်ပြီး လှောင်ကြပြန်တယ်။
နောက်ဆုံးမှာတော့ လီယွန်ဟိုင်ရဲ့ အလှည့်ကို ရောက်လာခဲ့ပြီ။ သူ့ရဲ့ ပြိုင်ဖက်က တောင်ပိုင်းက ပါရမီရှင် တစ်ယောက်ဖြစ်တယ်။
စီဖေးလောက်တော့ မကျော်ကြားပေမဲ့့ အထိုက်အလျောက်တော့ နာမည်ရှိပါတယ်။
ပရိသတ်တွေရဲ့ လှောင်ပြောင်မှုက လီယွန်ဟိုင်ရဲ့ အစွမ်းကို အကျိုးသက်ရောက်မှု မရှိခဲ့ဘူး။ သိုင်းကွက် အနည်းငယ် အတွင်းမှာပဲ လီယွန်ဟိုင်က သူ့ပြိုင်ဖက်ကို သက်သက်သာသာနဲ့ အနိုင်ယူလိုက်တယ်။
သူ့ရဲ့ပြိုင်ဖက် အရှုံးပေးသွားတာနဲ့ လီယွန်ဟိုင်က ပရိသတ်ဘက်ကို လှည့်ပြီး စိန်ခေါ်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ ပရိသတ်တွေရဲ့ လှောင်ပြောင်တဲ့ အသံတွေက တိတ်မသွားပဲနဲ့ ပိုလို့တောင် ကျယ်လာသေးတယ်။
" ဒီကောင် ဒီလောက် ဘဝင်မြင့်မယ်မှန်း သိရင် လီကလန်မှာတည်းက ငါသူ့ကို ကောင်းကောင်း ဆုံးမလိုက်ပါတယ်ကွာ"
လီဖူချန်းက မချင့်မရဲ ဖြစ်နေတယ်။
“မဲ နံပါတ် ၃၇"
ဒီတစ်ခါတော့ လီဖူချန်း အလှည့်ပင်။ စင်ပေါ်ကို ခုန်တက်လိုက်ပြီးတဲ့ နောက်မှာတော့ တစ်ဖက်လူက ကောင်းကလန်က ဆိုတာကို သူသတိပြုမိ လိုက်တယ်။
" လီဖူချန်း။ ကောင်းရှုက ငါ့ကို အမှာစကား ပါးလိုက်တယ်။ ပြိုင်ဖက်လူငယ်က ကောင်းကျိ ဖြစ်တယ်။ သူ့ရဲ့ မျက်လုံးတွေက ကောက်ကျစ်မယ့်ပုံက အထင်းသား။ သူက လီဖူချန်းကို စကားနာထိုးပြီး စိတ်ဓာတ်ပြိုကွဲအောင် အရင်လုပ်ချင်နေတာ။
ပြောပြီးတာနဲ့ သူက ခြေဖနောင့်နဲ့ ဆောင့်လိုက်ပြီး လီဖူချန်းဆီကို ခုန်ပြီး တိုက်ခိုက်လိုက်တယ်။
လီဖူချန်းက မတုန်မလှုပ်ဖြင့် ရပ်နေတယ်။ ကောင်းကျိရဲ့ ဓားက သူ့အနားရောက်ခါနီးမှ သူ့ရဲ့လက်ကို ဝှေ့ယမ်းပြီး လှုပ်ရှားလိုက်တယ်။
" မင်းနဲ့ ငါ့ကြားမှာ အဆင့်ကွာလွန်းတယ်။ မင်းအပိုတွေ လုပ်ပြီး ကြိုးစားမနေနဲ့"
လီဖူချန်းရဲ့ လက်ဝါးက ကောင်းကျိရဲ့ ရင်ဘတ်ကို ထိသွားပြီး အနောက်ကို လွင့်ထွက် သွားစေတယ်။
" ဓားကိုတောင် ဆွဲမထုတ်လိုက်ဘူး။ လီကလန်က လူတွေက တကယ် ဘဝင်မြင့်လွန်းတာပဲ"
ကောင်းဟောင်နဲ့ ကောင်းယန်က အရမ်း စိတ်ဆိုးနေကြတယ်။
***
နောက်ထပ် ယှဉ်ပြိုင်ပွဲ အနည်းငယ် အပြီးမှာတော့ ပြိုင်ပွဲဝင် သုံးယောက်ကို လီဖူချန်းက သတိပြုမိလိုက်တယ်။
သူတို့သုံးယောက်ကတော့ ယန်ခိုင်။
မြောက်ပိုင်းက ဟီပင်းနဲ့ အရှေ့ဘက်က အလှပဂေး ဟောင်ရှုတို့ ဖြစ်ကျတယ်။
ယန်ခိုင်ကတော့ အားလုံးထဲမှာ အတော်ဆုံး ဖြစ်နေတယ်။
သူ့ရဲ့ ပြိုင်ဖက်မှန်သမျှကို သိုင်းကွက် တစ်ကွက်တည်းနဲ့ အနိုင်ယူ တိုက်ခိုက်နေတယ်။
ဟီပင်းရဲ့ တိုက်ခိုက်ရေး အတတ်ကလည်း အရမ်း ထူးချွန်လွန်းတယ်။
ဓားတစ်ချက်တည်းနဲ့ ပြိုင်ဖက်တွေကို စင်ပေါ်က ပြုတ်ကျသွားအောင် တိုက်ခိုက်နေတယ်။
ကျူးဟောင်ရှူကတော့ ရုပ်ကလေး လှပချောမောသလို သူ့သိုင်းကွက်တွေကလည်း ဆွဲဆောင်မှု ရှိတယ်။ သူမရဲ့ ဓားသိုင်းက ဒေါင်းတစ်ကောင်လိုပဲ ။
တခြား သတိထားစရာ ပါရမီရှင် တစ်ယောက်ကတော့ ရှန်းတု ကလန်က ရှန်းတုကျူး ပဲ။ သူကလည်း သူတို့ကလန်ရဲ့ လျှို့ဝှက် ကျင့်စဉ်ရဲ့ အစွမ်းကို ကောင်းကောင်းကြီး ပြသနေတယ်လေ။
သူတို့ရဲ့ ကျင့်စဉ်က အဝါရောင် အလယ်အလတ် ကျင့်စဉ်မကပဲ အဆင့်မြင့် အဝါရောင်ကျင့်စဉ် ဖြစ်တယ်။ သူတို့ရဲ့ ကျင့်စဉ် နာမည်က ဘုံကိုးဆင့် ဖြစ်တယ်။
***